Saturday 17 January 2009

ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကြီး ဘဝနေဝင်ချိန် ရောက်ပြီလား။

ခေတ်အဆက်ဆက် သမိုင်းကြောင်းတွေအရ ထင်ရှားကျော်ကြားခဲ့တဲ့ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကြီး ဟာပြုပြင်ထိန်း သိမ်းခွင့်မရရှိတာကြောင့် အချို့အစိတ်အပိုင်းတွေဟာ မြင်မကောင်းလောက်အောင် ပျက်စီးယိုယွင်းနေပါတယ်။
နယ်ချဲ့အပါအဝင် စစ်အာဏာရှင်တွေကို တော်လှန်တိုက်ခိုက်ခဲ့ကြတဲ့ သူရဲကောင်းများ မွေးဖွားရာ အမိတက္ကသိုလ်ကြီးကို ပညာမတတ်လို့ မှန်ကန်တဲ့အတွေးအခေါ်အယူအဆမရှိတဲ့ အသိဥာဏ်ကင်းမဲ့နေကြတဲ့ စစ်ဗိုလ်တစုက အငြိုးကြီးစွာနဲ့ သိမ်းပိုက်ဘို့ စီစဉ်နေပါတယ်။
၂ - ၁ - ၂၀၀၉ နဲ့ ၉ - ၁ - ၂၀၀၉ ရက် နေ့တွေမှာ စစ်ရုံးချုပ်(နေပြည်တော်)ရဲ့ ညွှန်ကြားချက်အရ ရန်ကုန်တိုင်း၊ တိုင်းမှူးဗိုလ်မှူးချုပ်ဝင်းမြင့် နှင့် စစ်ဘက်ဆိုင်ရာ အရာကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ ရန်ကုန် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်ကြီးအတွင်း လှည့်လည်ကြည့်ရှူစစ်ဆေးပြီး လေ့လာတွေ့ရှိချက်များကို နေပြည်တော် စစ်ရုံးချုပ်သို့ အစီရင်ခံစာပေးပို့ ခဲ့ပါတယ်။

တက္ကသိုလ်ဆရာ၊ဆရာမများ အကြားမှာတော့ သူတို့တွေနှစ်ရှည်လများ မျှော်လင့်စောင့်စား နေခဲ့ကြရတဲ့ အမိ တက္ကသိုလ်ကြီးကို ပြုပြင်ဆောင်ရွက်ပြီး ဟိုးယ္ခင်ကာလကလို တက္ကသိုလ်ကျောင်းသားကျောင်းသူ တွေနဲ့ ပျော်ရွှင် ချမ်းမြေ့တဲ့ အခြေအနေပြန်ရောက်တော့မလားဆိုပြီး ဝမ်းသာနေကြပါတယ်။ (တချို့ကလည်းမဆီမဆိုင် လစာပါတိုး ဦးမှာဆိုပြီးဝမ်းသာနေကြပါတယ်။)

ဒါပေမဲ့ အထင်နဲ့အမြင် တခြားစီပါဘဲ။ စစ်ရုံးချုပ်(နေပြည်တော်)ရဲ့ညွှန်ကြားချက်အရ ရန်ကုန်ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်ကြီး ရှိ ဝန်ထမ်းအားလုံး ပျဉ်းမနားတက္ကသိုလ်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရ မယ်လို့ကြားသိရပါတယ်။ ဒီရန်ကုန် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကြီးမှာ စစ်တက္ကသိုလ်အသီးသီးက ဘွဲ့ရကျောင်းသားများအတွက် ဘွဲ့လွန် သင်တန်းများသာ ဖွင့်လှစ် သင်ကြားနိုင်ရန် စီစဉ်နေခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။

စစ်တိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်အနေနဲ့ ယခုကတည်းက လုံခြုံရေးအကြောင်းပြချက်နဲ့ တက္ကသိုလ် ဝင်၊ထွက် ပေါက် အားလုံးကို ပိတ်စေခဲ့ပြီး ခွင့်ပြုထားသောယာဉ်မှအပ၊ မည်သည့်ယာဉ်မှ ဝင်ထွတ်ခွင့်မပြုပါ။ ဘွဲ့နှင်းသဘင်အခမ်းအနား များတွင် ဘွဲ့ယူမည့်ပုဂ္ဂိုလ်အပါအဝင် အခမ်းအနားတက်ရောက်သူအားလုံး အဓိကဝင်ပေါက် (တက္ကသိုလ်ရိပ်သာလမ်း)မှ ဘွဲ့နှင်းသဘင်ခမ်းမအထိ လမ်းလျှေက်သွားကြရပါတယ်။
ဘွဲ့ပေးနေစဉ်အချိန်မှာတော့ ကျန်မိသားစုဝင်တွေဟာ ခေတ္တနေထိုင်စရာ နေရာမရှိကြတာကြောင့် လမ်းဘေးမြက်ခင်းများ ပေါ်မှာအစဉ်ပြေသလို နားခိုစောင့်ဆိုင်းကြရပါတယ်။
ဘွဲ့နှင်းသဘင်အဆောက်အဦးရဲ့ အနောက်ဘက်၊ အင်းယားလမ်းတဖက်ခြမ်းမှာတော့ စစ်အာဏာရှင်ဗိုလ်ချုပ် မှူးကြီး သန်းရွှေရဲ့မြေး နေရွှေသွေးအောင် (ခ) ဖိုးလပြည့် ရဲ့ NIGHT CLUB ဖွင့်ဘို့ပြင်ဆင်နေတဲ့ အဆောက် အဦးကို တွေ့မြင်ကြရမှာပါ။ ဒီအဆောက်အဦးဟာ ပညာရေးဝန်ကြီးဋ္ဌာန (သတ္တဗေဒဋ္ဌာန) ကပိုင်ဆိုင်ပြီး သုတေသန လုပ်ငန်းများဆောင်ရွက်ရာနေရာဖြစ်ပါတယ်။

ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်းဟာ သူ့ရဲ့ရာထူးတည်မြဲရေး အတွက် တက္ကသိုလ်ပိုင်မြေနေရာနဲ့ အဆောက်အဦးကို ကိုယ်ကျိုးစီးပွားရှာတဲ့အာဏာရှင်မိသားစုအတွက် သိက္ခာမဲ့စွာ ပေးကမ်း ခဲ့တာပါ။ အလားတူ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကြီး ကိုလည်း စစ်အစိုးရအလိုကျ အသုံးချနိုင်အောင် အပြည့်အဝ စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက်ပေးနေသူပါ။
ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကြီးလည်း စစ်အာဏာရှင်တွေက သိမ်းပိုက်ဘို့စီစဉ်ပြီး စစ်အာဏာရှင်ရဲ့ မြေးကလည်း သန့်ရှင်းစင်ကြယ်လှတဲ့တက္ကသိုလ်ပါတ်ဝန်းကျင်မှာ မြန်မာ့ယဉ်ကျေးမှုနဲ့မကိုက်ညီတဲ့ ညကပွဲရုံအမည်ခံ ညဥ့်ဋ္ဌက်တွေပျော် ပါးရာနေရာအဖြစ် စီစဉ်နေကြတာတွေကို တွေ့မြင်နေကြရတဲ့အတွက် ပညာတတ်တွေ အပါအဝင် အများပြည်သူလူထု ကြီးကလည်း စိုးရိမ်သောက ရောက်လျှက်ရှိနေကြပါတယ်။

ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကြီး ဘဝနေဝင်ချိန် ရောက်ပြီလား?

လေးစားစွာဖြင့်
သူရဲကောင်း။

10 comments:

Unknown said...

ကောလဟာလ မဟုတ်တရုတ် သတင်းတွေ ရေးပြန်ပြီ၊ ယောင်္ကျားတန်မဲ့ကွာ၊ မင်းပြောတာ မင်ဘယ်သူမှ မယုံဘူး ဟေ့ကောင်၊ မင်းရဲက မရှိတဲ့ သိက္ခာကတော့ ထပ်ကျပြန်ပြီ။

ICON said...

Hello ko and myan law, why were you saying like that? Is that some parts of your occupations covering your father, psychopath Than Shwe's ass? Are you earning money from doing that kind of work? Shame on yourself,You know what! everybody hate that kind of person like you who don't know what is good and what is evil. Were you born to do that kind of nasty works? Be mature, guys.

myan-law said...

I'm so famous here...Well done. Well...done.

Mon Capricorn said...

Ko Htike...I notices that a guy called myan law keep commenting on every post of yours. He's interested in your point of views. That's a good thing. "They" care about you. Well Done!!!!

Aung Myo Kyaw said...

ko and myan-law, သေသေချာချာ စဉ်းစားပါ။ အမုန်ကိုလေ့လာပါ။ ကိုယ့်အတွက်ပဲမကြည့်ပါနဲ့။ အရိုးစားပြီး အသားစားတဲ့ ပုံစံ နဲ့မပြောပါနဲ့ အဲဒီမင်းတို့ပြောတဲ့ ကောလဟာလ တွေးပဲ မှန်နေတာမဟုတ်လား မျက်ကန်းမျိုးချစ်မဖြစ်ပါစေနဲ့။ မလုပ်နိုင်ရင်နေပါ မနောက်ရှက်ပါနဲ့။ ကိုထိုက်ရေ ဂုဏ်ယူပါတယ်။

Anonymous said...

Well done! ko htike! they read every article you have written on your blog and they read every comment as well. They are so interested in us. They come here everyday to read it. We are in their mind. HOO........Hoo........

မင်းနန္ဒ said...

ကောလဟလ လား.. အမှန်တကယ်လား..မင်းတို့စောင့်ကြည့်ပေါ့ကွာ.. ko and myan-law . ဒီသတင်းဟာ ရန်ကုန်မှာလူတိုင်းသိနေတဲ့ သတင်း.။ ကောလဟလ ထင်နေရင်လဲ မင်းတို့မှာ ရန်ကုန်ကိုဆက်သွယ်စရာ အပေါင်းသင်း သူငယ်ချင်းရှိမှာပဲ မေးကြည့်ပေါ့ကွာ.။မဟုတ်ရင်။ မှားနေရင် မင်းတို့သိတာကို ဒီမှာလာပြန်ချရေးပေါ့ဟုတ်လား..မင်းတို့ပြောတာ ငါတို့လက်ခံရုံပဲလေ...။ မင်းတို့ကိုလဲ ပြန်လှန် လိုက်ဆဲနေစရာမလိုဘူး..။ မှားနေရင် မှားနေတယ်ဆိုတာ ၀န်ခံမယ် ဟုတ်ပလား???

Morgan said...

Yep, Ko-htike. Like I said in the other post, your blog is attracting attention of the junta so now they have to spend time responding to your post by asking low life thugs to write provocative material to each post :-)

We are getting somewhere. Be proud of it!

Unknown said...

ko and myan-law ။ ။ ခင်ဗျားတို့ရဲ့ဦးနှောက်တွေ သုံးလို့မရတော့ဘူးထင်တယ်။ ဒါမှမဟုတ်ရင်တော့ တစ်ဘ၀သာအကျိုးရှိပြီး ဘ၀ဆက်တိုင်းပူပင်ရမယ့် အပူစာတွေစားထားလို့လား? အမှန်ကိုမြင်နိုင်အောင်ကြိုးစားပါ။ အချိန်မလွန်ခင် အမှားသံသရာကထွက်နိုင်အောင်လုပ်ပါလို့ အကြံပေးချင်ပါတယ်။ စစ်အာဏာရှင်တွေ ကောင်းတယ်မကောင်းဘူးဆိုတာ အသိတရားရှိတဲ့သူတိုင်းနားလည်ပါတယ်။

Unknown said...

ကိုဆိုတဲ့သူကလဲ သူတို့ဘက်တော်သားပဲမို့ သွေးရူးသွေးတန်းနဲ့ ရေးခဲ့တာပဲဆိုတာ လူ့အသိစိတ်နဲ့ဥာဏ်ပညာကြွယ်ဝတဲ့သူတိုင်းသိကြမှာပါ
တကယ်ပြည်သူတွေကတော့ ဘယ်သူတွေကဆိုးနေတယ် ဘယ်သူတွေက တိုင်းပြည်အတွက်ကိုယ့် မြေအတွက် တကယ်ခံစားနေကြတယ်ဆိုတာ ကိုကောင်းကောင်းကြီးသိပါတယ်။ တို့တွေအားလုံးတန်ဖိုးထားရတဲ့ ကျောင်းတော်ကြီးကို ညစ်ညမ်းစေတာတော့ ပညာကိုတန်ဖိုးထားတဲ့သူတစ်ယောက်အနေနဲ့ တကယ်ပဲကြေကွဲရပါတယ်၊ ဒါပေမယ့်တကယ်တန်းတရားသဘောနဲ့စဉ်းစားကြည့်မယ်ဆိုရင် သူတို့တွေဒီလူတစ်သက်မှာပဲစံရမှာပါ သေပြီးရင် ဘာဖြစ်မလဲဆိုတာ မတွေးရဲအောင်ကြောက်ဖို့ကောင်းပါတယ်။