Sunday 4 May 2008

မုန်တိုင်းနှင့် စဉ်းစားမိရာ

မုန်တိုင်း မြန်မာပြည်ကိုဝင် သွားတာ တော်တော့်ကို ထူးဆန်းတယ်လို့ ခံစားမိပါတယ်။ အောက်ပါပုံကို ကြည့်ရင် ထူးဆန်းမူကို တွေ့ရမှာပါ။

မုန်တိုင်း စတင် ဖြစ်ပွားရာနေရာကနေ မုန်တိုင်း ဦးတည်ရာကို ကြည့်ရင် ထုံးစံအတိုင်း မုန်တိုင်းဟာ မြောက်ဖက် တည့်တည့်ကို ဦးတည်သွားနေတာကို တွေ့ရမှာပါ။ အဆိုပါ မြောက်ဘက်သို့ ဦးတည်နေရာကနေ မုန်တိုင်း လမ်းကြောင်းဟာ နာရီလက်တံ လမ်းကြောင်းအတိုင် အရှေ့ဘက်ကို စူးစူး ၁၀၀ ဒီဂရီ(N100'E) ခန့် ချက်ခြင်း လမ်းပြောင်းသွားတာကို တွေ့ရမှာပါ။

တစ်စုံ တစ်ယောက်ယာက်က လက်နဲ့ဆွဲပြောင်း လိုက်သလို လမ်းကြောင်းဟာ မြန်မာနိုင်ငံထဲကို ဦးတည်သွားခြင်းဖြစ်ပါတယ်။

မြန်မာ့ ပထဝီ မြေ အနေအထားအရ မုန်တိုင်းဟာ မြန်မာပြည်ထဲကို အခုလို တည့်တည့်ဝင်ဖို့ အင်မတန် ခက်ပါတယ်။ ........ အခုလို မဖြစ်နိုင်တာကြီးက ဘာကြောင့် တည့်တည့် ဝင်လာရတာလဲ..... ရန်ကုန်မြို့ကိုမှ ဘာကြောင့် ဦးတည်ဝင်ရတာလဲ ......ဘာကြောင့် အခုလို ရက်မျိုးမှာ ဝင်ရတာလဲ .... မေးခွန်းတွေ အများကြီးပါ။

ဖြစ်နိုင်ချေတွေကတော့ ...

၁။ သီတဂူ ဆရာတော်ကြီးဟောတဲ့ လူမိုက်တို့ရဲ့ သွားရာလမ်းတရားတော်ထဲကလို သူတော်ကောင်းတွေကို ပြစ်မှားတဲ့ မြန်မာနိုင်ငံကြီးက ပျက်စီးစေဖို့ လမ်းကြောင်း စတင်နေပြီလား

၂။ ရန်ကုန်မြို့မှာ သံဃာ့သွေးတွေ ပေနေတာကို ဆေးကြောဖို့ တမင်သက်သက် ဝင်လာတာလား

၃။ မေလ (၁၀) ရက်နေ့ မှာ လုပ်မယ့် ဆန္ဒခံယူပွဲမှာ သွေးထွက်မှုတွေ အတော်များများ ဖြစ်မှာစိုးလို့ မလုပ်ဖြစ်အောင် တားဆီးဖို့ ဝင်လာတာလား

ဖြစ်နိုင်ချေတွေကို တွေးကြည့်တာပါ။

မုန်းတိုင်းနောက်ပိုင်း ဖြစ်လာမယ့် ဆိုးကျိုးတွေကလည်း မနည်းပါဘူး။ ရောဂါတွေ ဖြစ်နိုင်ပါတယ်။ စီးပွားရေးတွေထိခိုက်တာကြောင့် လုပ်ငန်းတွေ လည်ပတ်တာ ရပ်ပြီး လူတွေ ဒုက္ခရောက်နိုင်ပါတယ်။
အဆိုးဆုံးကတော့ ... ဧရာဝတီတိုင်းကို ပျက်စီးစေခဲ့တာပါပဲ။

မြန်မာနိုင်ငံရဲ့ စပါးကျီကြီး ပျက်သွားတာပါ။ ဒီနှစ် ကမ္ဘာမှာ ဆန်ရှားလို့ ပြဿနာတွေ ဖြစ်နေတာ အားလုံး အသိပါပဲ။ တိုင်းပြည်ရဲ့ အရန် ဆန်တွေကို တွေးတောဆင်ခြင်မူ မရှိပဲ နအဖက နိုင်ငံခြားကို ရောင်းစားထားခဲ့လို့ သိပ်ကျန်နိုင်မယ်တောင် မထင်ပါဘူး။ အခု မုန်တိုင်းဝင်လိုက်တော့ တိုင်းပြည် လက်ကျန်ဆန် ကုန်သွားသလာက်အထိ ဖြစ်သွားနိုင်တယ်လို့ ထင်ပါတယ်။

ဆန်ဈေးကြီးတာ မဟုတ်ဘဲ ဆန်မရှိတဲ့ ဒုက္ခကို နောင်တနှစ် ဆန်ပေါ်တဲ့အချိန်အထိ ပြည်သူတွေ အငတ်ဘေးနဲ့ရင်ဆိုင်နိုင်စရာ ဖြစ်လာပါတယ်။ အစိုးရက ဆန်ပြန်ဝယ်ပြီး ပြည်သူကို ကျွေးဖို့ ငွေ ရှိပါ့မလား။ ငွေရှိတာတောင် အခြားတိုင်းပြည်တွေက ရောင်းပါမလား။ ငွေမရှိရင် ... ဒါမှမဟုတ် ... မရောင်းရင် ပြည်သူတွေ ငတ်ပါလိမ့်မယ်။ ဒါဆို ဘာတွေ ဖြစ်လာမလဲ ..... ။

ဒါကြောင့် သီတဂူဆရာတော်ကြီးဟောတဲ့ လူမိုက်တို့ သွားရာလမ်းတရားတော်ဟာ ပုံစံပြောင်းပြီး မြန်မာနိုင်ငံတော်ကြီးမှာ စတင်နေပြီလား တွေးမိရင်း ကိုယ်ထိလက်ရောက် ကာယကံ၊ ဝစီကံ၊ မနောကံတွေနဲ့ ကိုယ်တိုင် ပြစ်မူကို ပါဝင် ကျူးလွန်မိတဲ့ လူတွေကိုယ်စား ရင်လေးမိနေပါတော့တယ်။

လေးစားစွာဖြင့်
ကိုထိုက်

20 comments:

Burmese Gold Bull said...

hi ko htike..

thanks for ur article. but im amused to read your reasons of why the strom went into Burma. your reasons are based on fake knowledge and pseudo science.

in the coming democratic society, we should not have rooms for that kind of reasoning.

pls be careful.

Burmar 1988 said...

နာဂစ် မုန်တိုင်းကို မြန်မာပြည်တွင်းသို့  ဆွဲလှည့်သူမှာ ကနေဒါနိုင်ငံတွင် ဒီမိုကရေစီဘက်တော်သားအဖြစ် ဖြင့် နိုင်ငံရေးခိုလှုံကာ ထောက်ပံ့ကြေးတောင်းစား နေသော ကိုဇော်မျိုှးုံ ဖြစ်ကြောင်း ကြားသိရပါသည်။

kay kay said...

Very nice Article...Cheers mates

Unknown said...

People know about your reasoning. Please be careful when you are dealing a very important news.

Unknown said...

သူတို့ ပထွေးကို ထိတော့၊ နာတတ်လိုက်ကြတာ။ ရှေးလူကြီးများစကားအမှတ်ရလိုက်တာ။

U NU OF BURMA said...

သိကြားမင်းက ရက်စက် ရိုင်းစိုင်း ယုတ်မာကောက်ကျစ်တဲ့နအဖကို စိတ်ဆိုးအပစ်ယူသလို
ကိုယ်ကျိုးစိုးယိမ်ကဲပြီးအိစိအိစိနဲ့  ယောင်နေတဲ့ဗမာပြည်ကိုလဲ နဲနဲ နှာကောက်ပြီးရောရမ်းလိုက်ပုံရတယ်။အခြင်းခြင်းမညီ
ကြတာကိုလဲတေးထားပုံရတယ်။
နောက်တခါ နေပြီတော်က ဥသျှောင်ရိပ်သာကိုမိုးကြိုးမုန်တိုင်းဆင်ပါလို့ သကြားမင်းကို e-mail ကမ်ပိန်းလုပ်ရအောင်။

သတိ said...

ဟ.. ဘယ်လိုလဲဗျာ.. ကိုထိုက်ဘာတွေဖြစ်နေတာလဲ.. ဒီလို ခပ်ပိန်းပိန်းကြီးတွေ စဉ်းစားရေးနေတာ မပဲ့ဘူးလားဗျ.. ဒီလိုသာဆိုရင်တော့ ဦးနှောက်စားစရာတွေ ရှိလာပီဗျ.. ခုလိုမျိုး မုန်တိုင်းကြီးကို ဖြစ်လာတာဟာ ပယောဂတွေ ပါတယ်ပေါ့ဆိုရင် တသက်နဲ့တကိုယ် ရှားရှားပါးပါး ခုမှဖြစ်တာဆိုတော့ အရင်တုန်းက အစိုးရက ကျင့်ဝတ်နဲ့အညီ အုပ်ချုပ်လို့များ မဖြစ်တာလား.. ကမ္ဘာမှာ ကြည့်ရင်လည်း သဘာဝအန္တရယ် နဲတဲ့နိုင်ငံဆိုတော့ ဟားဟား.. ဟေ့လူ.. ကျွန်တော်တို့ အစိုး၇ကြီးက ကမ္ဘာ့အကောင်းဆုံး အစိုးရဆိုပီး ထဲ့ထားပေးရမှာလား.. အရင်တုန်းက သူတို့နေတုန်းက ဘာမှမဖြစ်ပဲ ခုရွှေ့သွားမှ ဖြစ်တာဆိုတော့ ကြည့်ရတာ လူမိုက်တွေကို အပြစ်ပေးချင်တာတောင် သူတို့ဘုန်းကံနဲ့ ဘာမှမလုပ်ရဲပဲ ခုမှ လွတ်လွတ်ကျွတ်ကျွတ် ၀င်တီးတာနဲ့တူတယ်.. စိတ်ပိန်တယ်.. ဘလော့ ထောက်ပံ့ကြေးရထားတဲ့ ကိုထိုက်ဟာ ဆောင်းပါးတွေ ရေးပီး အသက်ဝင်အောင် ကြိုးစားတင်နေရမှာကို နားလည်ပါတယ်.. အားလည်းပေးတယ်.. ဒါပေမဲ့ ဒီလို ပိန်းတာမျိုးတွေ.. ပီးတော့ ထောက်ခံမဲထည့်ရင် ကံကြီးထိုက်မယ်ဆိုတဲ့ ပြည်သူကို ကျိန်စာတိုက်တဲ့ ဂယောင်ဆောင်းပါးတွေတော့ မရေးနဲ့ပေါ့ဗျာ.. posted by ko htike ဆိုတဲ့ နာမည်ကြီး အောက်မှာထားပီး အပေါ်ကရေးထားတဲ့ စာသားတွေ ဖတ်ရတာ ကာယကံရှင်တော့မသိဘူး ကျွန်တော်တော့ တစ်ခါတစ်လေ မျက်နှာပူတယ်ဗျ.. ရေးစရာမရှိရင် သတင်းပဲတင်ပေါ့ဗျာ.. ကိုထိုက်ဘလော့ရဲ့ သတင်းမြန်ဆန်မှုက ရှယ်ပဲဟာ.. ပီးတော့ မှန်မှန်မှားမှား အဲဒါက တာဝန်ယူစရာလဲ သိပ်မလိုဘူးလေ..
ဒါမျိုးတွေတော့ ထပ်မလာပါနဲ့ဗျာ.. တော်ကြာမိုးနတ်မင်းက မဟုတ်တရုတ် သူ့ကိုစွပ်စွဲရမလားဆိုပီး ကိုထိုက်ကို မုန်တိုင်းနဲ့ တီးနေဦးမယ်.. ဟားဟား..

pyaesoneperfect said...

For someone who talk about science and pretend to be an only knowledgeable one on earth, you are free to have your own opinion but please do not criticize others. Please be cautious.

Please go back and read the post carefully, Ko Htike has clearly stated the word “POSSIBILITY”. Moreover, are you trying to deny that what was happened in Irrawaddy Division will not have any effect on our ordinary people sooner or later? Or, someone is expecting that Junta will do all necessary recuperation and save our people.

Why it was not happened during last 40 years? Let me ask you one question, is the situation today is any better than past 40 years. Are our people having enough time to do prayer for well being and safety of all living beings? No. Instead, they are struggling for their daily foods and expenses. Why and who did it? Who is making things so difficult for these lives?

Please be considerate while you are writing on someone’s blog and prevent not to assault other’s personal life. I, myself do not agreed 100% on this article but it is personal opinion and what he mentioned as “Possibility”.

Ko Htike – no matter how those people said base on whatever visions they have in their mind, please continue with your hard work.

သတိ said...

တယောက်ယောက်လို့ပဲရေးပီး နာမည်မတပ်ပေမဲ့ ကိုယ့်ကိုဖဲ့တာမှန်းသိလို့ ပြန်ရေးလိုက်ပါတယ် ကို”လား မ”လားမသိတဲ့ ပြည့်စုံရေ.. ”ဖြစ်နိုင်ပါတယ်.. ယူဆနိုင်ပါတယ်.. ဟုတ်နိုင်ပါတယ်..” ဆိုပီးတော့ ထင်ရာမြင်ရာ ဘာမှအထောက်အထားမရှိ ပလိန်းကြီး ရေးနေတာကိုများ ရှယ်တယ်လို့ယူဆပါသလား.. ကိုယ်ထင်ရင် ကိုယ့်ဘာသာ ယူဆလို့ရပါတယ်.. အများပြည်သူသိအောင် ဖတ်တဲ့နေရာမှာ ထင်ရာမြင်ရာ ဂယောင်လုပ်ပီး ရူးချင်ရောင်ဆောင် ရေးလို့မရပါဘူး..

ပီးတော့ ဘာတဲ့.. ဧရာဝတီတိုင်းသားတွေ ဘုရားတရားလုပ်ချိန်တောင်မရလို့ မုန်တိုင်းကြုံရသတဲ့.. ဘုရားတရားဆိုတာ ဒုက္ခရောက်ချိန်မှာ ပိုသတိရတတ်တာ လူ့သဘာဝပဲဗျ.. အဲ.. ဘုရားလေးရှိခိုးချိန်တောင် မရဘူးဆိုတော့ အင်း.. မြန်မာလူတွေ အချိန်တွေကို အလကားဖြုန်းတီးနေရတယ်.. အလုပ်ကိုင်အခွင့်လမ်းတွေ ရှားပါးနေတယ်ဆိုတာ ကောလဟာလအာပလာပြောနေတယ်များ ပြောချင်လို့လား.. ပီးတော့ ဘုရားကလည်း ငါ့ကိုပူဇော်ရင် ဒုက္ခအားလုံး လွတ်စေသတည်းလို့များ မဟောခဲ့ပါဘူး..

အမြင်မတော်ရင် သူတောင်လူသိထင်ရှား တက်ပေါရဲသေးတာပဲ.. ကိုယ်လဲ လူသိရှင်ကြား တက်ကောရမှာပေါ့.. ဟားဟား.. ကိုယ့်ဘက်ကလူ ရေးတာပဲဆိုပီး 100% သဘောမတူတဲ့ ကိစ္စကိုတောင် ထင်တာလေး ဖြစ်နိုင်တယ်ဆိုပီး ရွှီးတာပဲလေလို့ ခွင့်လွှတ်ကာဗာလုပ်ပေးတဲ့အထဲမှာ ဒီမောင်မပါဘူး..

ညစ်တယ်ဗျာ.. လူသေသွားတာ သောင်းချီနေပီဗျ.. မတုန်လှုပ်ဘူးလား.. heart ထိသလားမမေးနဲ့.. ကိုယ့်မြန်မာတွေ ဒီလောက်ဖြစ်တာ နေလို့တောင်မရဘူး.. ခံစားရတာ ရင်ပတ်တစ်ခုလုံးပဲ.. ဒီအချိန်မှာ ဘာမှ တခြားခပ်ကြောင်ကြောင် အတွေးတွေနဲ့ ဟိုလူအပြစ်တင် ဒီလူအပြစ်တင်နဲပ ဂယောင်ခတ်နေတာ လက်မခံဘူး.. အကျိုးကြောင်းခိုင်လုံရင် လျှော်ပေးလို့ရသေးတယ်.. ခုတော့ဗျာ..

ထပ်မပြောဘူး တော်ပီ..

Unknown said...

"ညစ်တယ်ဗျာ.. လူသေသွားတာ သောင်းချီနေပီဗျ.. မတုန်လှုပ်ဘူးလား.. heart ထိသလားမမေးနဲ့.. ကိုယ့်မြန်မာတွေ ဒီလောက်ဖြစ်တာ နေလို့တောင်မရဘူး.. ခံစားရတာ ရင်ပတ်တစ်ခုလုံးပဲ ...."

လွန်ခဲ့တဲ့အနှစ်၄၀ ကစပြီး ကိုယ့်မြန်မာတွေ ခံစားနေရတာတော့ နေ လို့ ရနေသလား။ ၈၈၈၈ နဲ့ ၂၀၀၇စက်တင်ဘာ မှာ ဘုန်းကြီးတွေ၊ ကျောင်းသားတွေ၊ လူတွေ အသတ် ခံ ရ တာ ကာ ရင် နာ မိ ရဲ့ လား ခင်ဗျား၊ မသိလို့မေးတာပါ။ အဲ ဒီ တုံး က ရော ဒီ လို ဘဲ ခံ စား တတ် ရဲ့ လား ဗျာ။ ကျုပ်ပထွေးက သတ်တာမို့ ရင်မနာမိပါလို့ ဖြေအုံးမလား။ ဪဒုက္ခ၊ အခုမှဘဲ ကိုယ့်မြန်မာ တွေကိုသနားပေါ်ရတော့တယ်။ ကောင်း ပ ဗျာ ချီးကြွေး အဲယောင်လို့ ချီးကြူးစရာပါဘဲ။

ယောနသံစင်ရော် said...

ကိုထိုက်ရေ .. လူမိုက်တို့ရဲ့ သွားရာလမ်းဆိုလည်း ဘာလို့ နေပြည်တော်မှာ ဒီမုန်တိုင်းက မသွားတာလည်းဗျာ.. ကိုထိုက် က ဒီလို ဘလော့ဂ် ထဲမှာတင်တော့ အပြစ်မဲ့ ခံရတဲ့ ပြည်သူတွေဖတ်မိရင် စိတ်တောင်ကောင်းမယ်မထင်ဘူး ။ ကျွန်တော်တို့ ပြည်သူတွေမှာ နအဖ လုပ်သမျှလည်း ခံ ။ သဘာဝဘေး လည်းခံနေရတာတောင် ကိုထိုက် ရဲ့ စာကိုသာဖတ်ရရင် သူတို့ကို လူမိုက်တွေလို့ပြောသလို ဖြစ်နေတာကို ဘယ်လိုမှစိတ်ကောင်းနိုင်မယ် မထင်ဘူးဗျာ....

pyaesoneperfect said...

Someone sounds like Myanmar Information Minister. Not sure what is exactly happening and what is the meaning of a case, but just shouting whatever he think. Hope you know who you are now. This is end of my argument with you.

We all have our own eyes and hearts. It is not about the number of lives paid for, it is about value of each and every life. Like you, like me, like all of us.

Unknown said...

အခုလိုအဖြစ်ဆိုးကြီးနဲ့မကြုံစဖူးကြုံတွေ့ကြရတဲ့မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတို့ကိုယ်စိတ်နှစ်ပါးအေးချမ်းတဲ့ဘ၀ကိုအမြန်ဆုံးပြန်လည်ရရှိနိုင်ပါစေ။ကပ်ကြီးသုံးပါးတို့မှလွတ်နိုင်ကျော်နိုင်ကြပါစေ။ရန်သူမျိုးငါးတို့ဘေးမှကင်းဝေးနိုင်ကြပါစေ။ဒုက်ခဆင်းရဲအပေါင်းတို့မှငြိမ်းအေးနိုင်ကြပါစေ။ဘေးရန်ကြောင်းကျဆင်းရဲကင်းနိုင်ကြပါစေ။မြန်မာနိုင်ငံသားတို့ကိုယ်ကျင့်တရား၌တည်ကာသီလမြဲနိုင်ကြပါစေး။ကောသလမင်းကြီး၏အိမ်မက်အတိတ်နမိတ်တို့၏နိဂုံးပိုင်းသို့အမြန်ဆုံးရောက်ရှိနိုင်ပ်ါစေ။လူလူချင်းစာနာထောက်ထားနိုင်ကြပါစေ။နိုင်ငံတကာမှအကူအညီများလိုအပ်နေသောလူထု၏လက်ထဲသို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်နိုင်ကြပါစေ။

မင်းလောင်းပေါ်

kay kay said...

Ko Htike...now you must be enjoying "Kronenbourg"...

Goldie Shwe said...

UN Secretary General Ban Ki-moon said he was "very much alarmed" by news of the high death toll, vowing that the world body would "do whatever (necessary) to provide urgent humanitarian assistance."

And many other Governments around the world pledged help for a country that has more often earned the ire of the international community, not least for keeping democracy icon Aung San Suu Kyi in detention for much of the past two decades.

Even the United States, which tightened sanctions on Myanmar in the wake of a crackdown on anti-junta protests last year, in which the UN says 31 people were killed, offered emergency aid and put a disaster response team on standby. (full report)

The European Union released two million euros (three million dollars) in initial emergency aid. Germany, India, Japan, Norway and Sweden also quickly pledged to help.

Thailand has announced it is flying in a transport plane loaded with nine tonnes of food and medicines and India is sending two naval ships carrying food, tents, blankets, clothing and medicines.

But where is Than Shwe , the head of the state and his SPDC (state peace and development council) members? Perhaps too busy ordering soldiers, paid for by the people of Burma, to guard their enormous mansions and other personal properties?

Unknown said...

TharKo, if you don't like this article, just forget it and don't come back here again. This is not a place for people like you, because you don't have an intelligent brain.
Can't you read and understand myanmar language? Don't you have enough reasoning power?

This article only deals with possibilities. Can't you see there are possibility 1, 2 and 3. Do you think they are true? Do you know what does possibility mean? It means that you will possibly be dead by tomorrow morning. You s**t head bastard.

Possibilities to become the truth, they must show reasonableness and must hold prove. You can still be one of my dogs as long as you have narrow mind.

kay kay said...

သားကို..is "Russian" or "SPDC" b #$%@ l sucker...
please excused my words...:P

အိုးဝေအောင် said...

ကိုထိုက်
ငါ့ညီစဉ်းစားမိသလို ကိုယ်လည်း မေ၃ရက်နေ့ ကစဉ်းစားမိလို့ ရေးခဲ့သေးတယ်။
သီတဂူဆရာတော်ရဲ့ တရားတွေက ဗုဒ္ဓဟောခဲ့တဲ့
တရားတွေကို ထပ်ဆင့်ပြောပြတာပဲ။ မင်းထောက်ပြသလို
ကိုယ်လည်း အပြည့်အ၀ထောက်ခံတယ်။ တရားတော်ကို ယုံကြည်တယ်။ အကုသိုလ် ကံကြီးထိုက်သူတွေ ဖြစ်တဲ့ နအဖ အပေါင်းအပါတွေဆီကို တူသောအကျိုးပေးတွေက
လာမှာကျိန်းသေတယ်။ အခုချက်ချင်းသူတို့ မခံရသေးဘဲ
အပြစ်မဲ့ ပြည်သူတွေ ခံသွားရတာဟာ အဘိဓမ္မာ တရားတော်အရ ၊ ပြစ်မှုကျုးလွန်သူတွေက လောလောဆယ် ကုသိုလ်ကံအကျိုးပေးအရှိန်လေးတွေကျန်သေးလို့ ကျန်နေသေးတာဖြစ်ပြီး၊ ကုသိုလ်ကံအကျိုးပေး နိမ့်ကျနေကြရှာတဲ့ အပြစ်မဲ့သူတွေထံ ၊ကျရောက်လာတဲ့
အကုသိုလ်အကျိုးပေးတွေက အာသန္နကံ သတ္တိအဖြစ်
မုန်တိုင်းဒဏ်ခံလိုက်ကြရတာဖြစ်တယ်။
သီတဂူဆရာတော့်တရားထဲကအတိုင်း ဖာသည်မကရသေ့ကြီးကို တံတွေးနဲ့ ထွေးတယ်။
အကုသိုလ်ကံကချက်ချင်းအကျိုးထမပေးသေးဘဲ
ရာထူးပြန်ရစေတဲ့ ကုသိုလ်ကံ အကြွေးက ထ အကျိုးပေးလိုက်သေးတဲ့အတွက် ဖာသည်မ မာန်တက်သွားတယ်။သူတံတွေးနဲ့ထွေးခဲ့တဲ့ကာယကံ အကုသိုလ်အမှုကို မကောင်းမှုလို့ မမြင်တော့ဘဲ။ သူလုပ်သလို လူတိုင်းကို လျှောက်ထွေးခိုင်းတယ်။
သိသူရော။မသိသူရော အကုသိုလ်အမှုကို တပျော်ကြီး ပြုမိမှားကြတယ်။ ကုသိုလ်ကံအရှိန်တွေတဖြည်းဖြည်းကုန်လာတော့ နတ်တွေက ကောင်းကင်ကနေ ရတနာတွေ ကျဲချပေးရာက ၊နောက်ဆုံး တဖြည်းဖြည်းနဲ့ သေစေနိုင်တဲ့ မီးကျီမိုး။ဓါးမိုး၊လှံမိုး၊လက်နက်မိုးတွေ ရွာချလာပြီး ၊ သက်ရှိတွေကို သေကြေကြစေတဲ့အထိ
အကုသိုလ် အကျိုးဆက်ခံခဲ့ရတာ တကယ်ပဲမဟုတ်လား။
အခု နအဖသန်းရွှေတို့ ဟာ မပြစ်မှားသင့်တဲ့ သံဃာတွေကို ကာယ၊၀စီ၊မနော အပြစ်ကံတွေနဲ့ ပြစ်မှားမိခဲ့ပြီူပြီး။တောင်းပန်ရင် အပြစ်လျှော့စရာရှိပေမယ့်။မထူးဇာတ်ခင်းလို့ သံဃာတွေ သွေးမြေကျသည်အထိ ၇က်စက်ခဲ့ကြပြီးပြီ၊ ကြီးမားတဲ့ အကုသိုလ် ကံကြီးထိုက်ခဲ့ပြီ။ သင်္က်ြန်ပြီးတာနဲ့ နတ်ဒေ၀ါတွေရဲ့  စစ်ဆင်ရေးက စလာပြီလို့ ပြောလို့ ရနေပြီ။ဒါ အစ ပထမမို့  ၊ ကုသိုလ်ကံအရှိန်လေးရှိနေသေးတဲ့ သန်းရွှေတို့ အဖွဲ့ နေတဲ့နေရာကို တိုက်ရိုက် အကျိုးမပေးသေးတာဖြစ်တယ်၊အကုသိုလ် ကံကြွေးတွေ ရှိနေသေးတဲ့ အပြစ်မဲ့သူတွေ မုန်တိုင်းဒဏ်ခံလိုက်ရတာဖြစ်တယ်။ နောက်ထပ်လာမယ့် မမြင်အပ်။မကြံစီအပ်တဲ့ စိတ်နယ်လွန် ဖြစ်ရပ်ဆန်းတွေ။ သဘာဝဘေးအန္တရာယ်အသွင်နဲ့ လာမယ့် အကုသိုလ် အကျိုးဆက်တွေဟာ သန်းရွှေတို့ ကံကြီးထိုက်သူတွေထံ
တိုက်ရိုက်သွားတော့မှာဖြစ်တယ်။ မိုးကြိုးပစ်မှ ထန်းလက်နဲ့ ကာချိန် မရှိတော့ပါ။ နေပြည်တော်မှာမြေငလျင်လှုပ်။မြေပြိုမြေမျိုမယ့်သတင်းတွေ
ကြား၇တော့မယ်။ လူမိုက်တို့ သွားရာလမ်းဟာ ဒေ၀ဒတ်သွားတဲ့ အ၀ီစိလမ်းကလွဲလို့ တခြားလမ်းပြမြေပုံမရှိတော့ပါဘူး ငါ့ညီကိုထိုက်ရေ။
မင်းစဉ်းစားချက်ကို ထောက်ခံတယ်။ သီတဂူဆရာတော့တရားကို လေးနက်မှု ရှိအောင် ပြန် တင်ပေးပါ။ပြန်နားထောင်ချင်ပါတယ်။ နာဖူးထပ်မံ ဆိုရိုးအတိုင်းပေါ့ ။ စောင့်နေမယ်။

Unknown said...

"Forecasters began tracking the cyclone April 28 as it first headed toward India. As projected, it took a sharp turn eastward, but didn't follow the typical cyclone track in that area leading to Bangladesh or Myanmar's mountainous northwest."

"The easterly component of the path is unusual," Jeff Masters said. "It tracked right over the most vulnerable part of the country, where most of the people live."

http://www.msnbc.msn.com/id/24526960/

Anonymous said...

et正妹牆etwalls com麗的色遊戲et正妹牆etwalls comet正妹牆etwalls comet正妹牆etwalls comet正妹牆etwalls comet正妹牆etwalls comet正妹牆etwalls comet正妹牆etwalls comet正妹牆etwalls comet正妹牆etwalls com正妹牆麗的色遊戲正妹牆正妹牆正妹牆正妹牆正妹牆正妹牆正妹牆正妹牆正妹牆女優王國麗的色遊戲女優王國女優王國女優王國女優王國女優王國女優王國女優王國女優王國女優王國色情遊戲麗的色遊戲