Friday, 19 March 2010

အမှန်တရားဟာ သမိုင်းမှာ ဘယ်တော့မှ အရှုံးမရှိစေရဘူး

ကျနော့် (သို့မဟုတ်) ကျနော်တို့ရဲ့ NLD အပေါ်နဲ့ နိုင်ငံရေးအရ သုံးသပ်ချက်တွေဟာ ဒီနေ့ ကာလမှာ NLD ပါတီအနေနဲ့ လက်တွေ့ လက်ငင်းကြုံတွေ့နေရသည့် အခက်အခဲပါပဲ။ ဒိထက် ပိုဆိုးတာက အမှတ်သည်းခြေ မရှိသည့် NLD ဥက္ကဌဆိုသည့် ပုဂ္ဂိုလ်က ဘယ်လောက်တောင် ရဲဘော်ရဲဘက်စိတ် မရှိသလဲဆို - အသက်နဲ့ ရင်းပြီး၁၉၉၀ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို ကိုင်ဆွဲရမှာကို - ကိုယ်အဖွဲ့ အစည်းမှာရှိတဲ့ လက်တွဲဖော် (သို့မဟုတ်) လူထု ယုံကြည်အားကိုးရသည့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီလို တိုက်ပွဲ ရေထဲမိုးထဲမှာတောင် ကယ်ထုတ်ဘို့၊ ကာကွယ်ဘို့ မပြုသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်ကို လှံစွပ်နဲ့ ထိုးသတ်သည့် သေဆုံးစေမှုကို အရင်လုပ်ပြီး စစ်အုပ်က ဒူးထောက် အညံ့ခံခိုင်းသည့် ၂၀၀၈ကိုလည်း ဒူးထောက်မယ်၊ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ အနိုင်ရခဲ့တာကိုလည်းစွန့် လွှတ်မယ်၊ လောလောလတ်လတ် ထုတ်ပြန်ထားတဲ့ ရွှေဂုံတိုင် ကြေငြာချက်ကိုလည်း စွန့်လွတ်ပြီး -၂၀၀၈ အတုအယောင် ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်ဘို့ ဖောက်ပြန်တဲ့ ဒူးထောက် အညံ့ခံမှုကို ရွေးချယ်လိုက်တာဟာ - မြန်မာပြည်သူလူထုကို စော်ကားလိုက်တာပဲ ဖြစ်တယ်။


ဒီလို နိုင်ငံရေးအာဏာကို လောဘတက်ပြီး အတုအယောင် ရွေးကောက်ပွဲကိုဝင်မယ့် လူလိမ်လူကောက်တွေကို ဘယ်ပြည်သူလူထုကမှ မထောက်ခံပါဘူး။ အဲဒီလိုလူမျိုးဟာ ဘယ်တော့မှ သဘောထားမမှန်ပါဘူး။ NLD ပါတီအတွက် လူရှုပ်တွေလို့ပဲ ဆိုရပါလိမ့်မယ်။


ဒီလူတွေ အရွေးချယ်ခံစေဦးတော့ ပြည်သူလူထုကို အမှန်တကယ် ဦးဆောင်ဦးရွက် ပြုနိုင်မယ့် လူတွေမဟုတ်ဘူးဆိုတာပဲ လူထုကြီးက ဆုံးဖြတ်ပါလိမ့်မယ်။


ဦးဝင်တင်ရဲ့ ရပ်တည်ချက်ကို ဂုဏ်ယူလေးစားရမည်ဖြစ်သည်။

ယခု စစ်အုပ်စုထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအချက်အလက်တွေဟာ မြန်မာပြည်အတွက် အဖြေမဟုတ်ပါဘူး။ NLD ထဲမှာရှိနေသည့် တချို့လူတွေဟာ စစ်အုပ်စု ဘာတွေထုတ်ပြန်ထုတ်ပြန် အဲဒီထုတ်ပြန်ချက်တွေကို ဗဟိုပြုပြီး စဉ်းစားနေကြသ၍ အရှုံးနဲ့ပဲ ရင်ဆိုင်ရလိမ့်မယ်လို့မှတ်ပါ။

နောက်ဆုံးမှာတော့ ကျုပ်တို့ ပြတ်ပြတ်သားသားပဲ ပြောလိုက်ပါရစေ။ ဦးအောင်ရွှေလို ဦးခင်မောင်ဆွေလို လူမျိုးတွေ ဒီလိုအချိန်ကျမှ ရန်သူအပေါ် ဒူးထောက်လာခြင်းအပေါ်မှာ ကျုပ်တို့ အားလုံ ပြင်းပြင်ထန်ထန်ကန့်ကွက်တယ်၊ ရှုံ့ချတယ်။

NLD အထဲမှာရှိသည့် NLD လူငယ်များခင်ဗျား ..... ခင်ဗျားတို့ ဟာလူငယ်တွေပါ။ လူငယ်တွေပီပီ ယနေ့ မတရား တဘက်သတ်အကြပ်ကိုင်ထားတဲ့ အခက်အခဲကို ခင်ဗျားတို့ ရဲရဲရင့်ရင့်၊ ပြတ်ပြတ်သားသား ရင်ဆိုင်ရတော့မယ့်အချိန်ဖြစ်တယ်။ ခင်ဗျားတို့ မပြတ်သားရင် မြန်မာပြည်နိုင်ငံရေးသမိုင်းမှာ ခင်ဗျားတို့ဟာ သမိုင်တရားခံတွေဖြစ်သွားမယ်။ ကိုယ်စီးတဲ့မြင်းဟာ အထီးလား အမလား သေချာခွဲခြားနိုင်ဘို့လိုတယ်။ မှတ်ပုံတင်ရရုံလေးနဲ့ တိုင်းပြည်အတွက် အဓိပ္ပါယ်ရှိတဲ့ ခေါင်းဆောင်တွေကို နိုင်ငံရေးလှံစွပ်နဲ့ ထိုးပြီးနိုင်ငံရေးမှတ်ပုံတင်ဘို့ အဖြစ်လဲယူဘို့ကို မကြိုးစားလိုက်ပါနဲ့။ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အသက်နဲ့လဲဘို့ ကာကွယ်စောက်ရှောက်ကြ။ အမှန်တရားဟာ သမိုင်းမှာ ဘယ်တော့မှ အရှုံးမရှိစေရဘူး။ ခင်ဗျားတို့ အနီးပါတ်ဝန်းကျင်မှာ နိုင်ငံတကာရှိတယ်။


ရဲဘော်ဂျာကြီး

(မှတ်ချက်ထဲ ရေးလာတဲ့ စာတစ်စောင်ရဲ့ သဘောထားကို ပို၍ သိသာထင်ရှားစေရန် ပြန်တင်လိုက်ပါသည်။)

စစ်အုပ်စု၏ ရွေးကောက်ပွဲ ဥပဒေအပေါ် အိန္ဒိယရောက် အင်အားစုများ၏ ပြတ်သားသည့် သဘောထားချက် ထုတ်ဖေါ်ချက်

(ဓါတ်ပုံများကို reuters နှင့် အညာနွေ တမာမြေ ဘလော့တို့မှ ရယူထားပါသည်။)



Photobucket
Photobucket
Photobucket
Photobucket
Photobucket
Photobucket
Photobucket
Photobucket







Wednesday, 17 March 2010

ရွေးကောက်ပွဲဝင်မည့် စစ်အာဏာရှင် အဖွဲ့ဝင်များ


မဇ္ဈိမသတင်းဌာန
Justify Full
အင်္ဂါနေ့၊ နိုဝင်ဘာလ 03 ရက် 2009 ခုနှစ် 18 နာရီ 37 မိနစ်၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရှိ စစ်အစိုးရအဖွဲ့ဝင်များစာရင်းကို မဇ္ဈိမက ရနိုင်သမျှ စုံစမ်းဖော်ထုတ်ကာ စုစည်းတင်ပြထားခြင်း ဖြစ်ပါသည်။ (လျှို့ဝှက်လွန်းပြီး အာဏာကို အလုံးစုံ ချုပ်ကိုင်ထားမှု သဘောသဘာဝကြောင့် ရွေးကောက်ပွဲဝင်ရန် သတ်မှတ်ထားသူ စာရင်းတွင်လည်း အပြောင်းအလဲ ရှိနိုင်ပါသေးသည်။) စာဖတ်သူများအနေဖြင့်လည်း စုံစမ်းရရှိသော ရွေးကောက်ပွဲဆိုင်ရာ တင်းအချက်အလက်များကို editor@mizzima.com This e-mail address is being protected from spambots. You need JavaScript enabled to view it သို့ ပေးပို့ပါရန် မေတ္တာရပ်ခံပါသည်။

၁။ ဗိုလ်မှူးချုပ် အုန်းမြင့် (သတ္တုတွင်းဝန်ကြီးဌာန)
ပေါင်မြို့နယ်၊ မွန်ပြည်နယ်
၂။ ဗိုလ်မှူးချုပ် သန်းဌေး
မိတ္ထီလာ၊ သာစည်၊ မန္တလေးတိုင်း
၃။ ဗိုလ်ချုပ် သိန်းဆွေ
စစ်တွေမြို့၊ ရခိုင်ပြည်နယ်
၎။ ဒုတိယဗိုလ်မှူးကြီး ဥာဏ်ထွန်းအောင်
နွားထိုးကြီးမြို့နယ်၊ မန္တလေးတိုင်း
၅။ ဗိုလ်မှူးကြီး သိန်းညွန့်
မအူပင်မြို့နယ်၊ ဧရာဝတီတိုင်း
၆။ ဗိုလ်ချုပ် သိန်းဇော် (ဆက်သွယ်ရေးဝန်ကြီး)
မြစ်ကြီးနား၊ ကချင်ပြည်နယ်
၇။ ဗိုလ်မှူးချုပ် ကျော်ဆန်း (ပြန်ကြားရေးဝန်ကြီး)
ပုလဲမြို့နယ်၊ စစ်ကိုင်းတိုင်း
၈။ ဦးအောင်သောင်း (စက်မှု ၁ ဝန်ကြီး)
မန္တလေးမြို့၊ မန္တလေးတိုင်း
၉။ ဦးစိုးသာ (စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး)
တွံတေးမြို့နယ်၊ ရန်ကုန်တိုင်း
၁ဝ။ ဗိုလ်ချုပ် တင်နိုင်သိန်း (ကုန်သွယ်ရေးဝန်ကြီး)
(မသိရသေးပါ။)
၁ဝ။ ဦးမောင်မောင်သိမ်း (ခရမ်းမြို့နယ် အသင်းနာယက) ဗိုလ်မှူးချုပ်
ခရမ်းမြို့နယ်၊ ရန်ကုန်တိုင်း
၁၁။ ဗိုလ်မှူးချုပ် အေးမြင့် (အားကစားဝန်ကြီး)
ဟားခါးမြို့နယ်၊ ချင်းပြည်နယ်
၁၂။ ဒေါက်တာ ချမ်းငြိမ်း (ပညာရေးဝန်ကြီး)
ကန့်ဘလူမြို့နယ်၊ စစ်ကိုင်းတိုင်း
၁၃။ ဗိုလ်ချုပ် အောင်မင်း (ရထားပို့ဆောင်ရေးဝန်ကြီး)
ကဝမြို့၊ ပဲခူးတိုင်း
၁၄။ ဗိုလ်မှူးကြီး ဇော်မင်း (လျှပ်စစ်စွမ်းအားဝန်ကြီးဌာန)
မကွေးမြို့၊ မကွေးတိုင်း
၁၅။ ဗိုလ်မှူးချုပ် သိန်းအောင် (သစ်တောဝန်ကြီး)
အင်္ဂပူမြို့နယ်၊ ဧရာဝတီတိုင်း
၁၆။ ဗိုလ်ချုပ် ဌေးဦး (စိုက်ပျိုးရေးဝန်ကြီးဌာန)
ပျော်ဘွယ်၊ရမည်းသင်း မန္တလေးတိုင်း
၁၇။ ဗိုလ်မှူးချုပ် အောင်သိန်းလင်း (ရန်ကုန်မြို့တော်ဝန်)
ရန်ကုန်
၁၈။ ဗိုလ်ချုပ် စိုးနိုင် (ခရီးသွားလာရေးဝန်ကြီးဌာန)
ဒေးဒရဲမြို့နယ်၊ ဧရာဝတီတိုင်း
၁၉။ဗိုလ်မှူးချုပ် လွန်းသီ (စွမ်းအင်ဝန်ကြီးဌာန)
ကွမ်းခြံကုန်း ရန်ကုန်တိုင်း

(မဇ္စိုမ သတင်းမှ ရယူထားပါသည်။)

Sunday, 14 March 2010

ပန်းပဲတန်းမြို့နယ် လမ်း၃၀မှာ ၃ ထပ်တိုက်ပြိုကျ

(မိုးမခမှ ရယူထားပါသည်။)



မိုးမခ အထောက်တော်၊ ရန်ကုန်
မတ်လ ၁၄၊ ၂၀၁၀
ယနေ့ ညနေ ၄နာရီက အမှတ် ၆၃၆ ကုန်သည်လမ်းနှင့် လမ်း ၃၀ထောင့်ရှိ ၃ ထပ်တိုက်တလုံး ရုတ်တရက်ပြိုကျမှု ဖြစ်ပွားရာ အဆိုပါတိုက်တွင် နေထိုင်သူအချို့ အပျက်အစီးများအကြား ပိတ်မိလျက် ရှိနေပြီး ကယ်ဆယ်ရေး အဖွဲ့များက ရှင်းလင်းဖယ်ထုတ်လျက် ရှိသည်။
အဆိုပါ အနီးနားတွင် ဈေးရောင်းနေသူ တဦးက
“ဒီအဆောက်အဦက လွန်ခဲ့တဲ့ ၄လ လောက်ကတည်းက အန္တရာယ်ရှိ အဆောက်အဦ လို့ဆိုင်းဘုတ်လာကပ်သွားတယ်။ ဒါပေမယ့် အဲဒီမှာ နေတဲ့သူတွေက မပြောင်းကြသေးတာ၊ အခုညနေ ၄နာရီက ရုတ်တရက်ပြိုကျတာ၊ အုတ်အမှုန့်တွေ ဒီအထိတောင် ရောက်တယ်။ အထဲမှာ လူဘယ်နှစ်ယောက် ရှိနေလဲတော့ ကျွန်တော်လည်း မသိဘူး”
ဟု ပြိုကျသည့် တိုက်နှင့် မျက်စောင်းထိုးတွင် အအေးရောင်းသူ ကပြောသည်။
အဆိုပါ ၃ ထပ်တိုက်၏ မျက်နှာစာ တခြမ်းလုံး ပြိုကျသွားခြင်းဖြစ်ပြီး အထပ်တိုင်း၏ ကြမ်းခင်း သံတန်းများမှာ ကွေးကောက်လျက်ရှိသည်ကို တွေ့ရသည်။ ကွန်ကရစ် အခင်းအဆောက်အဦဖြစ်ပြီး အထက်ထပ် ၃ထပ်စလုံး ပြိုကျသည့် အပျက်အစီးများမှာ မြေညီထပ်တွင် ၈ပေ အမြင့်အထိ စုပုံလျက်ရှိနေပြီး အဆိုပါ အုတ်ကျိုးများနှင့် အုတ်အပိုင်းအစများ အကြား နေထိုင်သူများ ပိတ်မိနေခြင်း ဖြစ်သည်။
အဆိုပါ အပျက်အစီးများအား မီးသတ်၊ အရန်မီးသတ်တို့နှင့် ရပ်ကွက်နေထိုင်သူ အချို့တို့က လက်ဖြင့်သော်လည်းကောင်း၊ ကရိန်းကား အလတ်စားဖြင့် သော်လည်းကောင်း ဖယ်ရှားလျက်ရှိသည်ကို ပြိုကျပြီး ၁နာရီကျော်အကြာ တွင်တွေ့မြင်ရသည်။ အဆိုပါ နှုန်းထားဖြင့် အပျက်အစီးများအား ဖယ်ရှားနေပါက နောက်ထပ် နာရီအနည်းငယ်ကြာ နိုင်ပြီး ပိတ်မိနေသည့် သူများအသက်ချမ်းသာရ ရဖို့အခွင့် အလမ်းနည်းပါးသွားနိုင် သည်ဟု ရပ်ကွက်နေသူ တဦးကပြောသည်။
အနီးနားနေသူ တဦးက “ အထဲမှာ မိန်းကလေး တယောက်ပိတ်မိနေတယ်။ လက်ကိုင်ဖုန်းနဲ့ အပြင်ကို နှစ်ကြိမ်ဆက်တယ်။ ပြိုပြီးခါစက သူ အပျက်အစီးအောက်မှာ ပိတ်မိနေတယ်ဆိုတာ နောက်တော့ ထပ်မဆက်တော့ဘူး။”
လမ်း ၃၀ တွင်နေထိုင်သူ အခြားတဦးကမူ “ တိုက်ပြိုကျတာ တီဗီထဲမှာ တွေ့ရတဲ့ ဝေါလ် ထရိတ်စင်တာကျနေတာပဲ၊ ဖုန်လုံးတွေ ထပြီး ရုတ်တရက်ြပိုကျသွားတာ”
ဟုပြောသည်။
ရန်ကုန်မြို့တွင် ကိုလိုနီခေတ် အဆောက်အဦ ထောင်ဂဏန်းနှင့်ချီ ရှိနေသေးပြီး အခါအားလျော်စွာ မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စစ်ဆေးကာ အန္တရာယ်ရှိ အဆောက်အဦ အဖြစ်သတ်မှတ်ပြီး ဖြိုဖျက်ကာ အသစ်ပြန်ဆောက် စေသော်လည်း နေထိုင်သူများက သက်ဆိုင်ရာကို လာဘ်များပေးကာ သတ်မှတ်ကာလအတွင်း ဖယ်ရှားခြင်း မပြုပဲ နေထိုင်သည့် အဖြစ်အပျက်များလည်း ရှိသည်ဟု ရန်ကုန်မြို့ခံများကပြောသည်။

Friday, 12 March 2010

အပျင်းပြေ ရီစရာလေးပါ ...

နားထောင်ဖူးသူတွေလည်း ရှိကြသလို၊ နားမထောင်ဖူးသူတွေအတွက်တော့ အသစ်နားထောင်နိုင်အောင် တင်လိုက်ပါတယ်။

တနိုင်ငံလုံးရဲ့ ဆန္ဒနဲ့ သန်းရွှေရဲ့ ဆန္ဒ ... ကဲ .. ဘယ်ဟာကို ရွေးကြမလဲ


ရွေးကောက်ပွဲ ဥပဒေ ဆိုတာကြီးကို နအဖ စစ်အုပ်စုရဲ့ ခေါင်းဆောင် သန်းရွှေက လက်မှတ်ထိုးပြီး ထုတ်လေရဲ့။ ဖတ်ကြည့်လိုက်တဲ့ အခါမှာ အောက်ဆုံး ၂ ပိုဒ်မှာတင် သန်းရွှေဆိုတာ အရှက်တရား မရှိအောင် ကမ်းကုန်နေပြီး၊ တစ်နိုင်ငံလုံးကို သေနတ်ပြပြီး လုပ်ချင်ရာ လုပ်မယ်ဆိုတဲ့ လူမိုက် ဝါဒီ တစ်ယောက်ဆိုတာ ဥပဒေနဲ့ သက်သေပြလိုက်တာပါပဲ။

အောက်ဆုံး ၂ ပိုဒ်က စာသားတွေကတော့

၉၁ ။ (က) ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေ အမှတ် ၊ ၁၄/၈၉) ကို ဤ ဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

(ခ) ဤဥပဒေဖြင့် ရုတ်သိမ်းလိုက်သည့် ဥပဒေအရ ကျင်းပခဲ့သော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် ဖွဲ့စည့်ပုံ အခြေခံဥပဒေနှင့် လိုက်လျော ညီထွေမရှိတော့သည့်အတွက် ယင်းရွေးကောက်ပွဲ ရလဒ်များသည် အလိုအလျောက် ပျက်ပြယ်သည်ဟု မှတ်ယူရမည်။ ...... တဲ့။

တနိုင်ငံလုံးက ပြည်သူတွေ ပေးထားခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲက မဲတွေက ဘယ်ရောက်သွားပြီလဲ။ အဲဒီနေ့ အဲဒီ အချိန်က ပြည်သူတွေရဲ့ ဆန္ဒတွေကို ပြောင်ပြောင်တင်းတင်း စော်ကားလိုက်တာပါပဲ။ ပြည်သူတွေရဲ့ မဲတွေကို ဖျက်ဆီးလိုက်တာပါပဲ။

အဲဒီနေ့ အချိန်က သုံးခဲ့ပြီး ပြည်သူတွေရဲ့ ပြည်သူ့ ဘဏ္ဍတွေကို ဘယ်လို သတ်မှတ်ရမှာလဲ။

သန်းရွှေ တစ်ယောက်ထဲရဲ့ အရူးထတဲ့ ဆန္ဒတစ်ခုတည်းကြောင့် တနိုင်ငံလုံးက ဝိုင်းပေးခဲ့တဲ့ ၁၉၉၀က ပြည်သူ့ဆန္ဒတွေကို ပယ်ဖျက်ပစ်ရမှာလား။ မြန်မာနိုင်ငံတနိုင်ငံလုံးရဲ့ဆန္ဒက အရေးကြီးသလား သန်းရွှေရဲ့ ဆန္ဒက အရေးကြီးသလားဆိုတာ အားလုံး စဉ်းစားဖို့ လိုလာပါပြီ။

တကယ်လို့ အခု ၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်ပြီးတာကို ပြီးပြီးရော သဘောတူလိုက်ပြီး ..... နောက်တခါ ရွေးကောက်ပွဲ ဥပဒေ ထပ်ထုတ်ပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ဥပဒေအရ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ် ပျက်ပြယ်ပါတယ်ဆိုပြီး သန်းရွှေက ထပ်လုပ်မယ် ဆိုရင်ရော .... ။ မလုပ်ဘူးလို့ ဘယ်သူ အာမ ခံနိုင်သလဲ။ သန်းရွှေ ဦးဆောင်တဲ့ နအဖ စစ်အုပ်စုဆိုတာ ကမ္ဘာ့အသိအမှတ်ပြု လူလိမ် စစ်အုပ်စုဆိုပြီး အသိအမှတ်ပြုခံရတဲ့ လူတစ်စုဆိုတာပါ ထည့်တွက်ရမှာ ဖြစ်ပါတယ်။

ပထမ အကြိမ် အလိမ်ခံရရင် လိမ်တဲ့ လူရဲ့ အပြစ် ဖြစ်ပေမယ့်၊ ဒုတိယ တကြိမ် အလိမ်ခံရရင်တော့ အလိမ်ခံရတဲ့ လူရဲ့ အပြစ်ဆိုတာ မမေ့သင့်ပါဘူး။

တစ်နိုင်ငံလုံးမှာ ရှိတဲ့ လူတွေက လူလိမ်တွေကို အပြစ်မဖြစ်အောင် ဒုတိယမကြိမ် အလိမ်ခံနေကြတယ်လို့ ပြောခံရမယ့် ကိန်းဆိုက်နေပြီလား။

နောက်ပြီး ဥပဒေဆိုတာ တစ်တိုင်းပြည်လုံး၊ (ဥပဒေ ထုတ်သူ အပါအဝင်) ပြည်သူပြည်သားတိုင်းကို ဦးတည်ပြီး သတ်မှတ်ပြဌာန်းရတယ်လို့ နားလည်ပါတယ်။ အခုတော့ ဥပဒေ ဆိုတဲ့ စကားလုံးကို သုံးပြီး လူတစ်ဦးတစ်ယောက်၊ လူတစ်စုလောက်ကို ရည်ညွန်းပြီး တားမြစ်ကန့်သတ်ဖို့ကြိုးစားတယ်ဆိုတာကလည်း ဥပဒေကို စော်ကားတာပါပဲ။ တိုင်းပြည်အပေါ် ယုတ်မာ ကောက်ကျစ်တဲ့ လုပ်ရပ်ပါပဲ။ ငါ့မှာ သေနတ်ရှိတယ် ဆိုပြီး ပြည်သူတွေ အားလုံးကို သေနတ်နဲ့ ထောက်ပြီး အနိုင်ကျင့်နေတဲ့ လူမိုက် လုပ်ရပ်ပါ။

အခုလို သန်းရွှေရဲ့ ဆန္ဒ တစ်ခုတည်းကြည့်ပြီး ပြည်သူကို စော်ကားလိုက်တဲ့ ဥပဒေနဲ့ ရွေးကောက်ပွဲ ထပ်လုပ်ပြီး သန်းရွှေရဲ့ ဆန္ဒအတိုင်း လွှတ်တော် ဆိုတာကြီးပေါ်လာကာ ဒီမိုကရေစီ နိုင်ငံတော် ဖြစ်နေပါပြီလို့ အရှက်မဲ့ အော်မယ့် ပါးစပ်တွေကိုလည်း မြင်နေရပါတယ်။

စနစ်တစ်ခုဟာ တိုင်းပြည်တွင်းမှာ ရှိတဲ့ ပြည်သူတွေ အားလုံးရဲ့ ဆန္ဒကို ကိုယ်စားမပြုဘဲ လူတစ်ဦးတစ်ယောက်ရဲ့ ဆန္ဒအရ ဖေါ်ဆောင်ထားမယ်ဆိုရင် အဲဒီ စနစ်ဟာ ဘယ်တော့မှ တည်ငြိမ်အေးချမ်းမှာ မဟုတ်သလို ဘယ်လို နာမည်ပဲ တပ်ခေါ်ခေါ် ပြည်သူတွေက အဲဒီ စနစ်အရ ဖြစ်လာနေတဲ့ အုပ်ချုပ်သူတွေကို ထာဝရ တွန်းလှန်နေမှာပဲ ဆိုတာ .... နအဖ စစ်အုပ်စု သိအောင် ပြောလိုက်ချင်ပါတယ်။

ကိုထိုက်

Thursday, 11 March 2010

သမိုင်း မရှိတဲ့ တပ်မတော်လား (သို့) သမိုင်း မသိတဲ့ တပ်မတော် သားများလား



၆၅ နှစ်ပြည့် ဖက်ဆစ် တော်လှန်ရေးနေ့ဟာ မကြာခင် ရောက်လာတော့မှာပါ။

နအဖ စစ်အုပ်စုကတော့ ဖက်ဆစ် တော်လှန်ရေးနေ့ကို တပ်မတော်နေ့ဆိုပြီး သမိုင်းကို ဖျက်ဆီးနေတာတော့ ကြာပါပြီ။ အားလုံးလည်း နအဖ စစ်အုပ်စုရဲ့ သမိုင်းကို ဖျက်ဆီးနေတယ် ဆိုတာ သိပြီးသားမို့ ထူးထွေပြောနေစရာတော့ မရှိဘူး မှတ်ပါတယ်။ ..... အဲ ဒီကိစ္စမှာ... မသိသလို သိသလိုနဲ့ မသိမသာ တိုက်ရိုက် အရှက်ခွဲခံနေရမှုတစ်ခုကို တွေးမိသလောက် ပြောကြည့်ချင်ပါတယ်။ (အမြင်မတူသူတွေ အားလုံး လွတ်လပ်စွာ သဘောထား ကွဲလွဲလို့ရပါတယ်။)

ဒီနေ့ နအဖ စစ်အုပ်စုရဲ့ ဝါဒ ဖြန့်မှုတွေထဲမှာ "တော်လှန်ရေးနေ့"ဟာ တပ်မတော်နေ့ ဖြစ်ခဲ့ပါတယ်။ ဒါဆို တပ်မတော်နေ့ဆိုတာ ဘာလဲလို့ မေးစရာ ရှိလာပါတယ်။

  • ၁၉၄၅ မတ်လ ၂၇ ရက်နေ့မှာ တပ်မတော်ကို စတင်မွေးဖွားလို့ ခေါ်ရတာလား
  • ရဲဘော် ၃ ကျိပ်က တပ်မတော် ဖွဲ့ဖို့ သွေးသစ္စာ ပြုခဲ့တဲ့ နေ့များလား
  • ရဲဘော် ၃ ကျိပ်ကို ဂျပန် စစ်တပ်က စစ်ပညာ သင်ပေးဖို့ လက်ခံလိုက်တဲ့ နေ့များလား
  • ရဲဘော် ၃ ကျိပ်ကို ဂျပန် စစ်တပ်ကနေ စစ်သင်တန်းဆင်းပြီး စစ်သား "စ"ဖြစ်တဲ့နေများလား
  • မတ်လ ၂၇ ရက်နေ့မှာများ တပ်မတော်ကို စတင် တည်ထောင်ခဲ့တဲ့ တပ်မတော်ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို အဲဒီနေ့မှာ မွေးတယ်လို့များ ထင်ခဲ့လို့ အဲဒီနေ့ကို တပ်မတော်နေ့လို့ သတ်မှတ်တာလား
ဘာကြောင့်များလဲ။ လက်ရှိ တပ်မတော်ထဲက လူတွေ ဘာကြောင့် တပ်မတော်နေ့ ပေါ်လာရသလဲ ဆိုတဲ့ သမိုင်းလောက်တော့ သိသင့်ပါတယ်။ တပ်မတော်ထဲက သိတဲ့လူများရှိရင် ဖြေပေးကြပါရယ်လို့ တောင်းပန်ကြည့်ချင်ရဲ့။ သိကြမယ်လည်း မထင်ပါဘူး။ ဘာလို့လည်းဆိုတော့ တပ်မတော်နေ့ဆိုတဲ့ သမိုင်းမှ မရှိခဲ့တာ။

လက်ရှိ မြန်မာပြည်က နအဖ စစ်အုပ်စုရဲ့ အောက်မှာ တာဝန်ထမ်းနေတဲ့ တပ်မတော်သားတွေအတွက် သေချာတွေးကြည့်ရင် အဲဒီ ကိစ္စဟာ တကယ့်ကို ရှက်စရာ ကောင်းပါတယ်။

ဘာလို့လည်းဆိုတော့ ကိုယ်တာဝန်ထမ်းနေရတဲ့ တပ်မတော်ရဲ့ "တပ်မတော်နေ့" လို့ ခေါ်ရတဲ့ သမိုင်းကို မသိဘဲ "တပ်မတော်နေ့" လို့ ခေါ်နေကြရတဲ့ လူတွေ ဖြစ်နေလို့ပါပဲ။ ရိုင်းရိုင်းပြောရရင် နအဖ စစ်အုပ်စုဟာ တပ်မတော်ထဲက တပ်မတော်သားတွေ အကုန်လုံးကို သူငယ်နှပ်စားလေးတွေလို့ သတ်မှတ်နေတယ်လို့ တွေးမိပါတယ်။ ... တနည်းပြောရရင် ... သမိုင်း မသိတဲ့ ငအ များလို့ သတ်မှတ်လိုက်တာပါ။ (ဒေါက်တာသန်းထွန်း ပြောခဲ့သလို မ"အ"ရအောင် သမိုင်းကို သင်တယ်လို့ ပြောတာကို သတိရမိလို့ပါ။)

လက်ရှိ တပ်ထဲက တပ်မတော်သားတွေ အကုန်လုံးကို သူငယ်နှပ်စားဆိုပြီး နအဖ စစ်အုပ်စုဆိုတဲ့ လူတစ်စုက လိမ်တာကို သိရက်နဲ့ ခံနေရတာတော့ အတော်ခံပြင်းဖို့ ကောင်းပါကြောင်း တွေးမိသလောက် ရေးမိလိုက်ပါတယ်။

သမိုင်း မရှိတဲ့ တပ်မတော်လား (သို့) သမိုင်း မသိတဲ့ တပ်မတော် သားများလား ဆိုတာကတော့ ............

ကိုထိုက်

Tuesday, 2 March 2010

နိုင်ငံရေးသမား ဟူသည်........

ကျွန်တော် အခုတလော အတွင်းမှာ ဟိုဒီ ခရီးလှည့်ပတ် သွားလာနေတာမို့ ဘာမှ အသစ်မတင်နိုင်ဖြစ်နေတဲ့ ဒီဘလော့လေးကို အသက်ဝင်အောင် ပြန်လည် အသက်သွင်းဖို့ ကြံနေရာကနေ၊ ကောင်းကင်မှာ တင်တဲ့ "နိုင်ငံရေးသမား ဟူသည် ... " ဆိုတဲ့ ဗဂျီ အောင်စိုးရဲ့ ကာတွန်းလေးနဲ့ ပြန်စ လိုက်ပါတယ်။