Friday 23 May 2008

ယုံချင်ယုံ၊ မယုံချင်နေ .. ကိုသန်းရွှေရဲ့ အဖြစ်အပျက်လေး


ဇော်ဂျီဖိုဝင်သားစားတဲ့ စစ်ဗိုလ်ချုပ်ကြီးများ ဒီအကြောင်းကို ခင်ဗျားတို့ ချက်ချင်းတော့ ယုံကြမှာ မဟုတ်ဘူး။
ဘာလို့လဲဆိုတော့ သူတို့ကို ခင်ဗျားတို့က လူလို့ လောလောဆယ်ထင်နေကြသေးလို့ပါ..


ဒါပေမဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ လူတွေ သိန်းပေါင်းများစွာ သေနေကြချိန်မှာ ပျော်ရွှင်စွာ ၀မ်းသာအားရ လက်ခမောင်းခတ်ပြီး မဲပေးနိုင်တာ..

ပြီးခဲ့တဲ့ စက်တင်ဘာက လူတွေကိုးကွယ်ဆည်းကပ်တဲ့ သံဃာတော်တွေကို ရက်ရက်စက်စက် သတ်ဖြတ်ရဲတာတွေကို ကြည့်ရင် ဒီအကောင်တွေဟာ လူမဟုတ်တဲ့ မိစ္ဆာဒိဌိ ဘီလူးသဘက်တွေဆိုတာ သဘောပေါက်ကြမှာ ဖြစ်ပါတယ် ဖြစ်ပုံက ဒီလိုပါ။

လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းက ကျွန်တော်တို့ မြန်မာပြည်သူပြည်သားအပေါင်း ကြည်ညိုလေးစား ကိုးကွယ်ဆည်းကပ်လာခဲ့တဲ့ ရဟန္တာအသျှင် သာမည ဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလပ်တော် ပျောက်ဆုံးသွားခဲ့တယ်... ခိုးယူသူတွေကတော့ နအဖ စစ်ဗိုလ်ချုပ်တွေ ဆိုတာ ကလေးက အစ သိပါတယ်...

အဲဒီတုန်းက သူတို့တွေ ဘာကြောင့် ခိုးယူသွားတာပါလိမ့် ဆိုတာကို လူတွေအနေနဲ့ ဝေခွဲ စဉ်းစားမရ ဖြစ်ခဲ့ကြပါတယ်....

တစ်ကယ့်ကို နားမလည်နိုင်တဲ့ ဖြစ်ရပ်ပါ....
ဒီကိတ်စ ဖြစ်ပွားခဲ့ရတာကတော့ တပ်ချုပ်ကြီး ကိုးကွယ်နေတဲ့ ဘိုးတော် တစ်ယောက်ရဲ့ စနက်လို့သိရပါတယ်။
အဲဒီ ဘိုးတော်က သာမညဆရာတော်ဆိုတာ ၀ိဇ္ဇာဇော်ဂျီဖြစ်ကြောင်း၊ ဒါကြောင့် ဇော်ဂျီဖိုဝင်သားကို တပ်ချုပ်ကြီးတို့ စားရင် ဒီတစ်သက် အာဏာတည်မြဲမှာ ဖြစ်ကြောင်း၊ အသက်ရာထောက်ချီ ရှည်မှာဖြစ်ကြောင်း၊ မသေနိုင်ကြောင်း ပြောပါသတဲ့။ ဒါနဲ့ ရွှေနွားကြီး သန်းရွှေလည်း ဘာမှ စဉ်းစားမနေတော့ဘဲ သာမညဆရာတော်ကြီးရဲ့ရုပ်ကလပ်ကို ခိုးယူခိုင်းပါသတဲ့။ ပြီးတော့ မီးကင်ပြီး ဖုတ်စားကြပါသတဲ့။

ရွှေနွားကြီး သန်းရွှေက အများဆုံး စားပြီး၊ ကြိုင်ကြိုင်က ဒုတိယအများဆုံး စားပါသတဲ့။
မောင်အေးတို့ကတော့ ပါဝါများရင် ဇော်ဂျီအတတ်နဲ့ ပုန်ကန်မှာ စိုးလို့ နဲနဲပဲ ကျွေးပါသတဲ့။
(ရဟန္တာကိုမှ ဇော်ဂျီလို့ ထင်ရဲတဲ့....ဖုတ်စားရဲတဲ့.. တစ်ကယ့်ကို အ၀ီစိ ဇောက်ထိုးဆင်းမဲ့ နွားသိုးကြီးတွေပါပဲ)။

အဲဒါပြီးတော့ သူတို့လဲ ဇော်ဂျီဖြစ်ပြီကွ ဆိုပြီးတော့ အကြီးဆုံး ရွှေနွားသိုးကြီးဟာ ကောင်းကင်ကို ပျံတက်မယ် ဆိုပြီး ခုန်ကြည့်ပါသတဲ့။ ဘယ်ခုန်နိုင်မတုန်း။ ပြုတ်ကျပြီးတော့ ခါးနာသွားပါသတဲ့။ ဒါနဲ့ ဘိုးတော်ကို "ကော" တော့.. ဘိုးတော်က.. ပျံလွန်တာ ကြာပြီဖြစ်လို့ expire date ဖြစ်နေကြောင်း ဒါကြောင်း ဓာတ်ပြယ်သွားလို့ ကောင်းကင်ကို လောလောဆယ် မပျံနိုင်တာ ဖြစ်ကြောင်း ပြောပါသတဲ့..

အကျိုးဆက်ကတော့ ရွှေနွားကြီး ခါးနာသွားတာကြောင့် မေ 10 ရက်မတိုင်မီ မြင်ကွင်း က ပျောက်ဆုံးနေပြီး...
မဲပေးတော့မှသာ ခေတ္တအပြင်ထွက်ကာအခု 18 ရက်နောက်ပိုင်း ခါးနာသက်သာတော့မှ လူမြင်ကွင်း ကို ထွက်တာ ဖြစ်ပါသတဲ့.....

အဲဒါပါပဲ ခင်ဗျာ...
အကျိုးဆက်ကတော့ မကြာခင်မှာ ရွှေနွားကြီးတို့ ဇော်ဂျီဖိုဝင်သားစားသူတွေ မြေမျိုမယ်လို့ သတင်းတွေထွက်နေပါတယ်. မန္တလေးပြာပုံ။ ရန်ကုန် အမှိုက်ပုံ၊ နေပြည်တော် အရိုးပုံ ဆိုတဲ့ အတိုင်း
နေပြည်တော်မှာ ကြီးစွာသော ငလျင်လှုပ်ပြီး ရွှေနွားကြီးတို့ ဖိုဝင်သားစားသူတွေ မကြာခင် မြေမျိုတော့မှာ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိနေပါတယ်. ။

(မေးလ်မှ ရသော စာတပုဒ်ကို ပြန်ဖေါ်ပြခြင်း ဖြစ်ပါသည်။)

4 comments:

klapperX said...

LOL!!!!!

Too bad Than Shwe didn't try the jump from a helicopter. I wanna see that.

That may explain why he looks like as if he got "kicked" in the face (e koe-lone mhan) in the picture with Mr. Ban Ki-moon.

Than Shwe and Company are as dumb and stupid as ever, if story is true.

MMM said...

ွှ့That's so hiliarious!!!

U NU OF BURMA said...

နယ်ရောက်နေလို့ ကွန်နက်မကောင်းတာကြောင့် ဟို ဒီ သိပ်မကြည့်ဖြစ်ဘူး ဒီမနက်မိတ်ဆွေတယောက်ကဖုန်းဆက်ပြောလို့  ကြားရရင်း ရိုးရိုးနဲ့ စိတ်မချမ်းမသာစရာဗျာ နေမကောင်းတောင်ဖြစ်တယ်။
ဒီသတင်မျိုးဧပြီလလယ်လောက်ကရဘူးတယ် အန္တရယ်ရောက်မယ်ဟောကိန်းရှိလို့ တဲ့ ဘေးကွင်းအောင် သမညရဟန္တာရုပ်ကြွင်းကို နေပြည်တော်ကိုရွေ့ ထားတယ်ဆိုတဲ့အကြောင်း
ခုသတင်းကတော့ ကမ်းကုန်အောင်ဆိုလှချည်ရဲ့ ဗျာ

Anonymous said...

哈囉!有空來我家裡逛逛,記得留言唷! ............................................................