Thursday 29 January 2009

ဘုရားစူးပါရဲ့ ငွေစက္ကူပါဗျာ။

ကျွန်တော် မြန်မာနိုင်ငံသား ဖြစ်ရတာကို ဘယ်တော့မှ သိမ်ငယ်စရာ၊ ရှက်စရာ အဖြစ် မခံစားခဲ့ဖူးပါဘူး။

တရက် .. ရထားပေါ်မှာ မြန်မာပြည်အလည်ပြန်ရာကနေ ပြန်လာတဲ့ အသိတစ်ယောက်က .. ကျွန်တော် စိတ်ဝင်စားမယ့် ပစ္စည်းတစ်ခု မြန်မာနိုင်ငံကနေ အပြန်သယ်လာပေးခဲ့တယ် ပြောပြီး စာအိပ်လေး တစ်အိပ် ကျွန်တော့်ကို လှမ်းပေးတယ်။ ရထားကလည်း လူ က သိပ်မကြပ်၊ ကျွန်တော်တို့ကလည်း ရထားပေါ်မှာ စကားပြောပြီး စာအိပ်လှမ်းအပေး ဖွင့်ကြည့်ဖို့ အလုပ် လုပ်နေတော့၊ ဘေးက လူတွေကလည်း ဒီလိုပဲ လှမ်းကြည့်နေကြတာပေါ့။

အဲဒီမှာ ကျွန်တော်က စာအိပ်ထဲမှာ ဘာပါမလဲ ဖွင့်ကြည့်လိုက်တဲ့ အခါ .. မြန်မာနိုင်ငံအတွင်းမှာ လှည့်ပတ်သုံးစွဲနေတဲ့ တရားဝင် ငွေစက္ကူတွေကို တွေ့လိုက်ရတာပါပဲ။ အဲဒီ ငွေစက္ကူတွေကို ယူလာပေးတဲ့ မိတ်ဆွေကထပ်ပြီး ဖြည့်စွက် ပြောလိုက်တာကတော့ .. အဲဒါ မြန်မာနိုင်ငံထဲမှာ လက်ရှိ လက်တွေ လှည့်ပတ်သုံးနေတဲ့ ငွေစက္ကူတွေတဲ့။ ငါ က အစုတ်တွေကို ရှာကြံယူလာတာ မဟုတ်ဘူး။ လက်ထဲ သုံးပြီး ပိုလာတဲ့ ငွေကို အခု မင်းကို ပေးတာတဲ့။

မြန်မာနိုင်ငံသား ဖြစ်ရခြင်းကို မရှက်တဲ့ ကျွန်တော်က အခု မြန်မာပြည်က ငွေစက္ကူကို လူအများရှေ့မှာ ထုတ်ကြည့်မိတဲ့ အခါ .... ဒါ ငါတို့ နိုင်ငံက ပိုက်ဆံတွေလေလို့ အခြားလူတွေရှေ့မှာ မပြောရဲအောင် ရှက်စိတ် ဖြစ်နေမိတာ ကိုယ့်ဘာသာ ပြန်ပြီး အံ့သြမနေတော့ပါဘူး။ (ကျွန်တော့် နေရာမှာဆို မိတ်ဆွေရော ဘယ်လို ခံစားမိမှာပါလဲ။) ငွေစက္ကူရဲ့ တကယ့် အခြေအနေမှန် သိရအောင် ပုံပေါ် ကလစ်နှိပ်ပြီး ပုံကြီးချဲ့ကြည့်ပါ။ သေချာမြင်နိုင်အောင် full resolution နဲ့ တင်ပေးထားပါတယ်။

တိုင်းပြည်မှာ လှည့်ပတ် သုံးစွဲ နေရတဲ့ ဒီ ငွေစက္ကူလေးကိုတောင် ကောင်းအောင် မလုပ်နိုင်ဘဲ၊ စက်မှုစွမ်းအား ခေတ်ကျော်လွှားတို့၊ ခေတ်မှီ ဖွံဖြိုးတိုးတတ်နေသော နိုင်ငံတော်ကြီးတို့ ဆိုပြီးအရှက်မရှိ ပြောရဲသော လက်နက်ကိုင် အကြမ်းဖက်အုပ်စု နအဖကိုလည်း အံ့သြမိပါရဲ့။



နိုင်ငံတော် စရိတ်နဲ့ ပြည်သူ့ ငွေတွေနဲ့ ပညာတော်သင် လွှတ်ထားတဲ့ လူတွေကို နူကလီးယားစက်ရုံဆောက်ဖို့ အရင် မသင်ခိုင်းသေးဘဲ၊ အဲဒီ ငွေစက္ကူလေးတွေကို ဘယ်လို ကြာကြာအသုံးခံအောင် ထုတ်မလဲဆိုတာ သင်ခိုင်းရင်ကောင်းမလား၊ (ဒါမှ မဟုတ်) အဲဒီလို နူကလီးယား စက်ရုံအတွက် ကုန်ကျငွေတွေကို အကုန် မခံဘဲ နိုင်ငံထဲ လှည့်ပတ်နေတဲ့ ငွေစက္ကူတွေကို အသစ်ပြန်လည် လှည့်ပတ် ထုတ်ပေးနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ .. ရထားပေါ်မှာ အဲဒီ ငွေစက္ကူလေးတွေ ကိုင်ကာ အတွေးနယ်ချဲ့ ရင်း .. ကျွန်တော့်လက်ထဲ ကိုင်ထားတဲ့ ငွေစက္ကူ လှမ်းကြည့်နေတဲ့ ဘေးက ပုဂ္ဂိုလ်ကို ကျွန်တော့် စိတ်ထဲကနေပြီးတော့ .. ဘုရားစူးရပါစေရဲ့ ဒါ ငွေစက္ကူပါဗျာ .. လို့ ပြန်ပြောနေမိပါတော့တယ်။

လေးစားစွာဖြင့်
ကိုထိုက်

10 comments:

The Wild Rose said...

မြန်မာပြည်က ငွေစက္ကူတွေတွေ့လိုက်ရလို့ စိတ်တော်တော်ပျက်မိသွားတယ် ..........
အရင်ကလည်း အဲဒီလိုမျိုးတွေ တွေ့ခဲ့ပါတယ်
အခုအခြေအနေက ပိုဆိုးဆိုးလာတယ်
ငွေစက္ကူတွင်မဟုတ်ပါဘူး အားလုံးကိုဘဲပြောရမှာပါ
စစ်အာဏာရှင်တွေ သက်ဆိုးရှည်နေသ၍ကတော့ ........

Mi Tay 4 said...

မြန်မာပြည်က ကလေးတွေဖွက်တဲ့ပဟေဠိတစ်ခုဖြေနော်။
တန်ဘိုးရှိတဲ့ ရွံ့စရာအကောင်းဆုံးအရာက ဘာလဲတဲ့။

codingပြင်သူ said...

ဘဏ္ဌာရေးဝန်ကြီးဌာနရဲ့ အရှက်မရှိတဲ့လုပ်ရပ်တစ်ခုပေါ့။ ငွေစက္ကူအဟောင်းတွေကိုဖျက်ဆီးပစ်ပီး အသစ်နဲ့လဲလှယ်ရမယ်ဆိုရင် တရာတန်ငွေစက္ကူအဟောင်းတရွက်တိုင်းအတွက် ငွေတစ်ထောင်တန်ထုတ်နိုင်တဲ့စက္ကူကုန်မယ်လေဗျာ။ ငွေတစ်ထောင်တန်စက္ကူရဲ့အရွယ်အစားလျှော့ချပစ်တာကလည်း ငွေစက္ကူပိုထုတ်နိုင်အောင်လို့လေ။ အဲ့သလိုချွေတာမှုကိုအားပေးပေချင်ပေမဲ့ တိုင်းပြည်သိက္ခာနဲ့ ကိုယ့်ကုလားထိုင်နေရာလဲနေကြတာတော့ စိတ်ပျက်စရာပဲဗျာ...။

အ ဘ ။ said...

အဲဒီ ငွေစက္ကူ က ကိုင်လို.ရသေးတယ်....
တချို. ကိုင်လို.တောင်မရတော.တဲ....
ငွေစက္ကူတွေလဲ မနည်းဘူးဗျို...
နအဖ သောက်ရှက် ရှိတတ်မယ်ဆိုရင်....

လင်းလက်ကြယ်စင် said...

OOPS !

Annpi said...

ကိုထိုက်ရယ်.. ဒါလောက်ကလေး စုတ်တာကိုများ စာဖွဲ့နေတယ်... ဒါထက်စုတ်တာတွေ တစ်ပုံကြီးပါ.. ကြုံရင် ပို့ပေးမယ်... :P

TZO said...

ကျွန်တော်တို့ရဲ့ ဗိုလ်ချုပ်ကြီးတွေရယ် တေဇရယ်က ဒီပိုက်ဆံတွေနဲ့ သူဌေးလုပ်နေတာလေ။ သနားပါတယ်နော်။

နိုင်ကို said...

ပိုက်ဆံဆိုသောအရာသည် သက်မဲ့တစ်ခုဖြစ်သည် သက်ရှိတောင် မမြဲခြင်းနဲ့ပျက်စီးနေ၏ ထိုသို့သောဟောင်းနွမ်းပျက်စီးတာ အထူးဆန်းလား..မိမိရဲ့ပစ္စည်းကို တန်ဖိုးမထားတတ် မကိုင်တတ်သောသူများသည် မိမိရဲ့လူနေမှု့အဆင့်တန်းကိုဖော်ပြနေခြင်းဖြစ်သသည်..ဒါပေမယ့် အသေးမွှားကအစအလေးနက်မထားတတ်သော်လည်း ဒီမိုကရေစီဆိုသော အရာကို လိုခြင်တပ်မက်သောသူသည် ထိုသို့သောသူများသည် ထိပ်ဆုံးကဖြစ်သည်

Unknown said...

ပိုက်ဆံဆိုသောအရာသည် သက်မဲ့တစ်ခုဖြစ်သည် သက်ရှိတောင် မမြဲခြင်းနဲ့ပျက်စီးနေ၏ ထိုသို့သောဟောင်းနွမ်းပျက်စီးတာ အထူးဆန်းလား..

Mr SOLDIER
Then why are you and your father Than Shwe trying to hold to the power so hard even killing the monks. Eating the Thar Ma Nya sayadaw body. (monks cristal) One day you and your fatherThan Shwe will be သက်ရှိတောင် မမြဲခြင်းနဲ့ပျက်စီးနေ၏.
But different is before you monks killer die you will visit to the hell for a short time before you die so you can tell the people there is the hell really exit.
Please come write to the Blog in the comment for what you seem.

Unknown said...

ကိုထိုက်ရယ်။
သူတို့ က ဒေါ်လာကိုင်။ယူရိုကိုင်တွေဆိုတော့ ပြည်သူတွေကိုင်မယ့် ကျပ်ငွေကို ဘယ်ဂရုစိုက်ပါ့မလဲဗျာ။။