Tuesday 23 June 2009

စင်္ကာပူရောက် ညီအစ်ကို မောင်နှမများမှ ကျင်းပသော ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့မင်္ဂလာ

“(၆၄)နှစ်မြောက် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မင်္ဂလာ”

ပြုလုပ်ကျင်းပခြင်း

(၂၁ရက်၊ ဇွန်လ၊ ၂၀၀၉)

“(၆၄)နှစ်မြောက် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မင်္ဂလာ” အား ဂုဏ်ပြုသော အားဖြင့် မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူများမှ စင်္ကာပူနိုင်ငံ၊ တိုပါးရိုးရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ဘုန်းကြီးများအား “အာရုံဆွမ်း ကပ်လှူခြင်း”၊ မနက်(၁၁)နာရီမှ စတင်၍ တက်ရောက်လာကြသော မြန်မာ့အရေး စိတ်ဝင်စားသူများ၊ သွေးလှူရှင်များအား “မုန့်ဟင်းခါး၊ လက်ဖက်ရည်ဖြင့် ဧည့်ခံကျွေးမွေးခြင်း” တက်ရောက်လာသူများမှ “မွေးနေ့ဆုတောင်းများ ရေးသားခြင်း”“ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံပြပွဲ” အား ကြည့်ရှုခြင်း၊ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများမှ “ကဗျာရွတ်ဆို ဂုဏ်ပြုခြင်း”၊ နေ့လည်(၁)နာရီတွင် “တရားနာယူခြင်း နှင့် စုပေါင်းမေတ္တာပို့သခြင်း”၊ နေ့လည်(၂)နာရီတွင် သွေးလှူဒါန်းသူပေါင်း (၉၆)ယောက် အနက်မှ စုစုပေါင်း (၇၂)ယောက် အောင်မြင်စွာ “စုပေါင်းသွေးလှူဒါန်းခြင်း” တို့အား ကျင်းပပြုလုပ်ခဲ့ပါသည်။

ထိုသို့ အောင်မြင်စွာ ပြုလုပ်ကျင်းပနိုင်ရန် တက်ရောက်လာကြသော မြန်မာ့အရေး စိတ်ဝင်စားသူများ၊ သွေးလှူရှင်များ နှင့် အဖက်ဖက်မှ တတ်အားသရွေ့ ၀ိုင်းဝန်းကူည်ီဆောင်ရွက်ခဲ့ကြသူများအား မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများမှ လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်းနှင့် နောက်နောင် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုတိုင်းတွင် တက်ကြွစွာ စုပေါင်း ပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများ (စင်္ကာပူနိုင်ငံ)

ဓါတ်ပုံများကို အောက် ဖေါ်ပြပါ လင့်ခ်များတွင် ကြည့်ရှုနိုင်ပါသည်။


ဓါတ်ပုံ တင်ထားသော ပထမ စာမျက်နှာ
ဓါတ်ပုံ တင်ထားသော ဒုတိယ စာမျက်နှာ

4 comments:

Truth Lover said...

စစ်အစိုးရက မေလ ၂၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်းစေ့၍ လွှတ်ပေးရတော့မည်။
ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်မှ လွတ်လာလျှင် စစ်အစိုးရကျင်းပ ပေးမည့် ၂၀၁၀ ရွေးကောက်ပွဲ၌ NLD ပါတီ ၀င်ရောက်ယှဉ်ပြိုင်မည်၊ မယှဉ်ပြိုင်မည်နှင့် ပတ်သက်ပြီး NLD ပါတီအတွင်း အငြင်းပွားနေသည့်ကိစ္စ၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကိစ္စအပေါ် သူမ မည်သို့ကိုင်တွယ်ဖြေရှင်းဆောင်ရွက်သွားမည်ကို ပြည်တွင်း ပြည်ပမှ NLD အဖွဲ့ဝင်များနှင့် အဖွဲ့ဝင်ဟောင်းများ၊ နိုင်ငံရေးလှုပ်ရှားသူများ၊ မြန်မာ့ လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏သမီးဟူသော စိတ်အစွဲဖြင့် သူမအား ပုဂ္ဂိုလ်ရေးယုံကြည်ထောက်ခံနေသူများက စိတ်ဝင်စား စောင့်မျှော်နေကြသည်။
မေလ ၅ ရက်နေ့ညတွင်တော့ အမေရိကန်နိုင်ငံသား ဗီယက်နမ်စစ်ပြန်ဆိုသူ မစ္စတာ ဂျွန်ဝီလျံယက်တောတစ်ယောက် အင်းလျားကန်ကို ရေးကူးဖြတ်သန်းနေစဉ် စစ်အစိုးရ လုံခြုံရေးအဖွဲ့ဝင်တွေက ဖမ်းဆီးလိုက်သည်။
ယင်းအမေရိကန်နိုင်ငံသားအား စစ်မေးလိုက်သည့်အခါမှာတော့ မေလ ၃ ရက်နေ့ ညက အင်းယားကန်ရေပြင်ကို ရေကူးဖြတ်သန်း၍ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ၀င်ရောက်ခဲ့ပြီး ၂ ရက်ကြာနေထိုင်ကာ မေလ ၅ ရက်နေ့တွင် ပြန်ထွက်လာခြင်းဖြစ်ကြောင်း သိရသည်။
စစ်အစိုးရက မေလ ၁၄ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို မစ္စတာ ယက်တောအား သူမ၏နေအိမ်တွင် ၂ ရက်တိုင်အောင်လက်ခံထားသဖြင့် နေအိမ်အကျယ်ချုပ် ဥပဒေချိုးဖောက်မှုဖြင့် အင်းစိန်အကျဉ်းထောင်တွင် တရားစွဲဆိုလိုက်သည်။
တရားစွဲဆိုမှုကြောင့် ကုလသမဂ္ဂ၊ အမေရိကန်၊ အီးယူနိုင်ငံအချို့နှင့် အိမ်နီးချင်း ထိုင်း နိုင်ငံတို့မှ ပြစ်တင်ရှုတ်ချမှုများကို စစ်အစိုးရအနေဖြင့် ဖြေရှင်းကန့်ကွက်နေရသကဲ့သို့ စင်ကာပူ တွင်ကျင်းပသည့် အာရှပစိဖိတ်ဒေသလုံခြုံရေးဆိုင်ရာဆွေးနွေးပွဲတွင် စစ်အစိုးရ ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ် အေးမြင့်က ဒေါ်အောင်ဆန်းစုကြည်အား အရေးယူခြင်း၊ တရားစွဲဆိုခြင်းမှာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စသက်သက်သာလျှင်ဖြစ်ပြီး ပြည်တွင်းတရားဥပဒေနှင့်အညီ ပြည်တွင်းဥပဒေကျင့်သုံးမှုအရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်ဟု သိရသည်။

Truth Lover said...

မိမိ NLD ပါတီဝင်အဖြစ် ပြည်တွင်း၌ နိုင်ငံရေးလှုပ်ရှားစဉ်နှင့် အိမ်နီးချင်း ပြည်ပနိုင်ငံ တစ်ခုတွင် ရောက်ရှိစဉ်က ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး မြန်မာအမျိုးသမီးတစ်ဦး အနေဖြင့် လိုက်နာစောင့်ထိန်းအပ်သည့် မြန်မာ့ရိုးရာ လူမှုကျင့်ဝတ်ချိုးဖောက်မှုများနှင့် အခြား ကြားသိခဲ့ရသည်အကြောင်းများကို ရေးသားလိုလာသည်။
အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း၏သမီး လက်ရှိ အထင်ကရ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏မိခင် ဒေါ်ခင်ကြည် သံအမတ် တာဝန်ဖြင့် အိန္ဒိယတွင်တာဝန်ကျစဉ် ရန်ကုန်ရှိ စိန့်မေရီကွနှ်ဗင့်ကျောင်း ဆဌမတန်းမှ နယူးဒေလီကွနှ်ဗင့်ကျောင်းသို့ ပြောင်းရွှေ့ကျောင်းတက်စေခဲ့သည်။
သူမကျောင်းသူဘ၀တွင်ပင် မြန်မာသံရုံးဝင်း၌ အလုပ်လုပ်သည့် ဖြူဖြူချောချော ဟိန္ဒူ ကုလားတစ်ယောက်နှင့်လိုက်ပြေးပြီး မိခင်ဒေါ်ခင်ကြည်မှ လိုက်ခေါ်သော်လည်း ၁၄ လကြာမှ အိမ်ကိုပြန်လာပြီး နောက်ထပ်လည်း လိုက်ပြေးကြောင်း သိရသည်။
အဲဒီလို နိုင်ငံခြားသားနှင့် ရှုတ်ထွေးသည့်သတင်းများကို ထိုစဉ်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်တဲ့ ဦးသန့်က ကြားပြီး ဒေါ်အောင်ဆန်းစုကြည်ကို နယူးယောက်တွင် အလုပ်ပေးရန်ခေါ်ခဲ့ကြောင်း၊ သူမနယူးယောက်သို့ရောက်ပြီး ဦးသန့်နှင့် သွားတွေ့ချိန်တွင် သူမနှင့်အတူနေ ကျူးဘားအမျိုးသားတစ်ယောက်အားခေါ်သွားသဖြင့် ဦးသန့်က စိတ်ဆိုးပြီး ပြန်လွှတ်လိုက်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်အောင်ဆန်း၏သမီးဟုသိသည့် အိန္ဒိယနိုင်ငံ ဆိုင်ရာ ဓနသဟာယ မဟာမင်းကြီး မစ္စတာ ဘုတ်ရှ် (မြန်မာနိုင်ငံတွင်လည်း ဗြိတိသျှသံအမတ် လုပ်ဖူးသူ)နှင့် ဇနီးက သူမကို မွေးစားဖို့ ဗြိတိန်သို့ခေါ်သွားကြောင်း သိရသည်။ သူမ ဗြိတိန်တွင်နေစဉ် မိခင်ဒေါ်ခင်ကြည်က ကြယ်ငါးပွင့်ကော်ပရေးရှင်း Agent ဖြစ်သူ ဦးနန်းနွယ် (ယခင်ပါလီမန်လွှတ်တော်အတွင်းဝန်ချုပ်)အား ဒေါ်အောင်ဆန်းစုကြည်၏ အုပ်ထိန်းသူအဖြစ် တာဝန်ပေးခဲ့သည်ဟု သိရသည်။
ဦးနန်းနွယ်က သူမကို ၄င်း၏နေအိမ်တွင်ခေါ်ထားစဉ် ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှ ပျောက်သွားသဖြင့် လိုက်လံရှာဖွေရာ နိုင်ငံခြားသားတစ်ဦးနှင့် ပေါင်းသင်းနေထိုင်နေသဖြင့် ပြန်ခေါ်ရာ ထိုသူနှင့် မယူပါကြောင်း၊ အိမ်ပြန်လာမည်ဖြစ်ကြောင်း၊ Living Together သက်သက်သာဖြစ်သည်ဟု ပြောခဲ့ကြောင်း သိရသည်။ လန်ဒန်တွင် ယင်းသို့ Living Together သူမနှင့်နေထိုင်သည့်နိုင်ငံခြားသား ၉ ဦး(လူမည်းတစ်ဦးအပါအ၀င်) အမည်ကို ဦးနန်းနွယ်က ဦးအောင်ကြီး (ဗိုလ်မှူးချုပ်ဟောင်း)ထံ ပေးခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် တက္ကသိုလ်ရိပ်သာလမ်းနေအိမ်၌နေထိုင်စဉ် ဒေါက်တာ တင်မျိုးဝင်းနှင့်အတူအိပ်နေသောဓာတ်ပုံများကို NLD ပါတီအတွင်းမှ အတွင်းသိတစ်ဦးက ခိုးရိုက်ခဲ့ပြီး အိန္ဒိယနယ်စပ် ကလေး၊ တမူးမြို့များတွင် ကပ်ခံခဲ့ရကြောင်း သိရသည်။
ငပုတောမြို့နယ် NLD လွှတ်တော်အမတ် ဦးဒေးဗစ်လှမြင့်တစ်ယောက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အပေါ်ထပ်တွင်နေထိုင်စဉ် သူမက ဦးဒေးဗစ်လှမြင့်အတွက် အရက်နှင့် ကြက်ဥ ၀ယ်ခိုင်းသည်ကို NLD ပါတီဝင်အမျိုးသမီးများအတွင်း ပြောဆိုခဲ့သည်များ ရှိခဲ့ကြောင်း သိရသည်။

Truth Lover said...

ဗိုလ်ချုပ်အောင်ဆန်း၏သမီးဟူသောဂုဏ်ဖြင့် အချိန်တိုအတွင်း ထင်ပေါ်ကျော်ကြားလာသည်။ အမေရိကန်ဗဟိုထောက်လှမ်းရေးဌာန (CIA) သည်လည်း ၁၉၅၀ ခုနှစ်က မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် ကွန်ပျူနစ်ဝါဒလွှမ်းမိုးမှုတားဆီးရေး၊ ယခု တရုတ်ထိန်းချုပ်ရေးကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းလာသည်။ မြန်မာနိုင်ငံတွင်ပေါ်ပေါက်လာမည့် အစိုးရသစ် သည် အမေရိကန်လိုလားသောအစိုးရဖြစ်အောင် ကြိုးပမ်းအကောင်အထည်ဖော်လိုလာသည်။
ယင်းသို့ကြိုးပမ်းရာတွင် CIA သည် မြန်မာနိုင်ငံရေးလောကတွင် ထင်ပေါ်ကျော်ကြားသူများမှ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ခဲ့ပြီး CIA ၏ လုပ်နည်းလုပ်ဟန်အတိုင်း လူမှုရေးအားနည်းချက်များသည့် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုးကိုင်အသုံးချရန် ဖျောက်ဖျက်မရသည့် သူမ၏ လူမှုကျင့်ဝတ်ချိုးဖောက်မှုများကို အသေးစိတ် ခရေစေ့တွင်းကျကျ အသံသွင်းမှတ်တမ်းများ၊ ဓာတ်ပုံမှတ်တမ်းများ၊ အထောက် အထားစာရွက်စာတမ်းများ ပြည့်စုံအောင် ထောက်လှမ်းရယူခဲ့ကြောင်း သိရသည်။
တစ်ဘက်ကလည်း သူမကို မြန်မာနိုင်ငံရေးလောကတွင်သာမက ကမ္ဘာကပါ အသိအမှတ်ပြုလာအောင် CIA ၏အခွင့်အာဏာကိုသုံးပြီး နိုဘယ်စုအပါအ၀င် ဆုမျိုးစုံ ၈၀ ကျော်ရအောင်ဆောင်ရွက်ပေးပြီး ဆုကြေးငွေ၊ ထောက်ပံ့ကြေးငွေ နည်းမျိုးစုံရအောင် ဆောင်ရွက်ပေးခဲ့သည်။
ရရှိသည့်နိုင်ငံခြားငွေများကို ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်သို့ပြန်လာစဉ်က သူမ၏ ပိုင်ဆိုင်မှုအားလုံးကို စာရင်းဖွင့်ထားခဲ့သည့် ပြည်ပရှိ သူမ၏ ငွေစာရင်းများသို့ ထည့်ပေးထားပြီး CIA က အချိန်မရွေးပိတ်နိုင်အောင် စီစဉ်ထားသည်။ သုံးစွဲရန် လိုအပ်သည့် ငွေကြေးပမာဏသာ သူမထံပို့ပေးကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်အကြောင်း အသေးစိတ်ထောက်လှမ်းရရှိထားသော အချက်အလက်များ ပြည်ပရှိငွေကြေးပိုင်ဆိုင်မှုများနှင့် သားနှစ်ယောက်လုံခြုံရေးကို CIA က ချုပ်ကိုင်ထားပြီး မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးမှတစ်မျိုး၊ အခြားနည်းလမ်းဖြင့်တစ်သွယ် ဆက်သွယ်၍ သူမကို ကြိုးကိုင်စေခိုင်းလျက်ရှိကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း နည်းမျိုးစုံဖြင့် သူမအပေါ် အပိုင်ချုပ်ကိုင် ညွှန်ကြားနေသည့် CIA အပေါ် မည်သို့မှ လွန်ဆန်နိုင်ခြင်းမရှိတော့ဘဲ အမျိုးသားညီလာခံ ပျက်စီးအောင်လုပ်ဆောင်ခြင်း၊ မြန်မာ့ခရီးသွားနှစ်ကို သပိတ်မှောက်ရန်နှင့် စီးပွားရေးပိတ်ဆို့ အောင်ဆောင်ရွက်ခြင်း၊ အလုံးစုံ ထိပ်တိုက်ရင်ဆိုင်ရေး လုပ်ဆောင်ခြင်း၊ သုံးပွင့်ဆိုင် ဆွေးနွေးပွဲတောင်းဆိုခြင်း၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပျက်ပြားအောင်ဆောင်ရွက်ခြင်း အပါအ၀င် CIA ခိုင်းစေသမျှ လုပ်ဆောင်ပေးခဲ့သည်။ သူမကိုယ်တိုင်လည်း CIA သားကောင် ဖြစ်နေမှန်းသိသော်လည်း နောက်ဆုတ်၍မရတော့သည့်အနေအထားရောက်နေပြီဟု သူမ၏ အတွင်းလူအချို့ထံမှ သိရသည်။
မစ္စတာဂျွန်ဝီလျုံယက်တော အင်လျားကန်ရေပြင်ကို ရေကူးဖြတ်သန်း၍ စစ်အစိုးရ လုံခြုံရေးအဖွဲ့ဝင်များမသိဘဲ သူမနေအိမ်သို့ဝင်ရောက်နေထိုင်ရန် လုပ်ဆောင်ခြင်းမှာလည်း CIA ၏ ညွှန်ကြားချက်များပေးပို့ရန် ရောက်ရှိခြင်းဖြစ်နိုင်သကဲ့သို့ သူမ၏ သွေးသားဆန္ဒကို ဖြည့်ဆည်းပေးရန် CIA မှ စေလွှတ်လိုက်ခြင်း ဖြစ်နိုင်သည်။

Anonymous said...

သို.
ဖါခေါင်းနှင်. ဖါသည်ကမွေးထားသော Truth Lover
နင်တို.တတွေ ယှဉ်လို.မရအောင်
အစစအရာရာ မြင့်မြတ်သာလွန်သော
ဒေါ်အောင်ဆန်းစုကြည်ကို နင်တို.ဘယ်လိုပဲအပုတ်ချချ
လမင်းကိုခွေးဟောင် သကဲ့သို.
ခွေးထက်ယုတ်ညံ.သော နင်တို.တတွေ သာလျှင် အမောဆို.ပြီး
ကိုယ်ပါသောချီး ကိုယ်ပြန်မစားနိုင်အောင် အမြုံ.ထွက်ပြီး
ဆန်.ငင် ဆန်.ငင်သေပြီး အဝီစိကို
နင်တို.ရဲ. အထက်လူကြီး လူယုတ်မာတွေနဲ.အတူ
ခေါင်းမဖေါ်နိုင်အောင် ငရဲခံနေရချိန်မှာ
ဒေါ်အောင်ဆန်းစုကြည်ကတော့
ရဲရဲတောက်နေတဲ့ပတမြားကို မနာလိုတဲ့ဝက်က
နွံနဲ.ဘယ်လိုပွတ်ပါစေ ပွတ်လေပွတ်လေ
အရောင်ထွက်လေပါပဲ
မင်းရဲ.ယုတ်မာမှုကို မင်းပြန်ရှက်နေမယ်ဆိုတာ မင်းကိုမင်းသိပါတယ်