Thursday 21 May 2009

တန်ပြန် တိုက်ခိုက်ရေး ဖေါ်ဆောင်နိုင်ရန် စဉ်းစားကြည့်ခြင်း

လွန်ခဲ့သော ၅ နှစ်ကျော် ကာလာမှာပင် ဒေါ်အောင်ဆန်းစုကြည်ကို မတရား ဖမ်းဆီးထားခဲ့ပြီးရုံမက ယခုအခါတွင်လည်း ထောင်ချောက်ဆင်ပြီး အမှု အတင်းစွဲပြီး ထောင်အတင်းချရန် လက်နက်ကိုင် အကြမ်းဖက် အဖွဲ့ (နအဖ)က လုပ်ဆောင်နေသည်မှာ အားလုံး အသိဖြစ်ပါတယ်။

ကျွန်တော်တို့ အားလုံးကလည်း ပြည်သူ ချစ်သော ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစကားများကို အာရုံစိုက် နားထောင်၊ ပြောဆို ဆွေးနွေးကြရုံသာမက .. မြန်မာပြည်တွင်းရှိ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင် လေးစားသူများကလည်း စိုးရိမ်ပူပန်စွာဖြင့် တရားစွဲဆိုရာ အင်းစိန် ထောင် အနီးပတ်ဝန်းကျင်တွင် စောင့်ကြည့် နားထောင်နေကြပါသည်။ ထို့အတွက် လက်နက်ကိုင် အကြမ်းဖက် အဖွဲ့ (နအဖ)ကလည်း သူတို့၏ လက်ဝေခံ အကြမ်းဖက်သမားများကို အဆင့်အမျိုးမျိုးဖြင့် လုံခြုံရေး ချထားကြပါသည်။

လုံခြုံရေးများတွင်လည်း အဆင့်အတန်း အနိမ့်ဆုံးနဲ့ အယုတ်ညံဆုံး ဖြစ်သည့် ကြံဖွတ်၊ စွမ်းအားရှင် စသည့် ပြည်သူ့ အရေခြုံ ဒုစရိုက်သမားများကို နေရာအနှံ ချထားပြီး အချို့ နေရာများတွင်မူ လက်နက်ကိုင် လူသတ်သမားများကို လက်နက် အပြည့်အစုံဖြင့် ချထားပြန်သည်။

တပြိုင်နက်မှာ ပြည်သူလူထုကို သွေးတိုးစမ်းသည့် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင် တရားစွဲဆိုပြီးနောက် အများပြည်သူက စိတ်မထိန်းနိုင်၍ တခုခု လုပ်မိပါက .. ပြည်သူအချင်းချင်း ပြဿနာဖြစ် ပုံစံသုံးကာ ရှင်းပစ်မည်ဖြစ်သည်။ တနည်းအားဖြင့် ပြည်သူလူထုနှင့် အကြမ်းဖက် အဖွဲ့ရဲ့ လက်အောက်ခံ ဒုစရိုက်သမားများ ထိပ်တိုက် တွေ့ကြပြီး ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကို လုပ်ကြံခဲ့သလို မကျေနပ်သော ပြည်သူများနှင့် ပြဿနာ ဖြစ်ကြတာပါလို့ ပြောလို့ရအောင် လုပ်ကြံခြင်းသာ ဖြစ်ပါသည်။

ဒါတွေကတော့ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့(နအဖ)ရဲ့ လုပ်ရိုး လုပ်စဉ် ရိုးအီနေတဲ့ အကွက်ဟောင်းပါ။ တကယ်လို့ ပြည်သူထူထုက ငြိမ်ခံ နေမယ် ဆိုရင်လည်း လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ (နအဖ) သူတို့ လုပ်ချင်ရတွေကို လုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မတရားစွဲဆို ထောင်ချမှာပါ။

ဒီနေရာမှာ လွတ်ဟာနေပြီး သတိမထားမိတာ တစ်ခုရှိနေပါတယ်။ အဲဒါကတော့ လူယုတ်မာ သန်းရွှေ ဦးဆောင်တဲ့ လက်နက်ကိုင် အကြမ်းဖက် အဖွဲ့(နအဖ)ရဲ့ ထိပ်ပိုင်း လူယုတ်မာတွေက ပြည်သူလူထုနဲ့ ဒုစရိုက်သမားတွေကို ရန်တိုက်ပေးထားပြီး သူတို့က အေးဆေး ကြည့်နေကြတာပါပဲ။ ကျွန်တော်တို့က ပြည်သူချစ်တဲ့ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စိုးရိမ်တဲ့ စိတ်နဲ့ အဲဒီ အချက်ကို သတိမထားမိဘူး ဖြစ်နေကြပါတယ်။ ဒီအခါမှာ လက်နက်ကိုင် အကြမ်းဖက် အဖွဲ့(နအဖ)ရဲ့ တီးတဲ့ ဆိုင်းအတိုင်း ကျွန်တော်တို့ ပြည်သူတွေက လိုက် “က” နေကြရသလို ဖြစ်နေပါတယ်။

ဒါကြောင့် ကျွန်တော်တို့က တန်ပြန် တိုက်ပွဲ ဖေါ်ဆောင်နိုင်ဖို့ နည်းလမ်းတွေ စဉ်းစားရပါတော့မယ်။ ရန်တိုက်ပေးထားပြီး အပေါ်ကနေ အေးဆေး ကြည့်နေတဲ့ လူယုတ်မာ သန်းရွှေဦးဆောင်တဲ့ ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်သင့်ပါတယ်။ ဘာတွေ လုပ်သင့်သလဲ၊ ဘယ်လို တိုက်ခိုက်သင့်သလဲ ဆိုတာ အားလုံး ဝိုင်းဝန်း စဉ်းစားကြပါလို့ မေတ္တာရပ်ခံ ပါတယ်။

ကျွန်တော် စဉ်စားမိသလောက် ကတော့ လူယုတ်မာတွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို ရသလောက် စုဆောင်းထားပြီး data base တစ်ခု လုပ်သင့်ပါတယ်။ modify နဲ့ verify အတွက်တော့ တစ်ယောက်ယောက် (ဒါမှ မဟုတ်) အဖွဲ့ တဖွဲ့ဖွဲ့က တာဝန်ယူ ဆောင်ရွက်သင့်ပါတယ်။ ဥပမာ .. ထိုသူများ၏ နေရပ်လိပ်စာမှ အစ၊ ပေါ်တင် စီးပွားရေး လုပ်ငန်း၊ ခိုးချောင် ခိုးဝှက် စီးပွားရေး လုပ်ငန်းများ၊ မိသားစု အဖွဲ့ဝင်များနှင့် ၄င်းတို့ရဲ့ စီးပွားရေး လုပ်ငန်းများ .. စတာတွေကို မှတ်တမ်းတင်ကာ တန်ပြန် တိုက်ခိုက် နိုင်ပါတယ်။ အနိမ့်ဆုံးအဆင့်အဖြစ် သူတို့ လုပ်သော လုပ်ငန်းများကို တိုင်းပြည်သားကောင်းများ၏ ဝတ္တရား အရ မသုံးစွဲ၊ မပက်သက်ဘဲ ရှောင်ကျဉ်သည့်အပြင် အခြားသော နည်းပေါင်းစုံကို စဉ်းစားလို့ရသလောက် လှုံဆော် တိုက်ပွဲဝင်သွားရန်။

အသိသာဆုံး အလွယ်ဆုံး ဖြစ်သော လူယုတ်မာ သန်းရွှေ၏ သား ပိုင်ဆိုင်သော ဂျေဒိုးနတ် လို ဆိုင်မျိုးကို မသုံးစွဲရေး ဆိုသည့် လှုံဆော်မှုမျိုးကိုမှစ၍ အသေးအဖွားများကို ပြည်သူများ အကြားတွင် စတင် လုပ်ဆောင် သင့်ပါသည်။

အခြား လိုအပ်သည့် နည်းများကို လိုအပ်သလို စဉ်းစား၍ တိုက်ပွဲပုံစံ ဖေါ်သင့်ပါသည်။ကြမ်းကြမ်း နုနု၊ အမျိုးသားတိုက်ပွဲပုံစံဖြင့် လုပ်ဆောင်သင့်ပါတယ်။ .. ဒီနေရာမှာ တစ်ခုပဲ စဉ်းစားသင့်တာကတော့ .. တိုင်းပြည်နဲ့ လူမျိုး လွတ်မြောက်ဖို့ အတွက် ဘာလုပ်လုပ် တရားသည် .. ဆိုတာပါပဲ။

လေးစားစွာဖြင့်
ကိုထိုက်

4 comments:

Unknown said...

(၁) စစ်တပ်မှာ ရာထူး၊ လုပ်သက်အလိုက် ဦးစီးချုပ်၊ ဒုဦးစီးချုပ်တာဝန်ထမ်းဆောင်ရမယ့်သူတွေ ဥပဒေအရ ရှိပြီးသားပါ။ ဦးသန်းရွှေ စစ်ဘက်၊ အရပ်ဘက် ဘာဥပဒေနဲ့ ဦးစီးချုပ်လုပ်ပြီး လခယူနေရတာလဲဆိုတာ တစ်နိုင်ငံလုံးကပြည်သူတွေရော စစ်တပ်ထဲမှာပါ မေးခွန်းထုပ်လာအောင် လုပ်ရပါမယ်။ ဥပဒေအရ တရားဝင် ဦးစီးချုပ်ဖြစ်ရမယ့်သူ သူ့တာဝန်သူထမ်းဆောင်နိုင်ဖို့အတွက် ဦးသန်းရွှေကို ဖယ်ရှားအရေးယူဖို့ ပြည်တွင်း၊ ပြည်ပဝိုင်းဝန်းတောင်းဆိုကြရပါမယ်။
ဥပဒေကြောင်းအရ တရားမဝင်တဲ့ ဦးစီးချုပ်နဲ့ ပြောဆိုလုပ်ကိုင်တာတွေမှန်သမျှဟာ၊ တရားမဝင်ကြောင်းကို ကမ္ဘာ့အစိုးရတွေ၊ မီဒီယာတွေသိအောင် ပြည်ပကမြန်မာသံရုံးတွေမှာ ဆန္ဒပြအသိပေးရပါမယ်။
နောက်ဆုံး ဦးသန်းရွှေ ဥပဒေချိုးဖေါက်၊ ရာဇဝတ်မှုကျူးလွန်ပြီး ရာထူးလုထားတာနဲ့ပတ်သက်လို့ လူထုအုံကြွ ဆန္ဒပြတာ၊ စစ်တပ်ပုန်ကန်တာဖြစ်အောင်လုပ်ရပါမယ်။
(၂) မြန်မာပြည်သူတွေရဲ့ ချွေးတွေ၊ သွေးတွေ၊ မျက်ရည်တွေ၊ အသက်တွေနဲ့ ရင်းထားတဲ့ မြန်မာပြည်ပိုင် ငွေကြေး၊ စီးပွါးဥစ္စာတွေကို ယူအေအီးနိုင်ငံကို သယ်ထုပ်ပြီး ဦးသန်းရွှေတို့မိသားစု သူဌေးလုပ်စားဖို့ စီစဉ်ထားတာတွေကို စစ်တပ်ထဲမှာမေးခွန်းထုပ်လာအောင်၊ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို စစ်တပ်ကစစ်ဆေးအရေးယူလာအောင် ကျယ်ကျယ်ပြန့်ပြန့်ဖွင့်ချရပါမယ်။
(၃) သူတို့မိသားစုနဲ့ ပတ်သက်သမျှသတင်းတွေကို လက်ခံယူမယ့်လိပ်စာ စီစဉ်ရပါမယ်။ သူတို့မိသားစုဓါတ်ပုံတွေကို တကမ္ဘာလုံးမှာရှိတဲ့ မြန်မာတွေထံ ဖြန့်ဝေထားရပါမယ်။
(၄) နိုင်ငံတိုင်းမှာ သိလိုသူတွေကိုရှာဖွေထောက်လှမ်းပေးတဲ့ အေဂျင်စီတွေကို စာရင်းလုပ်ပြီး ဆောင်ရွက်ပေးတဲ့ဈေးနှုန်းကအစ စုံစမ်း၊ မှတ်တမ်းတင်ထားရပါမယ်။
ကိုထိုက် စီစဉ်တော့ (ဇော်ထွန်း)

Aminor Amajor said...

yes, we need paparazzo.

Unknown said...

I totally agreed with Ko htike. We must do with together.

Unknown said...

We want democracy..at First we do with peace ...but Our older people were dead..Monk also.... Now We need careful Ourself with living and get Democracy..We need to tell soilder with mouth or hand ...choose one..Remember Our country history...Grand grand father fight English and Japan to get independent....Now we need to do like this...