Thursday 22 November 2007

ဆွေးနွေးကြရအောင်

ကျွန်တော်တို့ အခု အချိန်အထိ မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့တာ၊ ကောင်းတယ်၊ မကောင်းဘူး အငြင်းပွားနေတာတွေ မြင်တွေ့ ကြားသိနေရတုန်းပါပဲ။

စင်္ကာပူက မြန်မာနိုင်ငံကို စီးပွာရေး ပိတ်တာ မကောင်းပါဘူးလို့ ပြောသွားပါတယ်။ တရုပ်၊ အိန္ဒိယနဲ့ အာဆီယံတွေက မြန်မာနိုင်ငံကို ပူးပေါင်းဆောင်ရွက်ရမယ်လို့ ပြောနေတဲ့ တပြိုင်နက်ထဲမှပဲ၊ အီးယူ၊ အမေရိကန်၊ ကနေဒါ စတဲ့ နိုင်ငံတွေက ထပ်ပြီး ထိထိရောက်ရောက် ပိတ်ဖို့ ပြောနေကြပါတယ်။

အလားတူပါပဲ တချို့ မြန်မာတွေက ပြောတာတွေလဲ ရှိလာနေကြပါတယ်။ ကောင်းတယ် မကောင်းဘူးဆိုတာကိုပေါ့။ mizzima က တင်ထားတဲ့ သတင်း တစ်ခုရဲ့ comment တွေကို ဒီနေရာမှာ quote ပြန်လုပ်လိုက်ပါတယ်။

  • စဉ်းစဉ်းစားစားလည်းလုပ်ကြပါအုံးနော့် .............
အခုပြောမယ့်အကြောင်းအရာက ပုသိမ်ထောင်က အကျဉ်းသား ၈ဝ လွတ်မြောက်လာတဲ့ အကြောင်းနဲ့ မပါတ်သတ်ပါဘူး။ ဒါပေမယ့်စပ်ဆက်မှု ရှိတဲ့နေရာ မတွေ့လို့ဒီမှာ လာပြောရတာပါ။ အဝေးရောက်မြန်မာတွေနဲ့ နိုင်ငံရေး တဇောက်ကန်း အချို့လိုချင်နေပြီး မရမကအတင်းဇွတ်တောင်းနေတဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ အကြောင်းပြောချင်ပါတယ်။ အခုလက်ရှိမြန်မာနိုင်ငံမှ အတိုက်အခံတွေ တောင်းဆိုနေပြီး နိုင်ငံကြီး အချို့ကအကောင်အထည်ဖေါ်နေတဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေက စစ်အစိုးရကို စုတ်ပြတ်သတ်ပြီး ကျဆုံးသွားအောင်မလုပ်နိုင်ခင် မြန်မာနိုင်ငံမှ လက်လုပ်လက်စား အခြေခံလူတန်းစားတွေကို အရင်ဆုံး အစာငတ်ပြီး သေဆုံးကုန်အောင် လုပ်နိုင်တာကို တွေးမိရဲ့လား။
ကျွန်တော်ကတော့ စီးပွားရေးပိတ်ဆို့မှုတွေကို လုံးဝဆန့်ကျင်ပါတယ်။ မထောက်ခံပါဘူး။ ဘယ်နိုင်ငံမှဘယ်လို အုပ်ချုပ်မှုမျိုးပဲဖြစ်ဖြစ် အခြားနိုင်ငံတွေကစီးပွားရေးပိတ်ဆို့မှုကိုခံရရင် အဲဒီနိုင်ငံကဘယ်လိုမှ တိုးတက်စရာအကြောင်းအရှိပါဘူး။ မြန်မာနိုင်ငံမှာလဲ ဘယ်သူ ၊ ဘယ်လိုအုပ်ချုပ်ရေးပဲ ဖြစ်နေပါစေ စီးပွားရေးပိတ်ဆို့မှုတွေရှိခဲ့ရင် နိုင်ငံတိုးတက်အောင်လုပ်ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့ မြန်မာပြည်က အောက်ခြေ လူတန်စားတွေကို သနားရင်၊ မြန်မာပြည်ကြီး တိုးတက်ပြီး ချမ်းသာတဲ့ နိုင်ငံအဖြစ်မြင်ချင်ရင် စီးပွားရေးပိတ်ဆို့အောင် တောင်းဆိုနေတာ တွေကိုရပ်ပြီး ကန့်ကွက်ဆန့်ကျင်ကြဖို့တိုက်တွန်းပါတယ်။
(စီးပွားရေးပိတ်ဆို့မှု ကိုလိုချင် သူများထဲတွင် အောက်ခြေလူတန်းစားများမပါဝင်ဘူး ဆိုတာသတိချပ်သင့်ပါတယ်။)

နောက်တယောက်ကလဲ

  • ပြောချင်သူ - စီပွားရေး ပိတ်ဆို့မှု

စီးပွားရေး ပိတ်ဆို့တာ တို့မမှုပါ ဆိုနေရပေမဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ အရှိန်မြှင့်လာတော့ ပိတ်ဆို့မှုတွေ ပယ်ဖျက်ပေးဖို့ တောင်းဆိုလာတာကို အထင်အရှားမြင်နေရပြီမဟုတ်လား။
ဒါဟာ နအဖ စစ်အုပ်စုရဲ့ ရှင်သန်နိုင်မှုကို ထိခိုက်နေပြီဆိုတာ မျက်ဝါးထင်ထင်ပါပဲ။
အောက်ခြေ လူတန်းစားတွေ ဆင်းရဲနေတာ စီးပွားရေးပိတ်ဆို့မှုကြောင့်မှ မဟုတ်ပဲကွယ်။ တကယ့် ကုန်သွယ်ဖက် တရုပ်။ အိန္ဒိယ အာစီယံနိုင်ငံတွေက ပိတ်ဆို့မှု လုပ်မှမလုပ်ပဲနဲ့။ နအဖ အုပ်ချုပ်မှု အသုံးမကျလို့ ဖြစ်ပေါ်လာတဲ့ ကျပ်တည်း ဆင်းရဲမှုပါ။ စီးပွားရေး ပိတ်ဆို့မှုကို ကြောက်ရင် သူတို့တွေရဲ့ ဂတိမတည်မှုတွေ ၊ ကိုယ်ကျိုးရှာမှုတွေ၊ နိုင်ငံအာဏာ မတရားယူထားမှုတွေကို စွန့်လွှတ်ပြလိုက်ပေါ့။ အဲဒီလိုလုပ်ရင် ပိတ်ဆို့မှုကို ပြန်ဖွင့်ပေးမယ် ပြောထားသားပဲ။ တကယ့် ပြည်သူပြည်သားတွေအကျိုးကို သိရင် လိုလားရင် စီးပွားရေး ပိတ်ဆို့မှုက အောက်ခြေ လူတန်းစားကို ထိခိုက်ပါတယ်ဆိုရင်
တိုင်းပြည်သိပ်ချစ်တဲ့ ကိုယ့်လူမျိုးတွေ သိပ်ချစ်တဲ့ စစ်အုပ်စုက သူတို့ အကျိုးထက် ပြည်သူအကျိုးကြည့်သင့်တာပေါ့။
တောအုပ်ကြီးတခုလုံးကို မြင်အောင်ကြည့်ပါ။ တပင်ချင်းကို မကြည့်ရဘူးလေ။ ဒါဟာ မျိုးဆက်တွေကို စတေးနေရတာလောက် နစ်နာပါဦးမလား။

ကျွန်တော်ကတော့ အဲဒီလို စီးပွားရေးတွေ၊ ပိတ်တာ ဖွင့်တာကို အဓိက လုပ်နိုင်တဲ့ လူကတော့ နအဖဖြစ်တယ်လို့ မြင်ပါတယ်။ ပိတ်အောင် သူတို့ လုပ်တာပါ၊ အလားတူ ဖွင့်အောင် သူတို့ပဲ လုပ်နိုင်တာပါ။ သူတို့မှာ အဲဒါကို ဖွင့်တဲ့ သော့ရှိနေပါလျက် မလုပ်တာ ဦးသန်းရွှေ ဦးဆောင်တဲ့ နအဖရဲ့ ညံဖျင်းမှု၊ တကိုယ်ကောင်းဆန်မှုလို့ ရှုမြင်မိပါတယ်။

ဆွေးနွေးလိုသူများ comment မှာ ပြောနိုင်ပါတယ်။


လေးစားစွာဖြင့်
ကိုထိုက်

37 comments:

Unknown said...

စီပွားရေးပိတ်ဆို့တာကို လုံးဝထောက်ခံပါတယ်။ မထောက်ခံ ရင်နအဖ ဒိထက် ပိုပြီးခေါင်းထောင်ပြီး ပိုပြီးတောင် အာခံမှာပါ။ ခု သူတို့ကိုမပိတ်ဆို့ ဘဲ သူတို့ကို အားပေးနေတဲ့ မဟာအင်အားကြီး နိုင်ငံတွေ ရှိနေတာဘာလို့ပြည်သူတွေ ဆင်းရဲနေရသလဲ။
မထောက်ခံသော comment ပိုင်ရှင် ရှင်းပြပေးပါ။
ဒီ နအဖ တိုင်းပြည် ဘဏ္ဍာ ခိုးစားနေတဲ့ စစ်တပ်အုပ်ချုပ်နေသ၍ တိုင်းပြည်ဘယ်တော့မှ နလံမထူပါဘူး။မယုံရင်စောင့်ကြည့်ပါ။
စီးပွားရေး မပိတ်ဆို့လို့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ရင် ဗိုလ်ချုပ်တွေ ဘာအကျိုးရှိပြီး ပြည်သူတွေ ဘယ်လောက်ပိုထမင်းဝလာမှာမို့လို့လဲ။ အိုဒီအေ လို အထောက်အပံ့တွေ ဘယ်ကိုသွားသလဲ အချက်အလက်နဲ့ တိုင်းပြည် ကိုရှင်းပြဘူးသလား။

ခင်မင်းဇော် said...

အမလည်း စီးပွားရေး ပိတ်ဆို့မှုတွေကို လုံးဝ ထောက်ခံပါတယ်။ သူတို့ စစ်အုပ်စုကြောင့် ပြည်သူတွေ ဆင်းရဲနေတာပါ။ ဒါကို သူများအပြစ်ပုံချနေတာ။
ပြောချင်သူ ရေးခဲ့သလိုပါပဲ။
မျိုးဆက်တွေ နစ်နာနေတာ။ နာလန်မထူအောင် လူညွန့်အချိုးခံနေရတာ တွေကိုလည်း ထည့်တွက်ပါဦး။
တကယ် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းအောင်
လုပ်ပေးရမယ့်တာဝန်ရှိသူဟာ စစ်အုပ်စုပဲဆိုတာ
မြင်အောင် ကြည့်ဖို့လိုပါတယ်။ တကယ့် တရားခံအစစ်က အာဏာကိုမတရားရယူထားတဲ့ စစ်အာဏာရှင် သန်းရွှေတို့အုပ်စုပဲ။

pyaesoneperfect said...

Ko Htike, here is my comments from my point of view.

I think "sanction" will more or less will effect on "Junta". It is quite obvious that our ordinary burmese people do not have any investments or businesses outside Myanmar. Just look at what happened recently to Seafood Market. Our people are enjoying cheap and fresh Seafood which was never available in the market before. What if these Seafoods were exported and who will get foreign currency income $$$$$... Don't tell me it is our poor fishermen. Well this is just an example... What if Rice / Gas and other resources have not been exported. These commodities could not be stored for long time and where these commodities will go if not exported?

If anyone disagree with my comments, please cite any proove that sanction will only harm our ordinary people. I am ready to give you my comments.

Unknown said...

I do believed and strongly agreed with sanction. It doesn`t make any difference to people of Burma. The ruling military junta have never allowed open trading to public for many decade. what is make difference for people of Burma, If sanction at this time.

Unknown said...

I support sanctions.

If the government of the country really cares for the people, and their living standards, they will open up ways for the people to make money. Then the people will come into the network of the international business and trading. If the other countries impose sanctions on such a country, it is definitely true that the citizens of the country will be in great troubles. In Burma, however, the government does not care for the people, and therefore the majority of the people do not even have the businesses for their own, sanctions will mainly hurt the government.
Since the people cannot do businesses freely and with trust (because the government can take it whenever they want, such as Asia Wealth Bank), and the people who are in gigantic business circles are all government-related, there is no doubt that the sanctions can really really hurt the government. Sometimes, it is not right to say' we do not want to lose anything, but we want to get democracy'. If we want it, we have to sacrifice things a bit or maybe a lot as well. Even the monks gave their lives to save the people, why can't we, the people, risk our lives, not to mention lose our jobs, to save the whole nation, not only for us but also for our coming generations?

Nwe Oo said...

Before we comment on the West for their recent sanctions, we should be very aware of sanctions from inside Burma. Who made sanctions on cars, phones, IT, basic survival goods like rice, and business inside the country? Why are ten-years-old cars in Burma more expensive than a brand new one from other countries? It is a funny thing asking for lifting sanctions from outside world without realising SPDC themselves are making people's lives harder.

Burmese Gold Bull said...

Sanctions are hurting the country - both the Junta and the people.

What “perfect” said, people enjoy cheap sea food because it was not exported is not true. If there is abundant sea food supply because there is no export, this over supply will be only temporary. All things being equal, the sea food supply will be reduced to meet the existing demand. If there are exports, people will invest money in fishery so that supply will meet the demand. The same goes for gas and other commodities.

Wilson said, “It doesn’t make any difference to people of Burma.” Yes it does make the different. Just take a look at what happen in 1996 before the sanctions. We have much economic activities and we enjoyed the fruits.

Aung said...

စီးပွားရေးပိတ်ဆို့ တာကို ထောက်ခံပါတယ် စီးပွားရေးလုပ်ပြီး ရသမျှဘဏ္ဍာ တွေဟာသူတို့အတွက်ပဲ ဒါတွေနဲ့ ပဲသူတို့အသက်ရှင်နေတာ ပြည်သူတွေက ကိုလုပ်ကိုစား ပြီးအသက်ရှင်နေကြတာပါ ဘဏ္ဍာငွေတစ်ပြားမှမပါဘူး ပြည်သူတွေကျန်းမာရေး ပညာရေးဘာပြန်ကြည့်လို့လဲ နိုင်ငံတကာကလျှူတဲ့ ကျန်မာရေး ပညာရေးအတွက်တောင် ထိထိရောက်ရောက် မှမရှိပဲ ပြည်သူတွေထိခိုက်တာထက်
သူတို့အများကြီးပိုထိခိုက်ပါတယ်

Unknown said...

စီးပွားရေးပိတ်ဆို့တာကို နောက်အကြိမ်ထပ်ပြီးတော့ အတိအလင်းထောက်ခံလိုက်ပါအုံးမယ်။
ပြည်သူရဲ့  ထမင်းတလုတ်ကိုတကယ်တန်းပိတ်ဆို့နေတာ အာဏာရူး ဗိုလ်တစုပါ။
ပိတ်ဆို့တာမခံထားရ ရင် အခွင့်အရေးကို အသုံးချပြီး ခံစားမဲ့သူက နအဖ နဲ့ သူ့အပေါင်းပါ ဝေစားမျှစားတစ်စုသာဖြစ်တယ်။ ဗိုလ်ချုပ်တွေနဲ့ သူ့မိသားစုတွေ တေဇလေယာဉ် တွေနဲ့ ဥရောပ အမေရိကန် ကမ္ဘာတလွှား ပျော်ပျော်ပါးပါး ဆေးကု ဈေးဝယ် ထွက်တာကို မြင်ချင်ရင်တော့ ကန့်ကွက်ကြပေါ့လေ။ အခု စင်ကာပူကိုဘဲ ကြည့်ပါ ။ သူတို့ ကတော်တွေ ဧရာမစိန်ကြီးတွေ ၀တ်ပြီး ဈေးဝယ်နေကြတာ အကောင်းဆုံး ဇိမ်ခံ အိမ်ကြီးတွေမှာ ပြည်သူတွေရဲ့  ချွေးများစာနဲ့ လာပြီးသုံးဖြုံးနေကြတာ ဒီမှာ လာကျွန်ခံနေကြတဲ့ သူတွေ အားလုံးသိတယ်။ကန့် ကွက်သူ က ဗဟုသူတ ရှိအောင် ကြိုးစားပါအုံး

Thu Ra said...

I support Sanction!!!
To have good changes in our country,we have to give certain values. Even if it hurts to ordinary people we have to bear to get desire changes. If we fight with weapon, we also have to give our lives. The situation change or not depends on how stubborn is current so called government. There are evidents in History that Sanction has brought the changes in South Africa and North Korea.
In my opinion, it is obvious that sanction mainly hurt the people who have investment at other countries. So I don't believe that it will hurt so much to ordinary people. That is one of the threatening of stupid dictators and his followers.

Unknown said...

For me I don't like "sanction" .. it will effect to all Myanmar national not only Junta but also our people will effect from that. Even me ..I do some business online and once I got My USD Cheque I had problem with clearing it . When I ask my bank they said cos of i'm myanmar. "Junta" will not be care about "sanction" cos they still do business with ASEAN and this is the reason ASEAN also didn't act anything on "Junta". As long as Europe and Amreaica make "sanction" ASEAN will be benefit from it. To Free Burma only People from Burma can do it.. We cannot ask help from other countries cos they are only looking for their benefit.. Think adult guys.. now I see the both parties as two children who try to loot one small cake and cry and shout to others for help......

Unknown said...
This comment has been removed by the author.
xavier said...

I agree with "perfect n nwe "said.

You just think yourself or do you realize that we have been sanction over 20 year by stupid government before outside country sanction to our Country.
Its depend on how and where you stand and look at the action.

bl27 said...

I think the sanction is not enough for the junta.Our counrty have a lot of resources,all of the go out to India, China and junta partner.Because India and China are big counrty ,so the junta are not afraid this sanction.

pyaesoneperfect said...

I truly thanks "burmesegoldbull" for explaining demand and supply theory. But I notice your comment of ...

"If there are exports, people will invest money in fishery"...

Can you please explain who do you means "PEOPLE" and who will be the main beneficiary.

Do you mean "MYANMA FISHERY" or "BUSINESS TYCOON" or "FISHERMEN" ???

I think you know who is the lord of MYANMA FISHERY and who are "TYCOONS".

However, only on one condition I will agree with what you said "All concerned parties will benefit from investing money in commodities business and by exporting to overseas". IF IT IS UNDER NORMAL BUSINESS TRANSACTION OF OUR POPULATION.

Unknown said...

၃ ဖက်ကကြည့်နိုင်ပါတယ်။နအဖ ကလုံးဝမကြိုက်ပါ။ ဒါပေမဲ့ဒါကြောင့်ဆင်းရဲတာလို့
ပုံချပါမယ်။နအဖအကျိုးရှိပါတယ်။မြန်မာပြည်အပြင်ရောက်နေတဲ့သူတွေမှာ ၂ဖွဲ့ စည်းလုံးမှုသိသိသာသာကွဲပါတယ်။ NCGUB + က နအဖအရှက်ရအောင် နဲ့ pressure ပေးထားတာဖြစ်အောင်လုပ်ချင်ပါတယ်။ ဒါပေမဲ့ သူ့ ရဲ့ main action အနေနဲ့ စောင်းပေးလွန်းပြီး sanction လုပ်တာမကြိုက်တဲ့သူတွေကိုပါ တိုက်ခိုက်ပြီးလုပ်တာသွေးကွဲစေပါတယ်။သူတို့ ရဲ့  interest မလို့  သူတို့ ကိုတနည်းနည်းအကျိုးရှိစေပါတယ်။ အခြားအဖွဲ့ ကလည်း အမြဲတမ်း lateral thinking နဲ့ သွားတာမို့  မတူတာကိုအမြဲဆန့်ကျင်ရွေးပြောတတ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်ပြည်သူတွေဖက်က
ကြည့်ရင် ဘာမှမဖြစ်ပါဘူး။sanction လုပ်လို့ လဲ မဆင်းရဲသွားဘူး။Sanction မလုပ်တော့လဲပိုပြေလည်မသွားဘူး။
$ ၅၃ သန်း ပေးလည်း တယောက် $ တဒေါ်လာဘဲရမယ်။ နအဖ personalတနှစ်ဝင်ငွေက $ ၅၃ သန်းထက်များပါတယ်။အထဲကပြည်သူတွေ sanction +/- ကြောင့် ပြောင်းလဲမှု လှုပ်ရှားမှု နအဖ ဖက်ကအချိုးပြောင်းလာမှု
မရှိနိုင်ပါဘူး။ Air Bagan ပိတ်တာမျိုးက, Burma Campaign လုပ်တာမျိုးက
targeted Personal attack ပါ။တိုးချဲ့ဆက်လုပ်သင့်ပါတယ်။
Generalized the whole country Sanction ကတော့သွေးကွဲတာလွဲလို့  ဘာမှ effect မဖြစ်ပါ။ နအဖ နဲ့  sanction လုပ်ချင်သောသူများ self interest အတွက်ဆက်လုပ်ပါစေ။ အများစုအတွက် sanction လုပ်ခြင်းမလုပ်ခြင်းမထူးပါ။ neighbour တွေအပါအ၀င်တကဘာလုံးက လုပ်နိုင်ရင်ကောင်းတယ်။မလုပ်
နိုင်က နအဖနှင့် interest ရှိသူများမှလွဲလို့ အကျိုးမရှိသွေးကွဲစေသောသောကြောင့် မဆွေးနွေးတာအကောင်းဆုံးပါ။

Ko Ko Poe said...

I do agree on that Sanctions cos it surely can hit Junta's Neck. Everyone can see clearly on that won't effect the Ordinary People, Like Us. Even we can buy Our country Goods by Cheap Prices. Like Tiger Prawn. Before this Sanctions, we can't even see that kind of Big Prawns in the Market of Yangon. Now, we can even effort to buy that kinds of Goodies things.
In the Other Hand, Of Course it will effect to those who dealing Unfair Business by Junta's Background. For Example, the Fishing Boats' owner of their Relatives. They can easily earn at least 1,000Usd per Day for every Fishing Boat they Own, before. So, how Can we imagine between their life and Ours terribly Struggling Lifes.
In the Other Hand, if all the World do not recoganize their properties, like Golds and US Dollars, Etc.. , they will have to surrender. Of course, if Nobody buy their Properties ( Gold, USD and Etc..), they will also be in same like our lives too.
So, I extremely agree to Foreign Sanctions in Good Will of My Country's Future.
Thanks For the Reading.
KK

Unknown said...

Look @ http://www.irrawaddy.org/article.php?art_id=9395

Diplomacy will continue, as will mind-numbing debate on sanctions and constructive engagement. But the Burmese people, who have suffered long enough under the regime, now want those “smart missiles.”

Maung Irra

Burmese Gold Bull said...
This comment has been removed by the author.
Burmese Gold Bull said...

I've written something about sanctions on my blog, http://burmesegoldbull.blogspot.com/2007/11/kay-sah-ma-she-bu-it-doesnt-matter.html.

If u v different opinions, pls leave some comments.

Btw, dear "perfect",

When i said "PEOPLE", what i mean is "JUNTA + their related big TYCOONS + ordinary people". At first most benefits will go to the "JUNTA + their TYCOONS". but people will enjoy the remains too. Ofcoz people will think the big guys r unfair. Yes business area is small so "JUNTA + their TYCOONS" have to keep ordinary people out of the area.

now we r talkin abt only the fishery. if we have other area of business, "JUNTA + their big TYCOONS + small TYCOONS" will do the jobs. They will benefits and now slightly more people will enjoy the fruits.

now lets say we have more business area to develop, "JUNTA + their big TYCOONS + small TYCOONS + ORDIANARY PEOPLE" will do the business, and some ORDINARY PEOPLE will become SMALL TYCOONS, then MIDIUM TYCOONS,... . More people will enjoy the big pie because now we have the pie big enough for everybody.

Now when I talk abt this, there is one assumption. That is - Junta is a pro-business government. If Junta believe that "OH now commodities (tiger prawn?) prices are high. I must bring down the prices by banning the export. If I don't do this people will unhappy and i will lose my seats", then all my above statements r wrong.

Anyway this kind of banning the exports (Junta think that exports r pushing the price high) normally happens. That’s the main reason most commodities r banned from exporting.

In above situation, there will still be mismanagement and nepotism, but people will not become that unhappy because they r part of the big pie too.

But with the sanctions, JUNTA + their related big TYCOONS hv only bones to bite. Then ordinary people will die of hunger. People will become angry. Before there is any changes, there will be big civil unrest. That’s the worst case scenario.

So now the best way for us is dialogue between our beloved Daw Aung Sun Su Kyi and Junta to proceed well. If steps towards the democracy are on the right track, sanctions must go away!

Btw, pls visit my blog http://burmesegoldbull.blogspot.com.

Goldie Shwe said...

I support sanctions as long as it is effectively targeted to individuals who are responsible for committing all the murders, tortures, rapes and robberies, during the last 50 years, in the name of government. All the sycophants and beneficiaries should also be on that targeted list. Presently such sanctions are the only way to criple those powerful and wealthy criminals until the justice, law and order could be broght back into Burma.

Tom said...

Sanctions will hurt both the rulers and those who are govered. The ordinary people are suffering not just because of sanctions but because of corruption and explotation of the generals.In stead of spending the taxes (income) for the people , the generals are accumulating wealth for their families. They are wasting mioney by building unnecessary new cities, expanding the army which does not contribute to production and buying arms and fighter planes. They have neglected the health and education sector. They are building dams nad cities because when ever they build dams/cities the generals get a lot of money(bribes) from the construction companies.
Tom

TTT said...

poverty has been going on in Burma since after 1962. The junta has always been thinking of blaming DASSK and West for ongoing poverty by the sanctions. If they have enough knowledge and were capable to maintain reasonable thinking, they will find DASSK is not the source of poverty because she cannot decide if Burma to be sanctioned.

The main reason of poverty and starvation in Burma is mismanagement and corruption. For example, the junta has no knowledge about business at all. Most ministers in Burma came from army who has no clue about today business world and civil administration. Consequently, there are a lot of mess in many civil offices. And the corruption has been the worst case. They may deny, of course. But, they cannot when they were caught red-handed. Many overseas bank account of Burmese army officials and their relatives were often frozen in different west countries such as England, United States and Australia. For instance, almost four hundred people of bank account was frozen in Great Britain about three and half years ago. Recently, Australia frozen the account of 422 people. Where do they get the money from? Why they don't want to put in Burmese National Banks? Don't they know investing in Burma is more important than anything else? If the junta , itself asking the Burmese overseas citizens to invest money in Burma, why do they invest their money in western countries? If Than Shwe hates west world, why did he let his people and his families to keep the money in west countries?

As a leader of poor country, he should be much better controlling his people to improve the situation.

AUNGAMA said...

Anyway, anyhow all comments were remarkbly appreciable for all Mynamar people and may also getting for us more thoughtful ways to fight junta. Today in our Myanamr political areana nothing has come to our attention unaninmously that we will continually stay remain motionless and speechless than ever before is what we left at present. All people were already stuck in ther heart that will ever against something whatever they can within their capacity to junta group till die.***** Please be noted that it is worth nothing at this stage that it is neither necessary nor praticable for us to debate each others(pro-democracy groups)on this rough journey. Just stay and voice out together.If not we have to spend our life again and again to unforeseeable period under junta' tricky and cunning rules.*********

pyaesoneperfect said...

Dear "Burmesegoldbull"…

I thank you for your explanation.

It is a long story if we discuss about when and how our economy will growth and when 3rd category of People (Ordinary People) will have a chance to bite left over of First two categories (Junta and his Tycoons).

As you admitted “At first most benefits will go to the "JUNTA + their TYCOONS"

1) Why most benefits should go first to Junta and Tycoons? We are not their slaves and our people should get what they ought to have.

2) How long it will take for our ordinary people to become “small tycoons”?

Here is my answer: “Under this military ruling, Family of Local Township Administrators and Municipal Polices will become “medium tycoons” before our ordinary people become “small tycoons”. Please correct me if I am wrong.

As I said before what you have said will happen only under normal economic system.

To get removes this abnormal system of ruling, we are calling for “Sanction” for the sake of our people.

Unknown said...

Yes to the SANCTION. We all aware sanction will be hurting the ordinary Burmese. Army (Monster) are putting his foot more strongly every day. He is showing to his followers that the world is with Army. Now they succeed to do so on ASEAN. All of their propaganda is the UN and the world is with us only a few countries are against to Burma and peoples believe for that. It may be a very long walk democracy. All the sanction is not easily approval from the EU, Canada and USA due to long proceed by their parliaments. This is only first step. And it is very effective so therefore BBG Than Shwe demand to Aunty Suu for precondition meeting before sanction come in force. Second sanction will be Ban to use Euro Dollars. Third sanction will come ASEAN to follow sanction or lost trading with EU and USA. That will be big lost for ASEAN because every trading ASEAN has to knee down due to member Burma. Fourth will come Arm ban to Burma. Five if situation is right the bans extend up to sanction against to the trading countries. That mean no in and out imports officially. Even China, India & Russia will not dare to move openly or they will burn their hand.
Third and fourth stage hopefully will get rebelling from young Army commanders they don’t like it. BBG is very busy for arresting peoples (Killing too if nobody see) so half of the present commanders are still there. Actually their heads suppose to roll due to signalled to Maung Aye (Aunty Aye) to take over during crises but Aunty Aye is BBG man so did not move but they got to pay back for that. (But it is too risky for BBG to move action now and take some time). Suffering of the peoples is unavoidable due to the only one group (handfuls of generals). That is their doing. Not sanction. Sanction is a bitter medicine but need to take now or Burma will lose Buddhism. Why because long run without sanction they will come stronger and stronger BUT CRAZY they will poisons or drugs slowly to all good monks and monks will fail on the drugs test. Anti monks propaganda will be there in head line. Remember Monks need to take alms gaily. Due to poisons slowly monks will get sick and will go to jungle. May be they already doing that. (They closed down university about 12 years, officially it is open but you know they are close. What did they do to university students nothing!! Nothing is same as killing). Do you realize what kind of monks will replace? The world needs to stop that and only medicine we got now is SANCTION!!

Unknown said...

Hi,

" don't be trapped under S'pore Policy " He explictly reveal that he wants prosperous burma without changing regime. ( Ref ;VOA news/Japan trip )

If ASEAN do not want Sanction, what is their plan B? They repeatedly said engagement policy since Burma joined ASEAN in 1997. Does it work? If it works, some result we can see now.

Their behaviour of irresponsibility and ignorance of Burmese people is totally unacceptable. They ( S'pre ) again said that they have no leverage power on Generals( So what the hell of engagement, he answer his question byhimself )(ref; Interview with Aljazeera )

Don't forget one true factor : million of ordinary burmese houselhod depends on transfer money from oversea workers.

TO ALL OUR MYOCHIT MYANMAR, NEXT STEP IS TO PREVENT TRADE AGREEMENT B/W ASEAN and EC,THE FORMER AND AMERICA UNTIL ASEAN CHANGE THEIR POLICY

Burmese Gold Bull said...

Perfect wrote, “Here is my answer: “Under this military ruling, Family of Local Township Administrators and Municipal Polices will become “medium tycoons” before our ordinary people become “small tycoons”. Please correct me if I am wrong.”

Dear perfect, as long as there are corruption, nepotism and mismanagement, family of local township… will become tycoons first, the rest will go to the common people. Even if there is Democracy, this will happen. Even if local government is elected, this will still happen. Please take a look at India, Indonesia and Philippines. Corruption is still rampant there and local power is concentrated in the hands of local tycoons.

Corruption and nepotism is in the heart of Asians. It’s the tradition. In Myanmar everybody corrupts, including you and me relatives, be it in government sectors or in private business. It’s the culture.

Mismanagement happens when the leader is incompetent. Junta is incompetent in doing business. But when we have elected local government, we still have the mismanagement. You know who will be elected in your local region if there is election. Do you believe that your local government is at the best position to solve the problems – social and economic? We can no longer depend on the central government to do the day-to-day running for local government. Central government will set the plan and local government has to execute the plan independently. Even if central government is competent, there’ll be mismanagement in local level.

When the government is pro-business, people must be pro-business too. Sometimes central government want execute a plan which they think is good for the whole country, but central government faces the resistance for local government and execution failed.

Just recently in India, local people reject the government plan to build economic zones. This kind of problem will happen in Myanmar too.

What I mean is democracy is not final destination. It’s just the beginning of the long journey. Having democracy only means that we can remove our government at our will if we don’t like them. Other than that there is no meaning in democracy.

Sound governance, sound economic system and social structure is nothing to do with democracy. It all depends on the people. If ordinary people are corrupt and support nepotism, our elected government will practice the same too.

If we remove the government, the next government will also be same too because it’s the people themselves who are corrupt.

pyaesoneperfect said...

Dear Brother Bull,

Though most of your latest comments are not related to "sanction", I do agree with some of your comments.

So long as "Government" care about well living of its population, they have right to do what they deem fit under the rightful law. At least people in those country have chance to re-elect for better management.

Sit Mone said...

Burma has different economic structure unlike many other countries.
One is the economy for the Generals which rely on legal international trading. They received the revenue by selling gas, timber gems and other natural resource to the neighboring countries.
Another way is FDI into Burma. However general put this money into their pocket and they became generals cum multimillionaires , with their offshore account in the countries like Singapore and may be in country like Dubai.
Economic Sanction directly and effectively hit them. Good example is the fall of Tayza Empire!
Normal Burmese rely on the alternative economy. Basic economy is base on Agriculture and majority of Burmese survive with their own Agro Base industries. Another way of getting the money is through the remittance of the foreign hard currencies by the Burmese workers and by the border trade. This kind of trade is the source of income for the majority of the Burmese since Socialist period. International sanction will have no effect on 90% of the normal Burmese.
Those making noise about the Economic Sanctions are
1. Junta and their cronies
2. Those with the poor understanding of international politics and the dynamic of the current Burmese Economy.
Sit Mone

Unknown said...

စီပွားရေပိတ်ဆို့တာကို ထောက်ခံပါတယ်။ ဒါပေမယ့်ခုလောက်လေးနဲ့တော့ နအဖလို လူလိမ်တွေက မမှုပါဘူး

Unknown said...

kwet,

r u stupid to do the conclusion that way?

read some more!

Khin said...

Sanctions never work and will not work..
Democracy happens only in educated and civilized countries.
You cannot beg to have democracy.
You have to fight for it.
Not with arms but with money or workforce.
If you have majority or workers union that can demand democracy , it will happen.
For that your country must be industrialized first.
Democracy is a western idea. it was not born and Asia.
Burmese do not know what they want.
If they get democracy , it will be a long way for peace and prosperity.
Think before you ask.
You will get it but better be ready for it.
meanwhile there are one millionaire a day born in communist China and Chinese peasants are enjoying prosperity and freedom. ( not democracy )
because there is no trade sanctions to China. It is corrupted as well.
Today you can start boycott chinese product if you want democracy in Burma.

pyaesoneperfect said...

Yes, I agreed with Sit Mone.

I also hereby conclude my comments without prejudice that those people having negative views against "sanction" must be -

a) Relatives and "direct or indirect" business partners of "Junta"

b) Not related to "Junta" but know how to make profit out of poor workers and farmers and are doing it.

c) Anyone with good or fair income and do not care about what is happening to the family at next door.

I must say that I am not blaming the peoples of b) and c) above for poor economy.

But if they can't pressurize on group of people at category a) for better economy... why complaint about "sanction"... why don't keep quiet.

"Sanction" is targeted to category a) and nothing to do with category b) and c). I believe b) and c) have ability to make money under any government.

But if you consider yourself under category b) and c) but still do not agree to keep quiet, I have no objection but to put you under category a).

P.S: This is just my personal opinion and does not means to any individual or person.

Unknown said...

To May,

The universal truth is we will never get any chance to be educated and basic human rights under those military generals.

Their top priority is to grab power in any ways and crush every obstacle on thier way. That is why our education system is totally distratous under them. 19 years is more than enough to believe their words " disciplined democracy country "

Me too. I do not like economic sanction. Why it taks too long.I prefer to bring all top generals to International Court.

Moung Yin Aw said...

Absolutely support economic sunction against the military junta, anyway. It is a possible punishing to the junta. Opposing that sunction means supporting the junta.

စိုးဇေယျထွန်း said...

ကျွန်တော်ကတော့ မထောက်ခံပါဘူး ......
မထောက်ခံဖူးဆိုတိုင်းလဲ တဖက်လူလို့ မမြင်စေချင်ပါဘူး ..
ဘာကြောင့်လဲဆိုတာကို ကျွန်တော် အနည်းငယ်ရှင်းပြပါမယ်။

နိုင်ငံတစ်ခုရဲ့ စီးပွားရေး အခန်းကဏဏ္ဍမှာ ပုဂ္ဂလိက အခန်းကဏဏ္ဍ နဲ့ အစိုးရ အခန်းကဏဏ္ဍ ဆိုပြီး အပိုင်းနှစ်ပိုင်းရှိပါတယ်။

အဲဒီမှာ အစိုးရ ပြုတ်ကျရင်ပြီးတာပဲ ပိတ်ကြပါဆို့ကြလို့ အော်နေရုံးနဲ့ အစိုးရက ပြုတ်ကျသွားမှာ မဟုတ်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ပြင်ပရဲ့ ပိတ်ဆို့မှုတွေဟာ အစိုးရကို တိုက်ရိုက် ထိခိုက်စေတာ မဟုတ်ပဲ နိုင်ငံတွင်းမှာ ရှိတဲ့ ပုဂ္ဂလိက စီးပွားရေး အခန်းကဏဏ္ဍ တွေကို တိုက်ရိုက် ထိခိုက်သွားတာပါ။

မြန်မာပြည်မှာ သိကြတဲ့အတိုင်းပဲ ဖြစ်ပျက်နေတဲ့ အခြေအနေအရ စီးပွားရေး မကောင်းရတဲ့ကြားက၊ ပြင်ပက ထပ်ပိတ်မယ်ဆိုရင် ပြည်သူတွေမှာ နဂိုကမှ ရေနစ်လို့ မရူနိုင် မကယ်နိုင်ဖြစ်နေတဲ့ လူတစ်ယောက်ကို ၀ါးထိုးမကူပဲ ၀ါးလုံးနဲ့ ရိုက်သလို ခံစားရပါလိမ့်။

အခုဆိုရင် ကြည့်ဗျာ ............
ဥပမာ တစ်ခုပြောရအောင်

မြန်မာနိုင်ငံမှာ ပဲထွက်တယ်။
လက်ရှိကမ္ဘာပေါ်မှာ ပဲကို အများဆုံး စားသုံးနေတာက အာဖရိက နိုင်ငံတွေ။ မြန်မာက ထွက်တဲ့ ပဲတွေကို ပဲကုန်သည်တစ်ယောက်က ရောင်းမယ်ဆိုရင် စီးပွားရေး ပိတ်ဆို့ထားတာကြောင့် အာဖရိကကို တိုက်ရိုက်ရောင်းလို့ မရတော့ဘူး။

အန္ဒိယကို ရောင်းရတယ်။ အန္ဒိယကနေ အဲဒီပဲတွေကို ပဲခွဲလုပ်ငန်း သန့်စင်တဲ့ လုပ်ငန်းတွေလုပ်ပြီး အဲဒီအာဖရိကကို ပြန်ရောင်းတယ်။

အဲဒီတော့ ကျွန်တော်တို့နိုင်ငံက ကုန်သည်တွေက အာဖရိကက ပေးတဲ့ ဈေးကို မရတော့ဘူး။ အန္ဒိယရပေးတဲ့ ဈေးပဲရတယ်။

တကယ်လို့သာ အာဖရိကကို တိုက်ရိုက်ရောင်းနိုင်မယ်ဆိုရင် ကုန်သည်တွေ ဈေးပိုရမယ်။ အဲဒီတော့ ပဲဈေးပိုကောင်းလာမယ်။ အဲလို ပဲဈေးကောင်းလာရင် ပြည်တွင်းက ပဲကုန်သည်တွေ ပဲစိုက်တဲ့ တောင်သူတွေ ၀င်ငွေပိုလာမယ်။ ပဲကုန်သည်တို့ ပဲတောင်သူတို့ဆိုတာ အစိုးရ စီးပွားရေး လုပ်ငန်းနဲ့ ဘာမှ မသက်ဆိုင်ဘူးနော် တကယ့်ပြည်သူ အစစ်တွေ။

နောက်တစ်ခု ကြည့်ဗျာ
ရေထွက်ကုန်စ္စည်း

ရေထွက်ကုန်ပစ္စည်းမှာဆိုရင် ကမ္ဘာမှာ အကြီးဆုံးဈေးကွက်က ဥရောပပဲ

အခု စီးပွားရေး ပိတ်ထားတယ်။ မြန်မာက ရေထွက်ကုန်တွေရောင်းချင်ရင်။ မယုံရင် အအေးခန်း ကွန်တိန်နာတွေ လာကြည့်ပါ။ Made in Myanamr ဆိုတဲ့ စာသား မတပ်ရပါဘူး။ ကြားမှာ ဘင်္ဂလာဒေ့် နိုင်ငံ ကုမ္မဏီတွေကို ခံပြီး ရောင်းရပါတယ်။
အဲဒီတော့ ကိုယ့်ရမဲ့ ပိုက်ဆံတွေထဲ အမြတ်တွေကို ဘာဆိုင်တဲ့ ဘင်္ဂလားဒေ့်ကို အခြောက်တိုက် သွားပေးနေရတယ်။

ရေထွက်ကုန်ဆိုတာ အစိုးရက ထုတ်တာမဟုတ်ဘူးနော်။ ပင်လယ်မှာ ငါးဖမ်းသမားတွေ ဖမ်းတဲ့ ငါးတွေ။ ပုစွန်တွေ၊ ဂဏန်းတွေ။

နောက်ဆုံး ဥရောပကို ရောင်းမရတဲ့အခါမှာ ရောင်းလို့ရတဲ့ ပေါက်ဖော်ကြီးကို အောက်ဈေးနဲ့ ရောင်းနေရတယ်။
အဲဒါဘာကြောင့် ဖြစ်တာလဲ စီးပွားရေး ပိတ်ဆို့ထားလို့ဖြစ်တာ။
ဘယ်သူတွေ ထိလဲ ပြည်သူတွေကို ထိတာ။

မြန်မာပြည်ကို စီးပွားရေ ပိတ်ဆို့ထားတာ ကလင်တန် လက်ထက်ကတည်းကဗျာ။ အခုဆိုရင် ဂျော့ဘုတောင် သက်တန်းကုန်တော့မယ်။ ထိရောက်လား။

ထိရောက်မှုရှိရင် ကြာပီလေ။ သူတို့ရည်မှန်းတဲ့ အစိုးရပြုတ်ကြတာ။ အခု ဘာလို့ ပြုတ်မကျတာလဲ။ အဖြေကရှင်းနေတာပဲ။ အဲဒီ စီးပွားရေး ပိတ်ဆို့တဲ့ နည်းလမ်းကြီးက လမ်းမမှန်လိုပပေါ့။

အစိုးရ အခုရပ်တည်နေတယ်ဆိုတာ။ ငါးရောင်းပြီး ရပ်နေတာ မဟုတ်ဘူး။ ပဲရောင်းပြီး ရပ်နေတာမဟုတ်ဘူး။ နိုင်ငံခြား ရင်းနှီး မြုတ်နှံကုမ္ပဏီတွေဆီမှာ အခွန်ကောက်ပြီး ရပ်နေတာမဟုတ်ဘူး။

သူတို့တိုက်က အစိုးရကို တိုက်တယ်ဆိုပေမယ့် တကယ်ခံနေရတာ ပြည်သူတွေ။

သူတို့ဘာနဲ့ ရပ်တည်နေတာလဲ .............


သစ်ခွဆိုတဲ့ အပင်မျိုးက သစ်ပင်ကြီး တစ်ပင်ပင်က အဟာရတွေ စုပ်ပြီး ရှင်သန်ကြီးထွားတာ။

သစ်ပင်ကြီးရဲ့ ရေသောက်မြစ်တွေ ဖြစ်ရုံနဲ့တော့ သစ်ခွပင်က သေမသွားဘူး။ ရေသောက်မြစ်တွေကို ဖြတ်ရင် သစ်ပင်ကြီးပဲ အင်အားယုတ်ယော့သွားမှာ။

သစ်ခွကတော့ သူလို့တဲ့ အဟာရကို သစ်ပင်ကနေ စုပ်နေဦးမှာပဲ။

သစ်ခွကို သတ်ချင်တာနဲ့ သစ်မြစ်တွေ အားလုံးဖြတ်လိုက်ရင်.............

အရင်သေမှာက သစ်ခွမဟုတ်ဘူးနော်

အရင်သေမှာ သစ်ပင်

သစ်ခွ သေအောင် သစ်ပင်ကို သတ်ရပါဆယ်ဆိုရင်တော့ သဘ၀မကျဘူးလို့ ထင်တယ်