Sunday 17 May 2009

ပျင်းစရာကောင်းတဲ့ နိုင်ငံတော် လုပ်ကြံမှု

အခုတလော မြန်မာပြည်ကိစ္စမှာ အသံအကျယ်ဆုံးနဲ့ အရေး အကြီးဆုံး ကိစ္စကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံတဲ့ ကိစ္စလို့ ပြောရမှပါပဲ။


လုပ်ကြံတယ် ဆိုတဲ့ အသုံးအနှုံးကို ဘာလို့ သုံးရတာလဲ။ ရှင်းရှင်းလေးပါ။ ကလေးတွေ တွေးသလို တွေးကြည့်ရုံနဲ့ မြင်နိုင်ပါတယ်။ အရာရာ ဘယ်တော့ကမှ ကတိမတည်၊ ယောက်ကျားမဆန်၊ ကလိမ်ကြတဲ့လူတွေက ဒေါ်အောင်ဆန်းစုကြည်ကို တရားဆွဲတယ် ဆိုကတည်းက ပထမ အချက်အနေနဲ့ လုပ်ကြံတယ် ဆိုတာ ရှင်းနေတာပဲ မဟုတ်လား။

ဒီကြားထဲမှာ သိသိသာသာ ယုတ္တိက ကင်းကွာနေတဲ့ အချက်တွေက အတော်များသားလား။



၁။ ပထမ အချက်အနေနဲ့ အရှင်းဆုံး အချက်ကတော့ အသက် ၅၃ နှစ် ရှိပြီး ခန္ဓာကိုယ် အလေးချိန် ၂၂၀ ပေါင် လေးတဲ့ ခပ်ဝဝ အသက်ကြီးကြီး လူတစ်ယောက်က အင်းလျားကန်ကို အရှည်လိုက် (မြေပုံပေါ်မှာ တိုင်းကြည့်ရင် ၁.၅၆ မိုင်ခန့်) အကွာအဝေးကို ရေကူးပြီးမှ မိတယ် ဆိုတာပါပဲ။ အင်းလျားကန်ဟာ ဒိုက်တွေ၊ မှော်တွေနဲ့ ကူးရခက်တဲ့ နေရာပါ။ အဲဒီ MR Yettaw ဆိုတဲ့ ပုဂ္ဂိုလ်ကို သာမန်ရေကူးကန်မှာပဲ ဟိုဘက် ဒီဘက် ၂ ခေါက်လောက် အရင် ကူးခိုင်းကြည့်ပါဦး။ ကူးနိုင်စွမ်း ရှိ၊ မရှိသိရတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်အိမ်ကနေ အနီးဆုံး ကမ်းဘက်ကို ဘာလို့ မကူးရတာလဲ။ ဒီတော့ အဲဒီလောက် ဝေးတဲ့ ကမ်းအထိ ဒီ Mr Yettaw ဆိုတဲ့ ပုဂ္ဂိုလ်ကဘယ်လို ရောက်အောင် ကူးသွားလဲ။


၂။ ဒေါ်အောင်ဆန်းစုကြည်က အဲဒီ ပုဂ္ဂိုလ်လို ဘာမှန်း ညာမှန်း မသိတဲ့ လူတစ်ယောက်ကို လက်ခံပြီး ၂ ရက်တိတိ ထားမယ် ဆိုတာ မဟုတ်ပါဘူး။ ဒီလို လက်ခံထားရင် နောက်ဆက်တွဲ ပြဿနာတွေ အခုလို ဖြစ်မယ် ဆိုတာ ဒေါ်စုလို လူတစ်ယောက်က မသိဘဲ မနေပါဘူး။ ဒီတော့ ရှင်းပါတယ်။ ၂ရက် တိတိ အထဲမှာ နေရင် နေမယ်။ ဒါပေမယ့် ဒေါ်စု မသိဘဲ ခြံအကျယ်ကြီးထဲမှာ ပုန်းနေတာလည်း ဖြစ်နိုင်သလို .. အစောင့်တွေနေတဲ့ “တဲ” မှာ အထူးဧည့်သည်အဖြစ် ပြဇာတ်တိုက် လေ့ကျင့်နေတာလည်း ဖြစ်နိုင်ပါတယ်။

အမေရိကန်မှာ အဲလို ပေါက်ကရလုပ်မယ့်လူမျိုးကို ဒေါ်လာ ၁၀၀၀၀ လောက် ပေးလိုက်ရင် ပျော်ပျော်ကြီး လုပ်ပေးမယ့်လူကို ရှာဖို့ မခက်ပါဘူး။

၃။ အဓိက အရေးကြီးဆုံး အချက်ကတော့ .. စစ်တပ်က စစ်သားတွေ လက်နက်ကိုင်ပြီး ၂၄ နာရီ နေ့ည မပျက် စောင့်နေတဲ့ အိမ်ထဲကို ကိုယ်ပျောက်ဆေး စားထားသလို အဲဒီ အသက်ကြီးကြီး ခပ်ဝဝ လူတစ်ယောက်ဝင်လာတာကို အစောင့် စစ်သားတွေက မစောင့်ရှောက်နိုင်ဘူးဆိုတော့ ... ဒါလေးတောင် လုံအောင် မစောင့်နိုင်တဲ့ စစ်သားတွေက ... နိုင်ငံတော် လုံခြုံရေးအတွက် တပ်မတော်ကြီးဖွဲ့ပြီး တာဝန်ယူ စောင့်ရှောက်ထားပါတယ် ဆိုပြီး ကြွားနေတာကို ဘယ်လို ယုံရပါ့မလဲ။ လမ်းဘေးက လျှောက်သီးဆေးပြား ရောင်းစားတဲ့ မမ တွေကမှ မြန်မာနိုင်ငံက စစ်သားဆိုတဲ့ လူတွေထက် အသုံးဝင် ဦးမယ် ထင်တယ်။

ကဲ အဲဒီ အချက်တွေကတော့ စဉ်းစားစရာပေါ့။ ဒီနေရာမှာ ဘယ်သူ့မှာ အပြစ် အရှိဆုံး၊ တာဝန်အရှိဆုံးလည်း ကြည့်ရအောင်။

၁။ တရားခံ (Mr yettaw)
ဘယ်က ဘယ်လို ကလေကချေ မှန်း မသိသော လူတစ်ယောက်က သူများ အိမ်ထဲကို ခိုးပြီး ဝင်တာလာ ဖြစ်တဲ့ အတွက်ကြောင့် ခိုးဝင်လာတဲ့ သူခိုးက ပထမ တရားခံပါပဲ။

၂။ တရားခံ(လက်က်ကိုင် ကြမ်းဖက် အွဲ့ (နအဖ))
ဘယ်သူမှ အလွယ်တကူ ဝင်လို့ မရအောင် ၂၄ နာရီ စောင့်နေတဲ့ (နအဖ)အစောင့်တပ်က ဒုတိယ တရားခံပါပဲ။ သူတို့ လုံအောင် မစောင့်နိုင်လို့ ဝင်လာတာ (သို့) သူတို့ကိုယ်တိုင် အဲဒီ ကလေကချေကို အိမ်ဝင်းထဲ သွင်းတာသာ ဖြစ်နိုင်ပါတယ်။

အဲဒါကို အိမ်ထဲမှာ မတရား(၅)နှစ်ကျော် ပိတ်လှောင်ခံထားရပြီး အပြင်က လူနဲ့ စကားတောင် ပြောခွင့်မရှိတဲ့ လူတစ်ယောက်မှာ အပြစ်ရှိတယ် ဆိုပြီး တရားဆွဲတာ လူရယ်စရာကောင်းပါတယ်။ မြန်မာပြည်က စစ်သားတွေရဲ့ ကလေးသာသာ ပျင်းစရာ ကောင်းတဲ့ ကစားကွက်ဆိုတာ ထင်ထင်ရှားရှား မြင်နေရတာပါပဲ။

ဒီတော့ ဘာလို့ ဒီလိုမျိုးကို အကြမ်းဖက် လက်နက်ကိုင် အဖွဲ့(နအဖ) က လုပ်ရတာလဲ။ စဉ်းစားစရာ ဖြစ်လာပါတယ်။

တန်းပြီး သိသာတဲ့ အဖြေကတော့ .. ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ပေးချင်လို့ အကြောင်းရှာတာပါ။

ဒါပေမယ့် ဒီနေရာမှာ လစ်ဟာနေတဲ့ အချက်ကို မြင်ရပါတယ်။ အဲဒါ ဘာလဲ ဆိုတော့ ကမ္ဘာက သိအောင် ရက်စက်ယုတ်မာ၊ ကောက်ကျစ် ကြမ်းကြုတ်၊ မျက်နှာပြောင်တိုက် အရှက်မရှိတဲ့ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့(နအဖ) အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထပ်ဖမ်းချင်တာ ဘာလို့ အကြောင်းပြချက် ရှာမလဲ။ အရှက်က နဂိုကတည်းကမှ မရှိတာ။ ထပ်ဖမ်းထားရုံပေါ့၊ ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ။

ဒီလို အကြောင်းပြချက် ရှာပြီး ဖမ်းရတာဆိုတော့ .. သူတို့မှာ ဂရုစိုက်စရာ လူတွေ ရှိလာလို့ပါပဲ။ အဲဒါ ဘယ်သူတွေ ဖြစ်မလဲ။ ....

အဖြေက ရှင်းပါတယ်။ သူတို့ တပ်ထဲက လက်နက်ကိုင် အချင်ချင်း အထဲမှာ အကြောင်းပြချက် ပေးလို့ရအောင် အခုလို “ခွင်” ဆင်ပြီး လုပ်ကြံတယ်ဆိုတာ မြင်နေရပါတယ်။ ဒီတော့ သူတို့ တပ်ထဲက ထိပ်သီး ပုဂ္ဂိုလ်တွေမှာ အချင်းချင်း ပြဿနာတွေ ရှိလာနေတယ် ဆိုတာ လှစ်ဟာ ပြနေပါတယ်။

ဒါပေမယ့် ဘာဘဲ ပြောပြော လက်နက်ကိုင် အကြမ်းဖက် အဖွဲ့(နအဖ)ရဲ့ ပျင်းစရာကောင်းတဲ့ နိုင်ငံတော် လုပ်ကြံမှု နောက်တစ်ကြိမ် ဖြစ်ကြောင်း သမိုင်းမှာ တွင်ကျန်နေရစ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လူယုတ်မာတွေလက်ထဲမှာ ဘေးမသီ၊ ရန်မခ ကျန်းမာပါစေ။

လေးစားစွာဖြင့်
ကိုထိုက်
(အောက်က ပို့စ်ထဲက သစ္စာ အဓိဌာန်ထဲကအတိုင် ကျွန်တော်လည်း အတူတူ ပါဝင် အဓိဌာန်ပြုထားပါတယ်။)

17 comments:

မေငြိမ်း said...

မှန်လိုက်လေဗျားးး

Unknown said...

လူဆိုတာ ကိုယ့်ဘက်ကို ယက်တဲ့လုမျိုးဆိုတော့လည်း ပြောရခက်သားနော်။ ခိုးဝင်တယ်ဆိုတဲ့ အမေရိကန်လူမျိုးကိုပဲ သွားမေးကြည့်ကြပေါ့ဗျ။ ခင်ဗျားကကော ပိုက်ဆံ ဘယ်လောက်ရလို့ ဒီပုံစံမျိုးရေးရတာလဲ။ ဘယ်လိုလူမျိုးတွေကကော ခုချိန်ထိ
နိုင်ငံတော် အတွက်ဘာတွေများအကျိုးပြုခဲ့ လို့လည်းပြန်
ပီးဆန်းဆစ်ကြည့်ကြပါဦးလို့ သတိပေးချင်တယ်။

Sayar Pe said...

ko ဆိုတဲ့လူ၊ ဒီလောက်ရှင်းနေတဲ့။ သောက်ရှက် မရှိတဲ့ လုပ်ကြံမှုကြီးကို ဦးနှောက်ရှိပြီး စဉ်းစားဆင်ခြင်ညာဏ် ရှိတဲ့လူတိုင်းသိနိုင်တယ်။
ခင်ဗျားကိုလဲမေးလိုက်ဦးမယ်၊ ခင်ဗျားရော ဘာတွေရလို့
ကိုယ်နဲ့အမြင်မတူတဲ့ Blog တွေကို မနေနိုင်မထိုင်နိုင် ၀င် ၀င်ကြည့်ပြီး နအဖ ဘက်ကနေ ဟောင်ပေးနေရတာလဲ။

Zin+Aye's peaceful square said...

ဘယ်လိုလူမျိုး တွေကနိုင်ငံအတွက် ဘာလုပ်ခဲ့သလဲဆိုတာ မင်း(ကို)ဆိုတဲ့ကောင်က မသိနိုင်သေးတဲ့ ပုဇွန်ဦးခေါင်းနဲ့ အရေးအသားလေး ကိုတော့ မင့်အမေမိဘ၊အဖိုး၊အဘေးတွေ ဘယ်လိုရပ်တည်ရုန်းကန်ခဲ့ရသလဲ ဆိုတာကို သိမှီသေးတဲ့ မင့်ရဲ့ ပါတ်ဝန်းကျင် ဆွေမျိုးအသိုင်းအ၀ိုင်း ကိုပြန်မေးလိုက်ပါအုံး။ဘာဘဲဖြစ်ဖြစ် မင့်ကိုကွန်ပြူတာရိုက်တတ်အောင်နဲ့ မြန်မာစာ စာအရေးအသား ကျွမ်းကျင်အောင်ရေးတတ်လာအောင် ကာလရှည်ကြာ ပြုစုပျိုးထောင်ပေးခဲ့သူများဟာ မောင်
ရင်(ကို)လောက်တော့ အသိဥာဏ်ပညာမဲ့စွာနဲ့ နေထိုင်အသက်ရှင်နေသူများ မဟုတ်တန်ကောင်းပါဘူးလို့ ထင်ပါတယ်(မောင်ရင့်မိဘနှစ်ပါးကတော့ မောင်ရင့်လို လူစိတ်ရှိမရှိ မသိနိုင်တဲ့ အတွက် အခြားမှတ်ချက်မပေးလိုပါ၊ မပြေးသော်ကန်ရာရှိ မိဘနှစ်ပါး မျက်နှာပြန်သာကြည့်)စစ်မှန်မွန်မြတ်စွာ လောကပညာများ သင်ကြားပေးခဲ့သော သင်ဆရာများကို စော်ကားသမှုပြုနေလျက်ရှိသည့် မင့်စိတ်ဓါတ်ကိုတော့ ခွေးများအပေါင်း၏ မသာဂေါင်ချုပ်ကြီး သန်းရွှေခွေးအို
ကြီးမှ ချီးတန်ချိန်မြောက်များစွာဖြင့် သင့်လိုလူ(ကို)ကို
ချီးထောပဏာပြုလိမ့်မည် ဖြစ်ကြောင်းနှင့်၊ သင့်အားမြန်မာ ပြည်သူတရပ်လုံးက ကောင်းမွန်ဆိုးရွားစွာ အသက်သေဆုံး နိုင်ပါစေကြောင်း ပို့သ ဆုတောင်းနေကြမည် ဖြစ်ကြောင်း သတင်းကောင်းပါးလိုက် ပါရစေ။
(ကို)ဆိုသော အဟိတ်တရိစ္ဆာန်ကောင်အား အမုန်းတရားဖြင့်။

Thet Oo said...

အာဆီယံနိုင်ငံတွေရယ်၊ တရုတ်၊ ရုရှား စတဲ့ သူ့ကို ထောက်ခံတဲ့ နိုင်ငံတွေရယ်၊ လက်အောက်ခံတပ်ရင်းတပ်ဖွဲ့ တွေကို အဓိကထား ရည်ရွယ်ပြီး လိမ်ပုံရတယ်။

Anonymous said...

To Ko
ကိုယ့်ဘက်ကို ယက်တတ်တဲ့လူမျိုးဆိုတာ မင်းတို.လို စစ်တပ်ထဲမှာ ခွေးတောင်မစားချင်တဲ့ ပဲဟင်းနဲ့ ဆန်ကြမ်းစားပြီး နိုင်ငံရဲ့ သယံဇာတတွေကို သောက်ရှက်မရှိ ခိုးစားနေတဲ. မင်းတို.ရဲ. ပုထွေးတွေကို ချီးကုံးပေး ထမိန်လျှော်ပေးပြီး ဘဘကြီးတို.လုပ်သမျှ မှန်ပါတယ်ခင်ဗျား ပြောနေတဲ. ခေါင်းထဲမှာချီးပဲရှိတဲ. မင်းတို.လို ရွံစရာကောင်းတဲ. စစ်ခွေး တွေကိုခေါ်တာ

Nge Naing said...

ကျွန်မကတော့ အဓိကပန်းတိုင်ကိုပဲ ရှေးရှုစေချင်တယ်။ လက်တုံ့ပြန်ဖို့ထက် ဒီမိုကရေစီရဖို့က အဓိကဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဆိုရင် သူလုပ်တဲ့ကံအကျိုးကို လုပ်တဲ့သူကိုယ်တိုင် မလွဲမသွေ ခံရမှာ ဖြစ်လို့ သူ့အကုသိုလ်ကို ကိုယ်လိုက်ယူစရာမလိုပါဘူး။ နောက်ထပ် သားစဉ်မြေးဆက်ကို ဒုက္ခပေးဖို့ဆိုတာကလည်း အပြစ်မရှိတဲ့သူတွေကို သွားပြီးဒုက္ခပေးဖို့ဆိုတာ ဘယ်လိုမှ အကျိုးလည်း မရှိနိုင် ဖြစ်လည်း မဖြစ်သင့်ဘူးလို့ ထင်တယ်။

Nge Naing said...

Sorry
အပေါ်က မှတ်ချက်က ဒီပို့စ်အတွက် မဟုတ်ဘူး။

swe said...

အေးချမ်းတဲ့မိသားစုဘ၀လေး ကို မရွေးနိုင်အားပဲ ပြစ်ထါးခဲ့ရပြီး မြန်မာပြည်သူများ အတွက် physical ဒုက္ခမျိုးစုံ အပြင် စိတ်ဆင်းရဲ ခံပြင်းစရာ မျိုးစုံတွေ ကြားထဲမှာ နှစ်ပေါင်းများစွာ ခါးစည်း ခံလာခဲ့ ရတဲ့ မမစု အတွက် သူချစ်တဲ့ပြည်သူတွေက ဘယ်လို အနစ်နာခံ ၀ိုင်းဝန်းကူညီကြမလဲ ဆိုတာ မြင်ရ မယ်.အချိန်ရောက်ပါပီ.....
သားမြေးများနဲ့အတူ အေးချမ်းတဲ့ဘ၀လေး အမြန်ရောက်ပါစေ...။

Mon Capricorn said...

နအဖ ရဲ့ အရိပ်ဆိုး။ သမိုင်းဆိုး။

Unknown said...

ဦးသန်းရွှေမှာ ရည်မှန်းချက် ၂ခုရှိပါတယ်။
၁။ က ဟိုကြက်ကို အိုးမဲသုတ်ပေး ဒီကြက်ဖင်ကို လေမှုတ်ပေးနဲ့ သူကဘေးမှာအသာရှိုနေပြီး ဟိုလိုလိုဒီလိုလို သေတဲ့အထိဒီပုံစံနဲ့ နေသွားနိုင်ရေးပဲဖြစ်ပါတယ်။ မသေခင်သူ့အတွက်။
၂။ က သူသေရင် သူ့ရဲ့ သားသမီးတွေ ပြည်တွင်း၊ ဒါမှမဟုတ် ပြည်ပမှာ သူကြွယ်မျိုးဆက်အနေနဲ့ ကျန်ရစ်ခဲ့ဖို့ပဲဖြစ်ပါတယ်။ သေပြီးရင်ကျန်ရစ်ခဲ့မယ့် မိသားစုအမွေအတွက်။

သူ့သားသမီးတွေကို သူပေးခဲ့မယ့်အမွေဆိုတာ တခြားဥစ္စာပစ္စည်းတွေကိုထားပါအုန်း၊ လစာမှာတင် အသက် ၆၀ကျော် ဥပဒေအရအနားမယူပဲ ဦးစီးချုပ်ရာထူးကို ဆက်လုပြီးယူထားတဲ့ငွေမဲတွေ။

ဒီစိန်တွေဟာ ကျွန်တော်ကျွန်မတို့ ဒါးပြတိုက်ထားတာ မဟုတ်ဘူး၊ အဖေတိုက်ပြီးအမွေပေးသွားတာလို့ လုပ်လို့မရပါဘူး။ ဥပဒေမှာ ခိုးရာပါ တိုက်ရာပါ ပစ္စည်းလက်ခံထားလို့ မရပါဘူး၊ ခိုးနေ တိုက်နေတာသိရင်တောင် တိုင်ကြားရပါတယ်၊ ထိန်ချန်ထားလို့မရပါဘူး၊

ဦးသန်းရွှေအနေနဲ့ ပထမတစ်ချက်ကို လုပ်နိုင်ကောင်းလုပ်နိုင်ပေမယ့်၊ သူ့မိသားစုကို သေပြီးတဲ့အထိသံကွန်ခြာအုပ်ပြီး လိုက်စောင့်ရှောက်နေနိုင်မှာ မဟုတ်ပါဘူး။

ကျွန်တော်တို့ ပြည်ပမှာမြန်မာ ၄သန်းလောက် ကမ္ဘာအနှံ့ရောက်နေပါတယ်။ တစ်ယောက်ကို ဘီယာတစ်ဘူးဖိုး အကုန်ခံလို့ ဒေါ်လာ ၂သန်း ၃သန်းရှိရင် ဂျူးတွေ နာဇီကိုလိုက်သလို တစ်ကမ္ဘာလုံးမြေလှန်ရှာလို့ရပါတယ်။

မုဒိန်းကျင့်ခံရတဲ့ မိန်းမတစ်ယောက်ဟာ တရားစွဲဆိုတိုင်ကြားနိုင်တာ သူ့အခွင့်အရေးဖြစ်သလို၊ ရရာပစ္စည်း ကပ်ကျေးရှိ ကပ်ကျေးနဲ့ထိုးပြီး ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ကိုလဲ တရားဝင် ဥပဒေကပေးထားပါတယ်။

ဦးသန်းရွှေအနေတဲ့ သူ့လမ်းကို သူဆုံးဖြတ်ပြီးရွေးနိုင်ပါတယ်။ သူသေရင်ကျန်ရစ်ခဲ့မယ့် မိသားစုကိုရင်းမယ်ဆိုရင်လဲရင်းနိုင်ပါတယ်။ တန်တယ် မတန်ဘူးဆိုတာတော့ သူဆုံးဖြတ်ပေါ့။

မဆလခေတ်မှာ လူမွှေးလူယောင်မပြောင် တင်ပါးသားရေချပ်ပြားဖြစ်အောင်ဒေါ်ကြိုင်ကြိုင်တို့ စက်ချုပ်စားနေရတဲ့ ဘဝကနေ၊ မမြင်ဘူးတာမြင်ရ၊ မဝတ်ဘူးတာဝတ်ရ၊ မစားဘူးတာစားရနဲ့ အခုလိုဘဝတွေဖြစ်လာရတာဟာ မဆလစနစ်ကိုတော်လှန်ဖြုတ်ချခဲ့ကြတဲ့ ဒေါ်စု၊ ၈၈၈၈ကျောင်းသားတွေနဲ့ ပြည်သူတွေရဲ့ ကျေးဇူးကြောင့်ဆိုတာ သူတို့ မသိစရာအကြောင်းမရှိပါဘူး။

သူလဲ သူလမ်းသူရွေး၊ ကျွန်တော်တို့လည်း ကျွန်တော်တို့ လုပ်ရမယ့်အလုပ်ကို ဖြစ်အောင် ဝိုင်းဝန်းတောင်းဆိုအကောင်အထည်ဖေါ်ကြရမှာပေါ့။ ကိုယ်ဘာတတ်နိုင်သလဲဆိုတာတွက်ချက်ပြီး လူရောစိတ်ရော ပြင်ထားရကြရမှာပေါ့။

ဦးသန်းရွှေလည်း အလုံးစုံပျက်သုံးရေးဆိုတာကို တော်တော်ကြိုက်ပုံရတယ်။

Unknown said...

i want to leave my comment here, but I can't do it yet. I'm trying now. Let's see.

Unknown said...

ok

Unknown said...

I'm not that Ko in comment 2, but I'm responsible for 12 and 13. Sorry, I was just testing to post my comment here because I want to say something to the number 2 comment of Ko. A human must love justice( fairness ). If one doesn't know or love the justice, he is a dog-like animal. I think the previos Ko is not a human being because he doesn't have the human nature: loving justice and truth. He asked( insulted) who really served Burma. Yes, almost all Burmese people, except you, essentially including Daw Aung San Suu Kyi, U Win Tin, Ko Min Ko Nainge, etc., did it. Do you think Than Shwe, a billionaire, is serving Burma than Daw Suu who has been arrested for 13 or 14 years just for her motherland's sake? She has served Burma. So, we love her reasonalbly. I'd like to suggest you not to discuss in human's affairs if you don't have human's heart and emotion because we human are angry about an injustice in our motherland.

Unknown said...

ကျမ အမေရိကားမှာ ကျောင်းတက်နေတဲ့ မြန်မာကျောင်းသူ တယောက်ပါ။ အရင်က ကျမကျောင်းစာတဖက်နဲ့ ဖြစ်တာကတကြောင်း၊ နိုင်ငံရေး သိပ်နားမလည်လှတာကတကြောင်း၊ ဒီလိုတခါမှ မရေးဖူး မပြောဖူးပါဘူး၊ အခုတော့ အန်တီ
ဒေါ်အောင်းဆန်းစုကြည်ကို စစ်အစိုးရက အကွက်ဆင်ပြီး ထောင်ထဲပို့ချင်တဲ့ လုပ်ကြံမှုကြီးဖြစ်တယ်ဆိုတာ ထင်ရှားတဲ့အတွက် မခံမရပ်နိုင်လွန်းလို့ comment ၀င်ရေးလိုက်ပါတယ်။
ကိုထိုက်ပြောတဲ့ "အမေရိကားမှာ အဲ့ဒီလို ပေါက်ကရလုပ်မယ့် လူမျိုးကို ဒေါ်လာ၁၀၀၀၀လောက် ပေးလိုက်ရင် ပျော်ပျော်ကြီးလုပ်ပေးမယ့်လူကို ရှာဖို့မခက်ပါဘူး" ဆိုတဲ့အချက်ကို ကျမထောက်ခံပါတယ်။ ထောက်ခံရုံတင်မက ဒီအချက်ဟာ
သိပ်သတိထားရမယ့် အချက်လို့ ကျမမြင်ပါတယ်။ ဥပမာ- စစ်အစိုးရက အဲ့ဒီ Mr.Yettaw ကို မက်လောက်အောင် ငွေပုံပေးပြီး တရားခွင်မှာ မဟုတ်မမှန်၊ မဖွယ်မရာတွေ ထွက်ဆိုခိုင်းနေရင် မခက်ပါလား။ ဒီလူတွေက သူတို့အာဏာမြဲဖို့ဆိုရင် ဘုန်းကြီးကိုပါ
သတ်ရဲတယ့်လူတွေ၊ တချိန်လုံးလိမ်စားလာတဲ့လူတွေ၊ ဒါမျိုးလုပ်ဖို့ဆိုတာ သူတို့အတွက် ထမင်းစာရေသောက် ကိစ္စ။ ဒါကြောင့် ဒီမိုကရေစီ လိုလားတဲ့မြန်မာတွေ အနေနဲ့ရော၊ ကမ္ဘာ့နိုင်ငံတွေကပါ ဒီအမေရိကန်ပြောတာကို ချင့်ချိန်ပြီးမှ ယုံသင့်ပါတယ်။
သူကစိတ်လည်းသိပ်ပုံမှန် မဟုတ်ဘူးလို့ ကြားရပါတယ်။ သူ့ကိုစစ်ဆေးတဲ့ တရားခွင်သတင်းတွေတော့ အခုထိမသိရသေးပေမဲ့ ကျမကဒီလူကို တရားခွင်မှာ စစ်တဲ့အခါ ပေါက်ကရတွေ ထွက်ဆိုမှာကိုပဲ အန်တီစုအတွက် တွေးပူနေမိပါတယ်။
ဗိုလ်ချုပ်သန်းရွှေက သူ့ကိုယ်သူ နိုင်ငံရေး ကျားကွက်ရွှေ့တာ သိပ်ကျွမ်းကျင်တယ်လို့ ထင်နေပုံရပါတယ်။ တကယ်တော့ သူတို့စစ်တပ်က နိုင်ငံရေးအာဏာကို လက်နက်နဲ့ ဓမြတိုက်ယူခဲ့တာသာ ဖြစ်ပါတယ်။ ဓမြတိုက်ရာမှာ ဘာနိုင်ငံရေးမှ
တော်စရာမလိုပါဘူး။ လက်နက်ပြပြီးလုယူလိုက်ရင် ပြီးတဲ့ကိစ္စပါ။ ဒါပေမဲ့ တစ်ခုတော့ရှိပါတယ်၊ ဓမြတိုက်တယ်ဆိုတာ နေ့ခင်းကြောင်တောင် လူမြင်ကွင်းမှာ ပေါ်တင်ကြီး မတိုက်ရပါဘူး။ အဲဒီလိုတိုက်ရင် လူအုပ်ကြီးက၀ိုင်းဖမ်းတာကို ခံရတတ်ပါတယ်။
ဒီတခါ စစ်တပ်က ဓမြတိုက်တာကတော့ လူပုံအလယ် နေ့ခင်းကြောင်တောင်ကြီး ဖြစ်နေပါတယ်။ လုပ်ကြံဇာတ်မှန်း သိပ်သိသာလွန်းတာကို ပြောတာပါ။ မြန်မာပြည်သူ လူအုပ်ကြီးက နည်းနည်းအနာခံပြီး ဒီဓမြတစုကို ၀ိုင်းဖမ်းဖို့ အချန်ရောက်ပြီလို့ ကျမ
ထင်ပါတယ်ရှင့်။

Unknown said...

I'm (human)Ko of the comment 14. I agree with ei.aung. That's what I'm most worried about Daw Suu, too. If we fortunately can confirm this fake news story was made by Than Shwe, his era will soon come to the End.

မောင်မိုက် said...

နောက်တစ်ချက်ကျန်သေးတယ် ... တကယ်လို့ သာမန်အသိဥာဏ်ရှိတဲ့ လူတစ်ယောက်ဆိုရင် ဒီလောက် အစောင့်တွေ ထူထပ်တဲ့ အန်တီစု နေအိမ်ကို ဒီလိုလာရဲလိမ့်မယ်လို့ မထင်ဘူး။ ကျနော့အမြင် ဖြစ်နိုင်ခြေရှိတာတွေကတော့။
ဒီလူဟာ စိတ်မနှံ့သူဖြစ်တယ်ဆိုရင်တော့ အောက်ကအချက်တွေ စဉ်းစားစရာမလိုတော့ပါဘူး။ ဒီလူသာ သာမာန်စဉ်းစားတတ်တဲ့လူတစ်ဦးဆိုရင်တော့ အောက်ကအချက်တွေစဉ်းစားသင့်တယ်။

၁။ မျက်စိလည်လမ်းမှားပြီး ရောက်သွားတာ ။
အင်းယားကန်လို ညစ်ပတ်တဲ့ ရွံ့အိုင်မှာ ရေအပျော်ကူးဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက်။(ဖြစ်နိုင်ခြေ 0% - 5%)

၂။ နာမည်ကြီးချင်လို့ ။ ဒီလောက်ဝေးတဲ့ မြန်မာပြည်ထိတောင် လာပြီးမှ နာမည်ကြီးအောင်လုပ်မယ်ဆိုတာ တော်တော်မဖြစ်နိုင်ပါဘူး။
(ဖြစ်နိုင်ခြေ 0% - 10%)

၃။ အန်တီစုကို ကြည်ညိုလို့ အသက်စွန့် လာလည်တာ။ မြန်မာ့ နိုင်ငံရေးလောကမှာ သူစိမ်းတစ်ယောက်ဖြစ်တဲ့ အပင် အပေါ်ကအချက်အရ သာမန် အတွေးအခေါ်ရှိသူအတွက် ဖြစ်နိုင်ခြေနည်းပါတယ် (ဖြစ်နိုင်ခြေ 10% - 15%)

၎။ အတိုက်အခံ များအနေနှင့် နိုင်ငံရေး အသာစီးလိုချင်လို့ ဒီလူကို အသုံးချပြီး နိုင်ငံရေးမတည်ငြိမ်အောင် ကမ္ဘာ့ သတိထားမိမှု (လက်ရှိအခြေအနေ)ရှိအောင်အကွက်ဆင်ခြင်း။ ဒီလို strategy တွေဟာ အတိုက်အခံဖက်ကလုံးဝမသုံးတတ်ဘူး။ ဖြစ်နိုင်ခြေ (10 % 20%)

၅။ အစိုးရဖက်မှ အကောက်ကြံခြင်း။ ဒါကတော့ နိုင်ငံတော် လက်ရှိ အာဏာရှင်များများလုပ်ဆောင်ချက်တွေနဲ့လည်းကိုက်ညီတယ် လုပ်နေကြလည်းဖြစ်တယ် ။ သူတို့မျာ motivation လည်းရှိတဲ့ အတွက် .. (ဖြစ်နိုင်ခြေ 20% - 100%)

(ကနော့် အမြင်သက်သက်ဖြစ်ပါတယ်။ စာလုံးပေါင်းသည်းခံပါ)