Wednesday 17 March 2010

ရွေးကောက်ပွဲဝင်မည့် စစ်အာဏာရှင် အဖွဲ့ဝင်များ


မဇ္ဈိမသတင်းဌာန
Justify Full
အင်္ဂါနေ့၊ နိုဝင်ဘာလ 03 ရက် 2009 ခုနှစ် 18 နာရီ 37 မိနစ်၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရှိ စစ်အစိုးရအဖွဲ့ဝင်များစာရင်းကို မဇ္ဈိမက ရနိုင်သမျှ စုံစမ်းဖော်ထုတ်ကာ စုစည်းတင်ပြထားခြင်း ဖြစ်ပါသည်။ (လျှို့ဝှက်လွန်းပြီး အာဏာကို အလုံးစုံ ချုပ်ကိုင်ထားမှု သဘောသဘာဝကြောင့် ရွေးကောက်ပွဲဝင်ရန် သတ်မှတ်ထားသူ စာရင်းတွင်လည်း အပြောင်းအလဲ ရှိနိုင်ပါသေးသည်။) စာဖတ်သူများအနေဖြင့်လည်း စုံစမ်းရရှိသော ရွေးကောက်ပွဲဆိုင်ရာ တင်းအချက်အလက်များကို editor@mizzima.com This e-mail address is being protected from spambots. You need JavaScript enabled to view it သို့ ပေးပို့ပါရန် မေတ္တာရပ်ခံပါသည်။

၁။ ဗိုလ်မှူးချုပ် အုန်းမြင့် (သတ္တုတွင်းဝန်ကြီးဌာန)
ပေါင်မြို့နယ်၊ မွန်ပြည်နယ်
၂။ ဗိုလ်မှူးချုပ် သန်းဌေး
မိတ္ထီလာ၊ သာစည်၊ မန္တလေးတိုင်း
၃။ ဗိုလ်ချုပ် သိန်းဆွေ
စစ်တွေမြို့၊ ရခိုင်ပြည်နယ်
၎။ ဒုတိယဗိုလ်မှူးကြီး ဥာဏ်ထွန်းအောင်
နွားထိုးကြီးမြို့နယ်၊ မန္တလေးတိုင်း
၅။ ဗိုလ်မှူးကြီး သိန်းညွန့်
မအူပင်မြို့နယ်၊ ဧရာဝတီတိုင်း
၆။ ဗိုလ်ချုပ် သိန်းဇော် (ဆက်သွယ်ရေးဝန်ကြီး)
မြစ်ကြီးနား၊ ကချင်ပြည်နယ်
၇။ ဗိုလ်မှူးချုပ် ကျော်ဆန်း (ပြန်ကြားရေးဝန်ကြီး)
ပုလဲမြို့နယ်၊ စစ်ကိုင်းတိုင်း
၈။ ဦးအောင်သောင်း (စက်မှု ၁ ဝန်ကြီး)
မန္တလေးမြို့၊ မန္တလေးတိုင်း
၉။ ဦးစိုးသာ (စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး)
တွံတေးမြို့နယ်၊ ရန်ကုန်တိုင်း
၁ဝ။ ဗိုလ်ချုပ် တင်နိုင်သိန်း (ကုန်သွယ်ရေးဝန်ကြီး)
(မသိရသေးပါ။)
၁ဝ။ ဦးမောင်မောင်သိမ်း (ခရမ်းမြို့နယ် အသင်းနာယက) ဗိုလ်မှူးချုပ်
ခရမ်းမြို့နယ်၊ ရန်ကုန်တိုင်း
၁၁။ ဗိုလ်မှူးချုပ် အေးမြင့် (အားကစားဝန်ကြီး)
ဟားခါးမြို့နယ်၊ ချင်းပြည်နယ်
၁၂။ ဒေါက်တာ ချမ်းငြိမ်း (ပညာရေးဝန်ကြီး)
ကန့်ဘလူမြို့နယ်၊ စစ်ကိုင်းတိုင်း
၁၃။ ဗိုလ်ချုပ် အောင်မင်း (ရထားပို့ဆောင်ရေးဝန်ကြီး)
ကဝမြို့၊ ပဲခူးတိုင်း
၁၄။ ဗိုလ်မှူးကြီး ဇော်မင်း (လျှပ်စစ်စွမ်းအားဝန်ကြီးဌာန)
မကွေးမြို့၊ မကွေးတိုင်း
၁၅။ ဗိုလ်မှူးချုပ် သိန်းအောင် (သစ်တောဝန်ကြီး)
အင်္ဂပူမြို့နယ်၊ ဧရာဝတီတိုင်း
၁၆။ ဗိုလ်ချုပ် ဌေးဦး (စိုက်ပျိုးရေးဝန်ကြီးဌာန)
ပျော်ဘွယ်၊ရမည်းသင်း မန္တလေးတိုင်း
၁၇။ ဗိုလ်မှူးချုပ် အောင်သိန်းလင်း (ရန်ကုန်မြို့တော်ဝန်)
ရန်ကုန်
၁၈။ ဗိုလ်ချုပ် စိုးနိုင် (ခရီးသွားလာရေးဝန်ကြီးဌာန)
ဒေးဒရဲမြို့နယ်၊ ဧရာဝတီတိုင်း
၁၉။ဗိုလ်မှူးချုပ် လွန်းသီ (စွမ်းအင်ဝန်ကြီးဌာန)
ကွမ်းခြံကုန်း ရန်ကုန်တိုင်း

(မဇ္စိုမ သတင်းမှ ရယူထားပါသည်။)

2 comments:

victorOway said...

ကျနော့် (သို့ မဟုတ်)ကျနော်တို့ ရဲ့  NLD အပေါ်နဲ့  နိုင်ငံရေးအရ သုံးသပ်ချက်တွေဟာဒီနေ့ ကာလမှာ NLD ပါတီအနေနဲ့  လက်တွေ့  လက်ငင်းကြုံတွေ့ နေရသည့်အခက်အခဲပါပဲ။ ဒိထက်ပိုဆိုးတာက အမှတ်သည်းခြေမရှိသည့် NLD ဥက္ကဌဆိုသည့် ပုဂ္ဂိုလ်က ဘယ်လောက်တောင် ရဲဘော်ရဲဘက်စိတ်မရှိသလဲဆို- အသက်နဲ့ ရင်းပြီး၁၉၉၀ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို ကိုင်ဆွဲရမှာကို- ကိုယ်အဖွဲ့ အစည်းမှာရှိတဲ့ လက်တွဲဖော်(သို့ မဟုတ်)လူထုယုံကြည်အားကိုးရသည့် ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုတိုက်ပွဲရေထဲမိုးထဲမှာတောင် ကယ်ထုတ်ဘို့ ၊ ကာကွယ်ဘို့ မပြုသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်ကို လှံစွပ်နဲ့ ထိုးသတ်သည့် သေဆုံးစေမှုကို အရင်လုပ်ပြီး စစ်အုပ်က ဒူးထောက်အညံ့ ခံခိုင်းသည့် ၂၀၀၈ကိုလည်းဒူးထောက်မယ်၊ ၁၉၉၀ခုနှစ်ရွေးကောက်ပွဲအနိုင်ရခဲ့တာကိုလည်းစွန့် လွှတ်မယ်၊ လောလောလတ်လတ်ထုတ်ပြန်ထားတဲ့ ရွှေဂုံတိုင်ကြေငြာချက်ကိုလည်းစွန့် လွတ်ပြီး-၂၀၀၈အတုအယောင်ဖွဲ့ စည်းပုံကိုကာကွယ်စောင့်ရှောက်ဘို့  ဖောက်ပြန်တဲ့ ဒူးထောက်အညံ့ ခံမှုကိုရွေးချယ်လိုက်တာဟာ-မြန်မာပြည်သူလူထုကိုစော်ကားလိုက်တာပဲ ဖြစ်တယ်။ ဒီလို နိုင်ငံရေးအာဏာကို လောဘတက်ပြီး အတုအယောင်ရွေးကောက်ပွဲကို ၀င်မယ့် လူလိမ်လူကောက် တွေကို ဘယ်ပြည်သူလူထုကမှ မထောက်ခံပါဘူး။ အဲဒီလိုလူမျိုးဟာ ဘယ်တော့မှ သဘောထားမမှန်ပါဘူး။ NLD ပါတီအတွက် လူရှုပ်တွေလို့ ပဲဆိုရပါလိမ့်မယ်။ ဒီလူတွေ အရွေးချယ်ခံစေဦးတော့ ပြည်သူလူထုကို အမှန်တကယ်ဦးဆောင်ဦးရွက်ပြုနိုင်မယ့် လူတွေမဟုတ်ဘူးဆိုတာပဲ လူထုကြီးက ဆုံးဖြတ်ပါလိမ့်မယ်။ ဦးဝင်တင်ရဲ့ ရပ်တည်ချက်ကို ဂုဏ်ယူလေးစားရမည်ဖြစ်သည်။ ယခုစစ်အုပ်စုထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲဆိုင်ရာဥပဒေအချက်အလက်တွေဟာ မြန်မာပြည်အတွက် အဖြေမဟုတ်ပါဘူး။ NLDထဲမှာရှိနေသည့် တချို့ လူတွေဟာ စစ်အုပ်စုဘာတွေထုတ်ပြန်ထုတ်ပြန်အဲဒီထုတ်ပြန်ချက်တွေကို ဗဟိုပြုပြီးစဉ်းစားနေကြသ၍ အရှုံးနဲ့ ပဲ ရင်ဆိုင်ရလိမ့်မယ်လို့ မှတ်ပါ။ နောက်ဆုံးမှာတော့ ကျုပ်တို့ ပြတ်ပြတ်သားသားပဲပြောလိုက်ပါရစေ-ဦးအောင်ရွှေလို၊ ဦးခင်မောင်ဆွေလို လူမျိုးတွေဒီလိုအချိန်ကျမှ ရန်သူအပေါ်ဒူးထောက်လာခြင်းအပေါ်မှာကျုပ်တို့ အားလုံ ပြင်းပြင်ထန်ထန်ကန့် ကွက်တယ်၊ ရှုံ့ချတယ်။ NLD အထဲမှာရှိသည့် NLD လူငယ်များခင်ဗျား-ခင်ဗျားတို့ ဟာလူငယ်တွေပါ။ လူငယ်တွေပီပီ ယနေ့ မတရား တဘက်သတ်အကြတ်ကိုင်ထားတဲ့အခက်အခဲကို ခင်ဗျားတို့ ရဲရဲရင့်ရင့်၊ ပြတ်ပြတ်သားသားရင်ဆိုင်ရတော့မယ်အချိန်ဖြစ်တယ်။ ခင်ဗျားတို့ မပြတ်သားရင် မြန်မာပြည်နိုင်ငံရေးသမိုင်းမှာ ခင်ဗျားတို့ ဟာ သမိုင်တရားခံတွေဖြစ်သွားမယ်။ ကိုယ်စီးတဲ့မြင်းဟာ အထီးလား၊ အမလားသေချာခွဲခြားနိုင်ဘို့ လိုတယ်။ မှတ်ပုံတင်ရရုံလေးနဲ့  တိုင်းပြည်အတွက် အဓိပါယ်ရှိတဲ့ ခေါင်းဆောင်တွေကို နိုင်ငံရေးလှံစွပ်နဲ့ ထိုးပြီးနိုင်ငံရေးမှတ်ပုံတင်ဘို့ အဖြစ်လဲယူဘို့ ကို မကြိုးစားလိုက်ပါနဲ့။၁၉၉၀ခုနှစ်ရွေးကောက်ပွဲရလဒ်ကို အသက်နဲ့လဲဘို့ ကာကွယ်စောက်ရှောက်ကြ။ အမှန်တရားဟာ သမိုင်းမှာဘယ်တော့မှ အရှုံးမရှိစေရဘူး။ ခင်ဗျားတို့ အနီးပါတ်ဝန်းကျင်မှာနိုင်ငံတကာရှိတယ်။
ရဲဘော်ဂျာကြီး
မှတ်ချက်။ ဖြစ်နိုင်လျှင်ကျနော်သဘောထားကို မည်သည့်ဘလော့တွင်မဆို တင်ပြခွင်ပြုသည်။ တိုင်းပြည်အတွက်အဓိပါယ်ရှိသည့်သဘောထားဖြစ်မည်ဆို။

santun said...

သိပ်မှန်တဲ့စကားပဲ၊ ခင်ဗျား comment ကိုတခြားဘလောဂ်တွေမှာလဲလိုက်တင်သင့်တယ်၊
ကျွန်တော်သဘောထားလဲမျှပါရစေ၊ ဖတ်ကြည့်ပါ၊
နအဖက ၂၀၁၀ရွေးကောက်ပွဲ ကိုပွဲစည်စေချင်တယ်၊ NLD မပါဘဲ ကိုယ်တိုင်ဖွဲ့ ကြံ့ဖွံ့ ပါတီတွေနဲ့ ပွဲလန့်တုန်းဖျာခင်း ပါတီတွေချည်းပဲဆို နိုင်ငံတကာကိုအပြမကောင်းဘူးလေ၊ NLD ရွေးကောက်ပွဲဝင်တာကိုလိုချင်တယ်၊ ဒါမှသူ့ ရွေးကောက်ပွဲကြီးက နိုင်ငံတကာကို အပြကောင်းမယ်၊ နိုင်ငံတကာက ဒေါ်စုမပါတဲ့ရွေးကောက်ပွဲကို မယုံကြည်ကြပေမဲ့ နအဖ က ဒေါ်စုနဲ့ NLD ကွဲတာကိုလိုချင်တယ်၊ အဓိက NLD ဆိုတဲ့နာမည် နဲ့ ကော်မရှင်မှာ မှတ်ပုံလာတင်တာကိုလိုချင်တယ်။ ( အကယ်၍ NLD က ရက်ပေါင်းခြောက်ဆယ်အတွင်းမှတ်ပုံလာမတင်ရင် နာမည်ဆင်တူရိုးမှား NLD ပါတီတစ်ခုအသစ်ဖွဲ့ပြီးဝင်ပြိုင်မလားတော့မသိဘူး)
နောက်တစ်ချက်က ၉၀ခုနှစ် ပြည်သူ့ဆန္ဒဖြစ်တဲ့ ရွေးကောက်ပွဲရလာဒ် ကိုဗိုလ်ချုပ်မှုးကြီးသန်းရွှေ လက်မှတ်တစ်ချက်ထိုးပြီး ဖျက်လို့မရဘူး၊ အဲဒီလိုဖျက်လို့ အခု နအဖဟာ တချိန်မှာ သူသမိုင်းတရားခံဖြစ်သွားနိုင်တယ် ဆိုတာသိတယ်၊ လူထုကမဲပေးရွေးကောက်ထားခဲ့တဲ့ (ကိုယ်စားလှယ်အများစုပါတဲ့ ) NLD က သာ ၂၀၁၀ ရွေးကောက်ပွဲမှာဝင်ပြိုင်ရင် ၉၀ခုနှစ်ရွေးကောက်ပွဲရလာဒ်ဟာ NLD ကြောင့် ပျက်ပြယ်သလိုဖြစ်သွားပါလိမ့်မယ်၊ NLD ဟာသမိုင်းတရားခံ ဘဝကိုခွဲဝေယူသလိုဖြစ်သွားမယ်၊
ဒါကြောင့်ပဲ နအဖ က NLD ရုံးခွဲတွေအမြန်လာဖွင့်ကြပါဆိုပြီး ရွေးကောက်ပွဲဝင်ချင်အောင် မက်လုံးပေးနေတယ်၊ ဒါလေးကိုအဟုတ်မှတ်နေရင်တော့မှားမယ်၊ ဒီရုံးတွေအချိန်မရွေး ပြန်ပိတ်နိုင်တယ်ဆိုတာ နားလည်ဖို့လိုတယ်၊
နအဖရဲ့ ဒီရွှေ့ကွက် တကွက်က တိုင်းပြည်အတွက် လူမျိုးအတွက်အကျိုးမရှိပေမယ့် နအဖ နဲ့ NLD တို့ နိုင်ငံရေးပြိုင်ပွဲ တစ်ခုလိုမြင်ကြည့်ရင် NLD တော်တော်အကျဉ်းအကြပ်ရောက်စေတဲ့ အကွက်လို့ လို့မြင်တယ်၊
NLD ကအောက်စည်း ကိုရောက်နေပြီ၊ ဒီလိုနဲ့ တအိအိနဲ့ နိမ့်လာပြီး end game ကိုရောက်တော့မယ်၊ ဒီတစ်ချီမှာ ညီညီညွတ်ညွတ်နဲ့ sacrifice စွန့်စားပြီးမလုပ်ရင် မဖြစ်တော့ဘူးဆိုတာနားလည်ဖို့လိုတယ်၊