Tuesday 23 March 2010

အတွေးရှင်းရှင်း တွေးကြည့်ပါ။

ကျွန်တော် စဉ်းစားလို့ မရတာ တခုရှိတယ်။ အခြေခံ တွေးမိတာလေးပါ။


ဘာလို့ နအဖက ရွေးကောက်ပွဲ လုပ်ပြီး၊ ဘာလို့ NLD က ဝင်မယ်၊ မဝင်ဘူး တွေးနေရတာလဲ မသိဘူး။

ရွေးကောက်ပွဲဆိုတဲ့ လုပ်ငန်း ဖြစ်စဉ်ကြီးက အလကား ငွေကုန် လူပန်းတဲ့ ဖြစ်စဉ်ကြီးပါ။ ဘာလို့လဲ ဆိုတော့ အောက်က အခြေခံ မေးခွန်းလေးတွေရဲ့ ရလဒ်အရ သိသာနေတာပါပဲ။

မေးခွန်း ( ၁ )။
၂၀၁၀ မတိုင်ခင် ကာလမှာ ....
မေး။ ............. တိုင်းပြည်ကို အမိန့်ပေး ရောင်းစားနေတာ ဘယ်သူလဲ ....

ဖြေ။ ............. သန်းရွှေနှင့် လက်နက်ကိုင် အကြမ်းဖက်သမား တစ်စု
(ဒါက လက်ရှိ ရွေးကောက်ပွဲ မတိုင်ခင် ဖြစ်ရပ်။)

မေးခွန်း (၂) ။
၂၀၁၀ လွန် ကာလမှာ ....
မေး။ ............... တိုင်းပြည်ကို အမိန်ပေး ရောင်းစားမှာ ဘယ်သူလဲ

ဖြေ။ ............... သန်းရွှေနှင့် လက်နက်ကိုင် အကြမ်းဖက်သမား တစ်စု
ဒါက အနာဂတ် ဖြစ်ရပ်။

မေးခွန်း (၃)
၂၀၁၀ မတိုင်ခင် တိုင်းပြည်၏ အခြေအနေနှင့် ၂၀၁၀ လွန် တိုင်းပြည်၏ အခြေအနေ ဘယ်လို ဖြစ်မလဲ။


ဘာလို့ ပြောနိုင်တာလဲ ။ ရှင်းပါတယ်။

နာဂစ် အခြေခံ ဥပဒေ ... သမ္မတ ၃ ယောက် ရှိတယ်။

၂ ယောက်က ပြည်သူတွေက ရွေးမယ်။ (ကောင်း၏။)

တစ်ယောက်ကို သန်းရွှေက ရွေးမယ်၊ (တိုင်းပြည်ရဲ့ ၃ ပုံ ၁ ပုံ ဆန္ဒမဲက သန်းရွှေမှာ ရှိနေတာပဲ။ အံ့သြ ကုန်နိုင်ဖွယ် ....... ။)

အဲဒီ ၃ ယောက်ထဲက တစ်ယောက်ကို သမ္မတ ရွေးတဲ့အခါ ပါလီမန် စစ်သား အစိတ်သားက ဆန္ဒမဲ ပေးရဦးမှာ။ အဲဒီ စစ်သား အစိတ်သားကို သန်းရွှေက ရွေးဦးမှာ။ (တိုင်းပြည်ရဲ့ နောက်ထပ် ၄ ပုံ ၁ ပုံ ကို သန်းရွေက ဆုံးဖြတ်ဦးမှာ။ အံ့သြ ကုန်နိုင်ဖွယ် ............ ။)

ဒီတော့ သမ္မတ သုံးယောက်ကနေ စစ်သား အစိတ်သားက ရွေးလိုက်ရာ (ဗိုလ်သန်းရွှေ ဆုံးဖြတ်ချက်အရ) ဦးသန်းရွှေ(သို့မဟုတ်)သန်းရွှေ၏ လူယုံ က သမ္မတမင်း ဖြစ်သွားပါရောလား။

ဒီတော့ .......
၂၀၁၀ မတိုင်ခင် ကာလ = ၂၀၁၀ လွန်ကာလာ

ဘာများ ထူးဦးမှာလဲ။

အဲဒီလို မထူးတာကို ... ဘာလို့ ငွေကုန်၊ အချိန်ကုန်ခံပြီး ရွေးကောက်ပွဲ လုပ်နေတာလည်းဆိုတာ စဉ်းစားမရသလို

NLD ကလည်း ဘာလို့ ဝင်မယ် မဝင်ဘူးဆိုတာကို အချိန်ကုန်ခံ တွေးနေရတာလဲ မသိ။


ကိုထိုက်

3 comments:

victorOway said...

NLD ပါတီဝင်တွေဟာ ပါတီရဲ့ မူသဘောထားအပေါ်မှာ သစ္စာရှိရမည်၊ ပါတီနိုင်ငံရေးလှုပ်ရှားမှုတွေကိုတက်ကြွစွာ ဆောင်ရွက်ရမည်လို့ ကြားဘူးပါတယ်။ အခုဟာ-ပါတီဗဟိုက လူတွေကိုယ်တိုင် ပါတီရဲ့ ချမှတ်ထားသည့် ရွှေဂုံတိုင်ကြေညာချက်၊ ဒီမိုကကရေစီရရှိရေးတိုက်ပွဲထဲ ကနေ ဘာမှကိုတိုက်ပွဲမ၀င်ရသေးဘူး။ အခုမှတိုက်ပွဲက တိုက်ဘို့ ပြင်ကာရှိသေးတယ်။ ဦးခင်မောင်ဆွေဆိုတဲ့ လူနဲ့ ဒေါက်တာသန်းညွန့်ဆိုတဲ့လူက ဒီပါတီမှတ်ပုံတင်ရေးကိုပဲတသွင်သွင်ပြောနေတယ်။ဘာတဲ့-ကျုပ်တို့က အနစ်နာခံလာတာအနှစ်(၂၀)ရှပြီတို့ ဘာတို့ အလကားလျှောက်ပြောနေတယ်။ ခင်ဗျားတို့ မှာ အမှားအမှန်ဆိုတဲ့ခွဲခြားတတ်တဲ့အသိတရားမရှိဘူးလား၊ တရား၏မတရား၏ဆိုတာနားမလည်ဘူးလား၊ သိရင်မိမိဘာလုပ်ရမလဲ-မိမိဘယ်လိုတော်လှန်တိုက်ပွဲဝင်မလဲရွေးချယ်ရမှာပေါ့။ ကိုယ်လွတ်လပ်ပိုင်ခွင့်ကိုတင်ပြပိုင်ခွင့်ရှိတယ်ဆို ခင်ဗျားတို့ စစ်အာဏာရှင်ကြီးကိုခင်ဗျားတို့ ကိုယ်လွတ်လပ်ပိုင်ခွင့်ကို သွားပြောပါလား။ဒါကြတော့ထောင်ကျမှာကြောက်သလား၊ အမေကျော်ဒွေးတော်လွန်းတဲ့လူတွေပဲ။ အလကားနိုင်ငံရေးအချောင်သမားတွေပဲ။ မကောင်းတဲ့သွေးရှိနေရင်ဖောက်ထုတ်ပစ်ရမှာဝန်မလေးကြနဲ့ အဲဒီ ငါးခုံးမအကောင်တွေ့ ကြောင့် NLDပါတီကြီးအပူတ်မခံပါနဲ့။ ဒီအချိန်မှာ မတိုက်ရဲတဲ့သူ၊ ပါတီကနေထုတ်ပစ်။ နိုင်ငံရေးနာမှာတွေဘာတွေလာပြောမနေနဲ့။ ဒီလိုလူတွေပါတီမှာမရှိလို့ ပါတီဂုဏ်သိက္ခာကျမသွားဘူး။ဘယ့်နယ် အရေးထဲဒီပါတီမှတ်ပုံတင်ရေးကိုပဲလာပြောနေတယ်။ တတိုင်းပြာ်လုံးမှာရှိသည့် NLDပါတီများ၊ ကိုယ်စားလှယ်များ ခင်ဗျားတို့ မှတ်ပုံတင်ရေးကို စိတ်ကူးမယဉ်ဘို့ လိုတယ်။ မှတ်ပုံတင်ရေးကိစ္စကို စိတ်ကူးယဉ်မိတာနဲ့ တပြိုင်နက် ခင်ဗျားတို့ ဟာ ဗမာပြည်ရှိလူထုကို စစ်ဖိနပ်အောက်သွပ်သွင်းတဲ့သမိုင်းအမှားပဲရလိမ့်မယ်မှတ်ပါ။

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...
This comment has been removed by the author.
★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

သို့
ကိုထိုက်

အခြေခံဥပဒေကို ခင်ဗျားမှာ ဆန့်ကျင်ခွင့်လုံးဝမရှိဘူး။ အခြေခံဥပဒေဆန္ဒခံယူပွဲမှာ NO လုပ်ဖို့ဝင်ရောက်ပြိုင်ဆိုင်ခဲ့တာပဲ။ ခွက်ခွက်လန်အောင် ရှုံးတဲ့အခါကျတော့… အဲဒီရလဒ်ကို အသိအမှတ်မပြုဘူးဆိုတာ …. ကလေးမဆန်ဘူးလား? ၉၀ရွေးကောက်ပွဲရလဒ်ကျတော့ … ကိုယ့်စိတ်တိုင်းကျဖြစ်တာနဲ့ နှစ်၂၀ကျော်တာတောင် စွဲကိုင်ထားမယ်တဲ့။ အဲဒါတွေက ဘာသဘောလဲ? ကိုထိုက်ကို မေးခွန်း ၃ခုမေးချင်ပါတယ်။ လက်တွေ့ကျကျ ဖြေရဲမှ.. ဖြေပါ။

(၁) အခြေခံဥပဒေကို ၀င်ပြိုင်ပြီးရှုံးတဲ့အခါကျမှ ရလဒ်ကို လက်မခံဘူးလို့ပြောနေတာ.. ဒီမိုကရေစီနည်းလမ်းကျပါသလား?

(၂) NLD ပါတီကိုဖျက်လိုက်ရင် နအဖကိုထိခိုက်နိုင်သလား.. ဒါမှမဟုတ် နအဖအတွက်အကျိုးပိုရှိနိုင်လား?

(၃) NLD က ကိုထိုက်အလိုကျမဟုတ်ပဲ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ခဲ့မယ်ဆိုရင် … သဘောထားကြီးနိုင်မလား?

လေးစားလျှက်
ဇော်မျိုး