Wednesday, 30 April 2008
ပြိုင်တူဟိန်းမှ ခြိမ်းမယ့်မိုး
ရဲဘော်များ မိတ်ဆွေများခင်ဗျား
၂၀၀၇ ခုနှစ်ရဲ့ သြဂုတ်၊ စက်တင်ဘာလများက အစပြုခဲ့တဲ့ မြန်မာနိုင်ငံပြည်သူများရဲ့ ရွှေဝါရောင်တော်လှန်ရေးကြီးက ဒီကနေ့အထိ အရှိန်အဟုန်မြင့်မားစွာနဲ့ ချီတက်နေဆဲပါပဲ။ စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက်တုံ့ပြန်မှုများအောက်မှာ ဒူးမထောက် ဦးမညွတ်ပဲ လမ်းခွဲခဲ့ရတဲ့ရဲဘော်များကို ကြေကွဲစွာ နှုတ်ဆက်၊ အိပ်မက်အသစ်တွေမွေးဖွား၊ အနာဂတ်ကို တည်ဆောက်မဲ့ ခင်ဗျားတို့ရဲ့ လက်များဟာ သန်မာနေဆဲ၊ ခင်ဗျားတို့ရဲ့ ရင်ခုန်သံတွေဟာ ရဲရင့်နွေးထွေးနေဆဲ၊ ခင်ဗျားတို့ရဲ့ မျှော်လင့်ချက်များက လတ်ဆတ် တောက်ပနေဆဲ၊ မြန်မာနိုင်ငံ ဒုတိယလွတ်လပ်ရေးတိုက်ပွဲရဲ့ အောင်ပန်းကို မကြာခင်မှာ ခင်ဗျားတို့ ဆင်မြန်းနိုင်ကြတော့မယ် ....... ကျနော်ယုံကြည်မိပါရဲ့ ..... ။
၁၉၈၈ ခုနှစ်ကစခဲ့တဲ့ အကြမ်းမဖက်တဲ့ ဒီမိုကရေစီရေး လူထုလှုပ်ရှားမှုကြီးဟာ အနှစ် ၂၀ ထဲကို ရောက်ရှိလာသလို လူထုတိုက်ပွဲရဲ့ ပုံသဏ္ဍာန်ဟာလည်း ပြောင်းလဲခဲ့ပါပြီ။ ဒီကနေ့ ဒီအချိန်မှာ ကျနော်တို့ဟာ ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးရဲ့ အထွဋ်အထိပ်တိုက်ပွဲကို ရောက်ရှိနေပါပြီ။ စစ်အာဏာရှင်တွေက တိုင်းပြည်ကို ရာသက်ပန်အုပ်ချုပ်နိုင်ဖို့အတွက် သူတို့စိတ်တိုင်းကျ ရေးဆွဲထားတဲ့ မြန်မာနိုင်ငံ စစ်ကျွန်ပြုရေးဥပဒေကို တဖက်သတ်ပြဌာန်း အတည်ပြုဖို့ ကြိုးစားနေပါပြီ။ ဒီပွဲမှာ သူတို့အောင်မြင်ခဲ့ရင် ကျနော်တို့ရဲ့ ၁၉၉၀ ရွေးကောက် ပွဲရလဒ် ထာဝရ ဆုံးရှုံးရတော့မယ်။ စစ်အာဏာရှင်စနစ်ဟာ မြန်မာနိုင်ငံမှာ တရားဝင် ဖြစ်လာပြီး ကျနော်တို့ပြည်သူတွေ သားစဉ်မြေးဆက် စစ်ကျွန်ဘဝ ရောက်ကြရတော့မယ်။ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသားလူမျိုးစုများ အရေးတွေဟာ စစ်ဖိနပ်များအောက် မှာ နာကျင်ကြရတော့မယ်။
စကားတခု ကြားဖူးပါတယ်။ “တိုက်ပွဲပုံသဏ္ဍာန်ကို ရန်သူက ဖန်တီးပြီး တိုက်ပွဲရဲ့အရှိန်အဟုန်က ညီညွတ်မှုကို တည်ဆောက် ပေးတယ်” တဲ့။ ဘယ်သူဘယ်ဝါက ပြောခဲ့သလဲ မမှတ်မိတော့ပါ။ ဒါပေမယ့် ကျနော်တို့အတွက် သိပ်ကိုမှန်ကန်တဲ့ စကားပါပဲ။ နအဖက သူတဖက်သတ် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲနဲ့ အတည်ပြုမယ်လို့ ကြွေးကြော်လိုက်တာဟာ ဒီမိုကရေစီ အင်အားစုများ အတွက် တိုက်ပွဲပုံသဏ္ဍာန်ကို ဖန်တီးပေးလိုက်တာပါပဲ။ “မြန်မာပြည်ကို ရာသက်ပန် အုပ်ချုပ်တော့မယ်ဟေ့”လို့ စစ်ဘီလူးများက ကြွေးကြော်လိုက်တာဟာ မြန်မာပြည်သူလူထုကို စစ်ကြေငြာလိုက်တာပါပဲ။ စိန်ခေါ်လိုက်တာပါပဲ။ ဒီစိန်ခေါ်မှုကို ကျနော်တို့ ရင်ဆိုင်လိုက် ပါတယ်။ စစ်အာဏာရှင်စနစ်ကို လုံးဝ(လုံးဝ) အလိုမရှိဘူးလို့ မြန်မာပြည်သူတွေက ၁၉၉၀ ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား ကြေငြာခဲ့ကြသလို၊ အခုလာမယ့် မေလ လူထုဆန္ဒခံယူပွဲမှာလည်း ထပ်မံ ပြတ်ပြတ်သားသား ကြေငြာကြမှာပါ။ နအဖရဲ့ စစ်တပ်အကျိုးပြု ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထုက ပြတ်ပြတ်သားသား ကန့်ကွက်ကြမှာပါ။
ဒီတိုက်ပွဲကြီးရဲ့ အရှိန်အဟုန်က ကြီးမားလွန်းပြီး ကျနော်တို့တိုင်းပြည်ရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးရမယ့် အခြေအနေမျိုးမို့ ကျနော်တို့ ညီညွတ်လာကြပါပြီ။ ကျနော်တို့အားလုံး ပြည်တွင်းပြည်ပ ဘယ်လောက်ပဲဝေးဝေး။ အရောင်တွေ ဘယ်လိုပဲကွဲကွဲ၊ အဖွဲ့အစည်းတွေ ဘယ်လိုပဲများများ၊ စစ်အုပ်စုရဲ့ မိစ္ဆာချောက်ကမ်းပါးကြီးထဲကို ကျဖို့ တည်းတည်းလေးဖြစ်နေတဲ့ ကျနော်တို့အမိမြေကို ကယ်တင်ဖို့ ကျနော်တို့ ညီညွတ်လာကြပါပြီ။
နှစ်ပေါင်းများစွာ ကျနော်တို့ အားမလိုအားမရ ဖြစ်ခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်ကြီးများကလည်း ဒီအမြင့်မား ဆုံးတိုက်ပွဲမှာ ရဲရဲရင့်ရင့် ရှေ့တန်းကရပ်လို့၊ ၁၉၈၈ နောက်ပိုင်းမှာမှ မွေးဖွားကြတဲ့ လူငယ် ကျောင်းသားကလေးတွေကအစ လက်နှစ် ဖက်ကို ကြက်ခြေခတ်လို့၊ ဌာနဆိုင်ရာဝန်ထမ်းများနဲ့ တပ်မတော်သား မိသားစုဝင်များကအစ “No”လို့ တဖွဖွ ရေရွတ်ကြလို့၊ တိုင်းရင်းသားလူမျိုးစုများကလည်း “No”၊ ပြည်ပရောက်မြန်မာများကလည်း “No” ဆရာတော် သံဃာတော်များကလည်း “No”၊ နံမည်ကျော်အနုပညာရှင်များကလည်း “No”၊ ကျနော်တိုဏ္ဍအားလုံးရဲ့ တညီတညွတ်တည်း ကြွေးကြော်သံက “No”၊ စစ်တပ်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း “No”၊ စစ်တပ်ကိုလည်း “No”၊ မတရားတဲ့ အုပ်စိုးမှုမှန်သမျှကိုလည်း “No”၊ ဒီထက်ရှင်းတာ မရှိနိုင်တော့ပါဘူး။
(၂) နအဖရဲ့ ခြေလှမ်းများ
ဗိုလ်သန်းရွှေခေါင်းဆောင်တဲ့ နအဖစစ်အုပ်စုဟာ မတရားမှုများနဲ့ တည်ဆောက်ဖွဲ့စည်းထားတဲ့ မိစ္ဆာတွေပါ။ တချို့က ‘ဗိုလ်သန်းရွှေက ဆန္ဒခံယူပွဲကို သေသေချာချာ တွက်ဆပြင်ဆင်ခြင်း မရှိပဲ ခေါ်ယူလိုက်တာ’လို့ တွက်ဆကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူ့ဆန္ဒ ခံယူပွဲကို ၂၀၀၈ ခုနှစ် မေလမှာ ခေါ်ယူဖို့ ကြေငြာတာနဲ့ တပြိုင်တည်းမှာပဲ ရွေးကောက်ပွဲအသစ်ကို ၂၀၁၀ မှာ ကျင်းပဖို့ ကြေငြာတာ ဟာဖြင့် ဒီအတုအယောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်းအဓမ္မ အတည်ပြုဖို့ စစ်အာဏာရှင်များက ပိုင်းဖြတ်ထားကြောင်း သိသာ ထင်ရှားတဲ့ အထောက်အထားပါပဲ။ စစ်အုပ်စုဟာ ၂၀၀၈ မေ ဆနခြံယူပွဲမှာ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အနိုင်ရအောင် ကြိုးစားမှာပါ။
နေ့စဉ်ထုတ်သတင်းစာတွေမှာ ရေဒီယိုနဲ့ ရုပ်မြင်သံကြားမှာ ပြည်သူလူထုကို ထောက်ခံမဲပေးကြဖို့ အကြီးအကျယ် စည်းရုံးနေပါတယ်။ နေရာဒေသ အနှံ့အပြားမှာလည်း ဆိုင်းဘုတ်ကြီးတွေ ထောင်ပြီး ထောက်ခံမဲ ပေးခိုင်းနေပါတယ်။ နအဖရဲ့ ဝန်ကြီးတွေ၊ ဝန်ကလေးတွေ၊ ဗိုလ်ချုပ်တွေ နေရာအနှံ့အပြားကို သွားပြီး ခြိမ်းခြောက်လိုက်၊ လှည့်ဖျားလိုက်၊ လာဘ်ထိုးလိုက် လုပ်နေတာကတော့ မကြားချင်မှ အဆုံးပါပဲ။ တချိန်တည်း တပြိုင်တည်းမှာပဲ ပြည်သူလူထုကို ကန့်ကွက်မဲပေးဖို့ ဦးဆောင်စည်းရုံးနေတဲ့ အဖွဲ့ချုပ်အဖွဲ့ဝင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဟာဖြင့် နအဖ ငှားရမ်းထားတဲ့ ကြေးစားလူမိုက်များရဲ့ တိုက်ခိုက်မှုအောက်မှာ နာကျင်ကြ၊ ဒဏ်ရာရကြ၊ အဖမ်းအဆီးခံကြရနဲ့ .....။
နအဖက ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို လွယ်လွယ်ကူကူ အတည်ပြုနိုင်ရေးအတွက် လိုအပ်တဲ့ ထောက်ခံမဲ ပမာဏကိုလည်း မြင့်မြင့် မားမား မသတ်မှတ်ထားပါဘူး။ ဒီဖွဲ့စည်းပုံကို နောင်တချိန်မှာ ပြန်ပြင်မယ်ဆိုရင် လွှတ်တော်မှာ ၇၅% ကျော် ထောက်ခံမဲနဲ့ လူထုဆန္ဒခံ ယူပွဲမှာ ၅၀%ကျော် ထောက်ခံမဲ လိုမှာ ဖြစ်ပေမယ့် ဒီဖွဲ့စည်းပုံကို လူထုဆန္ဒခံယူပွဲမှာ အတည်ပြုဖို့အတွက်တော့ မဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ၂၅% ကျော်သာ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံလူဦးရေကို ၅၆ သန်းလို့ ခန့်မှန်းပြီး မဲပေးပိုင်ခွင့်ရှိသူ ၃၂ သန်းလို့ ခန့်မှန်းတဲ့ အတွက် ဒီဖွဲ့စည်းပုံကို မဲပေးပိုင်ခွင့်ရှိသူ ၈ သန်းကျော်လောက်က ထောက်ခံရုံနဲ့ အတည်ပြုမှာပါ။
ဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲပေးမှာ သေချာသလောက်ရှိတဲ့ နိုင်ငံသား တော်တော်များများဟာလည်း မဲပေးခွင့် မရကြပါဘူး။ အခုပြုလုပ်ခဲ့ ပြုလုပ်နေဆဲဖြစ်တဲ့ ထိုင်း၊ စင်္ကာပူ၊ မလေးရှား အစရှိတဲ့ ပြည်ပနိုင်ငံများမှာရှိတဲ့ မြန်မာသံရုံးများက ကြိုတင်မဲဆန္ဒပေးပွဲများကို လေ့လာ ကြည့်မယ်ဆိုရင် ပြည်ပရောက်မြန်မာနိုင်ငံသား အများစု၊ အထူးသဖြင့် ထိုင်းနိုင်ငံမှာဆိုရင် တသန်းကျော်ဟာ မဲပေးခွင့် ဆုံးရှုံးနေတာ တွေ့ရပါတယ်။
ပြည်တွင်းမှာလည်း သူတို့ကိုယ်တိုင် ပြဌာန်းထားတဲ့ ဆန္ဒခံယူပွဲဥပဒေကို ချိုးဖေါက်ပြီး ဝန်ထမ်းတွေကို သက်ဆိုင်ရာဌာနတွေမှာ၊ ဆရာ ဆရာမတွေကို သက်ဆိုင်ရာကျောင်းတွေမှာ မဲရုံဆောက်ခွင့် မရှိပဲ မဲရုံဆောက်ပြီး ကြိုတင်မဲပေးခိုင်းနေတာဟာ ကြီးမားတဲ့ မတရားမှုပါပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဝေဖန်ရင် ထောင်ဒဏ် တသက်တကျွန်း၊ ဆန္ဒခံယူပွဲကို နှောက်ယှက်ရင် ထောင်ဒဏ် ၃ နှစ် စတဲ့ ဥပဒေတွေနဲ့ လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုနိုင်ရေး အကာအကွယ် ပေးထားပါသေးတယ်။ ဒါအပြင် နိုင်ငံတကာက တောင်းဆိုတဲ့ နိုင်ငံ တကာအကဲခတ်များ ဆန္ဒခံယူပွဲကို လေ့လာစောင့်ကြည့်ခွင့်ရရေး တောင်းဆိုချက်ကိုလည်း နအဖက ငြင်းပယ်ထားပါသေးတယ်။
အကြီးမားဆုံး လိမ်လည်မှုတွေကတော့ ဆနခြံယူပွဲ ကျင်းပတဲ့နေ့ မေ ၁၀ ရက်နဲ့ နောက်ရက်တွေမှာ ဖြစ်မှာပါ။ နအဖရဲ့ ဆန္ဒခံယူပွဲ ဥပဒေအရ မဲရုံတွေမှာ မဲစာရင်းအနိုင်အရှုံးကို ထုတ်ပြန်ကြေငြာခွင့် မရှိပါဘူး။ ဆိုင်ရာမဲရုံများရဲ့ မဲစာရင်းအနိုင်အရှုံးကို သက်ဆိုင်ရာ မြို့နယ်ကော်မရှင်က လက်ခံစုဆောင်းပြီး သက်ဆိုင်ရာ ပြည်နယ်တိုင်းကော်မရှင်များထံပို့၊ ယင်းတို့မှတဖန် ဗဟိုကော်မရှင်ကို ပို့ပြီး ကြပ်ပြေး နေပြည်တော်မှာ အခြေစိုက်တဲ့ ဗဟိုကော်မရှင်ကမှ ဒီကိန်းဂဏန်းများကို ပေါင်းပြီး အနိုင်အရှုံး ကြေငြာမှာပါ။ အားလုံးသိတဲ့ အတိုင်း ဆန္ဒခံယူပွဲကျင်းပရေး ဗဟိုကော်မရှင်ရဲ့ ဥက္ကဌ ဦးအောင်တိုးဟာ အမျိုးသားညီလာခံ ကျင်းပရေးလုပ်ငန်းကော်မတီရဲ့ ဥက္ကဌ လည်းဖြစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရေးကော်မရှင်ရဲဏ္ဍ ဥက္ကဌလည်း ဖြစ်ပြီး၊ ကော်မရှင်အဖွဲ့ဝင်တွေဟာလည်း နအဖက စိတ်တိုင်းကျ ရွေးချယ်ထားတဲ့ လူတွေပါ၊ ဗဟိုကော်မရှင်က အဆင့်ဆင့် တင်ပြလာတဲ့ မဲစာရင်းများကို ပေါင်းစပ်ရေတွက်ရာမှာလည်း မည်သူကမှ စောင့်ကြပ်လေ့လာနိုင်မှာ မဟုတ်ပါ။ ဒါကြောင့် အကြီးမားဆုံး လိမ်လည်မှုကြီးဟာ ဆနခြံယူပွဲအပြီး နောက်တပတ်ခန့် အကြာ ကြပ်ပြေး နေပြည်တော် ဗဟိုကော်မရှင်က မဲစာရင်း ထုတ်ပြန်ကြေငြာတဲ့အခါမှာ ဖြစ်ပါလိမ့်မယ်။ ကန့်ကွက်မဲတွေ ဘယ်လောက်ပဲများများ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အနိုင်ပေး အတည်ပြုမှာပါ။
ဆန္ဒခံယူပွဲကျင်းပတဲ့နေ့ ညနေဖက် မဲရုံပိတ်ချိန်မှာ မဲရုံမှူးနဲ့အဖွဲ့က မဲပုံးထဲက မဲတွေကို ရေတွက်ပါလိမ့်မယ်။ ဥပဒေအရ မဲရေတွက်တဲ့ အချိန်မှာ အနည်းဆုံး ၁၀ ဦးထက် မပိုတဲ့ မဲပေးခွင့်ရှိသူတွေရှေ့မှောက်မှာ ရေတွက်ရမှာ ဖြစ်ပေမယ့် ကြံ့ဖွံ့နဲ့ စွမ်းအားရှင်တွေသာ အဲဒီ ၁၀ ဦး ဖြစ်မှာပါ။ ရေတွက်ပြီးတဲ့နောက် မဲစာရင်းကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာကော်မရှင်ထံ တင်ပို့ရမှာပါ။ ရပ်ကွက်ကျေးရွာ ကော်မရှင်တွေက သူတို့ထံရောက်လာတဲ့ မဲရုံအသီးသီးက စာရင်းတွေကို စုပေါင်းပြီး မြို့နယ်ကော်မရှင်တွေထံ တင်ပြ၊ မြို့နယ် ကော်မရှင်တွေက ကျေးရွာရပ်ကွက်ကော်မရှင်များက တင်သွင်းတဲ့ မဲစာရင်းတွေကို ထပ်ပေါင်းပြီး သက်ဆိုင်ရာ ပြည်နယ်တိုင်း ကော်မရှင်ကိုတင်၊ ပြည်နယ်တိုင်းကော်မရှင်က သက်ဆိုင်ရာမြို့နယ်များက တင်ပြလာတဲ့ မဲစာရင်းများကို ထပ်ပေါင်းပြီး ကြပ်ပြေး နေပြည်တော်က ဗဟိုကော်မရှင်ကိုတင်။ ကြပ်ပြေးနေပြည်တော် ဗဟိုကော်မရှင်က ပြည်နယ်တိုင်းကော်မရှင်များက တင်ပို့လာတဲ့ မဲစာရင်းများကို ထပ်ပေါင်း၊ အဲဒါကိုမှ အရင်ရရှိထားတဲ့ ကြိုတင်မဲများကို ထပ်မံပေါင်းစပ်ပြီး နောက်ဆုံးပိတ် မဲစာရင်းကို ကြေငြာမှာပါ။ ဒါကြောင့် မဲရုံပိတ်တဲ့ညနေက စပြီး မဲရုံမှူးများနဲ့ ကော်မရှင်အဆင့်ဆင့်ရဲ့ လိမ်လည်ပွဲကြီး စပါပြီ၊ မဲရုံမှူးတွေအဆင့်မှာ လိမ်လို့ခက် ရင်တောင်မှ အဲဒီမဲစာရင်းတွေ ကျေးရွာရပ်ကွက်ကော်မရှင်အရောက်မှာ စတင်လိမ်လို့ ရပါပြီ။ အဲဒီနောက် မြို့နယ်ကော်မရှင်တွေက ထပ်လိမ်၊ ပြီးတော့ ပြည်နယှ်တိုင်းကော်မရှင်တွေက ထပ်လိမ်နဲ့ ကြပ်ပြေးနေပြည်တော် ဗဟိုကော်မရှင်က ကြိုတင်မဲများနဲ့ ထပ်ပေါင်း လိမ်လည်ပြီးတဲ့နောက်မှာတော့ နအဖရဲဏ္ဍ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ထောက်ခံမဲ ၁၀၀%၊ ကန့်ကွက်မဲ မရှိနဲ့ အတည်ပြုနိုင်မှာပါ။
(၃) ဒီလိုဆိုရင် ......
အဲဒီလိုဆိုရင် အခု ကျနော်တို့က လူထုကို ကန့်ကွက်မဲပေးဖို့ စည်းရုံးနေတာ၊ ကန့်ကွက်မဲတွေ ပေးနေကြတာ ဘာထူးမှာလည်း တချို့က မေးနိုင်ပါတယ်၊ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကန့်ကွက်မဲပေးဖို့ စည်းရုံးနေတာ၊ မကြောက်မရွံ့ ကန့်ကွက်မဲပေးနေကြတာ၊ အဖမ်းအဆီး အနိုင့်အထက်ပြုမှုများကို ရင်ဆိုင်ရပြီး လှုပ်ရှားနေကြတာဟာ နအဖရဲ့ အဓမ္မအတည်ပြုမှုကို ကန့်ကွက်နိုင်ဖို့နဲ့ နအဖရဲ့ ဖွဲ့စည်းပုံကို အသိအမှတ် မပြုဖို့ အတွက်ပါ။ နအဖက ဒီဖွဲ့စည်းပုံကို ဘယ်လိုပဲ လိမ်လည်အတည်ပြုပြု၊ ပြည်သူလူထုက လက်မခံရင်၊ နိုင်ငံတကာအစိုး ရတွေက လက်မခံရင်၊ ဘယ်လိုမှ ဒီဥပဒေကို အသက်သွင်းလို့ မရနိုင်ပါဘူး။ အခုကစလို့ ဆန္ဒခံယူပွဲလုပ်တဲ့နေ့အထိ လူထုလှုပ်ရှားမှုတွေ ဟာ နအဖရဲ့ မသမာမှုတွေကို ဖေါ်ထုတ်ရင်း လူထုရဲ့ လက်မခံမှုတွေကို ထုတ်ဖေါ်ပြသနေတာပါ။ အဲဒီနောက်မှာတော့ နအဖရဲ့ ဖွဲ့စည်းပုံ ကို နိုင်ငံတကာက အသိအမှတ်မပြုရေး ဆက်ပြီး လှုပ်ရှားကြရမှာပါ။
စကတည်းက ကျနော်တို့က ဒီဖွဲ့စည်းပုံကို မကန့်ကွက်ခဲ့ဘူး၊ မငြင်းဆန်ခဲ့ဘူးဆိုရင် ဒီဖွဲ့စည်းပုံ အတည်ပြုပြီးသွားတဲ့အချိန်မှာ ဒီဖွဲ့စည်းပုံ အသက်ဝင်လာမှုကို ငြင်းဆန်ကန့်ကွက်နိုင်တော့မှာ မဟုတ်ပါဘူး။
အခုဆိုရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ မတရားမှုတွေကို ကျနော်တို့အားလုံးက မြန်မာပြည်သူတွေရော ကမ္ဘာ့ပြည်သူတွေရော အားလုံး သိအောင် ထုတ်ဖေါ်ပြသနိုင်ကြသလို ဒီဖွဲ့စည်းပုံ အတုအယောင်ကို လုံးဝလက်မခံနိုင်ဘူးဆိုတဲ့ မြန်မာပြည်သူများရဲ့ဆန္ဒတွေကိုလည်း ကမ္ဘာကသိအောင် ပြနိုင်ကြပါပြီ။ ဆန္ဒခံယူပွဲရက်တောင် မရောက်သေးပါဘူး။ စင်္ကာပူ၊ ဂျပန်၊ ထိုင်း၊ မလေးရှား၊ အင်္ဂလန်၊ ပြင်သစ်စတဲ့ ပြည်ပရောက်မြန်မာများက သူတို့ရဲ့ဆန့်ကျင်မှုကို နိုင်ငံတကာအစိုးရများ၊ ပြည်သူများသိအောင် ထုတ်ဖေါ်ပြသပြီ၊ ပြသနေကြဆဲပါ။ ဒီအရှိန်အဟုန်ဟာ ဆက်လက်မြင့်မားနေပြီး မေ (၁၀)ရက်နေ့မှာတော့ မြန်မာနိုင်ငံတွင်းက ပြည်သူသန်းပေါင်းများစွာရဲ့ လူထုဆန္ဒ ထုတ်ဖေါ်ပြသပွဲကြီး ဖြစ်လာတော့မှာပါ။ နအဖဟာ ဆန္ဒခံယူပွဲရလဒ်ကို လိမ်လို့ရပေမယ့် မြန်မာပြည်သူလူထုရဲ့ ကန့်ကွက်မှု၊ ငြင်းဆန်မှု ကို ဘယ်လိုမှ ဖုံးကွယ်လို့ မရနိုင်ပါဘူး။
တချိန်တည်းမှာပဲ ဆန္ဒခံယူပွဲ ကျင်းပရေးလုပ်ငန်းစဉ်ရဲ့ မသမာမှုတွေကို ကျနော်တို့ ဖေါ်ထုတ်ခဲ့၊ ဖေါ်ထုတ်ဆဲ၊ ဖေါ်ထုတ်နေကြတာပါ။ မတရားတဲ့ပြစ်ဒဏ်၊ မမျှတတဲ့စည်းရုံးမှု၊ ခြိမ်းချောက်မှု၊ အကြပ်ကိုင်မှု၊ လိမ်လည်မှုတွေအပြင် သန်းပေါင်းများစွာသော ပြည်ပရောက်မြန်မာ နိုင်ငံသားတွေကို မဲပေးခွင့် ကန့်သတ်မှုတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို လေ့လာခွင့်မရမှုတွေဟာဖြင့် ဒီဆန္ဒခံယူပွဲဟာ မတရား မမျှတဘူးဆိုတာကို အတိအလင်း သက်သေပြနေတာပါ။
ဒီတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုယ်နှိုက်ရဲ့ မတရားမှု၊ ဆန္ဒခံယူပွဲကျင်းပရေးလုပ်ငန်းစဉ်ရဲ့ မတရားမမျှတမှုနဲ့ လူထုရဲ့ ငြင်းဆန်ကန့်ကွက် မှုတွေဟာဖြင့် နအဖရဲ့ ဖွဲ့စည်းပုံကို မြန်မာပြည်သူများအားလုံးကရော၊ နိုင်ငံတကာအစိုးရများကပါ အသိအမှတ် မပြုကြဖို့ လုံလောက် ခိုင်မာတဲ့ အကြောင်းတရားတွေပါပဲ။ ပြီးတော့ ကျနော်တို့ဟာ နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတခုတည်းကိုပဲ ကန့်ကွက်ငြင်းပယ်တာ မဟုတ်ပါဘူး။ နအဖ စစ်အာဏာရှင်စနစ်ကြီးတခုလုံးကိုပါ ကန့်ကွက်ငြင်းပယ်ကြတာပါ။
(၄)အရှိန်အဟုန်မြှင့်ကြစို့
ကျနော်တို့ရဲ့ လှုပ်ရှားမှုတွေကို နောက်တဆင့် တက်ရပါတော့မယ်။ မေလ (၁၀)ရက်ကို ဦးတည်ပြီး ဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲတွေ ပေးကြဖို့ စည်းရုံးလှုံ့ဆော်နေကြတာတွေကို မေ(၁၀)ရက် နောက်ပိုင်း နအဖက ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုကြောင်း တဖက် သတ်ကြေငြာမှာကို ကြိုတင်တုန့်ပြန်မှုတွေနဲ့ ပေါင်းစပ်ပေးဖို့ လိုပါပြီ။ ကျနော်တို့ လုပ်သင့်တာကို မြန်မာနိုင်ငံတွင်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက အကြံပြုထားပြီးပါပြီ။
မတ်လ (၃၁)ရက်နေ့က မြန်မာနိုင်ငံတွင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ကမ္ဘာတဝှမ်းမှ လွှတ်တော်ကိုယ်စားလှယ်များထံ ပန်ကြားလွှာတစောင် ထုတ်ပြန်ပါတယ်။ အဲဒီပန်ကြားလွှာမှာ မြန်မာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကိုယ်စား ဦးပူကျင်ရှင်းထန် ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်(၁၄)ဦးက လက်မှတ်ရေးထိုးထားပါတယ်။ သူတို့က ကမ္ဘာတဝှမ်းက လွှတ်တော်ကိုယ်စားလှယ် တွေကို
၁။ နအဖစစ်အုပ်စုအပေါ် စီးပွားရေး၊ သံတမန်ရေး ဖိအားပေးမှုများ ပြုလုပ်ဖို့ သက်ဆိုင်ရာအစိုးရများအား တိုက်တွန်းပေးရန်၊
၂။ နအဖစစ်အုပ်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသိအမှတ် မပြုကြောင်း ကြေငြာရန်နှင့် သက်ဆိုင်ရာအစိုးရများအား အလားတူ တိုက်တွန်းရန်၊
၃။ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ မလွဲမသွေ လိုက်နာရမည့် ဆုံးဖြတ်ချက်များ ချမှတ်ရေးအတွက် တိုက်တွန်းရန်နှင့် သက်ဆိုင်ရာ အစိုးရများအားလည်း အလားတူ တောင်းဆိုရန်၊
၎။ နအဖစစ်အုပ်စုအား ကမ္ဘာ့နိုင်ငံများမှ လက်နက်ရောင်းချမှု ပိတ်ပင်ရေးအတွက် တောင်းဆိုရန်နှင့် သက်ဆိုင်ရာအစိုးရများအား လည်း တိုက်တွန်းရန်၊ နအဖစစ်ခေါင်းဆောင်များအပေါ် ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ပိတ်ဆို့မှုများဖြင့် အရေးယူရန်၊
၅၊ မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အခြားနိုင်ငံများနှင့် ပူးပေါင်းမူ အပြုသဘောဆောင်ရွက်ရေးအတွက် တရုတ်အစိုးရ အား ဖိအားပေးရန်နှင့် သက်ဆိုင်ရာအစိုးရများအားလည်း အလားတူ ဆောင်ရွက်ရေး တိုက်တွန်းရန် စသဖြင့် ပန်ကြားထားပါတယ်။
ပြည်တွင်းက လွှတ်တော်ကိုယ်စားလှယ်များက ရဲရဲရင့်ရင့်နဲ့ နိုင်ငံတကာလွှတ်တော်ကိုယ်စားလှယ်များထံ တင်ပြတောင်းဆိုလိုက် တာပါ။ သူတို့ရဲ့တောင်းဆိုချက်တွေ၊ ပန်ကြားချက်တွေကို ကျနော်တို့က သူတို့ကိုယ်စား ကျနော်တို့ ရောက်ရှိရာ နိုင်ငံတွေက လွှတ် တော်ကိုယ်စားလှယ်များထံ လက်ဆင့်ကမ်း တင်ပြပေးရင်း အဓိက တောင်းဆိုချက်ဖြစ်တဲ့ နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသိအမှတ် မပြုရေး ဖိအားပေးကြရမှာပါ။
အမေရိကန်ပြည်ထောင်စုမှာတော့ Rush Holt, Berman, Ros-Lehtinen စတဲ့ အောက်လွှတ်တော် အမတ်များက မြန်မာလွှတ်တော်ကိုယ်စားလှယ်များရဲ့ ပန်ကြားချက်ကို တုန့်ပြန်တဲ့ ဥပဒေမူကြမ်းတရပ် ကို အောက်လွှတ်တော်မှာ တင်သွင်းလိုက်ပါပြီ။ မေ(၁၀) ဆနခြံယူပွဲ မတိုင်ခင် မဲခွဲဆုံးဖြတ်နိုင်မှာပါ။ ဒီဥပဒေမူကြမ်းမှာ အမေရိကန်အောက်လွှတ်တော်အမတ် များက နအဖရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြစ်တင်ဝေဖန်ပြီး ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေကို နအဖက လူထုဆနခြံယူပွဲရဲ့ရလဒ်အဖြစ် ကြေငြာမယ် ဆိုရင် အသိအမှတ်မပြုဖို့ အမေရိကန်သမ္မတကို တိုက်တွန်းထားပါတယ်။
ဂျပန်နိုင်ငံမှာလည်း အလားတူ ဥပဒေမူကြမ်းတရပ်ကို တင်သွင်းနိုင်ဖို့ ကြိုးစားနေကြပါတယ်။ အဲဒီလို ဥပဒေမူကြမ်းကို စင်္ကာပူမှာ၊ ထိုင်းမှာ၊ ကိုးရီးယားမှာ၊ မလေးရှားမှာ၊ သြစတြေးလျမှာ၊ ကနေဒါမှာ၊ အိန္ဒိယမှာ၊ ဖိလစ်ပိုင်မှာ၊ အင်ဒိုနီးရှားမှာ၊ အင်္ဂလန်မှာ၊ ပြင်သစ်မှာ၊ နိုင်ငံတကာပါလီမန်တွေမှာ တင်သွင်းနိုင်ကြမယ်၊ အနည်းဆုံး သက်ဆိုင်ရာ ပါလီမန်အမတ်တွေက နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရော ဆန္ဒခံယူပွဲ လုပ်ငန်းစဉ်တွေကိုပါ ပြစ်တင်ဝေဖန်ရှုတ်ချကြမယ်ဆိုရင် မြန်မာနိုင်ငံကို စစ်ကျွန်ပြုရေး ဖွဲ့စည်းပုံဟာ ဘယ်လိုပဲ လိမ်လည်ပြီး အတည်ပြုပြု၊ အသက်ဝင်လာဖို့ အလွန့်အလွန်ကို ခက်ခဲပါလိမ့်မယ်။ နောက်ဆုံးတနေ့ ဒီဖွဲ့စည်းပုံဟာ သမိုင်းရဲ့ အမှိုက်ခြင်းကြီးထဲကို ရောက်သွားဖို့တောင် ရှိပါတယ်။
(၅) ပြိုင်တူရုန်းလျှင် ရွေ့နိုင်ပါသည်။
နအဖက လူထုကို စိန်ခေါ်သလို လူထုကလည်း နအဖကို တုန့်ပြန်ရင်ဆိုင်နေပါပြီ။ ကြပ်ပြေးနေပြည်တော်က ဗိုလ်ချုပ်တွေ အိမ်မက်ဆိုးတွေ မက်နေကြပါပြီ။ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကအစ တပ်မတော်မိသားစုဝင်များအထိ လူထုဖက်က ရပ်တည်ဖို့ ခြေလှမ်း ပြင်နေကြပါပြီ။ ကျနော်တို့ တယောက်လက်ကိုတယောက် ခိုင်ခိုင်မာမာ ချိတ်ဆက်ထားရင် ဖြစ်ပေါ်လာမယ့် အင်အားဟာ ဗိုလ်သန်းရွှေရဲ့ စစ်အုပ်စုကို ကြောက်ဖျား ဖျားစေမှာပါ။ အသက်ကို နက်နက်ရှိုင်းရှိုင်းရူ၊ လက်တွေကို ခိုင်ခိုင်မြဲမြဲဆုပ်၊ နောက်ပြန်မရုပ်တဲ့ခြေလှမ်းများနဲ့ ပြိုင်တူရွေ့လျားကြပါစို့။
အောင်ဒင်
အမေရိကန်ပြည်ထောင်စုမြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့
ဧပြီလ ၂၉၊ ၂၀၀၈
Posted by
ကိုထိုက်
at
21:41
5
comments
ကျောက်ဆည်မြို့၏ No Campaign
ကျောက်ဆည်မြို့သည် အာဏာရူးကြီး မှူးကြီး သန်းရွှေ၏ ဇာတိနယ်ဖြစ်ပြီး ယခုကဲ့သို့ No Campaign များ ပြုလုပ်နေခြင်းကို ကြည့်၍ ဦးသန်းရွှေ၏ သြဇာသည် သူ့ဇာတိနယ်တွင်ပင် ကျဆင်းနေကြောင်းထင်ရှားလျက်ရှိသည်။
သတင်းပေးပို့သူ - မောင်မည်း
Posted by
ကိုထိုက်
at
21:31
5
comments

မစိုးရိမ် ဆရာတော် ဘုရားကြီး ပျံလွန်တော် မူသွားသဖြင့် တိုင်းပြည်၏ အဖိုးမဖြတ်နိုင်သော သာသနာ့ အလင်းရောင် ဆိတ်သုဉ်းသွားသလို ခံစားရပါသည် .. ဘုရား။ ဤ ကဲ့သို့ သာသနာတော်အား ဖျက်စီးနေသော စစ်အာဏာရှင် လက်အောက်တွင် ဘုရားတပည်တော်တို့ အတွက် အားကိုးစရာ ဆရာတော် မရှိသည့်နောက်ပိုင်းတွင်လည်း သာသနာဖျက် စစ်အာဏာရှင် စနစ်အား ချေမှုန်းပြီး သာသနာတော်ကြီး မြန်မာနိုင်ငံမှာ စည်ပင်ထွန်းကားအောင် တပည့်တော်တို့ တတ်စွမ်းသမျှ ကြိုးစားသွားမည်ဟု ... ဆရာတော်၏ နောက်ဆုံး ခရီးတွင် တပည့်တော် သက်သေ တိုင်ဆိုပါသည် ... ဘုရား။
ဆရာတော် ခန္ဓာဝန်ကို ကိုယ့်ဇာတိမြေမှာ မချနိုင်သည့် အတွက် တပည့်တော် ယူကြုံးမရ ဝမ်းနည်းမိပါတယ် ဘုရား။
.....................................................................
ဆရာတော် ဘုရားကြီး ပျံလွန်တော်မူသွားသဖြင့် ဝမ်းနည်းသည့် အထိမ်းအမှတ်ဖြင့် ကျွန်တော်၏ ဘလော့အား နေ့တဝက် ရပ်နားမည် ဖြစ်ပါသည်။
ဝမ်းနည်းစွာဖြင့်
ကိုထိုက်
Posted by
ကိုထိုက်
at
00:35
5
comments
Tuesday, 29 April 2008
The Third day of Vote No campaign at the front of SPDC's polling station, Burmese embassy in London
Posted by
ကိုထိုက်
at
02:10
6
comments
Monday, 28 April 2008
နိုင်ငံအသီးသီးတွင် ဆန္ဒမဲ ပေးကြပုံများ
UK


Click Here to see more pictures from uk
Singapore
Japan

Posted by
ကိုထိုက်
at
02:56
6
comments
သာသန ဥသျှောင်၏ ဦးစီးမူဖြင့် ကျင်းပသော ကမ္ဘာ အရပ်ရပ်မှ အခြေခံ ဥပဒေ ဆန့်ကျင်ပွဲများ
Posted by
ကိုထိုက်
at
02:16
5
comments
Saturday, 26 April 2008
Watch it, before you go to vote and, Would you say "YES" to constitution?
Posted by
ကိုထိုက်
at
17:42
12
comments
Friday, 25 April 2008
နိုင်ငံခြား တိုင်းပြည်များတွင် နေထိုင်သော မြန်မာများသို့
မဲ စာရင်း ပြုစုရမည်မှာ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်၏ တာဝန်ဖြစ်ပြီး၊ အဆိုပါ တာဝန်ရှိ ပုဂ္ဂိုလ်များက တာဝန်ကျေအောင် မဆောင်ရွက်သဖြင့် မဲ စာရင်းတွင် မဲ ပေးခွင့် အကြုံးဝင်သော တစ်ဦး တစ်ယောက် ကျန်ခဲ့သည်မှာ အဆိုပါ တာဝန်ရှိ ပုဂ္ဂိုလ်များ၏ အလုပ် ဝတ္တရား ကျေပြွန်စွာ မထမ်းဆောင်သော ဝတ္တရား ပျက်ကွက်မူပင် ဖြစ်သည်။
(ထိုကြောင့် မိမိတို့၏ မဲ ပေးပိုင်ခွင့် အခွင့်အရေးများကို အောက်ပါ ဥပဒေကို ညွန်းဆို၍ တောင်းဆိုရမည် ဖြစ်သည်။ ထိုသို့ တောင်းဆိုခြင်းများကို မိုလ်ဘိုလ်း ဖုန်းများဖြင့် အသံသွင်းကာ မှတ်တမ်းရယူထားစေလိုပါသည်။ ဤ အသံများသည် နောင်တချိန်နှင် နအဖမှ မိမိတို့က လွတ်လပ်၍ တရားမျှတစွာ ဆန္ဒမဲခံယူပြီး အနိုင်ရ အတည်ပြုလိုက်သည်ဟု ကြေငြာခဲ့လျှင် ကောင်းမွန်စွာ ပြန်လည် တုံပြန်နိုင်သော အချက်များဖြစ်သည်။)
အထက်ပါ စာများကို နအဖ ဥက္ကဌ သန်းရွှေကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားခြင်း ဖြစ်သည်။အခန်း(၅)
မဲစာရင်းများပြုစုခြင်း
၁၁။ (က) ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲကျင်းပသည့်နေ့ရက်တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဖြစ်သည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားတိုင်းသည် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲ ပေးခွင့်ရှိသည်။ ယင်းဆန္ဒမဲပေးခွင့်ရှိသူတိုင်းကို မဲစာရင်းတွင် ထည့်သွင်းရမည်။
(ခ) ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်သော အောက်ပါပုဂ္ဂိုလ်များ၏ အမည်များကို မဲစာရင်းတွင် ထည့်သွင်းနိုင်ခွင့်ရှိသည်-
(၁) ပြည်ထောင်စုမြန်မာနိုင်ငံ၏ သံတမန်များ၊ သံအဖွဲ့ဝင်များ၊ ကောင်စစ် အဖွဲ့ဝင်များနှင့် ယင်းတို့နှင့် အတူနေထိုင်သော မိသာစုဝင်များ၊
(၂) တပ်တွင်းတွင်နေထိုင်သော်လည်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပသည့်
နေ့ရက်တွင် ဆန္ဒခံယူပွဲဒေသ၏ ပြင်ပသို့ တာဝန်ရောက် ရှိနေသော တပ်မတော် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင်များ၊ ယင်းတို့နှင့် လုကိပါနေထိုင်သော မိသားစုဝင်များ၊
(၃) ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပြင်ပ၌ အလုပ်ဝတ္တရားဆောင်ရွက်ရန် အစိုးရက ခန့်အပ်ထားခြင်းခံရသူများနှင့် ယင်းတို့နှင့်အတူ နေထိုင်သော မိသားစုဝင်များ၊
(၄) နိုင်ငံခြားသို့ရောက်ရှိနေသော အစိုရပညာတော်သင်များနှင့် ယင်းတို့နှင့်အတူနေထိုင်သော မိသားစုဝင်များ၊
(၅) အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားတွင်ရောက်ရှိနေသော အခြားပုဂ္ဂိုလ်များ၊
(၆) တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းအသီးသီးတွင်ပညာသင်ကြားနေသော ကျောင်းသူ၊ ကျောင်းသားများ၊
ရှင်းလင်းချက် ။ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းဆိုသည်မှာ ကျောင်းသူ၊ ကျောင်းသားများ ပညာသင်ကြားရန် အစိုးရကဖွင့်လှစ်ထားသော သို့မဟုတ် အသိအမှတ်ပြုထားသော တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံနှင့်ကျောင်းများကို ဆိုသည်။ ယင်းစကားရပ်တွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျောင်းများ၊ လူမှုရေးကျောင်းများနှင့် ဂေဟာများသည်လည်းကောင်း၊ တပ်မတော်က ဖွင့်လှစ်သော တက္ကသိုလ်များနှင့် ကျောင်းများသည်လည်း ကောင်းပါဝင်သည်။
တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံနှင့်ကျောင်းများတွင်ပညာသင်ကြားနေသော ကျောင်းသူ၊ ကျောင်းသားများအနက် သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းဖွင့်လှစ်ထား
သည့် ဒေသရှိမဲစာရင်းတွင် ပါရှိသော ကျောင်းသူ၊ ကျောင်းသားများမှအပ အခြားဒေသမှ လာရောက်ပညာသင်ကြားနေသော ကျောင်းသူ၊ ကျောင်းသားများသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆန္ဒမဲပေးခွင့် ရှိသည်။
(၇) ဆေးရုံတွင် တက်ရောက်ကုသနေသူများနှင့် တာဝန်ကျနေသောဝန်ထမ်းများ၊
(၈) အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခု၏ တာဝန်ပေးချက်အရ မိမိတို့၏ အခြေစိုက်စခန်းမှ ခွဲခွာ၍ အခြားဒေသရှိ လုပ်ငန်းခွင်၌ ရောက်ရှိနေသူများ၊
(၉) ရဲစခန်းနှင့် အကျဉ်းထောင်များရှိ အချုပ်သားများ။
(ဂ) မဲစာရင်းပြုစုရာတွင် အမြဲတမ်းနေထိုင်သည့် ဆန္ဒခံယူပွဲဒေသမှ အခြားဆန္ဒခံယူပွဲဒေသတစ်ခုသို့ တစ်ဦးချင်း ဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပသည့် နေ့ရက်ကျော်လွန်သည်အထိ ယာယီလာရောက် အလုပ်လုပ်ကိုင်သူများကို ရောက်ရှိနေသော ဆန္ဒခံယူပွဲဒေသ၏ မဲစာရင်းတွင် ထည့်သွင်းနိုင်သည်။
ထိုပုဂ္ဂိုလ်များ၏ အမည်စာရင်းကို မူလနေထိုင်ရာ ဆန္ဒခံယူပွဲဒေသရှိ မဲစာရင်းမှပယ်ဖျက်ရန် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ အကြောင်းကြားရမည်။
(ဃ) အောက်ပါ ပုဂ္ဂိုလ်များကို မဲစာရင်းတွင် ထည့်သွင်းခြင်းမပြုရ-
(၁) သာသနာ့ဝန်ထမ်းများ၊
(၂) စိတ်ပေါ့သွပ်နေသည်ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်းသတ်မှတ်ခြင်းခံရသူများ၊
(၃) ပြစ်မှုတစ်ခုခုကြောင့် တရားရုံး၏ အမိန့်၊ စီရင်ချက်အရ ထောင်ဒဏ်ကျ ခံနေရသူများ၊
(၄) ပြည်ပသို့ တရားမ၀င် ရောက်ရှိနေသူများ၊
(၅) နိုင်ငံခြားသားများ။
၁၂။ (က) မဲစာရင်းကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများက မိမိတို့ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအလိုက် ပြုစုရမည်။
(ခ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများသည် မိမိတို့၏ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအတွင်းနေထိုင်သော ပုဒ်မ ၁၁၊ ပုဒ်မခွဲ (က)အရ ဆန္ဒမဲပေးခွင့်ရှိသူတိုင်း၏အမည်ကို မဲစာရင်းတွင် ထည့်သွင်းရမည်။
(ဂ) ပုဒ်မခွဲ(က)အရ မဲစာရင်းပြုစုသည့်အခါ ပုဒ်မ ၁၁၊ ပုဒ်မခွဲ(ခ)တွင် ဖော်ပြ ထားသောပုဂ္ဂိုလ်များ၏ အမည်ကို ယင်းတို့နေထိုင်သော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုမဲစာရင်း၌ ထည့်သွင်းခြင်းမပြုရ။ အကယ်၍ ယင်းမဲစာရင်းတွင် ပါရှိနေလျှင် ထိုသူ၏အမည်ကို မဲစာရင်းမှ ထုတ်ပယ်ရမည်။
(ဃ) ပုဒ်မ ၁၁၊ ပုဒ်မခွဲ(ခ)တွင် အကျုံးဝင်သူများအတွက် မဲစာရင်းပြုစုရာတွင် ကော်မရှင်က ညွှန်ကြားသည့်အတိုင်း သင့်လျော်သော အဖွဲ့ဝင်အရေအတွက်ဖြင့် ဖွဲ့စည်းသည့် အောက်ပါအဖွဲ့များက ပြုစုရမည်-
(၁) နိုင်ငံခြားတွင်ရောက်ရှိနေသော ဆန္ဒမဲပေးခွင့်ရှိသူများနှင့် ယင်းတို့နှင့်အတူနေထိုင်သော မိသားစုဝင်များအတွက် သက်ဆိုင်ရာ သံရုံးအကြီးအမှူးနှင့်အဖွဲ့ သို့မဟုတ် ကောင်စစ်ဝန်ရုံးအကြီးအမှူးနှင့်အဖွဲ့၊
လေးစားစွာဖြင့်
ကိုထိုက်
Posted by
ကိုထိုက်
at
10:10
5
comments
Wednesday, 23 April 2008
ခြင်္သေ့ကျွန်းမှ သံရုံးနှင့် သိကောင်းစရာ
သံရုံးသို့ရောက်ရှိချိန် နေ့လည် ၂ နာရီ ခန့်မှာ သံရုံးဝန်ထမ်းများ အစည်းအဝေးလုပ်နေသောကြောင့် နေ့လည် ၂ နာရီ ၃၀ ခန့်မှာ အလုပ်ပြန်လည်စတင်ခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအား မည်သို့မည်ပုံ မဲပေးကြရမည်ဆိုသည့် စာများကို သံရုံးနံရံများမှာ ကပ်ထားတာတယ်လို့လဲသတင်းရရှိပါတယ်။
သံရုံးရှိ ဒုတိယအတွင်းဝန် ဦးမြင့်ထွန်းအား မဲပေးရမည့်ပုံစံ မဲရုံနဲ့ပတ်သက်သော အသေးစိတ်အချက်အလက်များကို မျက်နှာချင်းဆိုင် တွေ့ဆုံမေးမြန်းဖို့ကြိုးစားခဲ့ပေမယ့်လည်း အောင်မြင်မှုမရရှိခဲ့ပါဘူး။သို့သော်လည်း ကြိုတင်ဆန္ဒမဲပေးရေးနှင့်ပတ်သက်ပြီး ဦးမြင့်ထွန်းအား ၂၃ ရက်နေ့ ဗုဒ္ဓဟူးနေ့ နံနက် ၁၀ နာရီ ခန့်တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခွင့် ရရှိခဲ့ပါတယ်။
ဦးမြင့်ထွန်းမှပြောကြားရာမှာ - အခြေခံဥပဒေမူကြမ်းစာအုပ်များဖတ်ရှုလေ့လာနိုင်ရန် သံရုံး၌ ထားရှိကြောင်းနှင့် စင်္ကာပူနိုင်ငံ မြန်မာသံရုံးအနေနှင့် မဲရုံမှူးများလမ်းညွန် အတိုင်း မဲပေးမည့်သူများကို လျို့ဝှက်မဲပေးနိုင်ရန် စီစဉ်ထားကြောင်း ဖြေကြားခဲ့ပါတယ်။
ကြိုတင်ဆန္ဒမဲပေးရန်လာရောက်သူများ အနေနှင့် သံရုံးမှ ပေးသော လျှောက်လွှာကို ဖြည့်စွက်ပြီး၊ မဲပြားနှင့် စာအိတ်ကို ရယူရမှာဖြစ်ကြောင်း၊ မိမိပေးလိုသောဆန္ဒအတိုင်း လွတ်လွတ်လပ်လပ် လျှို့ဝက်မဲပေးနိုင်ရန် သံရုံးမှ စီစဉ်ပေးထားမည်ဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ ယနေ့မြန်မာသံရုံးတွင် ခွန်လာရောက်ပေးဆောင်နေကြသူများနှင့် အခြားသံရုံးနှင့်ပတ်သက်သော ကိစ္စများအတွက် ရောက်ရှိနေသူများ အားလုံး စုစုပေါင်း လူဦးရေ ၁၂၀ ကျော်ဝန်းကျင်ခန့် ရှိနိုင်တယ်လို့သတင်းရရှိပါတယ်။
မြန်မာအရေးတက်ကြွသူများအနေနှင့် ဦးမြင့်ထွန်း၏ လမ်းညွန်မှုကြောင့် အခြေခံဥပဒေမူကြမ်းစားအုပ်ကို ဖတ်ရှုရန် Consular Section မြန်မာသံရုံးအခေါ် ကောင်စစ်ဌာနတွင် တောင်းဆိုခဲ့ပေမယ့်လည်း မြန်မာသံရုံးဝန်ထမ်းများမှ အထက်အရာရှိသို့ အဆင်ဆင့်တင်ပြကာ အချိန်ဆွဲထားခဲ့တယ်လို့သိရပါတယ်၊ ညနေ ၃နာရီ ခွဲ နောက်ပိုင်းမှသာ အခြေခံဥပဒေမူကြမ်းစာအုပ်ကို ဖတ်ခွင့်ရခဲ့ပါတယ်။
၂၀၀၈ အခြေခံဥပဒေမူကြမ်းစာအုပ်နှင့်အတူ (၁၉၄၇ ခုနှစ် ၁၉၇၄ ခုနှစ် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ နှိုင်းယှဉ်ချက်များ စာအုပ်ငယ်) ၊ (၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျဉ်းချုပ်ရှင်းလင်းတင်ပြချက် စာအုပ်ငယ်) တို့ကို ရယူရန် သက်သေခံအဖြစ် စင်္ကာပူနိုင်ငံမှ မိမိအား တရားဝင်ထုတ်ပေးထား အိုင်စီ ကဒ်ပြားကို ကောင်စစ်ဌာနမှာ အပေါင်းထားပြီးမှ ဖတ်ခွင့်ရတယ်လို့ သတင်းရရှိပါတယ်။
သံရုံးတွင်ဖတ်ရှုနိုင်သော အခြေခံဥပဒေမူကြမ်းစာအုပ်၊ အခန်း(၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း အခန်း အပိုဒ် ၄၃၆။(က) တွင်ဖေါ်ပြထားသော "ပြဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။
ဆိုတဲ့နေရာမှာ လက်ရေးဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ (ထက်ဝက်ကျော်) ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။ (ထက်ဝက်ကျော်) ကိုလက်ရေးမူဖြင့် ပြင်ဆင်ရေးသားထားသည် ကိုဖတ်ရှုကြရတယ်လို့သတင်းရရှိပါတယ်။ ၄င်းကိစ္စနှင့်စပ်လျဉ်းပြီး ဖတ်ရှုသူများမှ သံရုံးဝန်ထမ်းများကို မေးမြန်းခဲ့ရာမှာ သံရုံးဝန်ထမ်းများအနေနဲ့ သိပ်နားမလည်ကြောင်း စာအုပ်ထဲတွင်ဖေါ်ပြထားသော အရာများအားလုံးမှာ အမှန်ဖြစ်ကြောင်း ဖြေကြားပေးခဲ့ပါတယ်။
ထူးဆန်းတာကတော့ မြန်မာ့အရေးလှုတ်ရှားသူများ မြန်မာသံရုံးသို့ရောက်ရှိချိန်တွင် စင်္ကာပူနိုင်ငံမီးသတ်မှ မြန်မာသံရုံးမှာ မီးလောင်ကြောင်းသတင်းပေးလာသောကြောင့် မီးငြိမ်းသတ်ရန် ရောက်ရှိလာကြောင်းကို သံရုံးသို့ယနေ့ရောက်ရှိခဲ့သူ မျက်မြင်သက်သေများပြောပြချက်အရ သိရှိခဲ့ရပါတယ်။ တယ်လီဖုန်း Message ရရှိသူများလဲ ထိုသတင်းအား ဖတ်မိကြမယ်ထင်ကြောင်းနှင့် မည်သူ့လက်ချက်ဖြစ်တယ်ဆိုတာကိုတော့ အတည်ပြုပြောကြားနိုင်တာမျိုးမရှိသေးပါဘူး။
မြန်မာ့အရေးတက်ကြွသူများအနေနဲ့လည်း လာမည့် (၂၇) ရက်နေ့ တနင်္ဂနွေနေ့ မှာအားလုံးပြိုင်တူ မြန်မာသံရုံးကို မဲသွားရောက်ပေးကြမယ်ဆိုတဲ့ သတင်းတွေလည်း ရရှိနေပါတယ်။ သံရုံးမှ ပေးပို့ထားသောစာများမှာ အရေအတွက်အားဖြင့် ၁၃၀၀၀ ခန့်ရှိပြီး စာတိုက်မှ သံရုံးသို့ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောက်ရှိလာသော စာများမှာ အစောင်၄၀၀ခန့်ရှိကြောင်းသတင်းရရှိပါတယ်။
သံရုံးသို့ဆန္ဒမဲပေးရန်လာရောက်သူများကို သံရုံးမှပေးပို့ထားသော စာရင်းနှင့်တိုက်ကာ မဲပေးခွင့်ပြုမှာဖြစ်ကြောင်းနှင့် သံရုံးနှင့်ဆက်သွယ်ထားဖူးသူများဖြစ်သော်ငြားလည်း ဖိတ်ကြားစာမရရှိသူများအတွက်ကိုမူ သံရုံးမှ မှတ်တမ်းများပြုစုရယူထားပြီး နောက်ရက်များမှာ လာရောက်မဲပေးနိုင်ရန် စီစဉ်ပေးမည်လို့ ဦးမြင့်ထွန်းကိုယ်တိုင် ဖုန်းမှတဆင့် ဖြေကြားပေးထားပါတယ်။
ကြိုတင်ဆန္ဒမဲပေးရေးနှင့်ပတ်သက်ပြီး အရေးပေါ် ကျန်းမာရေးဝန်ဆောင်မှုများ သံရုံးဖက်မှ ကြိုတင်ပြင်ဆင်ထားခြင်း ရှိပါသလားလို့ မေးမြန်းခဲ့တာကိုတော့ ကျန်းမာရေးနှင့်ပတ်သက်တဲ့ ၀န်ဆောင်မှုများ ပေးနိုင်လောက်အောင် ပြင်ဆင်ထားခြင်းမရှိပေမယ့်လည်း မြန်မာသံရုံးမှ စင်္ကာပူနိုင်ငံအာဏာပိုင်များ အကူအညီဖြင့် သံရုံးလုံခြုံရေးများစီစဉ်ထားကြောင်းကိုတော့ ဦးမြင့်ထွန်းမှ ရှင်းလင်း ပြောကြားသွားကြောင်း သတင်းရရှိပါတယ်။
(၂၄) ကြာသပတေးနေ့မှ စတင်ကာ စင်္ကာပူနိုင်ငံမြန်မာသံရုံးမှ နေ့စဉ်လုပ်ဆောင်လျှက်ရှိသော အခွန်အကောက်လုပ်ငန်းများနှင့် သံရုံးနှင့်သက်ဆိုင်သော အခြားလုပ်ငန်းများ အားလုံးကို ရန်တန့်ထားမည်ဖြစ်ပြီး ဆန္ဒမဲပေးရန် အတွက် လိုအပ်သည်များကိုသာ စတင်ပြင်ဆင်ကြမည်ဖြစ်ကြောင်း ဦးမြင့်ထွန်းမှပြောပြသွားကြောင်း စုပေါင်းတင်ပြလိုက်ရပါတယ်။
ဧပြီ ၂၃ ရက် ၂၀၀၈။
Posted by
ကိုထိုက်
at
16:39
6
comments
လန်ဒန် မြန်မာ သံရုံးနှင့် အခြေခံ ဥပဒေ မူကြမ်းစာအုပ်
ဒါ ဆိုကျွန်တော်တို့ အဝေးရောက် မြန်မာနိုင်ငံသားတွေက မည်သည့် အရာကို မဲ ပေးရမည်ကို လန်ဒန်တွင် ကြိုတင် မဲပေးရန် (၃)ရက် အလို(မြန်မာနိုင်ငံတွင် ၁၈ ရက် အလို )အထိ ဘာမှ မသိသေးပါ။
ထိုကြောင့် ဆန္ဒခံယူပွဲသည် လွတ်လပ်ပြီး တရားမျှတမူ ရှိမည်ဆိုသော နအဖ၏ စကားကို အထက်ပါ အချက်များက သံသယ ဖြစ်စရာ သက်သေများ ဖြစ်နေထပ်မံ ပေါင်းထည့် မှတ်တမ်းတင်လိုက်ပါသည်။
လိုအပ်တာ ကူညီလိုက်ပါဟု ပြောသော သံအမတ်ကြီး ဦးနေဝင်း၏ မှာကြားချက် နှင့် သံရုံးဝန်ထမ်းများ အပြောနှင့် အလုပ် ထပ်တူ မညီဘဲ ကွာခြားချက်များ .... ကျွန်တော်တို့ အခု အချိန် အထိ အခြေခံဥပဒေ မူကြမ်းစာအုပ် တရားဝင် မဖတ်ရသေးပါ ခင်ဗျာ။
သံအမတ်ကြီး ပြောကြားချက် နားထောင်ရန်
သံရုံးဝန်ထမ်း ကိုမြင့်စိုး ဖြေဆိုချက် နားထောင်ရန်
လေးစားစွာဖြင့်
ကိုထိုက်
Posted by
ကိုထိုက်
at
15:31
6
comments
စင်္ကာပူက ကန့်ကွက်မဲ စည်းရုံးရေး၊ မူကြမ်းစာအုပ် (၈) အုပ်၊ လူတစ်သိန်း နှင့် Ms. Anna
ပြည်ပနိုင်ငံ အသီးသီးသို့ ရောက်ရှိနေကြသော မြန်မာများအား သက်ဆိုင်ရာ နိုင်ငံအသီးသီးရှိ သံရုံးခွင့်ပြုချက်ဖြင့် ကြိုတင်ဆန္ဒမဲများ ပေးလျှက်ရှိကြပါတယ်၊ အရှေ့ တောင်အာရှနိုင်ငံများဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ဂျပန် အစရှိတဲ့နိုင်ငံများမှာ သက်ဆိုင်ရာ မြန်မာသံရုံးများမှ မြန်မာများထံသို့ စာတိုက်မှ တဆင့် စာများလိုက်လံပေးပို့နေပြီး ဆန္ဒခံယူပွဲအတွက် ကြိုတင်ဆန္ဒမဲများ ကောက်ခံလျက်ရှိပါတယ်။ စင်္ကာပူနိုင်ငံတွင်လည်း လာမည့် ဧပြီလ ၂၅၊၂၆၊၂၇၊၂၈၊၂၉ ရက်များတွင် ဆန္ဒမဲများကို ကြိုတင်ကောက်ခံမည်လို့ သိရပါတယ်၊ ထိုသို့ဆန္ဒမဲကောက်ခံပွဲများမတိုင်မှီ စင်ကာပူနိုင်ငံရှိ မြန်မာ့အရေးလှုတ်ရှားသူများမှ တက်ကြစွာဖြင့် စည်ရုံးလှုတ်ရှားမှုများကို မိမိတို့ နီးစပ်ရာမှာ တနိုင်တပိုင် ပြုလုပ်လျက်ရှိပါတယ်။
စင်ကာပူနိုင်ငံရှိ မြန်မာ့အရေးနိုးကြားတက်ကြွသူများမှ မြန်မာအလုပ်သမား အများစု စုဝေးနေထိုင်ကြရာ
Worker's Dormitory များသို့ သွားရောက်ပြီး ကန့်ကွက်ဆန္ဒမဲပေးရေး လှုတ်ရှားမှုများကို ကွင်းဆင်း ဆောင်ရွက်လျှက်ရှိပါတယ်။ ထိုသို့ဆောင်ရွက်ရာမှာ မြန်မာပြည်မှ စင်္ကာပူနိုင်ငံသို့် ရောက်ရှိနေကြပြီး အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများအနေနှင့် ၄င်းတို့မသိရှိသေးသော အခြေခံဥပဒေမူကြမ်း၌ ပြဌာန်းထားပြီးဖြစ်သည့် အချက်အလက်များကို မေးမြန်းခြင်းများနှင့် စင်္ကာပူရှိ မြန်မာ့အရေးလှုတ်ရှားသူများမှ ပြန်လည်ရှင်းလင်းပြောကြားခြင်းများ အသင့်ယူဆောင်လာသော စာရွက်စာတမ်းများကို လက်ဆင့်ကမ်းဖြန့်ဝေပေးခြင်းများ ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
စင်္ကာပူရှိ မြန်မာ့ဒီမိုကရေစီအရေး တက်ကြသူများသည် စင်္ကာပူနိုင်ငံရှိ ဘွန်လေး Boonlay, မန်ဒိုင်း Mandi, ကာကီဘူကစ် Kaki Bukit, ဂျလန်ကာယု Jalan Kayu ၊ Woodlands ရပ်ကွက်၊ ဂျွိုင်းတာဝါ Joy Tower အနီးနားတ၀ှိုက်ရှိ မြန်မာအလုပ်သမားအများစုနေထိုင်ရာ Worker's Dormitory များနှင့် မြန်မာအများစု စုဝေးရာနေရာများမှာ စည်းရုံးရေးလုပ်ငန်းစဉ်များကို လိုက်လံပြုလုပ်လျှက်ရှိပါတယ်။ တချို့ နေရာများမှာ မြန်မာများ လူဦးရေ ရာဂဏန်းအထိ စိတ်ဝင်တစား လာရောက်နားထောင်ကြသည် ကိုတွေ့ကြရပြီး တချို့ နေရာများမှာတွင်မူ လူဦးရေ ၅၀ -၃၀ -၂၀ စသည်ဖြင့် လာရောက်နားထောင်ကာ အပြန်အလှန် မေးခွန်းများမေးကြကြောင်းနှင့် ပြန်လည်ရှင်းလင်းပြောကြားခြင်းများရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။
၎င်းအပြင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်ပုံအခြေခံဥပဒေမူကြမ်း ဆန္ဒမဲပေးရေးနှင့် စပ်လျဉ်းပြီး အခြေခံဥပဒေမူကြမ်းစာအုပ်ကို စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးတွင် လေ့လာဖတ်ရှုခွင့် ရရှိနိုင် မရှိနိုင်ကို သိရှိနိုင်ရေးအတွက် စင်္ကာပူနိုင်ငံရှိ ကျောင်းသားအများစုနှင့် ဒီမိုကရေစီလိုလားသူများမှ စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးအား ဧပြီလ ၂၂ ရက် အင်္ဂါနေ့ မှာလည်း ဆက်သွယ်မေးမြန်းခြင်းများကို ပြုလုပ်ခဲ့ပါတယ်။
မြန်မာ့အရေးလှုတ်ရှားသူများအနေဖြင့် စင်္ကာပူနိုင်ငံတွင် ဆန္ဒမဲပေးရေးနှင့် ပတ်သက်သောကိစ္စမှန်သမျှကို ရှင်းလင်းတင်ပြပေးဖို့ရာ တာဝန်ပေးအပ်ခြင်းခံထားရသော ဒုတိယအတွင်းဝန် ဦးမြင့်ထွန်းနှင့် တွေ့ဆုံမေးမြန်းခွင့်ရဖို့ရာ တောင်းဆိုခဲ့ပါတယ်။ ဒုတိယအတွင်းဝန် ဦးမြင့်ထွန်းမှာမူ တနေကုန်အောင် အလုပ်မအားလပ်ပါသဖြင့် မေးခွန်းတချို့ ကို မြန်မာသံရုံးမှ တယ်လီဖုန်း ဒိုင်ခံဖြေကြားပေးသော ရုံးတာဝန်ခံ Ms. Anna မှတဆင့် ဦးမြင့်ထွန်း အားမေးမြန်းပေးခဲ့ပြီး၊ ဦးမြင့်ထွန်း၏ ပြန်လည်ဖြေကြားချက်များကိုလည်း Ms. Anna မှပဲ ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။
ထိုသို့မေးမြန်းခဲ့ရာမှာ -
ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို စင်္ကာပူနိုင်ငံရှိ မြန်မာများ ဖတ်ရှုလေ့လာနိုင်ရန် မြန်မာသံရုံး၌ ရယူနိုင်ပါသလား? ဟုဆိုသောမေးခွန်းကို့ ဦးမြင့်ထွန်းအား Ms. Anna မှတဆင့် မေးမြန်းပေးပြီး ယခုကဲ့သို့ ပြန်လည်ဖြေကြား ပေးလိုက်တယ်။
"စင်္ကာပူနိုင်ငံရှိ မြန်မာနိုင်ငံသားများအနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို လေ့လာဖတ်ရှုလိုပါလျှင် Consular Office Counter မှာ လာရောက်ဖတ်ရှုနိုင်ကြောင်းနှင့် သံရုံးပြင်ပသို့ယူဆောင်သွားခြင်း၊ မိတ္တူကူးယူခြင်းများကို မြန်မာနိုင်ငံသံရုံးမှ ခွင့်ပြုမည်မဟုတ်ကြောင်း" ဖြေကြားခဲ့ပါတယ်။
ဆက်လက်ပြီး သံရုံးသို့ ညနေဘက်တွင် လာရောက်လေ့လာဖတ်ရှုချင်ကြောင်း တောင်းဆိုခဲ့ခြင်းအားလည်းပဲ ငြင်းပယ်ခဲ့ပါတယ်။ မြန်မာသံရုံးမှာ ညနေ ၅ နာရီအထိသာ ဖွင့်လှစ်ပါသဖြင့် ၄င်းကိစ္စမှာ မဖြစ်နိုင်ကြောင်းနှင့် အထူးအံ့သြဖွယ်ကောင်းသည်မှာ သံရုံးတစ်ရုံးလုံးတွင်မူ အခြေခံဥပဒေမူကြမ်းစာအုပ် စုစုပေါင်း (၈) အုပ်သာရှိပါသောကြောင့် တစ်ကြိမ်ထဲတွင် လူအများအပြား လာရောက်ဖတ်ရှုဖို့ရာ မဖြစ်နိုင်ကြောင်း ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။
သံရုံးပိတ်ချိန်ရောက်သည်အထိ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ဆန္ဒမဲပေးရေးနဲ့ပတ်သက်သောကိစ္စတို့ကို ရှင်းလင်းပြောကြားပေးပါရန် အထူးတာဝန်ပေးအပ်ခြင်းခံထားသော ဒုတိယအတွင်းဝန် ဦးမြင့်ထွန်းအား တွေ့ဆုံမေးမြန်းခွင့် တောင်းဆိုခဲ့ပေမယ့်လည်း အင်္ဂါနေ့ ညနေသံရုံးပိတ်သွားချိန်အထိ ခွင့်ပြုချက်မရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။
သို့သော်- စင်ကာပူနိုင်ငံရှိ ကျောင်းသားလူငယ်များနှင့် မြန်မာ့ဒီမိုကရေစီအရေးလိုလားသူများအနေနှင့် ဆန္ဒခံယူပွဲကော်မရှင်မှ ထုတ်ပြန်ပေးထားသော "မဲရုံမှူးလမ်းညွန်" လုပ်ထုံးလုပ်နည်းများကို ရှင်းရှင်းလင်းလင်း သိရှိနားလည်နိုင်ရန်အတွက် စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးသို့ ဗုဒ္ဓဟူးနေ့တွင် သွားရောက်မေးမြန်းကြမည်လို့လဲ သတင်းများရရှိပါတယ်။
စင်္ကာပူနိုင်ငံတွင် ရောက်ရှိနေသူစာရင်းမှာ စင်္ကာပူနိုင်ငံထုတ် The Strait Time သတင်းစာအရ လူဦးရေ တစ်သိန်းနီးပါးရှိတယ်လို့သိရပြီး၊ အဲဒီတစ်သိန်ထဲတွင်မူ အလုပ်လုပ်ကိုင်နေသူဦးရေမှာ ငါးသောင်းအထက်ရှိပြီး ကျန်ငါးသောင်းမှာမူ့ မှီခိုနေထိုင်သူမိသားစုနှင့် ကျောင်းသားကျောင်းသူများဖြစ်ကြတယ်လို့ အလုပ်သမားဝန်ကြီးဌာနနှင့် နီးစပ်သူ ကုမ္မဏီကြီးတစ်ခုမှ အလုပ်သမားရေးရာ ကိုင်တွယ်သူ အရာရှိတစ်ဦးရဲ့  အဆိုအရ သိရှိရပါတယ်။ ယခုလိုမြန်မာသံရုံးမှ အခြေခံဥပဒေမူကြမ်းစာအုပ်ကို စင်ကာပူတစ်နိုင်ငံလုံးရှိမြန်မာများ ဖတ်ရှုဖို့ရန် မူကြမ်းစာအုပ် (၈) အုပ်သာစီစဉ်ထားခြင်း အပေါ်မည်သို့မှ နားလည်ရမှန်းမသိကြောင်းနှင့် မြန်မာ့အရေးလှုတ်ရှားသူများမှာ များစွာစိတ်ပျက်မိကြောင်း ပြောကြားသံတွေကိုလဲ ကြားသိနေရပါတယ်။
စင်္ကာပူနိုင်ငံရှိ ကျောင်းသူသားကျောင်းသူ လူငယ်များနှင့် မြန်မာ့အရေးတက်ကြွလှုတ်ရှားသူများသည် လာမည့် ဧပြီလ (၂၇) ရက်နေ့ တနင်္ဂနွေနေ့ နနက် (၉) တွင် စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးကို တညီတညွတ်တည်း ကန့်ကွက်မဲများ သွားပေးကြမည်ဟုလည်း သတင်းများရရှိပါတယ်။
ဂျေမိုး ဧပြီ ၂၂
Posted by
ကိုထိုက်
at
12:47
5
comments
မြန်မာပြည်သူပြည်သား အားလုံးအတွက် မေတ္တာရပ်ခံပန်ကြားချက်
ဒါကြောင့် အခုဒီစစ်အစိုးရရဲ့ လုပ်ရပ်တွေကို မကြိုက်ဘူး ဆိုရင် အပြောသတ်သတ်မဟုတ်ပဲ စစ်အစိုးရရဲ့ နိုင်ငံတော်ဖျတ်ဆီးပုံ အခြေခံဥပဒေကြီးကို လက်တွေ့ကန့်ကွက်ဆန္ဒမဲတွေ ထည့်ကြရအောင်။
မိမိမြန်မာနိုင်ငံသားအားလုံး ရဲ့အနာဂတ်အတွက် အသိဥာဏ်တိုးပြီး လွတ်လပ်၍ တရားမျှတသော အဆင့်မှီနိုင်ငံသစ် ကို ဦးတည်ချင်တယ်ဆိုရင် အခုနအဖစစ်အစိုးရရဲ့ စစ်ကျွှန်အဓွန့်ရှည် စီမံကိန်း တနည်းအားဖြင့် နိုင်ငံတော် ဖျတ်ဆီးပုံ အခြေခံဥပဒေကြီးကို စည်းကမ်းရှိရှိ ညီညီညာညာ အားလုံးစုပေါင်းပြီး ကန့်ကွက်ဆန္ဒမဲ (X) ပေးပြီး မြန်မာပြည်သူ ပြည်သားအားလုံးရဲ့ စစ်မှန်တဲ့ စိတ်ဓါတ်နဲ့ အင်အားကို သက်သေပြကြရအောင်။
မြန်မာပြည်သူလူထုအင်အားနဲ့ နှိုင်းစာရင် မိမိတို့ပေါ်မှာ နိုင်ထက်စီးနင်းဆက်ဆံနေတဲ့ အသားထဲကလောက်ထွက်တဲ့ လူစုက မနှိုင်ယှဉ်နိုင်ပါဘူး၊ ဒါကြောင့်မို့ တရားမျှတပြီး အေးချမ်းတဲ့ နိုင်ငံသစ်ဆီ တကယ်ပဲဦးတည်ချင်ရင် ပြည်သူ့သဘောထားမပါဘဲ တဖက်သတ်ရေးဆွဲထားတဲ့ စစ်အစိုးရရဲ့ နိုင်ငံတော်ဖျတ်ဆီးပုံအခြေခံဥပဒေကြီးကို သတ္တိရှိရှိ တခဲနက် ကန့်ကွက်ဆန္ဒမဲပေးရေးဟာ မြန်မာပြည်သူပြည်သား အားလုံးရဲ့ တာဝန်ပဲဖြစ်ပါတယ်။
မြန်မာပြည်မှာ အခုရှိနေကြတဲ့ တောင်ပေါ်မြေပြန့် တိုင်းရင်းသားအားလုံးတို့ဟာ ကိုယ့်ရဲ့ မိဘ၊ မောင်နှမ၊ အသိုင်းအ၀ိုင်းရဲ့ စားဝတ်နေရေးပြသာနာကို ရှေ့တန်းတင်ဖြေရှင်းနေကြ ရတယ်ဆိုတာသိပေမယ့် ဒီတကြိမ် ဒီတခါမှာတော့ မိမိနိုင်ငံ မိမိတို့ရဲ့အနာဂတ် မျိုးဆက်သစ်များအတွက် နအဖစစ်အစိုးရရဲ့ နိုင်ငံတော်ဖျတ်ဆီးပုံ အခြေခံဥပဒေကြီးကို ကန့်ကွက်ဆန္ဒမဲများပေးရင်းဖြင့် စိတ်ရင်းမှန်ဖြင့် သက်သေပြကြရအောင်။
နိုင်ငံအစိုးရ၀န်ထမ်းများအားလုံးကလည်း ယခုလက်ရှိစစ်အစိုးရရဲ့ ဥပဒေမဲ့ အုပ်ချုပ်ရေး စနစ်ဆိုးတွေကြောင့် ဒီနေ့မှာ စံစားနေကြရပေမယ့် နောက်တနေ့မှာ ထောင်နန်းစံစားနေ ကြရတဲ့သူတွေ မိမိတို့ အသိုင်းအ၀ိုင်းမှာအများကြီးပါ။
တရားမျှတမှု့ဆိုတာ ဘယ်မှာမှ ရှာလို့မတွေ့တဲ့ မြန်မာပြည်သူပြည်သား ၀န်ထမ်းလောကမှာ နစ်မျောရင်း ကိုယ့်အလှည့် မရောက်သေးသ၍ စံစားလိုက်ဦးမယ်ဆိုတဲ့ အောက်တန်းကျတဲ့ စိတ်ဓါတ်တွေနဲ့ အထက်လူကြီးအကြိုက် ခိုင်းသမျှ ဆောင်ရွှက်နေမယ့်အစား မြန်မာပြည်ရဲ့ အနာဂတ်အရေးအတွက် စစ်အစိုးရရဲ့ ဖျတ်ဆီးပုံအဖြေခံဥပဒေကြီးကို ပြတ်ပြတ်သားသား ကန့်ကွက်ဆန္ဒမဲများပေးရင်းဖြင့် မိမိတို့ရဲ့ မြင့်မြတ်သော သဘောထားအမှန်ကို ဖော်ဆောင်ကြပါစို့။
မြန်မာပြည်အတွက် တာဝန်ထမ်းဆောင် နေသော ပြည်တွင်းပြည်ပရှိတပ်မတော်သားများ အားလုံးကလည်း မိမိတို့၏အသက်ကို ပဓာနမထားပဲ တိုင်းပြည်အတွက် စွန့်လွှတ်ရန် အသင့်ပြင်ထားလျှင် ယ္ခုနအဖစစ်အစိုးရရဲ့ နိုင်ငံတော်ဖျတ်ဆီးပုံအခြေခံဥပဒေကြီးကို သတ္တိရှိရှိ ကန့်ကွက်ဆန္ဒမဲများပေးရင်း အထက်လူကြီးခိုင်းသော တာဝန်မဟုတ်ပဲ နိုင်ငံတော်တာဝန်အဖြစ် သစ္စာရှိရှိ ထမ်းဆောင်ကြရအောင်၊ ဂုဏ်သိက္ခာရှိရှိ ပြည်သူချစ်တဲ့ တပ်မတော်သားများအဖြစ် ရပ်တည်ကြရအောင်။
ပြည်တွင်းပြည်ပရှိ ကျောင်းသူကျောင်းသားများ အားလုံးကလည်း အခုလက်ရှိစစ်အစိုးရရဲ့ အုပ်ချုပ်မှု့အောက်မှာ အညံ့ဖျင်းဆုံးဖြစ်နေတဲ့ မြန်မာပြည် ပညာရေးစနစ်ဆိုးကြီးကို တွန်းလှန်ချင်တယ်ဆိုရင် အခုစစ်အစိုးရက တဖတ်သက်ရေးဆွဲထားတဲ့ နိုင်ငံတော် ဖျက်ဆီးပုံ အခြေခံဥပဒေကြီးကို အခွင့်အရေးရှိတုန်း၊ ရတုန်း ကန့်ကွက်ဆန္ဒမဲပေးရင်းဖြင့် ကိုယ်ကျိုးအတွက် အဓိကမဟုတ်ပဲ နိုင်ငံတော်အတွက် ဒီတခါ ရှေ့တန်းတင် ဆောင်ရွှက်လိုက်ကြရအောင်။
ဂီတစာပေ အနုပညာရှင်များအားလုံးကလည်း ပြည်သူချစ်သောအနုပညာသမားများပီပီ ပြည်သူ့ဘက်မှ ရပ်တည်ပြီး စစ်ကျွှန်ဘ၀အဓွန့်ရှည်မည့် အခုအခြေခံဥပဒေကြီးကို ကန့်ကွက်မဲဆန္ဒများပေးရင်း ပြည်သူ့သဘောထားအမှန်ကို ဖော်ဆောင်ကြပါစို့။
တိုင်းဌာနအတွင်းရှိအစိုးရ၀န်ထမ်းများ၊ ၀န်ကြီးဌာနအတွင်းရှိ အစိုးရ၀န်ထမ်းများ အားလုံး တပ်မတော်အတွင်းရှိ အရာရှိနဲ့ အကြပ်စစ်သည် စစ်သားအားလုံး၊ ကြံ့ဖွံ့၊ ကြက်ခြေနီ၊ စွမ်းအားရှင်၊ မီးသတ်၊ အမျိုးသမီးစွမ်းဆောင်ရှင်၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အစအစရှိသော လူမှု့ရေးအဖွဲ့အစည်း အားလုံးသောသူတို့ မိမိတို့မိသားစု ဘ၀တစ်ခုတည်း အတွက် ဒီတခါမှာတော့ ရှေ့တန်းမတင်ပဲ ကန့်ကွက်ဆန္ဒမဲများပေးရင်းဖြင့် မိမိတို့၏ သဘောထားအမှန်များ ဖော်ထုတ်ကြပါစို့။ စစ်အစိုးရ၏ ကြိုတင်ထောက်ခံ အဓမ္မမဲ ထောက်ခံပေးရေးစနစ်တွင် နီးစပ်ရာအသိုင်းအ၀န်းနှင့် မိမိကိုယ်တိုင်မသိ၍သော် လည်းကောင်း၊ သိလျှက်မတတ်သာ၍သော်လည်းကောင်း၊ မိမိဆန္ဒသဘောထားများမပါဘဲ ထောက်ခံမဲပေးခဲ့ရ၍ မကျေနပ်ပါလျှင် မေလ (၁၀)ရက်နေ့တွင် မိမိနှင့်နီးစပ်ရာ မဲရုံများသို့ အမြန်ဆုံးသွားပြီး မိမိတို့၏ ဆန္ဒသဘောထားမပါသော ထောက်ခံမဲများအား မိမိတို့ဆန္ဒ အမှန်ဖြစ်သည့် ကန့်ကွက်ဆန္ဒမဲများဖြင့် ပြန်လည်ချေဖျတ်ပြစ်ကြပါစို့။
ဒါကြောင့်မို့ မြန်မာပြည်သူပြည်သားအားလုံးတို့ ခင်ဗျား….
ကိုယ်နဲ့မဆိုင်ပါဘူး၊ ဒါတွေမသိပါဘူး၊ နားမလည်ပါဘူး၊ စိတ်မ၀င်စားပါဘူး၊ မအားပါဘူး၊ မသွားချင်ဘူး၊ မလုပ်ချင်ဘူး ဆိုတဲ့ သေးနုတ်တဲ့ အကြောင်းပြချက်နဲ့ မိမိတို့၏ မြန်မာနိုင်ငံ၏ အနာဂတ်ကို မလဲလှယ်ကြပါနဲ့လို့ အနူးအညွတ်တောင်းပန်ရင်း ဒီတကြိမ် ဒီတခါမှာတော့ စစ်အစိုးရ၏ နိုင်ငံတော်ဖျတ်ဆီးပုံ အခြေခံဥပဒေကြီးကို ကန့်ကွက် ဆန္ဒမဲများပေးရင်း မြန်မာပြည်အရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွှက်လိုက် ကြပါစို့။
ကျေးဇူးတင်ပါသည်။
ပြည်ပရောက် မြန်မာ တစ်ဦး
Posted by
ကိုထိုက်
at
11:58
6
comments
ပြောချင်တာလေး တစ်ခု
ကျွန်တော် အားတဲ့ အချိန်တိုင်း အဆိုပါ နအဖက ထောက်ခံရမည် ဆိုသော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာကြီးကို အပြန်ပြန်၊ အလှန်လှန် ဖတ်ပါသည်။ ခံစားပါသည်။ တွေးပါသည်။
အဲဒီ အခါ ရှင်းနေသလိုနဲ့ စိတ်ထဲမှာ မရှင်းတဲ့ အချက် တစ်ခုကို တွေ့တယ်။ ဘာ အချက်လဲ ဆိုတော့ ... အခု ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုလိုက်လျှင် ဖြစ်ပေါ်လာမည့် အနာဂါတ် တိုင်းပြည်သည် စစ်အာဏာရှင် တိုင်းပြည် တစ်ခု မဟုတ်နိုင်ပါ။ စစ်ခေါင်းဆောင်ပိုင်းက သာ အာဏာ ရယူထားသော .... .....စစ်ခေါင်းဆောင် အာဏာရှင် .... တိုင်းပြည်ဖြစ်လာမှပါ။
ဒါတွေ ဘာကြောင့် ပြောနိုင်ပါသလဲ ... တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မိမိ စိတ်ကြိုက် တပ်မတော်သား ၂၅ % ကို လွှတ်တော်သို့ စေလွှတ်နိုင်ပါသည် လို့ ဆိုထားပါတယ်။ ထိုအချက်မှာ ... တပ်မတော်သားများက ရွေးကောက်တင်မြောက်သော တပ်မတော်သားကိုယ်စားလှယ်မဟုတ်ပဲ ... ကာကွယ်ရေး ဦးစီးချုပ်ကသာ စိတ်ကြိုက် ရွေးချယ်သော ကိုယ်စားလှယ်များသာ ဖြစ်နေသည်ကို သေချာ သတိထားမိမှ မြင်နိုင်ပါသည်။
ထိုအချက်ကြောင့် တပ်မတော် အတွင်း ကာကွယ်ရေး ဦးစီးချုပ်၏ သြဇာအာဏာပိုကြီးထွားလာပြီး ကာကွယ်ရေး ဦးစီးချုပ်နှင့် သူ၏မိသားစု အာဏာကိုသာ ထူထောင်နေခြင်း ဖြစ်ပါသည်။ တပ်မတော်သည် တိုင်းပြည်အတွက်မဟုတ်ဘဲ ... တပ်မတော်နှင့် တိုင်းပြည်သည် ကာကွယ်ရေး ဦးစီးချုပ် အတွက် ဖြစ်နေပါသည်။
အဆိုပါ ၂၅ % ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ စေလွှတ်မည် ဆိုသော အချက်သာ ပါဝင်ပြီး၊ အခြားသော သာမန် တပ်သားများက မည်သည့် အခွင့်အရေး၊ ရပိုင်ခွင့်များ ရနိုင်သည်ဆိုသော အချက်ကို လုံးဝ ပြဌာန်းထားခြင်း မရှိပါ။
ကျဆုံးသွားသော တပ်မတော်သား မိသားစုများကို ကူညီမည်၊ မသန်မစွမ်းသော တပ်မတော်သားများကို ကူညီမည်ဟု ရေးထားသော်လည်း ယခု လက်ရှိအချိန်တွင် အဆိုပါ ကျဆုံးသွားသော တပ်မတော်သား မိသားစုများ၏ ဒုက္ခများ၊ မသန် မစွမ်းသော တပ်မတော်သားများ လမ်းမတွင် တောင်းစားနေရမှုများကို ကိုယ်တွေ့ မြင်နေရပါသည်။
အခြေခံဥပေဒေ အတည်ဖြစ်သွားပြီးလျှင်လည်း လက်ရှိ ကာကွယ်ရေး ဦးစီးချုပ်နှင့် စီနီယာ တပ်မှူးများကသာ နေရာတွေယူ၊ အခွင့်အရေးတွေ ရယူမည်သာ ဖြစ်သဖြင့် သာမန် တပ်မတော်သားများ၏ ဘဝတွေ ထူးခြားလာနိုင်မည် မဟုတ်ပါ။
လက်တွေ့ မိုးထဲ၊ ရေထဲ၊ နေပူထဲတွင် တာဝန်ထမ်းဆောင်နေသော မြန်မာ့ တပ်မတော်သားများ အနေဖြင့် မိမိတို့၏ အခွင့်အရေး အပါအဝင် နိုင်ငံတော်နှင့် တိုင်းသူပြည်သားများအတွက် ... တပ်မတော်သည် တိုင်းပြည်အတွက် ... ဟု မှတ်တမ်းတင်မည်လော၊ .... တပ်မတော်နှင့် တိုင်းပြည်သည် ကာကွယ်ရေး ဦးစီးချုပ် အတွက် .... ဟု မှတ်တမ်း တင်မည်လော ဆိုတာ .... လာမည့် ဆန္ဒခံယူပွဲတွင် တပ်မတော်သားများ ပေးမည့် မဲ များမှ အဆုံး အဖြတ်ပေးသွားမည် ဖြစ်ပါသည်။
လေးစားစွာဖြင့်
ကိုထိုက်
Posted by
ကိုထိုက်
at
00:20
5
comments
“သင်” မြန်မာ နိုင်ငံသား ဟုတ်ပါသလား။ ဒါဆို “သင်” ဘာလုပ်မှာပါလဲ။
Posted by
ကိုထိုက်
at
00:07
5
comments
Tuesday, 22 April 2008
ဖိနှိပ်မှုများအား ဆန့်ကျင်ပြီး လွတ်လပ်စွာ ထုတ်ဖေါ် ပြောဆိုသူ ဆု အား ဆရာတော် ဦးဂမ္ဘီရ ရရှိ
Venerable Monk U Uttaha has received "Bindman’s Law and Campaigning Award" for the behalf of U Gambira and Monks of Burma.

Bindman’s Law and Campaigning AwardThis award is given to lawyers or campaigners who have fought repression, or have struggled to change political climates and perceptions. Special attention is given to people using or establishing legal precedents to fight injustice.
About U Gambira
(from www.burmadigest.info)
U Gambira, the 29-year old leader of the All-Burma Monks’
U Gambira led the life of a monk until summer 2007, dedicating his life to religious study and working compassionately for the benefit of all people. Following the SPDC/USDA/SAS attacks on monks in Pakkoku, U Gambira became involved with what we now call the ‘Saffron Revolution’. His actions and those of his fellow monks brought the world’s attention to the protests in
U Gambira now languishes in a grim prison cell, and like other protesters beaten and tortured by sadistic SPDC minions. He is reported to be incarcerated at Insein prison and it seems likely that he will be charged with treason and given what amounts to a life sentence behind bars. It was these risks that U Gambira took on himself just a few months ago; he knew the risk, but acted on his conscience and his belief – a belief that non-violent protest and the power of prayer against guns and tanks will eventually win the freedom that the people of
U Gambira acted not for personal gain, or to better himself, or out of any wish for political power; he acted out of compassion and humility and a great love for his fellow man, in a manner true to the fundamental calling of the Sangha. He very deservedly receives our nomination as ‘Person of the Year 2007 in
The
Describing themselves as The Alliance of All Burmese Buddhist Monks, the author of a widely distributed leaflet gave the military government until September 17 to issue an apology for its brutal suppression of demonstrating monks in Pakkoku by police, soldiers and pro-government paramilitary thugs. When the junta failed to apologize, the alliance urged all Buddhist monks in the country to hold a “patam nikkujjana kamma”—a boycott of alms from members of the military regime and its supporters. The call prompted tens of thousands of monks and civilians around
When the protests began, no one knew the identity of the leaders of the monks’ alliance. However, the Burmese people heard from some of the leaders of the underground network when they gave telephone interviews to overseas radio stations. U Gambira, U Obhasa, U Khemeinda and U Zakada are now household names. All went into hiding when the crackdown began.
Unfortunately, in early November U Gambira was arrested at his hiding place in Kyaukse in central
Posted by
ကိုထိုက်
at
13:11
18
comments
အောက်အသင်းကတော့ No ပါ။
ကျုပ်တို့ကတော့ အောက်အသင်းပါ။
အောက်အသင်းဆိုမှတော့…
အပေါ်သင်းကိုယှဉ်စရာ…
ပရိတ်သတ်အင်အားကလွဲလို့….
ဘာဆိုဘာမှ မရှိပါဘူး။
အောက်အသင်းမို့…. ကျုပ်တို့အသင်းမှာ
ကမ္ဘာကျော်လည်း မပါပါဘူး။
ကျော်ကြားတဲ့နည်းပြလည်း မရှိပါဘူး။
အောက်အသင်းမို့ ဒိုင်ကလည်း မျက်နှာသာမပေးပါဘူး။
အပေါ်အသင်းကိုနိုင်စရာ အခွင့်အလမ်းလည်းမရှိသလောက်ပါပဲ။
အပေါ်အသင်းကြီးနဲ့ သူနိုင်ကိုယ်နိုင် အပြိုင်အနိုင်နွှဲရတဲ့ပွဲမှာ
ကံကောင်းခဲ့တယ်ပဲပြောပြော….
လူညီခဲ့လို့ပဲဆိုဆို…..
ပုံပြင်လို့ပဲ ထားထား…..
၁၉၉၀ ခုနှစ်မှာ တစ်ခါနိုင်ခဲ့ဖူးပါပြီ။
ဒီရလဒ်ဟာ ကျုပ်တို့အောက်အသင်းအတွက်တော့
ဘာနဲ့မှမလဲနိုင်တဲ့ရလဒ်ပါ။
ဒီရလဒ်ကို အသိအမှတ်မပြုပါပဲ….
ဒိုင်အာဏာအကုန်သုံးလို့
နောက်တစ်ခါပြန်ကန်အုံးဆိုလို့ကတော့
Sorry ပဲမောင်….
ကျုပ်တို့အောက်အသင်းကတော့ No. ပါပဲ။
မေမင်းဆက်။
Posted by
ကိုထိုက်
at
13:08
5
comments
စင်္ကာပူ နိုင်ငံရှိ မြန်မာ သံရုံးမှ သံဝန်ထမ်းများ၏ ဆန္ဒခံယူပွဲဆိုင်ရာ ဥပဒေများကို ချိုးဖောက်မူ
ဆန္ဒခံယူပွဲ ဆိုင်ရာ ဥပဒေတွင် မြန်မာနိုင်ငံသား ဖြစ်သော နိုင်ငံခြားတွင် တရားဝင် နေထိုင်သော မည်သူမဆို မဲပေးပိုင်ခွင့်ရှိသည် .. ဟု အဓိပ္ပါယ်ရ၏။
ထိုကြောင့် မြန်မာနိုင်ငံသား ဖြစ်ရန် သက်တမ်းရှိသော မြန်မာ passport သာလိုပါသည်။ အခြား ထောက်ခံစာများ ပြမှ မဲပေးခွင့် ရှိမည်ဟု ပြောဆိုခြင်းသည် ဥပဒေကို သိလျှက်နှင် ပေါ်တင် ချိုးဖောက်ခြင်းသာဖြစ်သည်။
ယခုကဲ့ သို့ မစ ခင်ကတည်းက ဥပဒေကို ချိုးဖောက် နေသော နအဖ ဝန်ထမ်းများ လက်ထဲတွင် စစ်မှန်သော အခြေခံဥပဒေ ဆန္ဒခံယူပွဲ ဖြစ်ပြီး အများဆန္ဒနှင့် အညီ တရားဝင် အခြေခံ ဥပဒေ တစ်ရပ် ပေါ်ပေါက် လာနိုင်ရန်မှာ သံသယ ဖြစ်စရာ အထောက် အထားများ ဖြစ်နေကြောင်း တင်ပြလိုက်ပါသည်။
အသေးစိပ် ပို၍ နားလည်နိုင်ရန် အောက်တွင် ကိုဂျေမိုး ရေးထားသည်ကို ဖတ်ကြည့်ပါ ခင်ဗျာ။
လေးစားစွာဖြင့်
ကိုထိုက်

စင်္ကာပူနိုင်ငံမြန်မာသံရုံးမှာကပ်ထားတဲ့ "စာ" ပြီးတော့မှ သံအမတ်ကြီး(ကိုယ်စား) (ကျော်ဆွေတင့်၊ သံမှူး) ပေးစာနှင့် ဒုတိယအတွင်းဝန်ဦးမြင့်ထွန်းတို့ ပြောသော စကားများ
စင်္ကာပူနိုင်ငံမြန်မာသံရုံးမှ စင်္ကာပူနိုင်ငံရှိမြန်မာများထံသို့ "ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း" ဆန္ဒမဲပေးရန်အတွက် အကြောင်းကြားစာများကို စာတိုက်မှတဆင့် အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်လျှက်ရှိပါတယ်။
စင်္ကာပူနိုင်ငံရှိကျောင်းသားလူငယ်များနှင့် မြန်မာ့အရေးလှုပ်ရှားသူများသည် စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ပေးပို့လိုက်သောစာများနှင့် စပ်လျဉ်း၍ အသေးစိတ်သိရှိနိုင်ရန် စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးသို့ ယနေ့ ၂၁ ရက် တနင်္လာနေ့နံနက်ပိုင်းတွင် သွားရောက်စုံစမ်းခြင်းနှင့် ဆက်သွယ်မေးမြန်းခြင်းများကို ပြုလုပ်ခဲ့ပါတယ်။
ထိုသို့မေးမြန်းခဲ့ရာတွင် လာမည့် ၂၅ရက် သောကြာနေ့တွင် စတင်ပြုလုပ်မည့် ဆန္ဒခံယူပွဲ အကြိုမဲပေးပွဲ မစတင်ခင် မဲဆန္ဒရှင်များ သိသင့်သိထိုက်သော ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းနှင့် စပ်ဆိုင်သော အကြောင်းအရာများ၊ ဆန္ဒခံယူပွဲကော်မရှင်မှ ထုတ်ပြန်ပေးထားသော "မဲရုံမှူးလမ်းညွန်" စသည့် ပြည်ပရောက် မဲဆန္ဒရှင်များ မရှင်းလင်းသေးသော အချက်အလက်များကို မြန်မာသံရုံးမှ ဦးဆောင်ရှင်းလင်းပြောကြားပေးပါရန် တောင်းဆိုခဲ့ပါတယ်။ ကျောင်းသားလူငယ်များနှင့် မြန်မာ့ဒီမိုကရေစီအရေးလိုလားသူများမှ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ဆန္ဒမဲပေးရေးနှင့် စပ်ဆိုင်သော အကြောင်းအရာ အချက်အလက်များကို သံအမတ်ကြီးအား လေးစားစွာဖြင့် တွေ့ဆုံမေးမြန်းလိုကြောင်း တောင်းဆိုခဲ့ပါတယ်။
၎င်းအပြင် ကျောင်းသားလူငယ်များနှင့် မြန်မာ့အရေးတက်ကြွသူများမှ ဆန္ဒမဲပေးပွဲကို တရားဥပဒေ ဘောင်အတွင်းမှ မဲများမှန်မှန်ကန်ကန် ရှင်ရှင်းလင်းလင်း ရေတွက်စစ်ဆေးနိုင်စေရန်အလို့်ငှာ စင်္ကာပူနိုင်ငံ မြန်မာသံရုံးမှလက်ခံမည်ဆိုပါလျှင် လိုအပ်သောအကူအညီများကို စင်္ကာပူနိုင်ငံရှိ ကျောင်းသားလူငယ်များနှင့် မြန်မာ့အရေးတက်ကြွသူများမှ အကူအညီပေးလိုကြောင်း အပြုသဘောဆောင်တဲ့ ကမ်းလှမ်းချက်များကို သံမှူး ဦးကျော်ဆွေတင့်မှတဆင့် မြန်မာသံအမတ်ကြီးအား လေးစားစွာဖြင့် ကမ်းလှမ်းခြင်းများပြုလုပ်ခဲ့ပါတယ်။
၎င်းကိစ္စနဲ့ပတ်သက်ပြီး သံမှူး ဦးကျော်ဆွေတင့်မှ သံအမတ်ကြီးအား အမြန်ဆုံးတင်ပြပြီး အမြန်ဆုံးအကြောင်းပြန်မယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။ နေ့လည်ပိုင်း ၁ နာရီ မိနစ် ၄၀ ခန့်မှာ သံအမတ်ကြီးကိုယ်စား သံမှူး ဦးကျော်ဆွေတင့်မှ အကြောင်းပြန်ကြားရာမှာ ကျောင်းသားလူငယ်များ၏ ယခုကဲ့သို့ အမျိုးသားရေးစိတ်ဓါတ်အပြည့်ဖြင့် ၀ိုင်းဝန်းကူညီချင်စိတ်ရှိတဲ့အတွက် များစွာဂုဏ်ယူ ၀မ်းမြောက်မိပါကြောင်းနှင့် စင်္ကာပူနိုင်ငံ မြန်မာသံအမတ်ကြီးမှာမူ မအားလပ်ပါသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ဆန္ဒမဲပေးရေး ကိစ္စနှင့်စပ်လျဉ်းပြီး တွေ့ဆုံဖို့ရာ မဖြစ်နိုင်ကြောင်း စင်္ကာပူနိုင်ငံရှိကျောင်းသားလူငယ်များနှင့် မြန်မာ့အရေးလိုလားသူများကို သံအမတ်ကြီးကိုယ်စား သံမှူးဦးကျော်ဆွေတင့်ကိုယ်တိုင် အကြောင်းပြန်ကြားခဲ့ပါတယ်။
"ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း" ဆန္ဒခံယူပွဲကျင်းပရေးနဲ့ပတ်သက်ပြီး စင်္ကာပူနိုင်ငံရှိမြန်မာများ သိရှိနားလည်စေရန်အတွက် ရှင်းလင်းပြောကြားပေးရန် စင်္ကာပူနိုင်ငံသံရုံးရှိ ဒုတိယအတွင်းဝန် ဦးမြင့်ထွန်း အား တာဝန်ပေးအပ်ထားကြောင်း ပြောကြားခဲ့ပါတယ်။
ယနေ့စင်္ကာပူနိုင်ငံ မြန်မာနိုင်ငံသံရုံးသို့ရောက်ရှိခဲ့ကြသော့ မြန်မာများကလည်း ဒုတိယအတွင်းဝန် ဦးမြင့်ထွန်းအား ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ဆန္ဒမဲပေးရေးနဲ့ကိစ္စနှင့် စပ်လျဉ်းပြီး သိရှိလိုသည်များကို လွတ်လပ်ပွင့်လင်းစွာဖြင့် မေးမြန်းခွင့်ရခဲ့ပါတယ်။
ထိုသို့မေးမြန်းခဲ့ရာမှာ စင်ကာပူနိုင်ငံသံရုံးမှနေ၍ စင်ကာပူစာတိုက်မှတဆင့် ဆန္ဒမဲများလာရောက်ပေးကြရန် ဖိတ်စာများပေးပို့နေကြောင်းကို အတည်ပြုပြောကြားခဲ့ပါတယ်။ ထိုကဲ့သို့အတည်ပြုပြောကြားရာတွင် သံရုံးမှ ပေးပို့ခဲ့သော စာများကို လက်ခံရရှိသူများဆိုသည်မှာ ယခင်က ရုံးနှင့်ဆက်သွယ်ခဲ့ဖူးသော သူများသာဖြစ်ကြောင်း ယခုစာများလက်ခံရရှိထားသူများဟာ (ယခင်အခွန်ပေးဆောင်ထားဖူးသူများ၊ သံရုံးထောက်ခံစာရယူထားဖူးသူများနှင့် သံရုံးသို့ တစ်နည်းမဟုတ်တစ်နည်းနည်းဖြင့် ဆက်သွယ်ခဲ့ဖူးသူများ) စာရင်းဇယားအရလို့ ဆိုပါတယ်။ ၄င်းစာရင်းများကိုအခြေခံပြီး သံရုံးမှ စာများပို့ပေးခြင်းဖြစ်ပါတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
ဦးမြင့်ထွန်းမှနေ၍ မဲပေးပိုင်ခွင့်ရှိသူများ စာရင်းသံရုံးတွင် စီစဉ်ထားကြောင်းနှင့် ဆန္ဒမဲပေးရန် လာရောက်သူများကို သံရုံးမှ ပြင်ဆင်ထားသော ၄င်းစာရင်းနှင့် တိုက်ပြီး မဲပေးခွင့်ပြုမယ်လို့သိရပါတယ်။ ရေးအကြီးဆုံးအချက်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း မဲဆန္ဒပေးလိုသူများအနေနှင့် မြန်မာနိုင်ငံကူးလက်မှတ်မူရင်း(သို့မဟုတ်) နိုင်ငံကူးလက်မှတ်မိတ္တူ ကို သံရုံးသို့ ပြသနိုင်လျှင်ပင် မဲပေးနိုင်ကြောင်းကို ရှင်းလင်းပြောကြားသွားပါတယ်။ ဒါကတော့ ဦးမြင့်ထွန်းရဲ့ အာဘော်ပါ။
ဒါပေမယ့်လည်း ယနေ့သံရုံးတွင် ကပ်ထားသေားစာအရ-
-အခွန်ပြေစာများ၊
-ကျောင်းသားဖြစ်ပါက ကျောင်းသားဖြစ်ကြောင်းသံရုံးမှ ထုတ်ပေးထားသော ထောက်ခံချက်၊
-မှီခိုဖြစ်ကြောင်းသံရုံးမှ ထုတ်ပေးထားသည့်ထောက်ခံချက်၊
-နိုင်ငံကူးလက်မှတ် မိတ္တူနှင့် အလုပ်သက်သေခံလက်မှတ်) တစ်ပါတည်းယူဆောင်လာလျှက် မဲပေးကြရန် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
လို့ သံရုံး နံရံပေါ်မှာ တစ်မျိုးဆိုလိုပြန်ပါတယ်။ ဓါတ်ပုံမှာ အသေးစိတ်ဖတ်ကြည့်နိုင်ပါတယ်။
အငြင်းပွားစရာကိစ္စ (၂) ခုရှိနေပါတယ်။
၁။ မြန်မာနိုင်ငံကူးလက်မှတ်⁄ မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားများ ကိုင်ဆောင်၍
၂။ မဲပေးပိုင်ခွင့်ရှိသူ
သံရုံး နံရံပေါ်မှာ ကပ်ထားတဲ့စာ၊ ဒုတိယအတွင်းဝန်ဦးမြင့်ထွန်းပြောကြားခဲ့သော စကားများတို့အပြင် မြန်မာနိုင်ငံသံရုံးမှ သံအမတ်ကြီး(ကိုယ်စား) (ကျော်ဆွေတင့်၊ သံမှူး) လက်မှတ်ရေးထိုး ထုတ်ပြန်ကာ စာတိုက်မှတဆင့် ဖိတ်ကြားခဲ့သော "အခြေခံဥပဒေမူကြမ်းအတည်ပြုရေးအတွက် ဆန္ဒမဲပေးရန် ဖိတ်ကြားခြင်း" စာပါအရ ကလည်း ယခုလိုဆိုပြန်ပါသေးတယ်။
၁။ ၂၀၀၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို စင်ကာပူမြို့။ မြန်မာသံရုံးတွင် ၂၀၀၈ ခုနှစ် ဧပြီလ (၂၅⁄၂၆⁄၂၇⁄၂၈⁄၂၉) ရက်နေ့များတွင် ကျင်းပသွားမည်ဖြစ်ပါသည်။
၂။ သို့ ဖြစ်ပါ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနေနှင့် အဆိုပါရက်များတွင် နံနက်(၉)နာရီမှ ညနေ(၅)နာရီအတွင်း မြန်မာနိုင်ငံကူးလက်မှတ်⁄ မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားများ ကိုင်ဆောင်၍ မြန်မာသံရုံးသို့ လာရောက်ဆန္ဒမဲပေးကြပါရန် အကြောင်းကြားအပ်ပါသည်။
လို့ဆိုထားပါတယ်။
အထက်ပါစာအပိုဒ်(၂)အရ သံအမတ်ကြီး(ကိုယ်စား) (ကျော်ဆွေတင့်၊ သံမှူး) ဟု လက်မှတ်ရေးထိုးထားသော ဖိတ်ကြားစာမှ အဓိပ္ပာယ်နှင့် ယနေ့ သံရုံးမှ ဒုတိယအတွင်းဝန်ဦးမြင့်ထွန်း ပြောကြားခဲ့သောစကားများနှင့် သံရုံးနံရံမှာ ကပ်ထားသေား စာများ အားလုံးရဲ့  အဓိပ္ပာယ်တို့မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ မှ ပြဌာန်းလိုက်သော "ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းအတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေ အမှတ် (၁/၂၀၀၈)" တို့နှင့် လုံးဝအဓိပ္ပာယ်များ ရောထွေးနေပြီး ဆန့်ကျင်ဘက်ဖြစ်ပါသောကြောင့် မဲဆန္ဒပေးလိုသူအများစုကိုေ၀၀ါးစေပါတယ် ထို့ကြောင့်မြန်မာသံရုံးမှ လာမည့် (၂၅)ရက် သောကြာနေ့မတိုင်ခင် အချိန်မှီ ရှင်းလင်းပေးဖို့ လိုအပ်ပါတယ်ဆိုတာကို လေးစားစွာဖြင့် တင်ပြအပ်ပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ မှ ပြဌာန်းလိုက်သော ဆန္ဒခံယူပွဲဥပဒေ အမှတ် (၁/၂၀၀၈) အခန်း(၅) မဲစာရင်းများပြုစုခြင်းခေါင်းစဉ်အောက်မှ အပိုဒ် ၁၁။ အပိုဒ်ငယ် (က) တွင် ဖေါ်ပြထားတာကတော့-
(က) ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည်ပြီး ဖြစ်သည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူတိုင်းသည် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသည်။ ယင်းဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲစာရင်း တင်သွင်းရမည်။
လို့ဖေါ်ပြထားပါတယ်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းအတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေ အမှတ် (၁/၂၀၀၈) အခန်း(၄) အပိုဒ် ၆၊ အပိုဒ်ငယ် (ဇ) နိုင်ငံခြားရှိ ဆန္ဒမဲပေးခွင့်ရှိသူများနှင့် စပ်လျဉ်း၍ ဖေါ်ပြထားတာကတော့-
(ဇ) နိုင်ငံခြားရှိ ဆန္ဒမဲပေးခွင့်ရှိသူများ ဆန္ဒမဲပေးနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲ လက်မှတ်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် သက်ဆိုင်ရာသံရုံးအကြီးအမှူး သို့မဟုတ် ကောင်စစ်ဝန်ရုံး အကြီးအမှူးထံသို့ ပေးပို့ခြင်း။
လို့ဖေါ်ပြထားပါတယ်။
အခြေခံအားဖြင့် မြန်မာနိုင်ငံသားများသည် မွေးရာပါအခွင့်အရေးအရ အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံး ဆန္ဒမဲပေးခွင့်ရရှိနိုင်ရပါမည်။ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း" ဆန္ဒမဲပေးရေးအတွက် သံမှူး ဦးကျော်ဆွေတင့်စာပါ စာပိုဒ်(၂)အရ "မြန်မာနိုင်ငံကူးလက်မှတ် ⁄ မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားများ ကိုင်ဆောင်၍" လို့ဆိုထားပါတယ်။ မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားဆိုရာမှာ "မြန်မာနိုင်ငံမှ နိုင်ငံသားမှတ်ပုံတင်ကဒ်၊ မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပေးထားသော ကဒ်ပြား၊ စင်္ကာပူနိုင်ငံမှ တရားဝင်ထုတ်ပေးထားသော PR ကဒ်ပြား၊ EP ကဒ်ပြား S Pass ကဒ်ပြား၊ Work-Permit ကဒ်ပြားများ၊ Student pass၊ ယာဉ်မောင်းလိုင်စင်ကဒ်" အားလုံးဟာ မြန်မာနိုင်ငံသားဖြစ်ကြောင်း အခိုင်အလုံ သက်သေဖြစ်သောကြောင့် အားလုံး အကျုံးဝင်ပါတယ်။
စင်ကာပူရှိ မြန်မာ့အရေးလိုလားသူများမှ မြန်မာအများစု ဆန္ဒမဲပေးနိုင်ရေးအတွက် စင်္ကာပူနိုင်ငံသံရုံးသို့ (65) 6735 0209 / (65) 6735 1672 စသည့်ဖုန်းနံပါတ်များသို့ ကြိုးစားဆက်သွယ်မေးမြန်းခဲ့ရာတွင် မြန်မာလိုဖြေကြားပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း တယ်လီဖုန်းပြေကြားပေးခဲ့သော Admin စင်္ကာပူနိုင်ငံသူ အမျိုးသမီး Ms. Anna မှသာ ဖြန်လည်ဖြေကြားပေးခဲ့ပါတယ်။ Ms. Anna မှ မဲပေးရမည့် ပုံစံများကို သူမနားလည်ထားသလိုနှင့် သူမအား မြန်မာသံရုံးအထက်အရာရှိများမှာ ပြောပြထားသော အချက်အလက်များအရ အောက်ပါအတိုင်းပြောကြားသွားပါတယ်။
၁) ဆန္ဒမဲပေးသူများအနေနှင့် သံရုံးမှပေးသော စာရွက်တွင် အရင် ဖြည့်စွက်ရပါမည်။
၂) မဲဆန္ဒပေးရမည့် ဆန္ဒမဲကိုယူပြီး လျှို့ ဝှက် မဲပေးရပါမည်။
၃) မိမိရေးခြစ်ပြီးသော ဆန္ဒမဲကို အတူပါလာသော စာအိပ်ထဲထည့်၍ မဲပုံးရှိရာတွင် ထည့်ရပါမည်။ စသည်တို့ဖြစ်ကြပါတယ်။
မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများကိုယ်စား ဖွင့်လှစ်ထားသော မြန်မာသံရုံးမှ မိမိတိုင်းပြည်အတွက် အသက်လောက်အရေးကြီးတဲ့ "အခြေခံဥပဒေမူကြမ်းအတည်ပြုရေးအတွက် ဆန္ဒမဲပေးရန်" ကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံခြားသူ စင်ကာပူသူ တရုတ်လူမျိုး အမျိုးသမီးမှ မဲဘယ်လို ဘယ်ပုံ ထည့်ရမည် ဆိုတဲ့ မဲရုံလမ်းညွန်ကို မြန်မာနိုင်ငံသားများအား အင်္ဂလိပ်စကားနှင့်ရှင်းလင်း နေခြင်းကို သံအမတ်ကြီး အနေနှင့် မသင့်တော်ပါကြောင်းကို အလျဉ်းသင့်တုန်း လေးစားစွာဖြင့် ဖေါ်ပြပေးလိုက်ပါတယ်။
အဓိကကွာခြားချက်ဖြစ်တဲ့ -(၁) မြန်မာနိုင်ငံသားဖြစ်ကြောင်းအထောက်အထားများ ဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်
(၂) မဲပေးခွင့်ရှိသူများအဖြစ်သတ်မှတ်ခြင်းဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို
စင်္ကာပူနိုင်ငံ မြန်မာနိုင်ငံသံရုံးမှ သောကြာနေ့မတိုင်ခင် စင်္ကာပူရောက်မြန်မာအများစု သိရှိနိုင်ရန် အမြန်ဆုံးပြန်ကြားပေးစေလိုကြောင်း လေးစားစွာဖြင့် ဖေါ်ပြပေးလိုက်ပါတယ်။
ဂျေမိုး
Posted by
ကိုထိုက်
at
00:50
5
comments
Monday, 21 April 2008
နှိုးဆော်ချက် (နိုင်ငံခြားရောက် မဲ ပေးမည့် သူများ မဲ မပေးခင် အရင် လုပ်ဆောင် သင့်သည်များ)
မဲ သွား မပေးခင် ...... ညီ၊ အစ်ကို တို့ ပင်ပင်ပန်းပန်းရှာထားသော အခွန်များကို စား၍ လစာ ယူနေကြသော သံရုံး ဝန်ထမ်းများကို အောက်ပါ မေးခွန်းများ အရင် (အချိန် သီးသန့် တရက် ယူ၍ သွားရောက်ကာ) မေးစေလိုပါသည်။
၁။ အခြေခံဥပဒေ မူကြမ်း စာအုပ်သံရုံးမှာ ရနိုင် ပါသလား။ ကျွန်တော်/ကျွန်မတို့ ဖတ်ရှုလိုပါသည်/ ဝယ်ယူလိုပါသည်။
(၁.က) မရှိဘူး ဆိုလျှင် ... မှာလို့ ရနိုင်မည်လား၊ မဲ မပေးခင် အချိန်မီ ရနိုင်မည်လား၊ အဆိုပါ မဲ ရယူမည့် စာအုပ်မရှိပဲ မည်သည့် အရာကို မဲပေးရမည်နည်း။ အခြေခံဥပဒေ မူကြမ်းဆိုတာ ဘာမှန်း မသိဘဲနှင့် မည်သို့ မဲ ပေးကြရမည်နည်း။
(၁.ခ) စာအုပ် မရှိလျှင်၊ မှာ၍ မရလျှင် ..... အစိုးရ ဝန်ထမ်း တာဝန်ရှိ ပုဂ္ဂိုလ်များ အနေဖြင့် ဤ အခြေခံ ဥပဒေပါ အဓိက အချက်များကို ရှင်းလင်း ပြပေးပါ။ (သူတို့ ရှင်းပြခဲ့သော် ...... ရှင်းပြသည့် အချက်များတွင် မေးချင်သော၊ မရှင်းသော၊ တရားနည်းလမ်း မကျသော အကြောင်းများ ပါလျှင် ထောက်ပြ မေးမြန်းကြပါ။)
၂။ မဲ ကို မည်သည့် စနစ်/ပုံစံဖြင့် ကောက်ယူပါသနည်း။ မဲ ခိုးမူ၊ လိမ်မူများ မဖြစ်အောင် မည်သို့ ကာကွယ်ထားသနည်း။
၃။မဲ ကို မည်သည့် ယုံကြည်ရသော ပုဂ္ဂိုလ်များက မည်သည့် စနစ် ပုံစံဖြင့် ရေတွက်မည်နည်း။ (အဆိုပါ အစိုးရ ဝန်ထမ်းဆိုသော ပုဂ္ဂိုလ်များကို လုံးဝ မယုံရသောကြောင့် ဖြစ်ပါသည်။)
၎။ မဲ စာရင်းကို သက်ဆိုင်ရာ နိုင်ငံအလိုက် မည်သည့် အချိန်တွင် ကြေငြာမည်နည်း။
မဲ ကောက်ယူသော အစိုးရဝန်ထမ်းများသည်ပင် အခြေခံ ဥပဒေကို မသိ၊ ........ မည်သို့ မည်ပုံ မဲရေတွက် ကောက်ယူမည်ကို မသိ၊ ...... မဲ စာရင်း လိမ်လည်မူများ ရှိနိုင်၊ မရှိ နိုင်ဆိုတာကို မသိလျှင်၊ ....... အဆိုပါ ဆန္ဒ ခံယူပွဲသည် မည်သို့မှ တရားမျှတမူ မရှိနိုင်ပါ။
ထို တရား မျှတမူ မရှိသော ဆန္ဒခံယူပွဲမှ ထွက်လာသော အခြေခံ ဥပဒေသည်လည်း တရား မဝင်နိုင်ကြောင်းကို .... ဤ မေးခွန်းများကို မေး၍ အထောက် အထား ရယူထားနိုင်ရမည် ဖြစ်သည်။ (သွားရောက် မေးမြန်းသော အခါ သက်သေအဖြစ် မိမိတို့ ဖုန်းများဖြင့် အသံများ သွင်းယူထားစေလိုပါသည်။)
တရားမျှတသော အခြေခံ ဥပဒေ ပေါ်ပေါက်ရေးသည် မြန်မာနိုင်ငံသား အားလုံး၏ တာဝန်ဖြစ်သည် .. ဟု သတင်းစာများတွင် နေ့စဉ် ကြေငြာနေသည်ကို လက်တွေ့ အကောင်အထည် ဖေါ်ခြင်းသာ ဖြစ်သည်။
ဤမေးခွန်းများကို မေးမြန်းခြင်းသည် ဒီမိုကရေစီ ပုံစံကျင့်သုံးခြင်းသာ ဖြစ်ပြီး မိမိတို့၏ အခြေခံ လူ့အခွင့်အရေးများကို လေ့ကျင့်ခြင်းသာ ဖြစ်သည်။ ကိုယ်ပိုင် အခြေခံ လူ့ အခွင့်အရေးကို မသုံးနိုင်လျှင် တနိုင်ငံလုံး လွတ်မြောက်ရန် လမ်းစ မမြင်နိုင်ပါ။ ထိုကြောင့် မေးကို မေးရမည့် မေးခွန်းများ ဖြစ်ပါသည်။
ထောက်ခံရန် (သို့) ကန့်ကွက်ရန် တိုက်တွန်းခြင်း မဟုတ်ပဲ၊ ထောက်ခံမည်သူ၊ ကန့်ကွက်မည့်သူများ အားလုံး လုပ်သင့် လုပ်ထိုက်သော ကိစ္စ တစ်ခု ဖြစ်သောကြောင့် တင်ပြခြင်းဖြစ်ပါသည်။
လေးစားစွာဖြင့်
ကိုထိုက်
P.S ကျွန်တော်ကိုယ်တိုင်လည်း ယခု စာရေးပြီးသည်နှင့် လန်ဒန်ရှိ မြန်မာသံရုံးတွင် သွားမေးမည် ဖြစ်ပါသည်။
Posted by
ကိုထိုက်
at
11:03
6
comments
Sunday, 20 April 2008
A bomb is exploded in YGN
Posted by
ကိုထိုက်
at
16:34
5
comments
Saturday, 19 April 2008
Friday, 18 April 2008
Press Release of AAPPB
Press Release
Subject: Min Ko Naing - Leading Burmese Democracy activist may face blindness
Min Ko Naing, a well known 88’ generation student leader and Burmese political prisoners who was imprisoned for more than 17 years for his democratic believes has been suffering from a serious eye infections for the past 3 weeks. Min Ko Naing requested a consultation with an eye specialist but the prison authority refused this request claiming that an eye doctor would not be available before May 2008.
Inside prison sources say that his eye condition is seriously deteriorating to the point that he is unable to sleep or eat because of the pain this infection has caused.
Min Ko Naing has been one of the most prominent and outspoken opponents of the Burmese Military regime. It is very clear that the military regime and prison authorities intentionally refused to provide necessary treatment in order to destroy Min Ko Naing's eye sight. The prison authorities have a long history of using the refusal of medical treatment to political prisoners as a tool for physical and psychological submission.
AAPP really concern that Min Ko Naing may loose his eye sight if he does not receive immediate treatment as our political prisoner case files from March 2008 show a similar behavior by the military regime for U Than Lwin, 70, who is in Mandalay prison lost one of his eye sight because he didn't receive in time treatment. When he was sent to eye specialist, the doctors said it was already about two months late to treat his eye and there was nothing they could do to help him.
AAPP urgently appeals to the Human Rights Council to discuss with the Burmese Than Shwe's regime the present situation of Min Ko Naing's case.
Assistance Association for Political Prisoners (
For more information:
Contact to: Ko Tate Naing at (66) 81-2878751
: Ko Bo Kyi at (66) 81- 3248935
# # #
About AAPP:
Whereas the Assistance Association for Political Prisoners - AAPP is dedicated to aid former Burmese political prisoners and their families in their struggle for survival and to record the present situation of all political prisoners; to collect evidence and names of the individuals who have committed human rights violations and crimes against humanity during the years of the dictatorship. For further information about human right violations in
Posted by
ကိုထိုက်
at
16:40
5
comments
မြန်မာနိုင်ငံသားတစ်ဦးမှ မေတ္တာရပ်ခံချက်
စင်ကာပူနိုင်ငံရှိ မြန်မာများခင်ဗျာ
အနာဂါတ် မြန်မာနိုင်ငံသားများအတွက် အရေးပါသော အခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲကို မေလ (၁၀)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း တပ်မတော်အစိုးရ ကြေငြာခဲ့သည်ကို စင်ကာပူရောက် မြန်မာများသိရှိပြီးဖြစ်ပါသည်။ ဒါပေမယ့် မြန်မာနိုင်ငံအတွင်းရှိ ၅၀%ကျော်သော ပြည်သူလူထုက အခုထိမသိရှိသေးပါဘူး။ မြန်မာနိုင်ငံအခြေအနေဟာ ဒီလိုအခြေအနေမျိုး ရောက်နေပါပြီ။ နှစ်ပေါင်းများစွာ စီမံခန့်ခွဲမှုအလွဲများ၊ ညံ့ဖျင်းမှုများ၊ စီးပွားရေးကြပ်တည်းမှုများကြောင့် မြန်မာပြည်သူလူထုတစ်ချို့ဟာ အနိမ့်ဆုံးလိုအပ်တဲ့ အာဟာရဓါတ်မပြည့်မှီရာကနေ၊ ဦးနှောက်ဖွံ့ဖြိုးမှု နည်းပါးတဲ့ အခြေအနေတစ်ချို့ကိုရောက်ခဲ့ပါတယ်။ ဒီလိုမိဘများက မွေးဖွားလာပြီး အဆင်ပြေသလို ရှာဖွေစားသောက်နေထိုင်ရင်းက အနိမ့်ဆုံးလူတွေ မြန်မာပြည်မှာ တိုးတိုးလာနေပါပြီ။
စင်ကာပူနိုင်ငံဟာ First World Country လို့နားလည်ရပါတယ်။ မြန်မာနိုင်ငံကတော့ Third World Country ရဲ့အောက်ဆုံးမှာရှိနေမှာပါ။ ၁၉၅၀ လွန်နှစ်များက စင်ကာပူကမြန်မာပြည်ကို အားကျလို့လာလေ့လာတယ်လို့ ကြားဖူးခဲ့ပါတယ်။ နှစ်ပေါင်း ၅၀ ကျော်ကြာပြီးတဲ့အခါ အခုခင်ဗျားတို့သိနေရတဲ့ အခြေအနေဖြစ်နေပါပြီ။ အခုဆိုရင် အခြေခံဥပဒေမူကြမ်း ဆိုတာဘာမှ မသိတဲ့၊ ကြက်ခြေခတ်ရမလား (X)၊ အမှန်ခြစ်ရမလား မသိတဲ့၊ တနည်းအားဖြင့် ကိုယ့်လို ဘ၀တူပြည်သူလူထုအတွက် ထောက်ခံရမလား၊ ကန့်ကွက်ရမလားမသိတဲ့ မြန်မာတွေ ဖြစ်ကုန်ပါပြီ။ ဘွဲ့ရပြီးပြီ ဘာမှမသိပါဘူးဆိုတဲ့ မြန်မာတွေများတဲ့ခေတ် ရောက်နေပါပြီ။ ကြပ်တည်းလွန်းလို့ ဒုက္ခရောက်မှာသိရဲ့သားနဲ့ အခုထက်တော့ပို ကောင်းမလားဆိုတဲ့ အတွေးနဲ့ အိမ်နီးနားချင်း တိုင်းပြည်တွေကို စွန့်စွန့်စားစားထွက်ပြီး အလုပ်လုပ် ကြတော့အခုဆိုရင် Thai မှာ 1.8 million, Malaysia မှာ 0.8 million ဆိုတာသိကြမှာပါ။ 2008 April (10) ရက်နေ့က Thai နိုင်ငံ ရနောင်းနားမှာ Thai ကိုခိုးဝင်ရင်း အအေးခန်းကားပေါ်မှာ အသက်ရှုကြပ်ပြီး သေသွားခဲ့တဲ့ မြန်မာနိုင်ငံသား (၅၄)ဦး အဖြစ်အပျက်ဟာ ရက်ပိုင်းပဲရှိပါသေးတယ်။ ဒါက လူသိတဲ့အဖြစ်အပျက်ပါ၊ လူမသိတဲ့ ကျနော်တို့ နိုင်ငံသားတွေရဲ့ ဆိုးဝါးတဲ့အဖြစ်အပျက်တွေ ဘယ်လောက်များ များနေပြီလဲ။
အပြစ်တင်တာများတယ်လို့ ယူဆကောင်းယူဆနိုင်ပါတယ်။ တကယ်လက်တွေ့က ဒီထက်ပိုဆိုးပါတယ်။ ကျနော့်အနေဖြင့် မြန်မာနိုင်ငံသားတစ်ဦးဖြစ်လို့
စင်ကာပူရောက်တဲ့ မြန်မာတွေ WP နဲ့နေနေ၊ EP နဲ့နေနေ၊ PR နဲ့နေနေ citizen ခံခံ မြန်မာဟာ မြန်မာပဲလို့ ယုံကြည်ပါတယ်။ အားလဲကိုးပါတယ်။ ကမ္ဘာပေါ်မှာ မြန်မာအများဆုံး ရောက်နေတဲ့ First World Country၊ မြန်မာပြည်နဲ့အနီးဆုံး၊ မြန်မာပြည်နဲ့ဆက်သွယ်မှု့ အများဆုံး၊ ပညာတတ်မြန်မာအများဆုံး၊ အမှန်တရားကို လိုလားတဲ့မြန်မာလူငယ်တွေ အများဆုံးရောက်နေတဲ့ နိုင်ငံပါ။ ခင်ဗျားတို့ ပြန်လာသည်ဖြစ်စေ ပြန်မလာသည်ဖြစ်စေ မြန်မာဖြစ်တယ် ဆိုတာနဲ့ ဒီအခြေခံဥပဒေဟာ တနည်းမဟုတ် တနည်းပတ်သက်နေရမှာပါပဲ။ အနည်းဆုံးခင်ဗျားတို့ရဲ့ မိဘဆွေမျိုးသားချင်း၊ သူငယ်ချင်းတွေ မြန်မာပြည်မှာ ကျန်နေရင် ပတ်သက်ရမှာပါပဲ။
ခင်ဗျားတို့ ဘာတွေလုပ်ပေးနိုင်ပါသလဲ
2008 April 25th, 26th, 27th, 28th, 29th, မှာစင်ကာပူ မြန်မာသံရုံးမှာ မြန်မာများ ကြိုတင်မဲပေးလို့ ရပြီလို့ သိရပါတယ်။ မဲသွားပေးစေချင်ပါတယ်။ တကယ်ပဲကောင်းတယ်လို့ ယူဆပြီး ထောက်ခံမဲ ပေးရင်လဲ လူကြီးမင်းတို့သဘောပါ။ ကျနော့်အနေနဲ့ ကောင်းမွန်တဲ့ community မှာနေနေရတဲ့ စင်ကာပူရောက် မြန်မာအများစုအနေနဲ့ မြန်မာနိုင်ငံကိုလဲ ဒီလိုကောင်းမွန်တဲ့ community ပဲဖြစ်စေချင်တယ်။ အခုမဲပေးရမယ့် အခြေခံဥပဒေမျိုးကို မကြိုက်တဲ့ လူတွေလို့ပဲ နားလည်ပါတယ်။ ကြိုက်လို့ပဲ ထောက်ခံမဲ ပေးပေး၊ မကြိုက်လို့ပဲ (X) ကြတ်ခြေခတ်ခတ် သွားပေးစေချင်ပါတယ်။ ခင်ဗျားတို့ ပေးတဲ့ ကန့်ကွက်မဲ (X) တွေထောက်ခံမဲ ဖြစ်သွားခဲ့ရင်တောင်ခင်ဗျားတို့ တာဝန်မဟုတ်ပါဘူး။ တပ်မတော် အစိုးရ၊ သံရုံးကလူတွေ၊ ကော်မရှင်တွေရဲ့ တာဝန်သာဖြစ်ပါလိမ့်မယ်။ ခင်ဗျားတို့ သမိုင်းပေး တာဝန်ကိုသာ ကျေပွန်ပါစေလို့ မေတ္တာရပ်ခံအပ်ပါတယ်။
ပြီးရင် ကန့်ကွက်မဲတွေ ဘယ်လောက်ဆိုတာအတတ်နိုင်ဆုံး စုစည်းပြီး Blog များ website များမှာ တင်စေချင်ပါတယ်။ 25၊ 26၊ 27၊ 28၊ 29၊ ကိုအသံလွှင့်ဌာနများကလည်း စိတ်ဝင်တစား ဖော်ပြမယ်လို့ ယုံကြည်ပါတယ်။ ကျနော်အနေနဲ့တော့ စင်ကာပူက မဲပေးတဲ့လူအများစုဟာ ကန့်ကွက်မဲ (X) ဖြစ်မယ်လို့ ယူဆရပါတယ်။ ခင်ဗျားတို့ရဲ့ အသံဟာ မြန်မာပြည်မှာ ပြန်ဟိန်းနိုင်ပါတယ်။ လူသန်း (၅၀)လုံး မသိရင်တောင်မှ လူ (၅သိန်း) (၁သန်း) ကိုသိစေနိုင်ပါတယ်။ တပ်မတော် အစိုးရသိစေနိုင်ပါတယ်။ ပြည်သူလူထုထဲက တချို့ဖြစ်တဲ့ စင်ကာပူကလူအများစုကတော့ မကြိုက်ကြောင်း သူတို့ကို သိစေနိုင်ပါတယ်။ ခင်ဗျားတို့သည် မြန်မာပြည်ရဲ့ အကြိုမဲပေးခြင်းဆိုတာ မမေ့ကြစေလိုပါ။ အလေးအနက်ထားကြစေချင်ပါတယ်။ မြန်မာပြည်ကလူတွေကစင်ကာပူမှာ ကျောင်းနေခွင့်ရတဲ့လူတွေ၊ စင်ကာပူ မှာအလုပ်လုပ်ခွင့်ရတဲ့ လူတွေကိုဆိုရင်အထင်ကြီး တတ်ကြပါတယ်။ ခင်ဗျားတို့က No (X) ဆိုရင် သူတို့လဲ ခင်ဗျားတို့ပေါ် အထင်ကြီးမှု့၊ အားကျမှု့နဲ့ ဘာထည့်ရမလဲ ဝေခွဲမရတာကနေ No (X) ဖြစ်နိုင်ပါတယ်။
စင်ကာပူက မြန်မာအများစုက mail တွေသုံးနိုင်ကြပါတယ်။ စင်ကာပူက လူငါသောင်း (၅၀၀၀၀)က တစ်ဦးကို မြန်မာပြည်က မိတ်ဆွေ၊ သူငယ်ချင်း ဆွေမျိုး (၁၀)ဦးကိုပဲ mail ပို့နိုင်တယ် ဆိုရင် မြန်မာ (၅)သိန်း ခင်ဗျားတို့ message ကိုရနိုင်ပါတယ်။ သူတို့သဘောတူရင် သူတို့က တီးတိုး ပြန်ပြောတဲ့ မြန်မာ (၅)ဦးစီ ထပ်ပြန့်သွားရင် မြန်မာ နှစ်သန်းခွဲ (၂.၅)သန်း ထံကိုပြန့်နိုင်ပါတယ်။ ပြန့်သွားမယ့် သူအားလုံး No (X) မယ်လို့မဆိုလိုပါ။ ခင်ဗျားတို့ message ရောက်သွားမှာတော့ အမှန်ပါပဲ။ သူတို့အတွက် စဉ်းစားစရာတော့ ရမှာပါ။
အခြားနိုင်ငံများက ရွှေမြန်မာများကို မအားကိုးလို့ မဟုတ်ပါ။ အားလုံးကိုအားကိုးပါတယ်။ အားလုံးလုပ်နိုင်လေလေ ကောင်းလေလေပါပဲ။ စင်ကာပူလို ဖြစ်နိုင်ခြေရှိတဲ့ နိုင်ငံတစ်ချို့ကတော့ USA, JAPAN, KOREA, UK နဲ့ နိုင်ငံတစ်ချို့ဖြစ်နိုင်ပါတယ်။ သူတို့လဲ email (သို့) fax (သို့) ph သုံးပြီး ကူညီနိုင်ကြပါတယ်။ စင်ကာပူကတော့ သေးသေးကျဉ်းကျဉ်း မြန်မာတွေ နီးနီးကပ်ကပ်ပိုရှိလို့ပါ။ သံရုံးကို မဲသွားပေးမယ်ဆိုရင်လဲ ပေးနိုင်ချေရှိတဲ့ အနေအထားရှိလို့ပါ။
First world Country မှ ရွှေမြန်မာများခင်ဗျား Third World Country ကမြန်မာများကို စာနာသောအားဖြင့် 25th,26th, 27th, 28th, 29th, မှာ စင်ကာပူမြန်မာသံရုံးကိုသွားပြီး vote No ကန့်ကွက်မဲ(X) ပေးပေးကြပါခင်ဗျား။
အားကိုးယုံကြည်စွာဖြင့်
မြန်မာနိုင်ငံသားတစ်ဦး
Posted by
ကိုထိုက်
at
11:38
9
comments
ရန်ရန်ချန်း ကိုလဲ ခွေးဆွဲခံရပြီတဲ့ဗျို့
မိတ်ဆွေတို့ရေ နှစ်သစ်ကူးစ မှာ စိတ်မကောင်းစရာသတင်းတစ်ခုထပ်ဝင်လာပါတယ်
အဲဒါကတော့ ACID အဖွဲ့ဝင်တစ်ဦးဖြစ်သလို
အဖမ်းခံထားရတဲ့ ဇေယျာသော်ရဲ့ သူငယ်ချင်း ရန်ရန်ချန်း ကို လူကြီးလူကောင်းခွေးမသားတွေ လာဆွဲသွားပြီလို့ သိရပါတယ်
နေရာ အချိန် နဲ့ အသေးစိတ်ကိုတော့ စုံစမ်းနေဆဲပါ
ခွေးကိုက်ခံရတဲ့ ခွပ်ဒေါင်းတွေအတွက် စိတ်မကောင်းသလို ကျွန်တော့် နာကျည်းမှုတွေကို အရှိန်မြှင့်တင်ပေးလိုက်သလိုပါဘဲ
အောက်တန်းစား စစ်ခွေးဘီလူးတွေကို လုံးဝ လုံးဝ ကို ရှုံ့ချလိုက်တယ်
မျိုးချစ်
Posted by
ကိုထိုက်
at
11:29
5
comments
Index on Censorship Freedom of Expression Awards 2008

Our venerable monk, U Gambira has been nominated for freedom of expression awards 2008 from the index on censorship.
Freedom of Expression Awards 2008: the nominees
The shortlists for the 2008 Index on Censorship Freedom of Expression Awards have been finalised. The awards will be presented on 21 April in London
The T R Fyvel Book Award
The Loser by Fatos Kongoli, Seren.
Holy Warriors: A journey into the Heart of Indian Fundamentalism by Edna Fernandes, Portobello
The Art of Political Murder: Who killed Bishop Gerardi? by Francisco Goldman, Atlantic Books
The Reluctant Fundamentalist by Mohsin Hamid, Penguin
The Guardian Journalism Award
Arat Dink (Turkey)
Huang Liangtian (China)
Iqbal Athas (Sri Lanka)
Manana Aslamazyan (Russian Federation)
The Bindmans Law and Campaigning Award
Lydia Cacho (Mexico)
The Human Rights Commission of Pakistan (Pakistan)
U Gambira (Burma)
Yetaai Vs China Telecom (China)
The Economist New Media Award
AJ Naklasila/Channel 4 New Media / Truevision (UK)
Ethio Zagol (Ethiopia)
Wikileaks (International / US)
Iran Proxy (Iran)
The Index Film Award
Battle For Haditha Dir: Nick Broomfield, 93 minutes, UK (2007)
Ahlam (Dreams) Iraq (2006), 110 Minute Running Time, Language: Arabic, English Sub-Titles
Black Gold Dir: Nick Francis and Marc Francis, Running Time: 78 minutes,
12.08 East of Bucharest (A Fost sau n-a fost?) Dir: Corneliu Porumboiu, Romania, 2006 / 89 Mins / In Romanian with English Subtitles
Posted by
ကိုထိုက်
at
00:20
8
comments
Thursday, 17 April 2008
Wednesday, 16 April 2008
သို့ / တိုက်ပွဲဝင် ရဲဘော်များ
အစီရင်ခံစာတင်ပြခြင်း
အထက်ပါအကြောင်းအရာနှင့်ပတ်သက်ပြီး ပြည်သူ့ ဆန္ဒခံယူပွဲတွင် ပြည်သူများမဲပေးပုံနှင့်ပတ်သက်ပြီး ကန့် သတ်ချုပ်ချယ်မှုများ နှင့်မသမာမှုများကိုတွေ့ ရှိရပါသည်။ ကျွန်ုပ်သည် ၁၀/၁၁/၁၂/၁၃ ၇က်နေ့ များ တွင် မိတ္ထီလာ/မန္တလေး/စစ်ကိုင်း/မုံရွာရှိဌာနဆိုင်ရာဝန်ထမ်းများ /အင်အားစုများ NLD တိုင်းစည်းများ နှင့်တွေ့ ဆုံပြီး မေးမြန်းဆွေးနွေးတိုင်ပင်ခဲ့ပါသည်။
ဆန္ဒခံယူပွဲနှင့်ပတ်သက်ပြီး တိုင်းမှူးများ/၀န်ကြီးများ၏ လုပ်ဆောင်ချက်များကို ကွက်ကွက်ကွင်းကွင်း သိခွင့်ရခဲ့ပါသည်။ စစ်သားအားလုံးသည် တပ်ရင်း/တပ်မ/ ဌာနချုပ် တို့ တွင်သာမဲပေးရခြင်း၊ ရဲတပ်ဖွဲ့ ဝင်အားလုံးသည် သက်ဆိုင်ရာရဲစခန်း တွင်သာမဲပေးရခြင်း၊ ဌာနဆိုင်ရာဝန်ထမ်းများက ၄င်းတို့ ရုံးများတွင်သာမဲပေး၇ခြင်း၊ ကြံ့ဖွံ့/စွမ်းအားရှင်/မီးသတ်/ကြက်ခြေနီ/အမျိုးသမီးေ၇းရာ/မိခင်နှင့်ကလေး စသည့် နအဖ ၏အဖွဲ့စည်းများမှာ ဆန္ဒခံယူပွဲ လုံခြုံရေးယူ၇န် အကြောင်းပြချက်ဖြင့် အားလုံးကြိုတင်ထောက်ခံမဲပေးပြီးဖြစ်သည်။ ရပ်ကွက်/ကျေးရွာများတွင်လဲ မဲရုံများတွင် ကင်မရာများ တပ်ထားသယောင် သတင်းများ ထုတ်လွှင့်ပြီး ကန့်ကွက်မဲပေးလျှင် မည်သို့ ဖြစ်မည်ကို ကြိုတင်ကောလဟာလ သတင်းများ ဖြန့် လျှက်ရှိနေပါသည်။
တိုင်းမှူး/၀န်ကြီးများ ၏လုပ်ဆောင်ချက်များ
၁။ ၀န်ကြီးဦးအောင်သောင်းသည် မန္တလေးဈေးချိုထဲရှိ ဈေးဆိုင်များသို့ ကိုယ်တိုင်ဆင်းပြီး ဆိုင်တိုင်းသို့ ပါတိတ်ဝမ်းဆက်ပေးပြီး ထောက်ခံမဲပေးရန် စည်းရုံးလှုပ်ဆော်ခဲ့ပါသည်။
၂။ ပညာရေးဝန်ကြီးသည် ပညာရေးဌာနပေါင်းစုံသို့ ကိုယ်တိုင်ဆင်းပြီး ၀န်ထမ်းအားလုံးကို ထောက်ခံမဲပေးရမည်ဖြစ်ကြောင်း ထပ်တလဲလဲပြောဆိုစည်းရုံးကာ မထည့်ပါက အရေးယူမည်ဟု ပြောကြားနေပါသည်။
၃။ မုံရွာတွင် တိုင်းမှူးသည် (တပ်/ ရဲ/ ကြံ့ဖွံ့ /မီးသတ်/ စွမ်းအားရှင်/ ကြက်ခြေနီ/ အမျိုးသမီးရေးရာ/မိခင်နှင့်ကလေး/ကုန်သည်ကြီးများအသင်း စသည့် အသင်းအဖွဲ့များပါမကျန် ခေါ်ယူပြီး နံနက်မှ ညနေထိ ဟောပြောစည်းရုံးပြီး ထောက်ခံမဲထည့်ရန် ပြောကြားသွားပါသည်။
၎။ဌါနပေါင်းစုံရှိ ၀န်ထမ်းများကို၎င်းတို့၏ ဆန္ဒမပါဘဲနာမည်နဲ့မှတ်ပုံတင်နံပါတ် ယူပြီးနောက်တနေ့တွင် ကြံဖွံကဒ်များ/ အမျိုးသမီးရေးရာကဒ် များကိုအပြီးလုပ် လာပြီး အသင်းဝင် ပြီးဖြစ်ကြောင်း အသိပေးပြီးမတရားသဖြင့် အသင်းဝင်ခိုင်းခြင်း များ ပြုလုပ်လျက် ရှိပါသည်။
၅။နအဖ အနေဖြင့် ၀န်ကြီးဌါနများတွင် ကန့်ကွက်မဲတစုံတရာမရှိစေရဟု အမိန့် ထုတ်ပြန်ထားရာ ၀န်ကြီးများအနေဖြင့် ၄င်းတို့ကိုယ်တိုင်ဌါနများသို့ကွင်းဆင်းပြီး အားလုံး ထောက်ခံခိုင်းနေပါသည်။
၆။အရေးကြီးဆုံး အချက်မှာ ၀န်ကြီးဌါန /စစ်တပ်/ရဲ /ကြံဖွံ့များ/စွမ်းအားရှင် စသည့် ၄င်းတို့ဌါနများမှာ ယခုသိရသည့်အချိန်တွင် ထောက်ခံမဲပေးပြီးပြီ ဟုသိရပါသည်။ဝန်ထမ်းများမှာကိုယ်တိုင်မဲမပေးရဘဲ ၄င်းတို့ဘာသာထောက်ခံမဲ လုပ်ယူခြင်းကိုမကျေနပ်ကျခြေ။
၎င်းအခြေအနေများကို ဌါနဆိုင်ရာအကြီးအကဲများ NLD တိုင်း/စည်း များ၏ သုံးသပ်ချက်နှင့် သဘောထားများ
၁။ ၄င်းကိစ္စများကို ရိုးသားမှုမရှိဟု မြို့ကြီးတမြို့မှ တိုင်း/စည်း တဦးမှ သုံးသပ်ပြီး ဒီပွဲတွင် မိမိတို့လုံးဝ ရှုံးနိမ့် နိုင်မည်ဟုသုံးသပ်ပြီး ဆန္ဒခံယူပွဲကို ဖျက်ပစ်ရန်ဆန္ဒ ရှိပါသည်။
၂။ဌါနဆိုင်ရာတခုမှ အရာရှိတဦးကမူ ၄င်းပွဲတွင် ထောက်ခံမဲများ ရရှိပါက ၄င်းတို့ထင်တိုင်းကြဲနိုင်ပြီး ပြည်သူလူထုဒုက္ခရောက် မည်ဟု မှတ်ချက်ပြုပါသည်။
၃။အဖွဲ့ချုပ်ဗဟိုမှလူကြီးများမှာ ပြည်သူလူထုမှ ကန့်ကွက်မဲပေးကြမည်ဟု အထင်ဖြင့် မျှော်လင့်နေကြပြီး အောက်ခြေတွင် နအဖ မှ ပြည်သူလူထုကို မည်သို့မည်ပုံ စည်းရုံးသိမ်းသွင်းနေသည်ကို သိရှိခြင်းမရှိပါ ။ဆန္ဒခံယူပွဲ ၏ အကျိုးကျေးဇူး အဆိုးအကောင်းကို ပြည်သူများသိရှိနိုင် ရန် အင် တိုက် အားတိုက် နှင့် လုပ်ဆောင် နိုင် ခွင့် မရှိပါ။ ၄င်းတို့နှင့် နီးစပ် ရာ အသိုင်းအ၀ိုင်းတွင် သာ လှုံ့ဆော်နိုင်ခဲ့ပါသည်။
၎။နအဖ မှာ အစစ အရာရာ သေချာအောင် စီစဉ်ပြုလုပ် ပြီးမှ မေလ (၁၀) ရက်နေ့ ကိုကျင်းပရန်ကြေငြာခဲ့ပါသည်။ TV တွင် ပြသနေသော မဲပေးပုံ မဲပေးနည်း နည်းစနစ် များမှာ အယောင် ပြ ယုံ ဖြစ်ပြီး လူကြားကောင်းအောင် ပြောနေခြင်းများဖြစ်ပါသည်။
မိမိ၏ သုံးသပ်ချက်
၁။ယခုဆန္ဒခံယူပွဲတွင် မိမိတို့ဘက်မှ လုံးဝမနိုင်နိုင်ပါ။
၂။မိမိတို့၏ အထင်မှာ စစ်တပ် /ရဲ / ဌါနဆိုင်ရာ / ကြံ့ဖွံ့ / စွမ်းအားရှင် / မီးသတ် /ကြက်ခြေနီ / ယရက / အမျိုးသမီးရေးရာ / မိခင် နှင့် ကလေးစောင့်ရှောက်ရေးတို့တွင် ရှိနေသော ပြည်သူများထဲတွင် ၄င်းတို့ကို မကြိုက်သူများရှိနေမည် ဟု မိမိ တို့ ထင်မှတ်နေပါသည်။ ၄င်းမှာ မှန်ပါသည် ။ သို့ပင်မဲ့ နအဖ အစိုးရသည် ၄င်းကိစ္စကိုမိမိတို့ထက် ကြိုသိနေပြီး အဖွဲ့အစည်း အားလုံး၏ အဖွဲ့ဝင်အားလုံးအတွက် ထောက်ခံမဲကိုကြိုတင်ပေးစနစ်ဖြင့်အတင်းအကြပ် ရယူ ပြီး ဖြစ်သည်။
၃။၎င်းကိစ္စကိုပြည်တွင်းပြည်ပရှိအင်းအားစု အားလုံးသို့ ချက်ချင်းအသိပေး ကြောင်းကြား ပြီး မည်သို့ ဆက်လုပ်ရမည်ကို ချက် ချက်ဆွေးနွေးပြီး အကြောင်းပြန်စေချင်ပါသည်။ှ
၎။နအဖ မှာ ၄င်းတို့ သေချာပေါက်နိုင်ရန် ကြိုတင်အကွက်ချပြီး ဖြစ်သည်။
၅။မိမိတို့၏မဟာမိတ်အဖွဲ့အစည်းများကိုချက်ချင်းအစည်းအဝေး ခေါ်ယူပြီး ဆုံးဖြတ်ချက်တခု အမြန်ဆုံးပို့ပေးပါရန်
မှတ်ချက်။ အရေးကြီး သဖြင့် ချက်ချင်းဆောင် ရွက်စေချင်သည်။
သင်တို့၏သွေးသောက်ရဲဘော်
Posted by
ကိုထိုက်
at
12:52
22
comments
OBP ၏ ကြေညာချက်
ပန်ကြားချက်
မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြသော တိုင်းရင်းသား ပြည်သူလူထုကြီးနှင့်တကွ ဌာနဆိုင်ရာ ၀န်ထမ်းများ၊ ဒီမိုကရေစီ လိုလားသော မျိုးချစ်စိတ်ရှိသည့် တပ်မတော်သားများ၊ လူမှုရေး အဖွဲ့အစည်းများ၊ ရဟန်းသံဃာတော်များ၊ ဘာသာရေး အသင်းအဖွဲ့များ အားလုံးသို့ ပြည်ပရောက် မျိုးချစ်မြန်မာများ (OBP) မှ “ နှစ်သစ် ကူးပြောင်းရာ အခါသမယတွင် ဘေးရန် ကင်းငြိမ်းလျှက် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံသစ်ဆီသို့ စိတ်တူကိုယ်တူ ပြောင်းလဲနိုင်ပါစေ ” ဟု ဆုမွန် ပြုအပ်ပါသည်။ ထိုသို့ ပြောင်းလဲရန်မှာလည်း မိမိတို့ အားလုံး၏ တာဝန်ပင် ဖြစ်သည်ဟု မှတ်ယူ၍ အားလုံး ပူးပေါင်းပါဝင် တိုက်ပွဲဝင်ကြပါရန် နှင့် မကြာမီ ကျင်းပတော့မည့် လူထုဆန္ဒခံယူပွဲအတွက် အောက်ပါအတိုင်း အထူး နှိုးဆော် ပန်ကြားအပ်ပါသည်။
မိမိတို့၏ ရင်ထဲမှ ဆန္ဒအမှန်တရားများကို လာမည့် မေလ (၁၀) ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် လူထုဆန္ဒခံယူပွဲ၌် ရဲဝင့် ပြတ်သားစွာ ကန့်ကွက် ဆန္ဒမဲပေး၍ ထုတ်ဖေါ်ကြရန်။
အကြောက်တရားများ ဖုံးလွှမ်းနေသောစိတ၊် လက်ရှိ ရရှိထားသော ရာထူး၊ စည်းစိမ်များ ဆုံးရှုံးမည့် စိုးရိမ်စိတ်ဖြင့် ထောက်ခံမဲ (Yes) ပေးရန် စဉ်းစားနေကြသော တပ်မတော်သားများ၊ ဌာနဆိုင်ရာ ၀န်ထမ်းများ၊ အဖွဲ့အစည်းပေါင်းစုံမှ လူမျိုးစုများသည် သာသနာ့ဥသျှောင် ပဓာနာစေရ မန္တလေး မစိုးရိမ်ကျောင်းတိုက် ဆရာတော်ကြီး ဦးကောဝိဒါ ဘိဝံသ ဟောကြားချက်အတိုင်း “ စစ်အစိုးရ ရေးဆွဲသော ဥပဒေကို ထောက်ခံမဲ ထည့်လျှင် ထိုစစ်အစိုးရ လွန်ကျူးခဲ့သော အကုသိုလ် အပြစ်အတိုင်း ထောက်ခံမဲ ထည့်သူတိုင်းလည်း ပြန်လည် အပြစ် ခံစားရမည် ” ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များ မဟုတ်ကြတော့ပဲ မိစ္ဆာဒိဋ္ဌိများ ဖြစ်ကြမည့်အရေး မိမိကိုမိမိ ဆင်ခြင်ကာ ထောက်ခံမဲ (Yes) ပေးမည့်အကြံကို ဖျက်၍ ကန့်ကွက်မဲ (No) ပေးရန် နှင့် လုံးဝ မဖြစ်နိုင်ပါက သွားရောက် ထောက်ခံမဲ မပေးကြရန်။
မဲပေးမည့်သူအားလုံးသည် ကန့်ကွက်မဲ (No) သာလျှင် ဖြစ်စေရန်။
စစ်အစိုးရ တစ်ဖက်သတ် ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းသည် မြန်မာပြည်သူ တစ်ရပ်လုံးအား တရားဝင် စစ်ကျွန် (ဖက်ဆစ်ကျွန်) ဖြစ်မြောက်ရေးအတွက် ရေးဆွဲထားသော ဥပဒေဖြစ်၍ အတည်ပြုပြီးပါက ထိုဥပဒေကို ပြန်လည် ပြင်ဆင်ရန်မှာ အင်္ဂလိပ်လက်အောက်၊ ဂျပန်လက်အောက်မှ လွတ်မြောက်ရန် ကြိုးစားအားထုတ်မူထက် ပိုမို ခက်ခဲမည် ဖြစ်၍ ဤလူထုဆန္ဒခံယူပွဲကို ကန့်ကွက်မဲ (No) ပေးပြီး ဖျက်ဆီးပစ်ရန် လေးနက်စွာ ပန်ကြားအပ်ပါသည်။
No ပေးမည့်သူများ ……………. မျိုးချစ်ပြည်သူများ
Yes ပေးမည့်သူများ ……………. မိစ္ဆာဒိထ္တိ
No ပေးမည့်သူ ……………. ဒို့ပြည်သူ
Yes ပေးမည့်သူ ……………. ဒို့ရန်သူ

Posted by
ကိုထိုက်
at
12:51
5
comments
စစ်ကျွန်ဘ၀ မရောက်ချင်သူမှန်သမျှ သံရုံးမှာ ကန့်ကွက်မဲကို သွားထည့်ကြ
စင်္ကာပူရှိ မြန်မာသံရုံးမှ ၁၀.၄.၂၀၀၈ ရက်စွဲဖြင့် သံမှူး လက်မှတ်ရေးထိုးထားသော၊ အခြေခံ ဥပဒေမှုကြမ်း အတည်ပြုရေးအတွက် ဆန္ဒမဲပေးရန် ဖိတ်ကြားခြင်း ဆိုသော မိတ္တူစာများကို စင်္ကာပူနိုင်ငံတွင် နေထိုင်သော မြန်မာလူမျိုးများ၏ အိမ်သို့ စာတိုက်မှ တဆင့်ပေးပို့ထားသည်ကို ၁၄.၄.၂၀၀၈ နေ့က လက်ခံရရှိကြောင်း မိတ်ဆွေများမှတဆင့် ကြားသိရပါသည်။ ထိုသံရုံးမှ ပို့လိုက်သော ဖိတ်ကြားစာမှာ စင်္ကာပူရှိ မြန်မာလူမျိုးတချို့ လက်ခံရရှိခြင်း မရှိပါ။ အဘယ်ကြောင့် မြန်မာလူမျိုးတရပ်လုံးနှင့် သက်ဆိုင်သော ကိစ္စကို လူနည်းစုသာ သိရှိနိုင်ရန်ံ လုပ်ထားခြင်းမှာ သဘာဝ သိပ်မကျဟု မြင်သည်။ စစ်အစိုးရဘက်မှ ဖွဲ့စည်းအုပ်ချုပ်ပုံကို ထောက်ခံမဲ ရရှိအောင် ကန့်ကွက်မဲပေးရန် မလွန်ဆန်ဝံ့သည့် လူများဆီသို့သာ ၄င်းဖိတ်ကြားစာများ ပေးပို့ခြင်းပေလော…။ တွေးစရာများက အများအပြား။ ဒီလောက်အရေးကြီးသည့် ကိစ္စမျိုးကို သံရုံးမှ ပြီး၊ပြီးရော မလုပ်သင့်ပေ။ သူတို့လုပ်လျှင်လည်း ကျွန်တော်တို့ဘက်မှ ငြိမ်ခံ လက်ပိုက်ကြည့်မနေသင့်ပေ။ စုံစမ်းရမည်၊ မေးမြန်းရမည်။
မည်သို့ပင်ဖြစ်စေ စင်္ကာပူနိုင်ငံရှိ မြန်မာလူမျိုးအားလုံး အလုပ်သမား၊ ကျောင်းသား၊ ရဟန်းသံဃာ လူတန်းစားအားလုံး အသက်၁၈နှစ် ပြည့်ပြီးသူ မှန်သမျှ သံရုံးတွင် တရားဝင် မဲပေးခွင့်ရှိကြောင်း သိအောင် လုပ်ပေးရမည်မှာ ကျွန်တော်တို့၏ တာဝန်တခုဖြစ်သည်။ ဖိတ်ကြားစာထဲတွင် ဧပြီ ၂၅၊ ၂၆၊ ၂၇၊ ၂၈ နှင့် ၂၉ရက်များတွင် လာရောက်၍ မဲပေးနိုင်ကြောင်း ကြေငြာထားသော်လည်း ကျွန်တော့်အနေနှင့် အကြံပေး လိုသည်မှာ ၂၅၊ ၂၆၊ ၂၈၊ ၂၉ နေ့များတွင် လုံးဝမဲသွားမပေးဘဲ၊ လူအများစုသွားနိုင်မည့် တနင်္ဂနွေနေ့ ၂၇.၀၄.၂၀၀၈ ကို Polling Day အဖြစ်သတ်မှတ်၍ စင်္ကာပူရှိ၊ မြန်မာလူမျိုးအားလုံး စုစုစည်းစည်း သွားရောက် မဲပေးကြစေ လိုပါသည်။ မဲပေးရမည့် အချိန်မှာ နံနက် ၉နာရီ မှ ညနေ ၅နာရီ အထိ ဖြစ်သဖြင့်၊ ထိုအချိန်ကာလအတွင်း မည်သည့်အချိန်မဆို သွားရောက်မဲပေးနိုင်ပါသည်။
ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကို ကယ်တင်ချင်သူမှန်သမျှ၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကို ချစ်မြတ်နိုးသူမှန်သမျှ၊ စစ်ကျွန်ဘ၀ မရောက်ချင်သူမှန်သမျှ ၂၇.၄.၂၀၀၈နေ့တွင်၊ သံရုံးမှာ ကန့်ကွက်မဲကို သွားထည့်ကြပါ။ စင်္ကာပူနိုင်ငံရှိ အလုပ်သမား အင်အားစုများကိုလည်း မေတ္တာရပ်ခံ ပန်ကြားလိုသည်မှာ “ငါသွားထည့်လို့ရော ဘာဖြစ်လာမှာ မို့လည်း” ဆိုသော အတွေးများကို ဖယ်ရှားပြီး၊ ယခုလို အချိန်မျိုးမှာ ကိုယ့်ဆန္ဒအမှန်ကို ထုတ်ဖော်ပြီး မြန်မာပြည်သူပြည်သားများ စစ်ကျွန်ဘ၀မှ လွတ်မြောက်ရေးအတွက် ကန့်ကွက်မဲလေးတချပ်ဖြင့် ၀ိုင်းဝန်းကူညီ အားဖြည့်စေလိုပါသည်။ ဒီမိုကရေစီ အင်အားစုများမှလည်း စင်္ကာပူနိုင်ငံရှိ မြန်မာအလုပ်သမားထု၊ ကျောင်သားထု အားလုံးအား၊ စစ်အစိုးရ ရေးဆွဲသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ ဆိုးကျိုးများကို သိနားလည်အောင် ရှင်းပြ၍ ဤသို့ကြောင့် ကန့်ကွက်မဲပေးရမည်ဖြစ်ကြောင်း ဆွေးနွေးစည်းရုံး လုပ်ရှားမှုများ အလျင်အမြန် လုပ်သင့်ကြပေပြီ။
နိဂုံးချုပ်အဖြစ် ပြောလိုသည်မှာ ရှေ့လာမည့် တနင်္ဂနွေ ၂၇.၄.၂၀၀၈ ကို စင်္ကာပူရှိ မြန်မာလူမျိုးများ၏ မဲဆန္ဒပေးသည့်နေ့ ဟု သတ်မှတ်၍ စည်းစည်းလုံးလုံး တညီတညွှတ်တည်း သံရုံးသို့ ကန့်ကွက်မဲ သွားထည့်ကြပါ၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ရောက်တဲ့နေရာမှာ ရတဲ့အခွင့်အရေးနဲ့ ကယ်တင်ကြပါ။ မြန်မာနိုင်ငံ အမြန်ဆုံး လွတ်မြောက်ရန် ရည်သန်လျှက်……….
ရဲဘော်ဇေ (စင်္ကာပူ)
Posted by
ကိုထိုက်
at
12:48
7
comments
ကျွန်တော်တို့ တိုင်းပြည်က လူမဆန်တဲ့ အစိုးရဝန်ထမ်းတွေရဲ့ရက်စက်မူ
မြန်မာနိုင်ငံရှိ အောက်ပါ သတင်း ကဲ့သို့ လူမဆန်စွာ ပြုကျင့်နေကြသော စစ်ကြောရေးဝန်ထမ်းများ၊ ရဲဝန်ထမ်းများ၊ စစ်သားများ၊ တရားရေးဝန်ထမ်းများ၊ ထောင်ဝန်ထမ်းများနှင့် အစိုးရဝန်ထမ်းများ အားလုံး နောင် ဘဝ မကူးခင် ယခု ဘဝတွင် အသေဆိုးနှင့် သေကြပါစေ။
ဆွေ ခုနှစ်ဆက်၊ မျိုး ခုနှစ်ဆက် လူစဉ်မမီသော ဘဝမျိုးနှင့် နေကြရပါစေ။ မိမိ အပါအဝင်၊ မိမိမျက်စိရှေ့တွင် မိမိသားသမီးနှင့် ညီအစ်ကိုမောင်နှမများ ဆွေးမျိုးများ အားလုံး အသေဆိုး၊ ဘဝ ဆိုးများကို မသေမချင်း နည်းမျိုးစုံစွာ ခံစားနေကြရပါစေလို့ ကျိန်စာတိုက်လိုက်ပါတယ်။
မင်းသန့်
from VOA
ဒေါ်ခင်မျိုးသက် - အစီအစဉ်ကိုရယူရန် (MP3)
ဒေါ်ခင်မျိုးသက် - နားဆင်ရန် (MP3)
လွန်ခဲ့တဲ့သုံးပတ်က အဖမ်းအဆီးခံခဲ့ရတဲ့ စီးပွားရေးတက္ကသိုလ်ကျောင်းသား ကိုကျော်
ကိုကိုနဲ့ ကိုဉာဏ်လင်းအောင်တို့ကို သင်္ကြန်မတိုင်ခင် ဗုဒ္ဓဟူးနေ့က ပထမဆုံးအကြိမ်
အဖြစ် ရုံးထုတ်ခဲ့ပါတယ်။ သူတို့ကို အာဏာပိုင်တွေ ဖမ်းဆီးထားစဉ်အတွင်း ညှဉ်းပန်း
နှိပ်စက်မှုတွေ ရှိနေတာမို့ ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်သွားမယ်လို့
သူတို့ရှေ့နေက ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါ
တယ်။
စီးပွားရေးတက္ကသိုလ်က မဟာဘွဲ့ယူဖို့ စောင့်ဆိုင်းနေတဲ့ ကျောင်းသား ကိုကျော်ကို
ကိုနဲ့ ကိုဉာဏ်လင်းအောင်တို့ကို ဗွီဒီယိုအက်ဥပဒေပုဒ်မ ၃၂(က)(ခ) တို့နဲ့ တရားစွဲဆို
ထားပေမယ့် အမှုခိုင်လုံမှုမရှိဘူးလို့ သူတို့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့
လူငယ်ရှေ့နေ ကိုဖိုးဖြူက ပြောပါတယ်။
“ဗွီဒီယိုအက်ဥပဒေပုဒ်မ ၃၂(က)(ခ) နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ ဗွီဒီယိုဆင်ဆာ
ဘုတ်အဖွဲ့က ခွင့်ပြုထားတဲ့ လက်မှတ်မပါတဲ့ ဗွီဒီယိုခွေတွေကို ဖြန့်ချိမှ၊ ထုတ်ဝေမှ၊
ဝေငှမှ ပြစ်ဒဏ်ချလို့ရတဲ့ ပြစ်မှုမျိုးဖြစ်ပါတယ်။ အခု အမှုတွဲပေါ်ပေါက်ချက်အရဆိုရင် ကျော်ကိုကိုတို့ဟာ ဒါကို ဝေငှနေတာ၊ ထုတ်ဝေနေတာ၊ ဖြန့်ချိနေတာ၊ သူများတပါးကို ကူးယူနေတဲ့အနေအထားမျိုး မပေါ်ပေါက်ပါဘူး။ ဒါကြောင့် ဒီပြစ်မှုပုဒ်မတွေနဲ့
ကျော်ကိုကိုဟာ သက်ဆိုင်ခြင်းမရှိဘူးလို့ ဥပဒေကြောင်းအရ ရှုမြင်နိုင်ပါတယ်။”
ကိုဖိုးဖြူ ရှင်းပြသွားတာ ဖြစ်ပါတယ်။
ဒီဗွီဒီယိုပုဒ်မဟာ ထောင်ဒဏ်သုံးနှစ်အထိ အပြစ်ပေးနိုင်တယ်လို့လည်း ပြောပါတယ်။
အခု အမှုမခိုင်လုံပေမယ့် မရမ်းကုန်းရဲစခန်းက တရားစွဲဆို အမှုဖွင့်ခဲ့တဲ့အတွက် သူတို့
ဟာ မရမ်းကုန်းတရားရုံးမှာ အမှုရင်ဆိုင်နေရပါတယ်။ တရားစွဲဆို ထိန်းသိမ်းထားစဉ် အတွင်းမှာလည်း ညှဉ်းပန်းနှိပ်စက်ခံရမှုတွေ တွေ့နေရတယ်လို့ ရှေ့နေကိုဖိုးဖြူက
ပြောပါတယ်။
“ကျော်ကိုကိုတို့ထွက်လာတဲ့အခါမှာ ခြေထောက်တွေ ယိုင်နေတယ်။ ကောင်းကောင်း လမ်းမလျှောက်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုပြီး အမှုသည်ဆီကနေ ရှေ့နေရဲ့ instruction လိုက်တောင်းတဲ့အခါကြတော့ သူတို့တွေ အနှိပ်စက်ခံရတယ်။ ဒါကြောင့် ဒူးတွေချောင်
နေတယ်။ နာလည်းနာနေတယ်။ ခြေထောက်တွေလည်း လှမ်းလို့မရဘူး။ ဘာဖြစ်လို့
လဲဆိုတော့ ခြေမလေးနဲ့ထောက်ပြီး အနှိပ်စက်ခံထားရတယ်လို့ သိရပါတယ်။”
ရှေ့နေတယောက်အနေနဲ့ ကိုယ့်အမှုသည် ဒီလိုမျိုး အနှိပ်စက်ခံရတာကို ဘယ်လိုများ အရေးယူဆောင်ရွက်ခဲ့ပါသလဲ။
“ကျနော်တို့မြန်မာနိုင်ငံမှာ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ ဆိုတာရှိတယ်။ ရဲ
စည်းကမ်းထိန်းသိမ်းရေးဥပဒေဆိုတာ ထွက်ထားသလို ရဲစည်းကမ်းထိန်းသိမ်းရေး နည်းဥပဒေလည်းရှိတယ်။ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေမှာဆိုရင် အမှုသည်ဖြစ်သူ၊
ဒါမှမဟုတ် စွပ်စွဲခံရသူကို စစ်ဆေးမေးမြန်းတဲ့အခါ နှိပ်စက်ညှဉ်းပန်းခြင်းမလုပ်ရဘူး၊ ခြိမ်းခြောက်ခြင်း မပြုလုပ်ရဘူး၊ တစုံတရာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်
နစ်နာအောင် မပြုလုပ်ရဘူးဆိုတဲ့ ပြဆိုချက်တွေရှိတယ်။ အဲလိုပြဆိုချက်တွေ ရှိရုံတင်
မကဘူး၊ Law enforcement officials တွေနဲ့ပတ်သက်တဲ့ conduct ဆိုပြီး UN က
ချမှတ်ထားတဲ့ နည်းဥပဒေတွေလည်းရှိတယ်။ အဲဒီမှာလည်း အခုလို Physical, Mental
torture တွေမလုပ်ရဘူးလို့ ပြဋ္ဌာန်းချက်တွေရှိတယ်။
“ဒါနဲ့ပတ်သက်ပြီး ဥပဒေကြောင်းအရ ဆက်လက်လျှောက်ထားပြီး ဆောင်ရွက်သွားမှာ
ဖြစ်တယ်။ ပြဌာန်းချက်တွေ ရှိရုံနဲ့မပြီးပါဘူး၊ ဒါတွေကို အရေးတယူနဲ့ ကျင့်သုံးဆောင်
ရွက်ဖို့ လိုအပ်ပါတယ်။ အဲဒါတွေကို ကျင့်သုံးဆောင်ရွက်မှသာလျှင် ဥပဒေဟာ အသက်
ဝင်လာမှာဖြစ်တယ်၊ အတည်ဖြစ်လာမှာဖြစ်တယ်၊ ပြည်သူကြားမှာ ပျံ့နှံ့လာမှာ
ဖြစ်တယ်။ ဒါမျိုး နှိပ်စက်မှုတွေပြုလုပ်တဲ့ အလေ့အထတွေ၊ အလေ့အကျင့်တွေ ရပ်စဲ
သွားမှာ ဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့် ဥပဒေကြောင်းအရပဲ ဆက်လက်ရင်ဆိုင်
ဆောင်ရွက်မှာဖြစ်တယ်။”
ကိုကျော်ကိုကိုတို့ရဲ့အမှုကို သင်္ကြန်အပြီး ဧပြီ ၂၂ ရက်မှာ ဆက်ပြီး ကြားနာစစ်ဆေးဖို့ ရုံးချိန်းပေးထားတယ်လို့လည်း သိရပါတယ်။
Posted by
ကိုထိုက်
at
02:12
7
comments
စင်ကာပူကျွန်းပေါ်က Little Myanmar မြန်မာနိုင်ငံငယ်လေး တစ်ခုမှစ၍……မဲပြားပေါ်မှာ ကြက်ခြေခတ်လိုက်ပြီ ………..…
အင်တာနက်စာမျက်နှာပေါ်မှာ စင်ကာပူသံရုံးမှတဆင့် စင်ကာပူရောက် မြန်မာတွေအတွက် "အခြေခံဥပဒေမူကြမ်း အတည်ပြုရေးအတွက် ဆန္ဒမဲပေးရန်ဖိတ်ကြားခြင်း" ဆိုတဲ့ စာကိုဖတ်လိုက်ရတော့ ငါတို့  "ဆန္ဒအမှန်တွေ ဖေါ်ထုတ်ခွင့်ရတော့မယ်ဟေ့" လို့  စိတ်ထဲမှာတွေး ရင်းပျော်လိုက်ရတာ……..။
ယုံရမလို မယုံရမလိုဖြစ်နေချိန်မှာပဲ ဘီဘီစီ မနက်ပိုင်းရေဒီယိုအသံလွှင့် အစီအစဉ်မှာ ဦးကိုကိုအောင်နဲ့ စင်ကာပူနိုင်ငံမြန်မာသံရုံးမှ ပေးပို့ စာကို ဧပြီလ (၁၂) ရက်နေ့ ၊ နေ့ စွဲပါ တံဆိပ်တုံးနဲ့ ကိုယ်တိုင် လက်ခံရရှိခဲ့တဲ့ စင်ကာပူနိုင်ငံမှ ကိုရန်အောင် နဲ့ အင်တာဗျူး ထားတာကို နားထောင်လိုက်ရပါတယ်။ ဟုတ်မှဟုတ်လေရဲ့ လားလို့ ဖြစ်နေတဲ့ သံသယစိတ်တွေကတော့ နဲနဲ လျော့ကျသွားခဲ့ပါတယ် ဒါပေမယ့်လဲ သံသယစိတ် ကတော့ရှိနေသေးပါသေးတယ်။ ဧပြီလ (၁၂) ရက်နေ့ က စနေနေ့ ဖြစ်နေပြန်တော့ စာတိုက်က စနေနေ့  အလုပ်လုပ်သလား? မလုပ်ဘူးလား? သံရုံးက စနေနေ့  အလုပ်လုပ်လား? မလုပ်ဘူးလား? ဆိုတာကိုလည်း အတိအကျမသိလေတော့…. ယုံတစ်ဝက် မယုံတစ်ဝက် နဲ့  …….အို…
"မြန်မာသံရုံးကနေ စာတစ်တန် …ပေတစ်တန်နဲ့ ခေါ်တယ်ဆိုတာ…..
ဟုတ်…. ဟုတ်…မဟုတ်…ဟုတ် "Vote"… ရမှာပဲ သူငယ်ချင်းတို့ ရေ…"
ကဲ….သူငယ်ချင်းတို့ ရေ စင်ကာပူမှာနေထိုင်အလုပ် လုပ်ကိုင်နေကြသူအားလုံးပေါင်းလိုက်ရင် လူတွေ တစ်သိန်းလောက်ရှိကြသတဲ့….ဘုန်းကြီးကျောင်းမှာ "Vote No" သင်္ကြန်ဆိုတော့လဲ လူငယ်တွေအပြည့်ပဲမဟုတ်လား......မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲ ဆိုတော့လဲ ဒို့ လူငယ်တွေ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတာပဲမဟုတ်လား…။
စင်ကာပူကလူငယ်တွေ "သီးလေးသီးအငြိမ့်ပွဲဟေ့" ဆိုပြန်တော့လဲ ရှေ့ ဆုံးကနေ အားနဲ့ မာန်နဲ့  ပါဝင်ခဲ့ကြသေးတယ်မဟုတ်လား။
စက်တင်ဘာမှာ ပြည်တွင်းကရွှေဝါရောင်တော်လှန်ရေးနဲ့ အတူ "စင်ကာပူမျိုးချစ်မြန်မာပွဲ" ဆိုရင်လဲ ငါတို့ အားလုံး တက်တက်ကြွကြွ ပါဝင်ခဲ့ကြတာ မှတ်မိကြတယ်မဟုတ်လား……။
ဒီတစ်ခါတော့ သူငယ်ချင်းတို့ ရေ…..ရတောင့်ရခဲ အခွင့်အရေးနဲ့  ငါတို့ တိုင်းပြည်အတွက်ရယ်… ငါ့တို့ သားစဉ်မြေးဆက် ဒုက္ခပင်လယ်မဝေနေတာတွေ ရပ်တန့် သွားရအောင် …ငါတို့ တစ်တွေ ကန့် ကွက်မဲတွေ သွားပေးကြစို့ သူငယ်ချင်း…….။
အရေးအကြီးဆုံးကတော့ ….. "စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးအတွင်းမှာ ……ငါတို့ ပြည်သူတွေ စစ်ကျွန်ဘ၀ကလွတ်မြောက်ဖို့ အတွက် အသက်ပေးသွားခဲ့ရရှာတဲ့ သံဃာတော်အရှင်မြတ်တွေအတွက် သွေးကြွေးဆပ်ဖို့ အတွက်…. မဲပြားပေါ်မှာကြက်ခြေခတ်ဖို့ …. စင်ကာပူမြန်မာသံရုံးကိုသွားကြစို့ ……
သူငယ်ချင်းတို့ ရေ….စစ်အစိုးရရဲ့  အကျဉ်းချခြင်းကိုခံနေကြရတဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီးနဲ့ ၊ ၈၈မျိုးဆက်ကျောင်းသားတွေရယ်၊ ၂၀၀၇ခုနှစ်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်အရွယ်နဲ့ မမျှအောင်ခံစားခဲ့ရတဲ့  အနာဂတ်မျိုးဆက်သစ်ကျောင်းသားလူငယ်တွေအတွက်ရယ်… ငါတို့ တစ်တွေဟာ ဒီအချိန်မှာ…..မဲပြားပေါ်မှာကြက်ခြေခတ်ခြင်း ဖြင့် ပေးဆပ်သွားသူတွေရဲ့  အသက်သွေး၊ချွေးတွေကို ဂုဏ်ပြုကြရအောင်သူငယ်ချင်း……..
ဒါဟာ ငါတို့  တတွေရဲ့ ….တာဝန်ပဲ ………………….…..။
သူငယ်ချင်းတို့ ရေ………မဲပြားပေါ်မှာကြက်ခြေခတ်ခွင့် ဆိုတဲ့အခွင့်အရေးဟာ…… ဆယ်စုနှစ်တစ်ခုမှာလဲ မရနိုင်သလို ငါတို့ တစ်တွေ နှစ်တွေအများကြီး….. အသက်တွေအများကြီး……. ဘ၀တွေအများကြီးနဲ့ ပေးဆပ်ပြီးမှ ရကြရတာဆိုတော့ .. မဲပြားပေါ်မှာကြက်ခြေခတ်ဖို့ …. စင်ကာပူမြန်မာသံရုံးကိုသွားကြစို့ ……။
စင်ကာပူမှာ မင်းတို့ ငါတို့ ရှာ ထားတဲ့ ဒေါ်လာတွေကို အခွန်အဖြစ် သိမ်းယူပြီး မင်းတို့ ငါတို့ အတွက် ဘာမှပြန်လုပ်မပေးတဲ့ ဒီစစ်အာဏာရှင် အစိုးရကို ပြတ်ပြတ်သားသားကန့် ကွက်မဲတွေပေးကြစို့ ………..….စင်ကာပူမြန်မာသံရုံးကိုသွားကြစို့ ……





















