Friday 19 March 2010

အမှန်တရားဟာ သမိုင်းမှာ ဘယ်တော့မှ အရှုံးမရှိစေရဘူး

ကျနော့် (သို့မဟုတ်) ကျနော်တို့ရဲ့ NLD အပေါ်နဲ့ နိုင်ငံရေးအရ သုံးသပ်ချက်တွေဟာ ဒီနေ့ ကာလမှာ NLD ပါတီအနေနဲ့ လက်တွေ့ လက်ငင်းကြုံတွေ့နေရသည့် အခက်အခဲပါပဲ။ ဒိထက် ပိုဆိုးတာက အမှတ်သည်းခြေ မရှိသည့် NLD ဥက္ကဌဆိုသည့် ပုဂ္ဂိုလ်က ဘယ်လောက်တောင် ရဲဘော်ရဲဘက်စိတ် မရှိသလဲဆို - အသက်နဲ့ ရင်းပြီး၁၉၉၀ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို ကိုင်ဆွဲရမှာကို - ကိုယ်အဖွဲ့ အစည်းမှာရှိတဲ့ လက်တွဲဖော် (သို့မဟုတ်) လူထု ယုံကြည်အားကိုးရသည့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီလို တိုက်ပွဲ ရေထဲမိုးထဲမှာတောင် ကယ်ထုတ်ဘို့၊ ကာကွယ်ဘို့ မပြုသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်ကို လှံစွပ်နဲ့ ထိုးသတ်သည့် သေဆုံးစေမှုကို အရင်လုပ်ပြီး စစ်အုပ်က ဒူးထောက် အညံ့ခံခိုင်းသည့် ၂၀၀၈ကိုလည်း ဒူးထောက်မယ်၊ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ အနိုင်ရခဲ့တာကိုလည်းစွန့် လွှတ်မယ်၊ လောလောလတ်လတ် ထုတ်ပြန်ထားတဲ့ ရွှေဂုံတိုင် ကြေငြာချက်ကိုလည်း စွန့်လွတ်ပြီး -၂၀၀၈ အတုအယောင် ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်ဘို့ ဖောက်ပြန်တဲ့ ဒူးထောက် အညံ့ခံမှုကို ရွေးချယ်လိုက်တာဟာ - မြန်မာပြည်သူလူထုကို စော်ကားလိုက်တာပဲ ဖြစ်တယ်။


ဒီလို နိုင်ငံရေးအာဏာကို လောဘတက်ပြီး အတုအယောင် ရွေးကောက်ပွဲကိုဝင်မယ့် လူလိမ်လူကောက်တွေကို ဘယ်ပြည်သူလူထုကမှ မထောက်ခံပါဘူး။ အဲဒီလိုလူမျိုးဟာ ဘယ်တော့မှ သဘောထားမမှန်ပါဘူး။ NLD ပါတီအတွက် လူရှုပ်တွေလို့ပဲ ဆိုရပါလိမ့်မယ်။


ဒီလူတွေ အရွေးချယ်ခံစေဦးတော့ ပြည်သူလူထုကို အမှန်တကယ် ဦးဆောင်ဦးရွက် ပြုနိုင်မယ့် လူတွေမဟုတ်ဘူးဆိုတာပဲ လူထုကြီးက ဆုံးဖြတ်ပါလိမ့်မယ်။


ဦးဝင်တင်ရဲ့ ရပ်တည်ချက်ကို ဂုဏ်ယူလေးစားရမည်ဖြစ်သည်။

ယခု စစ်အုပ်စုထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအချက်အလက်တွေဟာ မြန်မာပြည်အတွက် အဖြေမဟုတ်ပါဘူး။ NLD ထဲမှာရှိနေသည့် တချို့လူတွေဟာ စစ်အုပ်စု ဘာတွေထုတ်ပြန်ထုတ်ပြန် အဲဒီထုတ်ပြန်ချက်တွေကို ဗဟိုပြုပြီး စဉ်းစားနေကြသ၍ အရှုံးနဲ့ပဲ ရင်ဆိုင်ရလိမ့်မယ်လို့မှတ်ပါ။

နောက်ဆုံးမှာတော့ ကျုပ်တို့ ပြတ်ပြတ်သားသားပဲ ပြောလိုက်ပါရစေ။ ဦးအောင်ရွှေလို ဦးခင်မောင်ဆွေလို လူမျိုးတွေ ဒီလိုအချိန်ကျမှ ရန်သူအပေါ် ဒူးထောက်လာခြင်းအပေါ်မှာ ကျုပ်တို့ အားလုံ ပြင်းပြင်ထန်ထန်ကန့်ကွက်တယ်၊ ရှုံ့ချတယ်။

NLD အထဲမှာရှိသည့် NLD လူငယ်များခင်ဗျား ..... ခင်ဗျားတို့ ဟာလူငယ်တွေပါ။ လူငယ်တွေပီပီ ယနေ့ မတရား တဘက်သတ်အကြပ်ကိုင်ထားတဲ့ အခက်အခဲကို ခင်ဗျားတို့ ရဲရဲရင့်ရင့်၊ ပြတ်ပြတ်သားသား ရင်ဆိုင်ရတော့မယ့်အချိန်ဖြစ်တယ်။ ခင်ဗျားတို့ မပြတ်သားရင် မြန်မာပြည်နိုင်ငံရေးသမိုင်းမှာ ခင်ဗျားတို့ဟာ သမိုင်တရားခံတွေဖြစ်သွားမယ်။ ကိုယ်စီးတဲ့မြင်းဟာ အထီးလား အမလား သေချာခွဲခြားနိုင်ဘို့လိုတယ်။ မှတ်ပုံတင်ရရုံလေးနဲ့ တိုင်းပြည်အတွက် အဓိပ္ပါယ်ရှိတဲ့ ခေါင်းဆောင်တွေကို နိုင်ငံရေးလှံစွပ်နဲ့ ထိုးပြီးနိုင်ငံရေးမှတ်ပုံတင်ဘို့ အဖြစ်လဲယူဘို့ကို မကြိုးစားလိုက်ပါနဲ့။ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အသက်နဲ့လဲဘို့ ကာကွယ်စောက်ရှောက်ကြ။ အမှန်တရားဟာ သမိုင်းမှာ ဘယ်တော့မှ အရှုံးမရှိစေရဘူး။ ခင်ဗျားတို့ အနီးပါတ်ဝန်းကျင်မှာ နိုင်ငံတကာရှိတယ်။


ရဲဘော်ဂျာကြီး

(မှတ်ချက်ထဲ ရေးလာတဲ့ စာတစ်စောင်ရဲ့ သဘောထားကို ပို၍ သိသာထင်ရှားစေရန် ပြန်တင်လိုက်ပါသည်။)

7 comments:

သတိ said...

အားလုံးသတိ

အင်း.. ရေးပီးသားကိုပဲ ပြန်ရေးပါဦးမယ်..
ဦးအောင်ရွှေဟာ အသက်ကြီးပါပီ.. နှစ်ပေါင်းများစွာ အနစ်နာခံခဲ့ရတဲ့ သူ့အဖို့တော့ ဘာမှ ထည့်တွက်နေစရာ သိပ်မရှိလောက်ပါဘူးလေ.. ဒီတော့ ဒီဆုံးဖြတ်ချက်ဟာ သူ့ရဲ့အတွေ့အကြုံနဲ့ ပါတီအကျိုး နိုင်ငံအကျိုး ခြင့်ချိန်လို့ လက်တွေ့အကျဆုံး ဆုံးဖြတ်ချက်တစ်ခုလို့ မောင်သတိထင်ပါတယ်ဗျ..

ဦးဝင်းတင်ကတော့ လူငယ်ကြိုက် ခပ်မိုက်မိုက်စတန့် ထွင်ပြတာကိုပဲ ဆက်ထိန်းထားရမဲ့ ပုံပါပဲလေ.. နှစ်တွေ အကြာကြီး ထောင်ကျခဲ့တာဟာ သူထောင်ကျရုံပဲရှိပီး နိုင်ငံရဲ့ ဒီမိုလှုပ်ရှားမှုမှာ ဘာမှ အကျိုးမရှိခဲ့ပါလားဆိုတာ မမြင်နိုင်သေးတာပါပဲ.. ဒီတော့ သတိကောင်းကောင်းနဲ့ ထောင်ထဲသွားနေပီး ဘာမှမလုပ်နိုင်တဲ့ လူထက် အစိုးရနဲ့ အပြိုင် အကွက်ရွှေ့ ကစားမဲ့လူကို ပိုလိုပါတယ်..

ဒေါ်စုကို ထုတ်လိုက်လို့ ဒေါ်စုနဲ့ အန်အယ်ဒီကို ပြည်သူက ခွဲပီး မြင်မသွားလောက်ပါဘူး.. မြင်မသွားအောင် ထုတ်နည်းတွေ ရှိပါတယ်.. ကဲမထုတ်ဘူး.. ပါတီမှတ်ပုံမတင်ဘူးဆိုတဲ့ ဆောင်းပါးရှင်ရဲရဲတောက်ခင်ဗျာ.. ဘာဆက်လုပ်မှာလဲ.. ပါတီဖျက်မယ်.. မရှိတော့ဘူး.. တရားဝင်အဖွဲ့အစည်းတစ်ခုရဲ့ သဘောထား ရပ်တည်ချက်ဟာ တရားမ၀င်သမားတွေထက် အများကြီး အားကောင်းပါတယ်.. စုရုံးမှုတိုင်း အားထုတ်မှုတိုင်းဟာ အနဲနဲ့အများ ထိရောက်ပါတယ်..

ငါတို့ပြည်သူကို ဆွဲထုတ်မှာပေါ့လို့ ခပ်ပေါ့ပေါ့ မပြောပါနဲ့ခင်ဗျာ.. အနိုင်ရနိုင်မလား.. ဘယ်လိုအနိုင်ယူနိုင်မလဲ.. ကဲ.. မနိုင်ရင်.. နောက်ပိုင်းဘာလုပ်မလဲ.. လုံးလုံးကွဲသွားပီနော်.. ပါတီဆိုင်းဘုတ်ကွယ်ပီး သတင်းစာရှင်းလိုက် ဟိုလူ့အော်လိုက် ဒီလူ့အော်လိုက် လုပ်နေလို့ မရတော့ဘူး.. အဲဒီအချိန်လောက်ဆို ဖွဲ့စည်းပုံ နှောင့်ယှက်တဲ့ ဥပဒေနဲ့ ရဲရဲတောက်တွေလဲ ထောင်ထဲရောက်ပီး ကျွန်တော်ပြောသလို ဘာမှလုပ်မရဖြစ်နေပီ..

အဲဒါထက်စာရင်.. ပါတီမှတ်ပုံတင်မယ်.. နောက်ပိုင်းေ၇ွးကောက်ပွဲ ၀င်ချင်မှဝင်မယ်.. မ၀င်တာနဲ့ ငြိပီး ကော်မရှင်က သုံးနှစ်နားတာတို့ ဘာတို့ လုပ်မယ်ဆိုပီး အဆိုးဆုံးတွက်ရင်တောင် ဆိုင်းဘုတ်ရှိနေတယ်.. အချိန်မရွေး တရားဝင်အဖွဲ့ကိုယ်စား စာတွေထုတ်ပြန်တာတို့ လှုံ့ဆော်တာတို့ လုပ်လို့ရမယ်.. အဲ..ေ၇ွးကောက်ပွဲဝင်ပီး နိုင်လိုက်လို့ လွှတ်တော်မှာပါ ၀င်ဖဲ့ရရင် ပိုတောင်မြတ်ဦးမယ်.. ဒီမိုကရေစီ တော်လှန်ရေးအနေနဲ့ပဲ တွက်ပါဦး.. အရုံးမရှိတဲ့ လမ်းဟာဘယ်လမ်းလဲ.. သေချာတာတော့ ထောင်ထဲသွားအိပ်နေတဲ့ လမ်းမဟုတ်တာအမှန်ပဲ..

ဒီတော့ အန်အယ်ဒီဘာလုပ်မလဲ.. ကမူးရှုးထိုး လမ်းဘေးအရပ်မူးသမားတွေ အော်သလို ရှေ့နောက်ဘာအစီစဉ်မှ မရှိ အော်နေတဲ့ လူတွေစကား နားယောင်မလား.. ဒါမှမဟုတ် ပိုင်နိုင်တဲ့ အစီအစဉ်တွေ (တဖက်ကိုလဲ လုံးဝလျော့မတွက်ပဲ ချထားတဲ့ အစီအစဉ်) ရှိနေလား.. အဲလိုမှမဟုတ်ရင်တော့ နိုင်ငံအတွက် ပါတီအတွက် မှတ်ပုံတင်လို့ အသက်ဆက်သင့်ကြောင်းပါခင်ဗျား..

အားလုံးသက်သာ
မောင်သတိ

victorOway said...

မောင်သတိထံသို့ 
မောင်သတိပြောဆိုချက်အားလုံးဟာ- စစ်အုပ်စုကချမှတ်ထားသည့် ရွေးကောက်ပွဲဥပဒေအပေါ်မှာ ကြောက်ပြီး(သို့မဟုတ်)စစ်အုပ်စုကိုတရားဝင်အစိုးရဆိုပြီးလက်ခံထားသည့်အသိနှင့်(သို့ မဟုတ်)အတွေးနှင့်ပြန်လည်ဆွေးနွေးသည်ဟုယူဆပါသည်။ထိုကဲ့သို့ ထိုဥပဒေကို ကိုမောင်သတိက သကြားမင်းထံကချပေးတဲ့ဥပဒေအမှတ်နဲ့ ပြောရင်ကိုမောင်သတိရဲ့ နိုင်ငံရေးသုံးသတ်ချက်က နိုင်ငံရေးဝမ်းဖောဝမ်းယောင်နဲ့ ရမ်းပြောနေတာပဲဖြစ်လိမ့်မည်။ အမှန်တရားကို လက်ခံယုံကြည်သည်ဆိုလျှင် ယခုထုတ်ပြန်လိုက်သောဥပဒေကို ထုတ်ပြန်သောစစ်အုပ်စုသည် တရားမ၀င်သည့်လူသတ်၊ လူ့ အခွင့်အရေးချိုးဖောက်သည့်စစ်အုပ်စု၊လူသတ်ဘီလူးအဖွဲ့ ၊ NLDသည် ၁၉၉၀ခုနှစ်ကတရားဝင်အာဏာရထားသည့်တရားဝင်ပါတီ။ သူခိုးက လူကို ဥပဒေတွေထုတ်ဘာတွေထုတ်တဲ့ကိစ္စကိုဘယ်နားမှာသွားမလဲ။ ဦးအောင်ရွှေဟာ သူ့ ဟာသူဘယ်လောက်ပဲအနှစ်နာခံခံ သူလို့ ပဲ ၊သူ့ ထက်ဗမာပြည်သူလူထုကြီးကပို့ လို့ တောင်အနစ်နာခံတယ်လို့ ပြောရမယ်။ ဒီလို ဥက္ကဌဖြစ်တဲ့ လူကြီးလူကောင်းတစ်ယောက်က ဘယ်လိုပရိရာယ်တွေများလုပ်မှာမို့ ဘာတွေကထွက်လာဦးမှာလဲ။ ကိုယ့်မှာရှိထားတဲ့ဂုဏ်သိက္ခာ၊ လူထုယုံကြည်လေးစားမှု၊၁၉၉၀ရလဒ်နဲ့အပေါ်စီးကနေနေရတဲ့နေရာကနေ အောက်ကိုခုန်ဆင်းပြီး ဂျိန်းစဘွန်းလိုအက်ရှင်မျိုးက ရုပ်ရှင်ထဲမှာပဲရမယ်၊ စစ်အုပ်စုကိုစိတ်ကူးယဉ်ပြီး တဆင့်ပဲချော့ချော့၊ ရသလောက်ပဲလုပ်လုပ် ဗမာပြည်သူလူထုအတွက်ဘာမှအဓိပါယ်မရှိတဲ့ရလဒ်ပဲရမယ်။ မတရားထုတ်ပြန်ထားတဲ့ အမိန်အာဏာ၊ ဥပဒေကို မှန်ကန်တဲ့တိုက်ပွဲဝင်မှုတွေနဲ့ရင်ဆိုင်ဖြေရှင်းမှ အမှန်တရားကိုရမယ်။ မှားယွင်းသည့်တရားတွေကို ဒီအတိုင်းထားပြီးမဖြေရှင်းသ၍ အမှန်တရားကိုရှာတွေ့ မှာမဟုတ်ဘူး။ ကန်းကုန်အောင်မိုက်ရိုင်းတဲ့စစ်အုပ်စုက ထုတ်ပြန်တဲ့ဥပဒေသည် ကန်းကုန်အောင်မိုက်ရိုင်းပြဦးမည်ဆိုသည့်သဘောထားဖြစ်သည်။ ဒါကိုမတော်လှန်ပဲ အကွက်ကျဉ်ကျဉ်းလေးကို ဖိုတ်ကပ်စ် လုပ်ပြီး လူထုနဲ့ NLDပါတီဝင်အကြား နားလည်မှုရှုပ်ထွေးအောင် ခေါင်းဆောင်ဆိုတဲ့သူက မလုပ်ရဘူး၊ လမ်းကဆုံးနေပြီ။ မှန်ကန်တဲ့ခေါင်းဆောင်က အမှန်တရားအတွက် မှန်ကန်တဲ့တိုက်ပွဲဝင်မှုကို ဦးဆောင်တယ်။ တိုက်ပွဲကြားကရှောင်မထွက်သွားဘူး၊ တိုက်ပွဲကြားက ထွက်ပြေးရေးလမ်းစဉ်ကိုဘယ်တော့မှ မဦးဆောင်ဘူး။ ဒီအချိန်ဟာ တိုက်ပွဲတခုမှာဆို -နောင်ရိုးတိုက်ပွဲဖြစ်ချင်ဖြစ်မယ်။ တိုက်ပွဲတိုက်ဘို့တဘက်နဲ့ တဘက်ရင်ဆိုင်နေရတဲ့အချိန်အခါမျိုးမှာ ခေါင်းဆောင်ကောင်းတို့ မည်သည် နောက်ဆုတ်ရိုးထုံးစံမရှိ။

janita said...

I agree with victory oway .Go away Maung Sati if you scare ,if we have a leader we dare die right now .You know a county's reputation is always depend on it's people of doing.As long as we have fucking liars no body pays respect our country and people.

သတိ said...

အားလုံးသတိ

အင်း.. ကျွန်တော်ပြောထားတာတွေ သေချာဖတ်ရင် အညံ့ခံခိုင်းနေတာ မဟုတ်ပဲ တိုက်ပွဲဝင်ဖို့ လမ်းကြောင်းကို ထောက်ပြနေတယ် ဆိုတာ မြင်ရမှာပါ.. ကဲ အစိုးရမတရားဘူး.. ကျွန်တော်တို့မှာ ဒေါ်စုက စလိုက်ဗျာ.. ဦးဝင်းတင်အလယ် ဟော ကိုမင်းကိုနိုင်တို့ အဆုံး.. ဒီလောက် အကိုတို့ပြောခဲ့ကြတဲ့ ရဲရဲတောက်ဆိုလား.. ရှိကြတယ်မဟုတ်လား.. ခေါင်းဆောင်ကောင်းတွေလို့ လူတွေတော့ အမွှန်းတင်နေကြတာပဲလေ.. ကဲ.. အဲလိုခေါင်းဆောင်ကောင်းတွေ ရှိပါရက်နဲ့ ဘာလို့ ဒီလောက်ကြာနေလဲ.. ရှင်းတယ်.. အဲဒီလူတွေ ဘာမှလုပ်လို့ မရဘူး.. ထောင်ထဲရောက်နေတယ်လေ..

ဒါကြောင့်ကျွန်တော်ပြောတာ.. သတ္တိရှိလှပါတယ် ထောင်ကျရဲပါတယ် အော်ရုံလောက်နဲ့ ဒီမိုအရေးအတွက် အထောက်အပံ့ ဘာမှမရှိတဲ့ အပြင် အဲဒီလူတွေ ထိုင်စောင့်ရတာ အလုပ်တစ်ခု ဖြစ်မနေဘူးလား.. ဒီတော့ အန်အယ်ဒီပါတီ မှတ်ပုံမတင်.. ဖျက်ပီ.. လူထုဆွဲထုတ်မည်.. ဒါနဲ့တင် ပီးသွားတဲ့ Focus ကျဉ်းနေတာ ဘယ်သူပါလဲခင်ဗျာ.. ဘယ်မှာလဲ ဆက်ရန်.. ဘယ်လိုဆက်ပီး ဘာနဲ့ ဖိအားပေးကြမလဲ.. အားလျော့စကားပြောတာ မဟုတ်ပါဘူး.. တရားမ၀င်အစိုးရ ဘာညာကွိကွဆိုတာလဲ လက်တွေ့နဲ့ ကင်းကွာတဲ့ စိတ်ကူးယဉ်ပြောချက်တွေပါဗျာ..

ဒီတော့ ဦးအောင်ရွှေက ပါတီထိန်းထားတာဟာ ဒီမိုအရေးပဲ.. မြန်မာပြည်မှာ ဒီမိုအတွက် အဓိကတိုက်ပွဲဝင် အုပ်စု.. အစိုးရကို ဖိအားအပေးနိုင်ဆုံး အုပ်စုဟာ အန်အယ်ဒီပဲ.. တရားဝင်အဖွဲ့အစည်းနဲ့ တရားမ၀င် အဖွဲ့အစည်း ခုပဲပြည်တွင်းပြည်ပ အဖွဲ့တွေကြည့်ရင် ဘာက ဘယ်လောက် အားကောင်းတယ်ဆိုတာ သိသာပါတယ်ဗျာ.. ဒီတော့ ရှင်းတာက ငါအသေခံရဲပါတယ်.. ထောင်ကျရဲပါတယ် အော်ပြလို့ မြန်မာနိုင်ငံ တလက်မမ မရွေ့ပါဘူး.. သေတဲ့လူတွေ ထောင်ထဲကလူတွေ ဘယ်လိုရွှေ့မလဲလေဗျာ..

နောက်တစ်ခုမြင်တာက ဒေါ်စုဟာ ဒီအပေါ်မှာ ဘာကော်မန့်မှ မပေးသေးပါဘူး.. အဲဒါကိုပဲ တချို့တွေက ဒေါ်စုက ဦးတင်ဦးလိုပဲ မ၀င်ချင်တဲ့ ဘက်ကဘာညာနဲ့ ဘာမှမပြောသေးတဲ့ လူကို ခုတုံးလုပ် သုံးစားပီး ဆွယ်တဲ့ပုံစံ ပြောနေတာလဲ မြင်ရပါသေးသဗျာ..

ဒါပေမဲ့ ဘေးကနေမနေနိုင်လို့ အန်အယ်ဒီ ဆက်ရှိသင့်ဖို့ ဦးအောင်ရွှေရဲ့ အကြံညာဏ်ဟာ ပါတီမရှိလဲ ထောင်ထဲသွားအိပ်နေရပီး ဘာအရေးမှ မလုပ်နိုင်တာကိုပဲ ဟုတ်လှပီထင်တဲ့ ဦးတင်ဦးအကြံထက်တော့ ကောင်းပါသေးသဗျာ ၀င်ပြောနေရပေမဲ့ မောင်သတိ တကယ့်အမြင်ကတော့ မြန်မာနိုင်ငံရေးမှာ အဖျက်သဘော ကန့်လန့်တိုက်လိုက်နေတဲ့ အဲလိုပါတီကို မလွမ်းလောက်ဘူးလို့ မြင်ပါတယ်ဗျ.. တကယ် ဖြစ်မြောက်အောင် စွမ်းနိုင်တာလဲမဟုတ်.. သူများလုပ်မှာကိုလဲ တချိန်လုံး အဖျက်ဘက်ကပဲ ကြည့်နေမှတော့ ဘဘတို့ အနားယူကြပါတော့ခင်ဗျားလို့ အကြံညာဏ်လေး ပေးရင်း.. ဘဘကြီး ဦးတင်ဦးခင်ဗျာ… ဆက်သာကြဲပါဗျို့..

အားလုံးသက်သာ
မောင်သတိ

Unknown said...

ကချင်၊ ၀၊ ချင်း၊ ပလောင်၊ ပအိုဝ်၊ ရှမ်း၊ ကရင်၊ မွန်၊ ရခိုင်၊ကယား၊ လားဟူ စတဲ့ အဖွဲ့အစည်းတွေ အားလုံး တစ်သံတည်းအော်ရမှာက၂၀၀၈ အခြေခံဥပဒေကို မပြင်ရင် ပြည်ထောင်စုက ခွဲထွက်မယ် ဆိုတဲ့ အော်သံပဲ ဒါကတာ ၂၀၀၈ အခြေခံဥပဒေကို ပျက်ပြားစေနိုင်မယ်

victorOway said...

အကယ်၍ နောက်ဆုံး NLDမှာ မှတ်ပုံတင်ရေး/မတင်ရေးကိစ္စနဲ့ပါတ်သက်လို့ NLDပါတီကြီးကွဲမည့်အနေအထားသို့ ဦးတည်လာလျှင် NLD ပါတီကိုတော့နိုင်ငံရေးအရ အကွဲခံလို့ မရပါဘူး။
(၁)ပါတီမှတ်ပုံတင်သင့်သည်ဟု အဆိုပြုသော ပုဂ္ဂိုလ်များကို NLD ပါတီအဖြစ်မှ နှုတ်ထွက်စေပြီး သီးခြားပါတီထောင်ခွင့်ပြုစေပြီး မှတ်ပုံတင်လျှင်တင်ပါစေ။
(၂)NLD ပါတီကြီးအနေဖြင့်၁၉၉၀ခုနှစ်ရလဒ်၊ ရွှေဂုံတိုင်ကြေခြာချက်နှင့် မတရားသည့်ဥပဒေကို ဥပဒေအရ တိုက်ပွဲဝင်သွားဘို့ ဆက်လက်ရှိသင့်သည်။
(၃)ထိုမတရားသည့်ဥပဒေကို တရားနည်းလမ်းကျသည့် ဥပဒေဖြစ်လာပါမှ NLD မှတ်ပုံတင်ရေး၊ မတင်ရေးနှင့် ရွေးကောက်ပွဲဝင်ရေးမ၀င်ရေးကို ဆုံးဖြတ်နိုင်မည်ဖြစ်သည်။

victorOway said...

အကယ်လို့  မဖြစ်သာသည့်အဆုံး NLD ပါတီအနေဖြင့် မှတ်ပုံတင်ဘို့ ဆုံးဖြတ်မည်ဆိုလျှင်-(၁)အမျိုးသားညီလာခံမှ စွန့်ခွာခဲ့တာမှားသည်ဟု လူထုကိုဝန်ခံရမည်

(၂)၁၉၉၀ခုနှစ်ရွေးကောက်ပွဲအနိုင်ရခဲ့တာကိုစွန့်လွတ်ပါသည်ဟု လူထုကိုဝန်ခံရမည်

(၃)ရွှေဂုံးတိုင်ကြေညာချက်ကိုစွန့် လွတ်ပြီး၂၀၀၈ဖွဲ့ စည်းပုံကိုစောက်ရှောက်ပါမည်ဟု လူထုကိုထုတ်ပြန်ပေးရမည်။