Monday 29 March 2010

၂၉ ရက်နေ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုဦးစည်း အစည်းအဝေး







ဒီနေ့သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့၏ အောင်ပွဲရတဲ့နေ့ တနေ့ဖြစ်ပြီး .... နအဖ၏ မတရားသော ဥပဒေများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြတ်သားစွာ ဆန့်ကျင်လိုက်တာဖြစ်ပြီး နအဖ၏ ထောင်ခြောက်ထဲမှ ထွက်လာခဲ့ခြင်း ဖြစ်ပါသည်။

ဥက္ကဌ ဦးအောင်ရွှေမှ အစည်းအဝေးသို့ ကျန်းမာရေးအရ သွေးတိုးနေ၍ မတတ်ရောက်နိုင်သော်လည်း .. စာဖြင့် ရေး၍ မိမိ၏ သဘောထားကို ပေးပို့ ဖေါ်ပြလိုက်ပါသည်။ သူ့၏ စာမှာ ဒေါ်အောင်ဆန်းစုကြည်၏ သဘောအတိုင်းပါဟု ရေးထားပါသည်။

ဦးလွင်မှလည်း တတ်ရောက်နိုင်ခြင်း မရှိသော်လည်း သူ၏ သဘောမှာလည်း ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအတိုင်းဟု စာဖြင့် ပေးပို့လိုက်ပါသည်။

ပြည်နယ်နဲ့တိုင်း အားလုံးမှလည်း မှတ်ပုံမတင်ဖို့ကို သဘောတူကြပါသည်။

မနက်ပိုင်းတွင် အစည်းဝေးတက်ရောက်မည့် ကိုယ်စားလှယ်များအား အမျိုးသမီးများက ပန်းကုံးစွပ်ကြိုဆိုကြပါသည်။ တချို့မှလည်း အနက်ရောင်များ ၀တ်လာကြပါသည်။

ဒေါ်အောင်ဆန်းစုကြည်မှ NO ဟု ရေးထားသော ဘူးသီး (၂) လုံးနှင့် စကား (၆) ခွန်း ကို ၂၇ နေ့တွင် ဦးဥာဏ်ဝင်း တွေ့စဉ် မှာကြားခဲ့ပြီး၊ ဦးဥာဏ်ဝင်းမှ ဖတ်ကြားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည် မှာကြားသော စကား(၆) ခွန်းမှာ ......
  • ၁။ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံခြင်း
  • ၂။ ရွေးကောက်ပွဲဥပဒေများသည် ဒီမိုကရေစီမကျ၊ မတရား၍ လက်မခံတာဖြစ်ခြင်း
  • ၃။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းတွင် ဆရာမွေး၊ တပည့်မွေးများ မလုပ်ရန်
  • ၄။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မည်သူမှ ပိုင်ဆိုင်သည် မဟုတ်ခြငး
  • ၅။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပျက်သွားခြင်း မဟုတ်ဟု မှာကြားခြင်းနှင့်
  • ၆။ပြည်သူများမှ ဆက်လက် ပါဝင်ဆောင်ရွက်သွားပါရန် ... စသည်တို့ကို မှာကြားလိုက်ပါသည်။

ဦးတင်ဦးမှလည်း ဒေါ်အောင်ဆန်းစုကြည်၏ သဘောအတိုင်းပဲဟု သဘောထားပေးပြီးနောက် အားလုံးမှ ဝိုင်းဝန်း သဘောတူ၍ မှတ်ပုံတင်ခြင်း ကိစ္စကို မပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။

No comments: