Wednesday 2 July 2008

ဇူလိုင်လ ၁ ရက်နေ့တွင် ကြံဖွတ်ရုံး၌ ပေါက်ခဲ့သော ဗုံး၏ နောက်ဆက်တွဲ

(Picture from AP)

ဇူလိုင်လ ၁ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေပြည်သာ မြို့နယ်ရှိ ကြံဖွတ်ရုံးတွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့သည်။ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ မရှိ၊ ထိခိုက်ပျက်စီးမှုသာ ရှိသည်ဟု သိရပါသည်။

ပုံမှန်အားဖြင့် မြန်မာနိုင်ငံတွင် ပေါက်ကွဲခဲ့သော ဗုံးများသည် မည်သည့်အဖွဲ့အစည်းမှ ဖေါက်ခွဲသည်ဆိုတာကို ကျေညာလေ့ မရှိဘဲ၊ နအဖက မခိုင်လုံသော အဓိပ္ပါယ်မဲ့ စွပ်ဆွဲချက်များဖြင့် ပြည်ပရှိ အဖွဲ့အစည်းများကို စွပ်ဆွဲလေ့ရှိပြီး၊ အစွပ်ဆွဲခံ အဖွဲ့အစည်းများကလည်း နအဖ စွပ်ဆွဲသလို မဟုတ်ဘဲ မိမိတို့ လက်ချက်မဟုတ်၊ နအဖသာလျှင် ဖေါက်ခွဲသူ ဖြစ်နိုင်ကြောင်း ပြန်လည် ပြောကြားလေ့ရှိသည်။

ယခု အကြိမ် ရွှေပြည်သာတွင် ပေါက်သော ဗုံးကွဲမှုတွင် ယခင်ကလို မဟုတ်ဘဲ စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များ အဖွဲ့မှ မိမိတို့၏ လက်ချက်ဖြစ်ကြောင်း ကျေညာ ခဲ့သည်။ ၄င်းအပြင် ပြီးခဲ့သော ဧပြီလ ၂၀၊ ၂၀၀၈ က ၃၆ လမ်း အလယ်ဘလောက်ရှိ အေဘီစီ စားသောက်ဆိုင်ရှေ့ ကြံဖွတ်ပိုင်ကားအား ဖောက်ခွဲမှု၊ ထရိတ်ဒါး ဟော်တယ်အနီး ရပ်ထားသော စစ်အရာရှိ တစ်ဦး၏ ကားအား ဖောက်ခွဲမှုတို့သည် မိမိတို့ စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များ အဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျေညာခဲ့သည်။

စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များ အဖွဲ့မှ “သံမဏိ စစ်ဆင်ရေး” ဟု နာမည်ပေးထားသော အဆိုပါ စစ်ဆင်ရေးဖြင့် တိုက်ပွဲ ဝင်နေပြီး နအဖ စစ်အရာရှိများမှ စ၍ နောက်လိုက် ရယက၊ မယက၊ ကြံဖွတ်၊ စွမ်းအားရှင်များကို အဓိက ပစ်မှတ်ထား တိုက်ခိုက်မှာ ဖြစ်ပြီး၊ ပြည်သူလူထုအား မထိခိုက်အောင် ရှောင်ရှားတိုက်ခိုက်သွားမည် ဖြစ်ကြောင်း ကျေညာခဲ့သည်။

ပြည်သူလူထု အပေါ် ဖိနှိပ်နေသော စစ်အာဏာပိုင်များနှင့် ၄င်းတို့၏ လက်ဝေခံ အဖွဲ့များ၏ ပြည်သူလူထု အပေါ် မတရား အနိုင်ကျင့် စော်ကားနေသည်များကို လုံးဝ လက်သင့် မခံဘဲ ပိုမိုပြင်းထန်စွာ လက်တုံပြန် တိုက်ခိုက်မှုများအား ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါ ကျေညာချက်တွင် ရေးသားထားသည်။

ကိုထိုက်

3 comments:

Unknown said...

WE ALL proud of your efforts for Myanma Freedom

SHALL NEVER BE JUNTA'S SLAVED.

Unknown said...
This comment has been removed by the author.
Unknown said...

ko htike, where did you went?
i m glad to hear that you are fine.
i alway see your page,