Tuesday 11 November 2008

နေဘုန်းလတ် ပေးဆပ်မှုအတွက် မှေးမှိန်ခြင်း မရှိစေရ

အားလုံး သိကြတဲ့ အတိုင်းပါပဲ၊ နေဘုန်းလတ်ကို နအဖ အလိုကျ မတရားသူကြီးက ထောင်ဒဏ် အနှစ် ၂၀နဲ့ ၆ လ ချလိုက်ပါပြီ။

နအဖက အခုလို တရားဥပဒေမဲ့ လုပ်ချင်ရာ လုပ်တာကို ကျွန်တော်တို့ တစ်ခုခု တုန့်ပြန်ချက်(ဒါမှ မဟုတ်) မတရားတာကို သမိုင်းမှာ အလိုလို မှေးမှိန် မပျောက်ပျက်အောင် တစ်ခုခု လုပ်သင့်တယ်လို့ ယူဆ မိပါတယ်။

ဘာလုပ်လျှင် ကောင်းမလဲဆိုသော သင့်တော် ကောင်းမွန်သော အကြံရှိသူများ ဝိုင်းဝန်းပံ့ပိုး ပါဝင်ကူညီ ပေးကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါတယ်။

comment မှာ ရေးသားအကြံပေးနိုင်ပါတယ်။

လေးစားစွာဖြင့်
ကိုထိုက်

21 comments:

ကိုကို said...

ဘာပြောရမှန်းတောင် မသိတော့ဘူး။ ဟို ကုလားတွေနဲ့ဖြစ်တဲ့ပြဿနာက တမှောင့်
မလေးမှာလည်း မြန်မာမတွေအများကြီး ရတဲ့ငွေနဲ့ မလောက်လို့  ပြည့်တန်ဆာတွေ ဖြစ်ကုန်ကြတာ။

Unknown said...

true guys! i am speechless, angry and dont know what to do now.

but ONE DAY THEY ALL MUST GET WHAT THEY DESERVE!

one word REVENGE!!

Nayminthuria said...

နေဘုန်းလတ်ကို စစ်အကြမ်းဖက်သမားတွေက ထောင်ဒဏ်၂၀ဆိုတာချပြီးကမ္ဘာက သိအောင်ဂုဏ်ပြုခဲ့ပြီးပါပြီ။
နေဘုန်းလတ်ကြောင့် ပြည်တွင်းပြည်ပမှာ နေဘုန်းလတ်တွေအများကြီး လည်းပေါ်ပေါက်ခဲ့ပါပြီ။
ဂုဏ်ယူပါတယ် ကိုနေဘုန်းလတ် ခင်ဗျာ....

strike said...

ကိုထိုက်ကိုယ်တိုင်ယိုးဒယားနယ်စပ်သို့သွားရောက်ပြီး ABSDF ကဲ့သို့အဖွဲ့များနှင့်ပူးပေါင်းကာ မြန်မာအစိုးရအားတိုက်ပွဲဝင်သင့်နေသည်မှာကြာမြင့်နေပြီဖြစ်ပါကြောင်း
comment မှရေးသားအကြံပေးလိုက်ပါတယ်။

Unknown said...

Try to kill leaders who are on trip in oversea countries.
It is the best way to fight them back.

lumawkmh said...

i really doesnt know how to describe them man.....the junta juz destory their life.we should do sumthin for them like a protest.
i had one idea,i tink all the nld should break ain sein prison and go inside and get arrest,they dont have a place for alot of ppl but all ppl must be unite!

lumawkmh said...

that idea is given by one of the politician

Htett Aung said...

ခွေးတွေကတော. တွေ.သမျှ လိုက်ကိုက် နေမှာ ဘဲ....
အဲဒီ ခွေးတွေ ဒီအတိုင်း လွှတ်ထားရင် တော. ဒီအတိုင်းဖြစ်နေမှာဘဲ....
ခွေးသရမ်း....ကို မရှင်းသရ်ျတော. ဒီလိုဖြစ်နေအုံးမှာဘဲ....
သေမထူးနေမထူးဖြစ်နေတဲ...ပြည်သူတွေနဲ......ငတ်ပြီးသေတော.မဲ.ပြည်သူတွေ အားလုံး နအဖ စစ်ခွေးတွေ ကိုသုတ်သင်ဘို. အချိန်တန်ပါပြီ...

Unknown said...

နိုင်ငံနဲ့လူမျိုးစစ်ကျွန်ဘ၀မှလွတ်မြောက်ရေး၊
ဒီမိုကရေစီရရှိရေးအတွက်၊လူမျိုးဘာသာမရွေး၊
ပြည်တွင်းပြည်ပရှိမြန်မာနိုင်ငံသားအားလုံးမှာ
တာဝန်ရှိပါတယ်။တရုတ်၊ကုလား၊ယိုးဒယားအပါအ၀င်၊ ဘယ်နိုင်ငံဘယ်လူမျိုးကြောင့်၊မြန်မာတွေဒုက္ခ
ရောက်နေကြရတာမဟုတ်ဘဲ၊ကိုယ့်လူမျိုးအချင်းချင်း
မညီညွတ်ကြလို့၊ဒီလိုအဖြစ်ဆိုးတွေနဲ့ကြုံတွေ့
နေကြရတာလို့ယူဆမိပါတယ်။ ဒါကြောင့်ဘုံရန်သူဖြစ်တဲ့၊စစ်အာဏာရှင်တစုနဲ့၊
စစ်အာဏာရှင်စနစ်ကို၊အမြန်ဆုံးတိုက်ထုတ်နိုင်ဘို့၊
ညီညီညွတ်ညွတ်နဲ့လက်တွဲဆောင်ရွက်သင့်ပါတယ်လို့၊
အကြံပြုလိုက်ပါတယ်။

The Rohingya News Bank said...

wu,faumif;wJht=uHOm%fygbJ?
qeNay;yg&ap?
ppftm%m&l;awGutm%mudktjrJwef;olwdkhvufxJ&dSap&r,fqdkwJh “avSeH"g;wpf”
0g'a}umifh'Duaeh-
(1)bkef;}uD;awGudkowf/axmifcs - bmoma&;udkaqmfum;/
(2)jynfoljynfom;rsm;tm; rw&m;tedkifusifh/
(3)wdkif;&if;om;rsm;tm;trsKd; rsKd;eSdyfpuf/bmoma&;t& aqmfum;/
pwJhtjcif;t&mawGudk- 'Dtwdkif;bJ}unfhae}urSmvm;/b,fol@udkapmifhae}u'gvJ/
aemufeSpfaygif;b,favmufapmifhae}urSmvJ/ “ oifykef;acs” qdkjyD;ajymae}urSmvm;?
usGefawmfwdk@pjyD;awmfvSefa&;vkyf}u&atmif-
(1)}uH@cdkifzGH@jzdk;a&;tzGJ@0ifrsm;/
(2)pGrf;tm;&Sifrsm;/
(3)vufyg;apw&m;ol}uD;rsm;/
(4) vufyg;ap “&0w”tzGJ@0ifrsm;/ udkpjyD; tjrpfutpacsrSKef;ypf&r,f/tom;xJu
avmufawGudkr&Sif;orsSumvywf/u|efawmfwdk@b0[m b,fawmhrSarSsmfvif@csufr&Sd
bl;?

Unknown said...

သန်းရွှေ စစ်အုပ်စု က ဘလော့ဂါ လူငယ်လေး တစ်ယောက်ကို အနှစ် ၂၀ ထောင်ချတာ သက်သက်မဲ့ စောက်ကျင့်ယုတ်တာပါ။ လူတွေ အားလုံးသိပါတယ်။ စစ်အုပ်စု အကြောက်ကြီး အကြောက်လွန်ပြီး ဖမ်းထားတဲ့ ဘလော့ဂါကို စံပြဖြစ်အောင် နှစ်ကြီး ထောင်ချတာ အညွန့်ချိုးပြလိုက်တာပါ။ နေဘုန်းလတ် တယောက်ထဲ အပေါ် မတရားလုပ်နေတာ မှ မဟုတ်ပဲ။ မတရားမှုတွေ တိုင်းပြည်ထဲမှာ အနှံအပြား ဖြစ်နေခဲ့တာ ကြာလှပြီပဲ။ လူတိုင်းနီးပါး ခံစါး နေကြရတာ။ ဒီကိစ္စ မမှေးမှိန်သွားပါဘူး ကိုထိုက်။ ကိုမင်းဒင်ရေးပြတဲ့ အတိုင်း ဖြစ်လာမှာပါ။ မစင်တွေ ရွှံ့ ပေနေတဲ့ ဝက်က သူ့ ကိုယ်လုံးနဲ့ ပတ္တမြားတုံးကို ပွတ်သလို ပွတ်လေပြောင်လေ လို့ သာ ဆိုချင်သဗျာ။

Unknown said...

နောက်ထပ် အနှစ် ၂၀ သို့မဟုတ် ၆၅ နှစ် ကြာတဲ့ အထိ သန်းရွှေ စစ်အုပ်စု အာဏာကို အခုလို ကိုင်ထားနိုင်မလား။ အပြောင်းအလဲဆိုတာ ရှိလာဦးမှာပါ ကိုထိုက်။ ကိုထိုက် စီမံ ဆော်သြ သင့်တာက အဖမ်းဆီးခံနေရသူတွေ ကို ထောက်ပံဘို့ သူတို့မိသားစုတွေကို ဆက်သွယ်ထောက်ပံ ဘို့ပါ။ တယောက်ယောက်က မှန်မှန်ကန်ကန် နဲ့ ဦးဆောင် ပြီး လုပ်ပြနိုင်ခဲ့ရင် အားလုံးက ပါလာကြမှာ။ နိုင်ငံခြားက မြန်မာ တွေ တယောက် ၅ ဒေါ်လာ ၁၀ ဒေါ်လာ စီ စုပြီး တခုခု စလုပ်ကြဘို့ သင့်ပါပြီ။ လူသိများပြီး သမာသမတ်ရှိသူ တဦး ကသာ စကြည့်ပါ။ အားလုံးက အားတက်သရော ကူညီကြမှာပါ။ မှန်မှန် ကန်ကန် လုပ်ပြဘို့တော့ လိုသပေါ့။

ကိုဖွကြီး said...

လန်ဒန်မှာရှိတဲ့ နအဖဒေါက်တိုင် သံရုံးINFORMER တွေကိုရှင်းကြမလား၊ အတိအကျရှိတယ် ကိုထိုက်

Mon Capricorn said...

Ko Htike, What if we acknowledge or make a note of the day over '60' political activists were sentenced for prison as a "memorable day"....And we should do demonstrations in "Killer's Embassy"

မေသူပိုင် said...

ကိုထိုက်ရေ ...
ကိုနေဘုန်းလတ် အတွက် စိတ်မကောင်းပါဘူးဆိုတဲ့ စကားနဲ့ တင်မလုံလောက်မှန်းသိပါတယ် ဒါပေမယ့် ကျမ တို့နဲ့အသက်ချင်းမတိမ်းမယိမ်းလူငယ်တစ်ယောက် ဘ၀ နစ်မွန်းသွားတဲ့အတွက်တော့ရော တရား တဲ့အမှုတွေ ဆိုတာ ကျမ တို့နိုင်ငံမှာ မရှိသလောက်ပါဘဲ။
ကျမ အယူသီးသူတစ်ယောက်တော့ မဟုတ်ပါဘူး ။
ဒါပေမယ့် ဆရာကြီး ဦးဝင်တင် က အထွက် ကိုနေဘုန်းလတ်က အ၀င် ဆိုတော့ ဆရာကြီး ဦးဝင်းတင် နေရာ ကို ဆက်ခံလိုက်သလို ဖြစ်သွားသလားလို့။ ကိုနေဘုန်းလတ်က ဆရာကြီးဦးဝင်းတင် လို ၀ါရင့် ဂျာနယ်လစ်တစ်ယောက်မဟုတ်ပေမယ့် ဘလောခ်နေရာမှာရော လူငယ် တစ်ယောက် ရဲ့ ဘ၀ခြေလှမ်းတစ်ချို့မှာပါ အထိုက်အလျောက် တတ်နိုင်တဲ့ဘက်က လှုပ်ရှားသွားတဲ့လူငယ်တစ်ဦးပါ။
ကိုနေဘုန်းလတ်လို လူငယ်တစ်ဦးကို ထောင်ထဲ ထဲလိုက်လို့ ကျန်တဲ့လူငယ်တွေ တော့ နိုင်ငံရေ ဘလောခ်တွေ လျော့ကျသွားမယ်လို့ လက် ရှိန်သတ်လို့ ကြောက်သွားလိမ့်မယ် လို့ နအဖ က ယူဆ ကောင်းယူဆပါလိမ့်မယ်။ သူတို့ ယူဆချက်က မှန်ကောင်းမှန်ပါလိမ့်မယ် ။သို့သော် ကိုနေဘုန်းလတ်ထောင်ထဲကို မတရားသဖြင့် အနှစ်၂၀ချမှတ်လိုက်ခြင်းဟာ လူငယ် အယောက် ၂၀ထက် မကတဲ့ လူငယ်တွေရဲ့ရင်ထဲမှာ "ဒါက မတရားမှု ကြီး " အာဏာနဲ့ ဥပဒေကို ပါစပ်ထဲမှာဆွဲပြီး ပါစပ်လေးနဲ့ ထောင်ချသွားလိုက်တာ အနှစ်၂၀တဲ့ သူတို့ အတွက်တော့ အနှစ်နှစ်ဆယ်ပေါ့ လူငယ်တစ်ယောက်ရဲ့ ဘ၀ အနာဂတ် ကို သူတို့ ပါစပ်ထဲကို ထိုးကျွေးလိုက်ရပါတယ်...
အခုလို ကိုနေဘုန်းလတ် ထောင်အနှစ် နှစ်ဆယ်ကျခံလိုက်ရတယ်ဆိုတာ ဒီမိုကရေစီ တိုင်းပြည် ဖြစ်ထွန်းရေးအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့ဘဲ ကျမ အနေနဲ့သတ်မှတ်ပါတယ်။
ကျမတို့ နိုင်ငံ၇ဲ့ ၈၈ အရေးအခင်းသမိုင်းကို ကြည့်ရင်လည်း ကိုဘုန်းမော် တစ်ယောက်က ၈၈အရေးအခင်းအတွက် ရင် နှီးမြှုပ်နှံသွားခဲ့ဘူးတာကို ကျမ အမှတ်ရလိုက်မိပါသေးတယ်
လေးစားလျက်
မေသူ
www.myhome16.com
ps.ကျမ အမြင်နဲ့ခံစားချက်ကိုသာပြောချင်းဖြစ်ပါသည်

Burma Image said...

Here are some suggestions:

- keep record of when, where, who, whom and why he was charged and make memory day for him
- support his family morally and financially ( let his family know we support him, signed group letter and send them etc. )
- I think this case has made more of him than less of him. This is plain unjust and people will talk more about him. Hurt them more than scare them. Which they intended to scare people as an example. So, please talk more and put him larger than life. I can see the affect are coming and more than they could handle. They choose to face angry and hungry people, how stupid of them.
- Help fellow bloggers in technology and how to prevent from being hacked
- put his story in your blog and talk about it. Open up discussion which you have done here.
- Write your objection/comment to Burmese embassies, organizations who help political prisoners etc.
- Setup fund to help people who have been unfairly treated by the junta
- Don't let them get away with forgetting what they have done. They must pay back someday. Their time will come.

YNO

Maung Maung said...

It is about time to start assassination (from branches to stem)
Like playing chess, you can't go straight to the king. You have to start from pawn. Like beginning from judges that involved.

ကာမဘုံသား ဆုံလည်နွားတစ်ကောင် said...

မတရားသူကြီးတွေရဲ့ နာမည်၊ နေရပ်၊ ဖုန်းနံပါတ်တွေ စုံစမ်းပြီး ကိုထိုက်ဘလော့ဂ်မှာ ဖော်ပြပေးပါ။

မြန်မာ့အောင်သံ said...

ကိုထိုက်လုပ်ချင်တာကို ကျွန်တော် သိပါတယ်။
အဓိကကတော့ ကိုထိုက်နဲ့ ပတ်သက်ပြီး ဘလော့ဂ်ဂါများအနေနဲ့ နောက်ကနေ ထောက်ခံနေကြောင်းနှင့် နေဘုန်းလတ်လိုလူမျိုး နောက်ထပ် ထပ်ပေါ်လာဖို့အတွက် စည်းရုံးဖို့နဲ့ ဆက်လက်လုပ်ကိုင်သွားကြဖို့ နှိုးဆော်စာမျိုးကို ဘလော့ဂ်တိုင်းမှာ တရားဝင်ကြေညာခြင်းမျိုးက နေဘုန်းလတ်ကို ထောက်ခံကြောင်းနဲ့ သူ့လုပ်ခဲ့တာမျိုးကို နောက်ထပ်လူတွေက ဆက်လက်လုပ်နေကြောင်း အားပေးခြင်းက သူ့အတွက် ထောင်တွင်းမှာနေရပေမယ့် ငါ့လုပ်ခဲ့တဲ့ဟာမျိုးကို ငါ့ညီနောင်တွေ ဆက်လုပ်နေပါ လားဆိုတဲ့အသိမျိုး ပေးလိုက်ခြင်းက ပိုကောင်းမယ်လို့ ထင်တယ်။ ဒါမှလဲ သူပေးလိုက်ရတဲ့ အရင်းအနှီးက တန်တယ်ဆိုတာမျိုး လုပ်ပေးနိုင်တာက ပိုကောင်းမယ့်အစီအစဉ်လို့ ထင်ပါတယ်။ ဟုတ်ချင်မှလဲ ဟုတ်မယ်။ ထင်တာကို ရေးသားထားခြင်းပါ။

Anonymous said...

As a youth, so sorry for his youth life. We can't make peace with those regime. We got to fight back like Hero General Aung San. We can do some punishment to All Judges, solicitors, polices, soldiers, etc people who support regime. Like I do, I never speak nor support financially to my relatives who are soldiers, who married to soldiers. I would want to change my own blood if I could cos I feel ashame of being related to those guys. If we can isolate them out of Burmese community!! inside Burma or outside Burma

ကိုကိုသုန် said...

ကိုနေဘုန်းလတ်အတွက်အမှတ်တရလေး
တစ်ခုလုပ်တော့မယ်ဆိုတော့ စဉ်းစားလို့ရ
တာလေးပြောပါရစေ။ domain တစ်ခုလောက်
ယူပြီးတော့ အီးမေးလ် လေးတွေလုပ်ရင်ကောင်း
မလားလို့ပါ။ ဥပမာ- user@nayphonelatt.com
ဆိုတာမျိုးလိုပေါ့။နောက်မျိုးဆက်သစ်လူငယ်
လေးတွေလည်းသိသွားပြီး အမြဲမှတ်မိနေ
နိုင်တာပေါ့။ ဘလော့ဂါသူရဲကောင်းကို ဒီထက်
ပိုပြီးတော့တောင် ဂုဏ်ပြုသင့်တာပါ။