ကိုရင် သာဂိ မှတ်တမ်း ၅
ကျွန်တော်တို့ ရွှေမြန်မာနိုင်ငံတော်ကြီးကို တိုးတတ် ထွန်းကား စည်ပင်လာအောင် တပ်မတော်က ဘဘကြီးတွေ နေ့မအား ညမအား အလုပ်လုပ်နေတာကို မြင်ရပြီး သကာလ၊ ... ပြည်ပအားကို ပုဆိန်ရိုးတွေရဲ့ နိုင်ငံတော် အကြည်အညိုပျက်အောင် ပြောနေတာတွေကို မြင်နေကြားနေရတော့ မွေးရာပါ ဒီအတိုင်း ငြိမ်မနေနိုင်လို့ ပြောချင်တာလေး ပြောလိုက်ပါတယ်။
သိတဲ့ အတိုင်းပဲလေ။ ကျွန်တော် ငသာဂိ တစ်ယောက် ရွာရိုးကိုးပေါက် စာပေသမားယောင်ယောင်၊ ဂျာနယ် သတင်းထောက် ယောင်ယောင်နဲ့ ယောင် ၆၀ လုပ်နေတာ ကြာပြီ မဟုတ်လား။
ဒီတော့ အခုတလော သိပ်ကို ခေတ်စားလာတဲ့ အင်လျားကန် ရေကူး ချံပီယံ ကိစ္စကို ဒီအတိုင်း ပစ်ထားလို့ မရတဲ့ သကာလ၊ ကျွန်ုပ် .. ငသာဂိတစ်ယောက် .. ရေး . စရာရှိကား ရေးအပ်ရာ၏ ... လို့ တွေးပြီး ... ကဲ ကျွန်တော် အတွေးကို ရေးကြည့်ပါပြီ ခင်ဗျ။
တရားဥပဒေမှာ စံနမူနာ ထားပြီး လေ့လာ လျှောက်လဲ ရတဲ့ စီရင်ထုံး အမှုတွေ ရှိကြတယ် မဟုတ်လား။ အခုလည်း ၂၁ ရာစုအတွက် .. ရွှေမြန်မာနိုင်ငံတော်ကြီးမှာ သူခိုး ကင်းစင်ရေး စီမံကိန်းကြီး လုပ်နေတာကို ပြည်ပအားကိုတွေက နားမလည်၊ ပါးမလည် နိုင်ငံတော်က ဘဘကြီးတွေကို ပြောဆိုနေလိုက်ကြတာ။
၂၁ ရာစု ရွှေမြန်မာနိုင်ငံတော်မှာ သူခိုး ကင်စင်ရေးအတွက် စီမံကိန်း (၂) ရပ်ကို နိုင်ငံတော် အကြီးအကဲ ဘဘကြီး သန်းရွှေက ကိုယ်တိုင်ဦးစီး ချမှတ် အကောင်အထည်ဖေါ်နေတာ။ အဲဒီ စီမံချက်တွေမှာ အသေးစိပ် လုပ်ဆောင် သင့်တာတွေကို တပ်မတော်ကြီး တခုလုံးမှာ အထက်အောက် သေသေချာချာ လိုက်နာနိုင်အောင် စီမံ ဆောင်ရွက်လိုက်နာနေကြတာလည်း အံ့မခန်း တိုးတတ်မှု အဖြစ် မြင်နေရတာပါပဲ။
အဲဒီ စီမံကိန်း (၂) ရပ်ကတော့
(၁) ၂၀၁၀ မတိုင်ခင် မြန်မာနိုင်ငံအတွင်း သူခိုးများ ကင်းစင်ရေးအတွက် ဥာဏ်အမြော်အမြင် ကြီးလှစွာသော ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ လမ်းညွှန်ချက်နှင့် အညီ .. မြန်မာတနိုင်ငံလုံးတွင် ရှိသော သူခိုးများ အားလုံးကို မြန်မာ့ တပ်မတော် အပါအဝင် သက်ဆိုင်ရာ အကြီးအကဲ ရာထူးများတွင် ခန့်အပ်စေရေး
(ကဲ ခင်ဗျားတို့ ကြည့်ကြစမ်းပါ။ လမ်းညွှန်ချက် (၁) မှာတင် ဘယ်လောက် အောင်မြင်အောင် လုပ်ဆောင် နိုင်သလဲ ဆိုရင် တပ်မတော်ကြီး တခုလုံးမှာ သူခိုးတွေ ပြည့်နေပြီ မဟုတ်လား။ အဲလိုမျိုး ဒို့ ဘဘကြီးက တော်တာ။ တိုင်းပြည်က သာမန်အရပ်သား သူခိုးဆိုတာ မရှိသလောက် နည်းသွားပြီလေ။ သူတောင်းစားလောက်ပဲ ကျန်တော့တာ မဟုတ်လား။)
(၂) အကယ်၍ တပ်မတော်ထဲ မဝင်ဘဲ ခိုးယူပါက .... ခိုးမှု ဖြစ်လျှင် (သို့) သူတပါး အိမ်ထဲ ခိုးဝင်လျှင် ... အဆိုပါ သူခိုးအား အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၇) နှစ် ကျခံ စေရမည်။ အိမ်ရှင်ကိုကား သူခိုး ဝင်လာစေမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ် ကျခံ စေရမည်။
(အိမ်ရှင်ကို အခုလို အပြစ်ပေးရတာကတော့ ခိုးမှု ဖြစ်တိုင်း သက်ဆိုင်ရာဌာန တွေကို ခဏ ခဏ သွားရောက် တိုင်တန်းမှုမျိုး ဖြစ်ပါက .. မူလဘူတ သူခိုးကြီးများ ဖြစ်သော တပ်မတော်သားများ အလွန် သိက္ခာ ကျဆင်းစေသောကြောင့် နိုင်ငံတော် အကြည်အညို ပျက်စေမှု ဖြစ်ပေါ်စေသည်။ ထိုကြောင့် အိမ်ရှင်ကိုပါ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ် ကျခံ စေရမည်ဟု အမိန်တော် မှတ်ထားခြင်း ဖြစ်သည်။)
ကဲ .. ခင်ဗျားတို့ NLD က ပြောနေတဲ့ ၁၉၇၄ အခြေခံ အက်ဥပဒေ ပျက်သွားပြီလို့ ပြောပေမယ့် .. အခု အင်လျားကန်ထဲ ရေကူးတဲ့ ရေကူးချံပီယံ ကိစ္စမှာ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နဲ့ အညီ သူခိုးပပြောက်ရေး စီမံကိန်း အက်ဥပဒေနဲ့ အရေးယူလိုက်တာ ဖြစ်တယ်ဆိုတာ ခင်ဗျားတို့ အားလုံး နားလည်လောက်ပြီလို့ ထင်ပါတယ်။
ဟဲ .. ဟဲ .. ခင်ဗျားတို့ ဘာပြောချင်သေးလဲ။
ပုံ
သူခိုးကြီးများ ကိုယ်စား (အဲ .. အဲ .. တပ်မတော်တခုလုံးနှင့် နိုင်ငံတော် အကြီးအကဲများ ကိုယ်စား)
ကိုရင်သာဂိ

4 comments:
*ပြေးကြည့်ဦး*
Thandar Shwe SAID"မေမေ.ပာိုမှာကြည့်ဦး သူခိုးကို
> လူအုပ်က လိုက်ဖမ်းနေတယ်"
DAW Kyaing Kyaing SAID > "ပာယ်. ပာုတ်လား၊မြန်မြန်သွားကြည့်စမ်း။
> နင့်အဖေများ ဖြစ်နေသလားလို့"
酒店打工
酒店兼職
台北酒店
打工兼差
酒店工作
酒店經紀
禮服店
酒店兼差
酒店上班
酒店PT
酒店
情趣按摩棒,自慰套,角色扮演,按摩棒,跳蛋,跳蛋,
情趣,性感丁字褲,情趣,角色扮演服,吊帶襪,丁字褲,情趣用品,跳蛋,男女,
潤滑液,SM,內衣,性感內衣,自慰器,充氣娃娃,AV,
按摩棒,電動按摩棒,飛機杯,視訊,自慰套,自慰套,情趣用品,情趣內衣,
.,
自慰套,自慰器,情趣,自慰套,情趣,視訊交友,充氣娃娃,性感丁字褲,AV,按摩棒,電動按摩棒,情趣按摩棒,按摩棒,變頻跳蛋,跳蛋,無線跳蛋,
男女,潤滑液,
SM,情趣內衣,內衣,性感內衣,角色扮演,角色扮演服,吊帶襪,丁字褲,情趣用品,情趣用品,飛機杯,自慰套
.,.,
Post a Comment