Saturday 18 April 2009

တောထုတ်တဲ့ ညနေ

ကဗျာ စာအုပ်လေး တစ်အုပ် လက်ဆောင်ရလို့ ဖတ်မိလိုက်ရင်း ကြိုက်မိတဲ့ ကဗျာလေး တပုဒ်ဖြစ်သလို၊ ရာသီကာလနဲ့ရော မြန်မာပြည်ဌာန နဲ့ပါ ကိုက်ညီလို့ ပြန်လည် ဝေငှလိုက်ပါတယ်။ ကဗျာရဲ့ နာမည်က


“တောထုတ်တဲ့ ညနေ”


သင်္ကြန်အခါပြီးတော့
လူကြီးတွေ ကမ္မကထပြု
သူ့အိုးနဲ့ သူ့အမည် ထိုးထားတဲ့ ပရိတ်အိုးတွေမှာ
ချည်ကြိုး၊ မြေဇာမြက်၊ သပြေရွက်၊ အုန်းရွက်
ဆီဆူး၊ နနွင်းလူးဆန် မေ့မကျန်ရဘူး
သူခူးတာ ကိုယ့်မျှ၊ ကိုယ်ရတာ သူ့ပေး
ဘေးကင်းအောင် ပရိတ်နာကြ။

မူးအောင်၊ ဝေအောင်၊ မောအောင်၊ ပန်းအောင်
ဖျားအောင်၊ နာအောင်၊ ခေါင်းကိုက်အောင်၊ နှလုံးတုန်အောင်
မေ့လျော့အောင်၊ ငိုခြင်းရယ်ခြင်းရှိအောင်
မချိအောင် ပြုတတ်တဲ့
ဘီလူး၊ ဂုမ္ဘာန်၊ နဂါး၊ အစိမ်းသရဲ၊
သွင်းကွဲ၊ ပြိတ္တာ၊ တစ္ဆေ၊ မြေဘုတ်ဘီလူး၊
နတ်မိစ္ဆာများ ရှိတာကို
နှစ်သက်ကြသလား မနှစ်သက်ဘူးလား
နှစ်သက်ကြသလား မနှစ်သက်ဘူးလား
နှစ်သက်ကြသလား မနှစ်သက်ဘူးလား
လား သုံးခါမြောက် အမေးထောက်တော့
လျှောက်ကြပါပြီ
မရှိတာကို နှစ်သက်ပါတယ် ဘုရား
မရှိတာကို နှစ်သက်ပါတယ် ဘုရား
မရှိတာကို နှစ်သက်ပါတယ် ဘုရား

အိမ်ပေါက်စေ့က
မိန်းမ၊ ယောက်ကျား၊ ကလေး၊ လူကြီး၊
သံပုံးတီးကြ၊ မီးစကို လျှို့၊ ဖလားတွေခေါက်
လင်ပန်းခေါက်၊ ဇကောခေါက်
ဗူးခေါက်၊ ခွက်ခေါက်
တောထုတ်ခြောက်သံ ရပ်ပါတော့မလား
ဟော .....
သူယောင်လိုလို တစ္ဆေလိုနဲ့
အမှောင်မြေ ဝိုးတဝါး ရီတရော
အကောင်တွေ တိုးသွားပြီကော။

မောင်အောင်ပွင့်(၃၀-၀၄-၂၀၀၆)

(Picture from Htein Lin)

Exorcism

Just after new year
organized by elders
each with a water pot filled with
cotton threads, Bermuda grass, Eugenia leaves, coconut,
fronds, plum thorns, turmeric rice,
which are share among friends,
they come to the ceremony

"Do you like fiends, monsters, devil,
goblins, ghosts, ogres, evil spirits
that cause diseases, illness, headaches,
stomachaches, sorrows, despair, death
or don't you, you village folks?"
the questions is raised three times,
and the answer comes
No
No
No!!!

In each and every home
men, women, young and old
bang on cans, bowls, trays, cups
kindle bonfires,
the bang won't stop.

Look!
men or ghosts
in the fading light
taking to their heels in huge numbers .....

30-4-2006

No comments: