Saturday 15 August 2009

နအဖ(လက်နက်ကိုင်အကြမ်းဖက်အဖွဲ့) ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့၊ ၂၀၁၀ ရွေးကောက်ပွဲ အောင်မြင်ရေး၊ လမ်းရှင်းစနစ် စတင်ပြီ။

စစ်အစိုးရလက်အောက်ခံ (မ)တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အား ၁၁-၈-၂၀၀၉ နေ့က အပြစ်မရှိဘဲ အလုပ်ကြမ်းနဲ့ထောင်ဒဏ် (၃) နှစ်အမိန့်ချကာ ချက်ခြင်းဆိုသလို ဥပဒေအထက်မှာ “ငါ” ဘဲရှိတယ်လို့ သက်သေပြလိုက်တဲ့အနေနဲ့ နအဖ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြစ်ဒဏ်များအနက် ပြစ်ဒဏ်ရဲ့ထက် ဝက်ကိုသာကျခံစေပြီး၊ ကျန်တဲ့ပြစ်ဒဏ်ကို ဆိုင်းငံ့ထားစေ၍ ကြိုတင်သတ်မှတ်ထားတဲ့ စည်းကမ်းချက် တွေချမှတ်ကာ အိမ်ပြန်နေစေရန်၊ (မ)တရားရုံးကို၊ ရုံးတော်က အမိန့်မချခင် တစ်ရက် ကြိုတင် အမိန့်ပေးခဲ့ပါတယ်။

မူလကတည်းက ကြိုတင်စီစဉ်ထားတဲ့ စာအိတ် (၂) အိတ်ထဲက ဒုတိယစာအိတ်ကို အသုံးပြုဘို့ ဆုံးဖြတ် လိုက်ပေမဲ့၊ ကမ္ဘာနဲ့မြန်မာက အမျက်ဒေါသတွေကို ရှောင်ရှားပြီး နောက်ဆုံး အမိန့်ပေးရန် စစ်အာဏာသိမ်း ထိပ်ပိုင်း ခေါင်းဆောင်တစု နေပြည်တော် စစ်အကြမ်းဖက်ရုံးချုပ်မှာ (၃)ရက်ကြာ ခေါင်းခြင်းဆိုင်တိုင် ပင်ခဲ့ကြပြီးမှ ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း သိရှိရပါတယ်။

ပြည်တွင်း၊ပြည်ပက၊ ဖိအားတွေကို၊ တုန်လှုပ်ချောက်ခြားပြီး၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ ဒေါ်အောင်ဆန်းစုကြည်ကို၊ အကျဉ်းထောင်သို့ပို့ရဲတဲ့၊ သတ္တိတွေ၊ စစ်ဗိုလ်ချုပ်ကြီးတွေမှာ၊ မရှိတော့ပါဘူး။ အဲဒီလိုအခြေနေကို၊ ဖုံးဖိနိုင်ရေးအတွက်၊ အရေးပေါ် အစည်းအဝေးခေါ်ပြီး၊ မူလကတည်းက၊ အပြစ်မရှိတဲ့သူကို၊ မရှိတော့တဲ့၊ ဥပဒေပုဒ်မတွေတပ်ပြီး၊ တရားဆွဲကာ၊ အပြစ်ချပြီးမှ၊ အကြင်နာ မေတ္တာတွေထားသလို၊ ဟန်ဆောင်စကားလုံးတွေ သုံးပြီး၊ ပြစ်ဒဏ် လျော့ပေါ့ခွင့်ပေးတဲ့ ပုံစံဖန်တီးခဲ့ကြတာပါ။ (စစ်အာဏာရှင်တစုရဲ့ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့၊ အောက်တန်းစား ခပ်ညံ့ညံ့လုပ်ရပ်တခုပါ။)

အများပြည်သူတွေအတွက်၊ လွန်စွာမှ စိတ်ပျက် အားငယ်စရာ သတင်းဖြစ်နေပေမဲ့၊ ကြတ်ပြေး စစ်အကြမ်းဖက်၊ ရုံးချုပ်မှာတော့၊ စစ်အာဏာရှင်တစု၊ ပျော်ပွဲရွှင်ပွဲတွေ၊ တိုးတိုးတိတ်တိတ် ကျင်းပနေကြပါတယ်။

ပထမအဆင့်၊ …… လူထုခေါင်းဆောင်၊ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား၊ ရွေးကောက်ပွဲတွင် ပါဝင်ခွင့် မရှိအောင်၊ စနစ်တကျ စီစဉ် ဆောင်ရွက်ထားရန်။

ဒုတိယအဆင့်၊ ….. ၂၀၁၀ ရွေးကောက်ပွဲအတွက်၊ လိုအပ်သောဥပဒေများအား၊ အမြန်ဆုံးထုတ်ပြန်ပြီး၊ လက်ဦးမှုရယူရန်။

အထက်ဖေါ်ပြပါ၊ အဆင့်နှစ်ဆင့်အတိုင်း၊ စနစ်တကျဆောင်ရွက်ကြရန်၊ စစ်အာဏာရှင်ကြီးက၊ ညွှန်ကြား ထားကြောင်း၊ကြားသိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ အကြောက်ဆုံးကိစ္စက၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဆောင်တဲ့၊ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်အနေနဲ့၊ နိုင်ငံရေး ဦးတည်ချက် ပြောင်းလဲလာပြီး၊ “၂၀၁၀ ရွေးကောက်ပွဲကို၊ စစ်အစိုးရကိုယ်စား၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးနဲ့၊ နိုင်ငံတကာမှ၊ အစ အဆုံး၊ ကြီးကြပ်ဆောင်ရွက်ပါက၊ ဝင်ရောက်အရွေးခံမယ် လို့၊” ပြောဆိုတောင်းဆိုလာမှာကိုပါ။

ကုလသမဂ္ဂ အဖွဲ့ကြီးနဲ့၊ နိုင်ငံတကာမှ၊ တာဝန်ယူကြီးကြပ်ပေးပါက၊ ၂၀၁၀ေ၇ွးကောက်ပွဲဟာ၊ လွတ်လပ်ပြီး၊ တရားမျှတမှုရှိမယ်ဆိုတာ၊ မြန်မာလူထုက သိရှိထားတာကြောင့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကသာ၊ မဲအပြတ်အသတ် အနိုင်ရရှိမှာအသေအချာပါ။

နအဖစစ်တပ်က ရွေးကောက်ခံစရာမလိုဘဲ လွှတ်တော်မှာ ပါဝင်ခွင့်ရမယ့်၊ ၂၅% စစ်တပ်ကိုယ်စားလှယ် တွေကိစ္စကိုလည်း၊ သိပ်စိတ်ပူစရာမလိုဘူးလို့ ယူဆထားသူတွေရှိပါတယ်။ လွှတ်တော်မှာ၊ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ကသာ၊ အမတ် အရေအတွက်များခဲ့ရင်၊ ၂၅% စစ်တပ်ကိုယ်စားလှယ်ထဲက၊ အနည်းဆုံး ၂၀% က၊ ဘက်ပြောင်းလာကြမှာ အသေအချာပါ။ (ဘာဖြစ်လို့လဲဆိုတော့၊ ဒီကနေ့ စစ်တပ်ထဲမှာလည်း၊ စစ်အာဏာရှင်စနစ်ကို၊ မကြိုက်ကြတဲ့၊ တပ်မတော် အရာရှိကြီး၊ ငယ်တွေ၊ အများအပြား ရှိနေကြလို့ပါဘဲ။ စစ်အာဏာရှင်တစုကို၊ ကြောက်ရွံနေကြလို့၊ ငြိမ်နေကြရတဲ့၊ စစ်ဗိုလ်ချုပ်တွေဒုနဲ့ဒေးပါ။) အဲဒီလိုဆိုရင်၊ နအဖ ရေးဆွဲပြီး အတင်းအကြပ် အတည်ပြုထားတဲ့၊ နာဂစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို၊ မြန်မာပြည်သူလူထု အများစုရဲ့ ဆန္ဒဘောထားနဲ့ ကိုက်ညီတဲ့၊ လွတ်လပ်ပြီး၊တရားမျှတတဲ့၊ အခြေခံဥပဒေအဖြစ်၊ ပြောင်းလဲပြင်ဆင်နိုင်မှာ အသေအချာပါ။

ဒါကိုကြိုတင်သိမြင်ထားတဲ့၊ စစ်အာဏာသိမ်း ခေါင်းဆောင်များဟာ၊ အဲဒီ အခြေအနေ မရောက်အောင်၊ ကုလသမဂ္ဂအပါအဝင်၊ ကမ္ဘာနိုင်ငံအသီးသီးက၊ နည်းမျိုးစုံနဲ့ဖိအားပေး၊ တောင်းဆိုနေတဲ့ကြားက၊ ဒေါ်အောင်ဆန်းစုကြည်ကို၊ အကျဉ်းချထားပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ရွေးကောက်ပွဲတွင် ပင်ပါဝင်ခွင့်မရှိအောင်၊ စနစ်တကျ စီစဉ်ဆောင်ရွက်နေတာပါ။

အိမ်နီးချင်းနိုင်ငံတချို့နဲ့ အာစီယံအဖွဲ့ဝင်နိုင်ငံတချို့ဟာ စစ်အစိုးရနဲ့ အကြောင်းအမျိုးမျိုးပြ ပူးပေါင်းပြီး၊ သူတို့ နိုင်ငံအတွက် စီးပွားရေး အကျိုးအမြတ်များ ရရှိရေးကိုသာ လုပ်ဆောင်နေကြတာပါ။ စစ်အစိုးရကြောင့် မြန်မာပြည်သူလူထုတွေရဲ့ ခံစားနေရတဲ့ ဒုက္ခတွေကို မျက်ကွယ်ပြုပြီး စစ်အစိုးရ ဆက်လက် တည်မြဲရေးအတွက် တဖက်လှည့် ကူညီပံ့ပိုးနေကြတာပါ။

ဒါ့ကြောင့် ၁၁-၈-၂၀၀၉ ရက်နေ့ နိုင်ငံတော်လုပ်ကြံမှုကို ကျူးလွန်ခဲ့တဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းဆိုင်ရာ ညွှန်ကြားချက်ပါ စကားလုံးတွေကြောင့် “အကောင်းဖက်ကို ဦးတည်နေပါပြီ” လို့ယူဆကြရင်တော့ မြန်မာနိုင်ငံဟာ နောက်ထပ်အနှစ်(၂၀) ကျော်ထပ်ပြီး၊ ဒုက္ခပင်လယ် ထဲမှာ နစ်မြှုပ်နေကြရလိမ့်မယ်လို့ ယူဆမိပါတယ်။

မြန်မာပြည်သူလူထုအားလုံး (ကြည်း၊ ရေ၊ လေ .. တပ်ဖွဲ့ဝင်များ ရဲတပ်ဖွဲ့ဝင်များနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်များအပါအဝင်)၊ စစ်အာဏာရှင်ကြီးရဲ့ (၂၁)နှစ်ကြာ လိမ်ညာ လှည့်ဖျားမှုတွေကို၊ မှန်မှန်ကန်ကန် အသိ သတိရှိရှိဖြင့် စဉ်းစားသုံးသပ်ပြီး ဒီမိုကရေစီ သူရဲကောင်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသား/သူ အားလုံး လွှတ်မြောက်ရေးနှင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် ညီညီညွတ်ညွတ် ကြိုးပမ်း ဆောင်ရွက်သွားမည်ဆိုပါက ပြည်သူပြည်သားများ လိုလားတောင်းတနေတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကို အမှန်တကယ် တည်ဆောက်နိုင်လိမ့်မယ်ဟု ယုံကြည်မိပါတယ်။

သူရဲကောင်း။

Dirty Work Done By Armed Terrorist Leader Than Shwe
Beginning Of Clearing The Road To Win The Election

Stooges judges of Junta already gave out the shameless sentence of 3 years in prison with hard labour to irreproachable Daw Aung San Su Kyi on August 11, 2009, but one day before the official verdict was announced, simpleton Than Shwe already instructed his puppet court to fabricate the sentence, which was reduced to half and the remaining to be suspended with pre-arranged directive and return Daw Aung San Su Kyi to her resident and continue her in house arrest as ever before. It is also declare to the country and prove that he is above the law.
It was using the second envelope of already prepared sentence even before the trial was started but top Junta leaders were in 3 days serious meeting to find out how to avoid the wrath of the Burmese people and international community.

Junta leaders are in fears of internal and external pressure thus they have less courage and not dare to send Burmese Democracy Leader Daw Aung San Su Kyi to jail. To cover their cowardice, they discuss in emergency meeting and giving out the sentence to innocent person in unlawful way then pretending as they are so kind to reduce the sentence and using beautiful words to cover their cunning act. (But that is a low class of disgusting trick always practice by Junta).

People of Burma and the international community are disappointing about the Junta’s shameless act and sad for the innocent but Junta’s generals are celebrating their victory in Nay-Pyi-Taw.
Simpleton Than Shwe already instructs his stooges to implement two steps as followed:-

(1) Detain Daw Aung San Su Kyi and arrange NLD party unlawful and unable to participate in coming election.

(2) Election law to be announced as soon as possible to get Junta in upper hand for coming 2010 election.

The most fearsome case for simpleton Than Shwe is that if NLD change their political decision by participating in 2010 election with condition of supervision by United Nation and International Communities.

If United Nation and International Communities involved in coming election, Burmese people believe that it will be free and fair. No doubt that NLD will win again in landslide victory.

Many believe that unelected 25% quota of representatives for Arm-Forces are not to be worried as if NLD get majority in Parliament, at least 20% will change the side because even in today army, many soldiers including officers are not happy with Junta. Even many generals in army are not happy with junta but fears drive them to be quiet. If it is go on as expected, Junta’s draft of one sided constitution can be amended and even changed to free, fair and democratically representing constitution for people of Burma.

Junta already known all of that for long time thus they shamelessly and unfairly arrested Daw Aung San Su Kyi and systematically arranging NLD party unable to participate in coming election amid the pressure from United Nation and many countries in the world.

Neighbouring and some of Asean member countries got many privileges from Junta if they are collaborating to the delight of what the Junta and generals so they only care for their opportunities in business concessions. They never consider the hardship and suffering of Burmese people but supporting Junta to last longer only for their Business. In other words, we can say that they are economically raping Burma and scarifying the Burmese people.

Simpleton Than Shwe was committed the crime and conspiracy on 11August 2009 but he tried to cover his guilt so he announce the fabricated directive with beautiful decoration to cheat Burmese people. If majority of our people believe in his repeated and shameless lies, we will be sinking into the hardship and suffering again for at least another 20 years. He rules the country with same method for previous 20 years and people can see how bad we are sinking into the gradually deteriorating condition.

Now is the time for all of us including the people, members of the arm-forces and ethnic groups of no matter who sign the truce with junta or not, are to realize the tricks done by Than Shwe and his stooges. We all have to reconsider our old ideas and united together for reconciliation of Nation and release of all political prisoners including the National Leader Daw Aung San Su Kyi. We believe in reaching the goal of building meaningful Democracy in Burma if we all are united together and clearly realizing the enemy of the country.

Reported by Thu Ye Kaung.

No comments: