Tuesday 17 March 2009

နအဖ အကျင့်ပျက် ဝန်ကြီး၊ ဗိုလ်ချုပ်စောထွန်းရဲ့ ဖြစ်ရပ်မှန်သတင်း


နအဖစစ်အစိုးရရဲ့ ဆောက်လုပ်ရေးဝန်ကြီး၊ ဗိုလ်ချုပ်စောထွန်းကို၊ ကျန်းမာရေးအကြောင်းပြချက်နဲ့၊ အငြိမ်းစား ပေးလိုက်တာပါလို့၊ စစ်အစိုးရအသိုင်းအဝိုင်းက၊ လေသံလွှင့်နေကြပေမဲ့၊ တကယ့်ဖြစ်ရပ်မှန်သတင်းကို၊လူတိုင်း နီးပါးသိရှိနေကြပါပြီ။

မိန်းမပွေတဲ့၊ သက်ကြားအို၊ နအဖ၊ စစ်ဗိုလ်ချုပ်တွေထဲက၊ ခေသူမဟုတ်တဲ့၊ ဆောက်လုပ်ရေးဝန်ကြီး၊ ဗိုလ်ချုပ်စောထွန်းရဲ့၊ မိန်းမလိုက်စားမှုဒါဏ်ကို၊ ရေရှည်မှာသည်းမခံနိုင်တော့တဲ့၊ တရားဝင်ဇနီးဖြစ်သူ၊ “ဒေါ်မြင့်မြင့်ကို” ကစစ်အာဏာရှင်ကြီး၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ၊ ကိုယ်တိုင်သွားရောက်တိုင်ကြားလိုက်လို့၊ အခုလိုအရေးယူခံရတာပါ။

ဆောက်လုပ်ရေးဝန်ထမ်းတဦး(မြေတူးမြေသယ်ယာဉ်မောင်း)ရဲ့၊သမီးဖြစ်သူ၊ တိုင်းရင်းသူလေး “ငွန်ဇာထွေး” ရဲ့ချစ်စရာကောင်းတဲ့၊ အသံလေးကိုသဘောကျရာက၊ မျက်စေ့ပါကျသွားပြီး၊ ဆောက်လုပ်ရေးနဲ့ပါတ်သက်တဲ့၊ တီဗီသီချင်းများဆိုရန်အကြောင်းပြချက်နဲ့၊ ၁၀တန်းမအောင်ခင်ကတည်းက၊ ဗိုလ်ချုပ်စောထွန်းအမိန့်နဲ့၊ နေ့စား ဝန်ထမ်းအဖြစ်ခန့်ထားခဲ့ပါတယ်။ မုံရွာစီးပွားရေးတက္ကသိုလ်ကဘွဲ့ရချိန်မှာတော့၊ ဦးစီးအရာရှိအဖြစ်၊ ခန့်အပ်ခဲ့ ပါတယ်။ ယခုပြဿာနာမဖြစ်ခင်ကလေးမှာဘဲ၊ “ငွန်ဇာထွေး” ကို၊ လက်ထောက်ညွှန်ကြားရေးမှူးရာထူး၊ တိုးပေး ရန်စီစဉ်နေကြောင်းကြားသိရပါတယ်။ ဗိုလ်ချုပ်စောထွန်းရဲ့တော်ကောက်ခံရပြီးနောက်၊ ဆုလာဘ်အဖြစ်၊ သူမ ရဲ့ဆွေမျိုးအယောက်(၃၀)ခန့်၊ ဝန်ထမ်းအဖြစ်ခန့်ထားပေးလိုက်တယ်လို့သိရှိရပါတယ်။

ဒါအပြင်၊“ငွန်ဇာထွေး”ရဲ့၊ သူငယ်ချင်းအချို့ကိုလည်း၊ အလုပ်ခန့်ထားခဲ့ပြီး၊ သူတို့ရဲ့ဘဏ်စာရင်းတွေထဲ၊ ငွေကြေး အမြောက်အများ ထည့်သွင်းပေးခါ၊ လိုအပ်လာတဲ့အခါ၊ ခြေတော်တင်ဘို့၊ ကြိုတင်အကွက်ချစီစဉ်ထားတာ လို့၊ ဆောက်လုပ်ရေးဝန်ကြီးနဲ့ နီးစပ်သူတဦးက၊ ထုတ်ဖေါ်ပြောဆိုခဲ့တာကြောင့်၊ အဲဒီ့မိန်းမပျိုလေးတွေ ရဲ့ဘဏ်စာရင်းတွေကို၊ သက်ဆိုင်ရာက၊ စစ်ဆေးနေကြောင်းသိရှိရပါတယ်။

“မ”ကျမ်းကြေသလို၊ လာဘ်စားရာမှာလည်း၊အထူးကျွမ်းကြင်လှတဲ့သူလို့၊ နာမည်ကြီးလှတဲ့၊ ဗိုလ်ချုပ်စောထွန်း ဟာ၊ နအဖစစ်အစိုးရဝန်ကြီးတွေထဲမှာ၊ သက်ဆိုးရှည်သူတဦးပါ။

အင်းဝတံတား၊ တည်ဆောက်စဉ်အခါက၊ ကန်ထရိုက်လုပ်ငန်းအားလုံးနီးပါးကို၊ ဆွေမျိုးနဲ့၊ နီးစပ်သူများကိုသာ၊ ပေးခဲ့ပါတယ်။ ဝိုင်းဝန်းခိုးစားနေကြတာကြောင့်၊ အဆင့်မမှီတဲ့၊တံတားကြီးအဖြစ်၊နာမည်ကျော်ကြားခဲ့ပါတယ်။ ဖွင့်ပွဲလုပ်ဘို့ပြင်ဆင်နေတာကို၊ လာရောက်စစ်ဆေးတဲ့၊ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်တယောက်၊ ပုံမှန်လေတိုက် ရုံနဲ့လှုပ်ယန်းနေတဲ့၊တံတားကြီးပေါ်ကနေ၊ အဆုံးထိမလျှောက်ရဲတာကြောင့်၊ တံတားတဝက်ကနေလှည့်ပြန် သွားခဲ့ရတဲ့ဖြစ်စဉ်တခုရှိခဲ့ပါတယ်။ ( ဆောက်လုပ်ရေးဝန်ကြီး၊အရေးယူမခံရပါ။ )

ယခင်ကလည်း၊အကြိမ်ကြိမ်လာဘ်စားမှုတွေရှိခဲ့လို့၊ စစ်ထောက်လှမ်းရေးခေါင်းဆောင်၊ ဗိုလ်ချုပ်ကြီးခင်ညွှန့် တာဝန်ရှိစဉ်က၊ အရေးယူဘို့တင်ပြခဲ့ပေမဲ့၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက၊ လက်မခံခဲ့ဘူးလို့သိရပါတယ်။ (ကျောက်ဆည်မြို့မှာအတူတူကြီးပြင်းလာခဲ့တဲ့၊ သံယောဇဉ်ကြောင့်လို့ပြောဆိုကြပါတယ်။)

နောက်ဆုံးမှာတော့၊ ဇနီးဖြစ်သူက၊ မြစ်ကြီးနား၊ပူတာအို(၁၂ရက်)ကြာခရီးစဉ်မှာ၊ “ငွန်ဇာထွေး” နဲ့နှစ်ပါးသွားတာ ကို၊ သက်သေအထောက်အထားတွေနဲ့တိုင်တန်းခဲ့တာကြောင့်၊အနားပေးလိုက်တာပါ။ ( ဇနီးသည်ရဲ့တောင်းဆို ချက်အရ၊ ဖမ်းဆီးမှုမပြုလုပ်ခဲ့ဘူးလို့သိရပါတယ်။)

ဝန်ကြီးပြုတ်ပြီဆိုတော့၊ တရားမဝင်ဇနီးလေးတွေရဲ့၊ ရှေ့ရေးကလည်း၊ ဖြုတ်ထုတ်သတ်ခံရဘို့ဖြစ်လာပါတော့ တယ်။ နီးစပ်သူအချို့လည်း၊အသုတ်လိုက်၊တဖြုတ်ဖြုတ်နဲ့၊ အထုတ်ခံနေရပါတယ်။ ဗိုလ်ချုပ်စောထွန်းလက် ထက်နယ်နှင်ခံထားရတဲ့၊ အချို့သောဝန်ထမ်းများကို၊ ဝန်ကြီးအသစ်က၊ ပြန်လည်ခေါ်ယူ တာဝန်ပေးအပ်တာ တွေ၊ တွေ့ရှိနေရပါတယ်။

အကျင့်ပျက်စစ်ဗိုလ်ချုပ်တွေအုပ်ချုပ်နေတာကြောင့်၊ မြန်မာနိုင်ငံဟာ၊ ဖွင့်ဖြိုးမှုနောက်အကျဆုံးနဲ့ အဆင်းရဲဆုံး နိုင်ငံအဖြစ်၊ ရောက်ရှိနေတာပါ။ နအဖစစ်အုပ်စုဟာ၊ ပြည်သူ့အာဏါကို၊လက်နက်နဲ့အတင်းအကျပ်၊ လုယူထား ပြီး၊ အရည်အချင်းမမှီ၊ အကျင့်သိက္ခာမရှိ၊ ဖောက်ပြန်တဲ့စိတ်ဓါတ်များနဲ့၊ မြန်မာလူထုတရပ်လုံးကို၊ ကမ္ဘာ့အ လည်မှာ၊ အရှက်ရစေမဲ့၊ လုပ်ရပ်များကိုသာ၊ အစဉ်တစိုက်လုပ်ဆောင်လျှက်ရှိနေတယ်ဆိုတာ၊ ဒီဖြစ် စဉ်တွေက၊ သက်သေခံလို့နေပါတယ်။

SPDC spread the rumor to general public about the departure of Minister for Ministry of Construction Maj.Gen. Saw Tun was because of health problem but the whole country and people know the true story behind the case.

Maj.Gen. Saw Tun is top of the list among other Generals as a champion of womanizer as contrast to his advance age (he is oldest General after Than Shwe and Maung Aye) and finally his own official wife Daw Myint Myint Ko cannot stand anymore so file the complain direct to Dictator Than Shwe personally. Than Shwe has no choice but to take action and Saw Tun was removed.

Daughter of one of the Construction Department heavy vehicle driver, Ngun Zar Htwe was initially noticed by Minister because of her voice as she use to sing for Ministry’s propaganda song but finally end up as a favorite lover of old General. She was in the payroll of Ministry as daily wages worker at beginning as she is still not even passed the 10th standard exam yet. She gradually passed exam and studied at Monywa University of Economic. Upon graduation, she was immediately appointed as staff Officer after overtaking so many senior persons. She is presently about to promote to the rank of Assistant Director but removal of her lover general is in consequence of her downfall too.

As a privilege of General’s lover, all her family members and relatives of almost 30 persons were appointed as service personnel in Ministry payroll. Her friends of good personality and skill with hospitality were also in the payroll and supported them with own bank account plus large amount of cash were deposited by old General. In return, they all are standing by for whenever the aging General requires their services and accompaniment.

Among those selected beauty, some were faded away if she can’t keep good relationship with Ngun Zar Htwe and some were tried to grab the top post from Ngun Zar Htwe but can’t compete and then left behind and faded away. Ngun Zar Htwe is a junior in her department and knows nothing about her work but none of her senior dare to challenge her because of some previous example as those who dare to complain was transferred to remote area.

General Saw Tun is famous not only for womanizing but he is an expert in taking bribe as all SPDC members consider him as a richest person in the gang. He is top of the longest serving minister in the Cabinet.

When Innwa Bridge was built, most of the contracts were awarded to his family members, relatives and affiliates. That bridge was notoriously famous for not up to standard because of too much pilferages and use of non-quality materials. We heard of involvement by Than Shwe family members in construction of that Bridge too. So, when in the preparations for opening ceremony of that bridge, very brave and arrogance Lt. Gen. Ye Myint (drugs trafficker) was not dare to cross the bridge by foot because the bridge was terribly shaking under slight breeze. He is successfully retreated on half way through the bridge.

No one dare to take an action to Gen. Saw Tun because of Than Shwe involvement in taking bribe for building that bridge. When Military Intelligent Chief, General Khin Nyunt was in position, he tried to take action to Saw Tun many time but end up with failure due to Dictator Than Shwe’s protection because they are coming from same place of Kyaukse and probably have some unknown relationship and give and take agreement between them.

This time Than Shwe has no choice because Saw Tun own wife make complain with evidence of how he is performing adulterous act with Ngun Zar Htwe on the 12 days trip to Myitkyinar and
Putao.

Since Saw Tun departure, his unofficial wife, lovers and associates are end up in big slaughtering vengeance with many followers of Saw Tun were terminated from positions and some arrested. In voice versa, those kicked away by Saw Tun are now reinstated to belonging position, it was learnt.

This is only a very small affair among very ugly events in the circle of SPDC and associates. They grab the power by support of guns and weapon from people and rule the country by such kind of unqualified, immoral and corrupted Generals. No wonder as Burma end up in the middle of the world as poorest and least develop country. Shame of you all Generals and supporters of SPDC.

10 comments:

Unknown said...

ဒီဘလော့ က သတင်းတွေ ဘယ်တုန်းက မှန်ဖူးလို့လဲ၊ ဦးသန်းရွှေ သေပြီ လို့ ရေးတာလဲ ခဏခဏ၊ ရွှေတိဂုံ ဘုရား ကို ကန်ထရိုက်ပေးထားတယ်လို့လဲ မဟုတ်မမှနိ မရှက်မကြောက်ရေးခဲ့ပြီးပြီ၊ အခုလို သူများကို အပုတ်ချတဲ့ အတင်း ရေးပြန်ပြီ။

Unknown said...

အခုတော့ သတင်းဘယ်မှန်သေးပါ့လဲ ဦးဦးဖျားဖျားရတဲ့သတင်းကို KO တစ်ယောက် သူ့ခေါင်းဆောင်တွေ ဘာလုပ်နေတယ်ဆိုတာ သိမှမသိသေးတာ ကျွတ်ကျွတ် တကယ်သနားစရာ ကောင်းတယ်
နောက်သူများတွေ ပါးစပ်ဖျားကနေ ရေပက်မ၀င်ပြောမှ နားလည်လာမဲ့ပုံဘဲထင်တယ်
ကိုထိုက်ရေ အားပေးနေတယ် ပိုစ်တွေကိုလဲ များများတင်ပါဦး အမြဲတမ်းလာလည်ဖြစ်ပါတယ်
lwaypoebloh

မင်းနန္ဒ said...

ဒီသတင်းမှန်မမှန် ဆောက်လုပ်ရေး အင်ဂျင်နီယာလောကထဲ သွားမေးကြည့်ပါလား ko. အဲဒီထဲမှာရေးထားတဲ့အကြောင်းအရာတွေထက်ဆိုးတာတွေတောင် ဦးစောထွန်းလုပ်ထားသေးတယ်။ အင်းဝတံတားကိစ္စ ဆိုရင်လဲ ဆောက်လုပ်ရေး အသိုင်းဝိုင်းတင်မက လူတိုင်းသိတဲ့ကိစ္စတွေပါ။ ဦးစောထွန်းနယ်ခရီးတွေမှာ ဖျော်ဖြေဖို့ သူ့လက်ထောက် အင်ဂျီနီယာတွေ CE EE တွေကအစ မိန်းမရှာပေးရတဲ့ အလုပ် လုပ်နေခဲ့ရတာ အားလုံးသိနေတဲ့ကိစ္စတွေပါ ကိုယ့်လူရေ။

Anonymous said...

မောင်စောထွန်းရဲ့ ငယ်ပါသောင်းကျန်းပုံက ကျမ်းတစ်စောင်ပြုစုရုံနဲ့ မလုံလောက်ဘူး...။ ဟိုးးးးး တုန်းကပေါ့. အဟတ်..ဟတ်...မောင်စောထွန်းတိုင်းခန်းလှည့်လာသတတ်။ ရောက်တတ်နေရာမှာ ငယ်ပါလေးကို အစာကျွေးရလေတော့ ထုံးစံအတိုင်းနယ်မြို့လေးတစ်ခုမှာပေါ့ ။ အဲဒါ သူလိုချင်တဲ့ ဟာကိုမရတော့ အောက်ကအဖားတွေက ရပ်ကွက်ထဲက ကြေးစားမတစ်ယောက်ကို ရေချိုးသန့်စင် ပြင်ဆင်ပေးကာ ရှယ်ပါဆိုပြီးအပ်လိုက်ကြသတတ်။ အမောင်စောထွန်းကလဲ ကျေနပ်တော်မူပြီး ကျေးတောသူ အဖြူထည်လေးအမှတ်နဲ့ မိုးအလင်းဝုန်းဒိုင်းကြဲလိုက်ပုံက အဲဒီမြို့လေးမှာ ဟိုးဟိုးကျော်လေသတည်း။။

ကိုယ်တွေ့နော်..။ အဟတ်..ဟတ်..ဟတ်

strike said...
This comment has been removed by the author.
strike said...

ကျွန်တော်လည်းမမှန်ဘူးထင်၇င်မမှန်ဘူးရေးပါမယ် ဒါပေမယ့်ဒီဟာကမှန်လွန်းလို့လိုတောင်မှလိုနေပါသေးတယ်၊
သူတံတားတခုစစ်မယ်ဆိုရင်အရင်ဆုံးပြင်ပေးထားရတာက သူ့အကြိုက်သမီးပျိုလေးများပါ၊သူ့သမီးသိဂီင်္ထွန်းတို့နေရင်း
ထိုင်ရင်းချမ်းသာချက်များလေယျာဉ်တောင်ဝယ်စီးနိုင်ပါတယ်၊သူ့သမက်အရင်တုံးကပေါက်လွတ်ပဲစားတွေ အခုဂေါက်ရိုက်နေပုံများ မနက်၁၉ကျင်းကိုYCDCမှာရိုက်ပြီးညနေကွင်းကိုနိုင်ငံခြားမှာရိုက်နိင်ပါတယ်။

သိချင်သေးလျှင်ဆက်ပြောပြပါမည်

Unknown said...
This comment has been removed by the author.
Unknown said...

ko ဆိုတဲ့ နွားရေ...နင့်ပထွေး စောထွန်းသောင်းကျန်းပုံများ ဒီblogမှာရေးတာတွေက သူကဲတာရဲ့ ၁၀၀၀ ပုံ ၁ပုံ တောင်မရှိဘူး....တံတား ၁စင်းတစ်ယောက်...တစ်တိုင်း တစ်ယောက် တစ်ပြည်နယ်တစ်ယောက်..ရှမ်းပြည်...ချင်းပြည်...ဧရာဝတီ...ပဲခူး...မုံရွာ....ပုသိမ်...၀ါးခယ်မ..အစုံပဲ...ခန်းဆက် novel ရေးရင် မင်းဒင်ရဲ့သက်ခိုင်ထိုင်ငိုသွားမယ်....ဆောက်လုပ်ရေးက CE EE တွေ သူ့ဖို့ မိန်းမရှာပေးရလွန်းလို့ ပင်စင်ယူပီးရင် ခေါင်းလုပ်စားလို့ရတယ်လို့ ပြောရတဲ့အထိပဲ...သူ့ဖို့ မိန်းမရှာပေးရတဲ့CE EE တွေပဲ ရာထူးတက် နေရာကောင်း၇တာ.. အင်းဝတံတားကို ဆွေမျိုးတံတားကြီးလို့ခေါ်တယ်.. ဒေါ်မြင့်မြင့်ကိုက သူ့ကြောင့်အမြဲစိတ်ဆင်းရဲရတာ ဆောက်လုပ်ရေးတစ်လောကလုံးအသိ..မိန်းမဘယ်လောက်ပွေတာ လူတိုင်းအသိ..ကိုထိုက်ရေးတာ လိုသေးတယ်...

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

免費A片, 本土自拍, AV女優, 美女視訊, 情色交友, 免費AV, 色情網站, 辣妹視訊, 美女交友, 色情影片, 成人影片, 成人網站, A片,H漫, 18成人, 成人圖片, 成人漫畫, 情色網, 日本A片, 免費A片下載, 性愛, 成人交友, 嘟嘟成人網, 成人電影, 成人, 成人貼圖, 成人小說, 成人文章, 成人圖片區, 免費成人影片, 成人遊戲, 微風成人, 愛情公寓, 情色, 情色貼圖, 情色文學, 做愛, 色情聊天室, 色情小說, 一葉情貼圖片區, 情色小說, 色情, 寄情築園小遊戲, 色情遊戲, 情色視訊,

情色電影, aio交友愛情館, 言情小說, 愛情小說, 色情A片, 情色論壇, 色情影片, 視訊聊天室, 免費視訊聊天, 免費視訊, 視訊美女, 視訊交友, ut聊天室, 視訊聊天, 免費視訊聊天室, a片下載, av片, A漫, av dvd, av成人網, 聊天室, 成人論壇, 本土自拍, 自拍, A片, 愛情公寓, 情色, 舊情人, 情色貼圖, 情色文學, 情色交友, 色情聊天室, 色情小說, 一葉情貼圖片區, 情色小說, 色情, 色情遊戲, 情色視訊, 情色電影, aio交友愛情館, 色情a片, 一夜情, 辣妹視訊, 視訊聊天室, 免費視訊聊天, 免費視訊, 視訊, 視訊美女, 美女視訊, 視訊交友, 視訊聊天, 免費視訊聊天室, 情人視訊網, 影音視訊聊天室, 視訊交友90739, 成人影片, 成人交友,