Monday 28 September 2009

နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း ဖိနပ်ဖြင့် ပေါက်ခံရ

မြန်မာနိုင်ငံမှာ ငြိမ်ချမ်းစွာ ဆန္ဒပြတဲ့ သံဃာတော်တွေ၊ ပြည်သူတွေကို သေနတ်နဲ့ ပစ်၊ တုတ်နဲ့ရိုက်၊ လူရမ်းကားတွေသုံးပြီး အကြမ်းဖက် နှိမ်နှင်းတဲ့ အကြမ်းဖက်ခေါင်းဆောင်တွေ အခု အမေရိကန်မှာ ဖိနပ်နဲ့ပေါက်ခံခဲ့ရတာကို ကြည့်ရင် လက်နက်အားကိုးတဲ့ အကြမ်းဖက်သမားတွေအတွက် အားကိုးစရာ လက်နက်မရှိရင် အခုလို လူတကာရဲ့ ဖိနပ်အောက်မှာ ရောက်မယ်ဆိုတဲ့ သင်ခန်းစာကိုတွေ့ရပါတယ်။

လက်နက်ကိုင် အကြမ်းဖက်သမား လမ်းစဉ်ကို လိုက်မလား၊ ပြည်သူချစ်တဲ့ တပ်မတော်သား ဘဝကို ခံယူမလားဆိုတာကတော့ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေရဲ့ အဆုံးအဖြတ်ပေါ်မူတည်နေပါတယ်။

သတင်းအပြည့်အစုံကို အောက်မှာ ဖတ်ရှုနားဆင်နိုင်ပါတယ်။( BBC burmese မှ ရယူထားခြင်း ဖြစ်ပါတယ်။)
....................................


အမေရိကန် ပြည်ထောင်စု နယူးယောက်ခ်မြို့ ကုလသမဂ္ဂမှာ အစည်းအဝေး တတ်ရောက်ဖို့ ဟိုတယ်မှာ ရှိနေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကို ဆန္ဒပြသူတွေက ဖိနပ်နဲ့ ပစ်ပေါက်ခဲ့ကြသလို မိန့်ခွန်းပြောဖို့ ကုလသမဂ္ဂကို သွားမယ့် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ဟာလည်း ဆန္ဒပြသူတွေက ဟိုတယ်ထွက်ပေါက်တွေကို ပိတ်ထားကြလို့ နောက်ဘက်ကနေ ထွက်ခွာခဲ့ရပါတယ်။


ဝန်ကြီးချုပ် ဗိုလ်ချုပ် သိန်းစိန်နဲ့ အဖွဲ့ တည်းခိုရာ ဟိုတယ်က အထွက်မှာ ရာနဲ့ချီတဲ့ သံဃာတော်တွေ အပါအဝင် မြန်မာတွေ၊ မြန်မာ့အရေး လှုပ်ရှားသူတွေက ကြက်ဥတွေ ကော်ဖီတွေနဲ့ ပစ်ပေါက်ဆန္ဒပြခဲ့ကြပါတယ်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောတဲ့အခါမှာတော့ ၂၀၁၀ ရွေးကောက်ပွဲကို ကုလသမဂ္ဂက ထောက်ခံ ကူညီပေးဖို့ ပန်ကြားပြောဆိုခဲ့ပါတယ်။

မြန်မာဝန်ကြီးချုပ်ဟာ ညနေပိုင်းမှာ အမေရိကန် အထက်လွှတ်တော်အမတ် အာရှပစိဖိတ်ဆိုင်ရာ နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဌ ဂျင်မ်ဝဘ်နဲ့ တွေ့ဖို့ ရှိတယ်လို့ သိရပါတယ်။

၂၁ နှစ်မြောက် NLD နှစ်ပတ်လည် အခမ်းအနား

ဒေါ်အောင်ဆန်းစုကြည်မှ ပေးစာ

Sunday 27 September 2009

သမ္မတဟောင်း၊ ဒေါက်တာမောင်မောင်အိမ်၊ ဓါးပြတိုက်ခံရ။

ရန်ကုန်မြို့၊ မလိခလမ်း (အေဒီလမ်း)ရှိ၊ နိုင်ငံတော် သမ္မတဟောင်း၊ ဒေါက်တာမောင်မောင် (ကွယ်လွန်)၏၊ နေအိမ်မှာ၊ လွန်ခဲ့တဲ့(၆)ရက်ခန့်က၊ ဓါးပြတိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ မျက်နှာတဝက်ကို အဝတ်မဲဖြင့်၊ ဖုံးအုပ် ပြီးရုပ်ဖျက်ထားတဲ့၊ ဓါးပြ(၂)ဦးက၊ ကွယ်လွန်သူ ဒေါက်တာမောင်မောင်ရဲ့ဇနီးဖြစ်သူ၊ ဒေါ်ခင်မြင့်ထံမှတိုက် ရောင်းထားသောငွေနဲ့၊ လက်ဝတ်ရတနာများကို၊ ဓါးပြတိုက်တာလို့ သိရပါတယ်။

ဒေါ်သန်းမြင့်ဟာ၊ ထမင်းစားခန်းထဲမှာ၊ ကော်ဖီဖျော်သောက်နေစဉ်၊ အသံကြားလို့ လှည့်ကြည့်လိုက်ရာ၊ မျက်နှာဖုံးအုပ်ထားတဲ့ လူနှစ်ဦးကို၊ ရုတ်တရက် တွေ့လိုက်ရတာကြောင့်၊ လန့်ဖြန့်ပြီး လက်ထဲတွင် ကိုင်ထားတဲ့၊ ကော်ဖီခွက် လွတ်ကျကွဲသွားပါတယ်။ ပန်းကန် ကျကွဲသံကို ကြားလိုက်ရတဲ့၊ ခြံဝန်းတခုထဲတွင်၊ သီးခြားအိမ် ဆောက်နေထိုင်တဲ့၊ သမီးဖြစ်သူနဲ့မိသားစုက၊ မိခင်ဖြစ်သူအား လှမ်းမေးခဲ့ပေမဲ့၊ ဒေါ်သန်းမြင့်က၊ အခြေအနေ အရပြန်လည် ဖြေကြားခြင်း မလုပ်နိုင်ခဲ့ပါဘူး။ ဒီလို ကျကွဲသံ မကြာခဏ ကြားနေကြဖြစ်လို့၊ သမီးကလည်း၊ ထပ်မမေးဖြစ်တော့ပါဘူး။ ဒါပေမဲ့ အချိန်ဘယ်လောက်မှ မကြာသေးခင်၊ ခလေးတယောက် အော်သံကြား တော့မှ၊ အမေ့အိမ်ဘက်မှာ၊ တခုခုတော့ ဖြစ်နေပြီဆိုပြီး၊ အမေအိမ့်ဘက် အပြေးအလွှား သွားခဲ့ကြပါတယ်။

လူတွေ အော်ဟစ် ပြေးလွှားလာသံတွေကြားတော့၊ ဓါးပြနှစ်ဦးလည်း ဘာမှ ယူချိန်မရလိုက်ဘဲ၊ ကိုယ်လွတ်ရုံး ထွက်ပြေးကြပါတယ်။ အဲဒီအချိန်မှာ၊ မိသားစုတွေက၊ ဧည့်ခန်းကြမ်းပြင်မှာ၊ ပါးစပ်ကို အဝတ်စည်းထားပြီး၊ လက်နဲ့ခြေတွေကို၊ ကြိုးနဲ့တုတ်ခါ၊ ကြမ်းပြင်မှာ ဝမ်းလျားမှောက် ပုံစံဖြစ်နေတဲ့၊ မိခင်ဖြစ်သူအတွက် စိုးရိမ်ပြီး၊ မိခင်ကို အာရုံစိုက်နေရတာကြောင့်၊ ဓါးပြတွေနောက် ဘယ်သူမှ မလိုက်နိုင်ခဲ့ကြပါဘူး။

ယခုအခါမှာတော့၊ မိခင်ဒေါ်သန်းမြင့်ကို၊ အာရှတော်ဝင်ဆေးရုံမှာ၊ ထိတ်လန့်မှုကြောင့် ဖြစ်ပေါ်လာတဲ့၊ နှလုံးရောဂါကို၊ ကုသရန်၊ ဆေးရုံ တင်ထားကြောင်း သိရှိရပါတယ်။

အေဒီလမ်းလို နေရာမှာ၊ အခုလို ဓါးပြတိုက်ခံရတာဟာ၊ အတော်ထူးဆန်းတဲ့၊ ကိစ္စတခု ဖြစ်နေပါတယ်။ လမ်ထိပ်မှာ၊ ဒီကနေ့ထိ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့သမီး ဒေါ်စန္ဒာဝင်းအတွက်၊ လုံခြုံရေး တာဝန်ထမ်း ဆောင်နေတဲ့၊ စစ်သားတွေရှိလို့ပါ။ ( ပါတ်ဝန်းကျင် တဝိုက်ကတော့၊ ဒီစစ်တပ်စုကို သံသယဖြစ်နေကြပါတယ် စစ်သားတွေ ငတ်ပြတ်လာလို့ ဒီလိုလုပ်ကြတာလားပေါ့။)

ရန်ကုန်မြို့ရဲ့လုံခြုံရေး စနစ်ကြီး ပျက်စီးနေတာကြာပါဘီ။ လူသတ်မှု၊ ဓါးပြမှု တော်တော်များများဟာ၊ အမှုမှန် ဖေါ်ထုတ် မရဘဲရှိနေခဲ့ပါတယ်။ စိမ်းလဲ့ကန်သာ ၅ လောင်းပြိုင် လူသတ်မှုလည်း၊ ခုချိန်ထိမပေါ်သေးပါ။ ဒီအမှုကို မရ၊ရအောင် ဖေါ်မယ်လို့ကြွေးကြော်ခဲ့တဲ့၊ ရန်ကုန်တိုင်းရဲမှူးကြီး ဝင်းနိုင်ကိုယ်တိုင်၊ တရားခံပြေး ဘဝ ရောက်ရှိနေရပါတယ်။ “ရာဇဝတ်ဘေး ပြေးမလွတ်ဆိုတာ၊ ငါးလောင်းပြိုင်သတ်တဲ့သူကို ဆိုလိုတာလား၊ ဒါမှမဟုတ်၊ မိအောင်ဖမ်းမယ်ဆိုတဲ့၊ ရဲမှူးကြီး ဝင်းနိုင်ကိုဆိုလိုတာလား” လို့မေးရမလိုဖြစ်နေပါပြီ။

တရားဥပဒေ စိုးမိုးမှုဆိုတာလည်း၊ ရန်ကုန်မြို့မှာ၊ မရှိတော့တာ ကြာပါပြီ။ ဥပမာလေးတခု၊ နှစ်ခုလောက်တင် ပြပါရစေ။

(၁) ရန်ကုန်မြို့ရဲ့ အထင်ကရ၊ ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးကျောင်းဝင်းထဲမှာ၊ မူးယစ်ဆေးဝါး လွတ်လပ်စွာ ဝယ်ယူရနိုင်ပါတယ်။ ဖမ်းဆီးမဲ့သူမရှိပါ။

(၂) ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့မြေး၊ ဖိုးလပြည့် (ခ) နေရွှေသွေးအောင်နဲ့ အပေါင်းအသင်းများ၊ ညဖက်ကား ပြိုင်မောင်းလို့၊ တိုက်မိသွားတဲ့၊ ပြည်သူလူထုတွေရဲ့ကားတွေ၊ သေဆုံး ဒဏ်ရာရသူတွေအနေနဲ့ ဘယ်နေရာသွား၊ ဘယ်သူ့ကို တိုင်ရမှန်းမသိ၊ ငုတ်တုတ်ထိုင်ကြည့်ရုံက လွဲလို့၊ ဘာမှမတတ်နိုင်ကြတဲ့ အဖြစ်ပါ။

(၃) သမီးတော်တွေ ခရီးထွက်လို့၊ လမ်းမှာမျက်စိကျလို့၊ အလကားဝင်ယူသွားတဲ့၊ ရတနာ၊ စိန်ကျောက်အပါအဝင်၊ တန်ဘိုးကြီး ပစ္စည်းပိုင်ရှင်တွေကလည်း၊ ပါးစပ် အဟောင်းသားနဲ့၊ မျက်ရည် ကျနေရုံကလွဲလို့၊ ဘယ်သူ့ ကိုမှ မတိုင်ရဲပါ။

အဲဒီ့လို စစ်အာဏာရှင်ကြီး၊ ဗိုလ်သန်းရွှေ အတင်းအဓ္ဓမ အုပ်ချုပ်နေတဲ့၊ မြန်မာနိုင်ငံရ န်ကုန်မြို့ဟာ၊ လုံခြုံမှုမရှိ တရားဥပဒေ မရှိနဲ့၊ ပုံစံအမျိုးမျိုးနဲ့၊ ပြည်သူပြည်သားတွေ၊ ဓါးပြတိုက်ခံနေကြရတာ ကြာပါပြီ။ စစ်ဝါဒ လွှမ်းမိုး ခြင်းမရှိတဲ့၊ ဒီမိုကရေစီစနစ် မထွန်းကားသရွေ့၊ ဒီအန္တာရာယ်တွေကို ပြည်သူလူထုတွေ ကြုံတွေ့နေရလိမ့်မယ်လို့၊ အသိပေး တင်ပြအပ်ပါတယ်။

လေးစားစွာဖြင့်၊
သူရဲကောင်း။


Robbery at former President Dr. Maung Maung’s house in AD Road
(Malikha Road).


Two armed robbers entered into the premise of late former President Dr. Maung Maung’s House and binding the Dr. Maung Maung’s widow with rope then demanding the money which is they freshly received by selling one of their house. Relatives and servants staying in the same compound were noticing of abnormal thing and try to expel the robbers. Robbers escape with get nothing from the house but widow of former President was ended up in the Asia Royal Hospital. She was treated for wound inflicted by rope bound. That incident was happened six days ago in Rangoon most prominent area with tight security services.

That AD Road is not accessible for normal people other than the residents of the area and visitors were to report at security booth next to fence barricade. Neighbors suspect that the robbers should not be coming from outside but from the security guards posted at the entrance of the road. They are underpaid poor soldiers and everyone can observe their very poor condition in living and feeding as they prepare their daily meals in meanness way.

We all can see that even the security of such a prominent family is in danger and there are no other questions for ordinary people in the country. People have to afraid both criminals and children of Generals, as they all can give trouble. Criminals are still afraid of law enforcement organization but latter category are not in control and they are not afraid anyone but everyone including the law enforcement organization afraid them as they are above the law.

How bad and incompetence of the law enforcement works in the country are never ending long story. Famous case of Sein-Lae-Kan-Thar murder case was unsolved and the one roaring to find out the culprits, Rangoon Police Commissioner Police Colonel Win Naing was now on the run as fugitive himself.

People joke about the robbery in Dr. Maung Maung’s widow house as maybe Junta prosecute the owner of the house for allowing robbers to enter her house. Daw Aung San Su Kyi was prosecuted by same reason, isn’t it?

Reported by Thu Ye Kaung.

Wednesday 23 September 2009

Invitation for 2nd Anniversary of Saffron Revolution in Burma

Correction for the Venue,

The right the Venue for the 2nd Anniversary of Saffron Revolution in Burma is
Room VG 01
Vernon Square,
Penton Rise,
London, WC1X 9EW
SOAS University,

Map Here




25/09/09
Demonstration for 2nd Anniversary of Saffron Revolution in Burma
Time: 12:00 - 13:00
Venue: In front of Burmese Embassy
19A Charles Street
Mayfair, London, W1J 5DX

25/09/09
2nd Anniversary of Saffron Revolution in Burma

Time:
15:30 - 19:00

Venue:
Room VG 01
Vernon Square,
Penton Rise,
London, WC1X 9EW
SOAS University,

Sunday 20 September 2009

ဗုံးခိုကျင်းများနှင့် ဗိုလ်ချုပ်များ၏ စံအိမ်တော်များ

နေပြည်တော်ရဲ့အကောင်းဆုံးနေရာ၊ တစ်နေရာမှာ၊ စစ်အစိုးရရဲ့ထိပ်သီး၊ အခွင့်ထူးခံဗိုလ်ချုပ်ကြီးများ၊ ဝန်ကြီးများအတွက်၊ ကိုယ်ပိုင်အိမ်ရာဆောက်လုပ်နေထိုင်ဘို့၊ စစ်အာဏာရှင်ကြီး၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကမြေနေရာတွေ၊ ခွဲတမ်းချထားပေးခဲ့ပါတယ်။

ရည်ရွယ်ချက်ကတော့၊ မကြာခင်လာတော့မဲ့၊ ရွေးကောက်ပွဲမတိုင်မှီ၊ ကြားဖြတ်အစိုးရဖွဲ့စည်းတဲ့အခါ၊ ဝန်ကြီးများ၊ ဒုဝန်ကြီးများဟာ၊ ယခုလက်ရှိနေထိုင်ရာ၊ နေရာကနေဖယ်ရှားပေးရမှာဖြစ်ပါတယ်။ အဲဒီလိုဖယ် ပေးလိုက်ရပြီးတဲ့နောက်၊ ရွေးကောက်ပွဲအနိုင်ရရှိရေးဆောင်ရွက်ရာမှာ၊ နီးနီးကပ်ကပ်စည်းစည်းလုံးလုံး၊ စုပေါင်းဆောင်ရွက်နိုင်ရန်၊ ရည်ရွယ်ပြီး၊ ယခုလိုစီစဉ်ဆောင်ရွက်စေတာပါ။

ဒါပေမဲ့တပ်ချုပ်ကြီးရဲ့တကယ့်ရည်ရွယ်ချက်ကတော့၊ ရွေးကောက်ပွဲမှာပါဝင်ကြမဲ့၊ အဲဒီ့ပုဂ္ဂိုလ်တွေကို၊ အနီး ကပ်စောင့်ကြည့်နိုင်ဘို့နဲ့၊ သစ္စာဖောက်တဲ့သူရှိလာခဲ့ရင်တော့၊ ကျန်ရစ်ခဲ့တဲ့မိသားစုဝင်တွေကို၊ ဓါးစာခံအဖြစ် အလွယ်တကူဖမ်းဆီးနိုင်ဘို့၊ စီစဉ်ထားတာပါလို့၊ နေပြည်တော်စစ်ရုံးချုပ်အသိုင်းအဝိုင်းမှသတင်းရရှိပါတယ်။

ဘာရည်ရွယ်ချက်တွေ၊ နောက်ကွယ်မှာရှိရှိ၊ အိမ်ရာတွေကိုတော့၊ အလျှင်အမြန်ဆောက်လုပ်နေကြရပါဘီ။ ချမ်းသာတဲ့ဝန်ကြီးတွေကတော့၊ ရှေးခေတ်ပုံစံနန်းတော်ကြီးတွေလို၊ အိမ်တော်အကြီးကြီးတွေကို၊ ဆောက် လုပ်နေကြပြီး၊ ဆင်းရဲ့တဲ့ဝန်ကြီးတွေကတော့၊ နဲနဲသေးတဲ့အိမ်တော်တွေဆောက်လုပ်နေကြပါတယ်။ (ဆောက်လုပ်ထားတဲ့၊ အိမ်အကြီးအသေးတွေကိုကြည့်ပြီး၊ ဘယ်သူတွေဘယ်လောက်တောင်လာဘ်စား ထားသလဲဆိုတာ၊ မီတာထောက်တိုင်းစရာမလိုဘဲ၊ သိနိုင်ပါတယ်လို့၊ စစ်အင်ဂျင်နီယာတဦးက၊ မှတ်ချက်ချ ပြောဆိုခဲ့ပါတယ်။)

ပုံစံအမျိုးမျိုးနဲ့အကြီးအသေးစုံလင်လှတဲ့၊ အဲဒီအဆောက်အဦးတွေမှာ၊ တူညီတာအခုကို၊ ထူးထူးဆန်းဆန်း သွားတွေ့ရပါတယ်။ ဒါကတော့အိမ်တိုင်းမှာ၊ ဗုံးခိုကျင်းတွေထည့်သွင်းဆောက်လုပ်နေကြတာပါဘဲ။

တပ်ချုပ်ကြီးအမိန့်ကြောင့်လား? ဒါမှမဟုတ်၊ ဝန်ကြီး၊ဝန်ကလေးတွေဆဋ္ဌမအာရုံရပြီး၊ မမျှော်လင့်တဲ့နေရာ ကလာမဲ့၊ အန္တာရယ်တွေကို၊ ကာကွယ်ဘို့လား?

တပ်ချုပ်ကြီးကိုယ်တိုင်သူ့နေပြည်တော်ကြီးမလုံခြုံတော့ဘူးလို့ယူဆနေပြီလား? ဒါမှမဟုတ်၊ ဝန်ကြီး၊ ဝန်က လေးများ၊ ကိုယ်တိုင်ကဘဲလုပ်သင့်လုပ်ထိုက်တယ်ထင်လို့လုပ်နေကြတာလား?

သေချာတာကတော့၊ နေပြည်တော်မှာ၊ဗုံးခိုကျင်းတွေပါတဲ့အိမ်တွေ၊ဗိုလ်ချုပ်ကြီးတွေဆောက်လုပ်နေကြပါပြီ။

လေးစားစွာဖြင့်၊
သူရဲကောင်း။



Generals and Ministers Estate in Nay-Pyi-Taw built with bomb shelters.



One of the very exclusive areas in Nay-Pyi-Taw was specially assigned for elites of Burma. Ruling Junta took that place and divided among them to build their own resident for the purpose of moving in at the time of when they are resigning from their post and interim government taking over the administration.

Their official resident will be taken over by interim government Ministers at that time but they need to stay closely each other for preparing how to cheat in forthcoming election plus U Than Shwe wants to scrutinize them closely under his watchful eyes and their families became hostages in the cruel hands of Than Shwe if and when necessary.

No matter of whatever reasons for them are behind, they all have to build their residents with own arrangement. Rich minister built his home as big as old time cinema hall and poor deputy minister built just slightly bigger than car garage. People can see different type of building coming up and that is a gauge for measuring the degree of corruption among the ministers.

All that buildings with different types and style are coming up one after another but they all built one structure in common, which in every house of big and small, “bomb shelter” was specially built and included in every house. No one knows whether it was instructed by higher authority or all owners are having six senses to protect themselves. We are wondering whether U Than Shwe instruct them to do so as he is not certain for their safety in country’s capital or purely the own initiative of the residents.

Reported by Thu Ye Kaung.

Saturday 19 September 2009

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးဝင်းနိုင်၊ ရဲချုပ် ခင်ရီနဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတို့၏ အရှုပ်တော်ပုံ


ယခုလပိုင်းအတွင်း၊ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့(စစစ)မှ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး၏ဇနီး၊ “ဒေါ်မွှေးမွှေး” ကို ခေါ်ယူစစ် ဆေးခဲ့ပါတယ်။ ဒေါ်မွှေးမွှေးဟာရန်ကုန်မြို့တွင်း နေရာ(၅)နေရာမှာ၊ အလှပြင်ဆိုင် အမည်ခံ၍ ဝန်ထမ်းအမျိုးသမီးငယ် လေးများစွာဖြင့် အနှိပ်ခန်းများဖွင့်လှစ်ခါ၊ စီးပွားရေးလမ်းဖြောင့်ဖြူးနေသူတဦးပါ။

အဆိုပါ အနှိပ်ခန်းများမှ၊ အမျိုးသမီးငယ်အချို့မှာ၊ အနှိပ်လုပ်ငန်းအပြင်၊ အခကြေးငွေယူပြီး၊ ကာမ အပျော်မယ်များအ ဖြစ်၊ အသုံးတော်ခံ နေကြရပါတယ်။ ဧည့်သည် အဝင်နည်းတဲ့ ရက်များမှာတော့၊ ဒေါ်မွှေးမွှေးက ရန်ကုန်တိုင်းအတွင်းရှိ ရဲစခန်းများမှ၊ မြို့နယ်မှူး၊ စခန်းမှူးနဲ့ ရဲအရာရှိတို့၏ ဇနီးများကို၊ ဖုန်းဆက်ခေါ် အလှပြင်ခိုင်းလေ့ရှိပါတယ်။ ဆံပင်ညှပ်၊ ပေါင်းတင်၊ မျက်နှာချေးချွတ်စသဖြင့်၊ ဖိအားပေး လုပ်ဆောင်စေပါတယ်။ အထက်အရာရှိရဲ့ ဇနီးကို ကြောက်ရတဲ့အတွက်၊ အမြဲသွားရောက် အားပေးနေရတာကြောင့်၊ ငွေကြေး ထိခိုက်စေတဲ့အပြင်၊ ကျန်းမာရေးလည်း ထိခိုက်နေကြရပါတယ်။ သူတို့အချင်းချင်း တွေ့ဆုံပါက၊ အအေးမိကုန်ပြီ၊ H1N1 ဖြစ်တော့မယ် ထင်တယ်… စသဖြင့် နောက်ပြောင် ပြောဆိုလေ့ ရှိကြပါတယ်။

အဲဒီလိုဖြစ်စဉ်တွေကို မခံနိုင်တဲ့အဆုံး၊ အထက်အာဏာပိုင်တွေဆီ၊ တိုင်ကြားမှုဖြစ်ပွားရာက၊ အခုလို ဒေါ်မွှေးမွှေးကို၊ (စစစ)မှ ခေါ်ယူစစ်ဆေးခဲ့တာပါ။ အလားတူ အနှိပ်သမ အမျိုးသမီးငယ်အချို့ကိုလည်း၊ (စစစ)မှ ခေါ်ယူ စစ်ဆေးခဲ့ပါ တယ်။

အဲဒီလို စစ်ဆေးစဉ် ကာလအတွင်း၊ အဆိုပါ အမျိုးသမီးငယ်များကို၊ (စစစ)မှ၊ ညှင်းပန်းနှိပ်စက်ပြီး၊ မတရားဖြောင့်ချက်ရ ယူခဲ့ပါတယ်ဆိုခါ၊ သက်ဆိုင်ရာ ရဲစခန်းမှာ၊ နာကျင်စေမှုဖြင့်၊ အမှုဖွင့် တိုင်ကြားခဲ့ကြပါတယ်။ (ခင်ပွန်းဖြစ်သူ ရဲမှူးကြီး ဝင်းနိုင်၏ အရှိန်အဝါကို အသုံးပြုပြီး၊ ဇနီးဒေါ်မွှေးမွှေးမှ အကြံပေးခဲ့တာလို့ပြောပါတယ်)

ဒီဖြစ်စဉ်ကို၊ ပြည်ထဲရေး ဝန်ကြီးဗိုလ်ချုပ်မောင်ဦး သိရှိသွားခါ၊ ရဲမှူးကြီးဝင်းနိုင်နဲ့ ဇနီးဒေါ်မွှေးမွှေးတို့အား၊ ချက်ခြင်းဖမ်း ချုပ်ရန်၊ ရဲချုပ်ခင်ရီအား အမိန့်ပေးခဲ့ပါတယ်။ ရဲချုပ်ခင်ရီမှ ရဲမှူးကြီးဝင်းနိုင်အား၊ နေပြည်တော်သို့ ခေါ်ယူအမှုစစ်ဆေးခဲ့ ပြီး၊ ဇနီးဒေါ်မွှေးမွှေးအား ရန်ကုန်မှာ ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်စေခဲ့ပါတယ်။

ဒါပေမဲ့လွန်ခဲ့တဲ့၊ ၄ရက်ခန့်က၊ ရဲမှူးကြီးဝင်းနိုင်နဲ့ ဇနီးဒေါ်မွှေးမွှေးတို့၊ ဖမ်းဆီးချုပ်နှောင်ထားရာမှ၊ အသီးသီးထွက်ပြေး လွှတ်မြောက်သွားကြပါတယ်။ ဒီလို ထူးဆန်းစွာ ထွက်ပြေး လွှတ်မြောက်သွားရတာဟာ၊ ရဲချုပ်ခင်ရီရဲ့ စီစဉ်ပေးမှု မပါဘဲ မဖြစ်နိုင်ဘူးလို့၊ အတွင်းသိ ရဲအရာရှိများမှ သုံးသပ်ပြောဆိုနေကြပါတယ်။

ရဲချုပ်ဗိုလ်ချုပ်ခင်ရီရဲ့၊ အကျင့်ဖောက်ပြန်မှု၊ အလွဲသုံးစားမှု၊ နိုင်ငံတော်အကြီး အကဲများအား၊ နောက်ကွယ် မှာပြင်းပြင်း ထန်ထန် ဝေဖန်ပြောဆိုထားမှုတွေကို၊ ရဲမှူးကြီးဝင်းနိုင်မှ ဖေါ်ထုတ်ထွက်ဆိုမည်ကို၊ စိုးရိမ်တာကြောင့်၊ ရဲချုပ်ကိုယ်တိုင် ထွက်ပြေးခိုင်းလိုက်ခြင်း ဖြစ်ကြောင်း၊ အလားတူ ယခုကိစ္စနှင့်ပါတ်သက်ပြီး၊ ဝန်ကြီးဗိုလ်ချုပ်မောင်ဦးမှ၊ ၎င်းအားအပြစ် ပုံချအရေးယူပါက၊ ရဲချုပ် ခင်ရီအနေဖြင့်၊ ဝန်ကြီး ဗိုလ်ချုပ်မောင်ဦး၏ အတွင်းရေးများ၊ လဘ်စားမှုများ၊ ဖေါက်ပြန်မှုများကို၊ အထောက်အထား ခိုင်လုံစွာဖြင့်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ၊ တင်ပြတိုင်ကြားမယ်လို့ ၎င်းနှင့် နီးစပ်သူများထံမှ ကြားသိရပါတယ်။

နိုင်ငံတော်ရဲ့ မှုခင်းကြဆင်းရေးကို၊ အဓိက တာဝန်ယူထားကြသူတွေ ကိုယ်တိုင်၊ ၎င်းတို့အချင်းချင်း၊ မာဖီးယားဂိုဏ်း ခေါင်းဆောင်များသဖွယ်၊ ပြုမူကျင့်ကြံနေကြပြီး၊ အာဏာ အလွဲသုံးစား ပြုလုပ်နေကြတာတွေကို၊ ကြည့်ခြင်းအားဖြင့်၊ သာမာန် ပြည်သူပြည်သားများအပေါ်၊ ဘယ့်လောက် ကောက်ကျစ် ယုတ်မာနိုင်မလဲဆိုတာ၊ ပြည်သူပြည်သားတွေသိရှိ ကြမှာပါ။ ဒီမိုကရေစီ ဘက်တော်သားတွေ အတွက်တော့၊ အထူးပြောဘို့ မလိုတော့ပါ။ တကမ္ဘာလုံးက သိရှိနေပြီးသားပါ။

ယခုကဲ့သို့ အာဏာအလွဲသုံးစားပြုပြီး၊ အမှန်တကယ် အရေးယူရမဲ့ကိစ္စများကို၊ မသိချင်ယောင် ဆောင်၍နေပါက၊ နောင် တချိန်မှာ ဖြစ်ပေါ်လာမဲ့တာဝန်ဟာ၊ နိုင်ငံတော်အကြီးအကဲ ဖြစ်တဲ့၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တာဝန်သာဖြစ်တယ်လို့၊ ပြည်ထဲရေးဝန်ကြီးဌာနမှ၊ အရာရှိကြီးများက ဝေဖန်ပြောဆိုလျှက်ရှိနေပါတယ်။

လေးစားစွာဖြင့်၊
သူရဲကောင်း။


Case behind the dismissing of Rangoon Division Police Commander (Commissioner of Police). Home Minister Maung Oo and Police Chief Khin Yee were involved.


Daw Hmwe Hmwe, wife of Police Colonel Win Naing (Rangoon Division Police Commissioner) was summoned by Bureau of Special Investigation (BSI) recently for enquiry and investigation of her illegal way to earn the money in the business. Daw Hmwe Hmwe owns and operates 5 beauty saloons and massage parlors around in Rangoon area with so many young and pretty ladies were employed. That business is very prosperous for her as beauty salon is just for covering only but she earn the fortune by running vice den behind. Those visitors to massage parlors were end up in having sex with young hostesses after spending vast amount of money. Daw Hmwe Hmwe still can’t stop her greed at that only and when sometime less customers coming into her business then she calls wives of police officers posted in Rangoon area to come to her beauty saloon and force them to do beauty care, hair cut and facial cleansing et cetera, et cetera for good of her business. Those wives of police officers were always ready and forced to go because they afraid of their husband’s superior officer but they use to joke behind as they catch common cold because of too much shampooing and worry for infesting with H1N1 flu.



For such a shameless way of doing business, BSI also investigate the hostesses employed in Daw Hmwe Hmwe business. Some of those hostesses complain that they were tortured by BSI investigators during the investigation. They complain and open the cases in some police station.



When Home Minister Maj. Gen. Maung Oo heard about the case, he was exploded and issues the order to arrest both Police Colonel Win Naing and wife Daw Hmwe Hmwe. Police Chief Brigadier General Khin Yee was in charge for investigation of the case and Daw Hmwe Hmwe was arrested in Rangoon but Police Colonel Win Naing was in Nay-Pyi-Taw and investigation was going on.


Then mystery started as Police Colonel Win Naing and wife Daw Hmwe Hmwe escaped from their custodies and disappeared last week. Information from inner circle of police said that Brigadier General Khin Yee arrange the escape for them as otherwise if investigation going on, he afraid of his involvements in briberies, corruptions, breach of trust, conduct of character and strong criticizing of his superior will surfaced. Brigadier General Khin Yee is well prepared and ready to blackmail if Minister Maung Oo tries to take action upon him. He prepares all Maung Oo’s wrong doing in full report and will send it to Senior General Than Shwe if Maung Oo tries to do some nasty action to him.


What we can see from the above case is that they are the most responsible people for restoring and preserving of law and order in the country but they act themselves like Mafia Chiefs. For a long term, people and country will suffered from damages because of the consequences of shameless behavior and character performed by senior people like Home Minister Maung Oo, Police Chief Khin Yee and Rangoon Police Chief, Police Colonel Win Naing.


There are some criticisms in inner circle of Home Ministry that whether known or unknown by the Head of State and SPDC members about all wrong doing in the government but all responsibility will lie upon them and they are to take the consequences if not handle with drastic action in time to eliminate the misdemeanors in their organization.


Reported by Thu Ye Kaung.

Monday 14 September 2009

အမနုဿ ဘေး

အို သူတော်စင်

အရှင်သူမြတ်အပေါင်းတို့၏ မေတ္တာရေစဉ်သည်

အရှင်တို့၏ ဦးခေါင်းတော်မှသွေးတို့ဖြင့် နီစွေးစေခဲ့ပါပြီ။


အို သူတော်စင်

မြတ်သခင်ဗုဒ္ဓ၏နှလုံးသားတို့ သည်

ကြိုးနဲ့တုတ် ဒုတ်နဲ့ရိုက် ထောင်ထဲသွင်း ညှင်းဆဲ သတ်ဖြတ်

အလောင်းတွေကိုချောင်းထဲမျှော

ကျောင်းတွေပေါ်တက် လုယက်ဖျက်ဆီး

အမနုဿတို့၏လောင်မီးတိုက်မှာ

အစုလိုက်အပြုံလိုက် လောင်မြိုက်နေကြရပါပြီ။


အို သူတော်စင်အပေါင်းတို့

အနှိုင်းမဲ့ကျေးဇူးရှင်၏ စကား ဖယ်ရှားဝံ့သူ

သံဃာ့အကျိုးစီးပွါး ဖျက်ဆီးထားသူ

သံဃာအချင်းချင်းကြား သွေးခွဲထားသူ

သံဃာ့အကျိုးမဲ့စကား စွပ်စွဲထားသူ

သံဃာတို့အားရန်ညိုးပွါးသူ

ကမ္ဘာတလွှား နာမည်ဆိုးများဖြင့်ကျော်ကြားနေသူ

မိစ္ဆာဘီလူး အာဏာရူးသူ

မှူးကြီးဗာလ နအဖ နဲ့

မိစ္ဆာလူမိုက် ဒိဋ္ဌိတသိုက် ကို

သာသနာတွင်းမှ ကြဉ်ပလိုက်ကြောင်း

ဗုဒ္ဓအနွယ်မှ ထုတ်ပယ်ပြီးကြောင်း

ဒါယကာ ဒါယိကာမအဖြစ်မှ စွန့်ပစ်လိုက်ကြောင်း

မြတ်သံဃာအပေါင်းတို့၏

ထပ်လောင်းသစ္စာ အခိုင်အမာပြု သည်

ပံသုဤုကမ္ဘာ သက်သေအရာ၌ တည်စေသောဝ်။

တတိယပတ္တနိက္ကုဇ္ဇန သပိတ်ကံဆောင် အောင်စေသောဝ်။

မြတ်ဗုဒ္ဓ၏ ဓမ္မအောင်လံ မိုးထက်ယံသို့ လျှံစေသောဝ်


ဦးလင်း
၁၀။၀၉။၀၉





ရည်ညွှန်း။ ။ အမနုဿဘေး ကို ပရိတ္တပါဠိတော်အရ ဘီလူးဘေးဟုဆို၏။ ထိုခေတ်က ဘီလူး များသည် လူယောင် ဆောင်တတ်ကြ၏။ လူယောင်ဆောင်ထားသဖြင့် ဘီလူးကို လူထင်ပြီးပေါင်း မိကြ၍ ပျက်စီးကြ၇သောဖြစ်ရပ်များကို ဇာတကများ၌ တွေ့ရ၏။

ယခုခေတ်တွင်မူ လူယောင်ဆောင်ထားသော ဘီလူးအစစ်များမရှိ။ သို့ရာတွင် လူဖြစ်လျှက် လူလိုမကျင့်ဘဲ ပညာရှိယောင်ဆောင်နေသော ဘီလူးအတုများသည် လည်းကောင်း။ ကရုဏာ ရှင်ယောင်ဆောင်နေသော ဘီလူး အတုများသည်လည်းကောင်း သူတော်ကောင်းယောင် ဆောင်နေသော ဘီလူး အတုများသည်လည်းကောင်း အခြားသော အယောင်ဆောင် ဘီလူးအတုများသည် လည်းကောင်း များစွာရှိကြပါ၏။

များစွာရှိသော်လည်း အယောင်ဆောင်ကောင်းလှသဖြင့် ဘီလူးအတုမှန်းသိရန်ခက်၏။

အမှန်အားဖြင့် ဘီလူးအတုများ၏ ဘေးရန်ကြောင့် ဤလောကသည် မငြိမ်းချမ်းဘဲ ရှိနေခြင်းဖြစ်၏။ ဆူပွက်နေခြင်းဖြစ်၏။ ထို့ကြောင့် ထိုဘေးကို ယနေ့ အတွေ့အကြုံအရ အမနုဿဘေးဟု ဆိုနိုင်၏။

ဦးရွှေအောင်၏ ဗုဒ္ဓ ၊ လောကသားတို့၏အနှိုင်းမဲ့ ကျေးဇူးရှင် စာမျက်နှာ ၅၄။အပိုဒ် ၃ ။၎။

တွင် ရှုပါ။

Saturday 12 September 2009

နောက်ဆုံးရ သတင်း

မြန်မာစံတော်ချိန် ညနေ ၆ နာရီ


အန်ကယ် ဦးဝင်းတင်ကို ဒီနေ့ မနက် ၁၀ ခန့်က ကျောက်ကုန်းရှိ နေအိမ်မှ နအဖ လက်အောက်ခံ အာဏာပိုင်ဟု မှတ်ယူထားသော လူတချို့က လာရောက် ခေါ်ဆောင်သွားပြီး ညနေ ၄ နာရီ ၃၀ ခန့်တွင် ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရပါသည်။

ကိုထိုက်

Ba Ba U Win Tin has arrested

Yangon at 10 o'clock in the morning, U Win Tin has arrested from Kyaut Kone house near Yan kin.

Ko Htike

Thursday 10 September 2009

နအဖ ဘာတွေ လုပ်နေလဲ

ထို့ကြောင့်ဤသို့ဆိုတဲ့ ဖြေရှင်းချက်တွေကို နအဖ စစ်အုပ်စု နေ့တိုင်းနီးပါး မရပ်မနား လုပ်ပေးနေရတယ်။

တရုတ်ကို ဖားရတယ်၊ ကချင်ကို နားချရတယ်၊ ၀ ကို ကတိပေးရတယ်၊ ပြည်သူကို လိမ်နေရတယ်။

ကိုးကန့်ကို တိုက်လိုက်တာ လွယ်ပေမယ့် နောက်ပိုင်း ရှင်းရတာတွေက ပိုခက်နေတယ်။

- နအဖ စစ်ကောင်စီ ကြေညာချက် ၁/၂၀၀၉ ထုတ်ပြီး ရှင်းနေရတယ်။

- ကိုးကန့်ဒေသမှာ စိတ်ကြွဆေးပြားတွေ၊ စက်ရုံတွေ၊ လက်နက်မှောင်ခိုလုပ်ငန်းတွေ တွေ့ရှိရကြောင်း (အခုမှ) ထုတ်ပြောနေရတယ်။

ပြီးခဲ့တဲ့လ အထိက အဲဒီဒေသမှာ ဘိန်းအစားထိုးလုပ်ငန်းတွေ အောင်မြင်နေကြောင်း မူးယစ်ဆေးဝါး ကင်းစင်ပပျောက်နေပြီဖြစ်ကြောင်း

ဒေသတည်ငြိမ်အေးချမ်းနေကြောင်း နအဖ ရေးခဲ့ပြောခဲ့သေးတယ်။ အခုမှ ဗြုန်းစားကြီး WY ဆေးပြားတွေ ဘိန်းတွေ ဆေးခြောက်တွေ M 21 - 22 တွေ ဘယ်ကထွက်လာလဲ။

- အခုလို ကိုးကန့်ဒေသမှာ မူးယစ်ဆေးဝါးကို အသည်းအသန်တိုက်ဖျက်နေပေမယ့် အိမ်နီးချင်းနိုင်ငံတွေ အနောက် အင်အားကြီးနိုင်ငံတွေက

သတိမပြုမိတာ ပူးပေါင်းဆောင်ရွက်မှုမလုပ်ကြတဲ့အပေါ် နအဖ ၀မ်းနည်းနေကြောင်း လျှောက်ပြော လျှောက်ရေး လုပ်နေရတယ်။

- တရုတ်ပြည်ထဲပြေးဝင်သွားတဲ့ လူတွေကို ပြန်ပြီးလက်ခံဖို့နဲ့ နယ်စပ်ဒေသမှာ တည်ငြိမ်မှုရှိဖို့ တရုတ်အစိုးရကို ကတိတွေပေးနေရတယ်။

တရုတ်နွယ်ဖွား ကိုးကန့်တွေအပေါ် လူမျိုးတုံး စစ်ဆင်တာ မဟုတ်ကြောင်း တရုတ်ကြီး ကို ရှင်းပြတာ ရွှေနားတော်သွင်းတာ လုပ်နေရတယ်။

- ထွက်ပြေးသွားတဲ့ အရပ်သားတွေရဲ့ ပိုင်ဆိုင်မှုတွေကို စစ်တပ်က ယူငင်လုယက်နေလို့ ဖြေရှင်းချက်တွေ ထုတ်နေ ရတယ်။

ဘယ်တုန်းကဖမ်းထားမှန်းမသိ ဘယ်ကမှန်းမသိတဲ့ လူတွေက သူခိုးတံဆိပ် ကပ်ပေးပြီး တရားခံပြ လုပ် နေရတယ်။

ချင်းရွှေဟော်မှာ တရားခံတွေကိုဖမ်းချုပ်ထားကြောင်း ယခု ထောင်ဒဏ် ၂ နှစ်စီ ချလိုက်ကြောင်း စာလုံးမဲနဲ့ခေါင်းကြီးသတင်းတွေ ဖော်ပြနေရတယ်။

- အပစ်အခတ်ရပ်ဆဲထားတာ ကျိုးပေါက်သွားတာမဟုတ်ကြောင်းနဲ တွေ ကချင်တွေအပေါ် စစ်ရေးတိုက်ခိုက် ကျူးကျော်မှုတွေ လုပ်မှာမဟုတ်ကြောင်း

၃ ကြိမ်ထက်မနည်း ကတိတွေပေးနေရတယ်။ (၀ နယ်ကိုတော့ စစ်အင်အား ၃ သောင်းထက်မနည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ၀ိုင်းပတ်နေရာယူထားတယ်)

- သတင်းစာထဲမှာ လောက်ကိုင်မှာသာတဲ့လ လို ကိုးကန့်ဒေသ ငြိမ်းချမ်းမြဲ - စိမ်းလန်းစိုပြည် စည်ကားဆဲလို ခေါင်းစဉ်မျိုးတွေနဲ့

အမြီးအမောက်မတည့်တဲ့ ဆောင်းပါးတွေ ရေးထည့်ပြီး တနိုင်ငံလုံးသိအောင် ၀ါဒဖြန့်နေရတယ်။

- နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးလက်မခံလို့ အခုလို ဘိန်းပြပြီး စစ်ရေးအရ ဖြေရှင်းလိုက်တာ မဟုတ်ရ ပါကြောင်း

မြောက်ပိုင်းက အပစ်အခတ် ရပ်ထားတဲ့အဖွဲ့ တွေကို လိုက်ရှင်းပြနေရတယ်။

- သူခိုးလူမိဖြစ်သွားလို့ ဘက်စုံ ရှင်း လင်းပွဲတွေ လုပ်နေရတယ်။


- မြန်မာပြည် တောင်ပိုင်းမှာ ကရင်တွေကို အပြုတ်တိုက်ဖို့ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်နေတယ်။ ဒီကေဘီအေ ၀တ်စုံဝတ်

သစ်ခုတ်သမား အယောင်ဆောင်ပြီး ကရင်တော်လှန်ရေးနယ်မြေထဲဝင် ကရင် ကရင် ခြင်း သတ်ခိုင်း နေတယ်။

ကရင် ကရင်ခြင်းသတ်ပြီး ပြန်လာတဲ့ ဒီကေဘီအေ တပ်မှုးကို သံလွင်မြစ်ထဲမှာဖျောင်ခဲ့ဘူးတယ်

- လောလောဆယ် သတင်းပေါက်ကြားမှုဖြစ်ပွားသွားတဲ့အတွက် ထိုးစစ်ကို ခေတ္တရပ်ထားတယ်။ ကရင်အမျိုးသား အစည်းအရုံးဘက်က

ထိုးစစ်ဆင်လာတော့မယ့် သတင်းရလို့ ဖာပွန်-ကမာမောင်းလမ်းကို ဖြတ်တောက် ပိတ်ဆို့ ထားတယ်။

ဒီလမ်းက တပ်မဟာ ၅ ကို ထိုးစစ်ဆင်မယ်ဆိုရင် အရေးပါတဲ့လမ်းဖြစ်နေတယ် ဒီလမ်းကနေ ထောက်ပို့လုပ်ငန်းတွေသွားမယ်။

တိုက်မယ်ဆိုရင် တိုက်ပွဲကြီးတွေတော့ တိုက်မှာမဟုတ်။ မြောက်ပိုင်းအရေးက ပူပူနွေးနွေးရှိသေးတယ်။

မြောက်ပိုင်းမှာတပ်တွေ စုပုံအောထားရလို့ တိုက်မှာမဟုတ်ဘူးဆိုတဲ့ အမြင်မျိုးဖြစ်ပေါ် လာတဲ့ အချိန်ကို နအဖ စောင့်နေတယ်။

အလစ်အငိုက်မှာ တိုက်လိမ့်မယ်။

- ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိတဲ့ တောင်ပိုင်း ၀ တပ်ဖွဲ့တွေကို ရန်စတာတွေလုပ်နေတယ်။ စစ်တပ်က လားဟူ ပြည်သူ့စစ် ယူနီဖောင်းဝတ်ပြီး

ကင်းလှည့်တာ ရှာဖွေစစ်ဆေးတာတွေလုပ်နေတယ်။ ၀ တပ်ဖွဲ့တွေနဲ့ ပြဿနာ တက် ရင် စစ်တပ်က လားဟူ ဘက်ကနေ

ချက်ချင်းအားဖြည့်ပေးမယ်ပြောပြီး ၀ ကို တိုက်ဖို့ လားဟူကို မြှောက်ပေး နေ တယ်။ လားဟူ ပြည်သူ့စစ် တပ်ဖွဲ့မှာ လူအင်အာ ၄၀ ၀န်းကျင်ရှိတယ်။

စစ်တပ်က နောက်ထပ် လူအင်အား ၂၀ နဲ့ လက်နက်ခဲယမ်း တွေ ဖြည့် ထားတယ်။

လူ ၅၀ - ၆၀ လောက်နဲ့ ငါးစာ ချထားတာ ငါးမျှားချိတ်ကို ၀ တပ်ဖွဲ့ တွေ မမြင်ပါစေနဲ့လို့ နအဖ ဆုတောင်းနေတယ်။

- တောင်းပိုင်း ၀ တပ် ဖွဲ့ဟာ ၀ ပြည် တပ်မတော်ရဲ့ အသက်သွေးကြော တခုဖြစ်တယ်။ တရုတ်အစိုးရကို နအဖ က ကပ်နိုင်လို့ တရုတ်ပြည်က

ဝ တွေ အပေါ် ဆေးဝါး ရိက္ခာ လက်နက်ခဲယမ်း မကူညီခဲ့ရင် တောင်ပိုင်းဝ နယ်က လိုအပ်ချက်တွေကို ထိုင်းနယ်ထဲကနေ ဖြည့်ဆည်းနိုင်တယ်။

တောင်ပိုင်း ၀ တပ်ဖွဲ့ဟာ ၀ အမျိုးသားတွေနဲ့ ၀ တပ်မတော် အတွက် Logistics ဖြစ်တယ်။ ဒါကြောင့် နအဖ က တောင်ပိုင်းဝ နယ်

ထိုင်းနယ်စပ်တလျောက် မှာ အင်အားတိုးချဲ့ ချထားပြီး ဖြတ်တောက်ဖို့ ကြံနေတယ်။ ထိုးစစ်အရလဲ အရေးပါတယ်။ တောင်ပိုင်းဝနယ်က

လှုပ်ရှားနယ်မြေအရ သေးငယ်တယ် အင်အားနည်းတယ်။ စစ်ဖြစ်ပြီဆိုတာနဲ့ မြောက်ပိုင်းဝနယ်ကို စစ်ရေး အရ ခြိမ်းခြောက်ထားမယ်၊

တောင်မြောက်အဆက်ဖြတ်မယ်၊ တောင်ပိုင်းဝ နယ်ကို သိမ်းမယ် ဆိုတဲ့ စစ်ရေး ကြံစည်ချက် ရှိနေနိုင်တယ်။

- ကိုးကန့် အရေးမှာ သင်ခန်းစာ ရသွားတဲ့ အပစ်အခတ်ရပ်ဆဲရေးအဖွဲ့တွေက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားကြလို့

ထင်သလောက် လွယ်ကူမှာမဟုတ်မှန်း နအဖ တွက်ချက်မိနေတယ်။ နအဖ အင်အားတိုးချထားပြီး ဒုတ်ပြ ခဲပြ လုပ်နေတာ

ဝ လူထုက တအိမ်တယောက် စစ်ထဲလိုက်မယ်ဆိုတဲ့ ကတိပေးလိုက်သလို ၀ တပ်မတော် စစ်ဦးစီး အဖွဲ့ကလည်း

အသက်ပေး ကာကွယ်မယ်ဆိုတဲ့အတွက် ရှေ့တလှမ်းတိုးရမလား - နောက် ပြန်ဆုတ်ရမလား ဖြစ်နေ တယ်။

- အပစ်အခတ်ရပ်ထားတဲ့အဖွဲ့တွေက မြွေမသေ ဒုတ်မကျိုးလုပ်နေတာ နအဖ အခံရခက်နေတယ်။ နအဖ လက် အောက်ခံ နယ်ခြားစောင့်တပ် လုပ်တာထက်

ကချင့်လက်နက် ကချင့်လက်ထဲမှာထားပြီး ကချင်ဒေသ ကိုယ်ပိုင် အုပ်ချုပ်ရေးတပ်ဘဲ လုပ်မယ် ဆိုတဲ့ ကေအိုင်အိုရဲ့ သဘောထားနဲ့

ကေအိုင်အို မဖျက်ဘဲ ပါတီသစ်တခုဖွဲ့ပြီး ရွေးကောက်ပွဲဝယ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် နအဖ အငိုက်မိသွားတယ်။

ဒါကို လတ်တလော ဖြေရှင်းဖို့ မရနိုင် သေးဘူး။ နည်းလမ်းမတွေ့ သေးဘူး။ လတ်တလော မဖြေရှင်းနိုင်ပေမယ့် မူ အရ နအဖ လုံးဝ လက်မခံနိုင်ဘူး ဆိုတာ သိသာထင်ရှားတယ်။

ကိုယ်ပိုင်အုပ်ချုပ်ရေး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့ အသုံးအနှုန်းမျိုး နအဖ ရေးဆွဲ ထားတဲ့ ဖွဲ့ စည်းပုံထဲမှာ မပါဘူး။

၆၃ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ခေါ်တုန်းက နေ၀င်းစစ်အုပ်စုရဲ့ ကိုယ်စားလှယ် ဗိုလ်မှူးကြီးလှဟန်က ဗကပ ကိုယ်စားလှယ်တွေတင်တဲ့

တောင်းဆိုချက်တွေနဲ့ ပက်သက်ပြီး နှစ်လုံးထဲနဲ့ ဘောင်းဘီညပ်ခဲ့ဘူးတယ်။ ဗကပ တောင်းဆိုခဲ့တာက တိုင်းရင်းသားလူမျိုးစုများအပေါ် စစ်ဆင်နေမှု ရပ်ဆိုင်းရန်

စစ်အုပ်စု ကိုယ်စားလှယ်က ဘာ တင်ပြလဲဆိုတော့ တိုင်းရင်းသားလူမျိုးစုများအပေါ်လို့ မသုံးပါနဲ့

ဘာကြောင့်လဲ ဆိုတော့ သူတို့နဲ့ ဘတပြန်ကျားတပြန် တိုက်နေရလို့ပါတဲ့။

အခုလည်း ကချင်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေးတပ် ဆိုတာနဲ့ ပါတ်သက်ပြီး နအဖ ကိုယ်စားလှယ် ဘာတွေပြောရမယ်ဆိုတာ စဉ်းစားနေမှာဖြစ်တယ်။

- ရှေ့ တန်းစစ်မျက်နှာမှာ ပြဿနာသောင်းခြောက်ထောင် တက်နေချိန်မှာ - စစ်နောက်ပိုင်း ဒေသလို့ ပြောလို့ရတဲ့

ရန်ကုန် မန္တလေး ပဲခူး ပခုက္ကူ မုံရွာ မြင်းခြံ စစ်တွေ မော်လမြိုင်မြို့ တွေမှာ မြို့တွင်းလှုပ်ရှားမှုတွေဖြစ်ပေါ်လာနေတော့ နအဖ နောက်ကြောမလုံဖြစ်နေတယ်။

- စက်တင်ဘာရွှေဝါရောင်တော်လှန်ရေး တကျော့ပြန်ဖြစ်လာဖို့ တာစူနေကြသလို၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး

လှုပ်ရှားမှုတွေကလည်း အရှိန်တက်လာနေတော့ စစ်နောက်ပိုင်းဒေသတွေမှာလည်း စစ်အင်အားတွေ တိုးချထားနေရတယ်။

- ဒေါ်အောင်ဆန်းစုကြည်ကိုထောင်ချလိုက်လို့ အနောက်နိုင်ငံတွေက နအဖ အပေါ် အရေးယူမှု မူလီ ထပ်ကြပ် လိုက်တာကို အခံရခက်နေတယ်။

ဒါ့အပြင် ဒီအမှုက ဒီမှာတင် မပြီးဘဲ ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြီး ခုခံ ချေပ ခွင့်တောင်းတာ အယူခံတင်တာ ရှေ့ နေတွေနဲ့ တွေ့ ဆုံခွင့်တောင်းတာတွေက

သတင်းမီဒီယာတွေ ပေါ် တကျော့ ပြန်တက်လာတော့ နအဖ စိုးရိမ်နေတယ်။ အစကတော့ ကျေးဇူးရှင်ကြီး ယက်တော၊ ခုကျ ဂျိုမွှေတဲ့ ယက်တော တဲ့ နအဖ စစ်အုပ်စုပြောနေပြီ။

- နအဖ ဘက်က ရွေးကောက်ပွဲ ဥပဒေနဲ့ နိုင်ငံရေးပါတီ ဥပဒေတွေကို ခုချိန်ထိ မထုတ်ပြန်နိုင်သေးတဲ့အပေါ် အေးလွင့်တို့ အုပ်စုတွေကပါ စိတ်မရှည်တော့ဘူး။

ခပ်တည်တည်နဲ့ဆိုင်းဘုတ်ထောင် ရုံးဖွင့်ပြီး စည်းရုံးနေကြပြီ။ နအဖ ဘက်ကလည်း အနည်းဆုံးတော့ (ဒီချုပ် မပါရင်တောင်) အပစ်အခတ်ရပ်ထားတဲ့အဖွဲ့တွေ

တိုင်းရင်းသားတွေ ရွေးကောက်ပွဲဝင်မှ ဖြစ်မယ်ဆိုတဲ့ လျာထားချက်ရှိလေတော့ ငြိမ်းအဖွဲ့တွေကို အရင်ငြိမ်းအောင်လုပ်နေရတယ်။

- အခုလို အချိန်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တရားဝင် နိုင်ငံရေးပါတီတခုရဲ့ လွပ်လပ်စွာ စည်းရုံး လှုပ်ရှား ခွင့်တွေကို ခွင့်ပြုဖို့ တောင်းဆိုလိုက်တဲ့အခါမှာ နအဖ

အတော် မကြေမနပ်ဖြစ်သွားတယ်။ အရှိုက်အထိုးခံလိုက် ရတယ်။ ဒီချုပ်ဘက်က ဒီတောင်းဆိုမှုကို နိုင်ငံရေးတိုက်ကွက်တခုလို တိုးချဲ့လုပ်ကိုင်လာခဲ့ရင်ဆိုတဲ့

စိုးရိမ်ချက် နအဖ မှာ ဖြစ်ပေါ်နေတယ်။ ဒီချုပ်ရဲ့တောင်းဆိုချက်ကို ဆူပူမှုတွေ လုပ်တော့မယ်။ လူထုအုံကြွမှုတွေ ဖြစ်တော့ မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချဖို့ ကြံစည်နေတယ်။

- အုံကြွမှုတွေက တကယ်ဖြစ်လာတော့မယ့် အလားအလာတွေရှိနေပြီ။ ဖြစ်လာဖို့ တာစူနေပြီ။ အခုတခေါက်ဖြစ် လာရင် အရင်လို ထိမ်းနိုင်မှာမဟုတ်ဘူး။

မဖြစ်ခင် ကြိုပြီး ရှင်းပစ်ဖို့ နအဖ အမိန့်ထုတ်ထားတယ်။ တပြည်လုံး စစ်မျက်နှာဖြစ်နေပြီ။ နေရာတိုင်း လက်နက်ကိုင်တွေချထားရတယ်။

တပြည်လုံး လူဖမ်းပွဲတွေ လုပ်နေတယ်။ သံဃာတွေကို ဖမ်းနေတယ်။ ကျောင်းသားတွေကို ဖမ်းနေတယ်။ လောက်လေးဂွ တပ်တွေ ဖွဲ့နေတယ်။

- နအဖ အကြောက်ဆုံးက ရွှေဝါရောင်တော်လှန်ရေးအပြီးမှာ ခေတ်စားလာတဲ့ မြို့ပြပျောက်ကြား အယူအဆနဲ့ မြို့ပြ ပျောက်ကြား လှုပ်ရှားမှု။

မြို့ပြပျောက်ကြား မီးဒုတ် ကိုင်လိမ့်မယ်။

မြို့ ပြပျောက်ကြားရဲ့  အဓိက ရည်ရွယ်ချက်က ရန်သူ့နောက်ကျောမှာ လှုပ်ရှားတယ်။

ရန်သူ့စစ်နောက်ပိုင်းဒေသတွေမှာ အဖျက်လုပ်ငန်းတွေလုပ်တယ်။ ရန်သူ့ ပစ္စည်းတွေ ဖျက်ဆီးပစ်တယ်။

ဂိုထောင်တွေ မီးတိုက်ပစ်တယ်။ မော်တော်ယဉ်တွေ မီးရှို့ ပစ်တယ်။

ရန်သူ့ သတင်း ပေးတွေ သစ္စာဖောက်တွေကို ဆုံးမပစ်တယ်။

မြို့ ပြယဉ်ကျေးမှုထဲက မြို့ ပြပျောက်ကြားတွေ ပေါ်ထွက်လာမှာ နအဖ အစွမ်းကုန် ကြောက်နေတယ်။

တွေးလေလေ တစိမ့်စိမ့်ကြောက်လေလေဘဲ။

(သားဆွေ)

မေးလ်ထဲမှ စာတစ်စောင်ကို ပြန်လည် ဖေါ်ပြလိုက်ခြင်း ဖြစ်ပါတယ်။

Tuesday 8 September 2009

An Israel/Middle East Angle to the recent SPDC move against its long-time 'proxy', the Kokant

http://salem-news.com/articles/september032009/israel_cia_wm_9-3-09.php

CIA, Mossad Take Major Hits in Asian Covert Operations

Wayne Madsen Special to Salem-News.com

Roll-up of arms caches results in Chinese-Burma border trouble.

(WASHINGTON, D.C.) - WMR has learned from its Asian intelligence sources that the CIA and Mossad recently suffered major hits in covert operations being conducted in Asia.

Israeli criminal gangs operating methamphetamine labs in northern Burma (Myanmar), under the protection of a sizeable Israeli security and intelligence presence in the country, infiltrated the United Nations poppy eradication program.

The program seeks to convince ethnic Wa and Kokang's in the "Golden Triangle" region famous for opium production to change to other legal crops and turn in their weapons, mostly Chinese-made AK-47s, for cash.

Recently, the Kokang Myanmar National Democratic Alliance Army and United Wa State Army have been engaged in open warfare with Myanmar military forces after a peace agreement with the Myanmar junta broke down.

Over a thousand ethnic Chinese Kokang militia members have crossed into China, along with tens of thousands of refugees, creating a major rift between two traditional allies: Myanmar and China. Beijing has cautioned the Burmese junta in Naypyidaw against its moves against the
Kokang along the border.

However, there may be another reason for the Burmese junta move against the northern ethnic groups. Many of the weapons being sold to the UN by the ethnic armies as part of the poppy eradication program are being bought up by Iranian agents and, according to WMR's sources,
being shipped to southern Lebanon and Gaza for operations against the Israelis.

The Israelis, who back the Naypyidaw regime with intelligence and military support, want to stop the flow of weapons from northern Myanmar to Hamas and Hezbollah.

The northern Burmese ethnic groups are caught in a cross-fire directed from the Israeli regime in Jerusalem and their proxies in Naypyidaw. WMR has learned that a major target of the Myanmar junta's forces are UN arms caches and Wa and Kokang small arms factories.

By starting a major war in the Chinese border region, the Myanmar junta and their Israeli advisers may face a severe backlash from China, which is known to take seriously threats to its border regions.

In the last few months, the CIA withdrew the Deputy Chief of Mission, Randy Berry, and the charge d'affaires from the U.S. embassy in Kathmandu, Nepal. WMR has been told by our Nepali sources that the two officials botched a major CIA "Free Tibet" operation in Nepal's remote
northern Mustang region, which borders on Tibet.

The CIA, along with the Soros Open Society Foundation, has infiltrated a number of Tibetan exile groups in Nepal. The word from Kathmandu is that U.S. Ambassador Nancy Powell is the next on the chopping block over the failed CIA operation to support Tibetan independence operatives from Nepali territory.

For more information on this story, visit waynemadsenreport.com

Monday 7 September 2009

ဗိုလ်ချုပ်မှူးကြီးသန်းရွှေမြေးရဲ့၊ စီးပွားရေးလောဘ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒေါ်မကြိုင်တို့ရဲ့မြေးဖြစ်သူ၊ ဖိုးလပြည့်(ခ)နေရွှေသွေးအောင်ဟာ၊ အဖိုး၊ အဖွား တွေရဲ့စီးပွားရေးပိတ်ဆို့မှု၊ (ယာယီ) ဒါဏ်ခတ်ခံထားရကြောင်း၊ ဖိုးလပြည့်နဲ့နီးစပ်တဲ့၊ သူငယ်ချင်းများထံမှ၊ ကြားသိရပါတယ်။ ဒါပေမဲ့ဖိုးလပြည့်ဟာ၊ အဖိုးအဖွားတွေမသိအောင်၊ ဝန်ကြီးဌာနတွေကို၊ ဝင်ထွက်သွားလာ လေ့ရှိပြီး၊ ပုံမှန်ဝင်ငွေ (၎င်းတို့အဆို၊ မုန့်ဘိုး) ရှာဖွေရာမှာ၊ အထူးကျွမ်းကျင်သူဖြစ်ကြောင်း၊ ဆက်လက် ပြောကြားကြပါတယ်။


အင်းယားလမ်း (ဘွဲ့နှင်းသဘင် ခန်းမဆောင် အနောက်ဖက်)ရှိ၊ ပညာရေးဝန်ကြီးဌာနပိုင် မြေနှင့် အဆောက် အဦးကို၊ ပြင်ဆင်မွန်းမံပြီး၊ ဖိုးလပြည့်ကိုယ်ပိုင် Night Club ဖွင့်ရန်၊ လျှို့ဝှက်စီစဉ်ပြင်ဆင်နေစဉ်၊ အင်တာ နက်မှာ၊ သတင်းပေါက်ကြားမှုဖြစ်ခဲ့ရာမှ၊ အဖိုးအဖွားတွေသိရှိသွားပြီး၊ တားမြစ်ခံခဲ့ရပါတယ်။

ဒါကို ဒေါသထွက်နေတဲ့၊ ဖိုးလပြည့်က၊ တခြားသူတွေရဲ့ စီးပွားရေးလုပ်ငန်းများကို၊ လိုက်လံစုံစမ်းပြီး၊ မပိတ် ပိတ်အောင် နည်းမျိုးစုံသုံး ဆောင်ရွက်နေကြောင်း၊ ယခုရက်ပိုင်းအတွင်း၊ ဆိုင်ဖျက်သိမ်းခံလိုက်ရတဲ့၊ စစ်ဗိုလ် ချုပ်တဦးရဲ့သားတဦးမှ၊ ဖွင့်ဟဝန်ခံခဲ့ပါတယ်။

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း (အနုပညာဦးစီးဌာနပိုင်မြေနေရာ)ပေါ်မှာ၊ ငွေကြေး အမြောက်အမြား၊ အကုန်အကျခံ တည်ဆောက်ထားတဲ့၊ ခေတ်မှီ စားသောက်ဆိုင်တဆိုင်ကို၊ အထက်အမိန့်အရ၊ ချက်ခြင်းဖျက် သိမ်းလိုက်ရပါတယ်။ “7 Lekker” အမည်နဲ့၊ ဗိုလ်ချုပ်ကြီးတချို့နဲ့ ဝန်ကြီးတချို့ (စုစုပေါင်း ခုနှစ်ဦး) တို့ရဲ့သားသမီးများ စုပေါင်း ဖွင့်လှစ်ထားပြီး၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးရဲ့သားမှ ဦးစီး လုပ်ကိုင်ဆောင် ရွက်နေတာပါ။ ပြင်ပ စီးပွားရေး လုပ်ငန်းရှင်တချို့လည်း၊ ရှယ်ယာ ပါဝင်ထားကြောင်း၊ သိရှိရပါတယ်။



အဆိုပါဆိုင်မှာ၊ လာရောက်စားသောက်ကြသူ အများစုကတော့၊ စစ်အာဏာရှင် အသိုင်းအဝိုင်းနဲ့၊ သူတို့နဲ့နီး စပ်တဲ့၊ စီးပွားရေး အသိုင်းအဝိုင်းမှ ဖြစ်ကြပါတယ်။ ဆိုင်ရှေ့မှာရပ်ထားတဲ့၊ ခေတ်ပေါ် အကောင်းစားကား ကြီးတွေဟာ၊ အားလုံးနီးပါးမှန်တွေကို၊ အမဲရောင် Sticker များကပ်ထားကြပါတယ်။ (နိုင်ငံခြားရုပ်ရှင် တွေထဲကလို၊ မာဖီးယား လူဆိုးဂိုဏ်းဝင်တွေရဲ့ ကားတွေနဲ့တူတယ်လို့၊ ပြောကြပါတယ်။) ထိုင်းနိုင်ငံမှ စားဖိုမှူးကြီးများကို၊ ငှားရမ်း အသုံးပြုထားတာကြောင့်၊ ဈေးကြီးပေး စားသောက်ရတာဖြစ်လို့၊ သာမာန်ပြည်သူတွေ အနားမကပ်နိုင်ပါဘူး။ ပြည်သူတွေဆင်းရဲတော့၊ သံဃာတော်တွေတောင် ဒုက္ခတွေ့နေကြရပါတယ်။



သားသမီးတွေရဲ့စီးပွားရေးကို၊ အခုလိုထိခိုက်စေတဲ့၊ အဖြစ်အပျက်တွေကြောင့်၊ ဗိုလ်ချုပ်ကြီးသီဟသူရ တင်အောင်မြင့်ဦးနဲ့၊ စစ်ဗိုလ်ချုပ်တချို့ မကြေမနပ်ဖြစ်နေကြပါတယ်။ တပ်ချုပ်ကြီးအနေနဲ့၊ ဖိုးလပြည့်အလိုကြ၊ တဖက်သတ် ဆုံးဖြတ်ဆောင်ရွက်နေမှုအပေါ်၊ မကြေနပ်ကြတဲ့၊ အဆိုပါ ဗိုလ်ချုပ်တချို့က၊ တိုးတိုး တိတ်တိတ် ဝေဖန်လျှက်ရှိကြောင်း၊ နေပြည်တော် စစ်တပ်အသိုင်းအဝိုင်းမှ ကြားသိရပါတယ်။

သူရဲကောင်း

Sunday 6 September 2009

အနာဂါတ် တိုင်းပြည် တည်ငြိမ်ရေးကို ဘာနဲ့ ထိန်းမလဲ

စစ်တပ်က ထိန်းချုပ်ထားမှ တိုင်းပြည် တည်ငြိမ်နိုင်မယ် ... တပ်ပြိုကွဲရင်(ဒါမှ မဟုတ်) စစ်တပ်မဟုတ်တဲ့ လက်နက်ကိုင် တပ်တွေရှိနေရင် တိုင်းပြည် မတည်ငြိမ်ဘူး၊ အစိပ်စိပ် အမွှာအမွှာကွဲမယ် ဆိုတဲ့ အယူအဆတွေက ဒီနေ့ အထိ စစ်တပ်ထဲက စစ်သား အချို့နဲ့ စစ်တပ်ဝါဒကို ထောက်ခံသူ အချို့ စိတ်ထဲမှာ ရှိနေတာကို ကျွန်တော်တို့ တွေ့နေရဆဲပါပဲ။

တကယ်တော့ ဒါတွေဟာ လက်နက်ကိုင် အကြမ်းဖက် စစ်ဝါဒီ ခေါင်းဆောင် အကြမ်းဖက်သမားသန်းရွှေနဲ့ သူ့ လူတချို့ စားပေါက်ကောင်းအောင် ဝါဒဖြန့်ထားတဲ့ လှိမ့်လုံး၊ ဖြီးလုံးတွေ ဆိုတာကို အဲဒီ တပ်ထဲက လူနဲ့ တပ်ကို ထောက်ခံတဲ့ လူတွေ သတိမထားမိသေးတာ တွေ့နေရလို့ပါပဲ။

ရှင်းရှင်းလေးပါပဲ။ စစ်သား ဆိုတာ စစ်သား အလုပ် လုပ်ရမှာပါ။ စစ်သား အလုပ်ဆိုတာ ဘာလဲ။ ရှင်းပါတယ်။ တိုင်းပြည်ရဲ့ ပြည်ပရန်ကို ကာကွယ်ဖို့က နိုင်ငံတိုင်းက စစ်တပ်တွေရဲ့ အခြေခံကျတဲ့ အဓိက အလုပ်ပါ။

အခုတော့ ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ အကြမ်းဖက်သမားတွေက မတော် လောဘကြီးလာပြီး တိုင်းပြည်ကို အုပ်ချုပ်တယ်။ ကမ္ဘာမှာ လူတကာ လေးစားခံရတဲ့ အငြိမ်းချမ်းဆုံး ဘာသာလို့ သတ်မှတ်ထားခံရတဲ့ ကိုယ်တိုင် ကိုးကွယ်တယ်လို့ ပြောထားပြီး ဗုဒ္ဒဘာသာ သံဃာတော်တွေရဲ့ ဦးခေါင်းကို စစ်ဖိနပ်နဲ့ တတ်နင်းရတဲ့ အဖြစ်အထိ ဖြစ်လာအောင် မတော်လောဘတွေ ဖုံးလွှမ်းနေပါတော့တယ်။

စစ်သားအလုပ်ဆိုတာ သံဃာတော်တွေရဲ့ ဦးခေါင်းကို စစ်ဖိနပ်နဲ့ နင်းဖို့ မဟုတ်ဘူး။ တိုင်းပြည် ပြည်ပရန်ကို ကာကွယ်ဖို့ ဖြစ်တယ်။ ဒါကို သိဖို့လိုပါတယ်။ ဒါပေမယ့် အဲဒီ မတော်လောဘရဲ့ စေခိုင်းချက်အရပဲ ၂၀၁၀ ရွေးကောက်ပွဲ လုပ်မယ်၊ အဲဒီ ရွေးကောက်ပွဲ အပြီး ထပ်ပြီးတော့ တိုင်းပြည်အာဏာကို ယူထားမယ်လို့ အကြမ်းဖက်ခေါင်းဆောင်တွေက ကြံနေပြန်တယ်။ စစ်သားကောင်းဖြစ်အောင် မကြံတော့ဘူး။

ဒီတော့ အကြမ်းခေါင်းဆောင်တွေက အဲဒီလို အာဏာမြဲနိုင်အောင် ခုနက ဖြီးလုံး၊ လှိမ့်လုံးတွေနဲ့ စစ်သားတွေကို စည်းရုံးရပါတော့တယ်။ စစ်တပ် မပြိုကွဲမှ ဖြစ်မယ်။ တိုင်းပြည်မှာ စစ်တပ်ဆိုတာ တခုပဲ ရှိရမယ်တွေ ဖြစ်လာပါတော့တယ်။

ငြိမ်းချမ်းရေးကို ဦးတည်ပြီး လက်နက်မဲ့ ဆန္ဒထုတ်ဖေါ် တောင်းဆိုတဲ့ သံဃာတော်တွေကိုတောင် သေနတ်နဲ့ပစ်၊ ဒုတ်နဲ့ရိုက်၊ ထောင်ချတာတွေ လုပ်ရဲတဲ့ သတ္တိရှင် တပ်မတော်သားတွေကို လက်နက်ကိုင် တိုင်းရင်းသားတွေက မယုံတာ ယုတ္တိရှိတယ် ပြောလို့ရပါတယ်။

အခုလို မယုံကြည်တော့တဲ့ အခါ ငါ့ကို မယုံရကောင်းလား ဆိုပြီး စစ်အင်အားနဲ့ လိုက်ရမ်းကားတာတွေ လုပ်ပြန်ပါလေရော။ ဒီတော့ ပို မယုံ ဖြစ်တယ်။ .. စစ်အင်အားနဲ့ တိုင်းပြည်ကို သေနတ်မိုးပြီး ငြိမ်အောင် ထိန်းလို့ရမယ်လို့များ အဲဒီ လူတွေ အိမ်မက် မက်နေကြလားမသိ။ စိတ်ကူးတော့ အတော်ယဉ်တတ်တဲ့ အကြမ်းဖက်သမားတွေလို့ ပြောရမှပါပဲ။

ဒီတော့ ပထမစကား ပြန်ကောက်ရရင် တိုင်းပြည်မှာ စစ်တပ် တခုတည်းရှိမှ အေးချမ်းမယ်လို့ ပြောတာ မှားသလားဆိုတော့ မမှားပါဘူး။ မှန်သလား ဆိုရင်လည်း .. လက်ရှိ တိုင်းပြည်ကို လက်နက်ကိုင် အကြမ်းဖက်သမားအဖွဲ့ (နအဖ)တွေ ဖျက်ဆီးထားတဲ့ ဒဏ်ရာ ဒဏ်ချက်တွေအရ အဲဒီ အဆိုက လုံးဝ မမှန်ပါဘူး။

တိုင်းပြည် ငြိမ်းချမ်းဖို့မှာ တပ်အင်အား တောင့်တင်းခြင်း၊ အားနည်းခြင်း ... စစ်တပ်က ခေါင်းဆောင်တွေ ပါလီမာန်မှာ ဝင်ထိုင်ခွင့် ရခြင်း မရခြင်းတွေအပေါ်မှာ လုံးဝ မူတည်ခြင်း မရှိပါဘူး။ ထို့အတူပါပဲ လက်နက်ကိုင် တိုင်းရင်းသားတပ်မတော်တွေ ရှိနေခြင်း အပေါ်မှာလည်း တိုင်းပြည် ပြိုကွဲမယ်လို့ ပြောနေတာတွေလည်း အဓိပ္ပါယ် လုံးဝ မရှိပါဘူး။

တိုင်းပြည် အေးချမ်းဖို့နဲ့ တိုးတတ်ဖို့မှာ အဓိက ကျတဲ့ အချက်တွေကတော့ ...

(၁) တိုင်းပြည်တွင်း ပြည်သူတွေက အုပ်ချုပ်သူ လူတန်းစားကို ကျေနပ် ချစ်ခင်ဖို့ (လက်ရှိ နအဖ ကိုတော့ ပြည်သူလူထုက အော့နှလုံး နာနေကြပါတယ်။ စစ်သားကို မုန်းတာ မဟုတ်ပါ။ စစ်ဝါဒီ လက်နက်ကိုင် အကြမ်းဖက်သမားများကို မုန်းတာပါ။)

(၂) တိုင်းပြည်တွင်း တရားဥပဒေ မဏ္ဍိုင် ဖြောင့်မှတ်ပြီး၊ လူတိုင်းက လေးစားလိုက်နာဖို့ (လက်ရှိ နအဖ လက်ထက်မှာတော့ တရားရေး စနစ် တခုလုံး ပျက်ဆီးနေပါတယ်။ ... ထင်ရှားတဲ့ ဥပမာ .. လက်ရှိ ဒေါ်အောင်ဆန်းစုကြည် အမှု ကိစ္စ။)

အဲဒီ အချက် (၂) ချက်က အရမ်း အရေးကြီးပါတယ်။ ခုနက လက်နက်ကိုင် တပ်ဖွဲ့တွေ ရှိနေခြင်း ပြဿနာထက် ပိုအရေးတကြီး ဖြေရှင်းရမယ့် ကိစ္စပါ။

အထက်က အချက် (၂) ချက် ရှိမယ်ဆိုရင် .. ဖက်ဒရယ်မူ တစ်ခုကို အဲဒီ အချက် (၂) ချက်ကို ဦးတည်ပြီး အခြေခံ ဥပဒေမှာ ထည့်ဆွဲမယ်ဆိုရင် ကိုးကန့်ကိစ္စလို .. ရဲနဲ့ စစ်သားအချို့ရဲ့ မိန်းမတွေ အခုလို မုဆိုးမ ဖြစ်သွားကြမှာ မဟုတ်ပါဘူး။

ဖက်ဒရယ်မူမှာ ရှိတဲ့ အာဏာသုံးရပ်ကို ခွဲဝေရာမှာ ဘယ်လိုပုံနဲ့ ခွဲဝေ မလဲဆိုတာကို အခြေခံဥပဒေမှာ အားလုံး ကျေနပ်သဘောကျအောင် ထည့်ဆွဲလိုက်ရင် စစ်သားနဲ့ ရဲတွေ ရဲ့ မိန်းမတွေ အတော် စိတ်ချမ်းသာကြမယ် ထင်ပါတယ်။

အုပ်ချုပ်ရေး အာဏာ၊ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေး အာဏာ စတာတွေကို ဗဟိုအစိုးရနဲ့ ဒေသခံ ပြည်နယ်အုပ်ချုပ်ရေး အဖွဲ့အစည်းတွေက ဘယ်လို ခွဲဝေယူမယ် .. လုံခြုံရေးကို ဘယ်လို တာဝန်ယူမယ်၊ ဘယ်လို တာဝန်ခံမယ်။

အဲဒီ အချက်တွေကို ဥပဒေရေးရာနဲ့ ဘယ်လို ထိန်းမယ်။ ဗဟို အစိုးရက အစစ အရာ လက်ဝါးကြီး မအုပ်ဘူး။ ဒေသခံပြည်နယ်အုပ်ချုပ်ရေး အဖွဲ့အစည်းတွေက စီးပွားရေး လုပ်ငန်းတွေနဲ့ အကျိုးအမြတ်တွေကို ပြည်နယ်တိုးတတ်ရေးအတွက် ဘယ်လောက် သုံးမယ်၊ ဗဟိုအစိုးရကို ဘယ်လောက် အခွန်ပေးမယ်။ ဗဟို အစိုးရက ဘာတွေကို တာဝန်ယူပေးမယ်။

တစ်ဦးအပေါ် တစ်ဦး လေးစား ယုံကြည်မယ်။ မလိုအပ်ပဲ ဝင်မစွက်ဖက်ဘူး။ .. အဲဒီ အချက်တွေကိုသာသေသေ ချာချာ ကျေကျေနပ်နပ် အခြေခံဥပဒေမှာ ထည့်ဆွဲမယ်ဆိုရင် ...

တိုင်းပြည်မှာ တပ်မတော် တခုမက ရှိခြင်း၊ မရှိခြင်းက အဓိက မကျတော့ပါဘူး။ ရဲနဲ့ စစ်သားတွေရဲ့ မိန်းမတွေလည်း မုဆိုးမ ဖြစ်ပြီး၊ သားသမီးတွေ ဖခင်မဲ့ ကလေးတွေ ဖြစ်နေတာတွေ ရပ်တန့်သွားလိမ့်မယ်လို့ ယုံကြည်ပါကြောင်း ....

လေးစားစွာဖြင့်
ကိုထိုက်


Friday 4 September 2009

ဒေါ်အောင်ဆန်းစုကြည်အမှုနှင့် ရွေးချယ်စရာလမ်း

(www.mizzimaburmese.com မှ ရယူထားပါသည်။)

နိုင်ငံရေးအမှုလိုက် ရှေ့နေကြီးတဦး
ကြာသပတေးနေ့၊ စက်တင်ဘာလ 03 ရက် 2009 ခုနှစ် 13 နာရီ 41 မိနစ်



ပြစ်မှုကျူးလွန်တယ်ဆိုရုံမျှနဲ့ အပြစ်ရှိတယ်လို့ ဆုံးဖြတ်လို့မရဘူး။ အဲဒီလို ပြစ်မှုကျူးလွန်လိုတဲ့ စိတ်ဆန္ဒ (guilty mind) နဲ့ ကျူးလွန်တာဖြစ်ရမယ်။ ဒါကို mans rea လို့ခေါ်တဲ့ လက်တင် ဥပဒေ ဆိုးရိုးစကား (legal maxims, in Latin) နဲ့ ကိုးကားပြီး အနည်းငယ် ရှင်းပြပေးပါရစေ။

အဲဒီ ပြစ်မှုကျူးလွန်လိုတဲ့ စိတ်ဆန္ဒ ရှိ၊ မရှိ ဆိုတာကတော့ ပြစ်မှုမကျူးလွန်ခင်၊ ပြုဆဲ၊ ပြုပြီး၊ နောက် သူ့ရဲ့ အပြုအမူ၊ အလုပ်အကိုင် အခြေအနေအရပ်ရပ်ကို ထည့်သွင်းစဉ်းစား ဆုံးဖြတ်ပေးရပါတယ်။

အဲဒီလို စဉ်းစားဆုံးဖြတ်ပေးတာကိုတော့ အတ္တနောမတိ လို့ခေါ်တဲ့ တရားသူကြီးရဲ့ ဆင်ခြင်တုံတရား (common sense) ကနေ စဉ်းစားဆုံးဖြတ်ပေးရမှာပါ။ အရင်က ပြဋ္ဌာန်းထားတဲ့ အခြေခံဥပဒေ အသက်ဝင်လျက် ရှိ၊ မရှိ ဆိုတာကို စဉ်းစားဆုံးဖြတ်ရာမှာလည်း အတိတ်က အပြုအမှု၊ ပစ္စုပ္ပန်အပြုအမူနဲ့ နောင်ဖြစ်လာနိုင်မယ့် အပြုအမူတွေကို ထည့်သွင်း စဉ်းစားဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲအရေးယူခဲ့တဲ့ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ (၂၂) ဆိုတာက ၁၉၇၄ ခုနှစ် အခြေခံဥပဒေပါ နိုင်ငံသားတဦးဦးရဲ့ မူလအခွင့်အရေးတွေကို ကန့်သတ်တဲ့ဥပဒေ ဖြစ်နေပါတယ်။ အဲဒီဥပဒေရဲ့ ပုဒ်မ ၉ (စ) မှာ အရေးယူခြင်း ခံရသူသည် ကန့်သတ်ခြင်းခံရသည့် မူလအခွင့်အရေးများမှအပ အခြေခံဥပဒေပါ အခြား မူလအခွင့်အရေးများကိုမူ ခံစားခွင့်ရှိစေရမည်လို့ အတိအလင်း ပြဋ္ဌာန်းထားပြီးသားပါ။

ဒါကြောင့် ၁၉၇၄ ခုနှစ် အခြေခံဥပဒေ အသက်မရှိတော့ရင် အဲဒီအခြေခံဥပဒေကို မှီတည်ပြီး ထုတ်ပြန်ထားတဲ့ ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေဆိုတာလည်း အလိုလိုပယ်ဖျက်ပြီးသား ဖြစ်နေတဲ့အတွက် ခုတ်လှဲပြီး မရှိတော့တာကြာပြီဖြစ်တဲ့ သစ်ပင်ကြီးဆီက အကိုင်းကို ထင်းမီးစိုက်ဖို့နောက် ၂၁ နှစ်ကြာမှ သတိရတာနဲ့ တူနေပါတယ်။ သစ်ပင်လဲရင် အကိုင်းအခက်တွေလည်း မြေခရတာဟာ သဘာဝဓမ္မ ဥပဒေသပါ။

အကိုင်းအခက်တွေမှာ အသက်ရှိသေးတယ်လို့ ပြောချင်ရင်တော့ ပြန်စိုက်ရပါမယ်။ ဒါကြောင့် သစ်ပင်ကြီးနဲ့တူတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြီး မရှိတော့တဲ့အခါမှ အဲဒီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့ အကိုင်းအခက်ဖြစ်တဲ့ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေလည်း မရှိတော့တာမို့ မရှိတော့တဲ့ ဥပဒေနဲ့ တရားစွဲထားဖြစ်တာကြောင့် လွှတ်ကိုလွှတ်ပေးရမယ့် အမှုဖြစ်ပါတယ်။

အောက်ရုံးခရိုင် တရားသူကြီးတွေရဲ့ မှားယွင်းဆုံးဖြတ်မှု၊ အမိန့်မလွန်ဆန်နိုင်မှုတွေကို အဆင့်မြင့် တရားရုံးတွေက ပြင်ဆင်ပေးလိုက်မယ်ဆိုရင် တိုင်းပြည်အတွက်လည်း သိက္ခာရှိမယ်။ တရားစီရင်ရေးအတွက်လည်း ကောင်းမွန်တဲ့ အလားအလာကောင်းတွေ ရှိလာစေမှာ ဖြစ်ပါတယ်။

အရင်အာဏာသိမ်း အစိုးရတုန်းက အပြုအမူ၊ အခုလက်ရှိ အာဏာသိမ်းအစိုးရရဲ့ အပြုအမှုတွေနဲ့ နောင်ပြုလုပ်မယ်လို့ ကြေညာထားတဲ့ ကြေညာချက်တွေအရ အရင်ပြဋ္ဌာန်းထားခဲ့ဖူးတဲ့ ၁၉၇၄ ခုနှစ် အခြေခံဥပဒေဟာ ဒီကနေ့ထက်တိုင် အသက်ဝင်လျက်မရှိဘူး ဆိုတာကို လက်ခံရမှာ ဖြစ်ပါတယ်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက မြန်မာနိုင်ငံမှာ အခြေခံဥပဒေ ၂ ခုနဲ့ ကြုံခဲ့ပြီးပေမယ့် နောက်ထပ်တခုနဲ့ ထပ်ကြုံရဦးမယ့် အနေအထားမှာ အရင်အခြေခံဥပဒေက အခုထိ အသက်ဝင်နေပါသေးတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီကနေ့ မြန်မာ့နိုင်ငံအရေးအတွက် အရေးပါဆုံး သူတဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဒုက္ခရောက်နေရတဲ့ အခြေအနေမှာ အရင်က အခြေခံဥပဒေတွေ ဒီကနေ့ထက်တိုင် အသက်ရှိမရှိ ဆိုတဲ့ ဥပဒေ ပြဿနာကို အခုအချိန် ကာလအတွင်းမှာ အရေးတကြီး ဆွေးနွေးဖို့ လိုအပ်နေပါတယ်။

၁၉၄၇ ခုနှစ် အခြေခံဥပဒေဟာ လွတ်လပ်ရေးမရခင် တနှစ်အလိုမှာ လွတ်လပ်ရေး ရယူဖို့အတွက် ရေးဆွဲခဲ့ရတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှဝန်ကြီးချုပ် အားရ်အက်တလီ (Prime minister Earl Attlee 1945-1951) တို့ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့မှာ အင်္ဂလန်က ပါလီမန် အဆောက်အအုံအတွင်းမှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အောင်ဆန်း-အက်တလီ စာချုပ်အရ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးယူမယ်ဆိုရင် ဗြိတိသျှတွေ ယုံကြည်ရမယ့် အခြေခံအုတ်မြစ်ကောင်းတွေရှိမှ လွတ်လပ်ရေးရမယ်ဆိုတာ ရှင်းနေပါတယ်။

ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းဟာ ဖေဖော်ဝါရီလဆန်းမှာ အင်္ဂလန်က ပြန်လာပြီးတာနဲ့ တပြိုင်နက် အဲဒီအချိန်က ဥပဒေပညာရှင်တွေဖြစ်တဲ့ ဝတ်လုံတော်ရ ဦးချန်ထွန်း၊ ဦးဘဝင်း စတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ ကော်မတီအဖွဲ့ဟာ အိန္ဒိယကို လေ့လာရေးအဖွဲ့ စေလွှတ်ပြီးနောက်ပိုင်း ၁၉၄၇ ခုနှစ် သြဂုတ်လအတွင်းမှာ အခြေခံဥပဒေ မူကြမ်းကို လွှတ်တော်ကို တင်ပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့မှာ အတည်ပြုနိုင်ခဲ့တဲ့အတွက် ၆ လအတွင်းမှာ ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေလည်း ဖြစ်ခဲ့ပါတယ်။

အဲဒီအခြေခံဥပဒေဟာ အချိန်တိုအတွင်းမှာ ဥပဒေပညာရှင်များများစားစား မပါဝင် ဘဲရေး ဆွဲခဲ့တယ်ဆိုပေမယ့် လက်ခံရလောက်အောင် စေ့စပ်သေချာခဲ့လို့ ဗြိတိသျှပါလီမန်က ငြင်းမရခဲ့တဲ့ အခြေခံဥပဒေတခု ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်က ဗြိတိသျှဝန်ကြီးချုပ် အက်တလီဟာ အောက်စဖို့ဒ် ကျောင်းဆင်းဖြစ်ပြီး၊ အလုပ်သမားပါတီ (Labour Party) ခေါင်းဆောင်၊ ဝတ်လုံတော်ရရှေ့နေကြီး (Barrister) တဦး ဖြစ်တာကြောင့် သူလက်ခံခဲ့တာကို လျှော့တွက်လို့ မရပါဘူး။

ဒါပေမဲ့ ကာလဒေသ အခြေအနေအရပ်ရပ်တွေ အမြဲပြောင်းလဲနေတာကြောင့် တချို့နေရာတွေမှာ အားနည်းချက်တွေ အထိုက်အလျောက် ရှိနေခဲ့ပါတယ်။ အဲဒီအားနည်းချက်တွေကို နောက်ဆက်တွဲ ပြင်ဆင်ချက်တွေအနေနဲ့ ၁၉၄၉ ခုနှစ်ကနေ ၁၉၆၁ ခုနှစ်အထိ ၁၁ ကြိမ်တိုင်တိုင် ပြင်ဆင်ခဲ့ရပါတယ်။

အဲဒီလို ပြင်ဆင်ရင်းနဲ့ ၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းသွားပြီးနောက်ပိုင်း အဲဒီ အခြေခံဥပဒေကို လုံးဝ မသုံးတော့ဘဲ ၁၉၇၄ ခုနှစ်မှာ နောက်ထပ် အခြေခံဥပဒေတခုကို ထပ်မံ အတည်ပြုခဲ့ပြန်ပါတယ်။


အဲဒီကြားကာလမှာ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်မှာ ဖြစ်တဲ့အတွက် အရင်ရှိခဲ့တဲ့ အခြေခံဥပဒေကို ဆက်လက်မသုံးခဲ့တော့ပါဘူး။

ဒါကြောင့် ၁၉၆၂ ခုနှစ်ကနေ ၁၉၇၄ ခုနှစ်ထိ အရင် ၁၉၄၇ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်တာမျိုး လုံးဝ မလုပ်ခဲ့တာက သက်သေပြနေခဲ့ပါတယ်။

နောက်ထပ် အသစ်ပြဋ္ဌာန်းလိုက်တဲ့ ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို မပြဋ္ဌာန်းခင်ကာလ တလျှောက်လုံးမှာ စစ်တပ်အာဏာသိမ်းခဲ့ပြီး ၁၉၆၂ - ၁၉၇၄ ခုနှစ်အထိ ဆိုရှယ်လစ် စီးပွားရေးစနစ်ကို ထူထောင်မယ်လို့ ကြွေးကြော်နေခဲ့ပါတယ်။

အဲဒီလို ၁၂ နှစ်ကျော်ကြာ အချိန်ယူရေးဆွဲခဲ့တဲ့ အခြေခံဥပဒေတောင်မှ ၁၉၇၄-၁၉၈၈ အထိ ကာလအတွင်းမှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ (မဆလ) ဟာ အခြေခံဥပဒေကို သူ့လက်ထက်မှာ ၄ ကြိမ် ပြင်ဆင်ခဲ့ရပါသေးတယ်။ သက်သေပြနေတာကတော့ အသုံးပြုနေတဲ့ အခြေခံဥပဒေဆိုရင် ခေတ်ကာလအလျောက် ပြုပြင်စရာတွေ၊ မွမ်းမံစရာတွေဟာ ပေါ်ပေါက်လာတတ်တာ သဘာဝဆိုတာပါပဲ။

၂၁ နှစ်ကြာ ပြုပြင်ခြင်း၊ ပြင်ဆင်ခြင်း၊ မွမ်းမံခြင်း လုံးဝ မရှိခဲ့ဘဲ စကားထဲတောင် ထည့်မပြောခဲ့တာကြောင့် မဆလ အစိုးရက ၁၉၄၇ ခုနှစ် အခြေခံဥပဒေကို မျက်ကွယ်ပြု ဖျက်သိမ်းပစ်ခဲ့ပြီးဖြစ်သလို လက်ရှိအာဏာသိမ်း အစိုးရကလည်း အရင်အခြေခံဥပဒေကို အလိုလိုဖျက်သိမ်းပြီးသားဖြစ်တယ်လို့ အထက်ရုံးပညာရှိ တရားသူကြီးတွေက ကောက်ယူသုံးသပ်ခြင်းဟာ အတ္တနောမတိကိုသုံးပြီး ဆင်ခြင်တုံတရားနဲ့ ကောက်ယူသုံးသပ်ကြရမှာ ဖြစ်ပါတယ်။

အရင်အာဏာသိမ်းအစိုးရက ကြားကာလတလျောက်လုံး ဆိုရှယ်လစ်စီးပွားရေးစနစ် ထူထောင်မယ်ဆိုပြီး ကြွေးကြော်ခဲ့သလို ၁၉၈၈ အာဏာသိမ်းစစ်အစိုးရရဲ့ စီးပွားရေးဦးတည်ချက် ၄ ရပ်ကလည်း ဆိုရှယ်လစ် စီးပွားရေးစနစ်ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ ဖြစ်ပေါ်လာရေးဆိုတာကို အခုချိန်ထိ အော်နေဆဲဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၁၉၈၈-၂ဝဝ၉ ခုနှစ်အထိ နှစ် ၂ဝ ကျော် ကာလအတွင်းမှာ ၁၉၇၄ ခုနှစ် အခြေခံဥပဒေအကြောင်း လုံးဝ မပြောခဲ့တဲ့အပြင် ၂/၈၈ နဲ့ ၃/၈၈ ဆိုပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး ဥပဒေလို့ ကြေညာကာ ဥပဒေပြဋ္ဌာန်းလိုက်တာဟာ ၁၉၇၄ ခုနှစ် အခြေခံဥပဒေအပိုဒ် ၁၉၄ (က) အရ ပြုလုပ်ခွင့်မရှိသည်ကို ပြုလုပ်သော တရားမဝင်အဖွဲ့အစည်းဖြစ်နေသည်ဆိုတဲ့ အဓိပ္ပာယ်ထွက်ပါတယ်။
(၂/၈၈ ဆိုတာ ဆိုရှယ်လစ် တရားစီရင်ရေးအာဏာကို ဖျက်သိမ်းတဲ့ ဥပဒေဖြစ်ပြီး၊ ၃/၈၈ ဆိုတာကတော့ ဆိုရှယ်လစ် ဥပဒေပြုရေးအာဏာကို ဖျက်သိမ်းတဲ့ ဥပဒေဖြစ်ပါတယ်။)

၁၉၇၄ ခုနှစ် အခြေခံဥပဒေအပိုဒ် ၁၉၄ (က) အရ လွှတ်တော်ကသာ အချုပ်အခြာအာဏာပိုင် ဖြစ်တယ်၊ နောက်ပြီး ဥပဒေပြုအာဏာဟာလည်း လွှတ်တော်မှာပဲ ရှိရမယ် ဆိုတာတွေကို ပြင်ဆင်ချင်တယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းရဲ့ သဘောတူညီချက်အပြင် မဲပေးခွင့်ရှိသူ ပြည်သူလူထု ထက်ဝက်ကျော် ထောက်ခံမှသာ ပြင်ဆင်ပြဋ္ဌာန်းခွင့်ရှိတယ် ဆိုတာကို ဖောက်ဖျက်ချိုးဖောက်ခဲ့တယ် ဆိုတာ ထင်ရှားနေပါတယ်။

အသက်ဝင်နေတဲ့ အခြေခံဥပဒေက တားမြစ်ထားတာတွေကို ဂရုမစိုက်လုပ်ချင်ရာလုပ်တာဟာ နိုင်ငံသားအားလုံးရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ကောင်းမြတ်မှုတွေကို ခြိမ်းခြောက်နေခြင်း ဖြစ်တာကြောင့် စစ်အစိုးရဟာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးရဲ့ သဘောတူညီချက်တွေ၊ ရည်ရွယ်ချက်တွေကို ချိုးဖောက်နေတဲ့ အဖွဲ့အစည်းတခုဖြစ်ကြောင်း ခိုင်လုံတဲ့ အပြီးသတ် သက်သေခံချက် ဖြစ်နေပါတယ်။

ဒါကြောင့် ၁၉၇၄ ခုနှစ် အခြေခံဥပဒေအရ နိုင်ငံသားအခွင့်အရေးကို ကန့်သတ်တဲ့ ဥပဒေနဲ့ တရားစွဲထားသူတွေကို လွှတ်ပေးမလား။ ၁၉၇၄ ခုနှစ် အခြေခံဥပဒေ အသက်ဝင်နေတာကြောင့် အဲဒီအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်လို့ လူသားဖြစ်မှုဆန့်ကျင်တဲ့ ပြစ်မှုနဲ့ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးက အရေးယူတာကို ခံမလား စောင့်ကြည့်ကြပါစို့။

Wednesday 2 September 2009

ဤခရီး နီးသလား


ညီညွတ်ရေးတဲ့ ......။
အများက ခဏ ခဏ ပြောကြတဲ့ ညီညွတ်ရေး။ ညီညွတ်ရင် အာဏာရှင်ကို ဖြုတ်ချလို့ ရပြီလို့ ပြောကြတယ်။
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည် .. တဲ့။
ထင်း တစ်ချောင်းတည်းကို ချိုးလို့ ရပေမယ့်၊ ထင်းတစည်းကို ချိုးလို့ မရနိုင်ဘူးတဲ့။

အမျိုးမျိုးသော ညီညွတ်ရေးဆိုင်ရာ သဘောတရားတွေက အများသားလား။

အာဏာရှင်ကို ဖြုတ်ချတဲ့ လမ်းတစ်လျှောက်မှာ အကုန်လုံး ဒီစကားလုံးတွေကို အကြိမ်ကြိမ် ကြားခဲ့ပြီးပါပြီ။ အကြိမ်ကြိမ်လည်း ကိုယ်တိုင် ကိုယ်ကျ ပြောခဲ့ ဖူးပြီးသားနေမှာပါပဲ။

တချို့သော နိုင်ငံရေး ဆိုင်ရာ အခမ်းအနားတွေမှာ မိန့်ခွန်း တတ်ပြောတဲ့ နိုင်ငံရေးသမားကြီးကြီးတွေ ပြောတာ ရှိပါသေးတယ်။ ဘာတဲ့ ... စစ်အာဏာရှင်ကို တိုင်းပြည်က မောင်းထုတ်ရာမှာ အရေးကြီးဆုံးက ..

နံပါတ် (၁) သည် ညီညွတ်ရေး
နံပါတ် (၂) သည် ညီညွတ်ရေး
နံပါတ် (၃) သည် ညီညွတ်ရေး .... တဲ့။

ကဲ ဘယ်လောက်များ နားထောင်လို့ ကောင်းပြီး ကြက်သီးမွှေးညင်း ထစရာ ကောင်းလိုက်သလဲ။

ကျွန်တော်တို့ သိထားတာက ညီညွတ်ရေး ရရင် ပွဲပြီးပြီ။ အခု နိုင်ငံရေး သမားအကြီးကြီးတွေက ကိစ္စတိုင်းရဲ့ အရှေ့မှာ ညီညွတ်ရေးကို ရှေ့တန်းထင်တဲ့ မိန့်ခွန်းစကားကြားရတော့ ငါတို့ အောင်ပွဲနီးပြီပေါ့။

အဲလိုနဲ့ ရက်တွေ၊ လတွေ ကုန်သွားတယ်။ နှစ်တောင် ကူးလာပြီ။ နောက်ထပ် အခမ်းအနားမှာ ညီညွတ်ရေး အရေးကြီးကြောင်း မိန့်ခွန်းစကား ထပ်ပြောပြန်တယ်။ အဲလိုနဲ့ ညီညွတ်ရေး စကားကို ကြိမ်ဖန်များစွာ ကြားလာရပေမယ့် ဘာမှ လက်တွေ့ ဖြစ်မလာဘူး။

ဒါနဲ့ ကျွန်တော်လည်း ဘာဖြစ်လို့ ဖြစ်နေရတာလည်း ဆိုတာကို ဆန်းစစ်မိပါတော့တယ်။

ဒီအခါ ကျွန်တော် ဘာကို တွေ့ရလဲ ဆိုတော့ မဆိုသလောက် အမှားအချက်အလက်လေးတွေ တွေ့ရပါတယ်။ အဲဒီ အချက်အလက်တွေကို ပြင်နိုင်လိုက်ရင်တော့ ကောင်းလာမယ် မျှော်လင့်မိပါရဲ့။ ကျွန်တော် တွေ့တာတွေကတော့

၁။ တာဝန်ကျေပြီလို့ ထင်ခြင်း

အဆိုပါ နိုင်ငံရေး သမားကြီးကြီးတွေက အခုလို အခမ်းအနားတွေမှာ ညီညွတ်ရေးစကားပြောတာကို မိမိတို့ တာဝန်ကျေပြီလို့ ယူဆနေပုံရပါတယ်။ အဲဒီ စကားလုံးရဲ့ နောက်ကွယ်က လုပ်ရပ်(Action) တွေ ဆောင်ရွက်တာ မတွေ့ရပါဘူး။ ဒီတော့ တာဝန်ကျေ ညီညွတ်ရေး ပြောတော့တာပါပဲ။

စကားဝိုင်းတွေမှာလည်း ".... ကျွန်တော်/ ကျွန်မတို့က ညီညွတ်ရေးကို ပြောနေတာကြာပါပြီ .. " တဲ့။ အဲလို ပြောခဲ့တာကို ဂုဏ်ယူဖွယ်ရာ မှတ်နေပါတယ်။ ကိုယ်ပြောခဲ့တာကို ကိုယ့်ဘာသာ အကောင်အထည်မဖေါ်နိုင်တဲ့ အပေါ် ရှက်မိတဲ့ စိတ်မဝင်ဘဲ .. အခြားလူတွေက ညီညွတ်ရေး မလိုလားလို့ ညီညွတ်ရေးက မဖြစ်သယောင် ပြောနေတာကို ကြားရတော့ စိတ်အတော်လေးကို မသက်သာ စရာပါပဲ။

၂။ မိန့်ခွန်းပြောသော စကားလုံး အဖြစ်လောက်သာ တွေးထင်မိနေခြင်း(မိမိပြောသော စကားလုံးကို မိမိဘာသာ မယုံကြည်ခြင်း)

ယုံကြည်ချက် အတော်နည်းတယ်ပဲ ပြောရမလား၊ (ဒါမှ မဟုတ်) ညီညွတ်ရေးဆိုတာကို လူအများရှေ့ လူရာဝင်ရုံ ကြားကောင်းသော မိန့်ခွန်းစကား အဖြစ်လောက်သာ တွေးပြီး ပြောနေတာပါပဲ။ ဖြစ်နေပုံကတော့ ကလေးတွေ မိန့်ခွန်းပြောတမ်း ကစားသလိုပဲ။ ပြောချင်ရာ ပြော လုပ်ချင်ရာ လုပ်။ ကိုယ်ပြောခဲ့တဲ့ စကားလုံးတွေပေါ်မှာ ယုံကြည်ချက် ရှိမနေတာပါပဲ။ ကိုယ်ပြောတာကို မယုံကြည်ရင်၊ ကိုယ့်ကိုကိုယ် မလေးစားရာရောက်တယ်ဆိုတဲ့ ရှက်စရာ အတွေးအစား .. ဒါတွေ ပြောမှ လူရာဝင်မယ်လို့ တွေးနေတဲ့ မဟုတ်တဲ့ အတွေးအခေါ်တွေ ဝင်နေကြတာ တော်လှန်ရေးအတွက် တကယ့်ရင်လေးစရာပါပဲ။
၃။ ညီညွတ်ရေးနဲ့ ဆန့်ကျင်ဘက်တွေကို ရွေးလုပ်မိနေကြခြင်း

တော်တော်လေး ကြောက်စရာ ကောင်းတဲ့ အချက်ပါပဲ။ အားလုံးက ညီညွတ်ရေး လုပ်ဖို့ လိုတယ်။ ရှိရမယ် ပြောနေကြပေမယ့် တကယ်တမ်းမှာ အများနဲ့ အတူတကွ ပူးပေါင်း လုပ်ရမယ့် အချိန်တွေ၊ (ဒါမှမဟုတ်) အများနဲ့ ပူးပေါင်း လုပ်ပြီးချိန်တွေမှာ ညီညွတ်ရေးနဲ့ ဆန့်ကျင်ဘက်တွေကို တမင် ရွေးပြီး ပြောမိ၊လုပ်မိနေသလိုပါပဲ။

ကျွန်တော်တို့ အားလုံး သေချာ ပြန်စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ လုပ်ရပ်တွေက ညီညွတ်ရေး (Unity) အတွက် လုပ်ရပ်တွေ ဖြစ်နေလား၊ ညီညွတ်ရေးဆန့်ကျင်တဲ့ လုပ်ရပ် (anti-unity) တွေ လုပ်နေသလားဆိုတာပါပဲ။

"တစ်ဦးခြင်းစီရဲ့ လုပ်ရပ်တွေက ညီညွတ်ရေးကို ဦးတည်ခြင်း မရှိရင် ... အဲဒီ လူတွေ ကြားမှာ ညီညွတ်ရေးဆိုတာ ဘယ်တော့မှ မရှိဘူး။"

ဥပမာ .. မိမိနဲ့ အဆင်မပြေတဲ့လူ ဦးစီးလုပ်ကိုင်တဲ့ နိုင်ငံရေးပွဲကို မသွားဘူး။ (ပါးစပ်မှာတော့ ... ကျွန်တော် အလုပ်မအားလို့ မလာတာပါ ... တဲ့။ ရင်ထဲမှာတော့ .. မင်းတို့ လုပ်တာကို ငါက လာရမှာလား .. တဲ့)။ (anti-unity action)

နောက်ထပ် ဥပမာ တခု .. အစည်းအဝေးမှာ ကိုယ်က အဆိုတင်သွင်းတယ်။ ကိုယ့်အဆို မအောင်ဘူး။ အားလုံးက အခြားလူ အဆိုကို လက်ခံသွားတယ် ဆိုရင်။ အများသဘောမို့လို့ ငြိမ်နေလိုက်ရပေမယ့် ... အဲဒီ လူ တင်သွင်းတဲ့ အဆိုကို အများနည်းတူ လိုက်မလုပ်တော့ပဲ လက်ရှောင်နေတတ်တာပါပဲ။ (အမှားအယွင်း ဖြစ်သွာရင်တော့ ဘာပြောကောင်းမလဲ။ ငါ ပြောတာ မလုပ်လို့ အခုလို ဖြစ်တာဆိုပြီး နောက်ကွယ်မှာ အုပ်စုဖွဲ့တော့တာပါပဲ။)(anti-unity action)

အကြောင်းအရာ ဥပမာတွေကတော့ အများကြီးပါပဲ။ ပေးလို့ ကုန်မယ် မထင်ပါဘူး။ လှုပ်ရှားမှုတိုင်းမှာ ညီညွတ်ရေးအစား၊ ညီညွတ်ရေး ဆန့်ကျင်ဘက်တွေကို အားရပါးရ မြိန်မြိန်ရှက်ရှက် လုပ်နေကြတာပါပဲ။

အရိုးရှင်းဆုံး ပြောရရင်တော့ .. ညီညွတ်ရေးလိုတယ်လို့ မိန့်ခွန်းတွေ တတ်ပြောနေတာကို ကြည့်ရင်ဖြင့် .. ညီညွတ်ရေး မရှိလို့ ပြောနေတယ်ဆိုတာ ထင်ရှားနေတာပါပဲ။

အမှန်ဆို အခုလို ဖြစ်နေတာတွေကို ပြင်ပြီး အခြေခံ ညီညွတ်ရေး လုပ်ရပ် အသေးလေးတွေကို ဂရုတစိုက် အားလုံး လုပ်ကြမယ် ဆိုရင်တော့ ညီညွတ်ရေး လုပ်ဖို့ မိန့်ခွန်းပြောတာတွေကို ကျွန်တော်တို့ ကြားရတော့မှာ မဟုတ်ပါဘူး။

ဒါကြောင့် နေ့စဉ်လုပ်ကိုင် ဆက်ဆံပြောဆိုသမျှ နေ့တဓူဝကိစ္စ အသေးလေးတွေထဲ နိုင်ငံရေးအရ ညီညွတ်ရေးကို သတိလေး ကပ်ပြီး လုပ်မယ် ဆိုရင်ဖြင့် ညီညွတ်ရေး ခရီးက လွဲမှာ မဟုတ်ပါကြောင်း ...

လေးစားစွာဖြင့်
ကိုထိုက်

(P.S ..ကျွန်တော့်ကို နည်းနည်း အမြင်မကြည် ဖြစ်နေတဲ့ အချို့သော လူများကလည်း ဒီကောင်ဆရာကြီး လုပ်ပြန်ပြီ ဆိုပြီး အမုန်းမပွားဘဲ မေတ္တာရှေ့ထားပြီး ညီညွတ်ရေးကို အတူတကွ ဖေါ်ဆောင်ပြီး အာဏာရှင်ကို လက်တွဲ တိုက်ကြပါစို့လားဗျာ။)