Monday, 6 August 2007

အမျိုးသား ညီလာခံ၏ အခြေခံမူ (၁၀၄) ချက်

နအဖရဲ့ ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်း ဦးစီးကာ၊ ဦးမြတ်ခိုင်မှ အခမဲ့ တည်းဖြတ်ပြီး၊ (ငါး)မင်းဆွေရဲ့ ငွေကြေးထောက်ပံမူနဲ့ ကြံဖွတ်တွေက လိုက်လံ ဖြန့်ဝေနေသော စ၀်ပြည်ငြိမ်း(မောသျှမ်းပြည်)ရေးတဲ့ အမျိုးသားညီလာခံ အခြေခံမူ (၁၀၄) ချက်ရဲ့ အသေးစိတ်အချက် အလက်တွေပါ။ စိတ်ဝင်စားဖို့ကောင်းလို့ သေချာဖတ်ကြည့်စေချင်ပါတယ်။ သိပ်ရှည်လို့ အပိုင်း (၄) ပိုင်းခွဲထားပါတယ်။

ကိုထိုက်


အပိုင်း(၁)

အခြေခံမူ (၁၀၄) ချက်၏ နောက်ခံ သမိုင်းအကျဉ်း

( ၁၉၉၂ ) ခုနှစ်၊ အောက်တိုဘာလ( ) ရက်နေ့စွဲဖြင့် အမျိုးသားညီလာခံ ကျင်းပရေး ကော်မရှင်ကို ဖွဲ့စည်းကြောင်း အမိန့်အမှတ် ( ၁၃/၉၂ ) အရ ထုတ်ပြန်ခဲ့ပါသည်။

အမျိုးသားညီလာခံတွင် နိုင်ငံတော် ဖွဲ့သည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးအတွက် အခြေခံမူများချမှတ်နိုင်ရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီး ဦးတည်ချက် ( ) ရပ်ကို လမ်းညွှန်ခဲ့သည်။ ၄င်းတို့မှာ

( ) ပြည်ထောင်စု မပြိုကွဲရေး
( ) တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး
( ) အချုပ်အခြာ အာဏာ တည်တံ ခိုင်မြဲရေး
( ) စစ်မှန်သော ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားရေး
( ) နိုင်ငံတော်၌တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေး
( ) အနာဂတ်နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်ကပါဝင်ထမ်းဆောင်နိုင်ရေး
တို့ ဖြစ်ပါသည်။

အမျိုးသားညီလာခံ၏ လုပ်ထုံးလုပ်နည်းများသည်ဒီမိုကရေစီနှင့် ဆန့်ကျင်နေပါသည်။

ညီလာခံကိုယ်စားလှယ်များကို အစုအဖွဲ့ ( ) ဖွဲ့ တို့ဖြင့် ဖွဲ့စည်းထားပြီး၊၄င်းတို့အပေါ်တွင် ( ) ဦးစီပါဝင်သော အလှည့်ကျ သဘာပတိအဖွဲ့က ဦးဆောင်သည်။ ၄င်းတို့မှာ

( ) ရွေးကောက်ပွဲတွင် ရွေးချယ်ခံထားရသော ကိုယ်စားလှယ် အစုအဖွဲ့၊
( ) တိုင်းရင်းသာလူမျိုး ကိုယ်စားလှယ် အစုအဖွဲ့၊
( ) တောင်သူလယ်သမား ကိုယ်စားလှယ် အစုအဖွဲ့၊
( ) အလုပ်သမား ကိုယ်စားလှယ် အစုအဖွဲ့၊
( ) အသိပညာရှင်၊ အတတ်ပညာရှင် ကိုယ်စားလှယ် အစုအဖွဲ့၊
( ) နိုင်ငံ့ဝန်ထမ်း ကိုယ်စားလှယ် အစုအဖွဲ့၊
( ) နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် အစုအဖွဲ့၊
( ) အခြား ဖိတ်ကြားသင့်သည့် ပုဂ္ဂိုလ်များ အစုအဖွဲ့ ဟူ၍ ဖွဲ့စည်းထားပါသည်။
အထက်ပါ
အစု အဖွဲ့ ( ) ခု အနက် ( ) ရွေးကောက်ပွဲတွင် ရွေးချယ်ခံထားရသော ကိုယ်စားလှယ် အစုအဖွဲ့နှင့် ( ) နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် အစုအဖွဲ့ သာလျှင် ဒီမိုကရေစီနည်းကျကျ လူထု ရွေးချယ်ထားသော ကိုယ်စားလှယ်အစစ်အမှန်များ ဖြစ်ပါသည်။ ၄င်း ( ) ဖွဲ့ကို ဟန်ပြလောက်သာထားပြီး ကျန်( ) ဖွဲ့ကို ဦးစားပေးထားသည်မှာအခြေခံအားဖြင့် လုံးဝ မှားယွင်းနေပါသည်။
ကျန်
( ) ဖွဲ့မှ ကိုယ်စားလှယ်များ ဆိုသည့် ပုဂ္ဂိုလ်များမှာ အောက်အခြေခံ အဖွဲ့ အစည်းများမှ စနစ်တကျ ရွေးချယ်တင်မြှောက်ထားခြင်း မဟုတ်ဘဲ အာဏာပိုင်တို့ ခေါင်းခေါက် ရွေးချယ်ထားခြင်း ဖြစ်ရာ ပြည်သူ့ အသံ ဖြစ်မလာဘဲ အာဏာပိုင်တို့၏ အသံသာ ဖြစ်လာသည်ကို တွေ့ရသည်။
အစုအဖွဲ့များတွင်
အာဏာပိုင်များ၏ ဒလန်များ လွှမ်းမိုးထားသည်။ ထိုဒလန်များမှ တဆင့် အာဏာပိုင်တို့၏ အလိုကျ စာတမ်းများကိုသာ ထုတ်လုပ်လာသည်ကို ထင်ရှားစွာမြင်တွေ့ နေရပါသည်။လူထုကိုယ်စားလှယ်အစုအဖွဲ့မှ အကြံပြုတင်ပြချက်များသည် ညီလာခံအတွက် ချမှတ်ထားသော လမ်းညွှန်ချက် ( ) ခုနှင့် ကွဲလွဲမူရှိနေသည်ကို တွေ့ရှိရသည်။ ထိုကွဲလွဲနေသည်ကို အကြောင်းပြု၍ အလှည့်ကျ သဘာပတိ အဖွဲ့နှင့် အမျိုးသားညီလာခံ ကျင်းပရေး လုပ်ငန်းကော်မရှင်က ပယ်ချနိုင်ခွင့်ရှိရာ ညီလာခံတွင် လူထု ကိုယ်စားလှယ် အစစ်အမှန်များ၏ အခန်းကဏ္ဍသည် ဟန်ပြလောက်သာရှိကြောင်း ထင်ရှားပါသည်။
( NLD ) ပါတီနှင့် တိုင်းရင်းသား ပါတီများ၏ တင်ပြချက်စာတမ်းများသည် ဦးတည်ချက် ( ) ချက်နှင့် သွေဖည်သောကြောင့် မှတ်တမ်းအဆင့်သာ ထားရှိခဲ့ပြီး အာဏာပိုင်များ၏ ဒလန်များ တင်ပြချက်များကိုသာ အတည်ပြုခဲ့လေသည်။ ထိုသို့သော အကြောင်းများကြောင့် (NLD) ပါတီသည် အမျိုးသား ညီလာခံမှ ကျောခိုင်းထွက်ခွာခဲ့သည်။ ကျန်ရွေးချယ်ခံ တိုင်းရင်းသား ပါတီများမှာ နားထောင်ရုံ သက်သက်ဖြင့်သာ ခန်းမထဲ၌ ကျန်ခဲ့သည်။
(
NLD ) ထွက်ပြီး ချက်ချင်း ဆိုသလို ကြံခိုင်ဖွံ့ဖြိုးရေး အသင်းကို အသုံးချ၍ ဘောလုံးကွင်းများ အတွင်း၌ အမျိုးသားညီလာခံကို ဆက်လက် ထောက်ခံကြောင်းနှင့် ဒလန်များတင်သွင်းခဲ့သော အခြေခံမူ ( ၁၀၄ ) ချက်ကို တရားဝင်ချပြ ကြေငြာခဲ့လေသည်။ သို့သော် အမျိုးသား ညီလာခံသည် ( ၁၉၉၆ ) ခုနှစ်တွင် လုံးဝ ရပ်ဆိုင်းသွားခဲ့သည်။

လမ်းပြမြေပုံ ( ) ချက်နှင့် ညောင်နှစ်ပင် ညီလာခံ

( ၂၀၀၃ ) ခုနှစ်၊ မေ ( ၃၀ ) ဒီပဲယင်း ပြဿနာကို လှည့်စားလိုသောကြောင့် ဗိုလ်ချုပ်ကြီး ခင်ညွန့်က လမ်းပြမြေပုံ ( ) ချက်ကို ထိုနှစ် သြဂုတ်လ ( ၃၁ ) တွင် ချပြခဲ့ပါသည်။ ပြည်သူများအား မျက်စိလည်သွားစေရန် အသွင်ပြောင်းထားသော်လည်း နဂိုရ်ရုပ်ကိုကား ဖုံးကွယ်၍ မရနိုင်ပါ။ အရက်ဟောင်းကို ပုလင်းအသစ်ထဲ ထည့်လိုက်ခြင်းသာလျှင် ဖြစ်သည်။
တတ်ရောက်သော ကိုယ်စားလှယ် အများစုမှာ စစ်မှန်သော လူထုကိုယ်စားလှယ်များ မဟုတ်ဘဲ၊ အာဏာပိုင်တို့ စိတ်တိုင်းကျ ခေါင်းခေါက် ရွေးချယ်ထားသူများသာ ဖြစ်သည်။ ထိုသူတို့သည် တိုင်းပြည်ကို ချောက်ထဲကျအောင် တွန်းပို့သူများသာ ဖြစ်သောကြောင့် သမိုင်းတရားခံ အစစ်အမှန်များဖြစ်ကြောင်း ပြည်သူလူထုကြီးက သတ်မှတ် မော်ကွန်းထိုးရမည်။

အခြေခံမူ
( ၁၀၄ )ချက်နှင့် အဓိပ္ပါယ် ဖွင့်ဆိုချက်


(က) နိုင်ငံတော်နှင့် စပ်လျဉ်းပြီး
- - ( ) မြန်မာနိုင်ငံသည် အချုပ် အခြာအာဏာပိုင် လွတ်လပ်သည့် နိုင်ငံဖြစ်သည်။
အခြေခံမူ ( ) အရ အချုပ်အခြာအာဏာပိုင် အစစ်အမှန်မှာ ပြည်သူလူထုသာလျှင် ဖြစ်သော်လည်း စစ်အာဏာပိုင်တို့သာလျှင် ကြီးစိုးပိုင်ဆိုင်သော ပြည်သူ့ဘ၀ မလွတ်လပ်သည့် နိုင်ငံဖြစ်နေကြောင်းထင်ရှားပါသည်။


-၂ - ( ) နိုင်ငံတော်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဟု ခေါ်တွင်မည်။
အခြေခံမူ ( ) အရ ပြညထောင်စု သဏ္ဍန် မပေါ်လွင်ဘဲ သမ္မတဆိုရာ၌လည်း ဗိုလ်ချုပ်ကြီးများသာ ဖြစ်လာနိုင်ပါသည်။

-
- ( ) နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံးမှာ တည်သည်။
အခြေခံမူ
( ) အရ နိုင်ငံတော် အချုပ်အခြာ အာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ရမည်ဟု ဆိုထားသဖြင့် နိုင်ငံသားများရွေးချယ်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များမှ ဦးဆောင်ရမည်။ ကာကွယ်ရေးဦးစီးချုပ်မှ စေလွှတ်သော တပ်မတော်သားများ ပါလီမန်သို့ ( ၂၅ ) ရာနှုန်းပါဝင်သည် ဆိုသည့် သတ်မှတ်ချက်အရ နိုင်ငံ့ အာဏာကို စစ်ဘက်မှ ဆင်းသက်စေရာ ရောက်နေပါသည်။


-
- ( ) နိုင်ငံတော်၏ နယ်နိမိတ်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ဖြစ်သည့်နေ့တွင် ကျင်းပ တည်ရှိသည့်အတိုင်း ဖြစ်သည်ဟု အခြေခံမူများ ချမှတ်ပါသည်။

(
) နိုင်ငံတော် ဦးတည်ချက်နှင် စပ်လျဉ်းပြီး နိုင်ငံတော်သည် - -


- - ( ) ပြည်ထောင်စု မပြိုကွဲရေး
အခြေခံမူ အမှတ် ( ) အရ ပြည်ထောင်စု မပြိုကွဲရေး ( အကျိုး ) ကို ဖြစ်စေရန်အတွက် ယခု အဆင့်တွင် မပြိုကွဲနိုင်သော ပြည်ထောင်စုမျိုး တည်ဆောက်ရန်လိုသော(အကြောင်း)များ ထည့်သွင်း ဖေါ်ပြရန်လိုပါသည်။ နောင်ဖြစ်လာမည့် အကျိုးတရားများသည် ယခုပြုလုပ်သောအကြောင်းတရားများတွင် မူတည်ကြောင်း သဘောပေါက်ကြရမည်။

-
- ( ) တိုင်းရင်းသား စည်းလုံးညီညွတ်မူ မပြိုကွဲရေး
အခြေခံမူ အမှတ် ( ) သည် အလွန်အရေးကြီးပါသည်။ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို မည်သည့် အဖွဲ့အစည်းမဆို ပါးစပ်ကပြောဆိုချင်းထက် လက်တွေ့လုပ်ပြဖို့ရန် လွန်စွာ အရေးကြီးပါသည်။ တိုင်းရင်းသားများ အချင်းချင်း အမျိုးသားနိုင်ငံရေး တန်းတူ ညီမျှမူ တည်းဟူသော အခြေခံ အုတ်မြစ်ပေါ်တွင် တည်ဆောက်နိုင်မှသာလျှင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အမှန်တကယ် ရရှိစေနိုင်ပါမည်။


-
- ( ) အချုပ်အခြာ အာဏာတည်တံ ခိုင်မြဲရေး
အခြေခံမူ အမှတ် ( ) အတွက် အချုပ် အခြာ အာဏာပိုင်ရှင်မှာ ပြည်သူလူထုများသာ ဖြစ်ကြောင်း နားလည်ကြရစေမည်။ ပြည်သူ့အထက်တွင် မည်သူမျှ မရှိစေရ။


-
- ( ) စစ်မှန်သော ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားရေး
အခြေခံမူအမှတ် ( ) အရ စစ်မှန်သောပါတီစုံ ဒီမိုကရေစီ ထွန်းကားရန်အတွက် စစ်မှန်သော ဒီမိုကရေစီကိုသာ ဦးတည်ကြရမည်။ ကြိုးတပ်ထားသော ရုပ်သေးရုပ် ဒီမိုကရေစီဆိုလျှင် စစ်မှန်သော ဒီမိုကရေစီ မဟုတ်ကြောင်း ရှင်းလင်း ကွဲပြားရန်လိုပါသည်။


-
- ( ) နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေး
အခြေခံမူအမှတ် ( ) သည် ပါးစပ်ကပြောခြင်းထက် လက်တွေ့အရ အကောင်အထည် ဖေါ်ဖို့ရန် အရေးကြီးပါသည်။


-
၁၀ - ( ) နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မူ အခန်းကဏ္ဍတွင်တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်ဟု အခြေခံ မူများ ချမှတ်ပါတယ်။
အခြေခံမူအမှတ် ( ၁၀ )သည် အခြေခံမူ အမှတ် ( ) နှင့် ၀ိရောဓိ ဖြစ်စရာပင်တည်း။ စစ်မှန်သော ဒီမိုကရေစီ နည်းအရ နိုင်ငံသူနိုင်ငံသားတိုင်းက ရွေးချယ်တင်မြှောက်ခြင်း ခံရသော လူထုကိုယ်စားလှယ်များကသာလျှင် ဦးဆောင်ရပါမည်။ တပ်မတော်သည် အခွင့်ထူးခံ သူကောင်းမျိုးနွယ်မဟုတ်ကြောင်းနားလည်ကြရပါမည်။

( ) ပါတီစုံ ဒီမိုကရေစီနှင့် စပ်လျဉ်းပြီး

-၁၁- နိုင်ငံတော်သည် စစ်မှန်သော ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဟု အခြေခံမူများ ချမှတ်ထားပါသည်။
အခြေခံမူ ( ၁၁ ) သည် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မူ အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေးကို အစဉ်တစိုက် ဦးတည်သည်ဟု ဖေါ်ပြထားသောကြောင့် စစ်မှန်သော ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဟူသော ပြဌာန်းချက်ကို အဓိပ္ပါယ် ကင်းမဲ့စေပါသည်။

( ) နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံနှင့် စပ်လျဉ်းပြီး

-၁၂ - ( ) နိုင်ငံတော်ကို ပြည်ထောင်စု စနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်။
ရှိရင်းစွဲ တိုင်းဒေသကြီး ( ) ခုနှင့် ပြည်နယ် ( ) ပြည်နယ်သည် အဆင့်အတန်း တူညီသည်ဟု အောက်ဖေါ်ပြပါ ပြဌာန်းချက် (၁၃) ချက်ကြောင့် အခြေခံမူ ( ၁၂ ) ကို သွေဖည်သွားစေပါသည်။

-၁၃ - ( ) ရှိရင်းစွဲ ( ) တိုင်းကို တိုင်းဒေသကြီး (Region) ခု အဖြစ်လည်းကောင်း၊ ရှိရင်းစွဲပြည်နယ် ( ) ပြည်နယ်ကို ပြည်နယ် (State) ပြည်နယ် အဖြစ်လည်းကောင်း ပိုင်းခြားသတ်မှတ်သည်။ ထိုတိုင်းဒေသကြီး ( ) ခုနှင့် ပြည်နယ် ( ) ပြည်နယ်တို့သည် အဆင့်အတန်း တူညီသည်။
အခြေခံမူ ( ၁၃ ) သည် ကျွဲတစ်ဖက်၊ နွားတစ်ဖက် ပြည်ထောင်စု သဘောကို သက်ရောက်စေပါသည်။ တိုင်းဒေသကြီး ()ခု ဆိုသည်မှာ လက်ရှိ အခေါ်များကို အမည်ပြောင်းလဲထားခြင်းသာ ဖြစ်ပါသည်။( ၁၉၄၇ ) အခြေခံဥပဒေတွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ် ဟူ၍ နိုင်ငံရေး ဆိုင်ရာဒေသများကို ပြည်နယ်ဟူ၍ သတ်မှတ် ခေါ်တွင်ခဲ့ပါသည်။ ကျန် စစ်ကိုင်း၊ မန္တလေး၊ ရခိုင် တိုင်းတို့မှာ အုပ်ချုပ်ရေးဆိုင်ရာဒေသအဖြစ် သတ်မှတ်ခဲ့ပါသည်။ ချင်းတောင် ဒေသသည် ထိုစဉ်က ပြည်နယ်အဆင့်ကို ရယူရန် အဆင်သင့် မဖြစ်သေးသောကြောင့် ၀ိသေသတိုင်းဟူ၍သာ လက်ခံ ကျင့်သုံးခဲ့ပါသည်။ (၁၉၇၄) အခြေခံ ဥပဒေ အရမှသာလျှင် ပြည်နယ်အဖြစ်သို့ တိုးမြှင့်သတ်မှတ်ခဲ့ပါသည်။ ထိုကြောင့် ပြည်နယ်ဆိုသည်မှာ တိုင်းထက် အဆင့်မြင့်ကြောင်း တန်းတူသတ်မှတ်၍ မရကြောင်း အထောက်အထားများစွာ ရှိပါသည်။
လွှတ်တော်ကဲ့သို့ ပြည်ထောင်စုဆိုင်ရာဆွေးနွေးပွဲများတွင် ပြည်နယ်တစ်ခု အနေဖြင့် မဲတစ်မဲသာ ရယူသင့်သော ဗမာပြည်နယ်က ( ) မဲရအောင် အကြံ အဖန်လုပ်ထားခြင်းသာဖြစ်သည်။ ထိုသို့ အခြေခံအားဖြင့် အဆင့်အတန်းမတူသော တိုင်းဒေသကြီး ( ) နှင့် ပြည်နယ် ( ) ကို အဆင့်တူ သတ်မှတ်ခြင်းသည် လူမျိုးကြီးဗမာများ နေထိုင်ရာကို တမင် အဆင့်မြင့်ထားသောကြောင့် အင်အားချိန်ခွင်လျှာညှိသည့် ရည်ရွယ်ချက်ကို ထင်ရှားစေသဖြင့် လူမျိုးကြီးနှင့် လူမျိုးငယ်များအကြား သံသယကို ဖြစ်စေပါသည်။ ( ၁၉၄၇ ) အခြေခံဥပဒေသည် ထိုအမှားမျိုးကို ကျူးလွန်ခဲ့သောကြောင့် မကျေနပ်မူများရှိခဲ့သည်ကို သာဓကများရှိခဲ့သောကြောင့် ထပ်မံ၍ အမှားမျိုး ပြုလုပ်ခြင်းမှာ မသင့်တော်ကြောင်းထောက်ပြလိုပါသည်။


-၁၄ - ( ) ထိုတိုင်းဒေသကြီး ( ) ခုနှစ်၊ ပြည်နယ် ( ) ပြည်နယ်တို့ အမည်များကို ရှိရင်းစွဲအတိုင်း ခေါ်ဆိုသုံးနှုံးသည်။
အခြေခံမူ ( ၁၄ ) အရ ၄၇-ပင်လုံစာချုပ်မူအရ သဘောတူလက်ခံခဲ့ကြသော လူမျိုးရေး တန်းတူညီမျှမူကို အခြေခံသောကြောင့် လူမျိုးကြီး () မျိုးကို အခြေခံသော ( ) ပြည်နယ် ပြည်ထောင်စုကို ဖွဲ့စည်းမှသာလျှင် လမ်းမှန်ဖြစ်သည်။ ယခု သတ်မှတ်ပြဌာန်းသောမူအရ လူမျိုးရေး တန်းတူညီမျှမူဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု ဖြစ်မလာတော့ဘဲ မဟာဗမာ ပြည်ထောင်စုသာလျှင် ဖြစ်လာပေတော့မည်။ ထိုသို့သော ပြည်ထောင်စုမျိုးသည် တာရှည် တည်တန့် ခိုင်မြဲမည် မဟုတ်ပေ။


-
၁၅ - ( ) တိုင်းဒေသကြီး တစ်ခုခု၏ အမည်ကိုဖြစ်စေ၊ ပြည်နယ် တစ်နယ်၏ အမည်ကိုဖြစ်စေ ပြောင်းလဲ သတ်မှတ်လိုလျှင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းနေထိုင်ကြသော နိုင်ငံသားများ၏ ဆန္ဒရယူပြီး ဥပဒေပြဌာန်း ခြင်းဖြင့်ပြောင်းလဲသတ်မှတ်သည်။


-၁၆- ( ) တိုင်းဒေသကြီးများ သို့မဟုတ် ပြည်နယ်များတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရရှိပြီးသည့် တိုင်းရင်းသား လူမျိုးများမှအပ ကျန်တိုင်းရင်းသားလူမျိုးများအနက် လျော်ကန်သင့်မြတ်သည့် လူဦးရေရှိပြီး နယ်မြေ တဆက်တစပ်တည်းတွင် စုစည်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများအတွက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရစီရင်စုများ (Self Administered Areas) သတ်မှတ်ပေးရန်ဖြစ်သည်။


-
၁၇ - ( ) ထိုသို့ သတ်မှတ်ရာတွင် လူဦးရေနှင့်နယ်မြေ အကျယ်အ၀န်းအပေါ် အခြေပြု၍ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း (Self Administered Division) သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ (Self Administered Zone) အဖြစ် သင့်လျော်သလို သတ်မှတ်ပေးရန်ဖြစ်သည်။


-
၁၈ - ( ) နိုင်ငံတော်တွင်ပါဝင်သည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများ စသည့်နိုင်ငံတော်၏ နယ်မြေ အပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမျှ မခွဲထွက်ရဟု အခြေခံမူများချမှတ်ပါသည်။
အခြေခံမူ ( ၁၈ ) အရ ခွဲထွက်ပိုင်ခွင့် ဆိုသည်မှာ ပြည်နယ်တိုင်း၏ မွေးရာပါ အခွင့်အရေး ဖြစ်သောကြောင့် တားဆီး၍မရပါ။ ခွဲထွက်ခွင့်ကို မဖေါ်ပြထားသော်လည်း ပေါင်းစည်းခြင်းအားဖြင့် အလိုအလျှောက် ခွဲထွက်ခွင့်ရှိသည်ကို သိရှိနားလည်ရန်လိုအပ်သည်။

ဆက်ရန်

No comments: