Monday, 28 September 2009

နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း ဖိနပ်ဖြင့် ပေါက်ခံရ

မြန်မာနိုင်ငံမှာ ငြိမ်ချမ်းစွာ ဆန္ဒပြတဲ့ သံဃာတော်တွေ၊ ပြည်သူတွေကို သေနတ်နဲ့ ပစ်၊ တုတ်နဲ့ရိုက်၊ လူရမ်းကားတွေသုံးပြီး အကြမ်းဖက် နှိမ်နှင်းတဲ့ အကြမ်းဖက်ခေါင်းဆောင်တွေ အခု အမေရိကန်မှာ ဖိနပ်နဲ့ပေါက်ခံခဲ့ရတာကို ကြည့်ရင် လက်နက်အားကိုးတဲ့ အကြမ်းဖက်သမားတွေအတွက် အားကိုးစရာ လက်နက်မရှိရင် အခုလို လူတကာရဲ့ ဖိနပ်အောက်မှာ ရောက်မယ်ဆိုတဲ့ သင်ခန်းစာကိုတွေ့ရပါတယ်။

လက်နက်ကိုင် အကြမ်းဖက်သမား လမ်းစဉ်ကို လိုက်မလား၊ ပြည်သူချစ်တဲ့ တပ်မတော်သား ဘဝကို ခံယူမလားဆိုတာကတော့ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေရဲ့ အဆုံးအဖြတ်ပေါ်မူတည်နေပါတယ်။

သတင်းအပြည့်အစုံကို အောက်မှာ ဖတ်ရှုနားဆင်နိုင်ပါတယ်။( BBC burmese မှ ရယူထားခြင်း ဖြစ်ပါတယ်။)
....................................


အမေရိကန် ပြည်ထောင်စု နယူးယောက်ခ်မြို့ ကုလသမဂ္ဂမှာ အစည်းအဝေး တတ်ရောက်ဖို့ ဟိုတယ်မှာ ရှိနေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကို ဆန္ဒပြသူတွေက ဖိနပ်နဲ့ ပစ်ပေါက်ခဲ့ကြသလို မိန့်ခွန်းပြောဖို့ ကုလသမဂ္ဂကို သွားမယ့် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ဟာလည်း ဆန္ဒပြသူတွေက ဟိုတယ်ထွက်ပေါက်တွေကို ပိတ်ထားကြလို့ နောက်ဘက်ကနေ ထွက်ခွာခဲ့ရပါတယ်။


ဝန်ကြီးချုပ် ဗိုလ်ချုပ် သိန်းစိန်နဲ့ အဖွဲ့ တည်းခိုရာ ဟိုတယ်က အထွက်မှာ ရာနဲ့ချီတဲ့ သံဃာတော်တွေ အပါအဝင် မြန်မာတွေ၊ မြန်မာ့အရေး လှုပ်ရှားသူတွေက ကြက်ဥတွေ ကော်ဖီတွေနဲ့ ပစ်ပေါက်ဆန္ဒပြခဲ့ကြပါတယ်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောတဲ့အခါမှာတော့ ၂၀၁၀ ရွေးကောက်ပွဲကို ကုလသမဂ္ဂက ထောက်ခံ ကူညီပေးဖို့ ပန်ကြားပြောဆိုခဲ့ပါတယ်။

မြန်မာဝန်ကြီးချုပ်ဟာ ညနေပိုင်းမှာ အမေရိကန် အထက်လွှတ်တော်အမတ် အာရှပစိဖိတ်ဆိုင်ရာ နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဌ ဂျင်မ်ဝဘ်နဲ့ တွေ့ဖို့ ရှိတယ်လို့ သိရပါတယ်။

၂၁ နှစ်မြောက် NLD နှစ်ပတ်လည် အခမ်းအနား

ဒေါ်အောင်ဆန်းစုကြည်မှ ပေးစာ

Sunday, 27 September 2009

သမ္မတဟောင်း၊ ဒေါက်တာမောင်မောင်အိမ်၊ ဓါးပြတိုက်ခံရ။

ရန်ကုန်မြို့၊ မလိခလမ်း (အေဒီလမ်း)ရှိ၊ နိုင်ငံတော် သမ္မတဟောင်း၊ ဒေါက်တာမောင်မောင် (ကွယ်လွန်)၏၊ နေအိမ်မှာ၊ လွန်ခဲ့တဲ့(၆)ရက်ခန့်က၊ ဓါးပြတိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ မျက်နှာတဝက်ကို အဝတ်မဲဖြင့်၊ ဖုံးအုပ် ပြီးရုပ်ဖျက်ထားတဲ့၊ ဓါးပြ(၂)ဦးက၊ ကွယ်လွန်သူ ဒေါက်တာမောင်မောင်ရဲ့ဇနီးဖြစ်သူ၊ ဒေါ်ခင်မြင့်ထံမှတိုက် ရောင်းထားသောငွေနဲ့၊ လက်ဝတ်ရတနာများကို၊ ဓါးပြတိုက်တာလို့ သိရပါတယ်။

ဒေါ်သန်းမြင့်ဟာ၊ ထမင်းစားခန်းထဲမှာ၊ ကော်ဖီဖျော်သောက်နေစဉ်၊ အသံကြားလို့ လှည့်ကြည့်လိုက်ရာ၊ မျက်နှာဖုံးအုပ်ထားတဲ့ လူနှစ်ဦးကို၊ ရုတ်တရက် တွေ့လိုက်ရတာကြောင့်၊ လန့်ဖြန့်ပြီး လက်ထဲတွင် ကိုင်ထားတဲ့၊ ကော်ဖီခွက် လွတ်ကျကွဲသွားပါတယ်။ ပန်းကန် ကျကွဲသံကို ကြားလိုက်ရတဲ့၊ ခြံဝန်းတခုထဲတွင်၊ သီးခြားအိမ် ဆောက်နေထိုင်တဲ့၊ သမီးဖြစ်သူနဲ့မိသားစုက၊ မိခင်ဖြစ်သူအား လှမ်းမေးခဲ့ပေမဲ့၊ ဒေါ်သန်းမြင့်က၊ အခြေအနေ အရပြန်လည် ဖြေကြားခြင်း မလုပ်နိုင်ခဲ့ပါဘူး။ ဒီလို ကျကွဲသံ မကြာခဏ ကြားနေကြဖြစ်လို့၊ သမီးကလည်း၊ ထပ်မမေးဖြစ်တော့ပါဘူး။ ဒါပေမဲ့ အချိန်ဘယ်လောက်မှ မကြာသေးခင်၊ ခလေးတယောက် အော်သံကြား တော့မှ၊ အမေ့အိမ်ဘက်မှာ၊ တခုခုတော့ ဖြစ်နေပြီဆိုပြီး၊ အမေအိမ့်ဘက် အပြေးအလွှား သွားခဲ့ကြပါတယ်။

လူတွေ အော်ဟစ် ပြေးလွှားလာသံတွေကြားတော့၊ ဓါးပြနှစ်ဦးလည်း ဘာမှ ယူချိန်မရလိုက်ဘဲ၊ ကိုယ်လွတ်ရုံး ထွက်ပြေးကြပါတယ်။ အဲဒီအချိန်မှာ၊ မိသားစုတွေက၊ ဧည့်ခန်းကြမ်းပြင်မှာ၊ ပါးစပ်ကို အဝတ်စည်းထားပြီး၊ လက်နဲ့ခြေတွေကို၊ ကြိုးနဲ့တုတ်ခါ၊ ကြမ်းပြင်မှာ ဝမ်းလျားမှောက် ပုံစံဖြစ်နေတဲ့၊ မိခင်ဖြစ်သူအတွက် စိုးရိမ်ပြီး၊ မိခင်ကို အာရုံစိုက်နေရတာကြောင့်၊ ဓါးပြတွေနောက် ဘယ်သူမှ မလိုက်နိုင်ခဲ့ကြပါဘူး။

ယခုအခါမှာတော့၊ မိခင်ဒေါ်သန်းမြင့်ကို၊ အာရှတော်ဝင်ဆေးရုံမှာ၊ ထိတ်လန့်မှုကြောင့် ဖြစ်ပေါ်လာတဲ့၊ နှလုံးရောဂါကို၊ ကုသရန်၊ ဆေးရုံ တင်ထားကြောင်း သိရှိရပါတယ်။

အေဒီလမ်းလို နေရာမှာ၊ အခုလို ဓါးပြတိုက်ခံရတာဟာ၊ အတော်ထူးဆန်းတဲ့၊ ကိစ္စတခု ဖြစ်နေပါတယ်။ လမ်ထိပ်မှာ၊ ဒီကနေ့ထိ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့သမီး ဒေါ်စန္ဒာဝင်းအတွက်၊ လုံခြုံရေး တာဝန်ထမ်း ဆောင်နေတဲ့၊ စစ်သားတွေရှိလို့ပါ။ ( ပါတ်ဝန်းကျင် တဝိုက်ကတော့၊ ဒီစစ်တပ်စုကို သံသယဖြစ်နေကြပါတယ် စစ်သားတွေ ငတ်ပြတ်လာလို့ ဒီလိုလုပ်ကြတာလားပေါ့။)

ရန်ကုန်မြို့ရဲ့လုံခြုံရေး စနစ်ကြီး ပျက်စီးနေတာကြာပါဘီ။ လူသတ်မှု၊ ဓါးပြမှု တော်တော်များများဟာ၊ အမှုမှန် ဖေါ်ထုတ် မရဘဲရှိနေခဲ့ပါတယ်။ စိမ်းလဲ့ကန်သာ ၅ လောင်းပြိုင် လူသတ်မှုလည်း၊ ခုချိန်ထိမပေါ်သေးပါ။ ဒီအမှုကို မရ၊ရအောင် ဖေါ်မယ်လို့ကြွေးကြော်ခဲ့တဲ့၊ ရန်ကုန်တိုင်းရဲမှူးကြီး ဝင်းနိုင်ကိုယ်တိုင်၊ တရားခံပြေး ဘဝ ရောက်ရှိနေရပါတယ်။ “ရာဇဝတ်ဘေး ပြေးမလွတ်ဆိုတာ၊ ငါးလောင်းပြိုင်သတ်တဲ့သူကို ဆိုလိုတာလား၊ ဒါမှမဟုတ်၊ မိအောင်ဖမ်းမယ်ဆိုတဲ့၊ ရဲမှူးကြီး ဝင်းနိုင်ကိုဆိုလိုတာလား” လို့မေးရမလိုဖြစ်နေပါပြီ။

တရားဥပဒေ စိုးမိုးမှုဆိုတာလည်း၊ ရန်ကုန်မြို့မှာ၊ မရှိတော့တာ ကြာပါပြီ။ ဥပမာလေးတခု၊ နှစ်ခုလောက်တင် ပြပါရစေ။

(၁) ရန်ကုန်မြို့ရဲ့ အထင်ကရ၊ ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးကျောင်းဝင်းထဲမှာ၊ မူးယစ်ဆေးဝါး လွတ်လပ်စွာ ဝယ်ယူရနိုင်ပါတယ်။ ဖမ်းဆီးမဲ့သူမရှိပါ။

(၂) ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့မြေး၊ ဖိုးလပြည့် (ခ) နေရွှေသွေးအောင်နဲ့ အပေါင်းအသင်းများ၊ ညဖက်ကား ပြိုင်မောင်းလို့၊ တိုက်မိသွားတဲ့၊ ပြည်သူလူထုတွေရဲ့ကားတွေ၊ သေဆုံး ဒဏ်ရာရသူတွေအနေနဲ့ ဘယ်နေရာသွား၊ ဘယ်သူ့ကို တိုင်ရမှန်းမသိ၊ ငုတ်တုတ်ထိုင်ကြည့်ရုံက လွဲလို့၊ ဘာမှမတတ်နိုင်ကြတဲ့ အဖြစ်ပါ။

(၃) သမီးတော်တွေ ခရီးထွက်လို့၊ လမ်းမှာမျက်စိကျလို့၊ အလကားဝင်ယူသွားတဲ့၊ ရတနာ၊ စိန်ကျောက်အပါအဝင်၊ တန်ဘိုးကြီး ပစ္စည်းပိုင်ရှင်တွေကလည်း၊ ပါးစပ် အဟောင်းသားနဲ့၊ မျက်ရည် ကျနေရုံကလွဲလို့၊ ဘယ်သူ့ ကိုမှ မတိုင်ရဲပါ။

အဲဒီ့လို စစ်အာဏာရှင်ကြီး၊ ဗိုလ်သန်းရွှေ အတင်းအဓ္ဓမ အုပ်ချုပ်နေတဲ့၊ မြန်မာနိုင်ငံရ န်ကုန်မြို့ဟာ၊ လုံခြုံမှုမရှိ တရားဥပဒေ မရှိနဲ့၊ ပုံစံအမျိုးမျိုးနဲ့၊ ပြည်သူပြည်သားတွေ၊ ဓါးပြတိုက်ခံနေကြရတာ ကြာပါပြီ။ စစ်ဝါဒ လွှမ်းမိုး ခြင်းမရှိတဲ့၊ ဒီမိုကရေစီစနစ် မထွန်းကားသရွေ့၊ ဒီအန္တာရာယ်တွေကို ပြည်သူလူထုတွေ ကြုံတွေ့နေရလိမ့်မယ်လို့၊ အသိပေး တင်ပြအပ်ပါတယ်။

လေးစားစွာဖြင့်၊
သူရဲကောင်း။


Robbery at former President Dr. Maung Maung’s house in AD Road
(Malikha Road).


Two armed robbers entered into the premise of late former President Dr. Maung Maung’s House and binding the Dr. Maung Maung’s widow with rope then demanding the money which is they freshly received by selling one of their house. Relatives and servants staying in the same compound were noticing of abnormal thing and try to expel the robbers. Robbers escape with get nothing from the house but widow of former President was ended up in the Asia Royal Hospital. She was treated for wound inflicted by rope bound. That incident was happened six days ago in Rangoon most prominent area with tight security services.

That AD Road is not accessible for normal people other than the residents of the area and visitors were to report at security booth next to fence barricade. Neighbors suspect that the robbers should not be coming from outside but from the security guards posted at the entrance of the road. They are underpaid poor soldiers and everyone can observe their very poor condition in living and feeding as they prepare their daily meals in meanness way.

We all can see that even the security of such a prominent family is in danger and there are no other questions for ordinary people in the country. People have to afraid both criminals and children of Generals, as they all can give trouble. Criminals are still afraid of law enforcement organization but latter category are not in control and they are not afraid anyone but everyone including the law enforcement organization afraid them as they are above the law.

How bad and incompetence of the law enforcement works in the country are never ending long story. Famous case of Sein-Lae-Kan-Thar murder case was unsolved and the one roaring to find out the culprits, Rangoon Police Commissioner Police Colonel Win Naing was now on the run as fugitive himself.

People joke about the robbery in Dr. Maung Maung’s widow house as maybe Junta prosecute the owner of the house for allowing robbers to enter her house. Daw Aung San Su Kyi was prosecuted by same reason, isn’t it?

Reported by Thu Ye Kaung.

Wednesday, 23 September 2009

Invitation for 2nd Anniversary of Saffron Revolution in Burma

Correction for the Venue,

The right the Venue for the 2nd Anniversary of Saffron Revolution in Burma is
Room VG 01
Vernon Square,
Penton Rise,
London, WC1X 9EW
SOAS University,

Map Here




25/09/09
Demonstration for 2nd Anniversary of Saffron Revolution in Burma
Time: 12:00 - 13:00
Venue: In front of Burmese Embassy
19A Charles Street
Mayfair, London, W1J 5DX

25/09/09
2nd Anniversary of Saffron Revolution in Burma

Time:
15:30 - 19:00

Venue:
Room VG 01
Vernon Square,
Penton Rise,
London, WC1X 9EW
SOAS University,

Sunday, 20 September 2009

ဗုံးခိုကျင်းများနှင့် ဗိုလ်ချုပ်များ၏ စံအိမ်တော်များ

နေပြည်တော်ရဲ့အကောင်းဆုံးနေရာ၊ တစ်နေရာမှာ၊ စစ်အစိုးရရဲ့ထိပ်သီး၊ အခွင့်ထူးခံဗိုလ်ချုပ်ကြီးများ၊ ဝန်ကြီးများအတွက်၊ ကိုယ်ပိုင်အိမ်ရာဆောက်လုပ်နေထိုင်ဘို့၊ စစ်အာဏာရှင်ကြီး၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကမြေနေရာတွေ၊ ခွဲတမ်းချထားပေးခဲ့ပါတယ်။

ရည်ရွယ်ချက်ကတော့၊ မကြာခင်လာတော့မဲ့၊ ရွေးကောက်ပွဲမတိုင်မှီ၊ ကြားဖြတ်အစိုးရဖွဲ့စည်းတဲ့အခါ၊ ဝန်ကြီးများ၊ ဒုဝန်ကြီးများဟာ၊ ယခုလက်ရှိနေထိုင်ရာ၊ နေရာကနေဖယ်ရှားပေးရမှာဖြစ်ပါတယ်။ အဲဒီလိုဖယ် ပေးလိုက်ရပြီးတဲ့နောက်၊ ရွေးကောက်ပွဲအနိုင်ရရှိရေးဆောင်ရွက်ရာမှာ၊ နီးနီးကပ်ကပ်စည်းစည်းလုံးလုံး၊ စုပေါင်းဆောင်ရွက်နိုင်ရန်၊ ရည်ရွယ်ပြီး၊ ယခုလိုစီစဉ်ဆောင်ရွက်စေတာပါ။

ဒါပေမဲ့တပ်ချုပ်ကြီးရဲ့တကယ့်ရည်ရွယ်ချက်ကတော့၊ ရွေးကောက်ပွဲမှာပါဝင်ကြမဲ့၊ အဲဒီ့ပုဂ္ဂိုလ်တွေကို၊ အနီး ကပ်စောင့်ကြည့်နိုင်ဘို့နဲ့၊ သစ္စာဖောက်တဲ့သူရှိလာခဲ့ရင်တော့၊ ကျန်ရစ်ခဲ့တဲ့မိသားစုဝင်တွေကို၊ ဓါးစာခံအဖြစ် အလွယ်တကူဖမ်းဆီးနိုင်ဘို့၊ စီစဉ်ထားတာပါလို့၊ နေပြည်တော်စစ်ရုံးချုပ်အသိုင်းအဝိုင်းမှသတင်းရရှိပါတယ်။

ဘာရည်ရွယ်ချက်တွေ၊ နောက်ကွယ်မှာရှိရှိ၊ အိမ်ရာတွေကိုတော့၊ အလျှင်အမြန်ဆောက်လုပ်နေကြရပါဘီ။ ချမ်းသာတဲ့ဝန်ကြီးတွေကတော့၊ ရှေးခေတ်ပုံစံနန်းတော်ကြီးတွေလို၊ အိမ်တော်အကြီးကြီးတွေကို၊ ဆောက် လုပ်နေကြပြီး၊ ဆင်းရဲ့တဲ့ဝန်ကြီးတွေကတော့၊ နဲနဲသေးတဲ့အိမ်တော်တွေဆောက်လုပ်နေကြပါတယ်။ (ဆောက်လုပ်ထားတဲ့၊ အိမ်အကြီးအသေးတွေကိုကြည့်ပြီး၊ ဘယ်သူတွေဘယ်လောက်တောင်လာဘ်စား ထားသလဲဆိုတာ၊ မီတာထောက်တိုင်းစရာမလိုဘဲ၊ သိနိုင်ပါတယ်လို့၊ စစ်အင်ဂျင်နီယာတဦးက၊ မှတ်ချက်ချ ပြောဆိုခဲ့ပါတယ်။)

ပုံစံအမျိုးမျိုးနဲ့အကြီးအသေးစုံလင်လှတဲ့၊ အဲဒီအဆောက်အဦးတွေမှာ၊ တူညီတာအခုကို၊ ထူးထူးဆန်းဆန်း သွားတွေ့ရပါတယ်။ ဒါကတော့အိမ်တိုင်းမှာ၊ ဗုံးခိုကျင်းတွေထည့်သွင်းဆောက်လုပ်နေကြတာပါဘဲ။

တပ်ချုပ်ကြီးအမိန့်ကြောင့်လား? ဒါမှမဟုတ်၊ ဝန်ကြီး၊ဝန်ကလေးတွေဆဋ္ဌမအာရုံရပြီး၊ မမျှော်လင့်တဲ့နေရာ ကလာမဲ့၊ အန္တာရယ်တွေကို၊ ကာကွယ်ဘို့လား?

တပ်ချုပ်ကြီးကိုယ်တိုင်သူ့နေပြည်တော်ကြီးမလုံခြုံတော့ဘူးလို့ယူဆနေပြီလား? ဒါမှမဟုတ်၊ ဝန်ကြီး၊ ဝန်က လေးများ၊ ကိုယ်တိုင်ကဘဲလုပ်သင့်လုပ်ထိုက်တယ်ထင်လို့လုပ်နေကြတာလား?

သေချာတာကတော့၊ နေပြည်တော်မှာ၊ဗုံးခိုကျင်းတွေပါတဲ့အိမ်တွေ၊ဗိုလ်ချုပ်ကြီးတွေဆောက်လုပ်နေကြပါပြီ။

လေးစားစွာဖြင့်၊
သူရဲကောင်း။



Generals and Ministers Estate in Nay-Pyi-Taw built with bomb shelters.



One of the very exclusive areas in Nay-Pyi-Taw was specially assigned for elites of Burma. Ruling Junta took that place and divided among them to build their own resident for the purpose of moving in at the time of when they are resigning from their post and interim government taking over the administration.

Their official resident will be taken over by interim government Ministers at that time but they need to stay closely each other for preparing how to cheat in forthcoming election plus U Than Shwe wants to scrutinize them closely under his watchful eyes and their families became hostages in the cruel hands of Than Shwe if and when necessary.

No matter of whatever reasons for them are behind, they all have to build their residents with own arrangement. Rich minister built his home as big as old time cinema hall and poor deputy minister built just slightly bigger than car garage. People can see different type of building coming up and that is a gauge for measuring the degree of corruption among the ministers.

All that buildings with different types and style are coming up one after another but they all built one structure in common, which in every house of big and small, “bomb shelter” was specially built and included in every house. No one knows whether it was instructed by higher authority or all owners are having six senses to protect themselves. We are wondering whether U Than Shwe instruct them to do so as he is not certain for their safety in country’s capital or purely the own initiative of the residents.

Reported by Thu Ye Kaung.

Saturday, 19 September 2009

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးဝင်းနိုင်၊ ရဲချုပ် ခင်ရီနဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတို့၏ အရှုပ်တော်ပုံ


ယခုလပိုင်းအတွင်း၊ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့(စစစ)မှ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး၏ဇနီး၊ “ဒေါ်မွှေးမွှေး” ကို ခေါ်ယူစစ် ဆေးခဲ့ပါတယ်။ ဒေါ်မွှေးမွှေးဟာရန်ကုန်မြို့တွင်း နေရာ(၅)နေရာမှာ၊ အလှပြင်ဆိုင် အမည်ခံ၍ ဝန်ထမ်းအမျိုးသမီးငယ် လေးများစွာဖြင့် အနှိပ်ခန်းများဖွင့်လှစ်ခါ၊ စီးပွားရေးလမ်းဖြောင့်ဖြူးနေသူတဦးပါ။

အဆိုပါ အနှိပ်ခန်းများမှ၊ အမျိုးသမီးငယ်အချို့မှာ၊ အနှိပ်လုပ်ငန်းအပြင်၊ အခကြေးငွေယူပြီး၊ ကာမ အပျော်မယ်များအ ဖြစ်၊ အသုံးတော်ခံ နေကြရပါတယ်။ ဧည့်သည် အဝင်နည်းတဲ့ ရက်များမှာတော့၊ ဒေါ်မွှေးမွှေးက ရန်ကုန်တိုင်းအတွင်းရှိ ရဲစခန်းများမှ၊ မြို့နယ်မှူး၊ စခန်းမှူးနဲ့ ရဲအရာရှိတို့၏ ဇနီးများကို၊ ဖုန်းဆက်ခေါ် အလှပြင်ခိုင်းလေ့ရှိပါတယ်။ ဆံပင်ညှပ်၊ ပေါင်းတင်၊ မျက်နှာချေးချွတ်စသဖြင့်၊ ဖိအားပေး လုပ်ဆောင်စေပါတယ်။ အထက်အရာရှိရဲ့ ဇနီးကို ကြောက်ရတဲ့အတွက်၊ အမြဲသွားရောက် အားပေးနေရတာကြောင့်၊ ငွေကြေး ထိခိုက်စေတဲ့အပြင်၊ ကျန်းမာရေးလည်း ထိခိုက်နေကြရပါတယ်။ သူတို့အချင်းချင်း တွေ့ဆုံပါက၊ အအေးမိကုန်ပြီ၊ H1N1 ဖြစ်တော့မယ် ထင်တယ်… စသဖြင့် နောက်ပြောင် ပြောဆိုလေ့ ရှိကြပါတယ်။

အဲဒီလိုဖြစ်စဉ်တွေကို မခံနိုင်တဲ့အဆုံး၊ အထက်အာဏာပိုင်တွေဆီ၊ တိုင်ကြားမှုဖြစ်ပွားရာက၊ အခုလို ဒေါ်မွှေးမွှေးကို၊ (စစစ)မှ ခေါ်ယူစစ်ဆေးခဲ့တာပါ။ အလားတူ အနှိပ်သမ အမျိုးသမီးငယ်အချို့ကိုလည်း၊ (စစစ)မှ ခေါ်ယူ စစ်ဆေးခဲ့ပါ တယ်။

အဲဒီလို စစ်ဆေးစဉ် ကာလအတွင်း၊ အဆိုပါ အမျိုးသမီးငယ်များကို၊ (စစစ)မှ၊ ညှင်းပန်းနှိပ်စက်ပြီး၊ မတရားဖြောင့်ချက်ရ ယူခဲ့ပါတယ်ဆိုခါ၊ သက်ဆိုင်ရာ ရဲစခန်းမှာ၊ နာကျင်စေမှုဖြင့်၊ အမှုဖွင့် တိုင်ကြားခဲ့ကြပါတယ်။ (ခင်ပွန်းဖြစ်သူ ရဲမှူးကြီး ဝင်းနိုင်၏ အရှိန်အဝါကို အသုံးပြုပြီး၊ ဇနီးဒေါ်မွှေးမွှေးမှ အကြံပေးခဲ့တာလို့ပြောပါတယ်)

ဒီဖြစ်စဉ်ကို၊ ပြည်ထဲရေး ဝန်ကြီးဗိုလ်ချုပ်မောင်ဦး သိရှိသွားခါ၊ ရဲမှူးကြီးဝင်းနိုင်နဲ့ ဇနီးဒေါ်မွှေးမွှေးတို့အား၊ ချက်ခြင်းဖမ်း ချုပ်ရန်၊ ရဲချုပ်ခင်ရီအား အမိန့်ပေးခဲ့ပါတယ်။ ရဲချုပ်ခင်ရီမှ ရဲမှူးကြီးဝင်းနိုင်အား၊ နေပြည်တော်သို့ ခေါ်ယူအမှုစစ်ဆေးခဲ့ ပြီး၊ ဇနီးဒေါ်မွှေးမွှေးအား ရန်ကုန်မှာ ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်စေခဲ့ပါတယ်။

ဒါပေမဲ့လွန်ခဲ့တဲ့၊ ၄ရက်ခန့်က၊ ရဲမှူးကြီးဝင်းနိုင်နဲ့ ဇနီးဒေါ်မွှေးမွှေးတို့၊ ဖမ်းဆီးချုပ်နှောင်ထားရာမှ၊ အသီးသီးထွက်ပြေး လွှတ်မြောက်သွားကြပါတယ်။ ဒီလို ထူးဆန်းစွာ ထွက်ပြေး လွှတ်မြောက်သွားရတာဟာ၊ ရဲချုပ်ခင်ရီရဲ့ စီစဉ်ပေးမှု မပါဘဲ မဖြစ်နိုင်ဘူးလို့၊ အတွင်းသိ ရဲအရာရှိများမှ သုံးသပ်ပြောဆိုနေကြပါတယ်။

ရဲချုပ်ဗိုလ်ချုပ်ခင်ရီရဲ့၊ အကျင့်ဖောက်ပြန်မှု၊ အလွဲသုံးစားမှု၊ နိုင်ငံတော်အကြီး အကဲများအား၊ နောက်ကွယ် မှာပြင်းပြင်း ထန်ထန် ဝေဖန်ပြောဆိုထားမှုတွေကို၊ ရဲမှူးကြီးဝင်းနိုင်မှ ဖေါ်ထုတ်ထွက်ဆိုမည်ကို၊ စိုးရိမ်တာကြောင့်၊ ရဲချုပ်ကိုယ်တိုင် ထွက်ပြေးခိုင်းလိုက်ခြင်း ဖြစ်ကြောင်း၊ အလားတူ ယခုကိစ္စနှင့်ပါတ်သက်ပြီး၊ ဝန်ကြီးဗိုလ်ချုပ်မောင်ဦးမှ၊ ၎င်းအားအပြစ် ပုံချအရေးယူပါက၊ ရဲချုပ် ခင်ရီအနေဖြင့်၊ ဝန်ကြီး ဗိုလ်ချုပ်မောင်ဦး၏ အတွင်းရေးများ၊ လဘ်စားမှုများ၊ ဖေါက်ပြန်မှုများကို၊ အထောက်အထား ခိုင်လုံစွာဖြင့်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ၊ တင်ပြတိုင်ကြားမယ်လို့ ၎င်းနှင့် နီးစပ်သူများထံမှ ကြားသိရပါတယ်။

နိုင်ငံတော်ရဲ့ မှုခင်းကြဆင်းရေးကို၊ အဓိက တာဝန်ယူထားကြသူတွေ ကိုယ်တိုင်၊ ၎င်းတို့အချင်းချင်း၊ မာဖီးယားဂိုဏ်း ခေါင်းဆောင်များသဖွယ်၊ ပြုမူကျင့်ကြံနေကြပြီး၊ အာဏာ အလွဲသုံးစား ပြုလုပ်နေကြတာတွေကို၊ ကြည့်ခြင်းအားဖြင့်၊ သာမာန် ပြည်သူပြည်သားများအပေါ်၊ ဘယ့်လောက် ကောက်ကျစ် ယုတ်မာနိုင်မလဲဆိုတာ၊ ပြည်သူပြည်သားတွေသိရှိ ကြမှာပါ။ ဒီမိုကရေစီ ဘက်တော်သားတွေ အတွက်တော့၊ အထူးပြောဘို့ မလိုတော့ပါ။ တကမ္ဘာလုံးက သိရှိနေပြီးသားပါ။

ယခုကဲ့သို့ အာဏာအလွဲသုံးစားပြုပြီး၊ အမှန်တကယ် အရေးယူရမဲ့ကိစ္စများကို၊ မသိချင်ယောင် ဆောင်၍နေပါက၊ နောင် တချိန်မှာ ဖြစ်ပေါ်လာမဲ့တာဝန်ဟာ၊ နိုင်ငံတော်အကြီးအကဲ ဖြစ်တဲ့၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တာဝန်သာဖြစ်တယ်လို့၊ ပြည်ထဲရေးဝန်ကြီးဌာနမှ၊ အရာရှိကြီးများက ဝေဖန်ပြောဆိုလျှက်ရှိနေပါတယ်။

လေးစားစွာဖြင့်၊
သူရဲကောင်း။


Case behind the dismissing of Rangoon Division Police Commander (Commissioner of Police). Home Minister Maung Oo and Police Chief Khin Yee were involved.


Daw Hmwe Hmwe, wife of Police Colonel Win Naing (Rangoon Division Police Commissioner) was summoned by Bureau of Special Investigation (BSI) recently for enquiry and investigation of her illegal way to earn the money in the business. Daw Hmwe Hmwe owns and operates 5 beauty saloons and massage parlors around in Rangoon area with so many young and pretty ladies were employed. That business is very prosperous for her as beauty salon is just for covering only but she earn the fortune by running vice den behind. Those visitors to massage parlors were end up in having sex with young hostesses after spending vast amount of money. Daw Hmwe Hmwe still can’t stop her greed at that only and when sometime less customers coming into her business then she calls wives of police officers posted in Rangoon area to come to her beauty saloon and force them to do beauty care, hair cut and facial cleansing et cetera, et cetera for good of her business. Those wives of police officers were always ready and forced to go because they afraid of their husband’s superior officer but they use to joke behind as they catch common cold because of too much shampooing and worry for infesting with H1N1 flu.



For such a shameless way of doing business, BSI also investigate the hostesses employed in Daw Hmwe Hmwe business. Some of those hostesses complain that they were tortured by BSI investigators during the investigation. They complain and open the cases in some police station.



When Home Minister Maj. Gen. Maung Oo heard about the case, he was exploded and issues the order to arrest both Police Colonel Win Naing and wife Daw Hmwe Hmwe. Police Chief Brigadier General Khin Yee was in charge for investigation of the case and Daw Hmwe Hmwe was arrested in Rangoon but Police Colonel Win Naing was in Nay-Pyi-Taw and investigation was going on.


Then mystery started as Police Colonel Win Naing and wife Daw Hmwe Hmwe escaped from their custodies and disappeared last week. Information from inner circle of police said that Brigadier General Khin Yee arrange the escape for them as otherwise if investigation going on, he afraid of his involvements in briberies, corruptions, breach of trust, conduct of character and strong criticizing of his superior will surfaced. Brigadier General Khin Yee is well prepared and ready to blackmail if Minister Maung Oo tries to take action upon him. He prepares all Maung Oo’s wrong doing in full report and will send it to Senior General Than Shwe if Maung Oo tries to do some nasty action to him.


What we can see from the above case is that they are the most responsible people for restoring and preserving of law and order in the country but they act themselves like Mafia Chiefs. For a long term, people and country will suffered from damages because of the consequences of shameless behavior and character performed by senior people like Home Minister Maung Oo, Police Chief Khin Yee and Rangoon Police Chief, Police Colonel Win Naing.


There are some criticisms in inner circle of Home Ministry that whether known or unknown by the Head of State and SPDC members about all wrong doing in the government but all responsibility will lie upon them and they are to take the consequences if not handle with drastic action in time to eliminate the misdemeanors in their organization.


Reported by Thu Ye Kaung.

Monday, 14 September 2009

အမနုဿ ဘေး

အို သူတော်စင်

အရှင်သူမြတ်အပေါင်းတို့၏ မေတ္တာရေစဉ်သည်

အရှင်တို့၏ ဦးခေါင်းတော်မှသွေးတို့ဖြင့် နီစွေးစေခဲ့ပါပြီ။


အို သူတော်စင်

မြတ်သခင်ဗုဒ္ဓ၏နှလုံးသားတို့ သည်

ကြိုးနဲ့တုတ် ဒုတ်နဲ့ရိုက် ထောင်ထဲသွင်း ညှင်းဆဲ သတ်ဖြတ်

အလောင်းတွေကိုချောင်းထဲမျှော

ကျောင်းတွေပေါ်တက် လုယက်ဖျက်ဆီး

အမနုဿတို့၏လောင်မီးတိုက်မှာ

အစုလိုက်အပြုံလိုက် လောင်မြိုက်နေကြရပါပြီ။


အို သူတော်စင်အပေါင်းတို့

အနှိုင်းမဲ့ကျေးဇူးရှင်၏ စကား ဖယ်ရှားဝံ့သူ

သံဃာ့အကျိုးစီးပွါး ဖျက်ဆီးထားသူ

သံဃာအချင်းချင်းကြား သွေးခွဲထားသူ

သံဃာ့အကျိုးမဲ့စကား စွပ်စွဲထားသူ

သံဃာတို့အားရန်ညိုးပွါးသူ

ကမ္ဘာတလွှား နာမည်ဆိုးများဖြင့်ကျော်ကြားနေသူ

မိစ္ဆာဘီလူး အာဏာရူးသူ

မှူးကြီးဗာလ နအဖ နဲ့

မိစ္ဆာလူမိုက် ဒိဋ္ဌိတသိုက် ကို

သာသနာတွင်းမှ ကြဉ်ပလိုက်ကြောင်း

ဗုဒ္ဓအနွယ်မှ ထုတ်ပယ်ပြီးကြောင်း

ဒါယကာ ဒါယိကာမအဖြစ်မှ စွန့်ပစ်လိုက်ကြောင်း

မြတ်သံဃာအပေါင်းတို့၏

ထပ်လောင်းသစ္စာ အခိုင်အမာပြု သည်

ပံသုဤုကမ္ဘာ သက်သေအရာ၌ တည်စေသောဝ်။

တတိယပတ္တနိက္ကုဇ္ဇန သပိတ်ကံဆောင် အောင်စေသောဝ်။

မြတ်ဗုဒ္ဓ၏ ဓမ္မအောင်လံ မိုးထက်ယံသို့ လျှံစေသောဝ်


ဦးလင်း
၁၀။၀၉။၀၉





ရည်ညွှန်း။ ။ အမနုဿဘေး ကို ပရိတ္တပါဠိတော်အရ ဘီလူးဘေးဟုဆို၏။ ထိုခေတ်က ဘီလူး များသည် လူယောင် ဆောင်တတ်ကြ၏။ လူယောင်ဆောင်ထားသဖြင့် ဘီလူးကို လူထင်ပြီးပေါင်း မိကြ၍ ပျက်စီးကြ၇သောဖြစ်ရပ်များကို ဇာတကများ၌ တွေ့ရ၏။

ယခုခေတ်တွင်မူ လူယောင်ဆောင်ထားသော ဘီလူးအစစ်များမရှိ။ သို့ရာတွင် လူဖြစ်လျှက် လူလိုမကျင့်ဘဲ ပညာရှိယောင်ဆောင်နေသော ဘီလူးအတုများသည် လည်းကောင်း။ ကရုဏာ ရှင်ယောင်ဆောင်နေသော ဘီလူး အတုများသည်လည်းကောင်း သူတော်ကောင်းယောင် ဆောင်နေသော ဘီလူး အတုများသည်လည်းကောင်း အခြားသော အယောင်ဆောင် ဘီလူးအတုများသည် လည်းကောင်း များစွာရှိကြပါ၏။

များစွာရှိသော်လည်း အယောင်ဆောင်ကောင်းလှသဖြင့် ဘီလူးအတုမှန်းသိရန်ခက်၏။

အမှန်အားဖြင့် ဘီလူးအတုများ၏ ဘေးရန်ကြောင့် ဤလောကသည် မငြိမ်းချမ်းဘဲ ရှိနေခြင်းဖြစ်၏။ ဆူပွက်နေခြင်းဖြစ်၏။ ထို့ကြောင့် ထိုဘေးကို ယနေ့ အတွေ့အကြုံအရ အမနုဿဘေးဟု ဆိုနိုင်၏။

ဦးရွှေအောင်၏ ဗုဒ္ဓ ၊ လောကသားတို့၏အနှိုင်းမဲ့ ကျေးဇူးရှင် စာမျက်နှာ ၅၄။အပိုဒ် ၃ ။၎။

တွင် ရှုပါ။

Saturday, 12 September 2009

နောက်ဆုံးရ သတင်း

မြန်မာစံတော်ချိန် ညနေ ၆ နာရီ


အန်ကယ် ဦးဝင်းတင်ကို ဒီနေ့ မနက် ၁၀ ခန့်က ကျောက်ကုန်းရှိ နေအိမ်မှ နအဖ လက်အောက်ခံ အာဏာပိုင်ဟု မှတ်ယူထားသော လူတချို့က လာရောက် ခေါ်ဆောင်သွားပြီး ညနေ ၄ နာရီ ၃၀ ခန့်တွင် ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရပါသည်။

ကိုထိုက်

Ba Ba U Win Tin has arrested

Yangon at 10 o'clock in the morning, U Win Tin has arrested from Kyaut Kone house near Yan kin.

Ko Htike