Thursday 14 May 2009

သစ္စာ အဓိဌာန်

(မေးလ်မှ ရရှိသော သစ္စာ အဓိဌာန်ပုံတစ်ခုအား ပြန်လည် ဖေါ်ပြလိုက်ပါသည်။)

သစ္စာ အဓိဌာန် ... အကယ်၍ အကြမ်းဖက်သမား လက်နက်ကိုင် သောင်းကျန်းသူ နအဖ၏ ယုတ်မာ ကောက်ကျစ်သော နည်းလမ်းများကြောင့် ဒေါ်အောင်ဆန်းစုကြည်အား တစုံတရာ ထိခိုက် ဘေးရန်ကျရောက်ခဲ့သည်ရှိသော် .. အဆိုပါ အကြမ်းဖက် လက်နက်ကိုင် သောင်းကျန်းသူ နအဖခေါင်းဆောင်များနှင့် ၄င်းတို့၏ နောက်လိုက်များအား အခွင့်သာသော နေ့ရက်များတွင် ပြန်လည်၍ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနှင့် ဒုက္ခအမျိုးမျိုးရောက်အောင်(မည်သည့်နည်းနှင့်မဆို) ပြုလုပ်နိုင်သော သူ ဖြစ်စေရမည်ဟု အဓိဌာန်ပြုသည်။

အဆိုပါ သောင်းကျန်းသူ ခေါင်းဆောင်များနှင့် နောက်လိုက်များအား အခွင့်မသာ၍ ပထမ အဓိဌာန် လွဲခဲ့သည်ရှိသော် ကျွန်ုပ်အသက်ရှိနေစဉ်ကာလ အတွင်း ၄င်းတို့၏ သားသမီး၊ မြေးမြစ်များအထိ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲနှင့် ဒုက္ခ အမျိုးမျိုးရောက်အောင် ပြုလုပ်နိုင်သူ ဖြစ်စေရမည်ဟု အဓိဌာန်ပြုသည်။

ကျွန်ုပ် အသက်ရှင်လျှက် မရှိတော့သော အချိန်တွင်လည်း ၄င်းတို့၏ သားစဉ်မြေးဆက်များအား ဆက်လက်၍ ဆွေးမျိုး အစဉ်အဆက် ဒုက္ခပေးနိုင်အောင် နောင်မျိုးဆက်သစ်များအားလည်း ပြုစုပျိုးထောင်သွားမည်ဟု သစ္စာ အဓိဌာန်ပြုပါသည်။

(အကြမ်းဖက်သမားများအား လက်တုံပြန်ရေး အဖွဲ့)

ကဲ .. ကျွန်တော်တို့ ညီအစ်ကို မောင်နှစ်မများတို့ .. ကိုဓ ဥပဒေကို ပြန်လည် အသက်သွင်းကြပါစို့။

6 comments:

Anonymous said...

hello... hapi blogging... have a nice day! just visiting here....

Morgan said...

The last days of Than Shwe. Will they be worse than those of Hitler?

http://www.youtube.com/watch?v=mIHr8M6EYog

Anonymous said...

အနိစ္စသဘောတရားအရတခုခုတော့ပြောင်းတော့မှာပါ

Nge Naing said...

ဒီမှတ်ချက်ကို ကျွန်မ အပေါ်က ပို့စ်မှာ မှားပြီးထည့်မိလို့ ပြန်ကူးလာပြီးဒီပို့စ်မှာ ပြန်လာထည့်တာ ဖြစ်တယ်။

ကျွန်မကတော့ အဓိကပန်းတိုင်ကိုပဲ ရှေးရှုစေချင်တယ်။ လက်တုံ့ပြန်ဖို့ထက် ဒီမိုကရေစီရဖို့က အဓိကဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဆိုရင် သူလုပ်တဲ့ကံအကျိုးကို လုပ်တဲ့သူကိုယ်တိုင် မလွဲမသွေ ခံရမှာ ဖြစ်လို့ သူ့အကုသိုလ်ကို ကိုယ်လိုက်ယူစရာမလိုပါဘူး။ နောက်ထပ် သားစဉ်မြေးဆက်ကို ဒုက္ခပေးဖို့ဆိုတာကလည်း အပြစ်မရှိတဲ့သူတွေကို သွားပြီးဒုက္ခပေးဖို့ဆိုတာ ဘယ်လိုမှ အကျိုးလည်း မရှိနိုင် ဖြစ်လည်း မဖြစ်သင့်ဘူးလို့ ထင်တယ်။

ko said...

Nge Naing ဆိုတဲ့မိန်းမရယ်..
အလုပ်မရှိ..ခလေးထိန်းစရာမရှိလည်းကိုယ်ဘာသာအေးအေးနေပါ..ဘာသာတရားဝင်ပြောလို့ပြောရဲ့..မလုပ်နိုင်ရင်ဝင်မအာနဲ့..
ဆရာကြီးလေသံနဲ့..
ဗမာစာရိုက်ဖို့အချိန်အားတိုင်းBlogတကာလှည့်နေပုံရတယ်..

get a Job!!!

Nge Naing said...

ကိုဆိုတဲ့လူ
ကျွန်မ ပြောတဲ့ထဲမှာ ဆရာကြီးလေသံ တခွန်းမှမပါပါဘူး။ မြန်မာပြည် ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးအတွက် ကောင်းစေချင်တာကို စေတနာနဲ့ မှတ်ချက်ပေးတာသာ ဖြစ်တယ်။ ဒါဟာ စာဖတ်သူတယောက်ရဲ့ အခွင့်အရေးပါ။ ကျွန်မပြောတဲ့အချက်ကို ဘလော့ဂါ ကိုထိုက်ကိုယ်တိုင်က ကန့်ကွက်ပြီး လက်မခံရင် သူကျွန်မကို ပြန်ဆွေးနွေးပါလိမ့်မယ်။ ရှင်က ဗုဒ္ဓဘာသာ မဟုတ်ရင်တော့ လောကီရေးရာနဲ့ ပတ်သက်ပြီး ဘုရားဘာပြောခဲ့တယ် ဆိုတာကိုလည်း သိမှာ မဟုတ်တဲ့အတွက် ဂရုစိုက်မှာမဟုတ်ဘူး ဆိုတာကို နားလည်ပါတယ်။ ကျွန်မ မှတ်ချက်ကို ဆရာကြီးလုပ်တယ်ထင်ပြီး နားလည်မှုလွဲသွားလို့ ရှင်စိတ်အနှောင့်အယှက် ဒါမှမဟုတ် စိတ်မသက်မသာ ဖြစ်သွားတာကိုတော့ စိတ်မကောင်းပါဘူး။ ဒါပေမယ့် ကျွန်မက ရှင်ထင်သလို ဆရာကြီးလုပ်တာ မဟုတ်ပါဘူး။