Tuesday 3 February 2009

လေးဆူဓါတ်ပုံ ရွှေတိဂုံ နှင့် ဘာသာရေး စော်ကားခံရခြင်း သမိုင်းမှတ်တမ်းသစ်


ကျွန်တော့် cbox ထဲမှာတွေ့ရတဲ့ လင့်(ခ်) အချို့အပြင် မေးလ်ကိုပါ ရောက်လာတဲ့ ရွှေတိဂုံ ဘုရားက အလှူခံပုံး ကိစ္စ ကျွန်တော် ဖတ်ရင်း အတော် စိတ်မကောင်းဖြစ်မိပါတယ်။

ကျွန်တော်တို့ တိုင်းတပါး ကိုလိုနီ ဖြစ်ခဲ့ရတုန်းက ဘုရားပေါ်မှာ နိုင်ငံခြားသားတွေ ဖိနပ်စီးပြီး တတ်ခဲ့တာကို အမျိုးသားရေး စိတ်ဓါတ်နဲ့ တာဝန်အရ ပြည်သူတရပ်လုံး အပါအ၀င် လူထုခေါင်းဆောင်တွေက ပြောဆို တိုက်ပွဲဝင်ခဲ့ကြလို့ တိုင်းတပါးသားတွေ ဖြစ်ပေမယ့် လူလို သိနားလည် လူတွေက အလျော့ပေး လိုက်လျောခဲ့လို့ သမိုင်းဝင်ဘာသာရေး တိုက်ပွဲ တစ်ခု အဖြစ်မှတ်တမ်းတင်ခဲ့ပြီး၊ လွတ်လပ်ရေး အရယူတဲ့ တိုက်ပွဲတွေရဲ့ အစလို့တောင် သတ်မှတ်လို့ ရပါတယ်။

ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားတွေအပါအ၀င် ကမ္ဘာအရပ်ရပ်က ဘာသာလူမျိုး ပေါင်းစုံက သမိုင်းဝင်တန်ဖိုးအရရော၊ ဘာသာရေး တန်ဖိုးအရရော လေးစားကြည်ညိုရပြီး ရှေးလူကြီးတွေ တည်ထား ကိုးကွယ်ခဲ့တဲ့ ရွေတိဂုံဘုရားကြီတဆူ မြန်မာနိုင်ငံမှာ ရှိနေတာကို ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ဂုဏ်ယူလို့ မဆုံးပါဘူး။

ဒီတော့ မေးခွန်းလေး တစ်ခု ကျွန်တော်တို့ ကိုယ့်ဘာသာ မေးကြည့်ရရင် .. ရွှေတိဂုံ ဘုရားရင်ပြင်တော်ပေါ်က အလှူခံပုံဆိုတာ ဘာအတွက် လုပ်ထားပါကြပါသလဲ။

ရလာမယ့် အဖြေကတော့ .. ရွှေတိဂုံဘုရားကြီးရဲ့ လိုအပ်တဲ့ ဝေယျာဝစ္စ အ၀၀ အတွက် သဒ္ဓါကြည်ညို ကုသိုလ်ယူလိုသူတွေက ကုသိုလ်ပါဝင် လှူဒါန်းနိုင်ရန် အလှူခံပုံးများ ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ ရည်ရွယ်ချက်မှာ စီးပွားရေး အကျိုးအမြတ် မပါ ပါဘူး။

ကျွန်တော်ထံ ပို့ထားလို့ ဖတ်မိတဲ့ ဘလော့ဆောင်းပါးထဲက စာအချို့ကို အောက်မှာ ပြန်ကိုးကားလိုက်ပါတယ်

အဲဒါမနက်ပိုင်း..... ညနေဆို ခုနှစ်နာရီထဲက သူငယ်ချင်းတွေ ကျမတို့ ညီအမလေးယောက် ဒေါ်ကြီး ထမင်းတွေဟင်းတွေ လ္ဘက်သုတ်ရေနွေး ကော်ဖီ အစုံထည့်ပြီး ဘုရားပေါ်တတ် ချမ်းသာကြီးတန်ဆောင်းမှာ ပု တီးစိတ် စကားတွေပြောပြီး ....။ ခေါင်းလောင်းထိုး..လူနှင်တော့မှ မဆင်းချင်ဆင်ခြင်နဲ့ ကျမတို့  ဆင်းလာခဲ့ကြတယ်။
ကျမတို့ ညီအမ ဘုရားမနက်တက် ညနေတက်လို့ ဘုရားတရား သိပ်လုပ်တယ်လို့  တော့ မထင်စေချင်ဘူး ။ အကြောင်းအရာတစ်ခုစလိုက်ရင်တစ်ယောက်တစ်ပေါက်မပြီးနိုင်မစီးနိုင်ပြောတာတွေ..... ရင်ထဲမှာစုထားတဲ့  အကြောင်းအရာတွေ အကုန်ပြော.... ကြုံရင်ကြုံသလို နောက်တုန်း..။ ကျမကတော့ အကုန်စပ်စုတွေ့ သ မျှ အကုန် အဲလိုစပ်စုရင်းနဲ့ ရွှေတိဂုံဘုရားက အလှူခံပုံးတွေ အကြောင်း ကျမသိလာခဲ့ ရတယ်၊ ချမ်းသာကြီး တန်ဆောင်းမှာပုတီးစိပ်နေရင်း ကိုးနာရီခွဲလောက်ဆို ခပ်ပိန်ပိန်ပုပု ကောင်လေးတစ်ယောက် က သော့ခတ်ထားတဲ့ အလှူခံပုံးတွေကို လာလာထမ်းယူသွားတယ် ...။ ပြီးရင်တစ်ပုံးပြီးတစ်ပုံး မမောနိုင်မပမ်းနိုင် သူ ထမ်းနေတာ ဘုရားမှာရှိသမျှပုံး အကုန်တစ်နေရာမှာသူသွားသွားစုတာ တစ်နေ့ လဲမဟုတ် နှစ်နေ့ လဲ မဟုတ် စဉ်းစားကြည့်ပါဦးရှင့်.....။
ကျမတို့ ငယ်ငယ်ကတောင် မိုးအလင်း ၀င်ချင်တဲ့လူ ၀င်ထွက်သွားလာနေတဲ့ ရွှေတိဂုံဘုရားပေါ်မှာ အဲလိုသိမ်းတာ တစ်ခါမှမတွေ့ ဘူးခဲ့ ဘူး...။
အခုဆယ်နာရီဆိုရင် ဘုရားဖူးတွေအကုန်ဆင်း ဂေါပကနဲ့ ဝန်ထမ်းပဲ ကျန်တာ....။
သော့ခတ်ထားတဲ့ အလှူခံပုံးကိုဘုရားပတ်ပြီး ထမ်းခိုင်းတာ ဒဏ်ပေးထားတာနဲ့ မတူပေဘူးလား....။
ပုတုတုနဲ့ အဲဒီပုံးလာထမ်းတဲ့ ကောင်လေးကို........... မမလေ......... သိတယ်နော်
ဟဲ့ နင်ကို ဘယ်သူဒဏ်ပေးထားတာတုန်းလို့ ကျမမေးတော့..... ဗျာ.... အမတဲ့  အဲဒီ ပုံးတွေထမ်းပြီး ဘယ်ယူသွားတာတုန်းဆို တော့သိမ်းတာလေတဲ့ ။
ဟဲ့ နင်အားနေလား နင့်ဘယ်သူသိမ်းခိုင်းတာလဲ အဲဒါဘုရားပိုင်ပစ္စည်း နင်မသိမ်းလဲ ခိုးမဲ့  သူမရှိဘူးဆိုတော့...။ မဟုတ်ဘူးအမ ကျနော်တို့ က ၀န်ထမ်း.... ဒါကျနော်တို့ သူဌေးပိုင်တာတဲ့ .....။
ကျမခေါင်းနဘမ်းကြီးသွား သလိုအမတွေလဲအနားတိုးလာတယ်ရှင်းရှင်းပြောစမ်းနားမလည်ဘူးဂေါပကသွား တိုင်မှာနော်ဘုရားပိုင်ငွေတွေပြည်သူတွေရဲ့ အလှူငွေတွေကိုဘယ်ကသူဌေးကပိုင်တယ်လို့ နင်ပြောတာတုန်းဆို တော့ ကျနော်တို့ သူဌေးက ရွှေတိဂုံဘုရားက အလှူငွေကို တစ်နှစ်ကို သိန်းငါးထောင်နဲ့ ကန်ထရိုက်ယူထားသတဲ့  ရှင်....။ ကျမတစ်ကိုယ်လုံး မိုက်ကနဲဖြစ်သွားသလို......။ အမတို့ အားလုံးလဲ ပါးစပ်အဟောင်းသားနဲ့ ....။ နင့်သူဌေးကဗုဒ္ဓဘာသာလား ဆိုတော့ မဟုတ်ဘူး..... ဘာသာခြားတဲ့  မလတ်က ဘယ်ဗုဒ္ဓဘာသာမှ ဒီအလုပ်မလုပ်ဘူး ...မမ... နင်မေးရက်တယ်တဲ့ ...။
မလတ်ရယ် ဗုဒ္ဓဘာသာတွေလုပ်လို့ ဒီအလှူငွေတွေ ဘာသာခြား လက်ထဲရောက်ကုန်တာမဟုတ်လား...။ ဆိုတော့မှ မလတ်က မဟုတ်ဘူးတဲ့ ဗုဒ္ဓဘာသာမဟုတ်တဲ့ စီးပွါးရေး ချွတ်ခြုံကျနေတဲ့ လူတစ်စုကြောင့် ရပြီးသားဘုရားငွေတွေ ရော မရေရသေးတဲ့ အလှူငွေတွေရော ရှင်းရှင်းပြောရရင် ရွေတိဂုံဘုရားကြီးကို သိန်းငါးထောင်နဲ့ ဘာသာခြားလက်ထဲ မှာပေါင်ထားတာပေါ့တဲ့ ...။ ငါတို့ ကဘုရားကိုရည်စူးပြီးလှူတယ် ။ လက်စသတ်တော့ ကုလားကရနေတာကိုးတဲ့ ။ အဲဒီနေ့ ကစလို့ ဘုရားကိုရေလှူ ၊ ပန်းကပ်ရွှေသင်္ကန်းကပ်ရုံကလွဲလို့ သော့ခတ်ထားတဲ့ အလှူခံပုံးတွေထဲကျမတို့  အလှူငွေမထည့်တော့ဘူးရှင်.......။ ကဲ..... ရှင်တို့ ရောလှူကြဦးမလား...ရှင့် ။

မှတ်ချက်။ ။ အဲဒီကိစ္စလုံးဝမဟုတ်ပါဘူးဆိုလျှင် ကျမကို ကျိုးကြောင်း ခိုင်လုံစွာ ရှင်းပြပေးပါရှင် ။ ကျမ မဟုတ်ဘူးဆိုတာ ကိုလက်ခံချင်လို့ ပါ....။ ရင်းနှီးတဲ့ ဂေါပကလူကြီးတစ်ယောက်ကိုလဲ ကျမမေးကြည့်တော့  မှန်ပါတယ်တဲ့ ရှင် .....

မမ
မူရင်း လင့်(ခ) ကတော့ http://mamaonlinediary.blogspot.com/2009/01/blog-post_5417.html
အခုတော့ ကိုလိုနိ နယ်ချဲ့ကတောင် ဘာသာရေးအတွက် နားလည်မူ ပေးခဲ့ရတဲ့ မြန်မာနိုင်ငံသမိုင်းမှာ လူလို နားမလည်တဲ့ လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ နအဖ အဖွဲ့က တိုင်းပြည်ကို ကျွန်ပြုကိုလိုနီ လုပ်တဲ့ လက်ထက်မှပဲ ဘုရားရင်ပြင်တော်ပေါ်က အလှူခံပုံးတွေကို စီးပွားရေး အကျိုးအမြတ်အတွက် ကန်ထရိုက် စနစ်နဲ့ ချပေးခဲ့တယ်တဲ့။ တကယ့် ရင်နာစရာပါပဲ။

အဲဒီကနေ တဆင့် ထပ်ပြီး ပွားမိနေတဲ့ အတွေးတွေကတော့ ..
ကျွန်တော်တို့ မမွေးခင်ကတည်းက ရွှေတိဂုံဘုရားရဲ့ ကောက်ခံရရှိတဲ့ အလှူငွေတွေဟာ နှစ်စဉ် ဝေယျာဝစ္စ အတွက် အသုံးပြုပြီးတာတောင် ပိုနေမယ်ဆိုတာ ရန်ကုန်မြို့က လူတိုင်း သိကြပါတယ်။ အဲဒီ ငွေတွေ ဘယ်များ ရောက်ကုန်ပြီလဲ။

ကန်ထရိုက်ချပေးမှ ဝေယျာဝစ္စပြုလုပ်နိုင်မယ့် အခြေအနေကို ရွှေတိဂုံဘုရားကြီးက ရောက်နေပြီလား။

ဘုရား .. ဘုရား။

၂၀၀၇ ခုနှစ် စက်တင်ဘာ အပြီး နောက်ထပ် ဘာသာတရားနဲ့ သဒ္ဓါကြည်ဖြူ ကုသိုလ်ရှင်တွေရဲ့ စေတနာတွေဟာ အခုလို အကြမ်းဖက်သမားတွေက တိုင်းပြည်မှာ လက်နက်ကိုင် သောင်းကျန်း နေချိန်မှာ ဘာသာ သာသနာဆိုတာတွေကတော့ ကောင်းကောင်းကြီးကို စော်ကားခံနေရပြီဆိုတာ သက်သေတခုပါပဲ။

လေးစားစွာဖြင့်
ကိုထိုက်

(တလက်စတည်း အကြန်းဖက်သောင်းကျန်သူရဲ့ နောက်လိုက် အစွယ်အပွားတွေက ပြောလာမယ့် စကားကို ကြားနေမိလို့ တခါတည်း ဆက်ပြီး ပြောလိုက်ပါဦးမယ် .. ရွှေတိဂုံဘုရားဝေယျာဝစ္စတွေကို စနစ်တကျ စီမံခန့်ခွဲနိုင်ရင် ကြိုတင် ငွေစာရင်းလုပ်ပြီး ကောင်းကောင်းမွန်မွန် စေတနာထား ပြုလုပ်ပေးနေတာကို နားမလည်ဘဲ ပြောတယ်တို့၊ .. နှစ်စဉ် အလှူခံ ကောက်ခံငွေ ဘယ်လောက် နည်းနည်း ပုံမှန် သိန်းငါးထောင် ရအောင် အကြံအစဉ်နဲ့ စနစ်တကျ လုပ်နေတာကို နားမလည်ဘဲ ပြောတယ်တို့ .. ဆိုတာတွေ ပြောလာနိုင်ပါတယ်။ ..

ဒီနေရာမှာ စနစ်တကျ လုပ်တယ် ဆိုတာ .. ဝေယျာဝစ္စအတွက် နှစ်စဉ် အလှူခံရရှိငွေတွေထဲက သတ်မှတ်တဲ့ ငွေကို ဝေယျာဝစ္စအတွက် (စေတနာရှင်တွေ ငွေကြေးမယူဘဲ ပြုလုပ်ပေးနေတာအပြင်၊ စေတနာရှင်များ မလုပ်နိုင်သော အခြား လိုအပ်သောနေရာများအတွက်) စနစ်တကျ လုပ်ငန်းရှင် တစ်ဦးဦးကို ဈေးပြိုင်ခေါ်ပြီး ငွေပေးခိုင်းစေခြင်းသာလျှင် မှတ်ကန်သော လုပ်ရပ်ဖြစ်ပါတယ်။ ကောက်ခံနေသော ငွေအတွက် ကန်ထရိုက် စနစ်ကတော့ အော့နှလုံး နာစရာ ကောင်းပါတယ်။ ဘယ်စီးပွားရေး သမားကမှ အရှုံးခံပြီး ငွေသိန်းငါးထောင် ရင်းနှီး အလုပ်လုပ်မယ် မဟုတ်ပါ ခင်ဗျာ။)

24 comments:

Unknown said...

ပေါက်တတ်ကရတွေ ရေးပြန်ပြီ။ ဖာသည်မ စကားလောက်တောင် တန်ဖိုး မရှိဖူး၊ ဦးသန်းရွှေ နေမကောင်းဘူးဆို၊ ဒီနေ့ သတင်းစာထဲ ပါလာပြန်ပါရောလား၊ အတင်းတွေ အဖျင်းတွေ ဆက်ရေးကွာ

Unknown said...

ko ဆိုတဲ့ခွေးသား
ပေါက်တတ်ကရတွေဆိုရင် ဘာဖြစ်လို့အချိန်
ကုန်ခံဖတ်နေတာလဲ။ သန်းရွှေ ဆေးကုသခံ
ခဲ့ရတာ မင်းအမေလင်တွေ အားလုံးသိပါတယ်။
မင်းအမေ ဖာသည်မ စကားတန်ဖိုးဘယ် လောက်ရှိလဲဆိုတာ ငါတို့စိတ်မဝင်စားဘူး။
ငါတို့စိတ်ဝင်စားတာ စစ်အာဏာရှင် နဲ့ အဲဒီ့ စနစ်ပျက်စီးဘို့ဘဲ။

Senior General Than Shwe said...

မမရေပေးတာ ဂေါပကရုံးအဖွဲ့မှုး ၀င်းကြိုင်ဘဲ ဘုရားမှာ ဂွင်ရအောင် တည်ဆောက်ရေးလုပ်ငန်းတွေဆိုပြီး ဂွင်ဖန်ထားတာ လုပ်ငန်းကြီး ၃၆၆ ခုရှိတယ် တနှစ်မှာ ၃၆၅ ရက်ဘဲရှိတာ လုပ်ငန်းပေါင်းက ၃၆၆ ခုတဲ့ အဲဒီလုပ်ငန်းတွေလျှောက်လုပ် မပျက်သေးတာတွေ အတင်းလျှောက်ပြင် ရှေးဟောင်းပစ္စည်းတွေကိုခွာ အသစ်တွေလျောက်လုပ် ငွေမလည်ရင် ကုလားဆီကဆွဲ ရှေးဟောင်းပစ္စည်းတွေကို အသစ်နဲ့အစားထိုးပြီး ကုလားကိုရောင်းတာလဲ ရှိသေးတယ် ဂေါပက လူကြီးဆိုတဲ့ ကောင်တွေက စစ်တပ်ကကောင်တွေ သူခိုးဘ၀က လာတဲ့ကောင်တွေဆိုတော့ သူတို့လဲ ခိုးဖို့ဘဲ ငွေရရင်ပြီးရောလျှောက်လုပ်တာဘဲ ရွှေတိဂုံ ဘုရားမှာ ရှေးဟောင်းလက်ရာဆိုတာ မရှိတော့ဘူး အားလုံးအသစ်တွေချည်းဘဲ မူလအလှူရှင်တွေကို မတိုင်ပင် အကြောင်းမကြားဘဲ စစ်ဒေသမှူး လုပ်သွားတဲ့ ဆန်းဆင့် ရယ် ဂေါပက ရုံးအဖွဲ့မှူး ၀င်းကြိုင် (ကော့မှူးသား) ဂေါပကလူကြီးတွေ မောင်ဝိတ် စတဲ့ကောင်တွေ သန်းရွှေ ခင်ညွှန့် အဲဒီကောင်တွေ အကုန်ပါတယ် လုပ်ခြင်တာလုပ်သွားတာ
ရွှေတိဂုံဘုရားကိုရောက်ရင်မှတ်မိကြမှာပါ တောင်ဘက်မုဒ် မှာ နံရံဆေးရေးပန်းချီကားကြီး တွေရှိတယ် အဲဒီထဲမှာ ဆေးရေးရော ရုပ်ကြွပါ ပေါင်းစပ်ထားတဲ့ ၅၅၀ နိပါတ်တော်ထဲက ဇတ်လမ်း တွေဘဲ အဲဒီထဲမှာ အလှူပေးတဲ့ပန်းချီရုပ်ကြွတစ်ခုမှာ ပုဆိုးလန်ပြီး လဥလေးပေါ် နေတဲ့ ကာလသား တစ်ယောက်ရဲ့ ရုပ်ကြွလေးကို လွန်ခဲ့တဲ့ ၁၀ ကျော်က သတိထားမိကြမှာပါ.နိုင်ငံခြားတွေ အရမ်းသဘောကျ ဓါတ်ပုံအရမ်းရိုက်ကြပါတယ် အရမ်းလိုခြင်လို့ ရှေးဟောင်းခိုးထုတ်သူတွေကို အခိုးခိုင်းတဲ့ ပန်းချီရုပ်ကြွတစ်ခုပါ ခင်ညွှန့်က လဥပေါ်နေလို့ မြန်မာ့ယဉ်ကျေး မှုနဲ့ မကိုက်ညီဘူး လို့ပြောတော့ ဂေါပက ကဖြုတ်ပြီး တခြားဟာနဲ့ အစားထိုးတာ နောက်အဲဒီပန်းချီရုပ်ကြွဟာ ထိုင်းဘက်ရောက်လာတယ် အခု ထိုင်းဘက်ကနေ ကမ္ဘာကြီးရဲ့တနေရာရောက်သွားပြီလေ
ပျက်စီးနေပြီလို့အကြောင်းပြချက်နဲ့ တောင်ဘက်မုဒ် အရှေ့ဘက်မုဒ် တွေကို အသစ်တည်ဆောက် အာရုံခံတန်ဆောင်းတွေက သစ်သားပန်းဆွဲကြီးတွေ ဖြုတ် တမ္ပ၀တီ ၀င်းမောင်နဲ့ အဖွဲ့ကအသစ်တွေ ပြန်လုပ် ရှေးလက်ရာဟောင်းတွေကို ယိုးဒယားဘက်ကို ပို့လိုက်ကြတယ် အရှေ့ဘက်စောင်းတန်း ဖျက်တုန်းက အုပ်စောင်းတန်းကြီး ရှေးမြန်မာမှု ပန်းချီကားတွေ ကနုတ်ပန်းဆွဲတွေ ကနုတ်ထွင်းသစ်သားတိုင်တွေ အုတ်တိုင်တွေဆို အထဲမှာ ကြေးတိုင်တွေကို မံထားတယ် မျက်နှာချက်သံယက်မ တွေအပါအ၀င် အားလုံးလေလံပစ်တာ သိန်းနှစ်ဆယ်ထဲပါဘဲ ဆွဲတာက ကုလား ထားပါတော့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးဘယ်သူမှဝင်မဆွဲလို့ သူရတာ ပြောခြင်တာက ဂေါပကဆိုတဲ့စစ်တပ်ကကောင် တွေ သူတို့အိမ်ဖျက်ရောင်းရင်တောင် သိန်းနှစ်ဆယ် လောက်နဲ့မရောင်းဘူး ဒီလောက်စောင်းတန်း အကြီးကြီး ကို သိန်းနှစ်ဆယ် တည်းနဲ့ လေလံပစ်တယ် ခင်ညွှန့် အရှေ့ဘက် စောင်တန်း မဖျက်ခင်တုန်းက လာတော့ အရှေ့ဘက်စောင်တန်း ကဈေးသည်တွေကို ဘာပြောလဲဆိုရင် အကောင်းကြီးရှိသေးတာ မဖျက်ဘူး ပြင်ရုံဘဲပြောပြီး မကြာခင် အကုန်ဖြိုလိုက်တာ ဂေါပက က လေးလံကြေးသိန်းနှစ်ဆယ်နဲ့ ပစ်ပြီး အပြင် မှာ ကုလားက ဂေါပကကို သိန်းတရာပေးရတယ်..

February 4, 2009 10:19 PM
Blogger O said...

ခုမြင်နေရတဲ့ အရှေ့ဘက်နဲ့ တောင်ဘက်စောင်တန်းက ကနုတ်တွေ ပန်းဆွဲတွေပန်းချီကားကြီးတွေအကုန် အသစ်လုပ်ထားတွေချည်းဘဲ အဟောင်းတွေ အကုန် ယိုးဒယားဘက်ရောက်သွားပြီ မြောက်ဘက် မုဒ်က ဇရပ်တွေက အင်္ဂလပ်စစ်သား အင်္ဂတေရုပ်တွေ ဖိုးဝရုပ် တွေ ဗိုက်ဆူ ချက်ဆူနဲ့ကနေတဲ့ အင်္ဂတေရုပ်တွေ ပန်ချာပီကုလားမဲတွေ ကနေတဲ့ အင်္ဂတေရုပ်တွေ အကုန် မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီဘူးတိုတဲ့ အကြောင်းပြချက်နဲ့ ဖြုတ်ပြီးယိုးဒယားပို့လိုက်ကြတယ် အမှန်တော့ အင်္ဂလိပ်စစ်သားတွေ ကုလားတွေကနေတဲ့ အင်္ဂတေရုပ်တွေဟာ ရှေးအလှူရှင်တွေက နမ်နိမ်တဲ့ သဘောနဲ့ ကုလားတွေ အင်္ဂလိပ်စစ်သားတွေကို ဇရပ်စောင့်ခိုင်းသဘောမျိုးလုပ်ခဲ့တာပါ ခင်ညွှန့် သန်းရွှေ ပေါက်ကရပြောတဲ့ အတိုင်း ဂေါပက လိုက်လုပ်မှာပေါ့ အဲဒါတွေ ဖျက်လိုက်ရင် ရှေးဟောင်းဆိုတော့ ဂွင်ပေါ့
အရင်တုန်းကသတိထားမိရင် သိသာပါတယ် အဟောင်းတေါဖြုတ်ရင် ဖြုတ်တဲ့ ကန်ထရိုက်ရတဲ့ တမ္ပ၀တီ ၀င်းမောင်တို့ ပိုသိတာပေါ့ တိံကြား အဖွဲ့က သန်းလှတို့ ဂေပကရုံးအဖွဲ့မှူး ၀င်းကြိုင်တို့ အရမ်းသတိ ထားတာ အသစ်တွေပြန်တပ်ရင် ဖြစ်ကတက်ဆန်းဘဲ နာဂစ်တုန်းကလဲ ဘုရားကြီး သိပ်မပျက်စီးပါ. မျက်မြင် ဖြစ်ပြီး ၃ရက်နေ့ ၁၀ နာရီခန့်တွင် ဘုရားပေါ်ရောက်သွား၍ သိခြင်းဖြစ်သည်။ အသစ်ပြင်နေသည်မှာ ခုထက်ထိဘဲ ရှေးတုန်းက ဘုရားရင်ပြင် တလျှောက် ခင်းထားသော အီတာလျံ ကျောက်ပြားကြီးများ ကိုခွာကာ နေပုခံကျောက်ပြားခင်းလိုက်သည်မှာ နေပူရင် ပူသလို ပူလွန်းလို့ ခုန်ပေါက်ပြေးလွှား နေရပါသည်။ ရှေးကျောက်ပြားကြီးများကို ဘယ်သူအိမ်တွင်ခင်းထားသလဲမသိတော့.......

Unknown said...

ပိုက်ဆံဆိုသောအရာသည် သက်မဲ့တစ်ခုဖြစ်သည် သက်ရှိတောင် မမြဲခြင်းနဲ့ပျက်စီးနေ၏ ထိုသို့သောဟောင်းနွမ်းပျက်စီးတာ အထူးဆန်းလား..

Mr Ko
Mr SOLDIER
Then why are you and your father Than Shwe trying to hold to the power so hard even killing the monks. Eating the Thar Ma Nya sayadaw body. (monks cristal) One day you and your fatherThan Shwe will be သက်ရှိတောင် မမြဲခြင်းနဲ့ပျက်စီးနေ၏.
For your living you are writing the comment for him and you don't know what you doing. If you know what you doing then knowing and killing the monks and jailing the monks and supporting are more serious so ask your mother what you should do tell her about what you doing for living and I'm sure she will never see your face before she die if you don't beleive try and tell your mother how she get her rice from you. But different is before you monks killer die you will visit to the hell for a short time before you die so you can tell the people there is the hell really exit. Please come write to the Blog in the comment for what you seem before you die.
If that is not going to happen then there is no real Buddha.
So Mr Ko what you think what will happen for you really want to go to see the hell or there is no real Buddha.
Either way you are the loser and we Burmese army are loser because of your DU MA NAR father Than Shwe.

Anonymous said...

Burma and Buddhism are absolutely upside down in regime hands. They have no respect to the country nor people or religion. How can they eat from robbing donations and how can they feed their families dirty fire stones.
Everyone has only three meals a day and what you take when you die is good and bad of your actions while you are alive.
They will definitely be burned and rotten in hell. Same to their supporters like Ko and Myan Law.

ICON said...

Here is a special comment for people who are very happy to live under Than Shwe's Law and eager to give vote 2010 Than shwe's election and who are ready to support Than shwe's regime. You will know some days when you or your family members are in trouble. Let's say, someone kills or beats or rapes to your family member. May be it is by an accident or intentionally. But that offensive people is the member of USDA (Kyant Phot) or Swan-Arr-Shin or military officer. Even if you are member of one of those groups, what are you going to do if he/she is more powerful than you? Are you going to the court to face by the law? Do you think you will win? Are you thinking to give some money to Lawyer and Judge? You just think and do ready for it not only for you and your present family but also your grandsons, granddaughters and their forthcoming generations. Oh, by the way, don't even think about it to try to put your own families and your generations in Military regime. You know, big fish eats small fish.

ICON said...

Please stay on the good side. Don't support Than Shwe. Look at our future's Myanmar generations and let's grown up with peacefully life.

Unknown said...

I just want to share what I know...

Kyite-tee-yo pagoda's donation boxes also the same.
It have been few years back, if I not wrong it is more than 10year
It is common practice for most of the famous pagoda in Myanmar.
The reason pagoda management gave is that "they can not control/secure the donation box and if they Auction they can get more and less maintenance cost"
This is what I know since 10 years ago now may be even worst..
I just donate to donation box some amount and I do not mind who will get it..

Unknown said...

ကဲ အတင်းပြောတာ။ မဟုတ်မမှန်ပြောတာ ပေါ်ပြီးရင်း ပေါ်ပြန်ပြီ၊ မရျက်ဘူးလားကွ၊ ယောင်္ကျားဆိုတာ ကိုရေးတဲ့စာ၊ ကိုပြောတဲ့ စကားကို တန်ဖိုးထားရတယ်၊ မင်းက မိန်းမပျက်လောက်တောင် စကားကို တည်တည်တံတံ မပြောရဲဘူး၊ တစ်နေ့ တစ်မျိုး မရိုးရ အောင် ကောလဟာလ လွှင့်မယ်၊ သွေးထိုးမယ်၊ ဒီခေတ်မှာ ဒါတွေ လာလုပ်လို့ မရတော့ဘူး ၊ ရွှေတိဂုံ ဘုရား အလှူခံပုံး ကိစ္စနဲ့ ပတ်သတ်လို့ သိချင်ရင် ဂေါပက ရုံးခန်း ဖုတ်းနံပတ်တွေ ရှိနေတာပဲ။ ဆက်မေးကြည့်ပေါ့၊ မင်း လို အရူးချီးပန်းရေးတာကို အရူးတွေ ဦးနှောက်မရှိတဲ့ ကောင်တေါကတော့ ယုံလိမ့်မယ်ကွ၊ ဒီမှာ သွားဖတ်ကြည့်
http://www.khitpyaing.org/news/February_09/9-2-09d.php

strike said...
This comment has been removed by the author.
strike said...

Mr kaw La Har La(Ko Htike).....


ရွှေတိဂုံဘုရားအလှူငွေများကို ဘာသာခြားလုပ်ငန်းရှင်တဦးအား ကန်ထရိုက်ပေးထားသည်ဆိုသည့် ရေရာမှုမရှိသည့် အင်တာနက်တွင် ဖြန့်နေသည့် ကောလာဟလ သတင်းနှင့် ပတ်သက်ပြီး ရွှေတိဂုံဘုရား ဂေါပကအဖွဲ့သို့ ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းရာ ဂေါပကအထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ယခုကဲ့သို့ ငြင်းဆိုလိုက်ခြင်းဖြစ်သည်။
“ကျနော်အတွင်းရေးမှူးပါ။ အတိအလင်းပြောပါတယ်။ ဒါမျိုးလုပ်လည်း မလုပ်ပါဘူး။ လုပ်လည်း မလုပ်အပ်ပါဘူး။" ဒီလုပ်ငန်းစဉ်တွေကို ကိုယ်တိုင်ကြည့်ချင်တယ်ဆိုလည်း လာကြည့်လို့ရပါတယ်။ နေ့စဉ်နေ့တိုင်း ဘယ်လောက်ရတယ်။ ဘယ်လိုအပ်တယ်ဆိုတာက လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ရတာ။

ရွှေတိဂုံဘုရားအား ပြည်သူများ အလှူငွေမထည့်ချင်အောင် ရေးသားဝါဒဖြန့်မှုနှင့် ပတ်သက်ပြီး ရန်ကုန် ဆရာတော်တပါးအား လျှောက်ထားရာ
“ဘာသာရေး ပဋိပက္ခဖန်တီးဖို့လည်း ဖြစ်နိုင်တယ်။ ရွှေတိဂုံကို ပြည်သူတွေ အကြည်ညှိပျက်အောင် ရေးတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒီလို ဘယ်သူဘယ်ဝါမှန်းမသိတဲ့ အရေးအသားတွေကြောင့် အတိတ်က ဘာသာရေး ပြဿနာတွေ ဖြစ်ခဲ့ပြီးပြီ။ သတိနဲ့ ချင့်ချိန်ဖတ်ကြရင် ကောင်းမယ်” ဟု အမိန့်ရှိသည်။

ရွှေတိဂုံဘုရားတွင် ရွှေဆိုင်း၊ ဓာတ်ပုံ၊ ကားရပ်နားကွင်း၊ စားသောက်ဆိုင်၊ ဖိနပ်လက်ခံဌာန၊ အိမ်သာ စသည့်လုပ်ငန်းများကိုသာ တနှစ်စာကန်ထရိုက်ပေး လုပ်ကိုင်စေကြာင်း၊ အလှူခံပုံးများမှ တရက်တာရရှိသော အလှူငွေများကိုလည်း ညနေသိမ်း၊ မနက်ရေတွက် ဘဏ်အပ်စနစ်ဖြင့် လုပ်ကိုင်နေပါကြောင်း ဂေါပက အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ဆက်ရှင်းပြသည်။

Anonymous said...

Whatever this news is right or wroung, I don't belive in regime nor people who work for them so-called GorPaGa in Shwedagon. After all that happened like killing buddhist monks on the ground of Shwedagon, they are willing to do anything and they don't respect buddha or religions. Who says GorPaGa of Shwedagon Pagoda is telling the truth.

Morgan said...

Yeah, I don't believe the gorpaga guys in Yangon. They raid those donations on a regular basis. Of course, how can they admit openly? But, yeah they need to do what they need to survive, right? Just like Ko and Sae Sae.

Thuta said...
This comment has been removed by the author.
NoTwo said...

Yes.
Who says GorPaGa of Shwedagon Pagoda is telling the truth. :P

Thuta said...

ရှင်းပါတယ်.. ဂေါပကက မယုံရင်ဖုန်းဆက်မေးပါ.. လာကြည့်ပါ.. ပြောထားတာပဲ.. ခုလိုမျိုး ဒီနေရာမှာ မျက်နှာပြောင်ပြောင်နဲ့ အတင်းကြီးအရှက်ပြေ ဖာထေးနေမဲ့အစား တတ်နိုင်ရင် သွားစောင့်ကြည့်ပီး ပိုင်မှပြန်လာပြော.. ဒါအကောင်းဆုံးပဲ..

ဒီကိစ္စမှာ မှားပြောမိပါလားလို့ ၀န်ခံလိုက်တာကလည်း အစိုးရကို ထောက်ခံရာ ရောက်သွားတာမျိုးမဟုတ်လို့ အတင်းကြီးငြင်းပြနေစရာ မလိုလှပါဘူးကွာ..

မှန်ရင်မှန်တယ်ပေါ့.. မှားတယ်ဆိုတာသိတော့ရော.. မှားပါတယ်လက်ခံဖို့ ဘာကြောက်ရမှာလဲ..

Luis Portugal said...

Hello
It has a nice blog.
Sorry not write more, but my English is bad writing.
A hug from my country, Portugal

Здравствуйте
Она имеет хороший блог.
К сожалению, не пишите больше, но мой русский плох письменном виде.
Объятие с моей страной, Португалия

Anonymous said...

We are not the one who is afraid to admit right or wrong. We just don't believe who killed monks on the ground of Shwedagon and who support soliders to hold the guns on the ground of Shwedagon to be ready to kill whoever they cross wherever Shwedagon ground or not. Do you think that they would actually accept anyone who want to watch and see what they are doing the donations? I don't think so. Don't forget the history of their lies such as fake election of National Covention. Another fake election is on the way in 2010. We are not blind nor deaf.

Goldie Shwe said...

Ko တို့  စေးစေး တို့  သုတဝင်းတို့ 

နာကျည်း ဒေါသထွက် ရင်လဲ တရားနဲ့ သာဖြေ ကြပါ။ မြန်မာပြည် ကြီး မှာ မုသာဝါဒ ဖုံးလွှမ်းနေတာ ၁၉၆၂ မတ်လ စစ်အစိုးရ အာဏာသိမ်း ကတည်းကပါ။ နေဝင်း၊ စောမောင်၊ ခင်ညွန့် ၊ သန်းရွှေ ရာဇဝတ်ခေါင်းဆောင် ပြောင်းသော်လည်း လူသတ်စနစ် မပြောင်းပါဘူး။ အမှန်ပြောသူတိုင်းကို အသေသတ်၊ ထောင် နှစ်ရှည် ချ ထား ကြ တော့ ဘယ်သူမှလည်း အမှန်တရားကို မပြောကြတော့ ပါဘူး။
သတင်း၊ စာနယ်ဇင်းများ လဲ သတင်းမှန် မပေးနိုင် ကြ လို့  ပြည်တွင်းပြည်ပ နေသူ အားလုံး (ရှင်တို့  အပါအဝင်) ယခု Ko Htike တို့  လို ဆိုဒ် များ ကို မှီခို အားထား သတင်းစကား ရှာကြရပါတယ်။
အကောင်းဆုံး အကြံပေးလိုတာကတော့ရှင်တို့ အာဏာပိုင် များနဲ့  နီးစပ်တယ်ဆိုရင် ပြည်တွင်းမှာ လေးစားအားထားလောက် တဲ့၊ ခိုင်လုံမှန်ကန် တဲ့  သတင်းဌာန ကြီးတခု တည်ဆောက် ဖို့  ကြိုးစားကြပါ။
ဒါဆိုရင် Ko Htike တို့  လို ဆိုဒ် မျိုးကို ဘယ်သူမှ လည်း လာဖတ်နေစရာ မလိုတော့ ဘူးပေါ့။

ချမ်းမြေ့ ကြ ပါစေ။

Morgan said...

How can Gorpaga tell the truth openly in a country when people are under the constant watch of the paranoid, repressive, xenophobic, dumb bunch in uniform who claims to protect the country and instead kill, rape and torture its own people.

Nanda said...

Let's just see a scenario!
Will you make news during September 2007 about killing and beating monks by calling a local police station or an administrative office in Yangon and confirming the news?
Now way!!!

Likewise, don't forget that it was this Pagoda committe that offended to those involved in the prayer campaign for DASSK and other political prisonsers. It was the same committe that disturbed one's right to pray in front of Buddha by using many wicked methonds, like sprinkling water and prentending to doing cleaning services to prevent the prayers! So just use or own common sense and mind that due to the emergance of this news, they wouldn't in no doubt do any longer as they wish concerning the donations and this somehow has succeeded in preventing the similar cases (misusing, mishandling of donations) from happening.

AD1958 said...

Long life and freedom to Burma!

phyoe said...

ကိုထိုက် ရေ

သတင်းတစ်ခုကိုဖြန့်တော့မယ်လို့စဉ်းစားမိယင် အယင်ဆုံးလုပ်သင့်တာက အဲဒီသတင်းကို ခြေခြေမြစ်မြစ်ဖြစ်အောင် အရင်ဆုံး စုံစမ်းပါ။ ကိုယ်တိုင်သေသေချာချာ မှန်ကန်ပြီလို့ အတည်ပြုနိုင်မှ သူများတွေကို ပေးသိတာ အကောင်းဆုံးပါပဲ။
အခုလိုသတင်းမျိုးဆိုယင်တော့ပိုပြီး သတိထားသင့်ပါတယ်။ ရွှေတိဂုံ စေတီတော်မြတ်ကြီး ဆိုတာ ကျမတို့အားလုံးရဲ့ အထွတ်အမြတ်ထားရာဖြစ်တယ်လေ။ ကျမလည်း ကိုထိုက်လိုပဲ ဘယ်သူရေးလို့ရေးမှန်းမသိရတဲ့ အဲဒီမေးလ် ကိုရ ပါတယ်။ သေချာသိအောင်မကြိုးစားနိုင်တဲ့ အတွက် မေးလ်ကို ဖြန့်ဖို့တောင်မစဉ်းစား တော့ပါဖူး။ ဘာဖြစ်လို့လဲဆိုတော့ သူများတွေ လှူဒါန်းမှု မပြုချင်အောင် ဟန့်တားသလိုဖြစ်သွားတော့မှာပါ။ သူပြောသလို မဟုတ်ဖူး ဆိုယင်တော့ ဖြန့်မိတဲ့ ကျမတို့ မှာလဲ နောင်သံသရာအတွက်မကောင်းတော့ပါဖူး။ ဖြစ်လိုက်မယ့် အကုသိုလ်တွေ။

မြတ်စွာဘုရား ဟောတော်မူခဲ့တဲ့ ကာလာမ သုတ်တော်ကို ကိုထိုက် ဖတ်ဖူးပြီး တစ်ဆင့် နာကြားဖူးပြီး ဖြစ်မယ်လို့ ထင်ပါတယ်။

စေတနာမွန်ဖြင့်
မလေး

AKT said...

စေးစေး ပြောတာလက်ခံပါတယ်။
ဘာသာရေးသွေးထိုးတဲ့ ခွေးတွေလက်ချက်ဆိုတာ
ထင်ရှားပါတယ်။