Wednesday 5 August 2009

အာဇာနည်တိုင်း သမိုင်း မသေ ... ဆိုသော မြိတ်မြို့မှ လူငယ်များ၏ ဆုတောင်းပွဲ



31. 7. 2009 ရက်နေ့မနက်ပိုင်း၊ မနက် (၇) ကျော်ခန့်တွင် မြိတ်မြို့ရှိ လူငယ်အဖွဲ့တွေဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲလေး တစ်ခုပြုလုပ်ခဲ့ကြပါသည်။

မြိတ်မြို့ မနက်စောစော မိုးရေထဲတွင် မြိတ်မြို့ရှိ မျိုးချစ် လူငယ် တစ်စုမှ ပထမဦးဆုံး ပေါ်တော်မူစေတီတော်တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆုတောင်း ဝတ်ပြုပြီးနောက်၊ လေးကျွန်း ဆီမီး သိမ်တော်ကြီး စေတီတော်၊ ထိုမှတဆင့် နောက်လယ်ရပ် အောင်ချမ်းသာ ဘုရားများတွင် ဆုတောင်းကြခဲ့ကြပါသည်။

မြိတ်လူငယ်


2 comments:

Nge Naing said...

ဆုတောင်းရုံနဲ့ မပြီးဘူးဆိုပေမယ့် မြန်မာနိုင်ငံ နေရာအနံ့အပြားမှာ ဒီလိုဆုတောင်းပွဲလေးတွေ လုပ်မယ်ဆိုရင်တော့ အားထားလောက်တဲ့ လှုပ်ရှားမှုတခု ဖြစ်လာနိုင်ပါလိမ့်မယ်။

ဖြူဖွေး said...

ဒါ ဆုတောင်းနေတာ တစ်ခုထဲ မဟုတ်ဘူး၊
တိုက်ပွဲခေါ်နေတာ၊ ညီညွတ်မှူကို ပြနေတာ၊ မကြောက်တရားတွေ တိုးပွားလားအောင် စည်းရုံးနေတာ၊ အာဏာရှင်ကို တော်လှန်နေတာ၊
လူငယ်တွေရဲ့ စွန့်လွှတ်အနစ်နာခံမှူတွေ ပြသနေတာ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုဝိုင်းရံနေတာ၊ သူတို့ရဲ့ အနာဂါတ်တွေကို အလောင်းအစားပြုပြီးတော့ ဗမာပြည် ပြောင်းလဲအောင် ကျိုးပမ်းနေတာလို့ နားလည်ပါတယ်၊ အသိအမှတ်ပြုပါတယ်၊ အလေးပြု ဦးညွှတ်ပါတယ် ခင်ဗျာ။ ၈၈ ကျနော်တို့ သပိတ်မှောက်တုန်းက သူတို့လောက်ကို မစွန့်စားခဲ့ရပါဘူး၊ တစ်တိုင်းပြည်လုံးရဲ့ ထောက်ခံမှူလည်း ရှိတယ်၊ ယုတ်မာပက်စက်တဲ့ ကြံ့ဖွတ်တို့ စွမ်းအားရှင်တို့ကိုလည်း ကြောက်စရာမလိုခဲ့ရဘူး၊ ကျောင်းသားဆိုရင် ရဲကတောင် ပြန်ကြောက်နေရတဲ့ အခြေအနေမျိုးမှာ လှူပ်ရှားရတာ၊ အခုလူငယ်တွေကိုပိုပြီးလေးစားပါတယ်၊ ဆက်ပြီးလက်ဆင့်ကမ်းကြပါစို့၊ အရှိန်အဟုန်မြှင့်ကြပါစို့။