Saturday 7 November 2009

၂၄၅ နှစ် ကြာ ခေတ်နောက်ပြန် စီမံကိန်း



ဧရာဝတီ မှာ ပါတဲ့ "စက်မှုနိုင်ငံ ထူထောင်ရမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆို" ဆိုတဲ့ သတင်း ဆောင်းပါး ဖတ်ပြီး ပြောချင်တာတွေ စိတ်ထဲ ရောက်လာပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) က မြန်မာပြည်ကို လာတဲ့ အခါ .. နိုင်ငံရေး အတွက် လိုအပ်တဲ့ စကားတွေ ပြောဖို့ ရှိလာတာကို နိုင်ငံရေးအရ ပြောင်းလဲလိုတဲ့ ဆန္ဒမရှိတဲ့ သန်းရွှေက လူမူရေး ကိစ္စတွေပဲ စိတ်ဝင်စားသလိုလို လုပ်ပြီး ဧရာဝတီတိုင်းကို သွားလည်တယ် ဆိုပြီး အကြောင်းပြ ရှောင်ခဲ့တာကိုတော့ အားလုံး အသိပါပဲ။

အဲဒီ အချက်နဲ့တင် တိုင်းပြည်အပေါ်မှာ စေတနာမရှိ၊ နိုင်ငံရေး မပြောင်းလဲလိုပဲ .. ငါလုပ်ချင်ရာ လုပ်မယ် .. ဆိုတဲ့ သန်းရွှေရဲ့ ပေါ်လစီကို ထင်းထင်းကြီးမြင်နေရတာပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲရဲ့ ရည်ရွယ်ချက် ဘာလဲဆိုတာ ကြိုတင်ပြီး သေချာတဲ့ သက်သေပြချက် တစ်ခု အဖြစ် ထပ်ပေါင်းထည့်ရုံပါ။

အန်ကယ် ဦးဝင်းတင်ကလည်း နအဖက လိမ်တာ များနေလို့ ယုံဖို့ကတော့ ခက်တယ်လို့ ဆိုခဲ့ပါတယ်။ .. လက်နက်ကိုင် အကြမ်းဖက် စစ်အုပ်စု နအဖက တိုင်းပြည်နဲ့ လူမျိုးအပေါ် ကောက်ကျစ်ခဲ့တာ၊ နိုင်ငံတကာ မိသားစု အပေါ် အမျိုးမျိုး လိမ်လည်ခဲ့တာတွေက ဒုနဲ့ ဒေး ဆိုတော့ အခု အမေရိကန် ကြိုးစားမှုကိုလည်း သန်းရွှေက စိတ်ထဲတောင် မထားဘူး။ ဆက်လိမ်နေဦးမှာပါပဲ။ .. ငါ လိမ်ချင်သလို လိမ်လို့ရအောင် ကြိုတင်ပြင်ဆင်မယ် .. ဆိုတဲ့ အဆင့်အတန်းမရှိ ယုတ်မာတဲ့ အတွေးနဲ့ အရှောင်ခရီး ထွက်တာ ခဲ့တာပါ။

သူက သွားချင်ရာ သွားရှောင်ပြီး အရေးကြီးတဲ့ နိုင်ငံရေးကို တပ်တွင်းက လူတွေနဲ့ လွှတ်ပေးခဲ့တယ်။ အဲဒီမှာ အမှားအယွင်း တခုခု ဖြစ်လာရင် အမေရိကန်တွေနဲ့ တွေ့ခဲ့တဲ့ လူတွေ(တပ်တွင်းက လူတွေ)ကို ဖြုတ်၊ ထုတ်၊ သတ် လုပ်လို့ရအောင် ကြိုပြင်ခြင်းပေါ့။

ခရီးက အပြန် ရှောင်နေတာကို လူမသိအောင်၊ (အထူးသဖြင့် တပ်တွင်းက လူတွေ) အတွက် ခုန အကြံကို မရိပ်မိအောင် ပြောစရာ စကား ရှာပါတော့တယ်။

အခြားလူတွေက ပြည်သူလူထုနဲ့ အဓိက နီးစပ်တာတွေ မလုပ်ဘူး။ နိုင်ငံရေးတွေ လုပ်၊ နိုင်ငံခြားက လူတွေနဲ့ တွေ့ .. အဲဒါတွေကိုပဲ စိတ်ဝင်စားတယ်။ ငါက ပြည်သူလူထုအတွက် တိုက်ရိုက် ထိစပ်ပြီး ပြည်သူတွေ အကျိုးရှိမှာတွေကိုပဲ လုပ်တယ် ဆိုပြီ (သူ့မြေး အကြံပေးချက် ဖြစ်နိုင်ချေရှိသော) "စက်မှု နိုင်ငံထူထောင်မယ်" လို့ အားရဝမ်းသာစွာ ကြွေးကြော်လိုက်တော့တာပါပဲ။

နိုင်ငံနဲ့ ပြည်သူအတွက် အားရစရာ ...... ။

အဲလို အရမ်းထက်မြက်၊ တိုးတတ်တဲ့ အတွေးအခေါ် ရှိတဲ့ ခေါင်းဆောင်ကို ရထားတဲ့ တပ်မတော် အတွက်လည်း ဂုဏ်ယူစရာပေါ့။ တပ်မတော်အတွင်းက ရှိရှိသမျှသော တပ်မှုး တပ်သား အပေါင်းတို့ ခင်ဗျာ ... အလွန်ထက်မြတ် ဥာဏ်ပညာ ကြီးမြတ်တော်မူသော မိမိတို့၏ ဆောင်းဆောင်ကြီး သန်းရွှေက တပ်မတော်ကို ခေါင်းဆောင်နေတာကို ဂုဏ်ယူကြပါ ကုန်လော့ ... ဟု .. ဟစ်ကြွေးချင်စရာ ပေါ့။

ဘာကြောင့်လည်း ဆိုတော့ ဒီနေ့ ခေတ်ဟာ ၂၁ ရာစု၊ .... နည်းပညာ ခေတ် ပါ။

စက်မှု တော်လှန်းရေး၊ စက်မှု ခေတ်၊ စက်မှု နိုင်ငံ ဆိုတာ ၁၈ ရာစုက သူများနိုင်ငံတွေမှာ လုပ်ပြီးခဲ့ပြီး ဒီနေ့ ခေတ်ရဲ့ တိုးတတ်နေတဲ့ နိုင်ငံတွေမှာ စက်မှု နိုင်ငံတော်နဲ့ ချီတတ်နေပါတယ်လို့ မပြောကြတော့ပါဘူး။ စက်မှုစနစ်ကြောင့် ထွက်ရှိလာတဲ့ ဆိုးကျိုးတွေကို တွေကို ရှောင်ဖို့ လုပ်နေကြတာပါ။

wikipedia မှာ ပြောထားတဲ့ စက်မှု တော်လှန်ရေး ဆိုတာ ..

The Industrial Revolution was a period from the 18th to the 19th century where major changes in agriculture, manufacturing, mining, and transport had a profound effect on the socioeconomic and cultural conditions in the United Kingdom. The changes subsequently spread throughout Europe, North America, and eventually the world. The onset of the Industrial Revolution marked a major turning point in human history; almost every aspect of daily life was eventually influenced in some way.

(၁၈ ရာစုနှင့် ၁၉ ရာစု အကြားကာလများတွင် လမ်းပမ်းဆက်သွယ်ရေး၊ ရေနံနှင့် သတ္တု တူးဖေါ်ရေး၊ ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်း စတဲ့ အရေးကြီးတဲ့ လုပ်ငန်းတွေကနေ လူမှုစီးပွားရေး အတွေးအမြင် တွေပေါ် အခြေခံပြီး ဗြိတိန်နိုင်ငံကနေ စတင်၍ စက်မှုတော်လှန်ရေး ဖြစ်ပေါ်လာခဲ့ပါတယ်။ ထိုနောက် ဥရောပနိုင်ငံများ၊ မြောက်အမေရိကား နဲ့ အခြား ကမ္ဘာ့နိုင်ငံတွေကို ပျံနှံသွားပါတော့တယ်။ စက်မှုတော်လှန်ရေးဟာ လူသားတွေရဲ့ နေ့စဉ် ဖြတ်သန်းမှု လူ့ဘဝနဲ့ လူသားသမိုင်းကို ပြောင်းလဲစေခဲ့တဲ့ အဓိက အမှတ်အသား ဖြစ်ပါတယ်။)

ကဲ ..
တပ်မတော်ရဲ့ တပ်ချုပ်ကြီးကတော့ အဲဒီ ၁၈ ရာစုရဲ့ အရေးကြီးတဲ့ အပြောင်းအလဲတစ်ခုကို ၂၁ ရာစုရဲ့ မြန်မာနိုင်ငံတော်မှာ စတင် အသုံးပြုဖို့ကို ကမ္ဘာကြီးနဲ့ ရင်ဘောင်တန်းပြီး ကမ္ဘာ့ ရေစီးနှင့်(၂၄၅ နှစ် နောက်ကျ၍) ထပ်တူပြုနိုင်ရန် သမိုင်းဝင် စကားကို ၂၀၀၉ ခုနှစ်မှာ စတင်ပြောဆိုပါတော့တယ်။ (ကမ္ဘာ့ မှာ စက်မှု နိုင်ငံတော်တွေ ပထမဆုံး စတင်တည်ထောင်မှုဟာ ၁၇၆၀ ကနေ ၁၈၃၀ ခုနှစ် ကာလ အတွင်းမှာ ဖြစ်တယ်လို့ ဆိုကြပါတယ်။)

အခြားနိုင်ငံက နိုင်ငံခေါင်းဆောင်တွေကတော့ သန်းရွှေ ခပ်တည်တည်နဲ့ ပြောနေတာကို ကြည့်ပြီး တခွီခွီ ရီနေကြမှာ အမှန်ပါပဲ။

အော် .... ခေါင်းဆောင် အရည်အချင်း အပြည့်အဝ ရှိသော တပ်မတော် ခေါင်းဆောင်ကြီး သန်းရွှေရဲ့ ၂၄၅ နှစ် ကြာ ခေတ်နောက်ပြန် စီမံကိန်းကြီးကို ခေတ်မီ မြန်မာ့ တပ်မတော် သားများနှင့်အတူ ကြိုဆိုကြပါစို့။

ကိုထိုက်

3 comments:

Maung said...

၂၀၁၀ နှစ်သစ် ဆန္ဒမွန်များ

ပြည်ပအားကိုး၊ ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒီ ကင်းပါစေ..

မင်းကောင်းရာဇာ၊ အဖြာဖြာ၊ ကမ္ဘာအနှံ့ ၊ပေါ်ပါစေ..

အမျိုး ၊ ဘာသာ၊ သာသနာ၊ ရွှေမြန်မာများ၊ စောင့်ပါစေ..

ဒေါ်စုဘ၀၊ မျိုးဖျက်မ၊ မရောက်ကြပါစေ...

ဒေါ်လာကိုမက်၊ သစ္စာပျက်၊ တစ်သက်ရှောင်ကြစေ...

အသားလောက်ထွက်၊ ဘ၀ပျက်၊ ရှက်တတ်ကြပါစေ..

မြှောက်ပေးတိုင်းဟောင်၊ ခွေးယောင်ယောင်၊ ရှောင်နိုင်ကြပါစေ...

အနောက်မျှော်ဝါဒ၊ ကျွန်ဘ၀၊ လွတ်မြောက်ကြပါစေ...

တပ်မတော်ကို၊ ချစ်စိတ်ပို၊ လိုအင်ဆန္ဒ ပြည့်ပါစေ...

၂၀၁၀ "ဒီ" လမ်းဝယ်၊ ရွေးချယ် အောင်ပါစေ...

မောင့်ကို ဆဲလာ၊ လူဗလချာ၊ ရန်ဘယာ ဝေးပါစေ...

မောင့်မေတ္တာစွမ်း၊ ကမ္ဘာလွှမ်း၊ ငြိမ်းချမ်းကြပါစေ...

သာဓု...သာဓု...သာဓု......

မောင်....

thiha said...

(ဗုဒ္ဓ ရဲ မူရင်း စကားတော်မှာတော့..
သဗ္ဗေ သင်္ခါရာ အနိစ္စာ=သင်္ခါရလို့  ခေါ်တဲ့ အရာအားလုံးဟာ ဘယ်အရာမှ မမြဲဘူးလို့  ဟောကြားထားတော်မူပါတယ် ခင်ဗျာ။)

ဟုတ်ကဲ့ အဲဒီလို မမြဲသူတွေ အားလုံးထဲမှာ ”တပ်မတော် ခေါင်းဆောင် မိသားစုတွေရဲ့” မမြဲခြင်းက အထင်ရှားဆုံးပါဘဲ...

နမူနာများ....
(၁)ဗိုလ်ချုပ်အောင်ဆန်းသေသွား သောအခါ.. ၄င်း၏မိသားစု.. ပြည်ပပို.ခံခဲ့ရပြီး ပြည်တွင်းမှာ လူရာသွင်းမခံရ ပြည်တွင်းသို.ပြန်လာခွင့်ပင် ကန့်သတ်ခံခဲ့ရ ပါသည်။

(၂)ဗိုလ်စေါမောင် သေသွားသောအခါ.. ၄င်း၏သားသမီးများ ပြည်ပရောက်သွားရပြီး ပြည်တွင်းမှာ လူရာသွင်းမခံရတော့ပါ ။

(၃) ဗိုလ်နေ၀င်း သေသွားသောအခါ သူ.သားသမီး နဲ့ မိသားစု ပြည်တွင်းမှာ လူရာသွင်းမခံရတော့ပဲ အချို.ပြည်ပမှာနေရ.. အချို.ထောင်ထဲပင်ရောက်ခဲ့ ရပါသည်။

(၄) ဗိုလ်သန်းရွှေ သေသွားသောအခါ..... (သူတို.ဇာတ်သိမ်း မဝေးတော့ပါ ..မျှော်ပါ)

၎င်းတို. အားလုံးထဲက... ”မြန်မာလူမျိုးနဲ့ တိုင်းပြည် ဂုဏ်ဆောင်” ယခုချိန်အထိ ခေါင်းမော့ ရင်ကော့ပြီး ကမ္ဘာ့စံပြ လူသားအဖြစ် ကမ္ဘာသူ ကမ္ဘာသား အားလုံးက မချီးကျူးဘဲ မနေနိုင်အောင် အနစ်နာခံရဲ ကိုယ်ကျိုးစွန်.လွှတ်ရဲသူ ကောင်းသတင်းဖြင့်သာ ကျော်ကြားသူ သတ္ကိရှင် အမျိုးသမီးကတော့ .....
တစ်ဦးသော ”ဒေါ်အောင်ဆန်းစုကြည်” ပါဘဲ...။ သူ.ကို မြန်မာ ပြည်သူအများက အစါးထိုးမရသော လူထုခေါင်းဆောင်အဖြစ် သတ်မှတ် ချီးမြှောက်ကြသည့်အပြင် ... ကမ္ဘာသူ ကမ္ဘာသား နိုင်ငံပေါင်းများစွာမှ ပညာတတ်များပင် မသိသူမရှိ ဂုဏ်ပြု လေးစါး ချစ်ကြည်ညိုစွာ ပေးထါးတဲ့ ဘွဲ.ထူး ဂုဏ်ထူး Title များ ၁၀၀ ခန်.ကို ....ဒီနေရာမှ စါရင်းထုတ်ပြရန် စါမျက်နှာ မလုံလောက်သည့်အတွက် သည်းခံ ခွင့်လွှတ်ကြပါရန်.. မေတ္ဘာ ရပ်ခံအပ်ပါသည် ခင်ဗျား...။

Maung said...

ဒေါ်စု နဲ့ နောက်လိုက်တွေဟာ အကြောင်းမလှတဲ့ စောင်းသမ ဇာတ်လမ်းကို က ပြရင်း၊ လမ်းခုလပ်မှာ မှိုင်းသင့်တဲ့ ရထားလို မွကြေ ပျက်ပြုန်း ဘ၀တုံးပြီး အရှုံးနဲ့  နိဂုံးချုပ်နေပါပြီ။

ဥပဒေဘောင်အတွင်း နေထိုင်ခြင်း ဘေးကင်းရန်ကွာ စိတ်ချမ်းသာ ဆိုတဲ့ မြန်မာ့ကျင့်ဝတ်ကို နားမလည်ပဲ ထင်ရာစိုင်း ၇ိုင်းခဲ့တဲ့ မိုက်ပြစ်၊ မိုက်ဒဏ်တွေအတွက် ခုတော့ အရုမီးဝိုင်း မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီး ဖြစ်ရပြီပေါ့ ရုပ်သေး ကြိုးပြတ် ဒေါ်စုရယ်။

နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ ဖြိုးတိုးတက်ရေး ကောင်စီ=၂၁ ရာစု ဆဒ္ဒန် ဆင်မင်း

အနောက်တိုင်း အလိုတော်ရိ၊ မျိုးဖျက် သစ္စာဖောက်၊ ဒေါ်စု= ၂၁ ရာစု သုဘဒ္ဒါ

အနောက်တိုင်း အစိုးရနှင့် ပြည်ပြေး ၊ ပြည်တွင်း ပြည်ပအဖျက်သမား အုပ်စုများ= သောနုတ္ထိုရ် မုဆိုး

ဘုရင်းရူး=တင်ဦးနှင့် အပေါင်းပါများ

စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ=အင်ကြင်ပန်း

မြန်မာ့ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်သူ နိုင်ငံခြား သံရုံးများ=ခါချင်ကောင်

ဇာတ်သိမ်း=NLD ရင်ကွဲနာကျ သေဆုံး ( ပါတီပျက်)