ဒေါက်တာလာလာ၊ စစ်သားလာလာ၊ ဘယ်သူလာလာ
“We will remember not the words of our enemies, but the silence of our friends.”
ဆရာကြီးဦးလွန်း (ခ) သခင်ကိုယ်တော်မှိုင်းကြီး ရေးခဲ့တဲ့ ပုံပြင် ဥပမာလေးထဲက စာလေးတစ်ခုကို အခုတလော ထပ်ထပ်ခါခါကို သတိရမိနေပါတယ်။ အဲဒါကတော့ ဘုဂံမင်းကို နန်းချပြီး နောင်တော် လူအေး မင်းတုန်းမင်းကို အစဉ်လာအတိုင်း နန်းတင်ပြီး နန်းသစ်တည်တဲ့ ယခု မန္တလေးနေရာကို ပြောင်းရွေ့နေစဲအချိန် စစ်ဦးစီးချုပ်ကြီး ကနောင် ကိုယ်တော်ဟာ ပြည်သူတွေရဲ့ အသံကို စနည်းတဘောင်နာရန် ရုပ်ဖျက်ပြီး ထွက်လေ့လာတော့ တနေရာမှာ နန်းသစ် ပြောင်းရွေ့တာမှာ လုပ်အားပေးပါတဲ့ လယ်သမား မိသားစု လှည်းဘေးနားမှာ နားနေတာတွေ့တုန်း ဝင်မေးမြန်းပါတယ်။ ဘုဂံမင်းနဲ့ မင်းတုန်းမင်း ဘယ် မင်းက ပိုကောင်းလဲဆိုပြီး အမေးကို .. လယ်သမားကြီးက ဘယ်သူ တက်တက် ငါတို့ ပြည်သူက ကိုယ့်ထမင်း ကိုယ်ရှာစားရတာ ဖြစ်တဲ့အတွက် ဘယ်မအေဘေးမှ မကောင်းပါဘူးကွာ … ဆိုပြီး ပြန်ပြောလိုက်တော့ ကနောင်ကိုယ်တော်ကြီးလည်း ထိုနေရာမှ ထပြေးခဲ့ရတယ်ဆိုပြီး ဆရာကြီးက စာသားနက်နက်၊ ပညာရှင်ရှင်နဲ့ ပြောခဲ့ ရေးခဲ့ဖူးတယ်။ စာရေးသူက မှတ်မိသလောက် ပြန်ရေးပြတာပါ။
မြန်မာပြည်ထဲမှာ မြန်မာ့နိုင်ငံရေးအရွေ့ အလွဲနဲ့ ကွန်စတီကျူးရှင်းကို အထောက်ခံဆုံး ပုဂ္ဂိုလ်ကို ပြောပါဆိုရင် ဒေါက်တာနေဝင်းမောင်ကို လက်ညှိးထိုးပြ ရမယ်ထင်တယ်။ ဆရာနေဝင်းမောင်ဟာ ရောက်ရာနေရာ၊ ရောက်ရာအရပ် တက်ရာ စင်မြင့်ပေါ်မှာ ကွန်စတီကျူးရှင်း စာအုပ်ကို ကိုင်ပြီး လူတွေကို ဝေဖန် စော်ကားသလို ဖြစ်နေတဲ့၊ နိုင်ငံကို ချောက်ထဲ တွန်းချနေတဲ့ စာအုပ်ကို အရောင်းမြင့်တင်ရေး ဝန်ထမ်းဆန်ဆန် စာအုပ် တကိုင်ကိုင်၊ လေသံ တဖွာဖွာနဲ့ကို ကျဲနေတော့တာပါဘဲ။ ကိုယ်တိုင်လည်း အောက်က ပြန်မေးတဲ့ မေးခွန်းတွေကို မဖြေနိုင်ရင်ခပ် တည်တည်နဲ့ စင်ပေါ်က အရှက်မရှိ၊ ဝန်မခံဘဲ ဆင်းပြေးသွားပြီး ဝါဒ တစ်ခု မောင်းတင်ထားသလို ထောက်ခံမှုမျိုးကို အကြိမ်ကြိမ် ပြုလုပ်နေခဲ့တာလည်း ဒေါက်တာနေဝင်းမောင်ပါပဲ။ သူစကားနဲ့ ယှဉ်မပြောနိုင်တဲ့ အခါတိုင်း သုံးတာကတော့ …. ဝိဒူရ မြင်းမြီးဆွဲတွေနဲ့ စကား မပြောလိုဘူး … ဆိုပြီး ပြန်လှန် ဆွေးနွေးသူကို လူကြီးလူကောင်းမဆန် စော်ကားတတ်ပါသေးတယ်။ သစ္စာတရားဖြစ်ရင် လူသတ်သမား အင်္ဂါတော့မဆွဲဘူး ဝိဒူရ မြင်းမြီးဘဲဆွဲတာ ပို ဂုဏ်သိက္ခာ ရှိပါတယ်ဆိုတာ ဒေါက်တာ့ကို ပြောပါရစေ။
ဒေါက်တာနေဝင်းမောင်ဟာ အကြီးအကျယ် မေ့လျော့နေတဲ့ ကိစ္စ သို့မဟုတ် မသိချင်ယောင် ဆောင်နေသည်လား မမှန်းဆတတ်သော ကိစ္စကြီးကတော့ ပြည်သူ့ သဘောထားဆိုတာကိုပါ။ ကျွန်တော်တို့ ပြည်သူတွေဟာ ပညာမတတ်လို့ မပြော၊ မဖွင့်ဟတတ်ရင် ရှိမယ်။ သူတို့ဟာ သူတို့ကိုယ်တိုင်က ရွေးချယ်ပြီး၊ သူတို့ အရေးကို အလေးပေး၊ သူတို့ ကောင်းစားရေးကို ရှေးရှုဦးတည်တဲ့ နိုင်ငံတော် အစိုးရကိုပဲ လိုလားကြမှာ မလွဲပါဘူး။
ဒေါက်တာနေဝင်းမောင် လုပ်ရပ်ဟာ ရွာထဲမှာ ခိုးဆိုး လူသတ်၊ မုဒိန်းကောင်ကို အသက်လေး နည်းနည်းရလာချိန်မှာ ဘုန်းကြီးဝတ်ပေးပြီး ကျောင်းထိုင်ဆရာတော် လုပ်ခိုင်းသလို ဖြစ်နေပါတယ်။ ထွက်ပေါက်ပေးပြီး အခွင့်အရေးကို ရယူသင့်တယ်လို့ ဆိုလိုချင်တယ် ဆိုရအောင်လည်း အခု ချိန်ထိ နအဖ အစိုးရဘက်က နိုင်ငံတော် ရှေ့ဆက် ရေးအတွက် ဘာတွေ စီစဉ်ထားပါပြီ။ ပြည်သူတွေဘက်ကလည်း ဘာတွေ ပြင်ဆင်ထားပါ တော့။ အတိုက်ခံတွေ ဘက်ကလည်း ဘယ်လို ပါဝင်စေချင်ကြောင်း စသည် စသည် ဒီမိုကရေစီ နည်းကျ လမ်းကျ ကတိပေး၊ အသိပေးတာမျိုး လူကြီး လူကောင်း ဆန်မှုမျိုး ဘာသံမှ မကြားရသေးဘူး။ ဒေါက်တာနေဝင်းမောင် တစ်ဦးတည်းကသာ စင်ပေါ်မှာတမျိုး ဂျာနယ်ကတဖုံ၊ စာသင်ခန်းမှာ တသွယ် ပြာသလူးခါ တွန့်လိမ်နေတာကို ရင်နင့်ဖွယ် မြင်တွေ့ကြား သိနေရပါ တော့တယ်။
ဒါကို ကမ္ဘာပတ်ပြီးလည်း ပြောဟောပါတယ်။ တူတာချင်းတွေ ရှာဖွေပါတယ်။ မရတဲ့အဆုံးတော့ ဝန်ကြီး မှုးကြီးတွေရဲ့ သားတွေကိုပါ သူ့ လုပ်ငန်းစဉ်ထဲ ထည့်သွင်း အသုံးချလာပါတယ်။ အခွင့်အရေးပဲ အမြဲကြည့်တတ်တဲ့ ခေတ်ပျက် တောကြောင် စီးပွားရေးသမားတွေကိုပါ သူ့ ပရောဆက်ထဲ ဆွဲထည့်ပါတယ်။ အဆိုးဆုံးကတော့ သာသနာတော် (သံဃာကို ထိတာ သာသနာတော်ကို ထိတာပါဘဲ) ကို ဝါးရင်းတုတ်နဲ့ ရိုက်ခဲ့သူ၊ ဒီပဲရင်းလို အရေးခင်းကို မျက်နှာပြောင်တိုက် မိုက်ရိုင်းခဲ့သူတွေကို ဖိနပ်နဲ့ပေါက်လို့ တတိုင်းပြည်လုံး ကြိတ်ပြီး ကြည်နူးမဆုံး ဝမ်းသာ နေချိန်မှာတောင် သူက ဂျာနယ်ကနေ ဆွေ့ဆွေ့ခုန် နာပြနေပုံက ဒီမိုကရေစီ အမြင်ကြွယ်ဝသူကြီးရဲ့ ပုံမပေါက် တော့ဘူး။ ကျွန်တော်တို့ ငယ်ငယ်က ဂျပန် ကင်ပေတိုင် ကားတွေထဲက အလိုတော်ရိ တစ်ယောက်ပုံ ပေါက်နေပြီဆိုတာရော ဒေါက်တာအပါဝင် ဒေါက်တာ့ ဂျာနယ်ဝင်လူများ အားလုံး တဦးချင်းစီရော၊ အစုအသင်းလိုက်ပါ မှန်ရှေ့ မတ်မတ် ရပ်ပြီး ကိုယ့်ကိုယ်ကို ပြန်ကြည့်ဖို့ အချိန်တန်ပါပြီ။ ရှက်တတ်ရင် သေလို့ရပါပြီ။ ဒေါက်တာတို့ဂျာနယ် အနေနဲ့ လွတ်လပ်စွာ တင်ပြခွင့်ကို အလေးထားတယ်ဆိုရင် ပြောလို့ရတာ တစ်ခုက “….. ဖိနပ်နဲ့ ပေါက်တဲ့သူတွေ လွန်တယ်။ နောက်မလုပ် သင့်ပါဘူး။ ဝါရင်းတုတ်နဲ့ရိုက်၊ သေနတ်နဲ့ ပစ်ခဲ့ဖူးသူတွေလည်း ဝန်ချတောင်းပန်လိုက်။ ဒါမှ နှစ်ဦး နှစ်ဘက် နားလည် ခွင့်လွှတ်နိုင်ကြမှာပါ …” လို့ ဂျာနယ်မူဘောင်နဲ့အညီ ရေးပေးပါလားခင်ဗျာ။
ဒေါက်တာ မသိမှာစိုးလို့ ပြောရဦးမယ် မယုံရင် ကျေးလက်တွေ ပြည်သူတွေထဲကို သွားထိုင်ပြီး မြန်မာရုပ်ရှင်ဇာတ် လမ်းတွဲ သွားကြည့် .. အထူးသဖြင့် ပေါ်လစီကားလို့ ခေါ်တဲ့ ပြည်သူ့ဘဏ္ဍာဖြုန်း ဇာတ်လမ်းတွဲတွေမှာ ရဲတို့၊ စစ်သားတို့နဲ့ ရန်သူလို့ သူတို့ တင်ပြ၊ ရိုက်ပြတဲ့ လူနဲ့ ဖိုက်ရင်တောင် ပြည်သူက ရန်သူဘက်က တရုန်းရုန်း အားပေးနေကြတယ်ဆိုတာ ဒေါက်တာ သူတို့နဲ့အတူတူ သွားထိုင်ကြည့်ရင် တွေ့ရပါလိမ့်မယ်။ ဟိုတယ်ပေါ်မှာချည်း အင်တာနက်ထိုင် ကြည့်မနေပါနဲ့လို့ ထပ်မံအသိပေးချင်ပါတယ်။ အထူးဖြင့် ဒေါက်တာ အောက်ခြေလွတ်တာက ပုံပြင်ထဲက ဘုရင်ကြီး ဘုန်းကံရှိမှ မြင်ရမယ်ဆိုတဲ့ ပုဆိုးမျိုးဝတ်ပြီး ပလ္လင်ပေါ် တက်သလိုဖြစ်နေပြီ…။ သေသေချာချာ ပုဆိုးဝတ်ပြီး တက်ပါဦး ဒေါက်တာနေဝင်းမောင်ရယ်။
နေရာတိုင်း အပြောင်းလဲတိုင်းမှာ ညီညွတ်မျှတတဲ့ Trinsitional Period တစ်ခုရှိရမယ်။ အဲဒီကာလဆိုတာ အားလုံး မျက်နှာဆုံညီ တစ်ဦးကို တစ်ဦး သည်းခံခွင့်လွှတ်ရေး စေ့စပ်ညှိနှိုင်း တောင်းပန်စကား ဆိုရမှာပါ။ အဲဒါမှ ဒီမိုကရေစီအဖြစ် ရပ်တည်ချိန်မှာ ခိုင်မာမှန်ကန်ပြီး အာဃာတ ကင်းကင်း ဆက်သွားနိုင်မှာပါ။ မကျက်သေးတဲ့ အနာတွေ၊ မပျောက်သေးတဲ့ အမာရွတ်တွေကို ခြေအိတ် အသစ် ဇွတ် အတင်းစွပ်ပြီး ဖုန်းဖိ လျောက်ခိုင်းနေရင် ခံရသူမှာ ထော့ကျိုး ထော့ကျိုးနဲ့ မသက်မသာ ရှိမှာဖြစ်သလို ခြေအိတ်မှာလည်း ပြည်တစိုစိုကြီး ဖြစ်ပြီး ရွံစရာအတိ ပြီးနေပါ့မယ်။ ဒေါက်တာ တကယ်လုပ်ရမှာက ကွန်စတီကျူးရှင်းကို ထောက်ခံခိုင်းရေး မဟုတ်ပါဘူး။ စေ့စပ်ညှိနှိုင်းဆွေး နွေးရေးပါ။
တဖက်သက် ယုံကြည်မှု တည်ဆောက်ရေး လျောက်အော်နေလို့ မရဘူးလေဗျာ။ ဒေါက်တာသိပ် ကြောက်တဲ့ နအဖ (ဒေါက်တာ့အပြောရ တပ်မတော်အစိုးရ) ဘက်ကိုလည်း လှည့်ပြောကြည့်ပါဦး လုပ်မလားလို့။ ဒေါက်တာအနေနဲ့ မလုပ်ရဲတဲ့ အလုပ်ဆိုတာလည်း သေချာတာပေါ့…။
ဒေါက်တာနေဝင်းမောင်အနေနဲ့ ဆင်ခြင်သုံးသပ် လေ့လာသင့်တာက နအဖစစ်အစိုးရရဲ့ စကားတွေ၊ လုပ်ရပ်တွေကို တဖက်သတ် တစ်ဦးတည်း ပြည်ဖုံးခါးချပြီး ကိုယ့် ဇာတ်တူသားစားရင် သမိုင်း မလှနိုင်သလို ရေရှည်အောင်ပွဲကိုလည်း လက်လွှတ်ရပါလိမ့်မယ်။ တကယ် ခံစား နာကျင် ရဦးမှာက ပြည်သူပါဘဲ။ ဘယ်ငတေမာမာ ပြည်သူဟာ ရင်ကွဲနာနဲ့ ခါးစည်းခံရတာပါ။ ဒေါက်တာလာလာ၊ စစ်သားလာလာ ရွာနာပြီး ရင်ကွဲရတာက ပြည်သူပါ။ ကျွန်တော်ဟာ ပြည်သူတစ်ယောက်အနေနဲ့ ကနောင်မင်းသားကြီး စုံစမ်းရေး ထွက်စဉ်က လယ်သမားကြီးလို ဘယ် မအေဘေးမှ မကောင်းပါဘူးကွာလို့ မဆဲချင်တာတော့ အမှန်ပါ။ ပြည်သူတွေရဲ့ အသံဟာ ဆက်လက်တိတ်ဆိတ် နေရဆဲဆိုတာ ဒေါက်တာ့ကို ထပ်မံအသိပေးလိုက်ပါတယ်။
သစ္စာတရားဖြင့်
သီဟငယ်
၁၆.၁၀.၂၀၀၉
ခေတ္တ-ရန်ကုန်။
Martin Luther King Jr.
ကျွန်ုပ်တို့က ကိုယ့်ရန်သူရဲ့ စကားကို သတိမရပေမယ့်၊ ကိုယ့်မိတ်ဆွေရဲ့ တိတ်တိတ်ဆိတ်နေမှုကို သတိရ (သတိထားမိ) ရမယ်။ဆရာကြီးဦးလွန်း (ခ) သခင်ကိုယ်တော်မှိုင်းကြီး ရေးခဲ့တဲ့ ပုံပြင် ဥပမာလေးထဲက စာလေးတစ်ခုကို အခုတလော ထပ်ထပ်ခါခါကို သတိရမိနေပါတယ်။ အဲဒါကတော့ ဘုဂံမင်းကို နန်းချပြီး နောင်တော် လူအေး မင်းတုန်းမင်းကို အစဉ်လာအတိုင်း နန်းတင်ပြီး နန်းသစ်တည်တဲ့ ယခု မန္တလေးနေရာကို ပြောင်းရွေ့နေစဲအချိန် စစ်ဦးစီးချုပ်ကြီး ကနောင် ကိုယ်တော်ဟာ ပြည်သူတွေရဲ့ အသံကို စနည်းတဘောင်နာရန် ရုပ်ဖျက်ပြီး ထွက်လေ့လာတော့ တနေရာမှာ နန်းသစ် ပြောင်းရွေ့တာမှာ လုပ်အားပေးပါတဲ့ လယ်သမား မိသားစု လှည်းဘေးနားမှာ နားနေတာတွေ့တုန်း ဝင်မေးမြန်းပါတယ်။ ဘုဂံမင်းနဲ့ မင်းတုန်းမင်း ဘယ် မင်းက ပိုကောင်းလဲဆိုပြီး အမေးကို .. လယ်သမားကြီးက ဘယ်သူ တက်တက် ငါတို့ ပြည်သူက ကိုယ့်ထမင်း ကိုယ်ရှာစားရတာ ဖြစ်တဲ့အတွက် ဘယ်မအေဘေးမှ မကောင်းပါဘူးကွာ … ဆိုပြီး ပြန်ပြောလိုက်တော့ ကနောင်ကိုယ်တော်ကြီးလည်း ထိုနေရာမှ ထပြေးခဲ့ရတယ်ဆိုပြီး ဆရာကြီးက စာသားနက်နက်၊ ပညာရှင်ရှင်နဲ့ ပြောခဲ့ ရေးခဲ့ဖူးတယ်။ စာရေးသူက မှတ်မိသလောက် ပြန်ရေးပြတာပါ။
မြန်မာပြည်ထဲမှာ မြန်မာ့နိုင်ငံရေးအရွေ့ အလွဲနဲ့ ကွန်စတီကျူးရှင်းကို အထောက်ခံဆုံး ပုဂ္ဂိုလ်ကို ပြောပါဆိုရင် ဒေါက်တာနေဝင်းမောင်ကို လက်ညှိးထိုးပြ ရမယ်ထင်တယ်။ ဆရာနေဝင်းမောင်ဟာ ရောက်ရာနေရာ၊ ရောက်ရာအရပ် တက်ရာ စင်မြင့်ပေါ်မှာ ကွန်စတီကျူးရှင်း စာအုပ်ကို ကိုင်ပြီး လူတွေကို ဝေဖန် စော်ကားသလို ဖြစ်နေတဲ့၊ နိုင်ငံကို ချောက်ထဲ တွန်းချနေတဲ့ စာအုပ်ကို အရောင်းမြင့်တင်ရေး ဝန်ထမ်းဆန်ဆန် စာအုပ် တကိုင်ကိုင်၊ လေသံ တဖွာဖွာနဲ့ကို ကျဲနေတော့တာပါဘဲ။ ကိုယ်တိုင်လည်း အောက်က ပြန်မေးတဲ့ မေးခွန်းတွေကို မဖြေနိုင်ရင်ခပ် တည်တည်နဲ့ စင်ပေါ်က အရှက်မရှိ၊ ဝန်မခံဘဲ ဆင်းပြေးသွားပြီး ဝါဒ တစ်ခု မောင်းတင်ထားသလို ထောက်ခံမှုမျိုးကို အကြိမ်ကြိမ် ပြုလုပ်နေခဲ့တာလည်း ဒေါက်တာနေဝင်းမောင်ပါပဲ။ သူစကားနဲ့ ယှဉ်မပြောနိုင်တဲ့ အခါတိုင်း သုံးတာကတော့ …. ဝိဒူရ မြင်းမြီးဆွဲတွေနဲ့ စကား မပြောလိုဘူး … ဆိုပြီး ပြန်လှန် ဆွေးနွေးသူကို လူကြီးလူကောင်းမဆန် စော်ကားတတ်ပါသေးတယ်။ သစ္စာတရားဖြစ်ရင် လူသတ်သမား အင်္ဂါတော့မဆွဲဘူး ဝိဒူရ မြင်းမြီးဘဲဆွဲတာ ပို ဂုဏ်သိက္ခာ ရှိပါတယ်ဆိုတာ ဒေါက်တာ့ကို ပြောပါရစေ။
ဒေါက်တာနေဝင်းမောင်ဟာ အကြီးအကျယ် မေ့လျော့နေတဲ့ ကိစ္စ သို့မဟုတ် မသိချင်ယောင် ဆောင်နေသည်လား မမှန်းဆတတ်သော ကိစ္စကြီးကတော့ ပြည်သူ့ သဘောထားဆိုတာကိုပါ။ ကျွန်တော်တို့ ပြည်သူတွေဟာ ပညာမတတ်လို့ မပြော၊ မဖွင့်ဟတတ်ရင် ရှိမယ်။ သူတို့ဟာ သူတို့ကိုယ်တိုင်က ရွေးချယ်ပြီး၊ သူတို့ အရေးကို အလေးပေး၊ သူတို့ ကောင်းစားရေးကို ရှေးရှုဦးတည်တဲ့ နိုင်ငံတော် အစိုးရကိုပဲ လိုလားကြမှာ မလွဲပါဘူး။
ဒေါက်တာနေဝင်းမောင် လုပ်ရပ်ဟာ ရွာထဲမှာ ခိုးဆိုး လူသတ်၊ မုဒိန်းကောင်ကို အသက်လေး နည်းနည်းရလာချိန်မှာ ဘုန်းကြီးဝတ်ပေးပြီး ကျောင်းထိုင်ဆရာတော် လုပ်ခိုင်းသလို ဖြစ်နေပါတယ်။ ထွက်ပေါက်ပေးပြီး အခွင့်အရေးကို ရယူသင့်တယ်လို့ ဆိုလိုချင်တယ် ဆိုရအောင်လည်း အခု ချိန်ထိ နအဖ အစိုးရဘက်က နိုင်ငံတော် ရှေ့ဆက် ရေးအတွက် ဘာတွေ စီစဉ်ထားပါပြီ။ ပြည်သူတွေဘက်ကလည်း ဘာတွေ ပြင်ဆင်ထားပါ တော့။ အတိုက်ခံတွေ ဘက်ကလည်း ဘယ်လို ပါဝင်စေချင်ကြောင်း စသည် စသည် ဒီမိုကရေစီ နည်းကျ လမ်းကျ ကတိပေး၊ အသိပေးတာမျိုး လူကြီး လူကောင်း ဆန်မှုမျိုး ဘာသံမှ မကြားရသေးဘူး။ ဒေါက်တာနေဝင်းမောင် တစ်ဦးတည်းကသာ စင်ပေါ်မှာတမျိုး ဂျာနယ်ကတဖုံ၊ စာသင်ခန်းမှာ တသွယ် ပြာသလူးခါ တွန့်လိမ်နေတာကို ရင်နင့်ဖွယ် မြင်တွေ့ကြား သိနေရပါ တော့တယ်။
ဒါကို ကမ္ဘာပတ်ပြီးလည်း ပြောဟောပါတယ်။ တူတာချင်းတွေ ရှာဖွေပါတယ်။ မရတဲ့အဆုံးတော့ ဝန်ကြီး မှုးကြီးတွေရဲ့ သားတွေကိုပါ သူ့ လုပ်ငန်းစဉ်ထဲ ထည့်သွင်း အသုံးချလာပါတယ်။ အခွင့်အရေးပဲ အမြဲကြည့်တတ်တဲ့ ခေတ်ပျက် တောကြောင် စီးပွားရေးသမားတွေကိုပါ သူ့ ပရောဆက်ထဲ ဆွဲထည့်ပါတယ်။ အဆိုးဆုံးကတော့ သာသနာတော် (သံဃာကို ထိတာ သာသနာတော်ကို ထိတာပါဘဲ) ကို ဝါးရင်းတုတ်နဲ့ ရိုက်ခဲ့သူ၊ ဒီပဲရင်းလို အရေးခင်းကို မျက်နှာပြောင်တိုက် မိုက်ရိုင်းခဲ့သူတွေကို ဖိနပ်နဲ့ပေါက်လို့ တတိုင်းပြည်လုံး ကြိတ်ပြီး ကြည်နူးမဆုံး ဝမ်းသာ နေချိန်မှာတောင် သူက ဂျာနယ်ကနေ ဆွေ့ဆွေ့ခုန် နာပြနေပုံက ဒီမိုကရေစီ အမြင်ကြွယ်ဝသူကြီးရဲ့ ပုံမပေါက် တော့ဘူး။ ကျွန်တော်တို့ ငယ်ငယ်က ဂျပန် ကင်ပေတိုင် ကားတွေထဲက အလိုတော်ရိ တစ်ယောက်ပုံ ပေါက်နေပြီဆိုတာရော ဒေါက်တာအပါဝင် ဒေါက်တာ့ ဂျာနယ်ဝင်လူများ အားလုံး တဦးချင်းစီရော၊ အစုအသင်းလိုက်ပါ မှန်ရှေ့ မတ်မတ် ရပ်ပြီး ကိုယ့်ကိုယ်ကို ပြန်ကြည့်ဖို့ အချိန်တန်ပါပြီ။ ရှက်တတ်ရင် သေလို့ရပါပြီ။ ဒေါက်တာတို့ဂျာနယ် အနေနဲ့ လွတ်လပ်စွာ တင်ပြခွင့်ကို အလေးထားတယ်ဆိုရင် ပြောလို့ရတာ တစ်ခုက “….. ဖိနပ်နဲ့ ပေါက်တဲ့သူတွေ လွန်တယ်။ နောက်မလုပ် သင့်ပါဘူး။ ဝါရင်းတုတ်နဲ့ရိုက်၊ သေနတ်နဲ့ ပစ်ခဲ့ဖူးသူတွေလည်း ဝန်ချတောင်းပန်လိုက်။ ဒါမှ နှစ်ဦး နှစ်ဘက် နားလည် ခွင့်လွှတ်နိုင်ကြမှာပါ …” လို့ ဂျာနယ်မူဘောင်နဲ့အညီ ရေးပေးပါလားခင်ဗျာ။
ဒေါက်တာ မသိမှာစိုးလို့ ပြောရဦးမယ် မယုံရင် ကျေးလက်တွေ ပြည်သူတွေထဲကို သွားထိုင်ပြီး မြန်မာရုပ်ရှင်ဇာတ် လမ်းတွဲ သွားကြည့် .. အထူးသဖြင့် ပေါ်လစီကားလို့ ခေါ်တဲ့ ပြည်သူ့ဘဏ္ဍာဖြုန်း ဇာတ်လမ်းတွဲတွေမှာ ရဲတို့၊ စစ်သားတို့နဲ့ ရန်သူလို့ သူတို့ တင်ပြ၊ ရိုက်ပြတဲ့ လူနဲ့ ဖိုက်ရင်တောင် ပြည်သူက ရန်သူဘက်က တရုန်းရုန်း အားပေးနေကြတယ်ဆိုတာ ဒေါက်တာ သူတို့နဲ့အတူတူ သွားထိုင်ကြည့်ရင် တွေ့ရပါလိမ့်မယ်။ ဟိုတယ်ပေါ်မှာချည်း အင်တာနက်ထိုင် ကြည့်မနေပါနဲ့လို့ ထပ်မံအသိပေးချင်ပါတယ်။ အထူးဖြင့် ဒေါက်တာ အောက်ခြေလွတ်တာက ပုံပြင်ထဲက ဘုရင်ကြီး ဘုန်းကံရှိမှ မြင်ရမယ်ဆိုတဲ့ ပုဆိုးမျိုးဝတ်ပြီး ပလ္လင်ပေါ် တက်သလိုဖြစ်နေပြီ…။ သေသေချာချာ ပုဆိုးဝတ်ပြီး တက်ပါဦး ဒေါက်တာနေဝင်းမောင်ရယ်။
နေရာတိုင်း အပြောင်းလဲတိုင်းမှာ ညီညွတ်မျှတတဲ့ Trinsitional Period တစ်ခုရှိရမယ်။ အဲဒီကာလဆိုတာ အားလုံး မျက်နှာဆုံညီ တစ်ဦးကို တစ်ဦး သည်းခံခွင့်လွှတ်ရေး စေ့စပ်ညှိနှိုင်း တောင်းပန်စကား ဆိုရမှာပါ။ အဲဒါမှ ဒီမိုကရေစီအဖြစ် ရပ်တည်ချိန်မှာ ခိုင်မာမှန်ကန်ပြီး အာဃာတ ကင်းကင်း ဆက်သွားနိုင်မှာပါ။ မကျက်သေးတဲ့ အနာတွေ၊ မပျောက်သေးတဲ့ အမာရွတ်တွေကို ခြေအိတ် အသစ် ဇွတ် အတင်းစွပ်ပြီး ဖုန်းဖိ လျောက်ခိုင်းနေရင် ခံရသူမှာ ထော့ကျိုး ထော့ကျိုးနဲ့ မသက်မသာ ရှိမှာဖြစ်သလို ခြေအိတ်မှာလည်း ပြည်တစိုစိုကြီး ဖြစ်ပြီး ရွံစရာအတိ ပြီးနေပါ့မယ်။ ဒေါက်တာ တကယ်လုပ်ရမှာက ကွန်စတီကျူးရှင်းကို ထောက်ခံခိုင်းရေး မဟုတ်ပါဘူး။ စေ့စပ်ညှိနှိုင်းဆွေး နွေးရေးပါ။
တဖက်သက် ယုံကြည်မှု တည်ဆောက်ရေး လျောက်အော်နေလို့ မရဘူးလေဗျာ။ ဒေါက်တာသိပ် ကြောက်တဲ့ နအဖ (ဒေါက်တာ့အပြောရ တပ်မတော်အစိုးရ) ဘက်ကိုလည်း လှည့်ပြောကြည့်ပါဦး လုပ်မလားလို့။ ဒေါက်တာအနေနဲ့ မလုပ်ရဲတဲ့ အလုပ်ဆိုတာလည်း သေချာတာပေါ့…။
ဒေါက်တာနေဝင်းမောင်အနေနဲ့ ဆင်ခြင်သုံးသပ် လေ့လာသင့်တာက နအဖစစ်အစိုးရရဲ့ စကားတွေ၊ လုပ်ရပ်တွေကို တဖက်သတ် တစ်ဦးတည်း ပြည်ဖုံးခါးချပြီး ကိုယ့် ဇာတ်တူသားစားရင် သမိုင်း မလှနိုင်သလို ရေရှည်အောင်ပွဲကိုလည်း လက်လွှတ်ရပါလိမ့်မယ်။ တကယ် ခံစား နာကျင် ရဦးမှာက ပြည်သူပါဘဲ။ ဘယ်ငတေမာမာ ပြည်သူဟာ ရင်ကွဲနာနဲ့ ခါးစည်းခံရတာပါ။ ဒေါက်တာလာလာ၊ စစ်သားလာလာ ရွာနာပြီး ရင်ကွဲရတာက ပြည်သူပါ။ ကျွန်တော်ဟာ ပြည်သူတစ်ယောက်အနေနဲ့ ကနောင်မင်းသားကြီး စုံစမ်းရေး ထွက်စဉ်က လယ်သမားကြီးလို ဘယ် မအေဘေးမှ မကောင်းပါဘူးကွာလို့ မဆဲချင်တာတော့ အမှန်ပါ။ ပြည်သူတွေရဲ့ အသံဟာ ဆက်လက်တိတ်ဆိတ် နေရဆဲဆိုတာ ဒေါက်တာ့ကို ထပ်မံအသိပေးလိုက်ပါတယ်။
သစ္စာတရားဖြင့်
သီဟငယ်
၁၆.၁၀.၂၀၀၉
ခေတ္တ-ရန်ကုန်။

3 comments:
If you know the track record of NWM, you will not be surprised to see him talking irresponsibly and unreasonably. I don't want to mention it here. All his classmates from IM(1) know what I mean. NWM, you are still hopeless. Shame on you
Free redirect service!!!!
wiwe.com.tw網站登錄轉址
OverURL轉址
8576.tw免費轉址
Or2web網站登錄
u-nov免費轉址
lumi網站登錄
2at - 轉址
88u網站轉址
the more we have like a man,the more our country darkness.Because he say he is a journalist. BE WARE! MYANMAR
Post a Comment