Saturday 24 May 2008

" အပြုသဘောဆောင်သော ယုံကြည်ခြင်းများမှ မြန်မာပြည်၏ သာယာဝပြောသော ပကတိအရင်းခံ ငြိမ်းချမ်းရေးဆီသို့ "

၂၃ရက် ၅လ ၂၀၀၈ မုန်တိုင်းတိုက်ခတ်အပြီး ရက်၂၀အကြာမှာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ဆီက နိုင်ငံအကာအကူအညီတွေကိုလက်ခံတော့မယ် ဆိုတဲ့ ၀မ်းမြောက်စရာစကားကို မစ္စတာဘန်ကီမွန်းက ကြေညာနိုင်ခဲ့ပြီး ကုလသမဂ္ဂနဲ့ သူ့ ရဲ့ အရေးပါတဲ့အခန်းကဏ္ဍကိုပြသနိုင်ခဲ့ပါပြီ။

ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ အပြုသဘောဆောင်တဲ့ခြေလှမ်းတရပ်အဖြစ် ကျွန်တော်တို့ ယူဆသင့်တယ်လို့ ထင်ပါတယ်။ ပြည်သူတယောက်အနေနဲ့ လည်းကြိုဆိုပါတယ်။ အလားတူပဲ ဆယ်စုနှစ်ပေါင်းများစွာ တစ်ဖက်နဲ့ တစ်ဖက်ငြင်းခုံ၊အယူအဆကွဲလွဲ ကာ၊ အဖြေရှာမရ ထွက်ပေါက်မဲ့နေတဲ့ မြန်မာနိုင်ငံအတွက် အမှန်တကယ်၊ တစ်ဦးပေါ်တစ်ဦး ယုံကြည်ခြင်း နှင့် အတူငြိမ်းချမ်းရေးကိုပြန်လည်ရှာဖွေတည်ဆောက်ဖို့ လမ်းကြောင်းသစ်တခုပေါ်ပေါက်လာအောင် လက်တွေ့ ကြိုးစားသင့်တဲ့ အချိန်ဖြစ်ပြီး၊တွေ့ ဆုံဆွေးနွေးညှိနိင်းအဖြေရှာရေးဆိုသော ရလဒ်ကောင်းတခု ပေါ်ပေါက်လာဖို့ ဝိုင်းဝန်းကြိုးစားနိုင်ကြမယ်လို့ လည်းယုံကြည်မျှော်လင့်မိကြောင်းတင်ပြလိုပါတယ်။

လက်ရှိအာဏာပိုင် ဗိုလ်ချုပ်ကြီးတွေအနေနဲ့  ဒီအခြေအနေပေါ်ကနေ တိုင်းပြည်ကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုပြန်တည်ဆောက်
မလဲဆိုတာ စဉ်းစားသင့်ပါပြီ။ နိုင်ငံသား တယောက်အနေနဲ့ ဆန္ဒအမှန်နဲ့ အဖြစ်သင့်ဆုံးကိုပြောရရင် အာဏာပိုင်များဟာယခုနိုင်ငံတကာကို ယုံကြည်လက်ခံမှုပေးသလိုမျိုး၊ ကိုယ့်ပြည်တွင်းကလူတွေနဲ့ ဆက်ဆံရေးမှာလည်း ယုံကြည်မှုပေးဖို့ ဖြစ်သင့်ဖြစ်ထိုက်သော အခြေအနေကို ညှိနိုင်းကာ
ပြောင်းလဲပြင်ဆင်ပေးဖို့ တာဝန်လည်းရှိပြီး၊ ထိုသို့ သော ပြောင်းလဲရမယ့်တာဝန်ကိုအလျှင်အမြန် ဆောင်ရွက်ဖို့  အလိုအပ်ဆုံးနဲ့  အကောင်းဆုံးအချိန်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။

ထိုအတွက်ကြောင့် နိုင်ငံသား၊တိုင်းရင်းသားပြည်သူတစ်ယောက်အနေနဲ့ မင်မိတာ၊ သိမိတာကတရားဥပဒေကြောင်းအရ လွတ်မြောက်ရတော့မယ့် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်တိုးမြှင့်ထိမ်းချုပ်ခြင်းမှရုပ်သိမ်းပြီး ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲကာ အမျိုးသားရေး ကိစ္စ ဖြစ်တဲ့ မုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးကို အတူစတင် လုပ်ဆောင်ရင်းမှ နိုင်ငံအရေးအဆင့် ပူးပေါင်းလုပ်ဆောင်ခြင်းထိတဆင့်ခြင်း လျှင်မြန်စွာ တက်လှမ်း လုပ်ဆောင်သွားနိုင်လျှင် အကောင်းမွန်ဆုံးဖြစ်လိမ့်မယ်လို့ မျှော်လင့်မိ ပါတယ်။ ထိုအတူကျန်တဲ့နိုင်ငံရေးအကျဉ်းသားများကိုလည်း အမြန်ဆုံးလွှတ်ပေးပြီး နိုင်ငံပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အတူတကွဆောင်ရွက်ကြခြင်းဖြင့် တဦးနဲ့ တဦး ယုံကြည်မှုကိုတည်ဆောက်ကာ၊ လက်ရှိအာဏာပိုင်များအနေနဲ့ နိုင်ငံကောင်းကျိုးကို မည်မျှ ပြင်းပြစွာဆန္ဒ ရှိကြောင်း မြန်မာသိ၊ကမ္ဘာသိဖြစ်အောင်ပြသသင့်ပါတယ်။

ထိုအကြောင်းရာမှာ လက်ရှိအာဏာပိုင်များက လုပ်ဆောင်ရမည့်အပိုင်းဖြစ်သလို၊ သက်ဆိုင်ရာ နိုင်ငံရေး အဖွဲ့ အစည်းများကလည်း မိမိတို့ ရဲ့ တိုင်းပြည်ပေါ်တွင်ထားသော စိတ်ရင်းစိတ်ခံကို ညီအစ်ကိုမောင်နှမသဖွယ် ပြသသင့်တဲ့ အချိန်လို့ မြင်ပါတယ်။ ဒီနေရာမှာအငြင်းပွားမှုတွေ အဆင်မပြေမှုတွေကို ခဏမေ့ထားပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ တရားဝင်ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးကို အဓိကတောင်းဆိုကြဖို့ လိုပါတယ်။ ဒီလိုလက်တွဲလုပ်ကြည့်ရင်းနဲ့  ညီညွတ်မှုတခုကို တည်ဆောက်ယူပြီး အဲဒီကမှတဆင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီပေါ်ပေါက်ရေးဆိုတဲ့ အဆင့်တွေကို တက်လှမ်းသွားသင့် ကြောင်း အကြံပြုတင်ပြချင်ပါတယ်။

ကမ္ဘာကြီးကနေ့စဉ်နှင့်အမျှ ပြောင်းလဲနေပါတယ်။ ဒီနေ့ ကမ္ဘာကြီးမှာ လူသားထုတရပ်လုံးကို အဓိကခြိမ်းခြောက်နေတာ နိုင်ငံရေးပြဿနာတွေ မဟုတ်တော့ပါဘူး၊ ဖြစ်လည်းမဖြစ်သင့်တော့ပါဘူး။ သဘာဝ ပတ်ဝန်းကျင်ပြောင်းလဲမှုရဲ့ ဆိုးဝါးပြင်းထန်လွန်းတဲ့ အန္တရာယ်တွေပါ။ ၁ရက်တည်းနဲ့  လူအသက် သိန်းပေါင်းများစွာ၊ သန်းပေါင်းများစွာကို မကြေငြာတဲ့စစ်နဲ ဗြောင်ကျကျ သွေးအေးအေး သတ်ဖြတ်ပစ်နိုင်တာ၊ ထောင်စုနှစ်တွေချီနေပြီဖြစ်တဲ့ လူ့ ယဉ်ကျေးမှုသမိုင်းကို စက္ကူစုတ်တစလို ခြေမွပစ်နိုင်တာ ရာသီဥတုဖောက်ပြန်မှုကဖြစ်ပေါ်လာတဲ့ သဘာဝဘေးဆိုးကြီးတွေပဲရှိပါတယ်။

ထို့အတူဒီနေ့ခေတ် ကမ္ဘာ့ခေါင်းဆောင်တွေရဲတိမ်းညွတ်မှု၊ ဦးစားပေးဆောင်ရွက်ရမယ့် တာဝန်ဝတ္တရားတွေဟာလည်း ပြောင်းလဲခဲ့ပြီဆိုတာ W.L Gore ကနိုဘယ်ဆုပိုက်ပြီးသက်သေပြခဲ့ပါပြီ။ ဒီအချိန်မှာကျွန်တော်တို့ မြန်မာနိုင်ငံကခေါင်းဆောင်တွေက လွန်ခဲ့တဲ့ရာစုတွေကလိုအငြင်းပွားရင်း အချင်းများနေကြဦးမလား။ ဒါမှမဟုတ်နိုင်ငံ့အကျိုး၊ပြည်သူ့ အကျိုး၊ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ အကျိုးလူသား မျိုးနွယ်တခုလုံးနဲ့ လူ့ ယဉ်ကျေးမှုရဲ့  အကျိုးကို လူပီသစွာရှေးရှုပြီး အတူတူလက်တွဲအဖြေရှာကာဆောင်ရွက်ခြင်းဖြင့် ကမ္ဘာမှာမြန်မာဟေ့လို့ စာမျက်နှာသစ် ဖွင့်သမိုင်းသစ်ကိုရေးကြ မလားဆိုတာကို လူပီသတဲ့လူသားတိုင်း မြန်မာပြည်ကိုတကယ်ချစ်တဲ့မြန်မာလူမျိုး၊ မြန်မာနိုင်ငံသားတိုင်းလေးလေးနက်နက်စဉ်းစားကြိုးပမ်းစေလိုကြောင်း ရင်ထဲကအရိုးခံကာ လေးနက်တည်ကြည်စွာမေတ္တာရပ်ခံလိုက်ပါရစေလားဗျာ။

မြန်မာနိုင်ငံသားအားလုံးရဲ့ ပြန်လည်ချစ်ကြည်ရင်းနှီးမှုများ ငြိမ်းချမ်းမှုများဖြင့် ရွှေရောင်တောက်ပသော အနာဂတ်သစ်ကို မျှော်လင့်လျက်…..

မိုဃ်းသွေး
Generation Wave

4 comments:

TTT said...

Very good!! Hopefully they will do as they promised.

Unknown said...

If it comes in practice,how wonderful it would be?


If not this time ,it never will ..without uncountable payoff.


Daw Aung San Su Kyi must be released as due,it has been beyond fairness keeping a lady to be isolated for many many years from outside world..


At this time of needing.. political prisoners whom had tried to establish human rights in Myanmar which we have hardly heared since childhood, must also be released.


The Nation needs all her sons to be united right now.

Unknown said...

ကျနော်တော့ မထင်ပါခင်ဗျာ .. ဘန်ကြီးကို နားလှည့်ပါးလှည့် လုပ်လွှတ်လိုက်တာပဲနေမှာပဲ

Anonymous said...

哈囉!有空來我家裡逛逛,記得留言唷! ............................................................