Wednesday 25 February 2009

ကျန်းမာရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီး ဒေါက်တာပိုင်စိုးရဲ့ ဥပဒေမဲ့ လုပ်ရပ်။

သားဖြစ်သူအတွက်၊ ဥပဒေမဲ့လုပ်ရပ်ကျူးလွန်ထားတဲ့၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာပိုင်စိုးကြောင့်၊ ဆေးတက္ကသိုလ်လောကအတွင်း၊ ဆူဆူညံညံဝေဖန်သံတွေ၊ ကြားနေရပါ တယ်။

စစ်အာဏာရှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ဆွေမျိုးတော်စပ်မှုကို၊ အခွင့်အရေးယူခါ၊ ဌာနမှထုတ်ပြန်ထား သောဥပဒေကို၊ ဘေးဖယ်ထားပြီး၊ မိမိ၏သားဘွဲ့ရရှိရေးအတွက်၊ အတင်းအကျပ်အမိန့်ပေးဆောင်ရွက် စေခဲ့မှုအပေါ်၊ ဆေးတက္ကသိုလ်ဝန်ထမ်းများမှ၊ မကြေမနပ်ဖြစ်နေကြကြောင်း၊ ကြားသိရပါတယ်။

ဆေးတက္ကသိုလ်နောက်ဆုံးနှစ်၊ အပိုင်း(ခ) အောင်မြင်ပြီးသောအခါ၊ သက်ဆိုင်ရာဆေးရုံများတွင်၊ အလုပ်သင်ဆရာဝန် (House Surgeon) အဖြစ်၊ တနှစ်ခန့်တာဝန်ထမ်းဆောင်ရင်း၊ ဆေးပညာ (Medicine)၊ ခွဲစိတ်ပညာ (Surgery)၊ မီးယပ်သားဖွားပညာ (O.G) နှင့် ကလေးဆေးပညာ (Paediatrics) တို့ကို၊ (ဘာသာရပ်တခုစီအတွက်၊ သုံးလခန့်)ဆက်လက်သင်ကြားလေ့လာရပါတယ်။

အလုပ်သင်ဆရာဝန်အဖြစ်၊ တနှစ်ပြည့်ပြီးသည့်အခါ၊ သက်ဆိုင်ရာပါမောက္ခများမှ၊ ကျေနပ်ဖွယ်ရှိ ကြောင်း၊ လက်မှတ်ရေးထိုးပေးမှသာ၊ ဘွဲ့နှင်းသဘင်တက်ရောက်ခွင့်ရရှိပြီး၊ M.B,B.S ဘွဲ့ကိုပေးအပ် တာပါ။

ဒုတိယဝန်ကြီး၊ဒေါက်တာပိုင်စိုးရဲ့သားဖြစ်သူ၊ “သက်စိုးပိုင်” နဲ့ အပေါင်းအပါ၊ ခုနှစ်ဦးဟာ၊ အလုပ်သင် ဆရာဝန်အဖြစ်၊ (၆လခန့်)တာဝန်ထမ်းဆောင်ရန် ပျက်ကွက်ခဲ့သော်လည်း၊ ဆေးတက္ကသိုလ်(၁)ရဲ့ (၄၅)ကြိမ် မြောက်ဘွဲ့နှင်းသဘင်ကို၊ အပြုံးဝေဝေဆာဆာနဲ့၊ တက်ရောက်ခဲ့တာတွေ့ကြရပါတယ်။

သက်စိုးပိုင်ဟာ၊ Medicine နဲ့ O.G ဘာသာရပ်တို့အတွက်၊ (၆)လခန့်၊ ဆေးရုံဆင်းရန်ပျက်ကွက်ခဲ့ ပါတယ်။ ဒါကြောင့်သက်ဆိုင်ရာပါမောက္ခတွေက၊ လက်မှတ်ရေးထိုးပေးခြင်း၊ မရှိတာကြောင့်၊ ဘွဲ့နှင်း သဘင်တက်ရောက်ခွင့်မရှိကြောင်း၊ စာထွက်လာခဲ့ပါတယ်။ ဒီအခါမှာတော့၊ဒုဝန်ကြီးဒေါက်တာပိုင်စိုး တယောက်ဒေါသပုန်ထပြီး၊ လက်မှတ်ရေးထိုးပေးခြင်းမရှိတဲ့၊ ပါမောက္ခများကို၊ အာဏာပြဟိန်းဟောက် ခြိမ်းခြောက်ပါတော့တယ်။

သားဖွားမီးယပ်ပါမောက္ခ၊ဒေါက်တာချယ်ရီသန်းသန်းတင်မှာ၊ အငြိမ်းစားယူရန်၊ တလခန့်သာလိုတော့ တာကြောင့်၊ အလျော့ပေးကာ၊ လက်မှတ်ရေးထိုးပေးလိုက်ပါတယ်။ ဆေးပညာပါမောက္ခဒေါက်တာ ညွှန့်သိန်းကတော့၊ အဆူအဆဲဒဏ်ကြံကြံခံ၍၊ လက်မှတ်မရေးထိုးဘဲ၊နေခဲ့ပါတယ်။ နောက်ဆုံးမှာ တော့၊ အထက်အာဏာပိုင်အဖွဲ့ရဲ့၊ အထူးညွှန်ကြားချက်အမိန့်နဲ့၊ သက်စိုးပိုင် နှင့် အပေါင်းအပါ(၇)ဥိး ကို၊ ဘွဲ့နှင်းသဘင် တက်ရောက်ခွင့်ပြုလိုက်ရပါတယ်။

ဒီကိစ္စကြောင့် ဆေးတက္ကသိုလ်(၁)၊ ပါမောက္ခချုပ်၊ ဒေါက်တာအေးမောင်ဟန်က၊ နှုတ်ထွက်ခွင့်တောင်းခံခဲ့ ပါတယ်။ ယခင်ကလည်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့မြေး၊ “နေရွှေသွေးအောင်(ခ)ဖိုးလပြည့်” ရဲ့ချစ်သူ နေခြည်လင်းလဲ့ နှင့် သူ့အပေါင်းအသင်းတွေ၊ ကျောင်းခေါ်ချိန်မပြည့်လို့၊ စာမေးပွဲဖြေဆိုခွင့်မပြုခဲ့တဲ့ ကိစ္စနဲ့ပါတ်သက်ပြီး၊ အာဏာပိုင်အဖွဲ့အစည်း၊ ဖိအားပေးစဉ်က၊ တကြိမ် နှုတ်ထွက်ခွင့် တောင်းခံခဲ့ဘူး ပါတယ်။ ဆရာကြီးအား Extension ပေးထားတာ၊ (၂)နှစ်ခန့်ရှိပြီဖြစ်သော်လည်း၊ နှုတ်ထွက်ခွင့်လုံးဝမ ပြုပါ။

မြန်မာနိုင်ငံ ဆေးပညာလောကရဲ့၊ ဂုဏ်သိက္ခာကို၊ ဆွေမျိုးသားချင်းတွေအတွက်၊ အမိန့်အာဏာတွေ ပေးပြီး၊ ဖျက်ဆီးနေတာကြောင့်၊ အရည်အချင်းမပြည့်မှီတဲ့၊ ဆရာဝန်တွေမွေးထုတ်ရာ၊ နေရာတခု အဖြစ်၊ ရောက်ရှိတော့မှာကို၊ တွေးပြီးရင်လေးမိရပါတယ်။


ONE MORE SCANDAL AT INSTITUTE OF MEDICINE (1)

When the Medical Students passed the examination of Final Part (2), they are to proceed to concerning Hospital for internship program and serve as House Surgeons. Term for House Surgeon take about approximately one year as their time was divided equally for study the Medicine, Surgery, O.G (Obstetrics and Gynecology) and Pediatrics. Each subject takes about 3 months and altogether one year to be completed. Every end of three months program, House Surgeon must obtain a signature from Professor (Department Head) for completion and satisfactory of performance. Without completion of above program, no one in the history of Burma Medical Institute can hold of the M.B, B.S Degree and had a right to attend the Convocation for Graduation Ceremony.

But the exception for Grandnephew of Dictator Than Shwe, whose father is also a Deputy Minister in Ministry of Health can by-passed the above program and obtain the Medical Degree and attend the Graduation Ceremony.

His name is Thet Soe Paing and his father is Deputy Minister Dr. Paing Soe. He is not alone taking that special privilege but together with his 7 close friends. All of them were not attending for the subjects of O.G and Medicine in House Surgeon Program. Concerning Department Heads refused to sign their documents and official notice was issued to them as they are not entitled for the Graduation Ceremony.

Dr. Paing Soe was in fit of fury and threatening the two Professors who refused to sign the paper for his son and the gangs. O.G Professor Dr. Cherry Than Than Tin is only one month more to serve before retirement and finally give in for the case and sign the paper. Medicine Professor Dr. U Nyunt Thein is boldly defiance for the threat and refuse to sign.

Finally, the order from higher level was issued and instructed all concerning parties to allow the Thet Soe Paing and Gangs of Seven case to be closed and they are to attend the Graduation Ceremony.

For that above case, Rector of I.M (1), Professor Dr. Aye Maung Han was so upset and submitted the resignation letter to higher authority. He did it once when dictator Than Shwe grandson’s fiancée and friends were allowed by higher authority to participate the exam without completion of compulsorily requires attendance, which was by-passing his authority. Both requests were ignored although he is already 62 years old and two years overdue for retirement served under extension term.

How we Burmese people to survive with such kind of wayward students became Medical Doctor? How long the reputation of Burmese Medical standard to be maintained if unprofessional higher level interruptions continue.

Sunday 22 February 2009

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သားမက် အမေရိကန်ပြည်ထောင်စုသို့သွားမည်

စစ်အာဏာရှင်ကြီးသန်းရွှေတယောက် သားမက်ဖြစ်သူ နေစိုးမောင်(ကထိက၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်) ကိုအမေရိကန်ပြည်ထောင်စုသို့ စေလွှတ်ဘို့စီစဉ်ဆောင်ရွက်နေပါတယ်။ နေစိုးမောင်ဟာစစ်ဆေးရုံမှာ ဒုတိယ ဗိုလ်မှူးကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ တင်မင်းလည်း အတူလိုက်ပါသွားမယ်လို့သိရှိရပါတယ်။

အမေရိကန်ပြည်ထောင်စု ဟားဘတ်(စ်)တက္ကသိုလ်မှာ “သင်ကြားရေးအထောက်အကူပြုလေ့လာရေး”အတွက် အကြောင်းပြပြီး အမေရိကန်ပြည်ဝင်ခွင့် လျှောက်ထားမယ်လို့ သိရှိရပါတယ်။ http://www.harvard.edu.

နေစိုးမောင် ဟာစစ်အစိုးရခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သမီး၊ ကြည်ကြည်ရွှေ (ခေါ်) မသြ ရဲ့ခင်ပွန်းဖြစ်သလို၊ ဆိုးသွမ်းအကြမ်းဖက်လူငယ် နေရွှေသွေးအောင် (ခ) ဖိုးလပြည့် ရဲ့ဖခင်ဖြစ်ပါတယ်။ မသြ ဟာခင်ပွန်းဖြစ်သူ နေစိုးမောင်နဲ့အဆင်မပြေဖြစ်နေတာကြောင့်၊ မသြရဲ့စိတ်ချမ်းသာမှုအတွက် နာမည်ကြီးစီး ပွားရေးလုပ်ငန်းရှင်ကြီး တေဇ ကအစွမ်းကုန်ပြုစုဂရုစိုက်ပေးလျှက်ရှိနေပါတယ်။ အဲဒီလိုအခြေအနေဖြစ်ရတဲ့ အကြောင်းအရင်းက နေစိုးမောင်ဟာ ယောင်္ကျားကိုယ်နဲ့မိန်းမစိတ် ( မိန်းမလျှာ ) ဖြစ်နေလို့ပါ။ စစ်ဆေးရုံ အသိုင်းဝိုင်းနဲ့ဆေးဘက်ဆိုင်ရာ လောကမှာ သူကိုယ်တိုင်ကြေငြာခဲ့တာပါ။



ဘာဘဲဖြစ်ဖြစ်၊လူ့အခွင့်အရေးအဆက်မပြတ်ချိုးဖောက်နေတဲ့ တရားမဝင်အာဏာသိမ်းစစ်အစိုးရရဲ့ မိသားစုဝင် တဦးကို၊အမေရိကန်ပြည်ထောင်စုက ဝင်ခွင့်ပြုမယ်ဆိုရင်တော့ အဲဒီလုပ်ရပ်ဟာ၊ ဒီမိုကရေစီအတွက်၊ အသက် ပေးဆောင်ရွက်နေကြတဲ့ မြန်မာပြည်သူလူထုတရပ်လုံးကို လှည့်စားဘို့ကြိုးစားတဲ့လုပ်ရပ်တခုအဖြစ်သတ်မှတ် ရမှာပါ။
မြန်မာနိုင်ငံရှိ၊ အမေရိကန်သံရုံးက နေစိုးမောင်ရာဇဝင် မသိဘဲတော့မနေပါဘူး။ ဗီဇာထုတ်ပေး၊မပေး စောင့် ကြည့်ရမှာပါ။ သမ္မတသစ် အိုဘားမားရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့မူဝါဒတွေ အပြောင်းအလဲရှိ၊မရှိ ဒီကိစ္စက အသေးငယ်ဆုံး အချက်ပြချက်တခုအဖြစ် ပေါ်ထွက်လာနိုင်စရာရှိပါကြောင်း။

လေးစားစွာဖြင့်
သူရဲကောင်း။


IS US GOVERNMENT WELCOMING DICTATOR THAN SHWE FAMILY MEMBER IN USA?

His name is Lt-Col; Nay Soe Maung (Retired army doctor) and presently served as a Lecturer in University of Public Health, Ministry of Health. He is a son in law of Burma most notorious dictator General Than Shwe and son of retired Major General Tin Sein.

All above credentials are more than enough for him to earn special privilege above others as now he is preparing to go to Harvard University (http://www.harvard.edu). Person accompanied him is Dr. Tin Min, Rector of same depart¬ment and now they are preparing necessary documents to apply visa in US Embassy, Yangon. We wonder whether US Embassy and Government have no knowledge of their back ground or just ignore to please the junta and dictator of the most human right ab¬user.

Lt-Col; Nay Soe Maung is a father of notorious Nay Shwe Thway Aung (a) Pho La Pyae and Husband of Kyi Kyi Shwe (a) Ma Aw. Now Kyi Kyi Shwe is a famous mi¬stress of Tay Za ( Htoo Trading and AirBagan ). Nay Soe Maung is also famous for his homosexual activity and he is openly declaring his status as a gay. With all that good reputation, he will represent Burma and grab a chance to study in Harvard by help of US Government.

Is US Government already abandons the Human Right issue and collaborated with dictator?

Reported by Thu Ye Kaung.

Friday 20 February 2009

ဈေးထဲက စက်ရုပ်များ

မနက်အိပ်ယာထပြီး
ဈေးကိုသွားဖြစ်တယ်….
ဈေးထဲမှာ စက်ရုပ်များ
တရွေ့ရွေ့သွားနေတာတွေ့ရတယ်….
အိပ်ထဲမှာပါတဲ့ပိုက်ဆံ
ခုန်ပျံကာ အကုန်ထွက်သွားပေမဲ့
အိမ်ရှိလူကုန်အတွက် ဟင်းဝေပုံခွဲဖို့အရေး
အင်း…. ခက်သေးတော့တယ်။

အသီးအရွက်နဲ့သားငါး
အမြင်မှာများပေမဲ့ ဈေးနှုန်းကမသေး
ဝယ်နိုင်ဖို့အလှမ်းဝေးနေသေးတယ်။

ဗိုက်ထဲမှာ ဆာလှပေမဲ့
ဟင်းဖိုးငွေအလျှော့မခံနိုင်တာကြောင့်
မုန့်ဟင်းခါးကို မစားဖြစ်တာကြာလှပါပေါ့။

ဈေးထဲကစက်ရုပ်များ
တွေးရင်းနဲ့လမ်းလျှောက်
လမ်းလျှောက်ရင်း လမ်းပျောက်လို့
မုန့်မျှော်နေတဲ့သားငယ်ကို
ရင်မဆိုင်ရဲ၊ မတွေ့ရဲသေးတာနဲ့
အိမ်ပြန်ရမှာတောင် ကြောက်နေမိတယ်။

မေမင်းဆက်

Tuesday 17 February 2009

ပြည်တွင်းမှ မိတ်ဆွေများ သတိရှိကြပါရန်

(GW မှ ပေးပို့သော သတင်းအချက်အလက် ဖြစ်ပါသည်။)

2009 ခုနှစ် ဇန်န၀ါရီ ၊ ဖေဖော်ဝါရီလများအတွင်း Campaign များပြုလုပ်ခြင်း၊ ပိုစတာများချိတ်ဆွဲခြင်း၊ မှူုတ်ဆေးများဖြင့်ရေးဆွဲခြင်း၊ စာဖြန့် ခြင်း၊ စာကပ်ခြင်းများ၊ ပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်း အတွင်းရှိ မြို့ နယ် မယက၊ရယကများ၊ အရံမီးသတ်များ၊ ကြံ့ ခိုင်ရေးနှင့် စွမ်းအားရှင်များထံသို့  ၁၃၊ ၂၊ ၂၀၀၉ နေ့ တွင်

ညွန်ကြားချက်ပေးပို့ မူ့ များရှိကြောင်း၊ ညွှန်ကြားချက်တွင်

၁၊ မိမိတို့ မြို့ နယ်၊ ရပ်ကွက်၊လမ်းများတွင် စာဖြန့် ၊စာဝေ၊ စာကပ်ခြင်း၊မှုတ်ဆေးမှုတ်ခြင်း၊

ပိုစတာချိတ်ဆွဲခြင်း တို့ ဖြင့် အစိုးရဆန့်  ကျင်ရေးများမဖြစ်ပေါ်စေရန် နေ့ ညစောင့်ကြည့်ရန်၊

၂၊ ၄င်းဆန့် ကျင်ရေးပြုလုပ်သူကိုဖမ်းမိပါက တယောက်ဖမ်းမိပါက ၅၀၀၀၀ ပေးမည်။

၃၊ ဆိုက်ကားဂိတ်များ၊ ဈေးသည်များအနီးတွင် ဆန့် ကျင်စာဖြန့် ဝေကပ်ခြင်း၊ မမိပါက ဆိုက်ကားဂိတ်သိမ်းမည်၊၊ ဈေးမရောင်းရသတ်မှတ်မည်၊ ဆိုက်ကားသမားများ၊ ဈေးသည်များမှ ဖမ်းပေးရမည်၊

၎၊ အသစ်ဖွဲ့ စည်းထားသော အရံရဲအဖွဲ့ ဝင်များကို ပိုမိုတာဝန်ချထားရမည်၊

၅၊ မြို့ နယ်ရဲစခန်းများမှလည်း လှည့်ကင်း၊၀ပ်ကင်း၊ ရပ်ကင်းများ၊ နေ့ ညပိုမိုချထားရမည်၊

၆၊ အဓိကအားဖြင့် ကြံ့ ခိုင်ရေး၊ စွမ်းအားရှင်၊ အရံရဲတို့ ကို ပိုမိုတာဝန်ပေးချထားရမည်ဖြစ်ကြောင်း ညွန်ကြားထားသည်ဟုသိရှိရပြီး ၂၀၀၉ ခုနှစ်အတွင်း ဆန့် ကျင်လှုပ်ရှားမူ့ များမဖြစ်ပေါ်စေရေးကို

မြို နယ်အလိုက် တာဝန်ယူရမည်ဖြစ်ပြီး ဖြစ်ပွားပါက အရေးယူခံရမည်ဖြစ်ကြောင်းသိရှိရပါသည်၊


● မိမိတို့ ၏ရဲဘော် ရဲဘက်များအနေဖြင့် အစိုးရဆန့် ကျင်ရေးလှုပ်ရှားမူ များကို သတိထားလုပ်ဆောင်ရန် လိုပြီး၊ နည်းလမ်းအသစ်များသုံးပြီး၊ ၀ါဒဖြန့် ဆန့် ကျင်မူ့ များပြုလုပ်ရန်လိုအပ်ပါသည်၊

● မြို့ နယ် တခုချင်းအလိုက် အရံရဲ ထောင်ဂဏန်းရှိပြီး ၄င်းတို့ အား သတိထားရန် လိုအပ်ပါသည်၊

Friday 13 February 2009

ရွှေတီဂုံဘုရား အလှူခံပုံး နောက်ဆက်တွဲ ကိစ္စ

ကျွန်တော်ရေးခဲ့ပြီးသော ရွှေတိဂုံဘုရားနှင့် သက်ဆိုင်သော ကိစ္စ ရပ်ကို ကျွန်တော်၏ မိတ်ဆွေ တချို့ စုံစမ်းထားသော နောက်ဆက်တွဲ အချက်အလက်များကို ထပ်မံ တင်ပြလိုက်ပါသည်။ ပထမ ပို့စ်မှာ ကျွန်တော် ဘလော့ တစ်ခုတွင် ဖတ်ရသော အကြောင်းအရာပေါ် တည်မှီ၍ ရေးခဲ့ခြင်း ဖြစ်ပြီး ယခု ပို့စ်မှာ ကျွန်တော်၏ မိတ်ဆွေ ပို့လာသော ပို့စ်ကို ပြန်တင်ပြခြင်း ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်ပါစေ ကျွန်တော်တို့ တိုင်းပြည်၏ လူမျိုးနှင့် ဘာသာ တရားအတွက် လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ နအဖ၏ လှည့်ကွက်၊ ရက်စက်ယုတ်မာမှု စသည်တို့ကို သတိတရားကြီးကြီးဖြင့် စောင့်ကြည့် တုံပြန်သင့်ပါသည်။

လေးစားစွာဖြင့်
ကိုထိုက်


ရွှေတိဂုံဘုရားအလှူခံပုံး နဲ့ ဘာသာရေးသွေးခွဲရန်ကြိုးစားမှုလုပ်ရပ်။


“လေးဆူဓါတ်ပုံ ရွှေတိဂုံ နှင့် ဘာသာရေး စော်ကားခံရခြင်း သမိုင်းမှတ်တမ်းသစ်” ကိုဖတ်လိုက်ရတဲ့အခါ အများနည်းတူ ကျွန်တော်တို့အားလုံးလည်း စိတ်မကောင်းဖြစ်မိကြပါတယ်။
ဒီဘလော့ဆောင်းပါးမှာ မူရင်းလင့်(ခ်) ကိုဖေါ်ပြပေးထားတာကြောင့် ဆောင်းပါးရှင် “မမ” ရဲ့ကိုယ်တွေ့အဖြစ် အပျက်လို့ယူဆရတဲ့ အတွေ့အကြုံတွေကို သေသေချာချာဖတ်ရှုလေ့လာကြည့်မိပါတယ်။
ဆောင်းပါးရှင် “မမ” ရဲ့မှတ်ချက်အရ၊ ကိုယ်တိုင်တွေ့ကြုံမေးမြန်းသိရှိခဲ့ရသည့်တိုင် (ဂေါပကလူကြီးတဦးမှဝန်ခံ ထားသော်လည်း) လက္ခံနိုင်ရန် ခက်ခဲနေတဲ့ အခြေအနေကိုရောက်ရှိနေတာလို့မှတ်ယူမိပါတယ်။
သာမာန်အားဖြင့် ဒီဆောင်းပါးကို ဖတ်ရှုမိသူတိုင်း၊ စစ်မှန်တဲ့ဗုဒ္ဓဘာသာတရားကိုင်းရှိုင်းသူတိုင်း၊ ဒီရင်နာစရာ ကိစ္စကြီးကြောင့်၊ဒေါသဖြစ်ကြမယ်ဆိုတာ ယုံမှားသံသယရှိစရာမလိုပါဘူး။
ဒါပေမဲ့ ဒီကိစ္စမျိုးဆိုတာ သာမာန်အခြေအနေထက် ကျော်လွန်ပြီး၊ ဘာသာရေးအဓိကရုဏ်း ဖြစ်နိုင်တဲ့အထိ ရောက်ရှိသွားနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ ( အဲဒီလိုဖြစ်လာလို့ကတော့၊ စစ်အစိုးရ အကြိုက်ပေါ့။)
ဒါကြောင့် “မမ” ရဲ့ဆောင်းပါးပါ ဖြစ်ရပ်မှန်ဇာတ်လမ်းဟာ၊ ရိုးသားဖြူစင်တဲ့ ဗုဒ္ဓဘာသာမိန်းမသားတဦးရဲ့ရင် တွင်းခံစားချက်အစစ်အမှန်လား ဒါမှမဟုတ် စစ်အစိုးရကို ထောက်ခံအားပေးနေတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက များ ဘာသာရေးပြဿနာ ဖြစ်အောင်ရည်ရွယ်ဖန်တီး ရေးသားထားတာလားလို့ စဉ်းစားမိပါတယ်။

သမိုင်းဖြစ်စဉ်တွေအရ နိုင်ငံရေးအကြပ်အတည်းတွေ့တိုင်း ဘာသာရေးအဓိကရုဏ်းတွေဖန်တီး ပြည်သူတွေ အချင်းချင်းသတ်ဖြတ်စေပြီး အုပ်ချုပ်သူတွေ ထွက်ပေါက်ရှာတာ ဒီနိုင်ငံမှာအစဉ်အလာတခုလို ဖြစ်ခဲ့တာပါ။ နယ်ချဲ့အစိုးရကအစ စစ်အစိုးရ အဆက်ဆက်အဆုံး ဒီနည်းလမ်းကိုဘဲ သုံးခဲ့ကြတာပါ။
ရွှေတိဂုံဘုရားအလှူခံပုံးကိစ္စအတွက် အခြေအနေမှန်သိရဘို့ သာသနာရေးဗဟုသုတ၊ အတွေ့အကြုံများတဲ့ လူပုဂ္ဂိုလ်များ သာသနာ့ဝန်ထမ်းများ အပါအဝင် သက်ဆိုင်သူအချို့အား တွေ့ဆုံလေ့လာခဲ့ရာ “မမ” ရဲ့ ဆောင်း ပါးပါ အချက်အလက်ဟာ လက်တွေ့ဖြစ်စဉ်တွေနဲ့လုံးဝလွဲမှားနေတာ ရှင်းရှင်းလင်းလင်းသိရှိခဲ့ရပါတယ်။


ရွှေတိဂုံဘုရားရဲ့ဂေါပကအဖွဲ့အနေနဲ့ အချို့သောလုပ်ငန်းများကို ဂေါပကအဖွဲ့ရဲ့အစည်းအဝေးဆုံးဖြတ်ချက် နှင့်အညီ ကန်ထရိုက်စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုထားသော်လည်း အလှူခံပုံး(ဘုရားအတွက်အများပြည်သူလှူတမ်း ထားသည့်ငွေများ)အားမည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်း ကိုမှကန်ထရိုက်စနစ်နဲ့ ခွင့်ပြုထားခြင်းမရှိကြောင်း နှင့် နေ့စဉ်ညတိုင်းဂေါပကအဖွဲ့ဝင်အချို့ နဲ့ သံဃာတော်များ ရှေ့မှောက်တွင် ဝန်ထမ်းများမှ အလှူခံပုံးများအား၊ ဂေါပကရုံးခန်းအတွင်း သယ်ဆောင်ပြီး အလှူငွေများအား ရည်တွက်၍ စာရင်းပြုစုကြရကြောင်း၊(ကျပ်ငွေ၊ ဒေါ်လာ၊ အက်(ဖ်)အီးစီ စသဖြင့်) နှင့် နောက်တနေ့ နံနက်ဘဏ်ဖွင့်ချိန်တွင် ဘဏ်သို့သွားရောက် အပ်နှံ ကြရကြောင်း၊ စုံစမ်းသိရှိရပါတယ်။

အချို့သောလုပ်ငန်းများကို ကန်ထရိုက်စနစ်ဖြင့်ခွင့်ပြုရာတွင်လည်း သတ်မှတ်ထားသည့် စည်းကမ်းချက်များအ တိုင်း တိတိကျကျလိုက်နာဆောင်ရွက်မှုပြုထားကြောင်းသိရှိရပါတယ်။

မိမိတို့အနေနဲ့ ယခုလိုအခြေအနေမျိုးမှာ ဘာသာရေးပြဿနာ လူမျိုးရေးပြဿနာ များမဖြစ်အောင်ညီညီ ညွတ်ညွတ်နဲ့ အစွမ်းကုန်ဆောင်ရွက်ရမဲ့အချိန်ပါ။ စစ်အာဏာရှင်တွေရဲ့လှည့်ကွက်ထဲ မဝင်မိကြစေရန် မေတ္တာရှေ့ထား သတိပေးတင်ပြလိုက်ရပါတယ်။
ကျန်းမာချမ်းသာကြပါစေ။
လေးစားစွာဖြင့်၊
အမှန်တရားမြတ်နိုးသူ။

Tuesday 3 February 2009

လေးဆူဓါတ်ပုံ ရွှေတိဂုံ နှင့် ဘာသာရေး စော်ကားခံရခြင်း သမိုင်းမှတ်တမ်းသစ်


ကျွန်တော့် cbox ထဲမှာတွေ့ရတဲ့ လင့်(ခ်) အချို့အပြင် မေးလ်ကိုပါ ရောက်လာတဲ့ ရွှေတိဂုံ ဘုရားက အလှူခံပုံး ကိစ္စ ကျွန်တော် ဖတ်ရင်း အတော် စိတ်မကောင်းဖြစ်မိပါတယ်။

ကျွန်တော်တို့ တိုင်းတပါး ကိုလိုနီ ဖြစ်ခဲ့ရတုန်းက ဘုရားပေါ်မှာ နိုင်ငံခြားသားတွေ ဖိနပ်စီးပြီး တတ်ခဲ့တာကို အမျိုးသားရေး စိတ်ဓါတ်နဲ့ တာဝန်အရ ပြည်သူတရပ်လုံး အပါအ၀င် လူထုခေါင်းဆောင်တွေက ပြောဆို တိုက်ပွဲဝင်ခဲ့ကြလို့ တိုင်းတပါးသားတွေ ဖြစ်ပေမယ့် လူလို သိနားလည် လူတွေက အလျော့ပေး လိုက်လျောခဲ့လို့ သမိုင်းဝင်ဘာသာရေး တိုက်ပွဲ တစ်ခု အဖြစ်မှတ်တမ်းတင်ခဲ့ပြီး၊ လွတ်လပ်ရေး အရယူတဲ့ တိုက်ပွဲတွေရဲ့ အစလို့တောင် သတ်မှတ်လို့ ရပါတယ်။

ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားတွေအပါအ၀င် ကမ္ဘာအရပ်ရပ်က ဘာသာလူမျိုး ပေါင်းစုံက သမိုင်းဝင်တန်ဖိုးအရရော၊ ဘာသာရေး တန်ဖိုးအရရော လေးစားကြည်ညိုရပြီး ရှေးလူကြီးတွေ တည်ထား ကိုးကွယ်ခဲ့တဲ့ ရွေတိဂုံဘုရားကြီတဆူ မြန်မာနိုင်ငံမှာ ရှိနေတာကို ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ဂုဏ်ယူလို့ မဆုံးပါဘူး။

ဒီတော့ မေးခွန်းလေး တစ်ခု ကျွန်တော်တို့ ကိုယ့်ဘာသာ မေးကြည့်ရရင် .. ရွှေတိဂုံ ဘုရားရင်ပြင်တော်ပေါ်က အလှူခံပုံဆိုတာ ဘာအတွက် လုပ်ထားပါကြပါသလဲ။

ရလာမယ့် အဖြေကတော့ .. ရွှေတိဂုံဘုရားကြီးရဲ့ လိုအပ်တဲ့ ဝေယျာဝစ္စ အ၀၀ အတွက် သဒ္ဓါကြည်ညို ကုသိုလ်ယူလိုသူတွေက ကုသိုလ်ပါဝင် လှူဒါန်းနိုင်ရန် အလှူခံပုံးများ ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ ရည်ရွယ်ချက်မှာ စီးပွားရေး အကျိုးအမြတ် မပါ ပါဘူး။

ကျွန်တော်ထံ ပို့ထားလို့ ဖတ်မိတဲ့ ဘလော့ဆောင်းပါးထဲက စာအချို့ကို အောက်မှာ ပြန်ကိုးကားလိုက်ပါတယ်

အဲဒါမနက်ပိုင်း..... ညနေဆို ခုနှစ်နာရီထဲက သူငယ်ချင်းတွေ ကျမတို့ ညီအမလေးယောက် ဒေါ်ကြီး ထမင်းတွေဟင်းတွေ လ္ဘက်သုတ်ရေနွေး ကော်ဖီ အစုံထည့်ပြီး ဘုရားပေါ်တတ် ချမ်းသာကြီးတန်ဆောင်းမှာ ပု တီးစိတ် စကားတွေပြောပြီး ....။ ခေါင်းလောင်းထိုး..လူနှင်တော့မှ မဆင်းချင်ဆင်ခြင်နဲ့ ကျမတို့  ဆင်းလာခဲ့ကြတယ်။
ကျမတို့ ညီအမ ဘုရားမနက်တက် ညနေတက်လို့ ဘုရားတရား သိပ်လုပ်တယ်လို့  တော့ မထင်စေချင်ဘူး ။ အကြောင်းအရာတစ်ခုစလိုက်ရင်တစ်ယောက်တစ်ပေါက်မပြီးနိုင်မစီးနိုင်ပြောတာတွေ..... ရင်ထဲမှာစုထားတဲ့  အကြောင်းအရာတွေ အကုန်ပြော.... ကြုံရင်ကြုံသလို နောက်တုန်း..။ ကျမကတော့ အကုန်စပ်စုတွေ့ သ မျှ အကုန် အဲလိုစပ်စုရင်းနဲ့ ရွှေတိဂုံဘုရားက အလှူခံပုံးတွေ အကြောင်း ကျမသိလာခဲ့ ရတယ်၊ ချမ်းသာကြီး တန်ဆောင်းမှာပုတီးစိပ်နေရင်း ကိုးနာရီခွဲလောက်ဆို ခပ်ပိန်ပိန်ပုပု ကောင်လေးတစ်ယောက် က သော့ခတ်ထားတဲ့ အလှူခံပုံးတွေကို လာလာထမ်းယူသွားတယ် ...။ ပြီးရင်တစ်ပုံးပြီးတစ်ပုံး မမောနိုင်မပမ်းနိုင် သူ ထမ်းနေတာ ဘုရားမှာရှိသမျှပုံး အကုန်တစ်နေရာမှာသူသွားသွားစုတာ တစ်နေ့ လဲမဟုတ် နှစ်နေ့ လဲ မဟုတ် စဉ်းစားကြည့်ပါဦးရှင့်.....။
ကျမတို့ ငယ်ငယ်ကတောင် မိုးအလင်း ၀င်ချင်တဲ့လူ ၀င်ထွက်သွားလာနေတဲ့ ရွှေတိဂုံဘုရားပေါ်မှာ အဲလိုသိမ်းတာ တစ်ခါမှမတွေ့ ဘူးခဲ့ ဘူး...။
အခုဆယ်နာရီဆိုရင် ဘုရားဖူးတွေအကုန်ဆင်း ဂေါပကနဲ့ ဝန်ထမ်းပဲ ကျန်တာ....။
သော့ခတ်ထားတဲ့ အလှူခံပုံးကိုဘုရားပတ်ပြီး ထမ်းခိုင်းတာ ဒဏ်ပေးထားတာနဲ့ မတူပေဘူးလား....။
ပုတုတုနဲ့ အဲဒီပုံးလာထမ်းတဲ့ ကောင်လေးကို........... မမလေ......... သိတယ်နော်
ဟဲ့ နင်ကို ဘယ်သူဒဏ်ပေးထားတာတုန်းလို့ ကျမမေးတော့..... ဗျာ.... အမတဲ့  အဲဒီ ပုံးတွေထမ်းပြီး ဘယ်ယူသွားတာတုန်းဆို တော့သိမ်းတာလေတဲ့ ။
ဟဲ့ နင်အားနေလား နင့်ဘယ်သူသိမ်းခိုင်းတာလဲ အဲဒါဘုရားပိုင်ပစ္စည်း နင်မသိမ်းလဲ ခိုးမဲ့  သူမရှိဘူးဆိုတော့...။ မဟုတ်ဘူးအမ ကျနော်တို့ က ၀န်ထမ်း.... ဒါကျနော်တို့ သူဌေးပိုင်တာတဲ့ .....။
ကျမခေါင်းနဘမ်းကြီးသွား သလိုအမတွေလဲအနားတိုးလာတယ်ရှင်းရှင်းပြောစမ်းနားမလည်ဘူးဂေါပကသွား တိုင်မှာနော်ဘုရားပိုင်ငွေတွေပြည်သူတွေရဲ့ အလှူငွေတွေကိုဘယ်ကသူဌေးကပိုင်တယ်လို့ နင်ပြောတာတုန်းဆို တော့ ကျနော်တို့ သူဌေးက ရွှေတိဂုံဘုရားက အလှူငွေကို တစ်နှစ်ကို သိန်းငါးထောင်နဲ့ ကန်ထရိုက်ယူထားသတဲ့  ရှင်....။ ကျမတစ်ကိုယ်လုံး မိုက်ကနဲဖြစ်သွားသလို......။ အမတို့ အားလုံးလဲ ပါးစပ်အဟောင်းသားနဲ့ ....။ နင့်သူဌေးကဗုဒ္ဓဘာသာလား ဆိုတော့ မဟုတ်ဘူး..... ဘာသာခြားတဲ့  မလတ်က ဘယ်ဗုဒ္ဓဘာသာမှ ဒီအလုပ်မလုပ်ဘူး ...မမ... နင်မေးရက်တယ်တဲ့ ...။
မလတ်ရယ် ဗုဒ္ဓဘာသာတွေလုပ်လို့ ဒီအလှူငွေတွေ ဘာသာခြား လက်ထဲရောက်ကုန်တာမဟုတ်လား...။ ဆိုတော့မှ မလတ်က မဟုတ်ဘူးတဲ့ ဗုဒ္ဓဘာသာမဟုတ်တဲ့ စီးပွါးရေး ချွတ်ခြုံကျနေတဲ့ လူတစ်စုကြောင့် ရပြီးသားဘုရားငွေတွေ ရော မရေရသေးတဲ့ အလှူငွေတွေရော ရှင်းရှင်းပြောရရင် ရွေတိဂုံဘုရားကြီးကို သိန်းငါးထောင်နဲ့ ဘာသာခြားလက်ထဲ မှာပေါင်ထားတာပေါ့တဲ့ ...။ ငါတို့ ကဘုရားကိုရည်စူးပြီးလှူတယ် ။ လက်စသတ်တော့ ကုလားကရနေတာကိုးတဲ့ ။ အဲဒီနေ့ ကစလို့ ဘုရားကိုရေလှူ ၊ ပန်းကပ်ရွှေသင်္ကန်းကပ်ရုံကလွဲလို့ သော့ခတ်ထားတဲ့ အလှူခံပုံးတွေထဲကျမတို့  အလှူငွေမထည့်တော့ဘူးရှင်.......။ ကဲ..... ရှင်တို့ ရောလှူကြဦးမလား...ရှင့် ။

မှတ်ချက်။ ။ အဲဒီကိစ္စလုံးဝမဟုတ်ပါဘူးဆိုလျှင် ကျမကို ကျိုးကြောင်း ခိုင်လုံစွာ ရှင်းပြပေးပါရှင် ။ ကျမ မဟုတ်ဘူးဆိုတာ ကိုလက်ခံချင်လို့ ပါ....။ ရင်းနှီးတဲ့ ဂေါပကလူကြီးတစ်ယောက်ကိုလဲ ကျမမေးကြည့်တော့  မှန်ပါတယ်တဲ့ ရှင် .....

မမ
မူရင်း လင့်(ခ) ကတော့ http://mamaonlinediary.blogspot.com/2009/01/blog-post_5417.html
အခုတော့ ကိုလိုနိ နယ်ချဲ့ကတောင် ဘာသာရေးအတွက် နားလည်မူ ပေးခဲ့ရတဲ့ မြန်မာနိုင်ငံသမိုင်းမှာ လူလို နားမလည်တဲ့ လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ နအဖ အဖွဲ့က တိုင်းပြည်ကို ကျွန်ပြုကိုလိုနီ လုပ်တဲ့ လက်ထက်မှပဲ ဘုရားရင်ပြင်တော်ပေါ်က အလှူခံပုံးတွေကို စီးပွားရေး အကျိုးအမြတ်အတွက် ကန်ထရိုက် စနစ်နဲ့ ချပေးခဲ့တယ်တဲ့။ တကယ့် ရင်နာစရာပါပဲ။

အဲဒီကနေ တဆင့် ထပ်ပြီး ပွားမိနေတဲ့ အတွေးတွေကတော့ ..
ကျွန်တော်တို့ မမွေးခင်ကတည်းက ရွှေတိဂုံဘုရားရဲ့ ကောက်ခံရရှိတဲ့ အလှူငွေတွေဟာ နှစ်စဉ် ဝေယျာဝစ္စ အတွက် အသုံးပြုပြီးတာတောင် ပိုနေမယ်ဆိုတာ ရန်ကုန်မြို့က လူတိုင်း သိကြပါတယ်။ အဲဒီ ငွေတွေ ဘယ်များ ရောက်ကုန်ပြီလဲ။

ကန်ထရိုက်ချပေးမှ ဝေယျာဝစ္စပြုလုပ်နိုင်မယ့် အခြေအနေကို ရွှေတိဂုံဘုရားကြီးက ရောက်နေပြီလား။

ဘုရား .. ဘုရား။

၂၀၀၇ ခုနှစ် စက်တင်ဘာ အပြီး နောက်ထပ် ဘာသာတရားနဲ့ သဒ္ဓါကြည်ဖြူ ကုသိုလ်ရှင်တွေရဲ့ စေတနာတွေဟာ အခုလို အကြမ်းဖက်သမားတွေက တိုင်းပြည်မှာ လက်နက်ကိုင် သောင်းကျန်း နေချိန်မှာ ဘာသာ သာသနာဆိုတာတွေကတော့ ကောင်းကောင်းကြီးကို စော်ကားခံနေရပြီဆိုတာ သက်သေတခုပါပဲ။

လေးစားစွာဖြင့်
ကိုထိုက်

(တလက်စတည်း အကြန်းဖက်သောင်းကျန်သူရဲ့ နောက်လိုက် အစွယ်အပွားတွေက ပြောလာမယ့် စကားကို ကြားနေမိလို့ တခါတည်း ဆက်ပြီး ပြောလိုက်ပါဦးမယ် .. ရွှေတိဂုံဘုရားဝေယျာဝစ္စတွေကို စနစ်တကျ စီမံခန့်ခွဲနိုင်ရင် ကြိုတင် ငွေစာရင်းလုပ်ပြီး ကောင်းကောင်းမွန်မွန် စေတနာထား ပြုလုပ်ပေးနေတာကို နားမလည်ဘဲ ပြောတယ်တို့၊ .. နှစ်စဉ် အလှူခံ ကောက်ခံငွေ ဘယ်လောက် နည်းနည်း ပုံမှန် သိန်းငါးထောင် ရအောင် အကြံအစဉ်နဲ့ စနစ်တကျ လုပ်နေတာကို နားမလည်ဘဲ ပြောတယ်တို့ .. ဆိုတာတွေ ပြောလာနိုင်ပါတယ်။ ..

ဒီနေရာမှာ စနစ်တကျ လုပ်တယ် ဆိုတာ .. ဝေယျာဝစ္စအတွက် နှစ်စဉ် အလှူခံရရှိငွေတွေထဲက သတ်မှတ်တဲ့ ငွေကို ဝေယျာဝစ္စအတွက် (စေတနာရှင်တွေ ငွေကြေးမယူဘဲ ပြုလုပ်ပေးနေတာအပြင်၊ စေတနာရှင်များ မလုပ်နိုင်သော အခြား လိုအပ်သောနေရာများအတွက်) စနစ်တကျ လုပ်ငန်းရှင် တစ်ဦးဦးကို ဈေးပြိုင်ခေါ်ပြီး ငွေပေးခိုင်းစေခြင်းသာလျှင် မှတ်ကန်သော လုပ်ရပ်ဖြစ်ပါတယ်။ ကောက်ခံနေသော ငွေအတွက် ကန်ထရိုက် စနစ်ကတော့ အော့နှလုံး နာစရာ ကောင်းပါတယ်။ ဘယ်စီးပွားရေး သမားကမှ အရှုံးခံပြီး ငွေသိန်းငါးထောင် ရင်းနှီး အလုပ်လုပ်မယ် မဟုတ်ပါ ခင်ဗျာ။)

ပိုက်ဆံပေါ်မှ လွတ်မြောက်ရေးစာသားများ ....ကူညီဖြန်ချီပေးပါရန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဇန်န၀ါရီ ၂၉ ရက်နေ့တွင်ထုတ်ပြန်ခဲ့သော ကျေညာချက် ၂ / ၀၁ တွင် ပါရှိသော ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားများအားခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးအတွက်တိုင်းသူပြည်သားများက ၀ိုင်းဝန်းထောက်ခံကြရန် ဟူသောတောင်းဆိုချက် ကို ထောက်ခံသောအားဖြင့် ကျနော်တို့ လူငယ်အင်အားစု အဖွဲ့မှ ယခုကဲ့သို ငွေစက္ကူပေါ်တွင်လွတ်မြောက်ရေး စာသားများရေးကာ February နှင့် March လ နှစ်လတိုင်တိုင် တိုက်ပွဲဝင်ရန် ဆုံးဖြတ်ပြီး ပြည်သူတရပ်လုံးအားပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်လိုက်သည်။ပြည်ပ အင်အားစုများအနေဖြင့်လည်း blog ၊ email ၊ phone ၊ radio စသည့်နည်းလမ်းပေါင်း စုံကို သုံးကာပြည်တွင်း သို့ အဆက်မပြတ် ပန်ကြားပေးရန် လည်း ဖိတ်ခေါ်သည်။

Sunday 1 February 2009

ယတြာမအောင်မြင်တဲ့၊ စစ်အာဏာရှင်ကြီးရဲ့ဒုက္ခ

အာဏာကို လက်လွှက်ရမှာ သေမလောက် ကြောက်နေပြီး လောဘ ရမက်ကြီးလှတဲ့ စစ်အာဏာရှင်ကြီး သန်းရွှေ တယောက် ယတြာချေတာ မအောင်မြင်ခဲ့ပေမဲ့ သူ့ရဲ့ အကုသိုလ် အကျိုးပေးကတော့ အောင်မြင်မှုတွေ ရရှိနေပါတယ်။

အများသိရှိထားခဲ့ကြသလို ဇလွန်မှာ ယတြာချေဘို့ လုပ်စဉ် သက်တော်စောင့် ဗိုလ်မှူးကြီးစိုးရှိန်ပေးတဲ့ မီးချစ်က မီးမတောက်တာကြောင့်၊ ဘုရားဂေါပကများ စီစဉ်ထားတဲ့ မီးချစ်ကို အာဏာရှင်ကြီးသန်းရွှေထံ လှမ်းပေးစဉ် လက်ထဲမရောက်ဘဲ အောက်သို့ ပြုတ်ကျသွားတာကြောင့် အာဏာရှင်ကြီး အမျက်ဒေါသထွက်ခဲ့ရပါတယ်။

အသိဥာဏ်နဲ့ ဆင်ချင်တုံတရား ကင်းမဲ့လှတဲ့ အာဏာရှင်ရဲ့ တချက်လွှတ်အမိန့်ကြောင့် မယက ဥက္ကဋ္ဌ ဦးရင်ထွန်းကို ညတွင်းချင်း အလုပ်ဖြုတ်ပြစ်ခဲ့ပြီး တာဝန်ရှိ ဦးစီးအရာရှိတဦးကို တံတားဦးမြို့သို့ ပြောင်းရွှေ့စေခဲ့ပါတယ်။

တိုင်းပြည်နဲ့လူမျိုးကို ချောက်ထဲတွန်းချဘို့ ခိုင်မာတဲ့ဦးတည်ချက် တင်းမာတဲ့သဘောထားတွေနဲ့ နေ့မနား၊ ညမအား ကြိုးစား ဆောင်ရွက်နေရတာကြောင့် ခါးနာဝေဒနာ ခံစားနေရပေမဲ့ ရည်မှန်းချက် မပြည့်ဝမှာ စိုးရိမ်မိတဲ့အတွက် နောက်ဆုံးထွက်သက်အထိ ချောက်ထဲ တွန်းချနိုင်ရန် ဗေဒင်ဆရာရဲ့ ညွှန်ကြားချက်အတိုင်း အပြေးအလွှား ယတြာချေနေရတာပါ။

ခါးနာရောဂါပိုမိုဆိုးရွားလာလို့ ငွေဆောင် ပင်လယ်ကမ်းခြေ ခရီးစဉ်ကတဆင့် ရန်ကုန်မှာ ခေတ္တနားပြီး နေပြည်တော် အပြန်မှာ ဇလွန်ယတြာမအောင်မြင်တာကို အမြန် အစားထိုး ဆောင်ရွက်ရန် ဗေဒင်ဆရာက ထပ်မှန်ညွှန် ကြားခဲ့ပြန်ပါတယ်။

ဒီတခါမှာတော့ နေပြည်တော်မှာ စစ်အုပ်စုက တည်ထားကိုးကွယ်မဲ့ ဥပ္ပါတသန္တိစေတီတော် (တည်ဆောက်ဆဲ) မှာ ယတြာချေခိုင်းတာပါ။ စစ်အာဏာရှင်ကြီး ဘုရားရှိခိုးပြီး ယတြာချေဘို့အထမှာ ရပ်ပြီးပြီးခြင်း ဖင်ထိုင်လျှက် ပြုတ်ကျသွားတာကြောင့် အရေးပေါ် လူနာတင်ကားနဲ့ ခုတင်(၁၀၀၀) စစ်ဆေးရုံကို ပို့ဆောင်လိုက်ရပါတယ်။


စစ်အာဏာရှင်ကြီးကို သယ်ဆောင်သွားတဲ့ MSF မှ လှူဒန်းထားတဲ့ ခေတ်မှီ လူနာတင်ယာဉ်ဟာ လေအေးပေးစက် ချို့ယွင်းနေလို့ တာဝန်ရှိအရာရှိဖြစ်တဲ့ ဗိုလ်မှူးကြီးစိုးထက်ဟာ ဆူပူကြိမ်းမောင်းခံခဲ့ရပါတယ်။ ကကဆေး မှ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်သန်းအောင်ရဲ့ တပည့်ရင်းဖြစ်တာကြောင့် အကြီးအကြယ် အရေးယူမှု မရှိခဲ့တာပါ။

ခုတင်(၁၀၀၀)စစ်ဆေးရုံမှာ ရက်အတန်ကြာ ကုသမှုခံယူပြီး ယခုအခါ စစ်အာဏာရှင်ကြီးဟာ သူ့ရဲ့နေအိမ်မှာ ဆေးကုသမှုဆက်လက်ခံယူနေပါတယ်။ မည်သည့် နိုင်ငံရပ်ခြားဧည့်သည်ကိုမျှလက်ခံမတွေ့ပါ။

(မှတ်ချက်။ သတင်းပေးပို့သော တပ်မတော်အရာရှိ၏ လုံခြုံရေးအတွက် အသေးစိတ်အချက်အလက်များအား မဖေါ်ပြခြင်းအပေါ် နားလည်ခွင့်လွှတ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။)

ယတြာအပေါ်မှာသာ ဖက်တွယ်အားထားနေရှာတဲ့ စစ်အာဏာရှင်ကြီးရဲ့ ဘဝဇတ်သိမ်းမကောင်းပုံကို ဆက်လက် စောင့်ကြည့်ကြပါစို့။