Thursday, 31 July 2008

Bomb explodes in Telecommunication Office in Mudon

IMNA
(From www.monnews-imna.com)
July 31, 2008

A bomb exploded near the Burmese military regime's Central Agriculture Research and Training under the Ministry of Agriculture and Irrigation in Mudon Township, Mon State, Burma last night.

The bomb went off in the Telecommunication Office precincts in front of Central Agriculture Research and Training in the eastern part of Kyone paik village about 20 miles from Moulmein, the capital of Mon State but no one was injured.

The authorities have not been able to identify the bomber yet. "It seems to be an internal affair and there were only three people present," an observer from the town said.

The local authorities are investigating. The office was built in 1996 and the local authorities seized a rubber plantation for constructing the building without paying compensation.

In July last year, a small bomb exploded in a brothel near the Azin Dam in Mudon.

Tuesday, 29 July 2008

mail for U Aung Lin Htut and friends

ထောက်လှမ်းရေးဟောင်းများဖတ်ဖို့

ဇာနည်ဝင်း
ဇူလိုင် ၂၈၊ ၂၀၀၈
(မိုးမခ မှ ရယူထားပါသည်။)

ထောက်လှမ်းရေးချီးမွမ်းခန်း

“ထောက်လှမ်းရေးထဲမှာလည်း … မကောင်းတဲ့သူ အချို့တ၀က် ရှိကောင်း ရှိပါလိမ့်မယ်။ ဒါပေမယ့် … ကောင်းတဲ့သူက အများစု ဖြစ်ပါတယ်” ဆိုတာကတော့ ထောက်လှမ်းရေးဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ် ရဲ့ စကားတွေပါ။ ဇူလိုင် ၂၁ နေ့စွဲနဲ့ youtube ၀က်ဆိုက်မှာ တင်ထားတဲ့ DVBရုပ်သံမှာ ပြောသွားခြင်းဖြစ်ပါတယ်။ photayokeking.blogspot.com မှာလည်း ကြည့်နိုင်ပါတယ်။

ဦးအောင်လင်းထွဋ် ရဲ့ ယခင် အင်တာဗျူးတွေ၊ ထုတ်ဖော်ချက်တွေမှာတော့ ဗိုလ်ချုပ်မှူးကြီးက မည်သို့မည်ပုံ ရက်စက်ယုတ်မာပါကြောင်း ဆိုတာတွေနဲ့ ပြည့်နေပါတယ်။

ဒီထုတ်လွှင့်ချက်မှာတော့ ဦးအောင်လင်းထွဋ်က ဖျက်သိမ်းခံလိုက်ရတဲ့ တပ်မတော်ထောက်လှမ်းရေး တော်ကြောင်း၊ ကောင်းကြောင်း ချီးမွမ်းခန်းဖွင့်ထားတာပါ။ သူပြောတာတွေကို သုံးသပ်ချင်လို့ ဒီစာကို ရေးပါတယ်။

ဒီပဲယင်းအလွန်

၂၀၀၃ခုနှစ် ဒီပဲယင်းသတ်ကွင်းထဲက လွတ်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်ထဲ ထည့်လိုက်တယ်၊ တပ်မတော်ထောက်လှမ်းရေးက ဒေါ်စုကို ကုလသမဂ္ဂအရာရှိ မစ္စတာ ရာဇလီအစ်စမေးလ်နဲ့ ပေးတွေ့ခဲ့တယ်၊ ဒေါ်စု အသက်မသေဘူး၊ ဒဏ်ရာမရဘူးဆိုတာကို ကုလသမဂ္ဂ သိသွားတယ်၊ ဒီလိုပေးတွေ့ဖို့ ဗိုလ်ချုပ်ကြီးသန်းရွှေဆီမှာ ခွင့်မတောင်းခဲ့ဘူးလို့ ဦးအောင်လင်းထွဋ်က ဆိုပါတယ်။ “တင်ပြရင် ဗိုလ်ချုပ်ကြီးသန်းရွှေ အနေနဲ့ ဘယ်လိုမှ သဘောတူစရာ အကြောင်း မရှိပါဘူး” တဲ့။

သူကတော့ ဂဠုန်ဦးသန်းရွှေ အကြောင်း ပြောပြတာပါ။ သို့ပေမယ့် ဒီမိုကရေစီလှုပ်ရှားမှုကို အမှုန့်ကြိတ်ခဲ့ကြသူတွေထဲမှာ တပ်မတော်ထောက်လှမ်းရေး မပါဝင်ကြောင်းပါခင်ဗျားလို့ ပြောနေ၊ ဆင်ခြေပေးနေသလိုပါပဲ။

ဆွေးနွေးပွဲ

“ဒီပဲယင်းကိစ္စနဲ့ ပတ်သက်ပြီးမှ Photo diplomacy ဆိုပြီးတော့မှ နိုင်ငံတကာကို လှည့်ပြီးတော့မှ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးပါတယ်၊ ဘယ်လိုပြုပါတယ်ဆိုပြီး ဓာတ်ပုံတွေနဲ့ လိုက်ပြီးတော့ ပြတာ၊ သတင်းတွေမှာ ပါတာ ရှိပါတယ်။ နိုင်ငံတကာခေါင်းဆောင်တွေက ဗိုလ်ချုပ်ကြီးခင်ညွန့်အပေါ်မှာ ယုံကြည်တယ်။” လို့ ဆိုပါတယ်။

တပ်မတော်ထောက်လှမ်းရေးက မြန်မာပြည်မှာ ဆွေးနွေးနေကြပြီ အဆင်ပြေနေကြပြီလို့ ကမ္ဘာလှည့်ပြီး အဲသလို ပြောခဲ့တာပါ၊ ဘာကြောင့် အဲသလို ဗြောင်လိမ်ခဲ့ပါလိမ့်။

ဦးသန်းရွှေတို့ကို ဆွေးနွေးရေးအတွက် တိုက်တွန်းလို့မရဘူးဆိုတာ ထောက်လှမ်းရေးအရာရှိများ ၁၉၉၅ ကတည်းက သိခဲ့ပြီးသားပါ။ နိုင်ငံတော်အကြီးအကဲများက အဖွဲ့ချုပ်နဲ့ ဆွေးနွေးလို့ရပါတယ်၊ ဒေါ်စုတော့ မပါစေနဲ့ ဆိုတဲ့အသံကို ထောက်လှမ်းရေး ဗိုလ်မှူးတွေကပဲ ပြောခဲ့တာမဟုတ်ဘူးလား။ နောက်တနှစ်မှာတော့ ၀န်ကြီးဦးစိန်ဝင်းက ဒေါ်စုကို သတ်ပစ်ရမယ်လို့ ကြုံးဝါးခဲ့လေရဲ့။

ဒေါ်စုက ထောက်လှမ်းရေးကို အားကိုးသတဲ့လား

လမ်းပြမြေပုံ ၇ဆင့် တီထွင်ပြီးနောက်ပိုင်းမှာ “ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ ပြန်ပြီးတော့မှ နိုင်ငံအတွက် ကျနော်တို့နဲ့တွဲပြီး အလုပ်လုပ်ဖို့ ပြန်ပြီး မေတ္တာရပ်ခံတာတွေ ရှိတယ်၊ ကျနော်တို့ မှားခဲ့တဲ့ဟာတွေအတွက်လည်း တောင်းပန်ရတာပေါ့ဗျာ၊ ကြားထဲက ကျနော်တို့က ဗိုလ်ချုပ်သန်းရွှေ သူ့ဟာသူ ဘယ်လောက်ကြီးပဲလုပ်ခဲ့လုပ်ခဲ့ ကျနော်တို့ကတော့ တိုင်းပြည်ကောင်းဖို့ အတွက် အစ်မကြီး မပါရင် မပြီးတော့ဘူးဆိုပြီးတော့။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောထား ပြည့်ဝပါတယ်။ သဘောထားပြည့်ဝတယ်။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိနှိုင်းတယ်။ ညှိနှိုင်းပြီးတော့မှ နောက်ဆုံး အင်န်အယ်လ်ဒီ စီအီးစီ အဖွဲ့တွေကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ပေးတွေ့တယ်။”

“အဲဒီတုန်းက ကျနော်သိသလောက်တော့လေ အင်န်အယ်လ်ဒီကို အမျိုးသားညီလာခံ ပြန်ဖွင့်ရင် အင်န်အယ်လ်ဒီပါတီလည်း အမျိုးသားညီလာခံ ပြန်ဝင်မယ်၊ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးတင်ဦးတို့ တခါတည်း ပြန်လွတ်မယ်၊ အမျိုးသားညီလာခံမှာပါတဲ့ မူ ၁၀၄ ချက်တို့၊ ကျန်တဲ့ ဆွေးနွေးချင်တဲ့အချက်တွေကိုလည်း ပြန်ဆွေးနွေးခွင့်ပေးမယ် ဆိုတာတွေဟာ မူအားဖြင့်တော့ သဘောတူပြီးဖြစ်ပါတယ်။ အဲဒီအချိန်မှာ ရန်ကုန်က အကိုကြီးတွေက ၀မ်းသာရတော့မယ် တဲ့၊ ၉၅ ရာခိုင်နှုန်းကတော့ စိတ်ချနေရပြီ တဲ့၊ ကျနော်တို့လည်း ၀မ်းသာပါတယ်။”

သူတို့ဝိုင်းဝန်းခဲ့တဲ့ အမျိုးသားညီလာခံ၊ လမ်းပြမြေပုံတွေဟာ ဘာလဲဆိုတာကို ခုချိန်ထိ ဦးအောင်လင်းထွဋ်တို့ကိုယ်တိုင် သိဟန်မတူပါဘူး။ ဒါမှမဟုတ် စစ်ထောက်လှမ်းရေးအဖွဲ့ဟာ မြန်မာ့နိုင်ငံရေးမှာအရေးပါတဲ့ သူတို့အခေါ် အစ်မကြီး ဒေါ်စုနဲ့ အဆင်ပြေတယ်ဆိုတာ ပြောချင်တာလည်း ဖြစ်နိုင်ပါတယ်။

ထောက်လှမ်းရေးလည်း ဒီမိုကရေစီ လိုချင်သည်

“ကျနော်တို့လည်း နားလည်ပါတယ်၊ ကျနော်တို့ တပ်မတော်ထောက်လှမ်းရေးထဲမှာ ရှိတဲ့သူတွေဟာ ဒီမိုကရေစီ လိုချင်ကြတဲ့သူတွေပါ၊ ဒီ အာဏာရှင်စနစ်ရဲ့အောက်မှ ဘယ်သူမှ ကြိုက်လို့နေတာ မဟုတ်ပါဘူး။ အကြောက်တရားနဲ့၊ ကိုယ်က မကြိုက်ဘူးသွားပြောရင် ကိုယ့်ရဲ့ အိုးအိမ် စည်းစိမ် နောက်ဆုံး ဘ၀ပျက်မှာပေါ့လေ။ ဘ၀ပျက်မှာ စိုးလို့သာ မှိန်းပြီးတော့ နေရတဲ့သူတွေပါပဲ။”

ဒီမိုကရေစီလိုချင်တယ်ဆိုတာကတော့ သဘာဝကျပါတယ်။ မှိန်းပြီးနေခဲ့တဲ့အကြောင်းကိုတော့ နိဂုံးပိုင်းမှာ ပြောချင်ပါတယ်။

ထောက်လှမ်းရေးဟောင်းများ

ထုတ်လွှင့်ချက် ကြည့်အပြီးမှာတော့ ဦးအောင်လင်းထွဋ်ရဲ့ သူငယ်ချင်းမိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တွေ၊ ရဲဘော်ရဲဘက်တွေအပေါ် ထားတဲ့စိတ်ဓာတ်ကို လေးစားမိပါတယ်။

ဒီလို ထုတ်ဖော်ပြောကြား ဝေဖန်နေတဲ့အတွက် အာဏာပိုင်အဆင့်ဆင့်က နည်းမျိုးစုံသုံးပြီး ဒုက္ခပေးမယ်ဆိုတာ သိထားပြီးသားဖြစ်မှာပါ။

စာနယ်ဇင်းတွေနဲ့ တွေ့ရဲ ရင်ဆိုင်ရဲတာလည်း လေးစားစရာပါပဲ။

ထောက်လှမ်းရေး အရာရှိဟောင်းတွေက ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ချင်တယ်၊ ကမ်းလှမ်းပါတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စိတ်အားထက်သန်တဲ့ တုန့်ပြန်မှု၊ ယုံကြည်မှုတွေ မရဘူးဆိုတဲ့ သူတို့ရဲ့ ညည်းတွားသံတချို့ကိုလည်း ကြားနေရပါတယ်။

ဘာကြောင့် ပူးပေါင်းဆောင်ရွက်မှု မရသေးတာလဲ

ဒီပဲယင်းမှာ ဒေါ်စုတို့ကို သတ်ဖို့ ဘယ်သူတွေက အကောင်အထည်ဖော်ခဲ့တယ်၊ ဘယ်သူရဲ့စိတ်ကူးဖြစ်တယ် ဆိုတာ တပ်မတော်ထောက်လှမ်းရေးအဖွဲ့က သိတယ်။ လူသတ်ပွဲ ဖြစ်ပြီး ၅ နှစ်အတွင်း အဲဒီအဖွဲ့ထဲက ဘယ်သူကမှ အသံမထွက်ခဲ့ပါဘူး။ အများသူငါသိအောင် တနည်းနည်းနဲ့ ဖွင့်ချတာ မရှိခဲ့ပါဘူး။ အခုတော့ ဦးအောင်လင်းထွဋ်က ဖွင့်ချလိုက်ပါပြီ။

စစ်ထောက်လှမ်းရေးများလည်း အာဏာရှင်စနစ်ကို မကြိုက်ပါဘူးတဲ့။ မကြိုက်ဘူးဆိုပေမယ့် တကယ်တမ်းတော့ မှိန်းပြီးနေတာမဟုတ်ဘဲ အစွမ်းကုန် ကာကွယ်ပေးခဲ့တာပါပဲ။

ဥပမာ ဒီမိုကရေစီအော်တဲ့သူကို ဖမ်းဆီး၊ နှိပ်စက်၊ ထောင်ချ၊ လွှတ်ရက်ကျော်ပေမယ့် ပြန်မလွတ်ပေးဆိုတဲ့ အဆင့်၎ဆင့်စလုံးကို ဂုဏ်ယူစွာနဲ့ တာဝန်ယူခဲ့ကြတာ တပ်မတော် ထောက်လှမ်းရေးပါ။ အဲဒီလိုလုပ်ရမယ်လို့တော့ ဦးသန်းရွှေက အမိန့်ထုတ်ခဲ့ဟန် မတူပါဘူး။

ဒီမိုကရေစီအော်မိတဲ့သူတွေ ထောင်ထဲမှာ တယောက်ပြီးတယောက် ဒုက္ခိတဖြစ်ကြ၊ သေကြတာလည်း ထောင်ဝန်ထမ်းကြောင့်နည်းနည်း၊ ထောက်လှမ်းရေးကြောင့်များများပါ။ ဒါက ထင်သာမြင်သာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဥပမာပေးတာပါ။

တပ်မတော်ထောက်လှမ်းရေးရဲ့ အခြားအခြားသော လက်သံပြောင်ချက်တွေကြောင့် ဒီနေ့အချိန်မှာ ဒီမိုကရေစီရေးလှုပ်ရှားနေသူတွေဆီက ပူးပေါင်းဆောင်ရွက်မှုကို မရတာပါ။

ပူးပေါင်းမှုရရေးကို ဦးစားပေးမယ့်အစား နအဖအုပ်စုရဲ့မိသားစုဝင်တွေ အနောက်နိုင်ငံတွေမှာ လိမ်ညာပြီး ခိုလှုံခွင့် လျှောက်ထားတာတွေ၊ အခြေချနေတာတွေကို ဖော်ထုတ်နိုင်ပါတယ်။ သူတို့ရဲ့ စီးပွားရေး၊ လူမှုရေး ကွန်ယက်တွေကို စုံစမ်း ထောက်ပြနိုင်ပါတယ်။ ဒါတွေကို အာရုံစိုက်သင့်ပါတယ်။

ပူးပေါင်းလို့ရပါ့မလား

ပူးပေါင်းမှုဟာ ဒီမိုကရေစီဘက်တော်သားတွေကြားထဲမှာတောင် ရာနှုန်းပြည့် မရှိသေးပါ။

ထောက်လှမ်းရေးအရာရှိဟောင်းတွေအနေနဲ့ ငါတို့မှားခဲ့တယ်၊ ငါတို့မှန်ခဲ့တယ် ဆိုတာလည်း ပြောဖို့ မလိုပါ။ ဘယ်သူဘာလဲဆိုတာ အပြန်အလှန် သိနေကြပြီးပါပြီ။ ပြည်ပရောက် အတိုက်အခံများနဲ့တော့ တူတာတွေ တွဲလုပ်၊ မတူတာ ခွဲလုပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုးတော့ အချိန်ယူပြီးလုပ်ရင် သေချာပေါက် ရနိုင်ပါတယ်။

အတိုက်အခံတွေ လုပ်ချင်တာက ဦးသန်းရွှေမျက်နှာဖုံးခွာချရေးတခုတည်း မဟုတ်ပါဘူး။ မြန်မာပြည်မှာ ဒီမိုကရေစီစနစ်ဖြစ်ထွန်းရေး၊ စစ်တပ်အာဏာသိမ်းမှုတွေ ပြန်မဖြစ်ရေး ဒါတွေကို လုပ်ချင်တာပါ။

နိုင်ငံမှာ လုပ်ဆောင်စရာတွေ၊ ပြုပြင်စရာတွေ၊ အစပျိုးစရာတွေ အများကြီး ရှိပါတယ်။ လာမယ့် အနှစ် ၂၀အတွင်းမှာလည်း ပြဿနာမျိုးစုံဖြစ်လာမှာကိုလည်း အံ့သြရလောက်အောင် တွေ့ရဦးမယ်လို့ ထင်ပါတယ်။

Sunday, 27 July 2008

UP-DATE TO YESTERDAY NEWS OF POWERFUL TYCON

Up-date to Yesterday news of U Aung Ko Win (a) Sayar Kyaung, Chairman of Kan-Baw-Za Bank that he was interrogated for awhile but not arrested. He was released later after investigation.

Reported by Thu Ye Kaung.

Saturday, 26 July 2008

ရခိုင်ပြည်နယ်က ရှေးဟောင်းအမွေအနှစ် စင်ကာပူဘုန်းကြီး လက်ဝယ်ရောက်ရှိ

စင်ကာပူနိုင်ငံ ဗုဒ္ဒအံတော်သိမ်ကျောင်း ၀က်ဆိုက်တစ်ခုဖြစ်တဲ့ http://www.btrts.org.sg/Eng_Content/About_BTRTS/About_Origin.html ရဲ့ ဖော်ပြချက်အရ၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ဦးမြို့က အများသူငါက မြတ်စွာဘုရားရဲ့ အံတော်ဓာတ် တစ်ဆူလို့ အစဉ်အလာ လက်ခံထားကြတဲ့ အံတော်ဓာတ် တစ်ဆူဟာ ယခု စင်ကာပူနိုင်ငံက ဘုန်းကြီး ရှီဖာကြောင် (Shi Fazhau) ရဲ့ လက်ထဲကို ရောက်ရှိလို့ နေပြီဖြစ်ပါတယ်။ ဘုန်းကြီး ရှီရဲ့ ၀က်ဆိုက်အရတော့ မြောက်ဦးမြို့က ဘုန်းတော်ကြီး ဦးစက္ကပါလက သူ့ကို လက်ဆောင်ပေးလိုက်တာပါတဲ့။


ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံက သမိုင်းဝင် အမွေအနှစ်တစ်ခု ကို ယခုလို လက်ဝယ်ထားတာဟာ ဘုန်းတော်ကြီး ရှီအတွက် ၀ိနည်းသိက္ခာနဲ့ ညီတဲ့ လုပ်ရပ်တစ်ခု တော့ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံ ရှေးဟောင်းပစ္စည်းအက်ဥပဒေအရ အခုလို နှစ်ပေါင်းများစွာ သက်တမ်းကြာမြင့်ပြီဖြစ်တဲ့ ပစ္စည်းတစ်ခုခုကို မြန်မာပြည်ကနေ ပြည်ပနိုင်ငံတစ်ခုသို့ တရားမ၀င် ယူဆောင်သွားခြင်းဟာ ဥပဒေနဲ့ ငြိစွန်းနေလို့ပါပဲ။

ဘုန်းကြီး ရှီဖာကြောင်က လက်ဆောင်ရရှိတယ်လို့ သူ့ဝက်ဆိုက်မှာတော့ ဆိုထားလေရဲ့။ ဒါပေမဲ့ မြန်မာပြည်ရဲ့ ရှေးဟောင်းပစ္စည်းတစ်ခုဟာ တစ်ဦးတစ်ယောက်ပိုင် ပစ္စည်းမဟုတ်ဘဲ ပြည်သူလုထု အားလုံးပိုင်ဆိုင်တဲ့ သမိုင်းအမွေ ဖြစ်တယ်ဆိုတာ ဘုန်းကြီး ရှီ သိဖို့ ကောင်းပါတယ်။ ဗုဒ္ဒဘာသာဝင်တွေ အထွတ်အမြတ်ထားရာ အံတော်ဓာတ်ဟာ စောစောက ပြောခဲ့တဲ့ မြောက်ဦးမြို့က ဘုန်းကြီး တစ်ဦးတစ်ယောက်တည်း ပိုင်ဆိုင်တာ မဟုတ်ပါဘူး။ ဗုဒ္ဒဘာသာဝင် မြန်မာပြည်သူ အားလုံးနဲ့ သက်ဆိုင်တာပါ။ ဒါကြောင့် မြောက်ဦးက ဘုန်းကြီးအနေနဲ့ မိမိတို့ရဲ့ အမွေအနှစ်ကို ပြည်ပဘုန်းကြီးတစ်ပါးကို လက်ဆောင် မပေးနိုင်သလို ဘုန်းကြီး ရှီအနေနဲ့လဲ လက်ဝယ်ပိုင်ဆိုင်ဖို့ မသင့်လျော်ပါဘူး။ မြန်မာပြည် ရှေးဟောင်းပစ္စည်းအက်ဥပဒေအရ အခုလို မြန်မာပြည်ကခိုးထုတ်သွားတာဟာ အပြစ်ရှိတဲ့ လုပ်ရပ်တစ်ခုလဲ ဖြစ်ပါတယ်။

စစ်တွေနဲ့ မြောက်ဦးက ရရှိခဲ့တဲ့ သတင်းများအရကတော့ စောစောက ပြောခဲ့တဲ့ အံတော်ဓာတ်ကို မြောက်ဦးဘုန်းကြီးဆီကနေ စင်ကာပူဘုန်းကြီး ရှီဖာကြောင် ၀ယ်ယူသွားခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရခိုင် မင်းနေပြည်တော် ဖြစ်ခဲ့ဖူးတဲ့ မြောက်ဦးမြို့မှာ အများက အံတော်လို့ လက်ခံထားကြတဲ့ အံတော်ဓာတ် နှစ်ဆူရှိပါတယ်။ တစ်ခုက ၁၆ ရာစု ဘုရင်မင်းဗာကြီး တည်ထားခဲ့တဲ့ အံတော်သိမ်မှာ ကိန်းဝပ်တဲ့ အံတော်ဖြစ်ပြီး၊ နောက်တစ်ခုကတော့ ပုဂံတောင်က အံတော်ဖြစ်ပါတယ်။ အံတော်နှစ်ခုစလုံးဟာ စောစောက ပြောခဲ့တဲ့ မြောက်ဦးမြို့က ဘုန်းတော်ကြီးကျောင်းထိုင်ရာ ဘုန်းကြီးကျောင်းမှာ ကိန်းဝပ်ခဲ့ပါတယ်။

အဲဒီ အံတော်နှစ်ဆူစလုံးကို ၂၀၀၂ ခုနှစ်တုန်းက ရှီဖာကြောင်က ၀ယ်ယူခဲ့တာ ဖြစ်ပါတယ်။ ပုဂံတောင်က အံတော်ကို ယူဆောင်သွားစဉ်က ဘယ်သူမှ မရိပ်မိလိုက်ကြပေမဲ့၊ ဒုတိအကြိမ် ဘုန်းကြီးရှီရဲ့ တပည့်များ အံတော်သိမ်က အံတော်ကို သယ်ယူရာမှာတော့ စစ်တွေလေဆိပ်မှာ စစ်ထောက်လှမ်းရေးက ဖမ်းမိလိုက်ပါတယ်။

ဒါပေမဲ့ ရှီဖာကြောင်ဟာ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ အနီးကပ်ရင်းနှီးတာကြောင့် ဘာအရေးယူခြင်းမှ မခံခဲ့ရပါဘူး။ မြောက်ဦးက ဘုန်းကြီးလဲ အဲဒီနှစ်အကုန်မှာ ပျံလွန်ခဲ့ပါတယ်။ ဘုန်းကြီးပျံတော့ သူ့ရဲ့သေတ္တာထဲမှာ သိန်းပေါင်းများစွာသော ငွေတွေကို တွေ့ရပါတယ်တဲ့။ ရှီဖာကြောင် ၀ယ်ယူသွားခဲ့တဲ့ အထောက်အထားတွေ ဖြစ်တယ်လို့ဆိုပါတယ်။

မြတ်စွာဘုရားရဲ့ အံတော်ဓာတ်လို့ပြောနေကြတဲ့ အဲဒီ အံသွား စင်ကာပူကိုရောက်ရှိသွားပြီး၊ ၀က်ဆိုက်မှာ ကြေညာလိုက်စဉ်မှာ တော့ သွားဖက်ဆိုင်ရာ တက္ကသိုလ်ပါမောက္ခတွေကြားမှာ လေ့လာသုံးသပ်စရာ တစ်ခု ဖြစ်သွားခဲ့ပါတယ်။ Dr Pamela Craig, (University of Melbourne/ School of Dental Science, Australia) နဲ့ Professor David Whittaker (Cardiff University, Britain) တို့ကတော့ အခု အံသွားဟာ လူတစ်ယောက်ရဲ့ အံသွား မဖြစ်နိုင်ဘူးလို့ သုံးသပ်ကြပါတယ်။ အဲဒီ သုံးသပ်ချက်က ၂၀၀၇ ခု ဇူလိုင် ၁၅ ရက်နေ့ထုတ် The Nation သတင်းစာမှာ ပါရှိခဲ့ပါတယ်။ ဂျပန်နိုင်ငံ ကန်ဒ တက္ကသိုလ်က ရခိုင် သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းကလဲ မြတ်စွာဘုရားရဲ့ အံတော်အစစ်ဆိုတာနဲ့ ပတ်သက်လို့ သံသယရှိကြောင်း wao-mail group မှာ ဖော်ပြခဲ့ပါတယ်။


အခုတင်ပြနေတာက ဗုဒ္ဒရဲ့စစ်မှန်တဲ့ အံတော် ဟုတ်တယ်၊ မဟုတ်ဘူး ဆိုတာကို ပြောနေတာ မဟုတ်ပါဘူး။ ဒီပစ္စည်းဟာ ရှေးဟောင်း အမွေအနှစ်ပစ္စည်း ဖြစ်ပါတယ် ဆိုတာကို တင်ပြနေတာပါ။
အခု စင်ကာပူကို ရောက်နေတဲ့ အံတော်ဓာတ်မူလကိန်းဝပ်ခဲ့ရာ ပုဂံတောင်စေတီဟာ မြောက်ဦးခေတ် (၁၄၃၀-၁၇၈၄ အေဒီ) အတွင်း တည်ထားခဲ့တာဖြစ်လို့ ဒီအံတော်ဓာတ်ရဲ့ ကိုးကွယ်မှု သက်တမ်းဟာ အနည်းဆုံး နှစ်ပေါင်း နှစ်ရာ ကျော်လွန်ခဲ့ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရှေးဟောင်း ပစ္စည်းအက်ဥပဒေအရ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်း ရှိတဲ့ မည်သည့်ပစ္စည်းကို မဆို ရှေးဟောင်းပစ္စည်းလို့ သတ်မှတ်ပါတယ်။ ဒါကြောင့် အခုစင်ကာပူ ၀က်ဆိုက်က တရားဝင်ကြေညာနေတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့က အံတော်ဟာ ရှေးဟောင်းပစ္စည်း ဖြစ်တယ်ဆိုတာ ဘယ်သူမှ ငြင်းလို့ မရပါဘူး။

ဒီတော့ခါ မြန်မာပြည်ရဲ့ သမိုင်းဝင် အမွေအနှစ်ဖြစ်တဲ့ ရှေးဟောင်းပစ္စည်းတစ်ခုကို စင်ကာပူဘုန်းကြီး ရှီဖာကြောင် တရားမ၀င်ယူဆောင်သွားတဲ့ လုပ်ရပ်တစ်ခုဟာ ဥပဒေနဲ့ မငြိစွန်းနေဘူးလားဗျာ။ ။ ကိုင်း.... စင်ကာပူက ရွှေမြန်မာတွေဘာလုပ်ကြမှာလဲ။ သွားပြီးတော့ပဲ ဖူးကြမလား၊ ဥပဒေကြောင်းအရပဲ ကန့်ကွက်ကြမလား။ ။

မြန်မာနိုင်ငံသားတစ်ဦး

ARREST OF POWERFUL TYCON

ဆရာကျောင်းလို့လဲ ခေါ်တဲ့ ဦးအောင်ကိုဝင်း လို့လဲ လူသိများတဲ့ ကမ္ဘောဇဘဏ်လုပ်ငန်းရဲ့ ဥက္ကဌကြီးလဲ အဖမ်းခံရတယ်လို့ သတင်းရပ်ကွက်က သတင်းရရှိပါတယ်။ သူနဲ့ အတူ လူယုံလက်ထောက် ၂ ယောက်လည်း အဖမ်းခံရတယ်လို့ သိရပါတယ်။

ဆရာကျောင်းဟာ နိုင်ငံတော်ရဲ့ ဒုတိယ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်မှုးကြီး မောင်အေးရဲ့ အနီးကပ်လူယုံဖြစ်သလို သူ့ရဲ့ စိးပွားရေး လုပ်ငန်းများဟာလည်း ဒုတိယ ဗိုလ်ချုပ်မှုးကြီး မောင်အေးရဲ့ လုပ်ငန်းများသာ ဖြစ်တယ်လို့ လူအများစုက ယုံကြည်ကြပါတယ်။ ဘာကိစ္စနဲ့ အဖမ်းခံရတယ်ဆိုတာတော့ ခိုင်လုံတဲ့ သတင်း မသိရသေးပါဘူး။ နအဖ အစိုးရရဲ့ ဖြုတ်၊ထုတ်၊သတ် မူဝါဒရဲ့ ဒုတိယမြောက် သားကောင်ပါပဲ။ သူဟာ ဒီလထဲမှာ ဒုတိယမြောက် ကံဆိုးမိုးမှောင်ကြရ ရှာတဲ့ နိုင်ငံသိလုပ်ငန်းရှင်ပါ။ ပထမဆုကိုတော့ မောင်ဝိတ်က ရရှိထားပါတယ်။ မောင်ဝိတ်ကို ဒီလရဲ့ အစောပိုင်းက မူးယစ်ဆေးဝါးနဲ့ ပတ်သတ်တဲ့ပြစ်မှုများနဲ့ ဖမ်းဆီးခဲ့ပါတယ်။ တတိယဆုကိုတော့ ဘယ်သူရမလဲလို့စောင့်ကြည့်ကြဦးစို့။

သူရဲကောင်း


Sayar kyaung (a) U Aung Ko Win , Chairman of Kanbawza Bank and close associate of country’s No. 2 , Deputy Senior General Maung Aye was arrested together with his two deputies. Reason for arrest still unknown .His case is second in this month as another powerful Businessman Maung Weik was arrested earlier .Who will come to become third victim?

Reported by Thu Ye Kaung



SCANDAL OF USDA LEADERS.

The most civilian members in USDA were involved in big scandal and their cases are under investigation by Bureau of Special Investigation.

U Aye Myint, General Secretary of Yangon Division USDA, U Oo Thar Deputy G.S and Executive Members, U Tin Maung Win and Daw San San Win were involved in misuse of money, materials donated for Cyclone Nergis. But all of above persons are close associate of their immediate boss B-Gen Aung Thein Lin, who is also famous in breach of trust, misuse of donor’s money and corruption.

They might get a pardon because they are on the same boat. In other way, they are above the law.

Reported by Thu Ye Kaung



ကြံ့ခိုင်ရေးဆိုတာဘာလဲ (၁)

နေ့စဉ်ထုတ်သတင်းစာတွေ၊ ဂျာနယ်တွေမှာ မြှောက်ပင့်ရေးသားနေကြတဲ့ ကြံခိုင်ရေးအဖွဲ့ဝင်တွေ ဆိုင်ကလုန်းဒဏ်ခံခဲ့ရတဲ့ ဒေသတွေကို သွားရောက်ကူညီကြမဲ့ ကြံခိုင်ရေးအဖွဲ့တွေအကြောင်း ဖတ်နေရပါတယ်။ ဗိုလ်ချုပ်ကြီးများရဲ့ လက်သပ်မွေးထားတဲ့ ခွေးလေးတွေပေါ့ဗျာ။

အစထဲကအဆင့်မရှိတဲ့၊ သိက္ခာမရှိတဲ့၊ အရှက်မရှိတဲ့ လူတန်းစားတရပ်ကို ပြည်သူချဉ်ဖတ်အဖွဲ့နဲ့ ပေါင်းစပ်ပေးလိုက်တော့ ကမ္ဘာပေါ်မှာ သိက္ခာမရှိဆုံးအဖွဲ့တခု ဖြစ်လာရတော့တာပေါ့။ ဒါကိုခေါင်းထဲမှာ ဦးနှောက်မရှိလို့ ခါးကြားမှာသေနတ်ချိတ်ထားရတဲ့ ဗိုလ်ချုပ်တွေက တတ်သမျှနည်းလမ်းပေါင်းစုံနဲ့ သိက္ခာဆယ်ဖို့ ကြိုးစားပေမဲ့ စက္ကူရှား လို့မှင်သာကုန်မယ်၊ ကြံခိုင်ရေးဆိုတာကတော့ ကြာလေပုပ်လေ၊ လဒစာဖြစ်မဲ့ ခွေးသေကောင်ပုပ်ဘဝ ကမတက်နိုင်တော့တဲ့ ဝဲစားအဖွဲ့ဘဝနဲ့ ဘဲရပ်တည်ရမှာပါဘဲ။

ဟော အခုလဲ ကြားရပြန်ပြီဗျာ။ ရန်ကုန်တိုင်း ကြံခိုင်ရေးရဲ့ လေးစားလောက်ဖွယ်ရာ ထိပ်တန်းခေါင်းဆောင်ကြီးများဖြစ်ကြတဲ့ အတွင်းရေးမှူးဦးအေးမြင့်၊ တွဲဖက်အတွင်းရေးမှူးဦးဦးသာ၊ အလုပ်အမှုဆောင် ဦးတင်မောင်ဝင်းနဲ့ ဒေါ်စန်းစန်းဝင်းတို့ ဆိုင်ကလုန်းက လူတွေကိုဖြတ်စားလပ်စားလုပ်တဲ့ ကိစ္စတွေအလုံးအရင်းနဲ့ လှူဒါန်းလိုက်တဲ့ ငွေတွေကိုဘုန်း၊ အိမ်ဆောက်ဖို့ပေးတာကိုတဲသာဆောက်၊ နောက်ဆုံး ဒန်အိုး၊ ဒန်ခွက်ကအစ အိမ်သယ်တဲ့ကိစ္စတွေဟာ အခုတော့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကိုရောက်နေပြီတဲ့။ ဒါကလည်း သူတို့အချင်းချင်းထဲက မစားရတဲ့ သူကသဲနဲ့ပက်၊ မနာလိုသူကတိုင်ကြတာပေါ့။

ပျော်တဲ့သူတွေကလည်း ပျော်နေကြပြီ။ ဒီနေရာကိုငါတို့တက်မယ်ပေါ့။ သိပ်တော့လဲမျှော်လင့်မနေကြနဲ့ဦး။ သူတို့စားတာဝါးတာတွေထဲက တာဝန်ခံပြောင်ကြီး(ခေါ်)မြို့တော်ဝန်အောင်သိန်းလင်းဆီ ဘယ်လောက် ပို့ထားသလဲဆိုတာရော သိကြရဲ့လား။ အတူတူဘဲခွင့်ပြုချက်နဲ့ ခွဲဝေစားကြသလားလဲမသိဘူး။

ဗိုလ်ချူပ် ဆိုကတည်းကိုက သူရဲ့ဂုဏ်သိက္ခာတွေနောက်မှာ တိုင်းပြည်ဘဏ္ဌာခိုးသူ၊ အလှူငွေဘုန်းသူ၊ အရှက်မရှိ ဘိုကျ လာဘ်စားသူ ဆိုတဲ့ခေါင်းစဉ်တွေကပါပြီးသားပဲ။ သူခိုးလေးတွေကို သူခိုးကြီးတွေက ကာကွယ်ပေးမှာပါ။ သိပ်တော့စိတ်မပူကြပါနဲ့။ တိုင်းသူပြည်သားတို့ရေ ဤအထက်တွင်ဆိုခဲ့သော ဂုဏ်သရေရှိ လူကြီးသူခိုးတို့က မြန်မာပြည်ကို အုပ်ချုပ်ဖို့အတွက် မဲလိမ်၊ မဲခိုးပြီး တိုင်းပြည်ကောင်းကျိုး ဆောင်မလို့တဲ့ဗျာ။ ကျုပ်တို့ တိုင်းပြည်ကြီးတော့ တိုးတက်တော့မှာ ဧကန်မလွဲပါပဲ။ ဒါက ကြံခိုင်ရေးလောက်ဘဲရှိသေးတာ၊ စစ်တပ်တိုင်းဌာနချုပ်က စစ်ဗိုလ်တွေရဲ့အိမ်တွေမှာ သွားကြည့်ကြပါဦးဗျာ။ ကလေးတွေဆော့ဖို့ရွက်ဖျင်တဲနဲ့ အိမ်ကအလှ မွေးတဲ့ခွေးကို နိုင်ငံခြားကလာတဲ့ဘီစကွတ်ကြွေးပြီးလေဘေးအလှူကရတဲ့ အိမ်ဆောက်ပစ္စည်း၊ လက်သမားကိရိယာတွေကလဲ အလျှံပယ်တဲ့ဗျာ။

ဒါတွေကို ဘဘကြီးဦးသန်းရွှေတစ်ယောက် သိမှသိရဲ့လား။ သိသိကြီးနဲ့ ခိုးလို့ရသမျှ ဆက်ကြေးမြက်မြက်လေးရလို့ ငြိမ်နေသလား။ အေးလေသူတို့က အမြော်အမြင်ကြီးမားကြတာဘဲ၊ ဒါကြောင့်မုန်တိုင်းလာမှာသိလျှက်နဲ့ ထိရောက်တဲ့သတိပေး၊ ကာကွယ်မှုတွေ မလုပ်ဘဲများများသေလေ အလှူများများရလေဖြစ်အောင် လုပ်ခဲ့တာပေါ့။ အခုရသမျှအလှူကနေ ခွဲဝေစားသောက်နေကြတာကတော့ သိသာထင်ရှားလှပါတယ်။

မြန်မာပြည်ကြီး ခိုးသား၊ဓားပြ ရန်မှမြန်မြန်ကင်းဝေးပါစေ။

သူရဲကောင်း။

U.N. says as much as 25 percent of cyclone aid lost to Myanmar currency controls

ASSOCIATED PRESS
6:32 a.m. July 25, 2008

BANGKOK, Thailand – As much as 25 percent of cyclone relief aid in Myanmar is being lost because of the military government's foreign exchange system, a United Nations official said Friday.

Dan Baker, the U.N. humanitarian coordinator for Myanmar, said he is concerned that the losses could upset donors who have already shown a reluctance to fund the relief effort following the May 2-3 cyclone that killed 84,537 people, according to the government.

“This is a big issue. This is a big concern,” Baker said. “The donors aren't going to give us money if they know they will (lose) a percentage of that. This is not an issue we can let go by.”

Myanmar requires that foreign aid money be converted first into Foreign Exchange Certificates at a set price and then into the country's national currency, the kyat. The certificates have been worth as much as 25 percent less than the market value of an equivalent number of dollars.

On Friday, a certificate costing $1 was worth 900 kyat while $1 on the open market fetched 1,175 kyat.

The certificates were introduced by the military junta in 1993 to counter a thriving black market and take advantage of a rise in tourism dollars coming into the country. But the black market has remained popular for most citizens because the official exchange rate remains artificially low at about 6 kyat to the dollar.

Baker said the U.N. has taken up the issue with Myanmar authorities and has argued for the elimination of the certificates.

The push to abandon the certificates comes as the U.N. is pressing nations to donate another $290 million for the Myanmar relief effort.

The U.N. has raised about $191 million so far following an initial appeal for $201 million in aid. On top of the $10 million shortfall, it says it needs $280 million in additional money for the work of 13 U.N. agencies and 23 non-governmental organizations.

The money is intended to help the 2.4 million survivors who the U.N. says have been seriously affected by the cyclone. More than 100 projects are planned to deliver food, shelter, clean drinking water, sanitation, education and other needs.

Wednesday, 23 July 2008

ရေလယ်ခေါင် သောင်ထွန်း နတ်သမီး နေတဲ့ကျွန်း

ညိုထက်ညို

ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 23 2008 16:40 - မြန်မာစံတော်ချိန်
(မစ္ဇျိမ မှ ရယူထားပါသည်။ မူရင်း စာရေးဆရာ ညိုထက်ညို၏ ဆိုဒ်ကို http://smsy.mmwordpress.com/ တွင် သွားရောက် အားပေးနိုင်ပါသည် ခင်ဗျာ။)

သူ လက်ဖက်ရည်ဆိုင်နားရောက်တော့ သူထိုင်နေကျ ဆိုင်အဝင်ဝ စားပွဲပုပုလေးမှာ ဘယ်သူမှ ရှိမနေတာကို တွေ့ရသည်။ မရှေးမနှောင်းပင် သူ့ကိုမြင်သော စားပွဲထိုးလေးထံမှ ရှယ်ကျဆိမ့်ဝမ်း ဟူသော အသံက သူ့ထံ လွင့်ပျံလာလေသည်။ လန်ဒန်တပွဲကိုတော့ သူကိုယ်တိုင်ပဲ ကောင်တာသို့ သွားယူလိုက်ပါသည်။ သည်နေ့တော့ သူဆိုင်ရောက်တာ နည်းနည်းစောသည်။ စောသည်ဆိုတာက သူ့အတွက် သူ ပြောခြင်း၊ တကယ်က ၁၀ နာရီထိုးခဲ့ပြီ ဖြစ်သည်။ လန်ဒန်တလိပ်ကို မီးညှိရင်း လက်ဖက်ရည်ဆိုင် နံဘေးရှိ စာအုပ်ဆိုင်သို့ သူ လှမ်းကြည့်သည်။ ဂျာနယ်တွေက တိုးလို့တွဲလောင်း။ တစောင်လောက် ဝယ်ဦးမှဟူသော အတွေးနှင့် သူ ထမည်လုပ်ပြီးမှ ဒီသတင်းတွေ ပါပဲလေ အလကား ပိုက်ဆံကုန်ပါတယ် ဟူသော အတွေးနှင့် ပြန်ထိုင်သည်။

လက်ဖက်ရည်ပင် အငွေ့ သေသွားခဲ့ပြီ။ သူ မသောက်ဖြစ်သေး။ လမ်းတဖက် မျက်နှာချင်းဆိုင်တွင် ရှိသော မန်းသီရိ တေးသံသွင်းသို့ သူ တွေတွေငေးငေး ကြည့်နေမိပြန်သည်။ ဇော်ဝင်းထွဋ်၏ မျှော်လင့်ချက်ကမ်းခြေ ဆိုင်းဘုတ်ကြီးက ထီးထီးမားမား။ ဆိုင်ရှေ့ရှိ ဗာဒံပင်ထံ သူ့အကြည့် ရောက်သွားမိပြန်သည်။ အုတ်ခုံပေါ်တွင် လူနှစ်ယောက် ကျားထိုးလျက်၊ ပလက်ဖောင်းပေါ်တွင်တော့ နီရော်ရော် ဝါကြန့်ကြန့် ရွက်ခြောက်များက ပျံ့ကျဲနေသည်။ အုတ်ခုံဘေးတွင်တော့ ….. လက်ထဲတွင် ထမင်းချိုင့်ကလေးနှင့် …. သူမြင်နေကျ ကောင်မလေးကို တွေ့လိုက်ရပါသည်။
ခဏနေတော့ ကောင်မလေးက လမ်းကိုကူး၍ သူထိုင်နေရာ လက်ဖက်ရည်ဆိုင်ဘက်ဆီ လျှောက်လာသည်။ သူ့ စားပွဲနားရောက်တော့ သူနှင့် မျက်မှန်း တမ်းမိနေပြီဖြစ်သော ကောင်မလေးက သူ့ကို လှစ်ခနဲ ပြုံးပြသည်။ သူ ပြန်ပြုံးပြ လိုက်ချိန်မှာတော့ ကောင်မလေးက သူ့ စားပွဲဘေး တိုက်လှေကားရင်းသို့ ရောက်နေပြီ။ မရေမရာ မျက်နှာထားလေးနှင့် နောက်သို့ သမင်လည်ပြန် ကြည့်သည်။ နောက်မှ စိတ်ဒုံးဒုံး ချလိုက်ဟန်ဖြင့် အပေါ်ထပ်သို့ တက်သွားသည်။ သူကတော့ ဆက်ပြီး စောင့်ကြည့်နေမိသည်။ ၅ မိနစ်မျှအကြာ လူလတ်ပိုင်းအရွယ် လူတယောက် လမ်းတဖက်မှ ကူးလာပြီး ကောင်မလေးနောက်သို့ လိုက်တက်သွားသည်။ လက်ဖက်ရည်ဆိုင်၏ အပေါ်ထပ် ညာဘက်အခန်း။ နှစ် ၂၀ ကျော် သက်တမ်းရှိပြီဖြစ်သော တည်းခိုခန်း ကလေးသို့ ဖြစ်ပါလိမ့်မည်။ နောက် သူ ထပ်တွေ့ရမည့် မြင်ကွင်းတွေကိုတော့ ရုပ်ရှင်ကားဟောင်းတခုကို ကြည့်နေရသလို သူ့စိတ်ထဲ မြင်နေမိသည်။

နာရီဝက် သို့မဟုတ် ၄၅ မိနစ်လောက်အကြာတွင် ကောင်မလေး ပြန်ဆင်းလာလိမ့်မည်။ ထို့နောက် ၅ မိနစ်မျှ ကြာလျှင် ခုနက တက်သွားသောသူ ပြန်ဆင်းလာမည်။ လက်ထဲတွင် တစ်ရှုး တာဝါတခုကို ကိုင်ထားလိမ့်မည်။ စီးကရက်တလိပ်လည်း သောက်ချင် သောက်နေလိမ့်မည်။ ဒါပဲ ဖြစ်ပါလိမ့်မည်။ သူ ဆက်ထိုင်လိုစိတ် မရှိတော့သောကြောင့် လက်ဖက်ရည်တခွက်နှင့် လန်ဒန်နှစ်လိပ်စာ ပိုက်ဆံကို ပန်းကန်ပြားနှင့် ဖိ၍ ထိုင်ရာက ထလိုက်သည်။ “ဘယ်လိုမှ အသက်ရှူ မဝဘူး” တဲ့ …. သူ ထွက်လာချိန်တွင် လက်ဖက်ရည်ဆိုင် ဆောင်းဘောက်စ် ဆီက ခင်ဘုဏ်း၏ သီချင်းသံက နောက်တွင် လွင့်ပျံကျန်နေခဲ့လေသည်။

စစ်စစ်ပေါက်ပေါက် တွက်ကြည့်လျှင် သည်လက်ဖက်ရည်ဆိုင်လေးတွင် သူ ထိုင်ခဲ့သည့် သက်တမ်းက ၁၀ နှစ် ရှိခဲ့ပြီ ဖြစ်သည်။ ၁၉၉၆ လောက်ကတည်းက၊ ဆိုင်ဖွင့်စကတည်းက ဆိုပါတော့။ သူ့အိမ်နှင့် နီးသည်တကြောင်း၊ ကက်ဆက်ကောင်းကောင်း ဖွင့်သည်တကြောင်းတို့ကြောင့် သူ ပုံမှန် ထိုင်ဖြစ်ခဲ့လေသည်။ သူ ထိုင်စက တခွက် ၁၀ လက်ဖက်ရည်သည်ပင် ယခု တခွက် ၂၀၀ ။ ယခင်ကတော့ နေ့တိုင်းမရောက်။ ၂၀၀၃ ခုနှစ်လောက်က စပြီး သူ တနေ့ သုံးခါ ရောက်ဖြစ်ခဲ့လေသည်။ နံနက်၊ နေ့လယ်၊ ည၊ သည်မှာပင် သူ တသက်လုံး နေထိုင်ခဲ့ရာ ရန်ကုန် မြို့လယ်ခေါင်၏ မြင်ကွင်းအသစ် တခုကို သူ စတွေ့ရခြင်း ဖြစ်သည်။ ထိုနေ့က မန်းသီရိတွင် သူ ခွေ ဝင်ဝယ်မိသည်။ သူ ခွေဝယ်ပြီး လက်ဖက်ရည်ဆိုင်သွားရန် လမ်းကူးမည် အလုပ်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတယောက်က သူ့ကို တစုံတရာ လှမ်းပြောသည်။ “သွားမလား” ဟု သူ ကြားမိလိုက်သည် ထင်သည်။ သူ တအံ့တသြ ပြန်ကြည့်တော့ ထို အမျိုးသမီး မျက်နှာလွှဲသွားသည်။ သူ ဘာမှ ပြန်မပြော မိတော့ဘဲ လမ်းကူး၍ လက်ဖက်ရည်ဆိုင်ထဲ ဝင်သွားသည်။

လက်ဖက်ရည် သောက်ရင်း ဆိုင်ရှင် ဆရာကျောင်း (သူပေးထားသော အမည်ဖြစ်ပါသည်) နှင့် စောစောကအကြောင်း ပြောမိတော့ ဆရာကျောင်းက ဟက်ဟက်ပက်ပက် ရယ်လေသည်။ မင်းကလည်း ခုမှသိလား၊ ပစ္စည်းတွေ ကားဂိတ် ရောက်နေတာဖြင့် နှစ်ပတ်လောက် ရှိတော့မယ်ဟုလည်း ပြောသည်။ ဟိုမှာ ကြည့်ပါလား ၇ ယောက်၊ ၈ ယောက်လောက် ရှိတယ်ဟုလည်း လမ်းတဖက်ဆီ မေးငေါ့ပြသည်။ သည်တော့မှ သူ သတိထားမိလေသည်။ ဘတ်စ်ကား စောင့်နေသူများကြားတွင် ရောနှော ရပ်နေသော အမျိုးသမီးများ။ အများစုက ငယ်ငယ်ရွယ်ရွယ်။ တယောက်၊ နှစ်ယောက်ကတော့ အတော် အသက်ကြီးပြီ။ လက်ထဲတွင် ထီးနှင့် ထမင်းချိုင့် ကလေးများကို ကိုင်သူကိုင်ထားကြသည်။ ဝတ်ထား စားထားသည်ကတော့ နွမ်းနွမ်းပါးပါး။ သြော် … သည်လိုပါလား …။ နောက်တော့လည်း နေ့စဉ် မြင်တွေ့နေရသော ထို မြင်ကွင်းက သူ့အတွက် ရိုးသွားခဲ့သည်။
--------------------------------------

ဟိုယခင် သူ ဆယ်ကျော်သက် အရွယ်တုန်းကတော့ နတ်သမီးကလေးများ၏ အဓိက ကျင်လည် ကျက်စားရာက ကန်တော်ကြီး ဖြစ်သည်။ ၁၉၉၀ ပြည့်လွန်နှစ်များမှသည် ၂၀၀၁ လောက်အထိ။ သည့်ရှေ့ပိုင်းတွင် မည်သို့ ရှိသည်ကိုတော့ သူ ငယ်ရွယ်သေးသောကြောင့် မသိ။ သို့သော် သူသိထားသည့် အတိုင်းအတာတွင်က ရန်ကုန်မြို့လယ်သည် နတ်သမီးလေးများ မွေ့လျော်ရာမဟုတ်။ ထိုစဉ်က မွေ့လျော်ခွင့်ပဲ မပြုသည်တော့လားတော့ မသိ။ ရှိတော့ ရှိသည်၊ ရှားသည်ဟု ဆိုလိုခြင်းသာ ဖြစ်ပါသည်။

ထိုစဉ်က နတ်သမီး ကလေးများကို တွေ့ရတတ်သည်က ဆူးလေပန်းခြံလေး နားတွင် ဖြစ်သည်။ ကျောက်တံတား ရဲစခန်းနှင့် မျက်စောင်းထိုးလောက်တွင်၊ နောက် ၂၈ လမ်း ၂၉ လမ်းအောက်ဘက် ကုန်သည်လမ်းပေါ်တွင်။ သည်မျှလောက်သာ ဖြစ်သည်။ ဒါကလည်း ညပိုင်းလောက်သာ။ ယခုလို ကားဂိတ်တွေတွင် ကျက်စားခြင်း မရှိသည်ကိုတော့ မြို့လယ်တွင် တသက်လုံး နေလာခဲ့သော သူ အသိဆုံးဖြစ်သည်။ သို့သော် သည်အခြေအနေက မှောက်သောခွက်ကို လှန်လိုက်သလို ၂၀၀၃ ခုနှစ်လောက်တွင် စတင် ပြောင်းလဲသွားခဲ့သည်။ သူ စတွေ့သည်ကတော့ အထက်က ဆိုခဲ့သလို အနော်ရထာလမ်းပေါ် လမ်း ၄၀ ထိပ် ကားဂိတ်တွင် ဖြစ်သည်။ လအတော်ကြာလာတော့ ဘယ်သူဘယ်ဝါ ဆိုသည်ကိုပင် သူ ခွဲခြားသိလာသည်။ ဒါကလည်း မဆန်း၊ နေ့စဉ်နေ့တိုင်း သည်လူတွေချည်း ဖြစ်နေသောကြောင့် ဖြစ်သည်။
ခွဲ၍ ပြောမည်ဆိုလျှင်တော့ နံနက်ဂိုဏ်းနှင့် ညဂိုဏ်းဟု ခွဲပြောနိုင်သည်။ ဂိုဏ်းနှစ်ဂိုဏ်း စလုံးတွင် လူက ၁၀ ယောက်ဝန်းကျင်။ များသောအားဖြင့် နံနက်ဂိုဏ်းက အပြောင်းအလဲမရှိ။ ညဂိုဏ်းကတော့ အနည်းငယ် အပြောင်းအလဲ ရှိသည်။ လာနေကျသူများအပြင် အခြား ပျံကျများလည်း ရောက်လာတတ်သည်။ နံနက်ဂိုဏ်း၏ အချိန်က မနက် ၈ နာရီသာသာမှ ညနေ ၃ နာရီ ဝန်းကျင်လောက်အထိ။ ညဂိုဏ်းကတော့ ညနေ ၃ နာရီမှ ည ၁၀ နာရီ ဝန်းကျင်တိုင်။ ဘယ်သူကမှ ခွဲခြား သတ်မှတ်ထားတာတော့ မဟုတ်ပါ။ သူတို့ အလုပ်ချိန်နှင့် သူတို့ သွားချိန်ပြန်ချိန် သူတို့ဘာသာ ချိန်ကိုက်ထားခြင်း ဖြစ်ပါလိမ့်မည်။

သူ နေထိုင်ရာ ကျောက်တံတားမြို့နယ်တွင်တော့ နတ်သမီးကလေးများကို အများဆုံး တွေ့နိုင်သည်က အနော်ရထာ လမ်းပေါ်ရှိ လမ်း ၄၀ ကားဂိတ်တွင်။ တိတိကျကျ ပြောရလျှင်တော့ ၃၈ လမ်းထိပ် ပျံကျဈေးကလေးမှသည် ဆိပ်ကမ်းသာလမ်းနှင့် ၃၉ လမ်းကြား အပင်ရိပ် အုတ်ခုံများရှိရာတွင် ဖြစ်သည်။ လမ်း ၄၀ ထိပ်မှ နတ်သမီးလေးများ၏ ကွန်းခိုရာက သူထိုင်နေကျ လက်ဖက်ရည်ဆိုင် အပေါ်ထပ် တည်းခိုခန်းကလေး၌၊ ၃၈ လမ်းနှင့် ဆိပ်ကမ်းသာ လမ်းထိပ်ရှိ နတ်သမီးလေးများကတော့ ဆိပ်ကမ်းသာလမ်းထဲ ချိုးဝင်လျှင်ဝင်ချင်း တွေ့ရမည့် တည်းခိုခန်းလေးတွင်။ အဆင်ပြေရာ ပြေကြောင်းကို သူတို့ဘာသာ ခွဲခြား သတ်မှတ်ထားကြခြင်း ဖြစ်ပေလိမ့်မည်။

စီခနဲ ကြားလိုက်ရသော လူသံသူသံတို့ကြောင့် သူ သူ့သူငယ်ချင်းနှင့် စကားကောင်းနေရာက အသံလာရာဘက်သို့ ကြည့်လိုက်မိသည်။ ဟိုဘက်လမ်းကူး ကားဂိတ်ဆီမှ အမျိုးသမီးတသိုက် ပြေးလာကြတာကို သူမြင်ရသည်။ ဦးတည်ရာက ဗိုလ်အောင်ကျော် လမ်းဆီသို့။ လမ်းသွားလမ်းလာတွေကလည်း ရပ်တန့် ငေးမောနေကြသည်။ သူ သေချာကြည့်လိုက်တော့ ပြေးနေသူတွေက နတ်သမီးကလေးများ။ သူ ကြည့်နေစဉ်တွင်ပင် ဗိုလ်အောင်ကျော်လမ်းကို ဖြတ်၍ ဗိုလ်တထောင် ၆ ဘက်ဆီ ဆက်ပြေးသွားကြသည်။

သည်တော့မှ သူသဘောပေါက်သည်။ ကျောက်တံတားအပိုင်မှ ဗိုလ်တထောင်အပိုင်သို့ ပြေးခြင်း။ သည်ည စီမံချက်ရှိ၍ လိုက်ဖမ်းခြင်း ဖြစ်လိမ့်မည်။ သို့သော် ရဲက နယ်ကျော်၍ မလိုက်။ ထိုစဉ်မှာပင် ကားဂိတ်ဆီမှ ဆူဆူညံညံ အသံများကို ထပ်ကြားရပြန်သည်။ သူ မနေနိုင်တော့။ ဆိုင်မှထ၍ လမ်းကူးသွားမိသည်။ လူအုပ်ကြီးအလယ်တွင် အမျိုးသမီးငယ် နှစ်ဦး။ ဖမ်းဆီးသူ နယ်ထိန်းနှင့် သူ့ ရပ်ကွက်ထဲရှိ မီးသတ်ကို ဒူးတုပ်၍ တောင်းပန် တိုးလျှိုးနေသည်ကို တွေ့ရသည်။ ခဏအကြာတွင်တော့ လက်ထိပ်ခတ်ပြီး အငှားကားတစီးကို တား၍ တင်သည်။ လူစုကွဲသော အချိန်တွင် ၁၀ နာရီ ကျော်နေခဲ့ပေပြီ။
-------------------------------------

တရက်တွင်တော့ နတ်သမီးကလေးများကို စစ်တမ်း ကောက်ကြည့်ရန် သူ စဉ်းစားမိသည်။ ဘာရယ်မဟုတ်၊ သူက လူ့ဘဝ ရုပ်ပုံလွှာတွေကို စိတ်ဝင်စားသည်။ အရောင်တွေ အရိပ်တွေကို စေ့ချင်ငုချင်သည်။ အတိမ်အနက် အကျဉ်းအကျယ်တို့ကို စူးချင်စမ်းချင်သည်။ အလင်းအမှောင် အမှိန်အဖျော့တွေကို ရှာချင်ဖွေချင်သည်။ သည်လိုနှင့် တမနက်တွင် သူ မြို့ထဲတခွင်သို့ နတ်သမီးကလေးများ လေ့လာရေး ထွက်မိသည်။ ၁၀ နာရီ သာသာခန့်။ သူ လက်ဖက်ရည်ဆိုင်မှ ထလာချိန်။ သူ့ ခရီးစဉ်ကို လမ်း ၄၀ ထိပ်မှ စသည်။ လမ်း ၄၀ ထိပ်မှ သည် ၃၈ လမ်းဈေးအထိ။ သည်တဝိုက်က နတ်သမီးကလေးများကိုတော့ သူ အားလုံးလိုလို သိပြီး ဖြစ်ပါသည်။ ၁၅ ယောက်ဝန်းကျင်။ ထို့နောက်တော့ ပန်းဆိုးတန်းကိုဖြတ်၍ ၃၆ လမ်းထိပ် ကားဂိတ်ဆီသို့ သူရောက်လာသည်။ သည်မှာလည်း ၇ ယောက်၊ ၈ ယောက်။ ဆူးလေဘုရားလမ်းရောက်တော့ သူ ညာကွေ့ပြီး ဗိုလ်ချုပ်လမ်းဆီ သွားသည်။ ရုပ်ရှင်ရုံများ အောက်တွင်လည်း နတ်သမီးကလေးများ။ ၁၄-၅ ယောက်တော့ ရှိလိမ့်မည်။ မနက်ပိုင်းကိုတော့ သည်မျှဖြင့် သူ အဆုံးသတ်လိုက်ပါသည်။

ညနေပိုင်းတွင်တော့ သူ မဟာဗန္ဓုလလမ်းဘက်သို့ ထွက်လာခဲ့သည်။ ၃၉ လမ်းထိပ် ကားဂိတ်ဆီသို့။ သည်မှာလည်း နတ်သမီးကလေးများကို အတော်များများကြီးကို သူ တွေ့ရပြန်လေသည်။ ၃၇ လမ်းထိပ် ထီရုံးမှသည် ၃၉ လမ်းထိပ်အထိ။ မုန့်ဟင်းခါးဆိုင်၊ အသုပ်ဆိုင်တို့တွင် ကျောက်ချသူတို့က ကျောက်ချလျက်။ ကားဂိတ်တွင် ရောနှော ရပ်နေသူတို့လည်း မရှား။ ၂၀ ဝန်းကျင်တော့ ရှိလိမ့်မည်။ ကားဂိတ်ကြီးသောကြောင့်လည်း ဖြစ်ပေလိမ့်မည်။ ဒါက သူ တွေ့မိသလောက်၊ မတွေ့မိသည်များလည်း ကျန်ဦးမည်။ မနက်ပိုင်းနှင့် ညပိုင်းကလည်း ကွဲဦးမည်။ သူ့လေ့လာရေး ခရီးစဉ်ကို သူ စာရင်းချုပ် ကြည့်လိုက်တော့ အယောက် ၁၀၀ ဝန်းကျင် စာရင်း ထွက်လာသည်။ သူ့တိုင်းသူ့ပြည်၏ စီးပွားရေးနှင့် လူမှုဘဝသည် ချွတ်ခြုံကျနေခဲ့ရပြီ ဖြစ်သည်။
---------------------------------

သူ တယ်လီဖုန်း လျှောက်လွှာတင်ပြီး စာတိုက်ကြီးမှ ထွက်လာတော့ နေ့လယ် ၂ ချက်ခွဲကျော်ခဲ့ပြီ ဖြစ်သည်။ မွန်းဘေကရီ ဆိုင်ရှေ့ရောက်တော့ သူ ကော်ဖီ သောက်ချင်စိတ် ပေါက်လာသည်။ ဂျာနယ်များလည်း ဖတ်ချင်၍ ဖြစ်သည်။ ဆိုင်ထဲတွင်တော့ လူတို့ ပြည့်သိပ်လျက်။ သည်မှာလည်း သူတို့ကို သူ တွေ့မိပြန်သည်။ သူတို့ကတော့ ကားဂိတ်ရှိ နတ်သမီးကလေးများထက် အနည်းငယ် ပို၍ တောက်ပသည်။ ရုပ်ရည် ရူပကာလည်း သာသည်။ အထက်လွှာဟု ဆိုရမည် ထင်သည်။ အထက်လွှာ နတ်သမီးများ။ သူတို့ ထိုင်လေ့ရှိသည်က ဗိုလ်အောင်ကျော်လမ်းကို မျက်နှာမူထားသည့် စားပွဲတွင် ဖြစ်သည်။ သည်နေရာ တခုတည်းက ဆိုင်အပြင်မှရော အတွင်းမှပါ အပြန်အလှန် မြင်နိုင်သည့် နေရာဖြစ်သည်။ သူ ငေးနေမိချိန်မှာပင် ဗိုလ်အောင်ကျော်လမ်း တဖက်ရှိ ဆက်သွယ်ရေး တယ်လီဖုန်းမှ ဝန်ထမ်း အမျိုးသမီးက ဆိုင်အပြင်မှ လက်ဟန်ခြေဟန် ပြ၍ လာခေါ်သည်။ သူတို့ထဲမှ တယောက်ထသွားပြီး ဖုန်းသွားပြောနေသည်ကို သူ မြင်နေရလေသည်။ ဒါက သူတို့၏ ဆက်သွယ်ရေး လမ်းကြောင်း။ ရေစီးကြောင်းတော့ ရေစီးကြောင်းပဲ ဖြစ်သည်။ ခေတ်ရေစီးကြောင်းဟု ခေါ်ချင်လည်း ခေါ်ဆိုနိုင်ပါသည်။

ဆိပ်ကမ်းသာ လမ်းထိပ်တွင် ကောင်မလေးကို တွေ့လိုက်ရတော့ သူ အနည်းငယ် အံ့သြသွားမိသည်။ ည ၁၀ နာရီ ပင်ထိုးတော့မည်။ သူ တွေ့နေကျ မနက်ဂိုဏ်းမှ ကောင်မလေး။ ညဂိုဏ်းသို့ပဲ ပြောင်းသွားလို့လား၊ လူသွားလူလာကတော့ အနည်းငယ် ရှင်းနေခဲ့ပြီ ဖြစ်သည်။ သူ ဘေးဘီကို ကြည့်ရင်း စိတ်ကူးတခု ရလာသည်။ ကောင်မလေးကို သူ အနည်းငယ် မေးချင်မြန်းချင်သည်။ သူနှင့် မျက်မှန်း တမ်းမိနေသောကြောင့်လည်း သူ မေးဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ တကယ်က သည်နေရာက သူ့အိမ်နှင့် ဘာမှမဝေး၊ သို့သော် သူ မတတ်နိုင်။ ရှိန်းတိန်းဖိန်းတိန်း ဖြစ်နေသော စိတ်ကိုထိန်းရင်း သူ ကောင်မလေးဆီ ချဉ်းကပ်သွားမိသည်။ သူ့ကို ကောင်မလေး အထင်လွဲတော့မည်က သေချာသလောက် ဖြစ်သည်။ ဒါ့ကြောင့် သူကပဲ အရင်ဦးအောင် ရှင်းပြဖို့ သူ ဆုံးဖြတ်လိုက်သည်။

“ညီမ ညပိုင်း ပြောင်းသွားတာလား” ဟု သူ စကားစလိုက်တော့ ကောင်မလေးက “ဟုတ်တယ် အကို” ဟု တုံ့ပြန်သည်။ သူ့ကို မှတ်မိလားလို့ မေးတော့ ကောင်မလေးက ''မနက်တိုင်း လက်ဖက်ရည်ဆိုင် အဝမှာ ထိုင်ထိုင်နေတဲ့ အကို မဟုတ်လား'' ဟု ပြန်မေးသည်။ ဟုတ်ကြောင်း ပြန်ဖြေပြီး သူ့ကို တမျိုးမထင်ရန် သူ အမြန်ရှင်းပြရသည်။ သူ မေးစရာ နည်းနည်းရှိ၍ ဖြစ်ကြောင်း ပြောတော့ ကောင်မလေး အနည်းငယ် တွန့်ဆုတ်သွားသည်။ ''ရဲတို့၊ ထောက်လှမ်းရေးတို့တော့ မဟုတ်ပါဘူးနော်'' ဟု သူ့ကို မဝံ့မရဲ ပြန်မေးသည်။ မဟုတ်ကြောင်း သူ ပြောပြီး သူ သိလိုသည်တို့ကို မေးသည်။ တကယ်က ကောင်မလေးတို့က တကိုယ်တော် လှုပ်ရှားသူများ။ ချုပ်ကိုင်ထားသည့်သူ မရှိ။ တခုပဲရှိသည်။ သည်အပိုင်က နယ်ထိန်းကိုတော့ တရက် ၅၀၀ ပေးရသည်။ စီမံချက်ရှိ၍ ဖမ်းလျှင်တော့ ကိုယ်ဖြစ်ကိုယ်ခံ။ သည့်နောက်ပိုင်းတွင် မီးသတ်ကိုပါ ပေးပေးနေရသည်ဟု ပြောသည်။ ဒါကိုတော့ သူကောင်းကောင်း သိပါသည်။ သူ့ ဝန်းကျင်ရှိ ဂျပိုးတေလေများ မီးသတ်အဖွဲ့ဝင် ဖြစ်နေသည်မှာ ကြာမြင့်ခဲ့ပါပြီ။

''ကိုယ်နဲ့ရင်းလို့ ရတဲ့ ပိုက်ဆံ အကိုရာ။ သူတို့မို့ မျိုရက် ဆို့ရက်တယ်'' ဟု ညည်းပြော ပြောရင်း ကောင်မလေးက စကားကို နိဂုံးချုပ်သည်။ ကောင်မလေး နေတာက ဒဂုံမှာ။ သည်အချိန် ကားရှိသေးလို့လား ဟု သူမေးတော့ သည်ညတော့ မဂိုလမ်းရှိ တည်းခိုခန်းမှာ အိပ်မည်တဲ့။ ထိုသို့ ပြောရင်း ကောင်မလေး၏ အကြည့်က သူ့ဆီ ဖျတ်ခနဲ ရောက်ရှိလာသည်။ သူ ကပျာကရာ မျက်နှာလွှဲရင်း ပိုက်ဆံအိတ်ကို ဖွင့်သည်။ ''ညီမအတွက် မုန့်ဖိုးပါ'' ဟု ဆိုကာ ငွေ ၁၅၀၀ ကို ကောင်မလေး လက်ထဲထည့်ရင်း သူ နှုတ်ဆက်လမ်းခွဲ လိုက်တော့သည်။ 'သဇင်' ဟု ခေါ်သော ကောင်မလေးကတော့ သူ့ ကို နားမလည်သလို ကြည့်နေပေလိမ့်မည်။
------------------------------------

ခပ်လှမ်းလှမ်းမှ တက္ကစီတားနေသော စုံတွဲကို မြင်၍ သူ့ကားကို အရှိန်လျှော့လိုက်သည်။ ဝေဇယန္တာ လမ်းမကြီးပေါ်။ ဆီဈေးတို့ ကြီးမြင့်လာသဖြင့် ခရီးသွားဟန်လွှဲ လမ်းကြုံလျှင် သူ ပရိုက်ဗိတ် တက္ကစီ မောင်းလေ့ရှိသည်။ ''ဘယ်သွားမလဲ အကို'' ဟု သူ မေးတော့ အမျိုးသားထံမှ အသံမထွက်။ အမျိုးသမီးငယ်ဆီမှသာ အသံထွက်လာသည်။ ဝေဇယန္တာလမ်းမကြီး ပေါ်တွင်ပင်ရှိသော နယ်စပ်မြို့လေး တမြို့ အမည်ကို ယူထားသည့် တည်းခိုခန်းသို့။ သူ ဈေးပြောတော့ မဆစ်တော့ဘဲ ကားပေါ်သို့ တက်သည်။ ခရီးက ဘာမျှမဝေး၊ ၅ မိနစ်သာသာ မောင်းရုံနှင့် သူ တည်းခိုခန်းရှေ့သို့ ရောက်သည်။ ''ခဏလေး စောင့်ပေးပါလား ညီလေးရာ၊ အကို အရင်မေးကြည့်မလို့'' ဟု ကားခရှင်းရင်း အမျိုးသားက ပြောတော့ သူ ခေါင်းညိတ်သည်။

သူ့တွင် ဘာမှ အထွေအထူး လုပ်စရာမရှိ။ အမျိုးသမီးငယ်ကပင် ဦးဆောင်၍ တည်းခိုခန်းအတွင်း ဝင်သွားသည်။ သူ အပြင်မှ တည်းခိုခန်းကြီးကို အကဲခတ်ကြည့်တော့ အခန်းတွေက မနည်းမနော။ ရာကျော်လိမ့်မည်ဟု သူထင်သည်။ ၅ မိနစ်မျှအကြာ စောစောက စုံတွဲ ပြန်ထွက်လာသည်။ အခန်းပဲ အဆင်မပြေသည်လား ဘာဖြစ်သည်လဲ … သူ တွေးတောနေမိစဉ်တွင်ပင် အမျိုးသားထံမှ ''အခန်းမကြိုက်လို့ ညီလေးရာ။ ဘယ်သွားရင် ကောင်းမလဲ မသိဘူး'' ဟု စကားသံ ထွက်လာသည်။ အမျိုးသမီးငယ်ကတော့ သည်ကိစ္စတွင် ကျွမ်းကျင်ဟန် ရှိသည်။ သူ့ကို ဘုရင့်နောင်ဘက်ရှိ တည်းခိုခန်းကြီးတခု၏ အမည်ကိုပြောရင်း ဈေးမေးသည်။ သူ ဈေးပြောတော့ အမျိုးသားက မဆစ်တော့ပါ။ သူကလည်း ပုံမှန်ဈေးပဲ ပြောပါသည်။ ကားမောင်းလာရင်း မိုးက ရွာလာသည်။ ဘုရင့်နောင် မီးပွိုင့် မရောက်မီတွင် သူ ဘယ်ဘက်သို့ ချိုးလိုက်သည်။ သည်လမ်းက သူ ကျောင်းသွားတိုင်း မီးပွိုင့်ရှောင်ရန် သုံးနေကျလမ်း။ တည်းခိုခန်း၏ နောက်ဘက်ရှိ ကားပါကင်တွင် သူ ကားရပ်သည်။ မိုးက ပို၍ သည်းလာသည်။ သူ့ကားပေါ်မှ စုံတွဲ ဆင်းသွားသော်လည်း သူ ကားပြန် မထွက်ဖြစ်သေး။ မိုးစဲအောင် ခဏစောင့်ရန် သူ ဆုံးဖြတ်သည်။ ထိုစဉ်မှာပင် ကားပါကင်မှ ဝိတ်တာကလေးက သူ့ထံ ချဉ်းကပ်လာသည်။ သူ့ကို ခရီးသည် လိုက်ပို့သူဟု ထင်ပုံမရ။ ''အကိုကော မတက်တော့ဘူးလား'' ဟုမေးသည်။ သူ ပြုံးရင်း ''ပြန်တော့မှာ'' ဟုပြောတော့ ဝိတ်တာလေးက သူ့အတွက် အဖော် ခေါ်ပေးမည်ဟု ဆိုပြန်သည်။ သူ နည်းနည်း စိတ်ဝင်စားလာသဖြင့် ဝိတ်တာလေးကို အကျိုးအကြောင်းမေးရင်း အခန်းတခန်းယူရန် ဆုံးဖြတ်လိုက်သည်။

၃ နာရီ တဆက်ရှင်။ သူတို့ကတော့ ရှိုးလို့ ခေါ်ကြလေသည်။ ပထမထပ်တွင် သူ အခန်းတခန်း ရသည်။ သူ အခန်းထဲရောက်ပြီး ခဏနေတော့ စောစောက ဝိတ်တာကလေး ပြန်ရောက်လာသည်။ သူ့ဘေးတွင် နတ်သမီးကလေး တဦး။ နတ်သမီးကလေးက အခြား အခန်းတခန်းမှ ကူးလာပုံရသည်။ ပိန်ပိန်သွယ်သွယ်၊ ၁၉-၂၀ အရွယ် ။ ပုံစံ အသွင်အပြင်က ညှိုးရော် နွမ်းလျနေသည်။ သူ့ကို ဟန်လုပ်ပြုံးပြနေသော နတ်သမီးလေးကို ကြည့်ရင်း သူ စောစောက စိတ်တို့ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားရသည်။ သူ ဝိတ်တာလေးကို စကားလှအောင် ပြောရင်း နတ်သမီးလေးကို ပြန်လွှတ်လိုက်သည်။ အခန်းကလည်း ယူပြီးပြီ။ ခဏတော့ နေလိုက်ဦးမည်ဟူသော အတွေးနှင့် သူ အခန်းကို စေ့ငုမိသည်။ နှစ်ယောက်အိပ် ကုတင်တလုံး၊ ရေချိုးခန်း အိမ်သာတွဲလျက်၊ တီဗီတလုံးနှင့် တယ်လီဖုန်းလည်း ပါသည်။ အပြင်အဆင် အခင်းအကျင်းက သန့်သန့်ပြန့်ပြန့် တော့ရှိသည်။ သူ တစ်ယောက်တည်း ဘာလုပ်ရမှန်း မသိသည်နှင့် တီဗီဖွင့်လိုက်သည်။

ချယ်နယ်တို့ကို ဟိုရွှေ့သည်ရွှေ့ လုပ်ရင်း စောစောက ဝိတ်တာလေး ပြောသွားသော ချယ်နယ်ကို သူ တွေ့ရသည်။ ၂၄ နာရီ အပြာကားများ ပြသည့်ချယ်နယ်။ အောက်ထပ်ရှိ စက်ခန်းမှ ခွေထိုးပြနေခြင်း။ သူ ပျင်းပျင်းရိရိနှင့် အိပ်ရာပေါ် လဲလျောင်းရင်း တီဗီကြည့်သည်။ အပြင်ဘက်တွင် မိုးက သည်းသည်းမည်းမည်း ရွာလျက်။ ဗုဒ္ဓဝင်မှ အလွန် ကုံလုံပြည့်စုံသော သူကြွယ်ကြီးတဦး၏ အမည်နာမကို ခံယူထားသည့် တည်းခိုခန်းကြီး တခုလုံး တိတ်ဆိတ်နေသည်။ သူ မှေးခနဲ အိပ်ပျော်သွားသည်။
--------------------------

ည ၈ နာရီ ကျော်ပြီမို့ သိမ်ကြီးဈေး၏ ညက သက်ဝင်လှုပ်ရှားလာသည်။ zero zone မှ လွင့်ပျံလာသော တေးသံများကို သူ အတိုင်းသား ကြားနေရသည်။ သူက မင်္ဂလာရုံ အပေါ်ဆုံးထပ်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။ သူ့ဖခင်ကို ဆေးခန်းလိုက်ပို့ရာ တိုကင်နံပါတ် နောက်ကျသောကြောင့် နောက်တနာရီလောက်တော့ အနည်းဆုံး စောင့်ရပေဦးမည်။ လမ်းတလျှောက်ရှိ ကလပ်များကို သူ အပေါ်စီးမှ ငေးကြည့်နေရင်း ငြီးငွေ့လာသဖြင့် အောက်ဆင်း၍ လက်ဖက်ရည်သောက်ရန် ဆုံးဖြတ်လိုက်သည်။ အောက်ရောက်တော့လည်း ဘယ်မှာထိုင်ရမည်ကို သူ ဝေခွဲမရ။ သိမ်ကြီးဈေးအတိုင်း လျှောက်လာရင်း အနော်ရထာလမ်းနှင့် ဆုံရာ လူကူးတံတား အောက်ရောက်တော့ လက်ဖက်ရည်ဆိုင်ကို တွေ့သည်။ နတ်သမီးကလေးတွေ ထိုင်နေပါလား …။ မင်္ဂလာရုံနှင့် နီးနီးနားနားမှာပဲ ထိုင်တော့မည် ဟူသော အတွေးနှင့် သူ ပြန်လှည့်လာသည်။

သည်လိုနှင့် မဟာဗန္ဓုလလမ်းနှင့် ရွှေတိဂုံဘုရား လမ်းထောင့် လူကူးတံတားအောက်မှ လက်ဖက်ရည် ဆိုင်ကလေးတွင် သူ ဝင်ထိုင်လိုက်သည်။ ထိုင်ပြီးမှ သူ သတိပြုမိလေသည်။ သည်မှာလည်း နတ်သမီးလေးများ။ သူ့ဘေးကပ်လျက် ဝိုင်းတွင် ထိုင်နေကြသည်။ ခဏကြာတော့ တယောက်က သူ့ထံမှ မီးခြစ် လှမ်းတောင်းလေသည်။ ပေးလိုက်တော့ ''ဆေးလိပ်လေးပါ ပေးပါလား'' ဟု နောက်တယောက်က ပြောင်စပ်စပ် ပြောပြန်သည်။ သူ့ဆေးလိပ်ဗူး လှမ်းပေးလိုက်ချိန်မှာပင် အခြားဝိုင်းမှ လူငယ်နှစ်ယောက် ထလာကာ နတ်သမီးကလေးတို့၏ ဝိုင်းတွင် ဝင်ထိုင်လေသည်။ နိုက်လား၊ ရှိုးလား ဟူသော အသံများ၊ တပုလင်းခွဲ နှစ်ပုလင်းဟု တုံ့ပြန်သံများ၊ ခိုးခိုးခစ်ခစ် ရယ်မောသံများ၊ သူ ထဖို့ ဆုံးဖြတ်သည်အထိ သူတို့ ညှိနှိုင်းပွဲ မပြီးဆုံးသေး။ မင်္ဂလာရုံအပေါ်ထပ် ရောက်မှ သူ့ စီးကရက်ဗူး သူ ပြန်သတိရလေသည်။ နတ်သမီးလေးများထံတွင် ကျန်နေခဲ့ပြီ။
---------------------------------------

“ဗိုက်ဆာတယ်ကွာ။ ထမင်းကြော် သွားစားရအောင်“ ဟု သူ့ သူငယ်ချင်းက ပြော၍ နာရီကို သူ လှမ်းကြည့်လိုက်သည်။ ည တချက် ထိုးတော့မည်။ သည်အချိန် ဘယ်သွားမလဲ။ ၁၇ လမ်းသွားဖို့ပဲ ရှိတော့သည်။ သူတို့ ရောက်တော့ ဆိုင်ကလေးက လူရှင်းနေသည်။ သည်ည ဘာဘောလုံးပွဲ မှမရှိ။ သည်အချိန် ထမင်းစားချင်စိတ် မရှိတော့၍ သူကတော့ လက်ဖက်ရည်ပဲ မှာလိုက်သည်။ ဆိုင်တွင် ဝိုင်းက ၃ ဝိုင်းတည်း။ ယောက်ျားလေး ဝိုင်းဆို၍ သူတို့ တဝိုင်းသာ။ ကျန်နှစ်ဝိုင်းတွင်က ကလပ်မှ ပြန်လာသော နတ်သမီးလေးများ။ သည်ဆိုင်ကလေးက ညလုံးပေါက် ဖွင့်သော ဆိုင်ကလေးမို့ သူတို့ ထိုင်နေကြခြင်း ဖြစ်သည်။ တခါတရံ စီမံချက် ရှိလျှင်တော့ နတ်သမီးလေးများက ဗိုလ်ချုပ်လမ်းပေါ်ရှိ အစိုးရ ဝင်းတဝင်းအတွင်း ဖွင့်သော လက်ဖက်ရည်ဆိုင်သို့ ပြောင်းထိုင်တတ်သည်။ တိုက်တိုက်ဆိုင်ဆိုင် ၁၇ လမ်းက စစ်ကြိုခေတ်က နတ်မိမယ်များ တရားဝင် ပျော်စံရာ ဖြစ်ခဲ့ကြောင်းကိုတော့ ဆရာသော်တာဆွေ ရေးတာ သူ ဖတ်ရဖူးသည်။

နတ်သမီးလေးများကို ကြည့်ရင်း သူ တခု တွေးမိလာ၍ ပြုံးမိသည်။ သူ့ နေ့စဉ်ဘဝတွင် နတ်သမီးလေးများကို မတွေ့ရသည့်နေ့ မရှိ။ နံနက် မိုးလင်းချိန်မှ စတွေ့ လိုက်သည်မှာ ယခု ည တနာရီအထိ တွေ့တုန်း ဖြစ်သည်။ သူ့ ချစ်သူကိုပင်လျှင် သူ နေ့စဉ်မတွေ့၊ တပတ်လုံးလုံး မတွေ့ဖြစ်သည်လည်း ရှိသည်။ နတ်သမီးလေးများကိုတော့ ….. ''ဘာပြုံးတာလဲ'' ဟု မေးသည့် သူ့ သူငယ်ချင်းကို ''ဘာမှ မဟုတ်ပါဘူး'' ဟုသာ သူပြန်ဖြေလိုက်သည်။ ညက တိတ်တိတ်ဆိတ်ဆိတ်၊ ခြောက်ခြောက်သွေ့သွေ့။ လက်ဖက်ရည် သောက်လိုက်ရသဖြင့် သူ့ မျက်လုံးများ ပြန်ကျယ်လာသည်။ နတ်သမီးလေး တယောက်က သူတို့ နှစ်ယောက်ကို ကြည့်ရင်း အဖော်များအား တစုံတရာ တီးတိုးပြောသည်။ ရယ်သံများ သူကြားရချိန်တွင် လှုပ်ရှား သွားသော စိတ်ကို ဖုံးကွယ်ရန် ရေနွေးတစ်ခွက် ငှဲ့လိုက်ရလေသည်။ ဆေးရုံကြီးဘက်ဆီက ခွေးဟောင်သံ သဲ့သဲ့ကို သူကြားရသည်။ ဆောင်းဝင်လာပြီမို့ ညက တဖြည်းဖြည်း အေးစက်လာလေသည်။

နိုင်ငံခြားမှ ခေတ္တပြန်ရောက် လာသော သူငယ်ချင်းများနှင့် တွေ့ဆုံသည့် ပွဲမို့ သူတို့ဝိုင်းက အတော်ညဥ့် နက်သွားခဲ့သည်။ ဘီယာပုလင်းတို့က အလဲလဲ အပြိုပြို။ ဘယ်ဆက်သွားမလဲဟု အမေရိကားမှ သူငယ်ချင်းကမေး၍ သူ နာရီကို ကြည့်လိုက်တော့ ည တချက်ကျော်ခဲ့ပြီ။ သူတို့ ဘယ်ဆက်သွားမလဲ…။ သူတို့ တဝိုင်းလုံး မူးယစ်ရီဝေလျက်။ ခဏတဖြုတ် အိပ်လို့ရမည့် နေရာတနေရာ…။ လပေါ်သို့ တက်ရန် သူ ဆုံးဖြတ်လိုက်သည်။ လပြည့်ညမို့ လ က ထိန်ထိန်သာ နေလေသည်။

၃၉ လမ်း အထက်လမ်းရှိ တိုက်တတိုက်၏ ငါးလွှာသို့ သူတို့ရောက်တော့ ည တချက်ခွဲ ခဲ့ပြီ။ စန္ဒာငွေလမင်း၏ အမည်ကို အင်္ဂလိပ်လို ရေးသားထားသော ဆိုင်းဘုတ်ဝါဝါ ကလေးကို ကြည့်ရင်း သူ တံခါးခေါက်လိုက်တော့ ဆိုင်ရှင် မနိုင် ကိုယ်တိုင် တံခါးလာဖွင့်လေသည်။ မနိုင် က ယခင်ကတည်းက သူနှင့် သိကျွမ်းသူ။ အရင်ကတော့ အိမ်ပွဲစား၊ အခုတော့လည်း သည်ရေစီးကြောင်းထဲမှာ။ “သားကြီးပါလား။ ဘော်ဒါတွေလည်း ပါတာပဲ။ လာ လာ“ ဟူသော မနိုင် စကားအဆုံးမှာတော့ သူတို့အားလုံး အခန်းထဲ ဝင်လိုက်ကြလေသည်။ အခန်းထဲတွင် ကောင်မလေးတွေက ထိုင်သူထိုင် လှဲသူလှဲလျက်။ ဗီစီဒီခွေ မှ ဟစ်ဟော့သီချင်းကို လိုက်ညည်းသူက ညည်းနေကြသည်။ သည်ည ဧည့်သည် ပါးပုံရသည်။ “ကိုသားကြီး လက်ဖက်သုတ်စားပါဦး“ ဟူသော ကောင်မလေး တယောက်၏ ဖိတ်မန္တကပြုမှုကို သူ ပြုံး၍ ခေါင်းခါရင်း သူ့ သူငယ်ချင်းတွေအတွက် နေရာထိုင်ခင်း စီစဉ်ရသည်။ အခန်း၏ နောက်ဘက်တွင် ရှိနေတာက လူ ၅ ယောက်စာ နှစ်ခန်း။ တခန်းက လုံးလုံးအားနေသည်။ သူတို့အဖွဲ့က လူ ၆ ယောက်မို့ သူ့ သူငယ်ချင်း ၅ ယောက်ကို အခန်းတခန်း ပေးလိုက်သည်။ သူကတော့ နောက်တခန်းထဲ ဝင်ခဲ့လေသည်။

သူ ဝင်လာသည့် အခန်းထဲတွင် အခြား ဧည့်သည် ၄ ယောက်။ သူက အခန်း၏ အလယ်တွင် နေရာရသည်။ တခန်းလုံးက မှောင်မိုက်လျက်။ အိပ်ရာတို့ကို ကြမ်းပြင်ပေါ် ခင်းထားသည်။ အိပ်ရာတခုနှင့် တခုကြားတွင်တော့ ခန်းဆီးပါးကလေးများ ခြားထားသည်။ အိပ်ချင်စိတ်က စိုးမိုးနေသည်မို့ သူ့ကို နှိပ်နေသော ကောင်မလေးကိုပင် သူ ဘာမှမပြောမိ။ သို့သော် သူ ခေါင်းချလိုက်မိစဉ်မှာပင် သူ့ ဘယ်ဘက်ဘေး အိပ်ရာမှ ကောင်မလေး၏ အသံကို သူကြားလိုက်ရသည်။ “ဘာလို့ အများကြီး ယူလာတာလဲ။ တခုဆို တော်ရောပေါ့“ တဲ့။ စကားသံ သဲ့သဲ့ကို သူကြားရပြန်သည်။ ခဏနေတော့ တီးတိုးညည်းညူသံများ။ သည်အသံများနှင့်အတူ ခြေထောက်တဖက်က ခန်းဆီးစကိုကျော်၍ သူ့ အိပ်ရာဘက်ဆီ ရောက်ရှိလာသည်။ သူ ဆက်အိပ်၍ မရတော့။ မှောင်မိုက် လောင်အိုက်နေသော အခန်းထဲတွင် သူ ဇောချွေးပြန်စ ပြုလာသည်။ ခဏအကြာ ညည်းညူသံများ ထပ်ကြားရပြန်သည်။ သည်တခါ သူ့ ညာဘက်က။ သည်းမခံနိုင်တော့သည့်အဆုံး အခန်းထဲမှ ထွက်ရန် သူ ဆုံးဖြတ်လိုက်သည်။ ဆေးလိပ်ဗူးကို နှိုက်သည်။ ဆေးလိပ် မကျန်တော့။ သူ့ သူငယ်ချင်းများ ရှိရာ အခန်းဆီ သူ ကူးခဲ့လေသည်။

သူ့ သူငယ်ချင်းများ အခန်းတွင်တော့ မီးလင်းနေသည်။ သူငယ်ချင်းရှိရာရောက်တော့ ကောင်မလေးနှင့် စကား ပြောနေသည်ကို တွေ့သည်။ သူငယ်ချင်းထံမှ ဆေးလိပ်တလိပ် တောင်းယူရင်း အိမ်ရှေ့ခန်းဘက် သူ ထွက်ခဲ့လေသည်။ ဝရန်တာတွင် ဆေးလိပ်သောက်လိုက်မှ သူ နည်းနည်း နေသာထိုင်သာ ရှိလာသည်။ သည်မှာပင် အနှိပ်ခန်းများအကြောင်း သူ စဉ်းစားမိသည်။ ဟိုယခင်ကတော့ အနှိပ်ခန်းလုပ်ငန်းကို အကြီးအကျယ် လုပ်သည်က ဗိုလ်အောင်ကျော်လမ်း အောက်ဘက်ရှိ ဟိုတယ်ကြီး တခုတွင်။ ထိုစဉ်က ယခုလို နေရာတိုင်းတွင် မရှိသေး။ ပြီးတော့ ယခုလို လိင်ဖျော်ဖြေရေး မပါ။ အနှိပ်ခံရုံ သက်သက်မျှသာ။ အဆင်ပြေလျှင် အပြင်တွင် ချိန်းတွေ့။ သည်မျှလောက်သာ ဖြစ်သည်။

မြို့ထဲတခွင်တွင် အနှိပ်ခန်းများ မှိုလို ပေါက်လာသည်ကတော့ သူ မှတ်မိသလောက် ၂၀၀၅ ခုနှစ်မှ စ၍။ ၂၀၀၅ နှစ်ကုန်ပိုင်းလောက်တွင်တော့ မြို့ထဲရှိလမ်းတိုင်းတွင် အနှိပ်ခန်းများ ပျံ့နှံ့နေခဲ့ပြီ။ မြို့ထဲရှိ လမ်းတလမ်းတွင် အထက်လမ်း၊ အလယ်လမ်းနှင့် အောက်ဆုံးနှစ်လမ်း ဟူ၍ ဘလောက် ၄ ခု ရှိရာ ၄ ခုစလုံးကို သူ ဆိုလိုပါသည်။ ဆိုင်းဘုတ်ဝါဝါ၊ ပြာပြာလေးများ ကိုယ်စီကိုယ်ငှ။ သည်လုပ်ငန်းက များသောအားဖြင့် အထပ်မြင့် ငါးလွှာ ခြောက်လွှာ အခန်းများတွင် လုပ်လေ့လုပ်ထ ရှိသည်။ ထူးထူးခြားခြား ၃၈ လမ်းဈေးမှ ဆိုင်တဆိုင်ကတော့ မြေညီထပ်တွင် ဖွင့်ထားသည်။ ယခင်ကကဲ့သို့ ခိုးကြောင်ခိုးဝှက် ဖွင့်ထားသည့်ပုံပင် မရှိတော့။ ပေါ်ပေါ်တင်တင်ပဲ ဖြစ်ပါသည်။ ပြီးတော့ သည်တခါ ထူးခြားသည်က အနှိပ်ခန်းအများမှာ သာမန်မဟုတ်။ လိင်ဖျော်ဖြေရာ ဌာနများ။ လာရောက်သူ အမျိုးသားများအတွက်ကလည်း ဒါက ပိုအဆင်ပြေသည်။ ယခင်ကကဲ့သို့ တကူးတက အမျိုးသမီးအဖော် လိုက်ရှာရန် မလိုတော့။ တည်းခိုခန်းလည်း သွားစရာမလို။ အနှိပ်ခန်း တဆက်ရှင်ခနှင့် နှိပ်ပေးသူ ကောင်မလေးကို မုန့်ဖိုး အနည်းအကျဉ်း ပေးလိုက်ရုံသာ ဖြစ်သည်။

သည်မှာပင် အနှိပ်ခန်းများ နာမည်ကြီးသထက် ကြီးလာသည်။ အနှိပ်ခန်း တခန်းတွင် နတ်သမီးလေးများက အနည်းဆုံး ၁၀ ယောက်ဝန်းကျင်တော့ ရှိတတ်သည်။ သြော် … မြေပေါ်သို့ မသက်သည့် ဘုံခုနစ်ဆင့် တိမ်ယံငွေနန်းမှ နတ်သမီးကလေးများ …..။ သူ အိမ်ပြန်ချင်ပြီမို့ အတွေးကို ဖြတ်ရင်း အခန်းထဲ ပြန်ဝင်ခဲ့သည်။ “သူတို့က နတ်တွေလေ အငွေ့ပဲစားတာ“ သူ့ကို ခုနက နှိပ်သည့် နတ်သမီးလေးက မကြားတကြား လှမ်းစလေသည်။ ''သည်မှာတော့ နတ်ဖြစ်တာပဲ ကောင်းပါတယ် ကောင်မလေးရယ်'' … သူ့စိတ်ထဲမှ ပြန်ပြောရင်း သူငယ်ချင်းများထံ ပြန်သွားသည်။ သူနှင့် လိုက်ပြန်မည့်သူ သိပ်မရှိ။ ကျန်သူငယ်ချင်းများက ညအိပ်ကြလိမ့်မည်။ မနိုင် ကို နှုတ်ဆက်ပြီး လပေါ်မှ မြေပေါ် ပြန်ရောက်တော့ မနက် ၃ နာရီ။ လ က သာမြဲ သာနေပါသည်။
--------------------------------

သူ စစ်တမ်းကောက်ပြီး ၃-၄ လ အကြာတွင် ကားဝပ်ရှော့တခု၌ အင်ဂျီအို အဖွဲ့တခုမှ ဝန်ထမ်းတယောက်နှင့် သွားဆုံသည်။ ကွန်ဒွန်များ ဝေငှနေခြင်း။ သူ့ကို ကမ်းပေးလိုက်သော လက်ကမ်းစာရွက်လေးကို ကြည့်ရင်း အေအိုင်ဒီအက်စ် ဖြစ်ပွားသူဦးရေ သူ့ နိုင်ငံတွင် မည်၍မည်မျှ ရှိသည်ကို သူ စုံစမ်းမိသည်။ အစိုးရ ထုတ်ပြန်ထားသော စာရင်းက ၃၈၅၀၀၀။ သို့သော် သူသိလိုသည်က တကယ့် အစစ်အမှန်။

ညနေဘက်တွင် နောက်သတင်း တခု ကြားရပြန်သည်။ သူ့ကားဆီ ထုတ်ရောင်းနေချိန် တွင်ဖြစ်သည်။ ဗိုလ်တထောင် ကားပွဲစားတန်း အဟောင်းနေရာတွင်၊ ထိုနေ့က သူ့ကားကို ဆီထုတ်နေကျ ချာတိတ်ဖြစ်သူကို မတွေ့။ အကိုဖြစ်သူ ဆုံးသွားသောကြောင့် ဆေးရုံသို့ လိုက်သွားသည်ဟု အခြားချာတိတ် တယောက်က ပြောသည်။ လွန်ခဲ့သော ခြောက်လလောက်ကတော့ အသည်းရောဂါ ဖြစ်နေသည်ဟု သူ သတင်းသဲ့သဲ့ ကြားခဲ့မိပါသည်။ ယခု ဆုံးသွားပြီတဲ့ ။ အသည်းက မြန်လှ ချည်လားကွ ဟု သူ မေးပြော ပြောမိတော့ သူ့ ကားကို ပိုက်ထိုးနေသော ချာတိတ်က “အေအိုင်ဒီအက်စ်ဝေဒနာဖြင့် ဆုံးပါးသွားသည်“ဟု ကြားကြောင်း သူ့ကိုပြန်ပြောသည်။ အေအိုင်ဒီအက်စ်တဲ့... သူ သက်ပြင်းချရင်း ရုတ်တရက်ကိုယ်တွေပူလာသလို ခံစားလိုက်ရသည်။
-------------------------------

“ရေလယ်ခေါင် သောင်ထွန်း နတ်သမီး နေတဲ့ကျွန်း” သူ ငယ်ငယ်က ဝှက်ခဲ့သော စကားထာ ကလေးကို သူ ပြန်သတိရသည်။ “ရေလယ်ခေါင် သောင်ထွန်း” တဲ့ ။ သည်စကားထာလေးကို သူ နေ့စဉ် မြင်တွေ့နေရသော နတ်သမီးလေးများနှင့် သူ ထင်ကြည့်ဟပ်ကြည့်သည်။ သူ နေထိုင်ရာ မြို့လယ်ခေါင်သည် သောင်တခု ဖြစ်ခဲ့ပြီလား …. အခြားနေရာများထက်တော့ သောင်သောင်သာသာ ရှိ၍ နတ်သမီးလေးများ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ နတ်သမီးလေးများအတွက် ဘဝလှိုင်းတံပိုးများ အကြားတွင် မနစ်မြုပ်ရန် ယာယီဖြစ်စေ ခေတ္တရပ်တည် နေရသည့်သောင်။ သည်သောင်ကကော ဘယ်လောက်ကြာကြာ ခံမည်လဲ ….။ တကယ်က သူတို့အားလုံးက သည်ခေတ်၊ သည်စနစ်၏ သားကောင်များ …

သူကကော …. သည်ခေတ်ကို ပြောင်းနိုင်ရန် သူ့တာ သူ့ဝန်ကို ဘယ်၍ဘယ်မျှ ထမ်းရွက်ခဲ့ပြီလဲ …..။ သူ စဉ်းစားရင်း ခေါင်းတို့ နောက်ကျိ ရီဝေလာသည်။ နတ်သမီးလေးများက သည်ခေတ် သည်စနစ်၏ ပြယုဂ်တခု၊ သူ့ပြည်သူ့ရွာ၏ ရုပ်ပုံလွှာတချပ် ဖြစ်နေသည်။ သည်ပန်းချီကားက စုတ်ချက် ကြမ်းလှပါလား။ သည်လိုပဲ သူ ခံစားမိသည်။ နတ်သမီးလေးများအတွက် အနာဂတ်ဟူသည် မရှိ။ မနက်ဖြန် ဆိုသည်မရှိ။ “အကိုကသာ ကွန်ဒွန် သုံးရဲ့လား မေးနေတာ။ တချို့ဖောက်သည်တွေက သုံးချင်တာ မဟုတ်ဘူး။ ညီမတို့လည်း ဘာတတ်နိုင်မှာလဲ။ မျက်စိ မှိတ်လိုက်ရတာပဲ” ကောင်မလေး၏ စကားသံက သူ့ထံ ပဲ့တင်ပြန်လာသည်။ သည်ခေတ် သည်စနစ်ကြီးအတွက် ပေးလိုက်ရသည့် တန်ဖိုးက မနည်းပါလား စိတ်ကူးယဉ်သည်ဟုပဲဆိုဆို …… သူ တင်စားခေါ်ဝေါ် မိခဲ့သော နတ်သမီးလေးများကို နောင်ဘဝတွင်တော့ တကယ့် နတ်သမီးကလေးများ သူ ဖြစ်စေလိုလှသည်။ နတ်တို့တွင် အစာနှင့် နေစရာ ရှာရန် မလိုအပ်ဟု သူ ဖတ်ဖူးမှတ်ဖူးခဲ့သောကြောင့် ဖြစ်ပါသည်။ ။

ညိုထက်ညို

Tuesday, 22 July 2008

ထွန်းလှစိန် (Mr Htun Hla Sein)

ဗဟန်းမြို့နယ် မဝတ ရုံးတွင် အလုပ် လုပ်သူ၊ ပြည်သူ အယောင်ဆောင် သတင်းပေး လူယုတ်မာ ထွန်းလှစိန်ဖြစ်ပါသည်။ ထွန်းလှစိန်သည် မဟာစည် သာသနာ့ရိပ်သာအနီးရှိ အောင်သစ္စာ ရပ်ကွက်တွင် နေထိုင်ကြောင်း သိရပါသည်။

ရန်ငါ စည်းပြတ်ခြင်း

ပြည်သူလူထုနှင့် အများသူငါကို အကြောက်တရားနှင့် နအဖမှ ဖိနှိပ်နိုင်ရန် နအဖ အလိုကျ ပြည်သူလူထုအား ဖိနှိပ်မှု မျိုးစုံ ပြုလုပ်နေသော လူစိတ်မရှိသော သူတစ်စု၏ မှတ်တမ်း ဓါတ်ပုံများ ဖြစ်ပါသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့ ၆၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပနေသော ပြည်သူလူထုအား ဒုက္ခပေးနိုင်ရန် ကြိုးပမ်းနေသော လူတစ်စုသာ ဖြစ်ပါသည်။ နောင် တချိန် တိုင်းပြည်တွင် တရားဥပေဒေ ပြန်လည် အသက်ဝင်လာသော အခါတွင် အဆိုပါ လူများ၏ အရှက်မရှိသော မျက်နှာများကို တရားရုံးတွင် မြင်တွေ့နိုင်ရန် မှတ်တမ်းတင်လိုက်ပါသည်။

ယခုလက်ရှိ အချိန်တွင်လည်း ပြည်သူလူထုမှ အဆိုပါ ပြည်သူ့ရန်သူများကို မိမိတို့ ပတ်ဝန်းကျင်တွင် လူရာ မသွင်းဘဲ ရှောင်ကျဉ်နိုင်စေရန် မှတ်တမ်းဖြစ်ပါသည်။

SPDC's dogs who took the photo of cilvilian at the front of NLD's HQ.



ဗြိတိန်နိုင်ငံတွင် ပထမ ဦးဆုံး မြန်မာ့ ဆိုင်းဝိုင်း အပြည့်အစုံနှင့် တင်ဆက်ကပြ ဖျော်ဖြေမည့် ဆိုင်ကလုန်းရံပုံငွေပွဲ


Monday, 21 July 2008

Magic Show has begun!

Does someone want to see the true magic of ASEAN?

Remark this Medai Release at below and Read the result of the ministerial meeting which is coming out soon. You will see amazing magic.

Asean can surely turn himself from Tiger into rabbit within a meeting. How amazing!

Nyan Win has chosen his way of retirement

It is clear that Nyan Win has decided to retire from his position as foreign minister in SPDC by saying those dangerous words at the front of press.

Myanmar Foreign Min Says Suu Kyi May Be Freed This Year-Kyodo


(From www.nasdaq.com)
SINGAPORE -(Dow Jones)- Myanmar Foreign Minister Nyan Win said here Sunday at an informal working dinner for ASEAN foreign ministers that opposition leader Aung San Suu Kyi could be freed from house arrest in about six months, Kyodo News reported.

Sunday, 20 July 2008

တလုပ်စားဖူး သူ့ကျေးဇူး

ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ကျေးဇူးတရားကို သိတတ်သူ၊ သူတပါး ပြုဖူးတဲ့ ကျေးဇူးကို အထူး နားလည်သူ၊ ကြီးသူကို ရိုသေသူ စတဲ့ ချစ်စရာ အလေ့အကျင့်တွေနဲ့ ပြည့်စုံသူတွေလို့ သတ်မှတ်ထားကြပါတယ်။

လူဆိုတာကလည်း ကိုယ့်သမိုင်း၊ ကိုယ့်ရာဇဝင်နဲ့ ကိုယ့်ကိုကိုယ် လေးစားမှ အခြားလူတွေကလည်း ကိုယ့်ကိုပြန်ပြီး လေးစားမယ်ဆိုတာ စာပေတွေထဲ ဖတ်မှတ်ဖူးပြီး၊ လောက နိယာမ နဲ့လည်း ကိုက်ညီပါတယ်။

စကားပုံတွေကလည်း တလုပ်စားဖူး သူ့ကျေးဇူးတဲ့။

မြန်မာနိုင်ငံမှာ မြန့်မာ့ လွတ်လပ်ရေးအတွက် အရယူပေးလိုက်တဲ့ အာဇာနည်ကြီးတွေရဲ့ ကျေးဇူးတွေကို ဘယ်လို တုန့်ပြန်မှာလဲ။ မတုန့်ပြန်နိုင်၊ ပြန်လည် မပေးဆပ်နိုင်တာတောင်မှ မမေ့မလျော့ သတိရနေတယ်ဆိုတာ ပြသင့်ပါတယ်။ ဒါကြောင့်အာဇာနည်နေ့မှာ အလံကို တိုင်တဝက် လျော့ချပြီး ဝမ်းနည်းကြောင်းနဲ့ ကျေးဇူးကို သတိရကြောင်း ပြသကြတာပါ။

ကဲ ... အောက်က ပုံကတော့ အာဇာနည်နေမှာ ကိုယ့်သိက္ခာ ကိုယ်မစောင့်၊ ကျေးဇူး မသိတတ်တဲ့ လုပ်ရပ်လို့ ပြောလို့ ရနိုင်မလား။ နိုင်ငံတကာ အလည်မှာ ရှက်ဖို့လည်း ကောင်းသလို၊ ကိုယ့်တန်ဖိုး ကိုယ် မထားတတ်တဲ့ လူတွေကို သတ်မှတ်ခဲ့ရပါတယ်။ UK နိုင်ငံ မြန်မာသံရုံးက အလံတိုင်ကို အာဇာနည်နေ့မှာ မြင်ရတဲ့ မြင်ကွင်းပါ။ မြန်မာလူမျိုးတွေရဲ့ ကျေးဇူးသိတတ်မှုဟာ ဒါများလား ခင်ဗျာ။

Saturday, 19 July 2008

အာဇာနည်နေ့ တို့မမေ့




သခင်အောင်ဆန်း တရား
ဇော်ဂျီ

ငါ့ညီ ပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏ သားငယ်၊ မင့် သက်လှယ်ကို
အဘယ်တရား ဟောမည်နည်း။

ဆန်း၏ သတ္တိ
ဆန်း၏ သမာဓိ၊ ဆန်း၏ ပညာ
ဟောစရာကား၊ အလွန်များ၏
မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင်
လူငယ် အောင်ဆန်း၊ သူ့ အစွမ်းကို
ပန်းကောင်းတပွင့်၊ ပန်ဆင်တင့်သို့
မင့်သား သိစေချင်လှ၏။

သူ့ အစွမ်းကား၊ အခြားမဟုတ်
အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ
မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ်
ဗန်းပြအလှ၊ ပကာသနကို
ပြာကျ လောင်မြိုက်၊ သူ မီးတိုက်၏
ခေတ်လိုက်ခါညီ၊ ခေတ်မီပညာ
ကြုံရာဘ၀၊ မျှတလုံလောက်၊ ခံမြို့ဆောက်၏
ထိုနောက် တဆင့်၊ မိုးထိလွင့်အောင်
ရိုးကျင့် မြင့်ကြံ၊ သူ့အလံတည့်
ပျံတလူလူ၊ သူထူခဲ့ကြောင်း
ခေါင်းဆောင် သဘော
မင့် သားချောကို
ပြောလိုက်ပါဘိ ဟောပါဘိ။ ။

ဇော်ဂျီ
လမ်းစဉ်သတင်း၊ အတွဲ ၂၊ အမှတ် ၁၄ (၁၅၊ ၇၊ ၁၉၆၆)




ဗိုလ်ချုပ်အောင်ဆန်း၏ အာဇာနည်လုပ်ရပ်
“နိုင်ငံရေးဆိုတာ အင်မတန် မွန်မြတ်သန့်စင်ပြီး၊ သူတော်ကောင်းတွေမှသာ လုပ်နိုင်တဲ့ အလုပ်ဖြစ်တယ်။ တကယ် လုပ်နိုင်မယ်ဆိုရင် အင်မတန်မှ ကုသိုလ်ရတဲ့ အလုပ် တစ်ခုဖြစ်ပါတယ်။” ဆိုပြီး စကားပြောတဲ့ မိုက်ကို ယူပြီး ပြောလိုက်ချိန်မှာ ပတ်ဝန်းကျင်က ပုရစ် အော်သံတွေကို ပြန်ကြားရလောက်အောင်ကို တိတ်ဆိတ်သွားတော့တယ်။
................................................
အဲဒီ စကားကို စကားပြောစက်ယူပြီး ပြောလိုက်သူကတော့ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းဆိုတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။ ကိုအောင်ဆန်းရဲ့ထူးခြားတဲ့ ပြောစရာတွင်လောက်တဲ့ လုပ်ရပ်တွေထဲက တစ်ခုပါပဲ။ ထူးဆန်းရတဲ့ အကြောင်းအရင်းကတော့ ..

မြန်မာနိုင်ငံ အင်္ဂလိပ် လက်အောက်ကျရောက်ချိန် သာမန်စကားဝိုင်း ပုံစံနဲ့ နိုင်ငံရေးရာအကြောင်းတွေကို မပြောတဲ့ ဧည့်ခံပွဲတစ်ခုမှာ ဘုရင်ခံကသူပြောတဲ့ မိန့်ခွန်းတွေထဲမှာ နိုင်ငံရေးဆိုတာ အင်မတန် ညစ်ပတ်တယ် ဆိုတဲ့အကြောင်းနဲ့ သူကိုယ်တိုင်ကလည်း သိပေမယ့် အခြေအနေအရ စိတ်မပါပေမယ့် တာဝန်ထမ်းဆောင်နေရကြောင်း၊ ညစ်ပတ်တဲ့ ကစားပွဲကို မတတ်သာပေမယ့် ကစားနေရကြောင်းကို ထည့်ပြောသွားပါတယ်။

ဘုရင်ခံ စကားပြောပြီးနောက် ဘာမှ မပြောမဆိုပဲ သခင် အောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း) က စင်ပေါ်တတ်ပြီး၊ ခုန ပြောသွားတဲ့ စကားတွေထဲမှာ နိုင်ငံရေးဆိုတာ ညစ်ပတ်တယ်ဆိုတာကို လုံးဝ သဘောမတူကြောင်းနဲ့ ..... နိုင်ငံရေးဟာ ညစ်ပတ်တာ မဟုတ်ဘဲ၊ နိုင်ငံရေးကို လုပ်နေတဲ့ လူတွေက ညစ်ပတ်တာကြောင့် နိုင်ငံရေးဟာ ညစ်ပတ်ရကြောင်း။ နိုင်ငံရေးဆိုတာ အင်မတန် မွန်မြတ်သန့်စင်ပြီး၊ သူတော်ကောင်းတွေမှသာ လုပ်နိုင်တဲ့ အလုပ်ဖြစ်တယ်။ တကယ် လုပ်နိုင်မယ်ဆိုရင် အင်မတန်မှ ကုသိုလ်ရတဲ့ အလုပ် တစ်ခုဖြစ်ပါတယ် ဆိုတာကိုပြောသွားတာပါ။ အဲဒီနောက် တခန်းလုံး တိတ်ဆိတ်သွားပြီး ဘာပြောရမှန်မသိအောင် ဆွံအ သလို ဖြစ်သွားတော့တယ်။ တကယ်ဆိုရင် စကားပြောဖို့ ဖိတ်ကြားထားခြင်း မရှိဘဲ အခုလို တတ်ပြောတာဟာ ရိုင်းသလို ဖြစ်နေပါတယ်။ (ဆရာ ဒဂုန်တာရာရေးတဲ့ အောင်ဆန်း သို့မဟုတ် အရိုင်း ဆိုတာ အဲဒီလို ကိစ္စတွေကို ထည့်တွက်မယ်ထင်ပါတယ်။)

အခြား မြန်မာပြည်က လူကြီးတွေလည်း ရှိနေတဲ့ အပြင် ဘုရင်ခံ တစ်ယောက်က ပြောတာကို အခုလို တတ်ပြီး ကန့်ကွက်လိုက်ရာမှာ အားလုံးက ဘာပြောရမှန်းမသိ ကြောင်နေကြပါတယ်။ ခဏတာ တိတ်ဆိတ်သွားပြီးမှ ပထမဦးဆုံး လက်ခုပ် ထ တီးသူကတော့ ဘုရင်ခံ ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ အဲဒီတော့မှ အားလုံး ဖြောင်းဖြောင်းနဲ့ လက်ခုပ်ဝိုင်းတီးကြပါတယ်။ ဘုရင်ခံကလည်း ခုန ကိုအောင်ဆန်းပြောသွားတာ မှန်ကြောင်း ဝန်ခံပြောဆိုလိုက်ပါတယ်။

အဲဒီလို ငယ်ရွယ်စဉ် အချိန်ကပင် မှန်တာကို ပြောဆိုရဲပြီး၊ တိုင်းပြည်နဲ့ လူမျိုးအပါအဝင် မိမိယုံကြည်ချက်အတွက် လုပ်သင့်တာကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်ခဲ့သော ကိုအောင်ဆန်း၊ သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်း သာဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၄င်း လုပ်ရပ် တစ်ခုကို အတုယူစရာ ပြန်လည်ရေးမိရင်း အာဇာနည်နေ့မှာ ကျဆုံးသွားတဲ့ အာဇာနည်ကြီးတွေရဲ့ ကျေးဇူးကို အောင့်မေ့တသ ဝမ်းနည်းစွာ ရှိခိုး အလေးပြုလိုက်ပါတယ်။

(ဒီနေရာမှာ အတုယူစရာ အခြား တခုကလည်း ဘုရင်ခံက အဲဒီလို နေရာမှာ ငါ့ကို အရှက်ခွဲတယ် ဆိုပြီး ပြဿနာ မရှာဘဲ၊ လူကြီးလူကောင်းဆန်ဆန် မှန်တဲ့ဘက်က ပြန်လည် ထောက်ခံပေးတယ်ဆိုတာပါပဲ။ အခု နအဖနဲ့သာဆို ထောင် ၇ နှစ်ဆိုတာ အဲဒီနေရာမှာ ကြမ်းခင်းဈေးပါပဲ။)

လေးစားစွာဖြင့်
ကိုထိုက်
(P.S .. အထက်ပါ ဇာတ်လမ်းလေးကို ကျွန်တော်၏ ရင်းနှီးသော မိတ်ဆွေ(အစ်ကို) တစ်ယောက်မှ ပြန်လည်ပြောပြသည်ကို အဆင်ပြေအောင် စကားပြေရေးလိုက်ခြင်း ဖြစ်ပါတယ်။ ဖတ်၍ မကောင်းခြင်းနှင့် အမှားအယွင်းပါခြင်းမှာ ကျွန်တော်၏ ညံ့ဖျင်းမှု ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်သိက္ခာကို မညှိုးနွမ်းစေချင်သောဆန္ဒဖြင့် ရေးသားခြင်း သက်သက်သာဖြစ်ပါသည်။)

Friday, 18 July 2008

Announcement on the 2010 Elections


Announcement on the 2010 Elections

(Unofficial Translation)

(1) With the aim of emergence of democratic system in Burma, the people of Burma effectively toppled the single-party dictatorship in 1988. However, the military generals took control of the state power on 18 September 1988 and since then they are ruling the country with the name of SLORC (later SPDC) [State Law and Order Restoration Council (later State Peace and Development Council)], aggressively oppressing the people, and trying to transform the military dictatorship to a legal government.

(2) In the statement (1/88) issued by the SLORC (SPDC), the generals stated that “the military takes over the country’s sovereign power to carry out the four major tasks”, and that “holding a multi-party general election will be their last task”. The SLORC successfully held the multi-party general elections on 27 May 1990 and therefore, the military has completed its last task dutifully.

(3) The Election Commission acknowledged that the National League for Democracy (NLD) party won a landslide victory with securing 82% of the parliamentary seats. The Commander-in-Chief of the armed forces also said on 30 May 1990 that “this election was actually free and fair.” In her speech on 2 July 1999, Daw Aung San Suu Kyi clearly said that “until and unless the 1990 election result is implemented, we have no reason to think about the next election”. Without implementing the 1990 election result according to the existing laws, new elections should not be carried out. If do so, it will not be free and fair.

(4) Therefore, we, Members of Parliament elected from the 1990 elections, will not recognize and accept the 2010 election, and will not contest in that election. We clearly announce that we continue to try to solve the problems in Burma by means of political dialogue and for emergence of a democratic government, as wished by the people of Burma.

Date: 18 July 2008

(1) Members of Committee Representing the Peoples’ Parliament
(2) Members of Parliament
(3) Members of States and Divisions Organizing Committee

Thursday, 17 July 2008

အပြည်ပြည်ဆိုင်ရာ တရားရုံးနှင့် ကျွန်တော့်အမြင်

ကျွန်တော် လွန်ခဲ့တဲ့ ရက်ပိုင်းက ရေးခဲ့တဲ့ ပို့စ်တစ်ခုမှာ ဒမြ၊ မုဒိန်း၊ လူသတ်၊ မူးယစ်ဆေးဝါးနဲ့ မကောင်းတာ အကုန်လုပ်နေတဲ့ သန်းရွှေတို့ အုပ်စုကို တရားစွဲမယ့် ကိစ္စနဲ့ ပက်သက်ပြီး နည်းနည်းရေးခဲ့ပါတယ်။ အဲဒီ အခါမှာ သဘောထား အမြင်လွဲနေတာတွေကို ကျွန်တော်တွေ့ခဲ့ရပါတယ်။ အဲဒါကတော့ ကျွန်တော်က အဲဒီလုပ်ရပ်ကို မထောက်ခံဘဲ သန်းရွှေတို့ လူသိုက်ကို တရားစွဲတာ မလုပ်ချင်ဘူးလို့ အဓိပ္ပါယ် ထွက်သွားသလို ဖြစ်လာပါတယ်။ ကျွန်တော် အရေးအသား စကားလုံး သုံးတာနည်းနည်းလိုသွားပြီး မပြည့်မစုံ ဖြစ်သွားတယ်ဆိုတာ ဝန်ခံပါတယ်။

သန်းရွှေတို့ အုပ်စုကို နိုင်ငံတကာမှာ တရားစွဲဖို့ လုပ်တာကို ကျွန်တော် အပြည့်အဝ ထောက်ခံပါတယ်။

ဒါပေမယ့် ကျွန်တော် ဆိုလိုချင်ခဲ့တာကတော့ နိုင်ငံတကာ ခုံရုံးမှာ တင်ပြီး တရားစွဲတာသည် ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီ၊ တရားမျှတမှုနဲ့ လူ့အခွင့်အရေးတွေကို ရယူပေးနိုင်တဲ့ အဖြေ မဟုတ်ပါဘူး။ ကိုယ့်လွတ်မြောက်ရေးအတွက် ကိုယ့်ဘာသာ တိုက်ယူရမယ်၊ လုပ်ဆောင်ရမယ် ဆိုတာကိုသာ ဦးတည်ပြောဆိုချင်တာပါ။

ပြည်သူတွေကို အဲဒီ အပြည်ပြည်ဆိုင်ရာ တရားရုံးကနေ လွတ်မြောက်ရေးကို အရယူပေးနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်တွေကို မျှော်လင့်မနေမိစေဖို့နဲ့ မျှော်လင့်ချက် အမှားတွေကို ပြည်သူတွေ မရစေလိုတဲ့အတွက် ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ တရားစွဲတယ်ဆိုတာ လုပ်ဆောင်ရမယ့် လုပ်ရပ်တွေထဲက အလုပ် တစ်ခု ဖြစ်တာကြောင့် လုံးဝ ထောက်ခံပါတယ်။ လိုအပ်တာရှိရင် ဘယ်နေရာက ကူညီရပါလေ့စေ၊ ကျွန်တော် ကြိုးစားကူညီ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

သို့သော် အဲဒီတရားရုံးကိစ္စသည် နောက်ဆုံးပိတ် အဖြေမဟုတ်ဘူးဆိုတာကို အားလုံး သတိပြုမိစေလိုပါတယ်ခင်ဗျာ။

ပြည်သူတွေက မျှော့်ချက် အမှားတွေကို မျှော်လင့်ရင်း၊ မျှော်လင့်ထားသလိုဖြစ်မလာတဲ့အခါ အားအင်တွေ ယုတ်လျော့သွားတာကို မဖြစ်စေချင်ပါဘူး။ လုပ်ဆောင်ရမယ့် အလုပ်တွေကို လုပ်သင့်တာထက် ကျော်လွန်တဲ့ နေရာမှာ ပန်းတိုင်အဖြစ် သတ်မှတ်ထားပြီး အလုပ် တစ်ခုပြီးအောင် လုပ်ဆောင်မှသာ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်တယ်ဆိုရုံပဲ ရောက်မယ်လို့ ထင်ပါတယ်။

ဒါကြောင့် ပြတ်သားပွင့်လင်းစွာနဲ့ တရားစွဲမယ့် ကိစ္စကို အပြည့်အဝ ထောက်ခံကာ၊ လုပ်ဆောင်စရာတွေ တတ်သလောက် ဝိုင်းဝန်းလုပ်ဆောင်ပေးမှာဖြစ်ပြီး၊ ..... ပြည်သူလူထုကို အဆိုပါ တရားစွဲခြင်းသည် လိုချင်တဲ့ အဖြေကို ပေးနိုင်မှာ မဟုတ်သေးဘူး၊ ဆက်လက်ကာ နည်းမျိုးစုံနဲ့ တိုက်ပွဲဝင်နေရမယ်ဆိုတာကို တတ်နိုင်သလောက် နှိုးဆော်ပေးနေမှာ ဖြစ်ပါတယ်။

လေးစားစွာဖြင့်
ကိုထိုက်

Generation Wave ၏ တော်လှန်ရေး အမြင် (သို့) မြန်မာ့တော်လှန်ရေး Road Map

မြန်မာပြည်သူပြည်သားတိုင်းရင်းသားညီအကိုမောင်နှမများခင်ဗျား

ဒီမိုကရေစီတော်လှန်ရေးကြီးအောင်မြင်နိုင်ဖို့ အတွက်ကျွန်တော်အကြံပြုတင်ပြချင်တာလေး

တွေရှိလို့ ဒီစာလေးနဲ့ ပြောပါရစေ။

လက်ရှိအနေအထား

လက်ရှိအချိန်မှာ…လူထုလှုပ်ရှားမှုများဖော်ဆောင်ရန်အခွင့်အလမ်းအလွန်နည်းပါးလျက်ရှိပြီး

နအဖ ဘက်မှ NLD ပါတီကိုတောင် ရုံးတွင်းမ၀င်ယုံတမယ်ရိုင်းပြစော်ကားသည်အထိ…

ဖိနှိပ်မှုအရှိန်မြင့်လာနေပါတယ်။ပြီးတော့လည်း…လတ်တလောကာလတွေမှာမုန်တိုင်းဒဏ်သင့်

ဒုက္ခသည်တွေကိုကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ပေးနေတဲ့…လူမှုရေးတက်ကြွသူတွေနဲ့ 

အတူ ကျောင်းသားခေါင်းဆောင်ဟောင်းတွေ…မျိုးဆက်သစ်ခေါင်းဆောင်တွေကိုလည်းအဆက်မပြတ် ဖမ်းဆီးနေတာအားလုံးအသိပါ…သဘောကတော့ဗျာ..နိုင်ငံရေးတင်ဖိနှိပ်ရတာအားမရလို့ 

လူမှုရေးပါထပ်ဖိတာပါပဲ… လူမှုရေးလှုပ်ရှားမှုတွေကနေ…နိုင်ငံရေးအသိစိတ်တွေနိုးကြားလာမှာ

ကြောက်လို့ ကြိုကာထားတာကိုတော့အားလုံးသိပြီးသားဖြစ်မှာပါ…

ဒါတွေအပြင်စစ်တပ်ထဲမှာ အဆင့်မြင့်ခေါင်းဆောင်တွေ ရာထူးအပြောင်းအလဲလုပ်ပြီး…

နိုင်ငံရေးထဲဝင်လာတော့မယ့်အရိပ်ယောင်တွေမြင်နေရပါတယ်…

ခုတိုင်းပြည်မှာလက်ရှိဖြစ်နေတာက…ဖွဲ့ စည်းပုံဥပဒေ..မတရားအတည်ပြုထားတယ်…

နိုင်ငံရေးလူမှုရေးခေါင်းဆောင်တွေတင်မက…ပတ်သက်သမျှလူတွေအားလုံး…

၃၀မ်းကွဲသူငယ်ချင်းတောင်မကျန်စေရအောင်လိုက်ဖမ်းတယ်…

အသစ်အသစ်သောအဖွဲ့ ငယ်တွေကိုလည်းမျက်ခြေမပြတ်ထောက်လှမ်းနေတယ်…

ခုကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ရန်သူပဲပြောပြော…တော်လှန်နေရတဲ့ဖိနှိပ်သူပဲဆိုဆို..

ဒီနအဖဆိုတာကြီးက ပြည်သူ့ တပ်မတော်ကိုအရေခြုံပြီး.လက်နက်အင်အား..လူသူအင်အား

နည်းပညာအင်အား…ငွေကြေးနဲ့ သယံဇာတရင်းမြစ်အင်အားတွေအလုံးအရင်းကို

နှစ်ပေါင်းများစွာစနစ်တကျ အဓမ္မနည်းမျိုးစုံနဲ့ စုဆောင်းဖွဲ့ စည်းထားတဲ့စစ်အုပ်စုကြီးပါ..

နောက်ပြီးသူ့ အဖွဲ့ အစည်းတွေထဲမှာရော လူထုရဲ့ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုထဲမှာပါ..

အကြောက်တရားဆိုတာကြီးကိုအနာဆိုးကြီးလိုအမြစ်တွယ်နေအောင်အုတ်မြစ်ချရိုက်

သွင်းထားပါသေးတယ်။အဲဒါတင်လားဆိုတော့မဟုတ်ပြန်ပါဘူး။ မကြောက်တရား(သတ္တိ)ရဲ့ 

ပင်မရေသောက်သောက်မြစ်ဖြစ်တဲ့ အသိဥာဏ်တွေရနိုင်တဲ့ပညာရေးစနစ်ကိုလည်း

ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးထားပါသေးတယ်…

ဒီတော့ကျွန်တော်တို့ လုပ်စရာဘာကျန်ဦးမလဲ…စဉ်းစားဖို့ လိုနေပါပြီ။ တိုက်ပွဲကအီနေပြီ…

လမ်းကြောင်းပျောက်နေပြီ။သူ့ ဘက်ကတဆင့်ပြီးတဆင့်တက်လာနေပါပြီ။ဆိုတော့

ခုကျွန်တော်တို့ လုပ်နိုင်တာတွေကိုရှာဖွေဖို့ အခြေအနေတွေကိုပြန်သုံးသပ်

ကြည့်ကြရအောင်ဗျာ။

သူ့ ဘက်ကလုပ်ခဲ့တာတွေ

ဒီစစ်အုပ်စုရဲ့ လုပ်ဆောင်ချက်တွေကိုသေချာပြန်ကြည့်ရင်သူတို့ ဟာဒီလုပ်ရပ်တွေကို

ဗရမ်းပတာလျှောက်လုပ်နေတာမဟုတ်နိုင်ပါဘူး…နအဖဆိုတာဖြစ်လာကတည်းက

ဗိုလ်သန်းရွှေဟာ တကယ့်ကိုထိရောက်တဲ့လက်နက်အသစ်တွေသူ့ ဘက်မှာ

တပ်ဆင်လာပါတယ်။ဒီပုဂ္ဂိုလ်ကြီးကိုစစ်သားသက်သက်၊လူရမ်းကားကြီးလို့ တွက်လိုက်ရင်

ကျွန်တော်တို့ မှားပါလိမ့်မယ်။အင်မတန်အမြော်အမြင်ကြီးပါတယ်..မကောင်းတဲ့စိတ်

အာဏာရူးတဲ့စိတ်ကတပိုင်းပေါ့လေ။ သူကသူ့ အင်အားကို လက်နက်ကိုင်တပ်ဖွဲ့ တွေမှာ

တင်ဖြည့်ဆည်းထားတာမဟုတ်ပါဘူး။ကျွန်တော်တို့ နှစ်ပေါင်းများစွာပြောနေသုံးနေတဲ့

အကြမ်းမဖက်နည်းလမ်းတွေအတွက်လည်းလက်နက်အပြည့်တပ်ဆင်ထားပါတယ်။

လူလူချင်းရှုးတိုက်ဖို့ လည်းကြံဖွံအမှူးပြုတဲ့အဖွဲ့ တွေလည်းအမျိုးမျိုးဖွဲ့ စည်း

ထားပါသေးတယ်။

ဒီနေရာမှာကြံဖွံကိုဘယ်လိုဖွဲ့ စည်းထားလည်းဆိုတာအကြမ်းဖြင်းလေးပြောချင်ပါတယ်။

ကြံ့ဖွံဆိုတာပြည်သူ့ ဝန်ထမ်းအများစုပါဝင်ပါတယ်။ကျောင်းသားနဲ့ အရပ်သားတွေလည်း

အမျိုးမျိုးပါဝင်ပါတယ်။ဒီလူတွေကိုသူစည်းရုံးပုံကသင်းပါတယ်။

လူမှုရေးအဖွဲ့ လို့ ပထမအမည်ခံပါတယ်။ဒုတိယကမ၀င်ရင်ဘာဖြစ်မယ်ညာဖြစ်မယ်

ဆိုပြီးမသိမသာခြောက်ပါတယ်။တတိယကတော့လူ့ သဘာဝရဲ့ အရေးကြီးဆုံး

သော့ချက်ဖြစ်တဲ့လောဘကိုကစားလိုက်ပါတယ်။ဝင်ရင်ဘာရမယ်ညာရမယ်ဆိုတာပါ။

(၀င်လာအောင်ခြိမ်းချောက်မှုတွေလုပ်ထားတယ်)

(မက်လုံးပေးပြီးစည်းရုံးသိမ်းသွင်းတဲ့နည်းကတစ်မျိုးနဲခြိမ်းချောက်ပြီးအကြပ်ကိုင်တဲ့နည်း

ကတစ်ဖုံ၊ ဒီနှစ်မျိုးနဲလူအင်အားရအောင်ယူထားပါတယ်)

ရာထူး.ငွေကြေး.အခွင့်အရေးမျိုးစုံထုတ်ရင်းလိုက်တာနောက်ဆုံးကျောင်းသားငယ်လေး

တွေကိုတောင်မှ.စာမေးပွဲအမှတ်နဲ သင်တန်းတွေနဲ့မြှားခေါ်သွားတဲ့အထိပါပဲ။

မေးခွန်းတခုရှိလာတာကခုချိန်မှာ..ကြံဖွံ့ ..စွမ်းအားရှင်အစရှိတဲ့အရပ်ဝတ်

လက်ကိုင်တုတ်တွေနဲ့ ယူနီဖောင်းဝတ်လက်နက်ကိုင်စစ်တပ်ဘယ်ဟာကပိုအားကြီးပြီး

ဘယ်ဟာကကျွန်တော်တို့ အတွက်အန္တရာယ်ပိုများလည်းဆိုတာပါ။

ကျွန်တော့်အဖြေကိုပြောကြည့်ပါမယ်။လူဦးရေအင်အားအရကိုပဲအရပ်သားအဖွဲ့ 

တွေကအင်အားပိုများပါတယ်။

ပြီးတဲ့အခါ ကျွန်တော်တို့ အနီးအနားမှာတင်ကျွန်တော်တို့ မသိရပဲ ကျွန်တော်တို့ နဲ့ 

အတူရှိနေပြီးကျွန်တော်တို့ ရဲ့ လှုပ်ရှားမှုတွေကိုစောင့်ကြည့်သတင်းပေး၊

နောက်ဆုံးစက်တင်ဘာမှာဆို အတူတူဆန္ဒပြနေရင်းကနေကိုယ့်ကိုထရိုက်တဲ့အထိ

ကောင်းကောင်းဒုက္ခပေးသွားတာလည်းဒီလက်နက်မဲ့…လူယောင်ဆောင်အဖွဲ့ ဝင်တွေပါပဲ။

ကဲကြည့်ကြပါဦးဗျာ။မောင်သန်းရွှေကဘယ်မှာသေနတ်တချက်ဖောက်သွားလို့ တုန်း

ဒီအင်အားတွေရလာအောင်။ ဒါဟာလည်းပြောရရင်အကြမ်းမဖက်နည်းလမ်းကိုသုံးသွားတာ

ပါပဲ။ကောင်းခြင်းမကောင်းခြင်းကတော့ထားလိုက်ပါတော့ဗျာ။ဆိုလိုချင်တာက စစ်အုပ်ဟာ

တိုင်းပြည်ကိုနည်းလမ်းပေါင်းစုံးသုံးပြီးချုပ်ကိုင်ဖို့ ကြိုးစာနေတယ်ဆိုတာရယ်၊

အကြမ်းမဖက်လူထုတော်လှန်ရေးရဲ့ စွမ်းအားကြီးမားပုံကိုသိလို့ ကြောက်လို့ တန်ပြန်

တော်လှန်ရေးအင်အားစုကိုကြိုတင်တည်ဆောက်ထားတာရယ်ကိုပါ။

တော်လှန်ရေးများအကြောင်း ခွပ်ဒေါင်းလည်ပြန်

သူ့ အပိုင်းပြီးတော့ကိုယ့်အပိုင်းပေါ့ဗျာ။ကျွန်တော်ကတော့ကျွန်တော်မြင်တာကို

ပွင့်ပွင့်လင်းလင်းပဲပြောတတ်ပါတယ်။မှားတာပါခဲ့ရင်လည်းညွှန်ပြပေးကြဖို့

ဝေဖန်ပြုပြင်ပေးကြဖို့ အနူးအညွတ်တောင်းဆိုချင်ပါတယ်။

ကျွန်တော်တို့ ပြည်သူတွေဟာမြန်မာပြည်ရဲ့ သမိုင်းတလျှောက်လုံးတော်လှန်ရေးအမျိုးမျိုးကို

ဆင်နွှဲခဲ့ရတာရာစုနှစ်ချီကြာခဲ့ပါပြီ။ဒီတော်လှန်ရေးတွေထဲမှာ အောင်မြင်ခဲ့တယ်လို့ 

ယူဆလို့ ရတာတွေရှိခဲ့သလို၊မအောင်မြင်ခဲ့တာတွေနဲ့ လက်ရှိမအောင်မြင်သေးတဲ့

တော်လှန်ရေးကြီးကိုလည်းဆင်နွှဲနေရဆဲပါ။အောင်မြင်တယ်လို့ ပြောလို့ ရတဲ့

တော်လှန်ရေးတွေပြောရရင်အင်္ဂလိပ်နယ်ချဲ့ နဲ့ ဖက်ဆစ်ဂျပန်ကိုမောင်းထုတ်နိုင်ခဲ့တဲ့

နယ်ချဲ့ တော်လှန်ရေးကြီးတွေရှိပါတယ်။ဒီနေရာမှာလည်း အင်္ဂလိပ်တွေစ၀င်ကတည်းက

ဗိုလ်မင်းရောင်တို့ …ဗိုလ်မြတ်ထွန်းတို့ နောက်ဆရာစံတို့ လိုပုဂ္ဂိုလ်ကြီးတွေဦးဆောင်ခဲ့တဲ့

လက်နက်ကိုင်တော်လှန်ရေးတွေကစတင်ခဲ့ပါတယ်။ဒါပေမယ့်နယ်ချဲ့ ကိုမောင်းထုတ်နိုင်တဲ့

အထိမအောင်မြင်ခဲ့ကြပါဘူး။ဟိုကကမ္ဘာပတ်ပြီးစစ်တိုက်စားနေတဲ့ကောင်တွေကို

ကျွန်တော်တို့ က၀ါးရင်းတုတ်နဲ့ ဆောင်ဓါးနဲ့ ဒူးလေးနဲ့ အန်တုခဲ့ကြတာပါ။

အင်မတန်လေးစားစရာသတ္တိတွေပါ။ဒါပေမယ့်ရန်သူ့ အားနည်းချက်နဲ့ အံမ၀င်ခဲ့ပါဘူး။

ဘယ်အချိန်မှာနယ်ချဲ့ ကိုထိတ်လန့် စေခဲ့သလဲဆိုတော့၊ကျွန်တော့်အမြင်ပြောရရင်၊

၁၃၀၀ပြည့်အရေးတော်ပုံအကြမ်းမဖက်လူထုတိုက်ပွဲကြီးပေါ်လာတဲ့အချိန်လို့ ဆိုချင်ပါတယ်။

ဒီအရေးတော်ပုန်ကြီးရဲ့  ရလဒ်တွေကနေ ၁၉၃၈နောက်ပိုင်းကာလတလျောက်လုံးမှာ

အမျိုးသားရေးလှုပ်ရှားမှုတွေဆက်တိုက်ဖော်ဆောင်လာနိုင်ခဲ့ပြီး၊တော်လှန်ရေးစိတ်ဓါတ်

သန္ဓေသားကိုလည်းဖွံဖြိုးကြီးထွားလာစေခဲ့ပါတယ်။

နောက်ဆုံးအင်္ဂလိပ်အစိုးရကိုမောင်းထုတ်နိုင်ခဲ့တဲ့အထိပါပဲ။

နောက်တခုကကြမ်းကြုတ်ရက်စက်တဲ့ဖက်ဆစ်ဂျပန်ကိုတော်လှန်ခဲ့တဲ့တော်လှန်ရေးပါ။

ဒီပွဲမှာလည်းကျွန်တော်တို့ မရှုံးခဲ့ပါဘူး။ဒါပေမယ့်နိုင်ခဲ့လားဆိုတာတော့ကျွန်တော့်အမြင်မှာ

မသေချာပါဘူး။ဖက်ဆစ်ဂျပန်ကိုကျွန်တော်တို့ ဘိုးဘေးတွေတိုက်ထုတ်ခဲ့တဲ့နည်းကတော့

လက်နက်ကိုင်နည်းပါပဲ။ဒီနေရာမှာသေချာပြန်တွက်ကြည့်ရင်စဉ်းစားစရာတွေအများကြီးပါ။

ပထမအချက်က ဖက်ဆစ်ဂျပန်တွေဟာအဲဒီအချိန်မှာရင်ဆိုင်နေရတာကျွန်တော်တို့ မြန်မာ

ပြည်တခုတည်းမဟုတ်ပါဘူး။ဒုတိယတခုကသူ့ ရဲ့ မဟာမိတ်တွေဖြစ်တဲ့နာဇီဂျာမနီနဲ့ 

အီတလီတို့ လည်းဥရောပမှာမရှူနိုင်မကယ်နိုင်ဖြစ်နေချိန်ပါ။တတိယတခုကကျွန်တော်တို့ က

ကိုယ့်တိုင်းပြည်အရေးမို့ အသက်စွန့် တိုက်ကြသလိုအနောက်မဟာမိတ်တွေကလည်း

ကမ္ဘာ့ရန်သူမို့ အားသွန်ခွန်စိုက်လိုက်ပါဆင်နွှဲကြလို့ ပါ။ကျွန်တော်တို့ ချည်းဆိုနိုင်ပါ့မလား

ဆိုတာတော့ကျွန်တော်ကသံသယရှိနေဆဲပါ။(ပြီးတဲ့အခါလွတ်လပ်ရေးရပြီးနောက်ပိုင်း

လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ အများကြီးရှိခဲ့တဲ့ နိုင်ငံတို့ ရဲ့ ထုံးစံပဲလား

ပူပူနွေးနွေးဂျပန်သွေးမြည်းခဲ့ရလို့ ပဲအကျင့်ပါသွားလာမသိပါဘူး။ကိုယ့်တိုင်းရင်းသားချင်း

နားလည်မှုလွဲကြတာကိုလည်း လည်ပင်းဖက်မဆွေးနွေးပဲကျွန်တော်တို့ တွေ

ညီအကိုချင်းတုတ်တပျက်ဓါးတပျက်ရှင်းခဲ့ကြလို့ အပျက်အပျက်နဲ့  နှာခေါင်းတင်မက

တကိုယ်လုံးသွေးထွက်ပြီးရင်နာစရာတွေဖြစ်ခဲ့ရတာလည်းခုထိမပြေလည်သေးပါဘူး။)

ဒါကနောက်ကြောင်းပြန်ကြည့်တာပါ။ဒီနေ့ ခေတ်လို့ ပြောရမယ် ၁၉၈၈ လူထုအရေးတော်ပုံ

ကြီးကိုပြန်ကြည့်ရင်လည်းအကြမ်းမဖက်အံတုမှုတွေနဲ့ တော်လှန်ခဲ့ကြပြီးအတိုင်းအတာတခုထိ

ကျွန်တော်တို့ နိုင်ခဲ့ကြတာလို့ ပြောရမှာပါပဲ။ တောင်ကုန်းကို အလံမစိုက်နိုင်ခဲ့တာကတော့

လိုအပ်ချက်တွေရှိခဲ့လို့ ဖြစ်မှာပါ။ တဖက်လူကိုအပြစ်ပြောလို့ ရမယ်မထင်ပါဘူး။

သူတို့ ကလည်းသူတို့ တည်မြဲရေးကိုရတဲ့နည်းနဲ့ လုပ်မှာပါပဲ။

အဲဒီတုန်းကအသာစီးရခဲ့လျက်နဲ့ စစ်အာဏာရှင်ဇာတ်မသိမ်းနိုင်ခဲ့တာဘာလို့ လဲဆိုတဲ့

မေးခွန်းဟာဒီနေ့ ခေတ်၂၁ရာစုမျိုးဆက်တွေရဲ့ ခေါင်းထဲမှာရိုက်ခတ်နေပြီဖြစ်ပြီး၊

အဲဒီအချိန်ကဦးဆောင်ခဲ့တဲ့တိုက်ပွဲခေါင်းဆောင်တွေကိုအဖြေတောင်းလာနိုင်စရာလည်းရှိပါတယ်။

လိုအပ်ခဲ့မယ်ထင်တဲ့ ဟာကွက်တချို့ 

နိုင်ငံရေးသမားပဲဆိုဆိုတော်လှန်ရေးသမားပဲပြောပြော ကျွန်တော်တို့ အင်အားစုတွေဟာ

အာဏာရှင်စနစ်တိုက်ဖျက်ရေးအကြောင်းစဉ်းစားတိုင်းမှာလူထုအင်အားကိုအခြေခံစဉ်းစား

ကြပါတယ်။ပြီးတဲ့အခါနောက်တဆင့်ကလူထုအင်အားနဲ့ အကြမ်းမဖက်လှုပ်ရှားမှုတွေ

ဖော်ထုတ်ပြီးတတိုင်းပြည်လုံးအုံကြွတော်လှန်ရေးဆိုတာကိုစဉ်းစားခဲ့ကြတာအမြဲပါပဲ။

ဒါဟာလည်းသဘာဝကျတဲ့လက်တွေ့ ဖြစ်နိုင်ခြေနဲ့ အနီးစပ်ဆုံး စဉ်းစားချက်ပါပဲ။

ဒီစဉ်းစားချက်နဲ့ ပဲလူထုတိုက်ပွဲကြီးငယ်တွေပေါ်ပေါက်ခဲ့ပြီး အရေးနိမ့်မှုတွေ

ကြုံလာတဲ့အခါမှာတော့လူထုတရပ်လုံးမပါဝင်သေးလို့ ၊လူထုကအကြောက်တရားကြီးမား

လွန်းလို့ ၊ဖိနှိပ်မှုကပြင်းထန်လွန်းလို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ရှေ့ မဆက်နိုင် ဖြစ်ခဲ့ကြရတာလည်းအကြိမ်မနည်းတော့ပါဘူး။လူထုပါဝင်သင့်သလောက်မပါဝင်ခြင်းရဲ့ 

အကြောင်းရင်းကိုဆန်းစစ်တိုင်းမှာကျွန်တော်တို့ စဉ်းစားချက်တွေက သမားရိုးကျ

ဆန်လွန်းနေတယ်ထင်ပါတယ်။

လူထုကကြောက်တယ်ဆိုတာမှန်ပါတယ်။မြန်မာပြည်ကလူထုတင်မဟုတ်ပါဘူး။

ကျွန်တော်တို့ လူသားအားလုံး ကြောက်တတ်ကြတာပါပဲ။ဒါကိုအငြင်းပွားနေစရာမရှိဘူး

လို့ ထင်ပါတယ်။ဒါဆိုရင်ကြောက်တတ်တဲ့ပြည်သူလူထုကြီးက ဘာလို့ လမ်းမတွေပေါ်မှာ

လှံစွပ်တွေသေနတ်တွေကိုရင်ဆိုင်ခဲ့ကြတာလဲ၊ကျန်တဲ့ဘေးကလူတွေကျပြန်တော့

ဘာလို့ မပါဝင်ကြတာလဲဆိုတဲ့မေးခွန်းတွေထွက်လာမှာပါ။ကျွန်တော်မြင်တာကိုပြောပါမယ်။

လူဟာသဘာဝအရကြောက်တတ်တယ်။လူ့ သဘာဝအရကြောက်တတ်တာကိုမကြောက်ပါနဲ့ 

ထွက်ချပါလို့ ပြောရင်ကျွန်တော်တို့ ကိုအရူးလို့ ပဲပြန်ပြောမှာပါ။ဒါပေမယ့်

ဘယ်လောက်ပဲကြောက်ကြောက် ကြောက်ရမှန်းမသိတဲ့အခါမျိုးနဲ့ မဖြစ်မနေရင်ဆိုင်

ရတော့မယ်လို့ ထင်လာတဲ့အခါမျိုး(သူသေကိုယ်သေအနေအထားရောက်လာတဲ့အခါမျိုး)

မှာတော့လူဟာအကြောက်တရားနေရာမှာသတ္တိဖြစ်ဖြစ် မိုက်ရူးရဲစိတ်ဖြစ်ဖြစ် အရှုံးမပေးလိုတဲ့

ဇောဟာ ၀င်လာတတ်ပါတယ်။အဲဒီစိတ်နဲ့ ပဲတဖက်က အင်အားကြီးမားတဲ့ရန်သူကို နိုင်ခြေရှုံးခြေ

မသိပဲတွန်းလှန်လိုက်မိတော့တာပါပဲ။ ဒီလိုပြောတဲ့အခါ တော်လှန်ရေးကြီးတွေအပေါ်

အထင်သေးတယ်မြင်သွားမှာလည်းစိုးရိမ်ပါတယ်။ဒါပေမယ့်သေချာတွေးကြည့်ကြ

စေချင်ပါတယ်။ကျွန်တော်တို့ ကိုယ်တိုင်မျက်ဝါးထင်ထင်ပါဝင်ကြုံတွေ့ ခဲ့ရတဲ့ စက်တင်ဘာ

ရွှေဝါရောင်တော်လှန်ရေးကြီးကိုသုံးသပ်ကြည့်ပါမယ်။လူထုဟာလောင်စာဆီ ဈေးမြင့်တက်မှုကြောင့်ဘေးကျပ်နံကျပ်ကာလတခုကိုရုတ်တရက်ရင်ဆိုင်ခဲ့ရပါတယ်။

ဒီအချိန်မှာတော်လှန်ရေးအတွက်အစဆွဲထုတ်ဖို့ စောင့်နေတဲ့ခေါင်းဆောင်

များဟာ တိုက်ပွဲကိုစခေါ်လိုက်ပါတော့တယ်။လူထုကလည်း ကျပ်တည်းမှုရဲ့ တွန်းအား

ကြောင့်အလိုက်သင့်ပါလာပါတယ်။စခဲတဲ့ခေါင်းဆောင်တွေအဖမ်းခံလိုက်ရတဲ့အချိန်မှာ၊

ကျန်ရှိနေကြတဲ့ခေါင်းဆောင်တွေကတာဝန်ကျေကျေဆက်လက်ဦးဆောင်ကြပါတယ်။

လူထုဟာအရှိန်ငယ်လေးတခုရလာပါတယ်။အဲဒီအချိန်ထိကျွန်တော်မြင်မိတာကလူထုဟာ

ရိုးရိုးတန်းတန်းပဲလောင်စာဆီဈေးများကျလိုကျငြားနဲ့ လိုက်ခဲ့ကြတာထင်ပါတယ်။

ပြီးတဲ့အခါမျှော်လင့်မထားတဲ့သံဃာထုရဲ့ ပါဝင်လာမှုနဲ့ ပခုက္ကူ

အဖြစ်အပျက်ရဲ့ လှုပ်နှိုးလိုက်မှု၊သံဃာအင်အားကြီးရဲ့ ရုတ်တရက်ဘွားကနဲပေါ်ထွက်လာမှု

တို့ ကြောင့်ပြည်သူတွေလည်းအပြုံဝင်ချလာပါတော့တယ်။သံဃာ့လှုပ်ရှားမှုဟာပင်မ

တပ်ဦးကြီးဖြစ်လာပြီးလူထုရဲ့ စိတ်လှုပ်ရှားမှုဟာအတိုင်းအမသိကြီးထွားသွားပါတယ်။

ဒီအချိန်မှာကျွန်တော်တို့ တွေးစရာဖြစ်လာတာက လမ်းမပေါ်ကလူထုရဲ့ မျှော်လင့်ချက်

အောင်ပွဲကဘာလဲဆိုတာပါပဲ။ဒီနေရာမှာကျွန်တော့်ကိုယ်တွေ့ လေးနဲ့ ရှင်းပြပါရစေ။

ရွှေဝါရောင်လမ်းမကြီးပေါ်မှာ

အခြားသောလူသိန်းပေါင်းများစွာဟာဘာကိုအိပ်မက်ခဲ့ကြသလဲမသိပေမယ့်ကျွန်တော်

သေချာသိခဲ့တာတော့၊ကျွန်တော်ဘာမှမသိခဲ့ဘူးဆိုတာပါပဲ။ဟုတ်ပါတယ်။

ကျွန်တော်အမှန်အတိုင်းဝန်ခံတာပါ။ ကျွန်တော့်မျက်လုံးထဲမှာမြင်ခဲ့တာကသံဃာတော်တွေ၊

ကျောပိုးအိတ်လွယ်ထားတဲ့၊ဘောင်းဘီတိုဝတ်ကျောင်းသားလူငယ်တွေ၊ပြည်သူတွေရဲ့ 

မျက်နှာတွေနဲ့ သူတို့ မျက်လုံးတွေထဲကတစုံတရာစိတ်အားထက်သန်မှုတွေပါပဲ။ဒီလိုလုပ်လို့ 

လောင်စာဆီဈေးနှုန်းတွေကျသွားမယ်လို့ မထင်ခဲ့သလို၊ဒါဟာတော်လှန်ရေးကြီးဆိုတာလဲ

မသိခဲ့ပါဘူး။ကျွန်တော်တို့ အလွန်ကိုရိုးစင်းစွာပဲလမ်းလျှောက်ထွက်ခဲ့ရုံသက်သက်ပါ။လမ်းရဲ့ 

အဆုံးမှာရှိနေတဲ့ ချောက်ကမ်းပါးကြီးကိုလည်းမသိခဲ့မမြင်ခဲ့ပါဘူး။ကျွန်တော့်အတွက်တော့

တကယ့်ကိုခြေဦးတည့်ရာနေ့ ရက်တွေပါ။ဒီတိုက်ပွဲကြီးရဲ့ နောက်ကွယ်မှာတစုံတခုသော

ရည်ရွယ်ချက်ကြီးနဲ့ ဦးဆောင်လှုပ်ရှားနေတဲ့ သူတွေရှိနေလိမ့်မယ်လို့ လည်းအတိအကျ

မသိခဲ့သလိုဘယ်သူကမှလည်းကျွန်တော်တို့ ကိုတကူးတကဖိတ်ခေါ်ခဲ့တာလည်း

မဟုတ်ပါဘူး။အာဏာရှင်ကိုဖြုတ်ချဖို့ အထိတိုက်ပွဲဝင်နေတာလို့ လည်းမသိခဲ့ဘူး။

လမ်းဘေးဝဲယာမှာကင်မရာတွေကိုင်လိုက်ပြီးဓါတ်ပုံတဖျတ်ဖျတ်ရိုက်နေကြတာလည်း

ကျွန်တော်တို့ မရှောင်လွှဲခဲ့ပါဘူး။မသိဘူးလေကျွန်တော်တို့ လမ်းလျှောက်ရုံလျှောက်နေတာ

ပဲ။ဓါတ်ပုံထဲပါလို့ လည်းဘာဖြစ်မှာမို့ လဲ။ပြန်တွေးကြည့်မိတော့ငိုရမလိုရယ်ရမလိုပါပဲ။

ကျွန်တော်တို့ လိုလျှောက်နေကြတဲ့သူတွေဘက်ကဘယ်သွားနေလဲကိုယ့်ဟာကိုယ်

မသိသလို၊ကျွန်တော်တို့ ဘေးနားကကပ်ပြီးအလုပ်သွားနေကြတဲ့သူတွေ၊မောင်းနှင်နေတဲ့

ကားပေါ်ကလူတွေကလည်းကျွန်တော်တို့ ဘာအတွက်လုပ်နေမှန်းသိတဲ့ပုံမပေါ်ပါဘူး။

အံသြမှုနဲ့ လူစုလူဝေးကိုမြင်ရလို့ ဖြစ်တဲ့စိတ်လှုပ်ရှားမှုတွေပဲသူတို့ မျက်နှာမှာရှိနေပါတယ်။

ဒီလူတွေနဲ့ သံဃာတွေဘာအတွက်ဘယ်ကိုသွားနေတယ်ဆိုတာသူတို့ နားမလည်နိုင်ကြတာ

အမှန်ပါ။ ဒီတော့သူတို့ လည်းကျွန်တော်တို့ နဲ့ အတူဒီလမ်းပေါ်ကိုလိုက်မလာကြဘူးပေါ့။

အရမ်းကိုရိုးစင်းလွန်းပါတယ်။

”ကျွန်တော်တို့ ဘာအတွက်ဒီလမ်းပေါ်ရောက်နေတာလဲ။ဒီလမ်းကကျွန်တော်တို့ ကိုဘယ်နေရာ

ဆီသယ်ဆောင်သွားမှာလဲ။ကျွန်တော်တို့ လမ်းဆုံးတဲ့အခါဘာရမှာလဲ။

ဘာကိုလိုချင်ခဲ့ကြတာလဲ”

ဖြစ်ပျက်ပုံကိုကွင်းကွင်းကွက်ကွက်မြင်ကြစေချင်လို့ ။ခံစားချက်တွေကိုပါသေချာရေးပြ

လိုက်တာပါ။အဓိကပြောပြချင်တာကတိုင်းပြည်ရဲ့ အင်မတန်ကြီးမားတဲ့အပြောင်းအလဲအချိုး

အကွေ့ တခုကိုဖန်တီးခဲ့တယ်ဆိုတဲ့တော်လှန်ရေးတိုက်ပွဲကြီး၊အဆုံးမှာစနစ်တကျလက်နက်

အပြည့်နဲ့ ချေမှုန်းဖြိုခွင်းဖို့ စောင့်နေတဲ့အာဏာရှင်ရဲ့ ခံတွင်းဝဆီဦးတည်နေတဲ့လမ်းမကြီး

ပေါ်ကျွန်တော်တို့ မှာဘာလက်နက်၊လမ်းညွှန်မြေပုံ၊ပန်းတိုင် တခုမှမပါပဲမျက်စိမှိတ်ချီတက်ခဲ့

ကြတာပါပဲ။ ပြည်သူလူထုရဲ အနေအထားကိုတချက်လောက်သေသေချာချာစာနာ

သုံးသပ်ကြည့်ပေးကြပါခင်ဗျာ။စစ်မြေပြင်ပေါ်မှာရှိတဲ့စစ်သားတိုင်းမှာလက်နက်ကိုယ်စီ

ရှိဖို့ လိုတာ၊ခဲယမ်းမီးကျောက်လုံလောက်အောင်ဆောင်ထားရမှာလူတိုင်းသိပါတယ်။

ဒါတွေအပြင်လိုက်နာရမယ့်ညွှန်ကြားချက်အမိန့် ၊ယူရမယ့်အကာအကွယ်။

ပြီးတော့စနစ်တကျစီးဆင်းလာနေတဲ့ဗျူဟာ၊သမ်းပိုက်ရမယ့်ပန်းတိုင်တောင်ကုန်း၊

အချိန်နာရီ၊အခြေအနေမကောင်းရင်ဆုတ်ခွာရမယ့်လမ်းကြောင်း၊အများကြီးပါပဲ။ဒါတောင်

သူမှာလည်းသေနတ်ကိုယ့်မှာလည်းသေနတ်နှစ်ဖက်အင်အားတူရင်ဆိုင်ကြရမယ့်တိုက်ပွဲ

မှာလိုတဲ့အရာတွေပါ။ကျွန်တော်တို့ က အကြမ်းမဖက်ရေးကအလုပ်မဖြစ်ပါဘူးလို့ 

သုံးသပ်ကြတာက၊ဘယ်လောက်အထိများစနစ်တကျအကောင်အထည်ဖော်ခဲ့ဆို

တဲ့မေးခွန်းနဲ့ ပဲရင်ဆိုင်ရမှာပါ။နောက်တခုကပြည်သူတွေကိုကြောက်တယ်လို့ ပြောရအောင်

ဘယ်သူကများငါတို့ ကိုဘာလက်နက်တပ်ပေးခဲ့လို့ လဲလို့ မေးလာကြပါလိမ့်မယ်။

လက်နက်နဲ့ ဗျူဟာမပါပဲဘယ်သူမှတိုက်ပွဲဝင်လို့ မရပါဘူး။ပြီးတော့လက်နက်ဆိုတာက

လည်းဗိုလ်တွေဆီမှာပဲရှိနေလို့ မရပါဘူး။တိုက်ပွဲမှာပါဝင်သမျှလူတိုင်းမှာရှိမှဖြစ်တာပါ။

ကျွန်တော်တို့ တိုက်ပွဲတွေမှာပြည်သူတွေကိုဘာလက်နက်တွေပေးခဲ့လဲစဉ်းစားစရာပါ။

ကျွန်တော်တို့ ရွေးစရာ ပညာလက်နက်

ကျွန်တော်တို့ မှာအာဏာရှင်ကိုတော်လှန်ဖို့ ရာသေနတ်တွေမပိုင်ပါဘူး။ပိုင်ဖို့ လည်းမလွယ်

ပါဘူး။ဒါဆိုရွေးစရာကရှင်းပါတယ်။အကြမ်းမဖက်အံတုမှုဆိုတဲ့နည်းလမ်းပါပဲ။ဒါလည်း

မြန်မာပြည်သူတော်တော်များများကြားဖူးပြီးသားပါ။ခုဆိုကလေးတွေတောင်သိနေမလားပဲ။

ဒါပေမယ့်ခက်တာကအဲဒီအကြမ်းမဖက်အံတုမှုဆိုတာကြီးကိုလက်နက်လို့ မမြင်ကြတာရယ်။

ဒီလက်နက်ကြီးကိုဘယ်လိုမောင်းတင်၊ဘယ်လိုချိန်ပြီးဘယ်နေရာကိုဘယ်အချိန်မှာခလုပ်ဆွဲ

ပစ်ချရမယ်ဆိုတာသိခွင့်မရကြတာပဲ။ပြီးတော့လူတွေတိုင်းမှာအဲဒီလက်နက်ရှိတဲ့အကြောင်းက

အများစုကြီးသေချာယုံကြည်လာအောင်အလေးအနက်မပြောပြနိုင်ခဲ့ကြဘူးထင်ပါတယ်။

နောက်ထပ်အင်အားပြင်းတဲ့လက်နက်တခုကကိုယ့်မှာရှိတဲ့အကြမ်းမဖက်အံတုရင်ဆိုင်

နိုင်စွမ်းနဲ့ အပြောင်းအလဲတွေဖန်တီးနိုင်တယ်ဆိုတာကိုခိုင်ခိုင်မာမာအခြေပြုတဲ့

ယုံကြည်ချက်ပါပဲ။ ဒါကိုလည်းပြည်သူလက်ထဲရောက်အောင်မပို့ နိုင်ခဲ့ကြပါဘူး။

ပြောချင်တာက၅၄သန်းသောပြည်သူတွေလက်ထဲလူတိုင်းလက်ထဲအကုန်ရောက်အောင်

ပို့ ဖို့ မဟုတ်ပါဘူး။၃၀ရာခိုင်နှုန်းလောက်ဆီရောက်ရင်ပဲတော်လှန်ရေးအတွက်

ကောင်းကောင်းလုံလောက်ပါပြီ။ဘာလို့ လဲဆိုတော့အကြမ်းမဖက်နည်းနာတွေကသေနတ်လို

တယောက်ပဲသုံးလို့ ရပြီးအခြားသူတွေဆီပွားပေးလို့ မရတဲ့ပစ္စည်းမဟုတ်ပါဘူး။

ယုံကြည်ချက်ရော၊အကြမ်းမဖက်တော်လှန်ရေးနည်းနာတွေပါလူတယောက်က

နေအခြားသူတွေဆီတိုက်ပွဲထဲမှာအလွယ်တကူဖြန့် ဝေသွားလို့ ရပါတယ်။ဒါပေမယ့်လူတ

သောင်းကိုရှေ့ကဦးဆောင်တဲ့လူ၅၀လောက်ဆီမှာပဲ ဒီအသိတွေရှိနေလို့ မရပါဘူး။

လူတိုင်းနီးပါကိုအကြမ်းမဖက် နည်းနာတွေနဲ့ ယုံကြည်ချက်ဆိုတဲ့

အတွေးအခေါ်လက်နက်တွေတပ်ဆင်ပေးဖို့ လိုနေပါပြီ။

ဒီလောက်ဆိုကျွန်တော်တို့ လုပ်ဆောင်သင့်တဲ့အရာတွေကိုကောက်ချက်ဆွဲလို့ ရနိုင်ပြီ

ထင်ပါတယ်။

ရွှေရောင်အိပ်မက်သစ်ဆီ အတူတူ ချီတက်ကြဖို့လမ်း

၁။ အာဏာရှင်စနစ်ကိုဖယ်ရှားပြီးဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ဖို့  ကျွန်တော်တို့ 

မှာရွေးချယ်စရာတလမ်းပဲရှိပါတယ်။လူထုအင်အားနဲ့ အကြမ်းမဖက်တော်လှန်တိုက်ပွဲဝင်

ဖို့ ပါပဲ။(ဒါကိုသံသယမရှိကြစေချင်ပါဘူး။နိုင်ငံပေါင်းများစွာမှာအောင်မြင်ခဲ့သလို၊

မြန်မာပြည်မှာလည်း၊ ၈၈တုန်းကဒီနည်းမျိုးနဲ့ ပန်းတိုင်ကိုလက်တလုံးအလိုထိ

ရောက်ခဲ့ပါတယ်)

၂။ဒီအကြမ်းမဖက်တော်လှန်ရေးအတွေးအခေါ်နည်းနာတွေရဲ့ စွမ်းပကားနဲ့ 

အာဏာရှင်စနစ်ကိုတော်လှန်ဖယ်ရှားနိုင်ကြောင်းပြည်သူရဲ့  ၁၀ ကနေ ၃၀ရာခိုင်နှုန်းထိ

နားလည်လက်ခံလာဖို့ အတွေးအခေါ်တွေကျွန်တော်တို့ ဖြန့်ဝေရပါမယ်။

(ဖြန့်ဝေတဲ့နေရာမှာလည်း ဗျူဟာတွေ၊မြေပုံညွှန်းတွေ၊

ပစ်မှတ်နဲ့ ၊အချိန်ကာလစည်းချက်တွေစနစ်တကျပါဝင်ဖို့ လိုပါတယ်)

၃။ဒီအာဏာရှင်စနစ်ကိုဖယ်ရှားပြောင်းလဲရာမှာအမိန့် ပေးဗဟိုချက်ကိုသာအလဲထိုး

ရမှာဖြစ်ပြီး၊နာခံမှုတွေစီးဆင်းရာဒေါက်တိုင်များကိုကျွန်တော်တို့ နဲ့ ကင်းကွာမသွားအောင်

ဆွဲဆောင်စည်းရုံးရမှာဖြစ်ပါတယ်။ကျွန်တော်တို့ ရဲ့ မနက်ဖြန်နိုင်ငံတော်မှာ လက်ရှိ

တပ်မတော်သားတွေ၊ ကြံခိုင်ရေးအဖွဲ့ ဝင်ဟောင်းတွေ၊စွမ်းအားရှင်ဖြစ်ခဲ့ဖူးသူတွေ

နဲ့ ပြည်သူအားလုံးအတူတကွလက်တွဲနေထိုင်ရဦးမှာဆိုတာလူတိုင်းမြင်မှာပါ။

သူတို့ သိအောင်လည်းပြောပြရပါမယ်။(သန်းရွှေကကျွန်တော်တို့ ပြည်သူတွေအချင်းချင်း

ကို ဒီအကွက်နဲ့ သွေးခွဲပြီးကစားနေတာပါ။)

၎။ကျွန်တော်တို့ ရဲ့ ပန်းတိုင်ဟာ တနိုင်ငံလုံးကရဟန်းရှင်လူတိုင်းရင်းသားပြည်သူအားလုံး

ရဲ့ ပန်းတိုင်နဲ့ တထပ်တည်းဖြစ်ဖို့ လိုပါတယ်။လက်ရှိပြည်သူတွေအဓိကလိုအပ်နေတဲ့

စားဝတ်နေရေးပြေလည်ရေး၊ပညာရေးစနစ်ကောင်းမွန်ရေး၊လူနေမှုအဆင့်မြင့်မားရေး

ဆိုရင်လူတိုင်းအတွက်လက်လှမ်းမီနိုင်ပြီးပြောင်းလဲမှုဆီချီတက်ဖို့ လုံလောက်တဲ့

အကြောင်းတရားတခုဖြစ်နေပါပြီ။

(အလုပ်သမားကြီးတွေနဲ့ လယ်တောထဲက တောင်သူဦးကြီးတွေ ရပ်ကွက်ထဲကလူတွေ

နဲ့ ပြည်သူ့ ဝန်ထမ်းတွေ၊တပ်မတော်သားတွေ အားလုံးအတူတူလိုချင်တာအလုပ်အကိုင်

အခွင့်အလမ်းသစ်တွေ၊သင့်တင့်မျှတတဲ့ဝင်ငွေနဲ့ တရားမျှတမှုရှိတဲ့အုပ်ချုပ်ရေးစနစ်တခုပါပဲ)

၅။သန်းရွှေရဲ့ အာဏာရှင်စနစ်ပျက်သုဉ်းသွားတဲ့အခါ၊အမှတ်၎က အချက်တွေကိုကျွန်တော်

တို့ ဖြည့်ဆီးပေးနိုင်ကြောင်းပြည်သူတွေယုံကြည်နိုင်တဲ့ကတိက၀တ်ကိုပေးနိုင်ဖို့ ကို

ကြိုးစားဖို့ လိုပါမယ်။အဲဒီလိုဖြစ်ဖို့ အတွက်လက်တွေ့ လုပ်ဆောင်နိုင်မဲ့ယာယီအစိုးရတရပ်ကို

ဘယ်လိုသူတွေနဲ့ ဖွဲ့ စည်းမလဲဆိုတာလည်းအကြမ်းဖျင်းကြိုတင်စဉ်းစားထားသင့်ပြီး

တတိုင်းပြည်လုံးကိုလည်းအသိပေးထားသင့်တယ်ထင်ပါတယ်။

(ဒါကကျွန်တော်တို့ ဖွဲ့ စည်းရမယ့်အာဏာရှင်အလွန်အုပ်ချုပ်ရေးက အာမခံရမယ့်ကိစ္စဖြစ်ပြီး

ဗိုလ်ချုပ်သန်းရွှေမှအပလက်ရှိအာဏာပိုင်များနဲ့ ဒီမိုကရေစီအင်အားစုအားလုံးညှိနှိုင်းဆွေးနွေးပြီး

ညီညွတ်မျှတစွာအတူတကွလက်တွဲတာဝန်ယူသင့်တယ်လို့ ထင်ပါတယ်။)

ဒီအချက်တွေကိုကျွန်တော်တို့ အားလုံးယုံကြည်စွာလက်တွဲအကောင်အထည်ဖော်နိုင်

ကြရင်ဖြင့်ပြည်သူအားလုံးအတွက်မနက်ဖြန်အကောင်းစားတခုကိုထုဆစ်နိုင်မယ်လို့ 

ယုံကြည်ပါကြောင်းနှင့်လူငယ်အင်အားစုများမှစတင်ကြိုးပမ်းနေကြပြီဖြစ်ကြောင်းသတင်း

ကောင်းပါးယင်း…တော်လှန်ရေးညီအကိုမောင်နှမများကိုလည်းအားဖြည့်ကူညီပေးကြဖို့ 

လေးလေးနက်နက်တောင်းဆိုလိုက်ရပါကြောင်း………….

မျိုးဆက်သစ်တော်လှန်ရေးအင်အားစုများကိုယ်စား

မိုဃ်းသွေး

Generation Wave

“ကမ္ဘာ့သမိုင်းအဆက်ဆက်ကိုပြောင်းလဲစေခဲ့တာ ယုံကြည်ချက်၊ပညာဥာဏ်နဲ့ အတွေးအခေါ်သစ်တွေပါ”



download this letter in PDF file

ဖာ နိုင်ငံ ဖြစ်နေသော မြန်မာပြည်

လက်ရှိ အချိန်မြန်မာနိုင်ငံမှာ ဘယ်လိုမှ ရှောင်လွှဲမရတာတွေကတော့ စတင်ဖြစ်လာနေပါပြီ။ သြဂုတ်လ လောင်စာဆီဈေး အဆ မတန် တက်ပြီးနောက်ပိုင်း ဖြစ်လာခဲ့တဲ့ နောက်ဆက်တွဲတွေပါပဲ။ မှန်းထားတာထက် နည်းနည်းစောပြီး အဲဒီအရာတွေ ဖြစ်လာတာကတော့ ဆိုင်ကလုန်း နာဂစ်က တွန်းအားတွေ ပေးလိုက်လို့ပါပဲ။ အော် ... ရှောင်လွှဲလို့ မရတာ ဘာတွေလဲဆိုတာ မပြောရသေးဘူး၊ ရှောင်လွှဲလို့ မရတာကတော့ ဆင်းရဲမွဲတေမှုနဲ့ နောက်ဆက်တွဲတွေပါပဲ။ ကျွန်တော် လွန်ခဲ့တဲ့ ၇ လ လောက်က ရေးဖူးခဲ့ပါတယ်။ ဒီလင့်မှာပါ။ (ရှောင်လွှဲလို့ မရနိုင်တဲ့ မြန်မာ့ရှေ့ရေး)

တိုင်းပြည်မှာ အရင်က မကြားရတဲ့ ငါးလောင်းပြိုင် လူသတ်မှု၊ ဘဏ်ဒမြ တိုက်ခံရမှု(သင်္ကန်းကျွန်းက ဘဏ်တစ်ခုတွင် ဖြစ်ပါသည်။ မှတ်ထားသော link မရှိ၍ သတင်းအတိအကျ link မပေးနိုင်တာ ခွင့်လွှတ်ပါ။) အမျိုးသမီးဆံပင် အရှည်တွေ ရောင်းစားရန် ဆံပင် ဖြတ်ခံရမှု၊ (တကယ်ကတော့ ဝမ်းနည်းစရာပါ၊ တကယ့် အမှန်သတင်းမှာ ဆံပင်တွေကို ကားစီးရင်း ဖြတ်ခံရတယ်ဆိုတာထက် .. ကိုယ့်ဘာသာ ဖြတ်ရောင်းစားခဲ့ပြီး မိန်းကလေး ဖြစ်တာကြောင့် ပြောရမှာ ရှက်လို့ ဖြတ်ခံရတယ်လို့ ပြောကြခြင်းသာ ဖြစ်ပါတယ်။)

အခြား အသေးအမွှား လုယက်မှု၊ ခိုးမှုတွေက မေ့မရတဲ့ သမိုင်းမှတ်တိုင် ဖြစ်တဲ့၂၀၀၇ စက်တင်ဘာ သံဃာ့သွေးမြေကျပွဲအပြီးမှာ ပိုများလာတာကို နီးစပ်ရာ ရဲစခန်းမှတ်တမ်းတွေမှာတင် ဖတ်ခွင့်ရရင် သိနိုင်ပါတယ်။ ဒါတောင် ကူညီပါရစေ ဆိုတဲ့ ပြည်သူ့ ရဲ ကြီးတွေက သေချာ အလုပ် မလုပ်ထားတဲ့ မှတ်တမ်းတွေပါ။ အပြည့်အစုံကတော့ ဒီထက် ပိုများနိုင်ပါတယ်။

အခုလည်း ကမာရွတ် ရဲစခန်းအနီးမှာ ပစ္စည်းယူ လူသတ်မှု တဲ့။
နောက်တခါ ဘဏ်ကို ဖောက်ထွင်းမှုတဲ့။ သတင်းအပြည့်အစုံက ဒီမှာပါ။

ကဲ ပြည်သူတွေနဲ့ တိုင်းပြည်ကို ကောင်းအောင် လုပ်နေပါတယ်ဆိုတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ ဘာတွေ ဆက်လုပ်ကြမှာလဲ။ အောက်ခြေတပ်သားတွေ အနေနဲ့ကရော ဘယ်လောက် အထိတောင့်ခံနိုင်ကြမှာလဲ။

ကျွန်တော်တို့ တိုင်းပြည်ကြီးက ဘယ်လမ်းကို အမှတ်တကယ် ဦးတည်သွားနေပြီလဲ။ နောက်ထပ် ဘယ်လို ဒုစရိုက်မှုတွေ ဖြစ်လာမှာလဲ၊ အမျိုးကောင်းသမီးတွေ ပြည့်တန်ဆာ ဘဝ ရောက်လာတာ အခု လပိုင်းမှာ ပိုများနေတာကို သတင်းတွေအရ သိရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလို တိုင်းပြည်ကြီးက ဖာ နိုင်ငံ ဖြစ်နေပါပြီ။ ဖာ နိုင်ငံဆိုလို့ မြန်မာတွေ ဖာ အလုပ် လုပ်တယ်ဆိုတာကို ဗိုလ်ချုပ်အောင်ဆန်းက ဆိုလိုတာ မဟုတ်ခဲ့ပါဘူး။

တိုင်းပြည်ကြီးကို ဟိုနိုင်ငံက လုပ်ချင်တာ လုပ်လိုက်၊ ဒီနိုင်ငံက လုပ်ချင်ရာ လုပ်လိုက်နဲ့၊ ... ရွှေမြန်မာ နိုင်ငံကြီး ဖာ လုံးလုံး ဖြစ်နေတာကို ဆိုလိုတာပါ။

တရုတ်က လုပ်ချင်ရာ လုပ်လိုက်၊ အိန္ဒိယက လုပ်လိုက်၊ ရုရှားက ဆော်လိုက်၊ အာဆီယံက ဝင်နွာလိုက်၊ စစ်ဗိုလ်ချုပ်ကြီးတွေက စိတ်ကူးတည့်ရာ လုပ်လိုက်နဲ့ ရွှေမြန်မာ ဖာ နိုင်ငံကြီးကို လုံးလုံးဖြစ်နေပါပြီ ဗိုလ်ချုပ်အောင်ဆန်းရေလို့သာ အော်ပြီး ငိုချင်တော့တယ်။

ဒီလို အဖြစ်ဆိုးတွေကို ကာကွယ်ဖို့ မတတ်နိုင်တော့တဲ့ အခြေအနေကို တိုင်းပြည်က လုံးဝ ဆိုက်ရောက် သွားပါပြီ။ အခုအချိန်မှာ တိုင်းရင်းသား မြန်မာနိုင်ငံသား လူထုအားလုံး ရန် ငါ စည်းခြားပြီး ရန်သူကို ရန်သူလို ပြက်ပြက်သားသား သတ်မှတ်ပြီး တိုက်ခိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ပြောင်းလဲလာနိုး စည်းရုံးရေးက အလုပ် မဖြစ်ပါဘူး။ သူတို့ ဖန်တီးပေးတဲ့ ကစားကွက်ထဲ ဝင်ကစားရင်း ပြောင်းလဲမယ် ဆိုတာလည်း စိတ်ကူးယဉ် အလုပ်ပါပဲ။ အနှစ် (၂၀) အတွေ့အကြုံက သင်ပေးထားပြီးတာကို သတိရကြပါ။

အမြန်ဆုံးနည်းနဲ့ တိုင်းပြည်ကို မသမာသူ လူယုတ်မာ သန်းရွှေ ဦးဆောင်တဲ့ သူပုန် ဂိုဏ်းကနေ ပြန်လည် ကယ်တင်ဖို့ ကိုယ်တတ်နိုင်တဲ့ ထောင့်ကနေ ကြီးကြီးသေးသေး စလုပ်ကြပါစို့လား ခင်ဗျာ။

ကိုထိုက်

Tuesday, 15 July 2008

DRUGS THREAT

Nine girl-students studying at Grade 10 (Formerly known as 9th Standard) from State High School No.( 2 ), Bahan Township, Yangon were dismissed from school as teachers found many drugs in their possession.

These girls, age between 13 to 16 are considered minor and still under full guardianship of parents so be imagined of how widely spreading the drugs abuse cases among the older age students and teenagers.

Spreading of drugs abuse cases were obvious that even normal people and parents aware of it. It was fully ignored by authority because of their family members were involved and benefitted from that business until recently the grandson of Senior General Than Shwe was found as drug addict. Now the authority starts taking action but may be too late.

(For your confirmation, Headmistress of above said school can call on ++951 554101.)

Reported by Thu Ye Kaung.

DEMOCRACY FORCES WILL CHALLENGE THE CREDENTIALS OF THE MILITARY JUNTA

DEMOCRACY FORCES WILL CHALLENGE THE CREDENTIALS OF THE MILITARY JUNTA AND OBJECT ITS RIGHT TO REPRESENT BURMA IN THE 2008 UNITED NATIONS GENERAL ASSEMBLY

July 14, 2008

The democratic movement of Burma will be challenging the credentials of the Burmese military junta at the 2008 United Nations General Assembly session and object to its right to represent Burma at the United Nations. Since the endeavor is aimed at prompting reforms in the country as well as protecting the people of Burma from the ruthless suppression of the junta, we call upon the nations of the world to cooperate with us and to extend their active support for the effort.

For decades, the people of Burma have been peacefully endeavoring for political reforms in the country but the successive military regimes been resorting to murder, intimidation, and oppression to overcome these endeavors and maintain their power through brute force. The State Peace and Development Council (SPDC), formerly known as the State Law and Order Restoration Council (SLORC), is commonly recognized to be one of the most repressive and secretive governments in the world. The SPDC refused to honor the results of the last legitimate elections in 1990, when Nobel Laureate Aung San Suu Kyi's National League for Democracy won 80% of Parliamentary seats. Despite years of work by activists from both inside and outside Burma, efforts to foster a peaceful negotiated transition to a democratic civilian government have made little headway. To date, the junta's leadership has failed to honor any promises made with respect to democratic change and has instead increased measures to silence pro-democracy groups.

Over the last year, the international community has witnessed numerous demonstrations of the brutal and callous tactics the SPDC uses to maintain power, including the ruthless crackdown on peaceful monks and citizens calling for democratic reform in the Saffron Revolution; the disregard for human suffering in refusing international assistance following Cyclone Nargis; the illegal extension of Daw Aung San Suu Kyi's confinement; and the fraudulent constitutional referendum conducted just days after Cyclone Nargis, even before the government assessed the damage from the storm. The injustice of these latest crimes is compounded when viewed in light of the junta's past atrocities, such as its violent repression of 1988 protests, its refusal to honor the 1990 elections, and its murder of NLD members in the 2003 Depayin massacre.

The most fundamental principle of democracy is that sovereignty rests with the people. Although the military junta has brutally oppressed the Burmese people and scoffed at the requests and demands of the international community, United Nations Member States have continued to extend the junta the privilege of illegally representing the people of Burma at the United Nations. Because the SPDC does not and cannot legitimately represent the state or people of Burma, it is now time to revoke its privilege of representing Burma to the United Nations.

The pro-democracy movement for Burma, united in coalition throughout the world, calls upon the Member States of the United Nations to stand up for the principles of democracy and human rights and reject the credentials of the SPDC's delegation to the United Nations during the upcoming session of the General Assembly.


For additional information, please contact:

  • International Burmese Monks Organizations Sasana Moli - Ashin Pyinnya Vansa Tel : 718 426 3959
  • National Council of the Union of Burma Maung Maung Tel: 202 352 7884
  • Director, Credentials Challenge Project Ko Ko Lay Tel: 415 203 0541

မတရားတာကို ခေါင်းငုံ မခံတဲ့ စိတ် (သို့) မင်းကိုနိုင်


ကိုမင်းကိုနိုင် ပြောသွားတဲ့ မတရားတာကို ခေါင်းငုံ မခံတဲ့စိတ်ဓါတ်တွေ ငါတို့ သွေးထဲမှာ လှည့်ပတ် စီးဆင်းနေပြီး မတရားမှုတွေကို ကျူးလွန်နေတဲ့ နအဖရဲ့ လုပ်ရပ်တွေကို အောင်ပွဲရသည်အထိ တော်လှန်သွားမှာ ဖြစ်တယ်။ နအဖ အနေနဲ့ မတရားတဲ့ အခြေခံဥပေဒေကို အောက်လမ်းနည်းသုံး အနိုင်ရအောင် အတည်ပြုပြီးနောက် ဆက်လက်ပြီး ၂၀၁၀ မှာ ဖြစ်တဲ့နည်းနဲ့ ရွေးကောက်ပွဲဆိုတာကို ဆက်လက် လုပ်သွားမှာ ဖြစ်တယ် ဆိုတာ အားလုံး သိနေပြီးသားပါပဲ။

ဒါကြောင့် ဒီနေရာမှာ ကျွန်တော်တို့ နအဖကို ပွင့်ပွင့်လင်းလင်း စိန်ခေါ်ဖို့ လိုအပ်နေသလို၊ စိန်ခေါ်တဲ့ လုပ်ရပ်တွေကို လုပ်ရမှာ ဖြစ်တယ်။ စကားပြောနေတာတွေ၊ .... ကုလသမဂ္ဂလို အဖွဲ့တွေကို အားကိုးနေတာတွေ၊ ..... နိုင်ငံတကာ ခုံရုံးကို တင်မယ်ဆိုတဲ့ အဓိပ္ပါယ် မဲ့တဲ့ စကားတွေကို ပြောနေမယ့်အစား လက်တွေ့ကျကျ ရတဲ့နေရာကနေ စတင်တိုက်ခိုက်တော်လှန်ဖို့ လိုနေပြီဆိုတာကို သတိပြုမိစေချင်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ခုံရုံးကနေ ကျွန်တော်တို့ လိုချင်တဲ့ တရားမျှတမှုတို့၊ လူ့အခွင့်အရေးဆိုတာတို့ကို ရယူပေးနိုင်မှာ မဟုတ်ဘူးဆိုတဲ့ အမှန်ကို သိဖို့လိုအပ်နေပါပြီ။ သူတို့ အများဆုံး လုပ်ပေးနိုင်တာ “ဖိအား”ဆိုတဲ့ စကားလုံးလေး တစ်လုံးထက် ဘာမှ ပိုလာမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အောင်ပွဲကို ကျွန်တော်တို့ တိုက်ယူရမှာ ဖြစ်တယ်။ နိုင်ငံတကာက ကြားဝင်ဖြေရှင်းပေးနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက် အမှားတွေကို ပြည်သူတွေကို မပေးစေလိုတော့ပါဘူး။

မတရားမှုကို ခေါင်းငုံ မခံတဲ့ စိတ်ဓါတ် ပြည်သူတိုင်း မွေးကြပါလို့ ပြောချင်ပါတယ်။

တချိန်ထဲမှာပဲ နအဖ စစ်အာဏာရှင်နဲ့ နောက်လိုက် တစ်စုကို ဒီနေရာကနေ စကားတစ်ခွန်းပြောပါရစေ။ “ခင်ဗျားတို့ ဘယ်လောက် ကလိန်ကျကျ၊ ဘယ်လို အနိုင်ယူယူ၊ ... တရားမျှတမှု မရှိသ၍ ကျုပ်တို့က အသိအမှတ် မပြုသလို၊ ကျုပ်တို့ အနိုင်ရတဲ့ အထိ ဆက်လက် တိုက်ပွဲဝင်နေမယ်။ ခင်ဗျားတို့ရဲ့ ရန်သူဟာ ပြည်သူ၊ ကျောင်းသား၊ သံဃာဆိုတာ မဟုတ်ဘဲ ..... ခင်ဗျားတို့ရဲ့ မတရား လုပ်ရပ်တွေဟာ ခင်ဗျားတို့ရဲ့ ရန်သူ ဖြစ်နေတယ်ဆိုတာ ခင်ဗျားတို့ နားလည်ထားရမယ်။ ခင်းဗျားတို့ရဲ့ မတရားတဲ့ လုပ်ရပ် တွေက ခင်ဗျားတို့ကို ထာဝရ ခြောက်လှန့်နေမှာ ဖြစ်တယ်” ဆိုတာ ခင်ဗျားတို့ သိလာစေရမယ်။

နအဖ မတရားလုပ်တာတွေကို သိရက်နဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲဝင်ပြီး အဲဒီဘက်မှာ နိုင်ငံရေးအရ ကစားကွက်တွေရနိုင်တယ်ဆိုတဲ့ ဖောက်ပြန်တဲ့ အတွေးအခေါ် သမားတွေကိုလည်း ဒီနေရာကနေ ပြည်သူ့ ရန်သူအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

မတရားတာကို ဘယ်တော့မှ ခေါင်းငုံ ခံနေမှာ မဟုတ်ဘူး။

ကိုထိုက်

Monday, 14 July 2008

PRESENT FOR “NARGIS” TO HTOO TRADING COMPANY CHAIRMAN U TAY ZA

It was old Myay-Ni-Gone Market demolished over 10 years ago to build better building before 1997 ASEAN economy crisis. Location is in U Wizara Road in front of Blazon shopping centre.

First Developer abandons the project long time ago and UMEHL took over the ownership but later handed over to USDA. Now it’s come to the end as Sr.Gen.Than Shwe order the ownership to transfer to his beloved U Tay Za and Htoo Trading Company. Reason is for his involvement in cyclone relief work.

U Tay Za immediately sell that to private investor for price of 4500 Million Kyats, which is equal to about 4 Million United State Dollar.

“What is U Tay Za really contributed in Nargis cyclone hit area?”

Reported by Thu Ye Kaung.

Friday, 11 July 2008

နားထောင်မိသော ကြိုက်နှစ်သက်သည့် သီချင်း တပုဒ်

မြန်မာနိုင်ငံ လက်ရှိ အခြေအနေနဲ့ ဖြစ်တည်မှုတွေအရ ပြည်သူ အတော် များများရဲ့ စိတ်ထဲမှာ တိုင်းပြည်အတွင်း ယိုးယွင်းပျက်စီးခြင်း၊ ဥပဒေမဲ့ခြင်း၊ မုန်တိုင်းဒဏ် ခံခဲ့ကြရခြင်း စသည်တို့ကြောင့် စိတ်ထိခိုက်၊ စိတ်ဓါတ်ကျနေကြပါသည်။ အဲဒီလို အချိန်မှာ စိတ်ဓါတ်အင်အားကို တိုးတတ်စေသော အနုပညာမြောက် ဖန်တီးမှုများ လိုအပ်နေသည်ကို တွေးမိပါသည်။

ထိုကြောင့် တချိန်က စိတ်ဓါတ်ရေးရာ လှုံဆော်ပေးနိုင်ခဲ့သော အနုပညာလက်ရာမြောက် သီချင်း တပုဒ်ကို တင်လိုက်ပါသည်။

သီချင်း နာမည်က ... ဇွဲ .. ဖြစ်ပြီး
အဆိုတော်က ခင်ညွန့်ရီ ဖြစ်ပါသည်။
(မူရင်း အဆိုတော်မှာ ပြည်လှဖေ ဟုထင်ပါသည်။ အမှတ်မှားလျှင် ပြင်ပေးပါခင်ဗျာ။)

သီချင်းရယူရန် download here

ဇွဲ

V1 (မြန်မာတမျိုးလုံးရဲ့ တာဝန်တွေကို လုံ့လ ဝီရိယ ဇွဲနဲ့ ခဲ ရင် ဧကန်မလွဲ အမြဲအောင်နိုင်မည်။)၂

(ယခုတော့လဲ (ကျွန်တော်တို့) မြန်မာပြည် ရေတတ် ငဇင်ရိုင်းလိုပ ပုံခိုင်းလို့ ဆိုပြန်သည်၊ ကောက်ရိုးမီးတမျှ ဟုန်းခနဲ ထသည်။) ၂

ပြီးတော့တလည် ကျွန်တော့် အသဲထဲမှာ စွဲလောက်အောင် နာပြန်ပါသည်၊ ဆော်ဒါ လစ်မနစ်ရည် ဖောက်လိုက်ရင် မြည်သတဲ့ ဘာသာခြားနဲ့ အများက ဆိုပြန်သည်။ အဲဒါကြောင့် မခံချင်သည် စံတင်လို့ ပြကြစို့ရဲ့ အမှန်ပင် ဝီရိယနှင့် မြန်မာမှန်သမျှ လုပ်ပြစေချင်သည်။

Cho (ဇွဲကိုပင်အတည် မြဲကြဖို့ စိတ်ရင်းကောင်းနဲ့ ရည်၊ အမျိုးသား အမျိုးသမီးတို့သည်) ၂

အရာရာမျိုး ကြံစီကာ တိုး၊ … ကြံစီကာ တိုး .. တို့မြန်မာမျိုး ဖြိုးကြွယ်ဖို့ အတည် .. ဇွဲ .. ဇွဲ .. ဇွဲ ရှိမှ အောင်နိုင်မည်။

V2 (လုံလ ဝီရိယ ဇွဲကို မြဲအောင်ပဲ အတည်၊ မြဲအောင်ပဲ အတည် အသည်းထဲမှာ စွဲကာ ပိုင်ပိုင် နိုင်နိုင် မြိုင်မြိုင်ဆိုင်ဆိုင် အထက်တန်းကျကျနန သတ္တိ၊ ဗျတ္တိ ရှိကြစေချင်သည်။) ၂

(မြန်မာ ပီပီ စွမ်းဆောင်ကြဖို့ တလည် ယောင်္ကျား အာဇာနည် ကောင်းကင်ကြယ်ကို မလွတ်တန်း ဆွတ်လှမ်းနိုင်ဖို့အတည်။) ၂

အထက်ပါ စကားရည် မြွက်ခါကြားသည်၊ မြွက်ခါ ကြားသည် အထက်ပါ စကားရည် ကြံခါစီ အဖန်ဖန်တွားလို့ ပန်ကြားရပြန်သည်။

V3 (ပင်လယ်ပြင် ကူးခတ်သည် တကယ်ပင် ထူးမြတ်သည်၊ သူဇွဲကောင်းလို့ အောင်နိုင်သည် အလောင်းတော် ဇနက္က ပြုမူချက်သည် ယောင်္ကျားလုံ့လ အသုံးချလို့ ထီးနန်းစံရသည်။) ၂

အဲဒီ ပမာ ထုံးကို အစဉ်သုံးဖို့ ကျွန်တော် နှိုးဆော်သည်၊ အဲဒီ ပမာထုံးကို အစဉ်သုံးဖို့ ကျွန်တော် နှိုးဆော်သည်။

Cho (ဇွဲကိုပင်အတည် မြဲကြဖို့ စိတ်ရင်းကောင်းနဲ့ ရည်၊ အမျိုးသား အမျိုးသမီးတို့သည်) ၂

အရာရာမျိုး ကြံစီကာ တိုး၊ … ကြံစီကာ တိုး .. တို့မြန်မာမျိုး ဖြိုးကြွယ်ဖို့ အတည် .. ဇွဲ .. ဇွဲ .. ဇွဲ ရှိမှ အောင်နိုင်မည်။

Thursday, 10 July 2008

နွားကြီး

ကျွန်တော် လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်က ရေးခဲ့တဲ့ ရီစရာစာတိုလေး တစ်ခုပါ။ စာမူ အဟောင်းတွေ ပြန်ဖတ်ရင်း တွေ့လို့ အပျင်းပြေတင်လိုက်တာပါ။ အရေးအသားက သိပ်မကောင်းတာ ခွင့်လွတ်ပါ။ တချို့အရေး အသားတွေ နည်းနည်းပြင်ချင်ပေမယ့် .. စာမူ ပုံစံ ဟောင်းအတိုင်း မပြင်သင့်ဘူး ထင်လို့ ဒီအတိုင်း ပြန်တင်လိုက်ပါတယ်။ ကြားဖူးတဲ့ ပုံပြင်လေး တစ်ခုကို ပြန်ကိုးကား ရေးထားတာပါ။
..................................................

ကျွန်တော်တို့ ရပ်ကွက်လူကြီး ဦးအောင်ဘ တစ်ယောက် ကျွန်တော်တို့ အိမ်ကို တစ်ညနေမှာ ရောက်လာပါတယ်။ သူက တာဝန်အရ ကျွန်တော်တို့ဆီကို ရောက်လာခဲ့ရတာပါ။ ရောက်ရောက်ခြင်း ဆိုသလိုဘဲ ကျွန်တော့်ကို သူက

ဟို ဘက်ခန်းက ကိုသိန်းထွန်းရှိလားလို့ မေးလာပါတယ်။

သူ လမ်းထိပ်ဘက်ကို သူ့သားလေးနဲ့ အတူ လမ်းလျှောက် ထွက်သွားကတာဘဲ။ ကိစ္စ အရေးကြီးလို့လားလို့ ကျွန်တောက်က မေးလိုက်ပါတယ်။

ငါ အခုလာရတာက ကြံခိုင်ရေးနဲ့ဖွံဖြိုးရေး အသင်းကြီးရဲ့ နှစ်ပတ်လည် ညီလာခံကို ငါတို့ ရပ်ကွက်ကနေ တစ်အိမ်တစ်ယောက် မဖြစ်မနေတတ်ရမယ်။ အဲ့ဒါ မနက်ဖြန် မနက် ၆ နာရီရပ်ကွက်ရုံးကို မင်းရော၊ ကိုသိန်းထွန်းရော နှစ်ယောက်လုံးလာခဲ့ရမယ်။ ပြီးတော့ ဒီရပ်ကွက်ထဲမှာ ကိုသိန်းထွန်းက နည်းနည်း လည်လည်ဝယ်ဝယ်လည်းရှိတော့ သူ့ကို ချီတတ်မဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်လုပ်ခိုင်းမလို့လေ။ ဒါကြောင့်ပါ

ဦးလေးရော မလိုက်ဘူလား။ လို့ ကျွန်တော်က ပြန်မေးလိုက်ပါတယ်။

ငါ လိုက်တော့ လိုက်ခဲ့မယ်။ ဒါပေမယ့် ငါ့မိန်းမ မုန့်ဟင်းခါးဆိုင် ထွက်တာကို လိုက်ကူပေးပြီးတော့မှာ လာခဲ့မယ်။ မင်းသိတဲ့ အတိုင်းဘဲလေ။ သူက ငါအလုပ်မလုပ်ဘဲ အခုလို ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်နေတာတွေကို သိပ်ကြိုက်တာ မဟုတ်ဘူးလေ။

ဟုတ်တယ် ရပ်ကွက်က ရပ်ကွက်လူကြီးရွေးကြတော့ အရပ်ထဲ အလုပ်မရှိ အကိုင်မရှိ ယောင်ခြောက်ဆယ် ဆိုက်ကားသမားဟောင်း ဦးအောင်ဘကို မြို့နယ် မယက စစ်ဗိုလ်ကြီးတွေ အကြိုက် ရွေးတင်ထားတာကိုဗျ။

ပြောရင်းဆိုရင်းနှင့်ပင် ကိုသိန်းထွန်းက သူ့သားလေး အောင်အောင့်ကို လက်ဆွဲပြီး ပြန်လာကြသည်။ ထိုအခါ ဦးအောင်ဘက

ဟေ့ . မောင်သိန်းထွန်း။ အတော်ဘဲ မင်းဆီကိုလာခဲ့တာ မင်းနဲ့ မတွေ့လို့ ငါအခုဘဲ ပြန်တော့မလို့လို့ လှမ်းအော်ပြောလိုက်တော့၏။

ဘာကိစ္စရှိလို့လဲဗျ။ ခင်ဗျားမြင်ရင် ကျုပ်က အတော့်ကို လန့်နေတာဗျ။ အားအားရှိ ရပ်ကွက်သန့်ရှင်းရေး လုပ်အားပေးလုပ်ခိုင်းလိုက်၊ ဟိုအလှူငွေ ဒီအလှူငွေ ကောက်လိုက်နဲ့ ခင်ဗျားကို မြင်ရတာ ကျုပ်က လန့်လန့်လာပြီ။

ကျုပ်ကလည်း အထက်အမိန့်အရ လုပ်ရတာပါဗျာ။ အခုလာရတဲ့ကိစ္စကလည်း မနက်ဖြန် ကြံဖွတ် အဲယောင်လို့ ပြည်ခိုင်ဖြိုး နှစ်ပတ်လည် ညီလာခံတတ်ဖို့ လာပြောတာ။ အဲဒါ မနက် ၆နာရီ ရပ်ကွက်ရုံးကို လာခဲ့ကြ။ ကဲ ငါသွားပြီ။

နောက်တစ်နေ့ ၆ နာရီ လူစုပြီး၊ ကျွန်တော်တို့ ချီတတ်လာကြရာ ကန်တော်ကြီး ကန်ပတ်လမ်းမှ ဖြတ်လာစဉ် ဗိုလ်ချုပ်ပန်းခြံရှေ့ အရောက် နောက်မှ ဟေ့ .. မင်းတို့ ဘယ်သွားကြမလို့လဲဟု အသံတစ်ခုကြားလိုက်ရသဖြင့် ကျွန်တော်တို့ လှည့်ကြည့်မိလိုက်ကြသည်။ ကျွန်တော်တို့ လူစုမှလွဲ၍ ဘယ်သူမှ မတွေ့ပေ။ သေသေချာချာ ကြည့်မိလိုက်တော့မှ ဗိုလ်ချုပ်ကြေးရုပ်မှ ပြောလိုက်သော အသံဖြစ်နေကြောင်းတွေ့လိုက်ရသည်။ ထိုအခြင်းအရာကြောင့် အချို့မှာ လန့်သွားကြသည်။ ကျွန်တော်တို့ လူစုထဲတွင် ခေါင်းဆောင်ဖြစ်သော၊ အတန်ငယ် သတ္တိရှိသော ကိုသိန်းထွန်းက ရှေ့သို့ တိုးထွက်လာပြီး ကျွန်ကျွန်ကျွန်တော်တို့ ကြံခိုင်ရေး အသင်းကြီးရဲ့ ပြည်လုံးညီလာခံ သွားတတ်ကြမလို့။

ထိုအခါ ဗိုလ်ချုပ်ကြေးရုပ်ကြီးက အေးအေး မင်းတို့ သွားကြ၊ ဒါပေမယ့် ငါအခုဒီမှာ ရပ်နေရတာ ညောင်းလာပြီ၊ ဟို မဟာဗန္ဓုလအရုပ်မှာဆို မြင်းတစ်ကောင်နဲ့ ကျကျနန သက်သက်သာသာရှိတယ်။ ဒီတော့ နောက်တစ်ခါ မင်းတို့လာရင် ငါ့အတွက် မြင်းတစ်ကောင် ယူလာခဲ့။

ဟုတ်. ဟုတ်ကဲ့ ဟုသာ ကိုသန်းထွန်း ပြန်ပြောနိုင်ပြီး၊ ကျွန်တော်တို့လည်း အာစေး ထည့်ထားခံရသလို ဘာမှ ပြန်မပြောနိုင်ခဲ့ပေ။

ဒီလိုနဲ့ ကျွန်တော်တို့ ဆက်လက် ချီတတ်လာခဲ့ကြရာ နောက်ဆုံး စည်းဝေးပွဲကျင်းပရာသို့ ရောက်သော အခါ ဒေါသတကြီးဖြင့် စောင့်နေရသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တွေ့လိုက်ရသည်။

မင်းတို့ ဘာလို့ ဒီလောက်တောင် နောက်ကျ နေရတာလဲ ဟု မေး၏။

ကိုသန်းထွန်းက ကြောက်ကြောက်နဲ့ ဗိုလ်ချုပ်မှူးကြီးခင်ဗျာ ကျွန်တော်တို့ ဒီကို အလာ လမ်းမှာ ဗိုလ်ချုပ် ကြေးရုပ်ကြီးက စကားပြောနေလို့ပါ ခင်ဗျာ။ ဟု ပြန်ဖြေလိုက်သည်။

မင်းတို့ အဓိပ္ပါယ် မရှိတာတွေ လာပြောမနေနဲ့၊ ငါ မယုံဘူး။

ဗိုလ်ချုပ်မှူးကြီး မယုံရင် ကျွန်တော် လက်တွေ့ပြမယ်။ ဟု ကိုသန်းထွန်းက ပြောလိုက်၏။

အေး . မင်းတို့ပြောသလို မဟုတ်ရင် မင်းတို့နဲ့ ငါနဲ့ အတွေ့ဘဲ။ ဟု ကြိမ်းပြီး ဗိုလ်ချုပ် ပန်းခြံရှိရာသို့ ကျွန်တော်တို့ အားလုံးသွားကြသည်။ ကျွန်တော်တို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ သို့ရောက်ရာ ကိုသန်းထွန်းက ဗိုလ်ချုပ်မှူးကြီးကို လက်ဆွဲပြီးဗိုလ်ချုပ်မှူးကြီး ခင်ဗျာ၊ ဒီကြေးရုပ်ကြီးဘဲ။ ဟု လက်ညိုးထိုးပြလိုက်သည်။ ထိုအခါ ဗိုလ်ချုပ်မှူးကြီးက ကြေးရုပ်ကြီးအား သေသေချာချာကြည့်နေစဉ် ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ်ကြီးက ပြောလိုက်သော စကားကို ကျွန်တော်တို့ ကြားလိုက်ရလေသည်။ ကြေးရုပ်ကြီးက မှတ်သားလောက်စရာ ပြောလိုက်သည်မှာ

ဟေ့ မင်းတို့ကို၊ ငါက နောက်တစ်ခါလာရင် မြင်းတစ်ကောင် ယူခဲ့လို့ မှာထားတာ၊ မင်းတို့က အခု ဘာလို့ ဒီနွားကြီးကို ခေါ်လာရတာတုံးတဲ့ဗျာ။

ကိုထိုက်

(p.s .... ဒီနေရာမှာ နွားနဲ့ နှိုင်းလို့ နွားသိက္ခာကျတာ သိပေမယ့် ရေးပြီးသားအတိုင်းမို့ ဒီအတိုင်း ထားလိုက်တာပါ။)

Wednesday, 9 July 2008

Prettily Collapsed country

Broken Hearted Country
Chronically Collapsed Country
Prettily Shocked Country

Golden land but malnourished,
Fully Democracy, not yet established;
Still in hand of Junta
Than Shwe & other hard power-handlers

Nowadays 2008
Still kept in crisis of several kinds for decades
Started our strike in ’88
We are in strike forever for the sake

Several people
Several monks
The Irrawaddy’s innocent farmers and fishermen
They sacrifice their lives then

Blood-stained The Golden Shwedagon last year
Mud mixed with corpses in The Irrawaddy this year
Decomposed dead bodies floating in The Gulf of Ben gala

Land could not be green and bright
People should not be give up and…Fight
The Might, we have to march on our strike.

Khin Oo Sabai

Tuesday, 8 July 2008

Cartoon

ကာတွန်း ဆရာကတော့ ဘယ်နာမည် ပေးထားသလဲ ဆိုတာ မတွေ့လို့ မသိရပေမယ့်၊ ကျွန်တော်ကတော့ ဒီကာတွန်းကို “အချိန်တန်ပြီ” လို့ ပေးလိုက်ချင်ရဲ့။ (ကာတွန်းမူရင်း ခေါင်းစဉ်ကို သိတဲ့ လူများ ပြောပြပေးပါခင်ဗျာ။)

(From Mizzima)

အိုးဝေ ဂျာနယ်

ကောင်းကျိုး အထွေထွေရယ်နဲ့
ချွန်စေ မြစေစော၊
ဒေါင်းအိုးဝေရယ်နဲ့
တွန်စေ ကစေသော ....

ှဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်ရဲ့

အိုးဝေ ဂျာနယ်

download here in PDF file

Monday, 7 July 2008

ကျောင်းဖွင့်ချိန်

(၁)
ငါတို့ကျောင်းတော်ကြီးရဲ့
မော်ကွန်းထိန်းသိမ်းရေးအခန်းမှာ
ဟစ်တလာရုပ်ထုကို
လူတစုထုဆစ်နေကြတယ်။
သူတို့ဟာ …
ရုပ်တုရဲ့ရှေ့မှာ ကျိန်စာတွေရွတ်ဖတ်
ပျားရည်စက်တွေကို မီးရှို့ပူဇော်
ဆိုင်ရာနိုက်ဖြူလျော်လျော်တွေ သွန်းကြဲပက်ချ
ဟစ်တလာပါးစပ်ထဲက
ကျည်ဆန်တတောင့် ထွက်အံကျလာတယ်။
သူတို့ဟာ …
ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆံနဲ့
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ စာကိုရေး
သွေးစွန်းလက်တွေနဲ့ ပျူငှာစွာ
ဖိတ်ခေါ်ကြပါပြီ။

(၂)
ငါတို့ကျောင်းတော်ကြီးရဲ့
ဟောင်းနွမ်းနေတဲ့ အခန်းလွတ်တခုဟာ
တဖြည်းဖြည်း နှစ်ငါးဆယ်လောက်ပြန်ငယ်ရွယ်သွားတယ်၊
အရင်က မမြင်ရတဲ့ ဟိုတုန်းက အရိပ်တွေ
နံရံတွေ၊ ခုံတန်းလျားတွေဆီက လွန့်လူးထ
အဲဒါ … “အောင်ဆန်း” တို့၊ “ကျော်ငြိမ်း” တို့၊ “သိန်းဖေ” တို့၊ “ညိုမြ” တို့ရဲ့
ဝိညာဉ်တွေပဲ …
ဗမာပြည်လွတ်လပ်ရေးကို သူတို့မြတ်နိုး
ဗမာပြည်လွတ်လပ်ရေးအတွက် သူတို့ရုန်းကန်
အာဏာရှင်ကို ဖီဆန်ခဲ့ကြတယ်။
ခု … သူတို့ရဲ့ ၀ိညာဉ်တွေဟာ
“ကမ္ဘာမကြေဘူး … … …
ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတေး …”
သီချင်းလေး နားဆင်ရင်း
ရာဇ၀င်ရဲ့ တကျော့ပြန်စိမ်ခေါ်ပွဲကို
မျက်ရည်တ၀ဲဝƞ