Friday 13 February 2009

ရွှေတီဂုံဘုရား အလှူခံပုံး နောက်ဆက်တွဲ ကိစ္စ

ကျွန်တော်ရေးခဲ့ပြီးသော ရွှေတိဂုံဘုရားနှင့် သက်ဆိုင်သော ကိစ္စ ရပ်ကို ကျွန်တော်၏ မိတ်ဆွေ တချို့ စုံစမ်းထားသော နောက်ဆက်တွဲ အချက်အလက်များကို ထပ်မံ တင်ပြလိုက်ပါသည်။ ပထမ ပို့စ်မှာ ကျွန်တော် ဘလော့ တစ်ခုတွင် ဖတ်ရသော အကြောင်းအရာပေါ် တည်မှီ၍ ရေးခဲ့ခြင်း ဖြစ်ပြီး ယခု ပို့စ်မှာ ကျွန်တော်၏ မိတ်ဆွေ ပို့လာသော ပို့စ်ကို ပြန်တင်ပြခြင်း ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်ပါစေ ကျွန်တော်တို့ တိုင်းပြည်၏ လူမျိုးနှင့် ဘာသာ တရားအတွက် လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ နအဖ၏ လှည့်ကွက်၊ ရက်စက်ယုတ်မာမှု စသည်တို့ကို သတိတရားကြီးကြီးဖြင့် စောင့်ကြည့် တုံပြန်သင့်ပါသည်။

လေးစားစွာဖြင့်
ကိုထိုက်


ရွှေတိဂုံဘုရားအလှူခံပုံး နဲ့ ဘာသာရေးသွေးခွဲရန်ကြိုးစားမှုလုပ်ရပ်။


“လေးဆူဓါတ်ပုံ ရွှေတိဂုံ နှင့် ဘာသာရေး စော်ကားခံရခြင်း သမိုင်းမှတ်တမ်းသစ်” ကိုဖတ်လိုက်ရတဲ့အခါ အများနည်းတူ ကျွန်တော်တို့အားလုံးလည်း စိတ်မကောင်းဖြစ်မိကြပါတယ်။
ဒီဘလော့ဆောင်းပါးမှာ မူရင်းလင့်(ခ်) ကိုဖေါ်ပြပေးထားတာကြောင့် ဆောင်းပါးရှင် “မမ” ရဲ့ကိုယ်တွေ့အဖြစ် အပျက်လို့ယူဆရတဲ့ အတွေ့အကြုံတွေကို သေသေချာချာဖတ်ရှုလေ့လာကြည့်မိပါတယ်။
ဆောင်းပါးရှင် “မမ” ရဲ့မှတ်ချက်အရ၊ ကိုယ်တိုင်တွေ့ကြုံမေးမြန်းသိရှိခဲ့ရသည့်တိုင် (ဂေါပကလူကြီးတဦးမှဝန်ခံ ထားသော်လည်း) လက္ခံနိုင်ရန် ခက်ခဲနေတဲ့ အခြေအနေကိုရောက်ရှိနေတာလို့မှတ်ယူမိပါတယ်။
သာမာန်အားဖြင့် ဒီဆောင်းပါးကို ဖတ်ရှုမိသူတိုင်း၊ စစ်မှန်တဲ့ဗုဒ္ဓဘာသာတရားကိုင်းရှိုင်းသူတိုင်း၊ ဒီရင်နာစရာ ကိစ္စကြီးကြောင့်၊ဒေါသဖြစ်ကြမယ်ဆိုတာ ယုံမှားသံသယရှိစရာမလိုပါဘူး။
ဒါပေမဲ့ ဒီကိစ္စမျိုးဆိုတာ သာမာန်အခြေအနေထက် ကျော်လွန်ပြီး၊ ဘာသာရေးအဓိကရုဏ်း ဖြစ်နိုင်တဲ့အထိ ရောက်ရှိသွားနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ ( အဲဒီလိုဖြစ်လာလို့ကတော့၊ စစ်အစိုးရ အကြိုက်ပေါ့။)
ဒါကြောင့် “မမ” ရဲ့ဆောင်းပါးပါ ဖြစ်ရပ်မှန်ဇာတ်လမ်းဟာ၊ ရိုးသားဖြူစင်တဲ့ ဗုဒ္ဓဘာသာမိန်းမသားတဦးရဲ့ရင် တွင်းခံစားချက်အစစ်အမှန်လား ဒါမှမဟုတ် စစ်အစိုးရကို ထောက်ခံအားပေးနေတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက များ ဘာသာရေးပြဿနာ ဖြစ်အောင်ရည်ရွယ်ဖန်တီး ရေးသားထားတာလားလို့ စဉ်းစားမိပါတယ်။

သမိုင်းဖြစ်စဉ်တွေအရ နိုင်ငံရေးအကြပ်အတည်းတွေ့တိုင်း ဘာသာရေးအဓိကရုဏ်းတွေဖန်တီး ပြည်သူတွေ အချင်းချင်းသတ်ဖြတ်စေပြီး အုပ်ချုပ်သူတွေ ထွက်ပေါက်ရှာတာ ဒီနိုင်ငံမှာအစဉ်အလာတခုလို ဖြစ်ခဲ့တာပါ။ နယ်ချဲ့အစိုးရကအစ စစ်အစိုးရ အဆက်ဆက်အဆုံး ဒီနည်းလမ်းကိုဘဲ သုံးခဲ့ကြတာပါ။
ရွှေတိဂုံဘုရားအလှူခံပုံးကိစ္စအတွက် အခြေအနေမှန်သိရဘို့ သာသနာရေးဗဟုသုတ၊ အတွေ့အကြုံများတဲ့ လူပုဂ္ဂိုလ်များ သာသနာ့ဝန်ထမ်းများ အပါအဝင် သက်ဆိုင်သူအချို့အား တွေ့ဆုံလေ့လာခဲ့ရာ “မမ” ရဲ့ ဆောင်း ပါးပါ အချက်အလက်ဟာ လက်တွေ့ဖြစ်စဉ်တွေနဲ့လုံးဝလွဲမှားနေတာ ရှင်းရှင်းလင်းလင်းသိရှိခဲ့ရပါတယ်။


ရွှေတိဂုံဘုရားရဲ့ဂေါပကအဖွဲ့အနေနဲ့ အချို့သောလုပ်ငန်းများကို ဂေါပကအဖွဲ့ရဲ့အစည်းအဝေးဆုံးဖြတ်ချက် နှင့်အညီ ကန်ထရိုက်စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုထားသော်လည်း အလှူခံပုံး(ဘုရားအတွက်အများပြည်သူလှူတမ်း ထားသည့်ငွေများ)အားမည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်း ကိုမှကန်ထရိုက်စနစ်နဲ့ ခွင့်ပြုထားခြင်းမရှိကြောင်း နှင့် နေ့စဉ်ညတိုင်းဂေါပကအဖွဲ့ဝင်အချို့ နဲ့ သံဃာတော်များ ရှေ့မှောက်တွင် ဝန်ထမ်းများမှ အလှူခံပုံးများအား၊ ဂေါပကရုံးခန်းအတွင်း သယ်ဆောင်ပြီး အလှူငွေများအား ရည်တွက်၍ စာရင်းပြုစုကြရကြောင်း၊(ကျပ်ငွေ၊ ဒေါ်လာ၊ အက်(ဖ်)အီးစီ စသဖြင့်) နှင့် နောက်တနေ့ နံနက်ဘဏ်ဖွင့်ချိန်တွင် ဘဏ်သို့သွားရောက် အပ်နှံ ကြရကြောင်း၊ စုံစမ်းသိရှိရပါတယ်။

အချို့သောလုပ်ငန်းများကို ကန်ထရိုက်စနစ်ဖြင့်ခွင့်ပြုရာတွင်လည်း သတ်မှတ်ထားသည့် စည်းကမ်းချက်များအ တိုင်း တိတိကျကျလိုက်နာဆောင်ရွက်မှုပြုထားကြောင်းသိရှိရပါတယ်။

မိမိတို့အနေနဲ့ ယခုလိုအခြေအနေမျိုးမှာ ဘာသာရေးပြဿနာ လူမျိုးရေးပြဿနာ များမဖြစ်အောင်ညီညီ ညွတ်ညွတ်နဲ့ အစွမ်းကုန်ဆောင်ရွက်ရမဲ့အချိန်ပါ။ စစ်အာဏာရှင်တွေရဲ့လှည့်ကွက်ထဲ မဝင်မိကြစေရန် မေတ္တာရှေ့ထား သတိပေးတင်ပြလိုက်ရပါတယ်။
ကျန်းမာချမ်းသာကြပါစေ။
လေးစားစွာဖြင့်၊
အမှန်တရားမြတ်နိုးသူ။

6 comments:

Unknown said...

တင်တဲ့ သတင်း မှားရင် မှားတယ်ပေါ့ကွာ၊ ဝေ့လည်ချောင်ပတ် လုပ်မနေစမမ်းပါနဲ့။ မင်း တင်တဲ့သတင်း ၁၀၀ ရာခိုင်နှုန်း မမှန်ပါဘူး၊ ကျန်တဲ့ သတင်းတွေက လိုက်ပြီး comfirm လုပ်လို့ မရလို့ပါ၊ လိုက်ပြီး စုံစမ်းလို့ ရတဲ့ သတင်းကျတော့ လိမ်ဆင်ကြီးမှန်း သိပါလေရောလား

Anonymous said...

ကိုထိုက်

ဒီသတင်းမှန်မမှန်ဆိုတာ ဘယ်လိုစုံစမ်းလို့သိရပါသလဲ... မမရေးထားတာ ရှင်းရှင်းလေးပဲ.. သူကိုယ်တိုင် မှန်မမှန်သိချင်ပါတယ်လို့ ရေးထားတာပဲ.. ဘာလို့ အဲဒီလောက်ထိ စွပ်စွဲချင်ရတာလဲ...

ဘာပဲဖြစ်ဖြစ် အမြဲတမ်းလိမ်နေကျ.. ရွှေတိဂုံက ဂေါပကဆိုတာကလဲ.. စစ်တပ်လူထွက်တွေ များလို့... ဘယ်လိုဖြေရှင်းဖြေရှင်း. မယုံရေးချ မယုံပါဘူး...

ဘာသာရေး အဓိကရုဏ်း ဖြစ်ရအောင်လဲ.. ကန်ထရိုက်ယူတဲ့ ဘာသာခြားမှာ အပြစ်မရှိလို့ ဘယ်လိုမှ သဘောမထား ရန်မလိုပါဘူး..

ကန်ထရိုက်ပေးတဲ့ တာဝန်ရှိလူတွေပဲ.. အပြစ်ကြီး အပြစ်ခံထိုက်ပါတယ်.. ဘုရားသားတော်တွေကို သတ်ရဲတဲ့လူတွေအနေနဲ့.. ဘုရားငွေယူဖို့လဲ ဝန်လေးမှာမဟုတ်ပါဘူး..

မဆီမဆိုင်တာတွေ ရေးသားခြင်းကို ရပ်တန်းက ရပ်သင့်ပါပြီ... သတ္တိရှိရှိ ရေးသားရဲတဲ့ မမကို စော်ကားခြင်းကို ရှက်တတ်ရင် လဲသေသင့်ပါပြီ....

သည်းမခံနိုင်သူတစ်ဦး..

NL @ said...

I start to read Burmese news from Ko-htike blog since last year. I thought, all of his post could be true but all of my respect for Ko-Htike blog is going down now.I just want to , who i can trust? Government or Anti-government.

Now i remember Lord Buddhas' words

"Do not believe in anything simply because you have heard it. Do not believe in anything simply because it is spoken and rumored by many. Do not believe in anything simply because it is found written in your religious books. Do not believe in anything merely on the authority of your teachers and elders. Do not believe in traditions because they have been handed down for many generations. But after observation and analysis, when you find that anything agrees with reason and is conducive to the good and benefit of one and all, then accept it and live up to it."

I just want to leave message to Ko-Htike. Think about it before you post. Otherwise, you will lose respect from readers. I hope, you don't make a mistake again.

Jeg said...

oh the choices we have in life...

NL_@ and all the ones on the other side of happiness :)

for example;
I choose to read Ko Htike's blog anytime...


If you are not HAPPY with what you read here then... your feelings are your own responsibility, find another blog that suits your brains better.

Naung Latt said...

ကိုယ်တိုင်မနက်စောစောဘုရားသွားပြီးစုံစမ်းဖို့အကြံပေးချင်ပါတယ်။
အခုလိုသံသယစိတ်နဲ့ မမကိုစွပ်စွဲတာမျိုးမလုပ်သင့်ဘူးလို့ယူဆပါတယ်။ ကျွန်တော်ကတော့သူ့အချက်အလက်ကမှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ သူတွေ့ကြုံတာကို ရိုးရိုးသားသားရေးထားတာလို့ထင်ပါတယ်။ နောက်တစ်ခုက ဘုရားတွေမှာအလှူခံကိတ်စကို ကန်ထရိုက်ပေးတာတွေရှိတာတော့တကယ်ပါ။ ရွှေတိဂုံဘုရားမှာတော့ သေချာမသိဘူး။ ကျိုက်ထီရုးသွားရင်အနီးနားပတ်လည်ကဘုရားစေတီလေးတွေမှာ ကျောက်ပြားအလှူခံတို့ ကျီးကန်းပါးစပ်မှာအကြွေပစ်တာတို့ရှိပါတယ် အဲတာတွေအားလုံး နှစ်စဉ်လေလံပစ်ပြီးကန်ထရိုက်ယူရတာပါ။ များသောအားဖြင့်စစ်မှုထမ်းဟောင်းအဖွဲ့တွေကလေလံယူပြီး အလှူငွေကန်ထရိုက်ယူပါတယ်။ ဘုရားဖူးသွားရင် အဲ့ဒီအလှူခံတွေက အတင်းရောဇွတ်ရော အလှူခံကြတာစိတ်အနှောက်အယှက်ဖြစ်စရာပါ။

Than Htaik Win said...

You all should not blame Ko Htike for saying that.

You can't just believe whatever you see or hear from someone, unless it has proofs.

1. If what Ma Ma said is true, are you not going to donate any more?
If you're a true buddhist, you shouldn't have any attachment to the money you donated. Whether someone steals it or uses it for his personal stuffs or not, you've already gained merit for your own good deeds.

2. We don't know what Ma Ma's intention is. It could be an attempt to stop people from donating to Shwe Dagon.

I can't say who you should believe. Use your brain and analyse. If you donated something in the past or are thinking of donating, forget about what other people say. Just donate it as if you're donating to living Buddha.