Monday 28 September 2009

နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း ဖိနပ်ဖြင့် ပေါက်ခံရ

မြန်မာနိုင်ငံမှာ ငြိမ်ချမ်းစွာ ဆန္ဒပြတဲ့ သံဃာတော်တွေ၊ ပြည်သူတွေကို သေနတ်နဲ့ ပစ်၊ တုတ်နဲ့ရိုက်၊ လူရမ်းကားတွေသုံးပြီး အကြမ်းဖက် နှိမ်နှင်းတဲ့ အကြမ်းဖက်ခေါင်းဆောင်တွေ အခု အမေရိကန်မှာ ဖိနပ်နဲ့ပေါက်ခံခဲ့ရတာကို ကြည့်ရင် လက်နက်အားကိုးတဲ့ အကြမ်းဖက်သမားတွေအတွက် အားကိုးစရာ လက်နက်မရှိရင် အခုလို လူတကာရဲ့ ဖိနပ်အောက်မှာ ရောက်မယ်ဆိုတဲ့ သင်ခန်းစာကိုတွေ့ရပါတယ်။

လက်နက်ကိုင် အကြမ်းဖက်သမား လမ်းစဉ်ကို လိုက်မလား၊ ပြည်သူချစ်တဲ့ တပ်မတော်သား ဘဝကို ခံယူမလားဆိုတာကတော့ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေရဲ့ အဆုံးအဖြတ်ပေါ်မူတည်နေပါတယ်။

သတင်းအပြည့်အစုံကို အောက်မှာ ဖတ်ရှုနားဆင်နိုင်ပါတယ်။( BBC burmese မှ ရယူထားခြင်း ဖြစ်ပါတယ်။)
....................................


အမေရိကန် ပြည်ထောင်စု နယူးယောက်ခ်မြို့ ကုလသမဂ္ဂမှာ အစည်းအဝေး တတ်ရောက်ဖို့ ဟိုတယ်မှာ ရှိနေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကို ဆန္ဒပြသူတွေက ဖိနပ်နဲ့ ပစ်ပေါက်ခဲ့ကြသလို မိန့်ခွန်းပြောဖို့ ကုလသမဂ္ဂကို သွားမယ့် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ဟာလည်း ဆန္ဒပြသူတွေက ဟိုတယ်ထွက်ပေါက်တွေကို ပိတ်ထားကြလို့ နောက်ဘက်ကနေ ထွက်ခွာခဲ့ရပါတယ်။


ဝန်ကြီးချုပ် ဗိုလ်ချုပ် သိန်းစိန်နဲ့ အဖွဲ့ တည်းခိုရာ ဟိုတယ်က အထွက်မှာ ရာနဲ့ချီတဲ့ သံဃာတော်တွေ အပါအဝင် မြန်မာတွေ၊ မြန်မာ့အရေး လှုပ်ရှားသူတွေက ကြက်ဥတွေ ကော်ဖီတွေနဲ့ ပစ်ပေါက်ဆန္ဒပြခဲ့ကြပါတယ်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောတဲ့အခါမှာတော့ ၂၀၁၀ ရွေးကောက်ပွဲကို ကုလသမဂ္ဂက ထောက်ခံ ကူညီပေးဖို့ ပန်ကြားပြောဆိုခဲ့ပါတယ်။

မြန်မာဝန်ကြီးချုပ်ဟာ ညနေပိုင်းမှာ အမေရိကန် အထက်လွှတ်တော်အမတ် အာရှပစိဖိတ်ဆိုင်ရာ နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဌ ဂျင်မ်ဝဘ်နဲ့ တွေ့ဖို့ ရှိတယ်လို့ သိရပါတယ်။

9 comments:

lwin said...

It's good .No choice to express our feelings. They deserve it... keep it up.
shameless Thein Sein and Nyan Win.

AUNGAMA said...

Please don't do silly, unwise things.

All those things are doing and doing by many people those living at big countries by defining themselves as politicians since long been.Nothing effective to any areas.

Supposed to mention that "Mr Thein Sein & Mr Nyant Win Please don't talk funny rubbish and childish things to world leaders." Please bring and discuss constructive and positive ideas and talks so as to change Myanmar political climate in line with current development and situations that was unprecedented in Myanmar political moves.

Such things throwing shoes, mentioning free Burma and political prisoners are very common and all we already known. Yes of course we do understand that we need after once we have one wrokable solution for Myanmar.

Please use head and mind your actions and know its affects and consequences those people reaching at important places.

World's people are monitoring what all of you are doing what.

သတိ said...
This comment has been removed by the author.
သတိ said...

အားလုံးသတိ

ဟားဟား.. ခုလောက်ဆိုရင်တော့ အမေရိကန်တွေလည်း အတိုက်အခံတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြတယ်ဆိုတာတွေကို နားမလည်တဲ့လူတွေဆိုတာ.. သူတို့နိုင်ငံတွေမှာလို ဆန္ဒပြသမားတွေကို ကပ်ပီး နေရာပေးခွင့်ပြုထားလို့ မရဘူး ဆိုတာ.. စည်းကမ်းတကျ ဆန္ဒပြမှုတွေ ခွင့်ပြုပေးထားလို့ မရတဲ့လူတွေဆိုတာ သိလောက်ပါပီလေ..

နိုင်ငံရေးလောကမှာ အီရတ်လို အစွန်းရောက်နိုင်ငံမှာသာ ရှားရှားပါးပါးတွေ့ခဲ့ရတဲ့ တကမ္ဘာလုံး တအံ့တအောနဲ့ အဲလောက်တောင် ယဉ်ကျေးမှုနည်းရလားဟ ဖြစ်ခဲ့ရတဲ့ လုပ်ရပ်ကို ပုံတူကူးခဲ့တာက အတိုက်အခံမှာတောင် သာမန်လူမဟုတ်တဲ့ မိုးသီးဇွန်ဖြစ်နေတာတော့ လက်ခုပ်လက်ဝါးတီး အားပေးရမှာပါပဲ.. ခုတော့ မြန်မာဒီမိုအရေး အားပေးတဲ့နိုင်ငံတွေခမျာ တစ်ခါတစ်လေ အစည်းအဝေလေး ဘာလေး ဖိတ်လို့ဆွေးနွေးခဲ့ဖူးတဲ့ အတိုက်အခံဆိုသူက ဖိနပ်ပေါက်ပွဲ ၀င်နေတော့လည်း သူတို့ခမျာ အီလည်လည်တော့ ဖြစ်မယ်ထင်သား..

ဖိနပ်စွဲကိုင် တိုက်ပွဲဝင်ခဲ့တဲ့ ကိုမိုးသီးရေ.. (အီး.. စွဲကိုင်စရာ ရှားလို့..) သတ္တိတကယ်ရှိရင် အသက်အန္တရာယ် ဖြစ်လောက်အောင် လုပ်ကြံပါလားဗျာ.. အရမ်း မခဲယဉ်းလောက်ဖူး ထင်ပါတယ်.. ဒီအတွက်ကြောင့်မို့ ကိုမိုးသီးရဲ့ အနာဂါတ်ဟာ ခုလိုမျိုး သတိပေးချက်နဲ့ ပီးသွားမှာမဟုတ်ပဲ အရမ်းနစ်နာသွားနိုင်ပေမဲ့ ရလာဒ် အကျိုးမြတ်ကတော့ ဟန်ဆောင်မဟုတ်ပဲ တကယ်မုန်းတီးတယ်ဆိုရင် ကြီးမားလှတယ်မဟုတ်ဘူးလားဗျ.. ဟဲဟဲ.. ဒီကောင်မျိုးအတွက် ငါ့ အမေရိကားရောက် ဘ၀လဲရမှာ မတန်ပါဘူးကွာဆိုတဲ့ ဆင်ခြေမျိုးလေပေးလို့ စားပေါက်ချောင်ဖို့အရေး ဖိနပ်စွဲကိုင် ဆက်လက်တိုက်ပွဲဝင်မယ်ဆိုရင်လဲ အင်း.. အီလည်လည်နဲ့ပဲ အတိုက်အခံ ခေါင်းဆောင်ဆိုတာ ဒီလိုဖြစ်နေမှတော့လည်း မြန်မာအရေး နှစ်နှစ်ဆယ်.. ဘာဆန်းသလဲလေလို့ မောင်သတိ မှတ်ထားပါမယ်ခင်ဗျ...

အားလုံးသက်သာ
မောင်သတိ

AUNGAMA said...

Yes..Ko Care.

Once we have reached to a certain stage, we need to clear incompetent politicians or leaders at both sides. Might those have passion with political but do not have qualities.

Then please be very carefully taking care that later on, Junta will be able to bring Myanmar Refugees at USA to notorious Insein prison.

PayTuu said...

အရူးဒီမိုတွေ .... ခေါင်စဉ်ကြီးကတော့ ဦးဥာဏ်ဝင်း ကြီးပဲ ဖိနပ်မှန်လို့ ဒဏ်ရာတွေတောင်ရသွားသလို ဘာလိုလိုနဲ့ ... ။ ပြန်ကြည့်စမ်းပါဦး Video ဖိုင်မှာ .. ကားထဲမ၀င်ခင် အပြင်မှာ ရှိတုန်းကတော့ မပေါက်ရဲပဲနဲ့ ... ကားထွက်သွားပြီဆိုမှ ကားကို လှမ်းပစ်တာကြီးများ ... ဦးဥာဏ်ဝင်း ကို ဖိနပ်နဲ့ ပစ်တယ်ဆိုပြီးလျှောက်ရေးနေသေးတယ် .. ဦးဥာဏ်ဝင်းစီးသွားတဲ့ကားကို ပစ်ဆိုရင်မှ တော်ဦးမယ် ..။
တစ်စိတ်ကို တစ်အိတ်လုပ်တတ်တာ ဒီမိုစောက်ရူးတွေရဲ့ အကျင့်တွေပါလား ...။
ဘာပဲပြောပြော .. မင်းတို့တွေ ငြိမ်းချမ်းစွာ ဆန္ဒပြတယ်ဆိုတာကို မင်းတို့ရဲ့ ပထွေး အမေရိကန်တောင် မယုံတော့မှာတော့ အသေအချာပါပဲ..။
ဖိနပ်ကိုင်စွဲ တိုက်ပွဲဝင်ပြီး ဖိနပ်လေးတွေပါ ဆက်ပြီး ကိုက်လိုက်ပါဦး ဒီမိုအရူးတွေရေ ... ဟား ဟား ဟား ..။

Anonymous said...

အေး အရိုးကိုက် ဖိနပ်ကိုက် နေကျ မင်းတို.လို ဓါးမနောက်ပိတ်ခွေးတွေ အတွက်ထိုက်တန်တဲ့ လက်ဆောင်ကို ပစ်ပေးကြတာပဲ။ ကိုယ့်ရာထူးတည်မြဲဖို. ကိုယ်နေရာတစ်ခုရဖို.အတွက်
ဘုန်းကြီးပါမရှောင်သတ်ရဲ ဖြတ်ရဲတဲ့ အ၀ီစိသွားမယ့် မင်းတို.လိုခွေးသူတောင်းစားတွေအတွက် ကြားမှာတန်စာခံဖြစ်သွားတဲ့ ဖိနပ်တောင်သနတယ်။ အထက်လူကြီးကိုဖါးဖို.အတွက် comment တွေ
မနေနိုင်မထိုင်နိုင် လိုက်ပေးနေတဲ့ စစ်ခွေးကောင်တွေ မင်းတို.ဖါသာ မင်းတို. စောက်ရှက်မရှိ အထက်လူကြီးမယားရဲ. ထမိန်ကို အေးအေးလျှော်ကြ။ ကျက်သရေမရှိတဲ့ မင်းတို.မျက်ခွက်တွေ သူများ website
တွေလိုက်ကြည်.နေကြတာ website တွေသနတယ်။

AUNGAMA said...

"You are not paid to work hard. In fact, you are paid for effort at all. You are paid for results. It's not what you do; it's what you get done."

AUNGAMA said...

"You are not paid to work hard. In fact, you are not paid for effort at all. You are paid for results. It's not what you do; it's what you get done."

Be smarter, not need to harder.