Sunday 19 April 2009

လက်တွေ့ကျကျ လုပ်ကြတာပေါ့

ကျွန်တော့်ကို မိတ်ဆွေ တစ်ယောက် မေးခွန်း တစ်ခု မေးလာတယ်။ ကျွန်တော်က များသောအားဖြင့် အဲဒီ မေးခွန်းအဖြေကို မဖြေဖို့၊ တတ်နိုင်လျှင် အဲဒီကိစ္စကို မသိချင်ယောင် ဆောင်ဖို့ ကြိုးစားတာပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီ မေးခွန်းရဲ့ လိုချင်တဲ့ အဖြေ ရနိုင်မယ်လို့ မျှော်လင့်ပြီး လက်တွေ့ပုံစံနဲ့ ရနိုင်ဖို့ ကြိုးစားပမ်းစား ဆောင်ရွက်ခဲ့ဖူးပါတယ်။ (ကိုယ်ရောက်နေရာ နိုင်ငံ သေးသေး၊ လူနည်းနည်းလေးမှာတောင်) လိုချင်သလို အဖြေမရဘူး ဆိုတာကို သိနေသလို ခံစားနေရပေမယ့် ကိုယ့်ဘာသာ ငြင်းချက်ထုတ်၊ ဟန်လုပ် ခဲ့တာများနေတာပါပဲ။

အခုတော့ ကိုယ် တိုင်က သူများမေးတာကို ဖြေရမယ့် ကာလ ဖြစ်လာတော့ ရှောင်လို့ မရ၊ အဖြေမှန်နဲ့ ဝေးကွာလို့ မရ၊ လိမ်လို့ မဖြစ်(ကိုယ်ကို ကိုယ်လည်း မလိမ်ချင်၊ သူများကိုလည်း မလိမ်ချင်) ပါဘူး။ မဖြစ်နိုင်ဘူးဆိုတဲ့ အဖြေလည်း ပေးဖို့ မသင့်တော်ဘူးလေ။

အဲဒီ မိတ်ဆွေ မေးတဲ့ မေးခွန်းကတော့ ......

“တိုင်းပြည်အတွက် အလုပ် လုပ်နေပါတယ်ဆိုတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ တစုတစည်း တညီ တညွတ်တည်း အတူတူ အလုပ် လုပ်လို့ မရနိုင်ဘူးလား” .. တဲ့။


ဒါပေမယ့် အဲဒီ မေးခွန်း အတွက် ဒီတခါ ကျွန်တော့်မှာ အဖြေ ရှိခဲ့ပါတယ်။ ကျွန်တော့် အဖြေကတော့ ...

“အားလုံး အဲလို ညီညွတ်ဖို့ ဖြစ်နိုင်ပါတယ်။ မဖြစ်နိုင်တာ မဟုတ်ပါဘူး။ ... လက်တွေ့ကျကျကို ဖြစ်နိုင်ပါတယ်။ တခုပဲ ကျွန်တော်တို့ သေချာ စဉ်းစားရမှာကတော့ .. မြန်မာပြည် ဒီမိုကရေစီ ရအောင် လုပ်ရမယ့် ကိစ္စက အဲဒီလို အားလုံး ညီညီညွတ်ညွတ် လုပ်ဖို့ ကိစ္စထက် ပိုပြီး လွယ်လိမ့်မယ်။ ဒါကြောင့် အရင်ဆုံး မြန်မာပြည် ဒီမိုကရေစီ ရအောင် လုပ်သင့်တယ်။ မြန်မာပြည် ဒီမိုကရေစီ ရပြီးမှ ပြည်ပရောက် နိုင်ငံအတွက် အလုပ် လုပ်ကြသူတွေ အားလုံး ညီညီညွတ်ညွတ် လုပ်မယ့် ကိစ္စကို လက်တွေ့ အကောင်အထည်ဖေါ်ကြတာပေါ့ ..ဗျာ” လို့။

ကဲ .. ကျွန်တော် ဖြေတာ မှားသလားတော့ မသိဘူး။ ကျွန်တော်ကတော့ အဲလို ခံစားတွေးမြင်မိတာကို ဖြေခဲ့ပါတယ်။ လက်တွေ့ကျကျ အလုပ် လုပ်ကြရအောင်လားဗျာ။

လေးစားစွာဖြင့်
ကိုထိုက်

12 comments:

lwin said...

It is a good question.I thought about it before.But it depends on the attitude of each person.We don't need to spend time on it if we have the mind like General Aung San.Do not think about what you will get after success.Think about what you can do the best for your country.Do not expect to be someone in the country.To have white mind.It's just my opinion.Thank you.

Unknown said...

Ko Htike it's true what you said.I love the way you say.

Jeg said...

what's the truth moe

if you believe in it, it is true
if you do not believe it, it is true
if they do not believe it, it is their chaos... :(

Unknown said...

Among Myanmar people ,we had some traditional problem from our grand parents time till up to now which is called "Thu Ta Luu Ngar Ta Min".Every one want to become Leader only no follower.

Unknown said...

Among Myanmar people ,we had some traditional problem from our grand parents time till up to now which is called "Thu Ta Luu Ngar Ta Min".Every one want to become Leader only no follower.

Unknown said...

တတ်နိုင်သလောက် တခေါင်း(ဂေါင်း)တညဏ် တွေးကြည့် အဖြေရှာကြည့်ချင်တယ်။ မေးခွန်းက..

“တိုင်းပြည်အတွက် အလုပ် လုပ်နေပါတယ်ဆိုတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ တစုတစည်း တညီ တညွတ်တည်း အတူတူ အလုပ် လုပ်လို့ မရနိုင်ဘူးလား” ..

မေးခွန်းကတော့ ၀ါကျတကြောင်းတည်း တိုတိုပဲ။ သူ့ ဆိုလိုရင်းရောက်အောင် နည်းနည်း ဖြေ(ဖြည်)ကြည့်ရအောင်။

တိုင်းပြည်အတွက် အလုပ်လုပ်နေပါတယ်ဆိုတဲ့ .... ဘယ်လိုရည်ရွယ်ချက်အတွက် အလုပ်လုပ်နေ ကြတာလဲဆိုတာ သိပြီးဖြစ်မယ်ထင်ပေမယ့် ပြောရရင် မြန်မာပြည် စစ်အာဏာရှင်စံနစ်က လွတ်မြောက်ပြီး ဒီမိုကရေစီစံနစ် ရောက်ဖို့ လုပ်ကြတဲ့အလုပ်။


အလုပ်နည်းလမ်းပေါင်းစုံ ရှိရမယ်။ ကိုယ်သန်ရာ နီးစပ်ရာ ကျရာ အလုပ်တွေမျိုးစုံ ဖြစ်မယ်ဆိုတာ မဖြစ်မနေ လက်ခံထားဖို့ လိုတယ်။ (ဒါ အရေးကြီးတယ်)ကိုယ့်လူမျိုးချင်း ကူညီစောင့်ရှောက်ရေးကနေ လက်နှက်ကိုင်တိုက်ပွဲလုပ်ငန်းအထိ အကုန်ပါမယ်။

မေးခွန်းနောက်တပိုင်းက တစုတစည်း တညီတညွတ်တည်း ဒါမှမက အတူတူ အလုပ်လုပ်ဖို့ ။ ဒီလိုလုပ်ကြရင် မေးခွန်းရှင်မျှော်မှန်းတာ မျှော်လင့်တာ(ယုံကြည်ရင်လည်း ယုံကြည်နေမယ်)က မြန်မာပြည်စံနစ်ပြောင်း ခေတ်ပြောင်းနိုင်တယ်ပေါ့။ ဒီလို သူ့ မေးခွန်းကို မှန်းဆကြည့်တယ်။

ကိုထိုက်ကတော့ ဒီမိုကရေစီ အရင်ရအောင်လုပ်မယ်။ ပြီးမှ မေးခွန်းထဲက ညီညွတ်ရေးမျိုးလုပ်မယ်။ သူလည်း သေးသေးလေးထဲမှာ လုပ်တာကိုတောင်မှ မညီညွတ်နိုင်ဘူး ဆိုတာမျိုးပြောထားတယ်။ ခက်တယ်ပေါ့။ ညီညွတ်ဖို့ က.....

နိုင်ငံရေးအဖွဲ့ အစည်းတွေတင်မက လူမှုရေးအသင်းအပင်း အစည်းအဝေးတွေမှာ တော်တော်များများ ပြောကြတာ ကြားနေရတာက အဲဒီနိုင်ငံရေးခေါင်းဆောင်တွေ လူမှုအသင်းအပင်းခေါင်းဆောင်တွေ နိဂုံးချုပ်စကားပြောကြရင် ကျနော်ကျမတို့  ညီညီညွတ်ညွတ် လုပ်ဆောင်ကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်ရှင့်/ခင်ဗျား လို့  ပြောကြတာတွေ့ ရတယ်။

ညီညွတ်ရေးဟာ အရေးကြီးတယ်ပေါ့။.......

မေးခွန်းဒုတိယပိုင်းကို ဒီလိုရှင်းလာအောင် ပြန်ရေးကြည့်ချင်တယ်။ တူမယ်ထင်ပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ (အားလုံးလောက်ကိုဆိုလိုချင်ပုံ ရပါတယ်) အတူတူတစုတစည်းတည်းစုပေါင်းပြီး အလုပ်တွေကို တညီတညွတ်တည်း လုပ်ဖို့ ။ ဆိုလိုရင်း ရည်ရွယ်ရင်းက ပိုရှင်းသွားမယ်ထင်ပါတယ်။ အဓိတ်ပါယ် တူမယ်ထင်ပါတယ်။

တိုတိုဖြေကြည့်ရရင်...

အတူတူတစုတစည်းတည်း စုပေါင်းဖို့ .. လက်တွေ့ မကျပါဘူး။ မဖြစ်နိုင်ပါဘူး။ မလိုအပ်ပါဘူး။

ဘာကြောင့်လည်းဆို ဒီမေးခွန်းဆိုလိုရင်းသည် နိင်ငံရေးအဖွဲ့ အစည်းဆန်တဲ့တစုတစည်းတည်းသော အင်အားစုကြီးမျိုးကို ဆိုလိုထားလို့ ဖြစ်ပါတယ်။

ပြည်ပရောက်မြန်မာနိုင်ငံသားအားလုံး နိင်ငံရေးအဖွဲ့ အစည်း မဟုတ်ကြပါ။ နိုင်ငံရေးအဖွဲ့ အစည်းလို့ ခံယူတယ်ထားဦး။ ပါတီနိုင်ငံရေး.ကျောင်းသားနိုင်ငံရေး. လူမျိုးစုနိင်ငံရေး. လက်နှက်ကိုင်နိုင်ငံရေး အစုံအစုံသည် မတူညီသော အခြေခံများမှာ ရပ်တည်လုပ်နေကြလို့  ဖြစ်ပါတယ်။ ( ၈၈ ရဲ့ အသီးအပွင့်အရ နယ်စပ်အခြေပြုတဲ့ ခုလိုစုပေါင်းလုပ်ဆောင်တာမျိုးပေါ်ပေါက်ခဲ့ပါတယ်။ ခုထိလည်း လုပ်နေကြတာရှိပါတယ်။ အဲဒါက မြန်မာပြည်ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ ချုပ် Democratic Alliance of Burma. DAB ဖြစ်ပါတယ်။ အဲဒီကနေမှတဆင့် ဒီချုပ်ကထွက်လာတော့ အန်န်စီယူဘီပေါ့။ ရှိနေလုပ်နေကြပါတယ်။ ထိုင်း မြန်မာနယ်စပ်နဲ့ မြန်မာပြည်တွင်းမှာ အခြေပြုပါတယ်)အဲဒီအဖွဲ့ အစည်းတွေ စုပေါင်းလုပ်နေကြတာ အနှစ်နှစ်ဆယ် ကျော်ပါပြီ။

အခုနောက်ပိုင်းကာလတွေမှာ အင်အားစုကြီး ၇ဖွဲ့ ဆိုပြီး စုပေါင်းလုပ်လာကြတာ တွေ့ လာရပါတယ်။ အမျိုးသမီး. လူမျိုးစုံကျောင်းသားလူငယ်. တိုင်းရင်းသားကောင်စီ. အမတ်အဖွဲ့ နဲ့ ခုနက တပ်ပေါင်းစုကြီးနှစ်ခုပေါင်းထားကြတာကို ထပ်ပေါင်း ထပ်ဖြည့်ပြီး အင်အားစုံမကျန်မလပ်ရအောင် ပါနိင်အောင် လုပ်နေကြတာ ရှိလာတာ တွေ့ ရပါတယ်။

စိတ်ထင် ပြည်ပရောက် (နိုင်ငံတကာရောက်) အင်အားစုတွေ ပါနိုင်သေးတာ မတွေ့ ရပါ။ နိုင်ငံတကာရောက် အင်အားတွေ အင်အားစုတွေရဲ့ အလုပ်တွေ လုပ်ဆောင်နိုင်မှုတွေကို ကိုထိုက်အနေနဲ့  ခွဲခြမ်းစိတ်ဖြာကြည့်သင့်ပါတယ်။ လုပ်ငန်းငယ် လုပ်ငန်းကြီးသဘောတွေနဲ့  သူတို့ ရဲ့ mobility တွေကို တွက်ချက်ကြည့်ရင် ကောင်းပါမယ်။ အကျိုးရှိပါမယ်။

အဲဒီကနေမှ နိုင်ငံတကာရောက်အားတွေနဲ့  ဒုတိယ.ပထမနိုင်ငံက အားတွေပေါင်း။ ဒါဆို မိုက်ပြီပေါ့။ ရှယ်ပဲ။

ဒုတိယနောက်ဆုံးမေးခွန်းပိုင်း.. အလုပ်တွေကို တညီတညွတ်တည်းလုပ်ဖို့ ။

ကျနော်တို့ တွေ အမြင်ပိုင်းဆိုင်ရာမှာ ကိုယ်ကတည်းက စုစည်းတာနဲ့  ညီညွတ်တာကို အတူတူလို့ များ မှတ်ယူနေကြလားလို့  စဉ်းစားနေမိတယ်။ မေးခွန်းရှင်မေးထားတာ ပြန်ကြည့်ရရင် တွေ့ မယ်။

တစုတစည်း တညီတညွတ်တည်း အတူတူ အ လုပ် လုပ် ဖို့ ။

ကျနော်ဦးနှောက် လျှောက်စားတာ လောလောဆယ် အဆုံးသတ်တော့မယ်။

အတူတူတစုတစည်းတည်း စုပေါင်းဖို့ .. လက်တွေ့ မကျပါဘူး။ မဖြစ်နိုင်ပါဘူး။ မလိုအပ်ပါဘူး။

တညီတညွတ်တည်း အလုပ်လုပ်ဖို့  ...

အဲဒီတညီတညွတ်တည်း ဆိုတဲ့ ဗမာစကားလုံးကို ကိုထိုက်ဘယ်လိုနားလည်သလဲ။ ကျနော်တို့  စာဖတ်သူတို့  ဘယ်လိုနားလည်နေကြသလဲ။ စဉ်းစားကြည့်သင့်တယ်။ ကိုယ်စီကိုယ်စီ အတွေ့ အကြုံတွေ နိုင်ငံတကာ အတွေ့ အကြုံတွေကနေ အဖြေမှန်ရှာကြည့်သင့်တယ်။ ဆိုလိုတာက မိသားတစုရဲ့  ကုန်ပနီတခုရဲ့  အသင်းအဖွဲ့ တခုရဲ့  နိုင်ငံရေးအဖွဲ့ အစည်းတခုရဲ့  နိုင်ငံသူ နိင်ငံသားတွေရဲ့  ညီညွတ်လုပ်ဆောင်မှုကို ပြောကြရင် ဘာတွေတူမလဲ ဘာတွေထူးခြားချက်ရှိလဲ တခုခုတော့ မြင်နိုင်မယ်ထင်လို့ ပါ။ (ကုန်ကုန်ပြောရရင် န၀တ နအဖကို ညီညွတ်ရေးအမြင်ပေါ်ကနေ ဘယ်လိုအကဲဖြတ် သုံးသပ်မလဲဆိုတာ စိတ်ဝင်စားစရာ တွေ့ လာလိမ့်မယ်)

ကျနော်လက်ညောင်းလာပြီဗျာ။ ဆောရီး...

အလုံးစုံညီညွတ်ရေးဆိုတာ လက်တွေ့ မကျဘူး။ မဖြစ်နိုင်ဘူး။

အခြေအနေဟာ အရေးကြီးတယ်။ အမြဲတန်းမရနိုင်တဲ့ ပေးလာတဲ့အချိန်တိုလေး အတွင်းထဲက အဆုံးအဖြတ်အခန်းနေရာမှာ ရှိနေသူတွေရဲ့  ညီညွတ်ရေးဟာ လိုအပ်တယ်။ ဖြစ်နိုင်တယ်။ သမိုင်းထဲမှာလည်း ဒီလိုလုပ်နိုင်လို့  ခေတ်တွေပြောင်းနိုင်ခဲ့တာ အလွယ်တွေ့ နိုင်မယ်။

တူညီတဲ့ရည်ရွယ်ချက် အခွင့်အရေး တာဝန်ယူမှု အရအများပါဝင် စုဖွဲ့ ထားတဲ့ စည်းမျဉ်းစည်းကမ်း စံနစ်တကျရှိတဲ့ အဖွဲ့ အသင်း ပါတီမျိုးကတော့ ညီညွတ်မှုရှိရမယ်ဆိုတာ ပြောစရာကို မလိုတော့ဘူး။ ညီညွတ်မှုဟာ အခြေခံပဲ။

ကိုယ်တဦးချင်းကစပြီး ညီညွတ်အောင် လုပ်သင့်တယ်။ နေသင့်တယ်။ တယောက်တည်းကဘယ်လို ညီညွတ်အောင်နေမလဲ မမေးနဲ့ ဦး။ အဲဒါ နက်တ်ပွိုင့်...

ကိုထိုက်လည်း ပြောပါဦး။ မတူတာလေးတွေ ဖတ်ချင်တွေးချင်လို့ ။ ဖတ်မိတဲ့ စာဖတ်မိတ်ဆွေတွေလည်း ၀ိုင်းပြီးခေါင်း(ဂေါင်း)စားပေးကြဗျာ။ ဒါ အရေးကြီးတယ် မဟုတ်လား။


လမ်းပေါ်က
လမ်ပန်

Dr. Zakir Ali Rajnish said...

Nice Post.
----------
Magic of Thinking.
-TSALIIM-
Science Bolger’s Association

khinppl said...

မြန်မာနိုင်ငံသားတွေ တစုတစည်း တညီ တညွတ်တည်း အတူတူ အလုပ် မလုပ်သေးပဲနဲ့  Democracy ကို ပြောနေသေးတယ်

khinppl said...

မြန်မာနိုင်ငံသားတွေ တစုတစည်း တညီ တညွတ်တည်း အတူတူ အလုပ် မလုပ်သေးပဲနဲ့  Democracy ကို ပြောနေသေးတယ်

Thet Oo said...

အရေးကြီးဆုံးအချက်က ဒီမိုကရေစီ ခေါင်းဆောင် လွတ်မြောက်ရေး ပါ။ သူ လွတ်မြောက်လာတဲ့အခါ သူ့ခေါင်းဆောင်မှုအောက်မှ အားလုံးအတူတကွ အလုပ်တွေ လုပ်ကြရင်း ညီညွတ်သွားကြပါလိမ့်မယ်။

Unknown said...

ကိုထိုက် အလုပ်များနေတယ်ထင်တယ်။ ပို့ စ်အသစ် မတက်တာကြာပြီ။

ဒီခေါင်းစဉ်ဟာ နိုင်ငံရေးလုပ်နေသူတွေအတွက်ရော နိုင်ငံရေးကိုစိတ်ဝင်စားသူတွေအတွက်ပါ အရေးကြီးတယ်ထင်လို့  တွေးလို့ ရတာတွေ ဆက်ပြောကြည့်မယ်နော်။ အထူးသဖြင့် ခုလို ရွှေဝါရောင်ဖြစ် နာဂစ်ဖြစ် ၂၀၁၀ကလည်း လာတော့မယ်ဆိုတော့ ကျနော်တို့  ပိုစဉ်းစားဖို့ လိုမယ်။ စဉ်းစားရင်းစဉ်းစားရင်းနဲ့  ကျနော်တို့ တိုင် ကျယ်ပြန့် တဲ့အမြင်တွေ ရလာရင် သိပ်ကောင်းမှာဘဲ။

မေးခွန်းထဲကနေ လွတ်မထွက်သွားအောင် ကြိုးစားပြီး စဉ်းစားကြည့်မယ်။ ကျနော့်ရဲ့  ပထမကွန်မန့် မှာလည်း ပြောခဲ့ပါတယ်။ အင်အားတွေစုစည်းကြတဲ့အကြောင်း။

ပြည်ပရောက်ဆိုတာမှာ နှစ်မျိုးရှိပါတယ်။ နယ်စပ်ရောက်နဲ့  နိင်ငံတကာရောက် ။ နယ်စပ်ရောက်သူတွေဟာ တဦးချင်းလုပ်တာနည်းတယ်။ အဖွဲ့ အစည်းရှိတယ်။ တပ်ပေါင်းစုဖွဲ့ ကြတယ်။ လူထုစီးပွါးရေးအပေါ် ရပ်တည်တဲ့ စီးပွါးရေးဘ၀ ရှိကြတယ်။

နိုင်ငံတကာရောက်သူတွေဟာ တဦးချင်း တနိုင်ငံတနယ်စီ နေကြရ လုပ်ကြရတယ်။ အဖွဲ့ အစည်းရှိတယ်။ တပ်ပေါင်းစုအဆင့်မဟုတ်တဲ့ အင်အားစုတွေ စုကြတာရှိပေမယ့် နည်းသေးတယ်။ ကိုယ်ရောက်နေတဲ့နိင်ငံက အင်အားစုတွေကို ကိုယ်စားပြုနိုင်တဲ့ အဖွဲ့ အစည်းမျိုး ပေါ်ထွက်လာတာ နည်းသေးတယ်။ လူထုစီးပွါးရေးအပေါ် ရပ်တည်တာမဟုတ်တဲ့ ကိုယ်တိုင်လုပ်ရတဲ့ စီးပွါးရေးဘ၀ ရှိကြတယ်။

မြင်သာတဲ့ မတူညီတဲ့ အခြေအနေတွေကို တွေးမိတာရေးကြည့်တာပါ။

အဲဒီကနေမှ နယ်စပ်ရောက်သူတွေရဲ့ အလုပ်တွေနဲ့  နိင်ငံတကာရောက်သူတွေရဲ့ အလုပ်တွေဟာ တူတာတွေလည်းရှိသလို မတူတာတွေလည်း များပါတယ်။

အထက်ပါအကြောင်းတရားတွေကို ဆက်ပြီးဖြန့် တွေးလိုက်ရင် စဉ်းစားစရာ အများကြီးထွက်လာတာ တွေ့ ရမယ်။

စုစည်းတာနဲ့ ညီညွတ်တာကို ဆက်တွေးကြည့်ချင်တယ်။

၁။ စုစည်းပြီး ညီညီညွတ်ညွတ်အလုပ်လုပ်တာ၊

စုစည်းတယ်ဆိုတာ တူညီတဲ့အခြေခံအကြောင်းအချက်တွေရှိမှ စုစည်းနိုင်ပါတယ်။ မြန်မာပြည်ဒီမိုကရေစီရရှိရေး အကြောင်းအချက်ကြီးအတွက် နိင်ငံရေးလုပ်နေသူအားလုံး ယျေဘူရစုစည်းလို့ မရနိင်ပါဘူး။ ကဲ လာကြဟေ့၊ မြန်မာပြည်ဒီမိုကရေစီရေးအတွက် တို့ အားလုံးစုစည်းကြမယ်။ ဒီလို မဖြစ်နိုင်ပါဘူး။ အဲဒီအောက်မှာ အခြေအနေတွေ အကြောင်းအချက်တွေ အများကြီး အများကြီး ထည့်သွင်းစဉ်းစားစရာတွေ ကျန်နေသေးလို့ ဖြစ်ပါတယ်။ ဆိုလိုတာက စုစည်းတာ မကောင်းဘူးလို့ ပြောနေတာမဟုတ်ပါ။ မလိုအပ်ဘူးလို့  ပြောနေတာဖြစ်ပါတယ်။ ဒီလိုပြောလို့  စစ်အုပ်စုက ကျနော်တို့  စုစည်းမှာ မကြိုက်ဘူး။ ခင်ဗျားကလည်း မစုစည်းစေချင်ဘူးလို့ ပြောနေတာ မဟုတ်ပါဘူး။ တစုတစည်းသော အစုအစည်းကြီး နိင်ငံပြင်ပမှာ မလိုအပ်ဘူး လို့ ပြောနေခြင်းသာ ဖြစ်ပါတယ်။ လိုအပ်တာက နယ်ပယ်ဒေသအလိုက် နိုင်ငံအလိုက် တူရာတူရာ စုစည်းမှုတွေမျိုးသာ လုံးဝလိုအပ်တယ်။ အဲဒီကနေ မြန်မာပြည်ဒီမိုကရေစီရေးကို အားကောင်းမောင်းသန် ပိုပြီး လုပ်နိင်တယ်လို့  ပြောလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် အဆုံးသတ်ရရင်၊

နယ်စပ်ရောက်အင်အားစုတွေ တစုတစည်းသော အစုအစည်းကြီးတခု ဖြစ်သင့်တယ်။ လိုအပ်တယ်။

နိင်ငံတကာရောက်အင်အားစုတွေ တစုတစည်းအစုအစည်းကြီး မလိုအပ်ဘူး။ ကိုယ့်တူရာတူရာ စုလုပ်ကြ၊ ဖြစ်နိင်ရင် တနိင်ငံချင်းအလိုက် ကိုယ်စားပြုနိုင်အောင် တသံတည်းထွက်နိုင်အောင်စု ဒါလောက်ဆိုအရမ်းကောင်းပြီ။

နယ်စပ်ရောက်နဲ့ နိုင်ငံတကာရောက်တွေ အနိမ့်ဆုံးအလုပ်ကနေစပြီး ဆက်စပ်ထိတွေ့ ၊ ရင်းနှီးနားလည်အောင် သိလို့ ရတဲ့ သူဘာလုပ်တယ် ကိုယ်ဘာလုပ်နေတယ် အပြန်အလှန်သတင်းဖလှယ်၊ အပြန်အလှန်လေးစား ။

အဲဒါလောက်ဆို ကျနော်တို့ အများကြီး အလုပ်လုပ်လို့ ရပြီ။ အဲဒါက ဒေါ်အောင်ဆန်းစုကြည်လွတ်လာမှ လုပ်လို့ ရတာတွေ မဟုတ်၊

တကယ်တော့ ကျနော်တို့ အားလုံး ရှေ့ ကို နည်းနည်းလောက်စီပဲ တိုးကြည့်ရမှာပါ။ နည်းနည်းလေးပါ။ ဟုတ်ဘူးလားဗျာ။

လမ်းပေါ်က
လမ်ပန်

ပီ.အက်စ် ကျနော်ပြောခဲ့တာ ညီညွတ်သောအလုပ် တညီတညွတ်တည်း အကြောင်းမပါသေးဘူးဆိုရင် နောက်တခေါက်မှနော်။ ကျနော်လည်း ခေါင်းစားတယ်။ ကျနော်တို့ လည်း ခေါင်းဝိုင်းစားကြမှ ဖြစ်မှာ။ ကျနော်တို့ အားလုံး ကိုယ်လက်ခံထားတဲ့ သဘောကျတဲ့ အတွေးတ၀က်လောက်မှာ ရပ်နေလို့ မဖြစ် ။

Unknown said...

http://www.youtube.com/watch?v=mIHr8M6EYog