Friday 9 October 2009

တပ်ချုပ်ကြီး ခရီးစဉ်အတွင်း လုပ်ကြံမှု ရှိနိုင်ကြောင်း သတင်းများထွက်ရှိ။

နေပြည်တော်တွင် ကျင်းပနေတဲ့၊ စစ်ပြန်စစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံအပြီး၊ ထုံးစံအတိုင်းယတြာ ချေရန်အတွက်၊ ဧရာဝတီတိုင်းအတွင်းရှိ၊ နာဂစ် လေဘေးသင့် ဒေသတွေဆီ သွားရောက်ရန်၊ ဗေဒင်ဆရာ ဘိုးတော် မောင်မောင်က ဖခင်ဖြစ်သူ တပ်ချုပ်ကြီး သန်းရွှေကို၊ ညွှန်ကြားချက် ပေးထားကြောင်း၊ သိရှိရပါတယ်။

အဲဒီ့ခရီးစဉ်အတွင်း၊ တပ်ချုပ်ကြီးသန်းရွှေကို၊ လုပ်ကြံရန် သတင်းများ ရရှိထားတာကြောင့်၊ ဧရာဝတီတိုင်းကို တာဝန်ယူထားတဲ့၊ တိုင်းမှူး ဗိုလ်ချုပ်ကိုကိုတယောက် တပ်ချုပ်ကြီးသွားမဲ့ ခရီးစဉ်တလျှောက် လုံခြုံရေးအတွက်၊ တင်းကြပ်တဲ့ အစီအစဉ်တွေ ဆောင်ရွက်နေကြောင်း၊ ကားနဲ့သွားမဲ့ ခရီးလမ်းတွေကို ကိုယ်တိုင် လိုက်လံစစ်ဆေးနေကြောင်း၊ သတင်းများရရှိပါတယ်။



နာဂစ်လေဘေးသင့်ဒေသတွေကို၊ သွားရောက်ကြည့်ရှုယတြာချေပြီး၊ ငွေဆောင် ပင်လယ်ကမ်းခြေသို့ ဆက်လက် သွားရောက် အနားယူမှာဖြစ်တယ်လို့ နေပြည်တော် စစ်ရုံးချုပ်မှ သတင်းရရှိပါတယ်။ ငွေဆောင် ပင်လယ်ကမ်းခြေရှိ၊ စင်ထရယ်ဟိုတယ်မှာ အနားယူဘို့ စီစဉ်ထားကြောင်း သိရှိရပါတယ်။

ဘိုးတော် မောင်မောင်ရဲ့ ကြောင်တောင်တောင် အာရုံခံစားသိရှိချက်အရ၊ နေပြည်တော်ကြတ်ပြေး ဒေသတဝိုက်၊ မကြာမှီပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှာဖြစ်လို့၊ ဖခင်ဖြစ်သူ တပ်ချုပ်ကြီးသန်းရွှေကို၊ ယခု လိုယတြာချေရန်၊ ဒီခရီးစဉ်ကိုလွန်ခဲ့တဲ့၊ နှစ်ပါတ်က စီစဉ်ရေးဆွဲထားကြောင်း သိရှိရပါတယ်။

လေးစားစွာဖြင့်၊
သူရဲကောင်း။

No comments: