Wednesday, 2 September 2009

ဤခရီး နီးသလား


ညီညွတ်ရေးတဲ့ ......။
အများက ခဏ ခဏ ပြောကြတဲ့ ညီညွတ်ရေး။ ညီညွတ်ရင် အာဏာရှင်ကို ဖြုတ်ချလို့ ရပြီလို့ ပြောကြတယ်။
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည် .. တဲ့။
ထင်း တစ်ချောင်းတည်းကို ချိုးလို့ ရပေမယ့်၊ ထင်းတစည်းကို ချိုးလို့ မရနိုင်ဘူးတဲ့။

အမျိုးမျိုးသော ညီညွတ်ရေးဆိုင်ရာ သဘောတရားတွေက အများသားလား။

အာဏာရှင်ကို ဖြုတ်ချတဲ့ လမ်းတစ်လျှောက်မှာ အကုန်လုံး ဒီစကားလုံးတွေကို အကြိမ်ကြိမ် ကြားခဲ့ပြီးပါပြီ။ အကြိမ်ကြိမ်လည်း ကိုယ်တိုင် ကိုယ်ကျ ပြောခဲ့ ဖူးပြီးသားနေမှာပါပဲ။

တချို့သော နိုင်ငံရေး ဆိုင်ရာ အခမ်းအနားတွေမှာ မိန့်ခွန်း တတ်ပြောတဲ့ နိုင်ငံရေးသမားကြီးကြီးတွေ ပြောတာ ရှိပါသေးတယ်။ ဘာတဲ့ ... စစ်အာဏာရှင်ကို တိုင်းပြည်က မောင်းထုတ်ရာမှာ အရေးကြီးဆုံးက ..

နံပါတ် (၁) သည် ညီညွတ်ရေး
နံပါတ် (၂) သည် ညီညွတ်ရေး
နံပါတ် (၃) သည် ညီညွတ်ရေး .... တဲ့။

ကဲ ဘယ်လောက်များ နားထောင်လို့ ကောင်းပြီး ကြက်သီးမွှေးညင်း ထစရာ ကောင်းလိုက်သလဲ။

ကျွန်တော်တို့ သိထားတာက ညီညွတ်ရေး ရရင် ပွဲပြီးပြီ။ အခု နိုင်ငံရေး သမားအကြီးကြီးတွေက ကိစ္စတိုင်းရဲ့ အရှေ့မှာ ညီညွတ်ရေးကို ရှေ့တန်းထင်တဲ့ မိန့်ခွန်းစကားကြားရတော့ ငါတို့ အောင်ပွဲနီးပြီပေါ့။

အဲလိုနဲ့ ရက်တွေ၊ လတွေ ကုန်သွားတယ်။ နှစ်တောင် ကူးလာပြီ။ နောက်ထပ် အခမ်းအနားမှာ ညီညွတ်ရေး အရေးကြီးကြောင်း မိန့်ခွန်းစကား ထပ်ပြောပြန်တယ်။ အဲလိုနဲ့ ညီညွတ်ရေး စကားကို ကြိမ်ဖန်များစွာ ကြားလာရပေမယ့် ဘာမှ လက်တွေ့ ဖြစ်မလာဘူး။

ဒါနဲ့ ကျွန်တော်လည်း ဘာဖြစ်လို့ ဖြစ်နေရတာလည်း ဆိုတာကို ဆန်းစစ်မိပါတော့တယ်။

ဒီအခါ ကျွန်တော် ဘာကို တွေ့ရလဲ ဆိုတော့ မဆိုသလောက် အမှားအချက်အလက်လေးတွေ တွေ့ရပါတယ်။ အဲဒီ အချက်အလက်တွေကို ပြင်နိုင်လိုက်ရင်တော့ ကောင်းလာမယ် မျှော်လင့်မိပါရဲ့။ ကျွန်တော် တွေ့တာတွေကတော့

၁။ တာဝန်ကျေပြီလို့ ထင်ခြင်း

အဆိုပါ နိုင်ငံရေး သမားကြီးကြီးတွေက အခုလို အခမ်းအနားတွေမှာ ညီညွတ်ရေးစကားပြောတာကို မိမိတို့ တာဝန်ကျေပြီလို့ ယူဆနေပုံရပါတယ်။ အဲဒီ စကားလုံးရဲ့ နောက်ကွယ်က လုပ်ရပ်(Action) တွေ ဆောင်ရွက်တာ မတွေ့ရပါဘူး။ ဒီတော့ တာဝန်ကျေ ညီညွတ်ရေး ပြောတော့တာပါပဲ။

စကားဝိုင်းတွေမှာလည်း ".... ကျွန်တော်/ ကျွန်မတို့က ညီညွတ်ရေးကို ပြောနေတာကြာပါပြီ .. " တဲ့။ အဲလို ပြောခဲ့တာကို ဂုဏ်ယူဖွယ်ရာ မှတ်နေပါတယ်။ ကိုယ်ပြောခဲ့တာကို ကိုယ့်ဘာသာ အကောင်အထည်မဖေါ်နိုင်တဲ့ အပေါ် ရှက်မိတဲ့ စိတ်မဝင်ဘဲ .. အခြားလူတွေက ညီညွတ်ရေး မလိုလားလို့ ညီညွတ်ရေးက မဖြစ်သယောင် ပြောနေတာကို ကြားရတော့ စိတ်အတော်လေးကို မသက်သာ စရာပါပဲ။

၂။ မိန့်ခွန်းပြောသော စကားလုံး အဖြစ်လောက်သာ တွေးထင်မိနေခြင်း(မိမိပြောသော စကားလုံးကို မိမိဘာသာ မယုံကြည်ခြင်း)

ယုံကြည်ချက် အတော်နည်းတယ်ပဲ ပြောရမလား၊ (ဒါမှ မဟုတ်) ညီညွတ်ရေးဆိုတာကို လူအများရှေ့ လူရာဝင်ရုံ ကြားကောင်းသော မိန့်ခွန်းစကား အဖြစ်လောက်သာ တွေးပြီး ပြောနေတာပါပဲ။ ဖြစ်နေပုံကတော့ ကလေးတွေ မိန့်ခွန်းပြောတမ်း ကစားသလိုပဲ။ ပြောချင်ရာ ပြော လုပ်ချင်ရာ လုပ်။ ကိုယ်ပြောခဲ့တဲ့ စကားလုံးတွေပေါ်မှာ ယုံကြည်ချက် ရှိမနေတာပါပဲ။ ကိုယ်ပြောတာကို မယုံကြည်ရင်၊ ကိုယ့်ကိုကိုယ် မလေးစားရာရောက်တယ်ဆိုတဲ့ ရှက်စရာ အတွေးအစား .. ဒါတွေ ပြောမှ လူရာဝင်မယ်လို့ တွေးနေတဲ့ မဟုတ်တဲ့ အတွေးအခေါ်တွေ ဝင်နေကြတာ တော်လှန်ရေးအတွက် တကယ့်ရင်လေးစရာပါပဲ။
၃။ ညီညွတ်ရေးနဲ့ ဆန့်ကျင်ဘက်တွေကို ရွေးလုပ်မိနေကြခြင်း

တော်တော်လေး ကြောက်စရာ ကောင်းတဲ့ အချက်ပါပဲ။ အားလုံးက ညီညွတ်ရေး လုပ်ဖို့ လိုတယ်။ ရှိရမယ် ပြောနေကြပေမယ့် တကယ်တမ်းမှာ အများနဲ့ အတူတကွ ပူးပေါင်း လုပ်ရမယ့် အချိန်တွေ၊ (ဒါမှမဟုတ်) အများနဲ့ ပူးပေါင်း လုပ်ပြီးချိန်တွေမှာ ညီညွတ်ရေးနဲ့ ဆန့်ကျင်ဘက်တွေကို တမင် ရွေးပြီး ပြောမိ၊လုပ်မိနေသလိုပါပဲ။

ကျွန်တော်တို့ အားလုံး သေချာ ပြန်စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ လုပ်ရပ်တွေက ညီညွတ်ရေး (Unity) အတွက် လုပ်ရပ်တွေ ဖြစ်နေလား၊ ညီညွတ်ရေးဆန့်ကျင်တဲ့ လုပ်ရပ် (anti-unity) တွေ လုပ်နေသလားဆိုတာပါပဲ။

"တစ်ဦးခြင်းစီရဲ့ လုပ်ရပ်တွေက ညီညွတ်ရေးကို ဦးတည်ခြင်း မရှိရင် ... အဲဒီ လူတွေ ကြားမှာ ညီညွတ်ရေးဆိုတာ ဘယ်တော့မှ မရှိဘူး။"

ဥပမာ .. မိမိနဲ့ အဆင်မပြေတဲ့လူ ဦးစီးလုပ်ကိုင်တဲ့ နိုင်ငံရေးပွဲကို မသွားဘူး။ (ပါးစပ်မှာတော့ ... ကျွန်တော် အလုပ်မအားလို့ မလာတာပါ ... တဲ့။ ရင်ထဲမှာတော့ .. မင်းတို့ လုပ်တာကို ငါက လာရမှာလား .. တဲ့)။ (anti-unity action)

နောက်ထပ် ဥပမာ တခု .. အစည်းအဝေးမှာ ကိုယ်က အဆိုတင်သွင်းတယ်။ ကိုယ့်အဆို မအောင်ဘူး။ အားလုံးက အခြားလူ အဆိုကို လက်ခံသွားတယ် ဆိုရင်။ အများသဘောမို့လို့ ငြိမ်နေလိုက်ရပေမယ့် ... အဲဒီ လူ တင်သွင်းတဲ့ အဆိုကို အများနည်းတူ လိုက်မလုပ်တော့ပဲ လက်ရှောင်နေတတ်တာပါပဲ။ (အမှားအယွင်း ဖြစ်သွာရင်တော့ ဘာပြောကောင်းမလဲ။ ငါ ပြောတာ မလုပ်လို့ အခုလို ဖြစ်တာဆိုပြီး နောက်ကွယ်မှာ အုပ်စုဖွဲ့တော့တာပါပဲ။)(anti-unity action)

အကြောင်းအရာ ဥပမာတွေကတော့ အများကြီးပါပဲ။ ပေးလို့ ကုန်မယ် မထင်ပါဘူး။ လှုပ်ရှားမှုတိုင်းမှာ ညီညွတ်ရေးအစား၊ ညီညွတ်ရေး ဆန့်ကျင်ဘက်တွေကို အားရပါးရ မြိန်မြိန်ရှက်ရှက် လုပ်နေကြတာပါပဲ။

အရိုးရှင်းဆုံး ပြောရရင်တော့ .. ညီညွတ်ရေးလိုတယ်လို့ မိန့်ခွန်းတွေ တတ်ပြောနေတာကို ကြည့်ရင်ဖြင့် .. ညီညွတ်ရေး မရှိလို့ ပြောနေတယ်ဆိုတာ ထင်ရှားနေတာပါပဲ။

အမှန်ဆို အခုလို ဖြစ်နေတာတွေကို ပြင်ပြီး အခြေခံ ညီညွတ်ရေး လုပ်ရပ် အသေးလေးတွေကို ဂရုတစိုက် အားလုံး လုပ်ကြမယ် ဆိုရင်တော့ ညီညွတ်ရေး လုပ်ဖို့ မိန့်ခွန်းပြောတာတွေကို ကျွန်တော်တို့ ကြားရတော့မှာ မဟုတ်ပါဘူး။

ဒါကြောင့် နေ့စဉ်လုပ်ကိုင် ဆက်ဆံပြောဆိုသမျှ နေ့တဓူဝကိစ္စ အသေးလေးတွေထဲ နိုင်ငံရေးအရ ညီညွတ်ရေးကို သတိလေး ကပ်ပြီး လုပ်မယ် ဆိုရင်ဖြင့် ညီညွတ်ရေး ခရီးက လွဲမှာ မဟုတ်ပါကြောင်း ...

လေးစားစွာဖြင့်
ကိုထိုက်

(P.S ..ကျွန်တော့်ကို နည်းနည်း အမြင်မကြည် ဖြစ်နေတဲ့ အချို့သော လူများကလည်း ဒီကောင်ဆရာကြီး လုပ်ပြန်ပြီ ဆိုပြီး အမုန်းမပွားဘဲ မေတ္တာရှေ့ထားပြီး ညီညွတ်ရေးကို အတူတကွ ဖေါ်ဆောင်ပြီး အာဏာရှင်ကို လက်တွဲ တိုက်ကြပါစို့လားဗျာ။)

4 comments:

thein said...

exactly, Ko Hteik

I think the same case in Democracy!


They said Democracy, but they didn't follow.

They don't accept, the opposition is the other face of Democracy.

yeyint said...

The unity in Burma's politics have never achieved even during the colonial times. Even, Bogyoke Aung San and other leaders like Thakhin Ko Daw Hmine could not organise all the factions to be as one force.

But, taking example of Bogyoke led 30 Comrades, only a handful of smart people need to be organised to bring down SPDC. Forget about uniting all the forces. It would never happen. But a perfect leader like late Aung San needs to be emerged to collect and recruit brave, smart, well-educated and selfless cadres to lead the campaign of ending dictatorship.

ko said...

Let's try our best. We have to see that what have we done for our country and people. Not only speach but also action.
This is our weakness. We think we've done alot. Reality is nothing we've done.

eda said...

按摩棒電動按摩棒飛機杯自慰套自慰套情趣內衣
角色扮演按摩棒跳蛋情趣跳蛋

G點性感丁字褲吊帶襪丁字褲無線跳蛋

衣蝶
情趣按摩棒
潤滑液SM內衣性感內衣自慰器充氣娃娃AV情趣情趣用品